Chapter 50.1
Viewers 21k

Chapter 50.1


  

“လူယုတ်မာလေး… မင်းက အသည်းနှလုံးမရှိလို့ စားသောက်ပြီး အညစ်အကြေးစွန့်လည်း အကူညီလိုနေတုန်းပဲ။” ဘယ်သူမှ အာရုံမစိုက်သည်ံ့အချိန်မှာ ထန်ချွန်းမင်က ရှောင်အားစန်း၏နှာခေါင်းကို ဆွဲညှစ်လိုက်လေသည်။ ထို့နောက် သူက ခေါင်းငုံ့ကာ သူ့မျက်နှာကို ကိုက်လိုက်သည်။ လူယုတ်မာလေးက “အာ…အာ” ဟူသော အသံဖြင့် စိတ်ပါလက်ပါ တုံ့ပြန်လာသည်။ 

  

“မင်ကောအာ…..” ကျန်းရှို့က အထဲဝင်လာပြီး တစ်ခုခုပြောမလို့လုပ်စဥ် ထန်ချွန်းမင် သူ့သားအား အနိုင်ကျင့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းရှို့က ရယ်ရမလား ငိုရမလားပင်မသိတော့ပဲ အားစန်းကိုကယ်တင်ရန် သူ့ကိုအမြန် တွန်းထုတ်လိုက်သည်။ 

 

“ရပြီ…ငါအားစန်းကို ဂရုစိုက်လိုက်မယ်။ မီးဖိုချောင်ထဲက ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်နေပြီလို့လာပြောတာ။ မင်းဒီနေ့ချက်စားမယ်လို့ ပြောခဲ့တယ်မလား?”

 

ထန်ချွန်းမင်က သူ့နှာခေါင်းကို မလုံမလဲထိလိုက်ပြီး အမြန်ထွက်ပြေးသွားလေသည်။ “ကောင်းပြီ။ အခုသွားလိုက်မယ်။ ဒီကောင်ဆိုးလေးရဲ့ အနှီးက အဲ့နေရာမှာတင်ထားတယ်။ သူဆီးသွားတတ်တာကို သတိထားပါ။”

 ပျောက်ကွယ်သွားသော မင်ကောအာကိုကြည့်ရင်း ခေါင်းပြန်ငုံ့လိုက်တော့ တစ်ခုခုကို ပြုံးနေသော အားစန်းကိုတွေ့လိုက်ရသည်။ ကလေးကို အနိုင်ကျင့်ရတာကြိုက်သည့် မင်ကောအာကို ကျန်းရှို့က တိတ်တဆိတ် ရယ်မောလိုက်လေသည်။

     

အားလင်းက သူ့ကို သူ့မိထွေးနဲ့ တိုင်ပြောတာလည်း အံ့အားသင့်စရာမရှိတော့ပေ။ ကျန်းရှို့က ပြုံးကာ အားစန်းကို ကောက်ချီလိုက်သည်။ “ ငါတို့အားစန်းက ဒီနေ့ရဲ့ ဇာတ်ဆောင်ပဲ။ အားစန်းကို အပြင်ကဧည့်သည်တွေနဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်။ ငါတို့အားစန်းက အလိမ္မာဆုံးလေး” မင်ကောအာက အားစန်းကို လူယုတ်မာလေး သို့မဟုတ် ငဆိုးလေးလို့ အမြဲခေါ်တတ်တာကြောင့် ကျန်းရှို့က ကူကယ်ရာမဲ့နေသည်။

 

တစ်လပဲရှိသေး၍ အားစန်းက ဖြူလုံးလေးအဖြစ် ကြီးပြင်းလာလေသည်။ သူ့ကိုမြင်သည့်သူတိုင်းက သဘောကျသည်။ ကျန်းရှို့၏ မူလအတွေးများပင် လှုပ်ခါသွားခဲ့သည်။ 

    

ကောတစ်ယောက်ဖြစ်ခဲ့လျှင်ပင် သူ့မှာ ကလေးနောက်တစ်ယောက်ရှိလာတာ အတော်လေးကောင်းသည်။ အားစန်းလို ကလေးမျိုးက ကြီးပြင်းလာသည့်အခါ သေချာပေါက်ခန့်ညားပြီး သူ့ကို ကောဘယ်နှစ်ယောက်တောင် ကြိုက်လိုက်မလဲ တွေးနေမိသည်။

 

ယနေ့မှာ အားစန်းက စာအိတ်အနီနဲ့တူသော အဝတ်တစ်ထည်ကို ဝတ်ထားသည်။ ယင်းမှာ သူ့ဘိုးဘိုးချုပ်ပေးထားတာဖြစ်၍ ထန်ချွန်းမင်က သူ့ကိုလေးစားသမှုပြုရန် ထိုဝတ်စုံကို ထုတ်ခဲ့သည်။ တကယ်တော့ သူက သူ့သားကို အရူးလုပ်ချင်တာဖြစ်၏။ ကံမကောင်းသည်မှာ ဓာတ်ပုံရိုက်ရန် ကင်မရာမရှိပေ။ မဟုတ်ပါက သူ့သားကြီးလာသည့်အခါ သူငယ်ငယ်တုန်းက အရူးနဲ့တူကြောင်း ထုတ်ပြလို့ရသည်။

 

ထန်ချွန်းမင်က တစ်လပြည့်ပွဲကျင်းပရန် အစီအစဥ်မရှိသော်လည်း ထိုနေ့တွင် မိသားစုများက အလိုလိုရောက်လာခဲ့ကြသည်။ ထန့်ယွီကလည်း မနက်အစောပိုင်းမှာရောက်လာပြီး ကလေးကိုရွှေခြေကျင်းလေးတစ်စုံနှင့် ရွှေဆွဲကြိုးတစ်ကုံးပေးခဲ့သည်။ ၎င်းကို အားစန်းက ဝတ်ထား​ပြီဖြစ်၏။

   

အဘိုးကြီးဟဲကလည်း မနက်စောစောထကာ အားလင်းကိုပေးခဲ့တာနှင့် မတူသော ကျောက်ဆွဲသီးကို ထန်ချွန်းမင်အားပေးလိုက်သည်။ ထန်ချွန်းမင် မူလက သူ့သားကိုဝတ်ဆင်ပေးရန် မရည်ရွယ်ခဲ့သော်လည်း ဓလေ့ထုံးတမ်းအကြောင်း သိသွားပြီးမှသာ တပ်ပေးလိုက်လေသည်။ 

    

သို့သော် သူက အဝတ်အစားအောက်မှာ ဖုံးထား၍ ထင်ရှားပေါ်လွင်မနေတော့ပေ။ ကျောက်စိမ်းက ငွေအမြောက်အမြားတန်ဖိုးရှိသည်။

 

အားမူဘက်မှ ဘိုးဘိုးပေးသော ငွေဆွဲကြိုးလည်းရှိပြီး တခြားမိသားစုများကလည်း လက်ဆောင်ပေးခဲ့သည်။ အားစန်းက ထိုနေ့မှာ အချမ်းသာဆုံးလူဖြစ်ခဲ့သည်။ သူက အင်မတန်စဥ်းစားပေးတတ်ပြီး ထန်ချွန်းမင် အောက်ချလိုက်လျှင်ပင် ငိုယိုခြင်းမပြုခဲ့ပဲ “အာ….အာ” လို့သာ ရေရွတ်နေ၏။

 

မီးဖိုချောင်ထဲတွင် ရှန်းဖူလန်၊ ဝမ်မော့နှင့် ဦးလေးလျို၏သားအငယ်ဆုံးက အလုပ်ရှုပ်နေ၏။ ဝမ်မော့နဲ့ သူ့ခင်ပွန်း ကျန်းချန်မင်က ယနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်က ရာသီဥတုပိုအေးလာတာကြောင့် ဆိုင်၏လုပ်ငန်းက အရင်ကလို အလုပ်မရှုပ်တော့ပေ။ 

     



ဆိုင်ရှင်ရှိနေတော့ တစ်ရက်နှစ်ရက်လောက် လွတ်ထားလိုက်တာက ပြဿနာမရှိပေ။ ထန်ချွန်းမင် သူတို့အတွဲကိုတွေ့တော့ သက်ပြင်းချလိုက်မိသည်။ တကယ်တော့ ရှေးခတ်က လူများသည် ခေတ်သစ်ကလူများနှင့် မထူးမခြားနားပေ။ သူတို့က အခွင့်အရေးမရတာဖြစ်၏။

    

ယခု သူတို့အခွင့်အရေးရသောအခါ သူတို့၏တိုးတက်နှုန်းက အံ့မခမ်းပင်။ သူတို့လင်ခင်ပွန်းစုံတွဲက တစ်လမပြည့်ခင်မှာ အများကြီးပြောင်းလဲသွားခဲ့သည်။

 

ရေခဲဝယ်သူအများစုက ချမ်းသာသောမိသားစုများဖြစ်တာကြောင့် ဝမ်မော့နဲ့ သူ့ခင်ပွန်းက ဆိုင်ထဲမှာ တစ်ချိန်လုံး ထိုင်စရာမလိုခဲ့ဘူးလို့ ကျန်းရှို့က ပြောပြခဲ့သည်။ သူတို့က ရေခဲဝယ်သည့် လူတွေနောက်လိုက်ကာ သူတို့၏လှည်းထဲသို့ ရေခဲပို့ပေးလေ့ရှိသည်။ 

     

ရလဒ်အနေဖြင့် သူတို့က ချမ်းသာသောမိသားစုများနှင့် ထိတွေ့ခွင့်ရခဲ့သည်။ အများစုက အစေခံများဖြစ်သော်လည်း သူတို့နဲ့ထိတွေ့ဆက်ဆံရသူများက လယ်သမားများနှင့် ကွာခြားသည်။ ထို့အပြင် ယာယီဆိုင်ရှင်က သူဌေး၏ညွှန်ကြားချက်ကြောင့် သူတို့ကို အများကြီးသင်ပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ လူအများနှင့် ထိတွေ့ဆက်ဆံရာတွင် တိုးတက်မှုများစွာရှိလာသည်ကို တွေ့နိုင်သည်။

 

ဝမ်မော့၏ခင်ပွန်းဖြစ်သူ ကျန်းချန်မင်က မူလတည်းက ဖျတ်လတ်တက်ကြွသည့် လူတစ်ယောက်ဖြစ်သည်။ ရွာလူ​ကြီးက လူရွေးသည့်အချိန် ဤအချက်ကို ထည့်စဥ်းစားခဲ့သည်။ သူတောင်တန်းတွေဆီ ပြောင်းရွှေ့မယ်ဆိုလျှင် မြန်မြန်ဆန်ဆန် လိုက်လျောညီထွေပြုလုပ်နိုင်မှာမဟုတ်ပေ။

  

“မြို့ကလူချမ်းသာတွေအ​ကြောင်းပြောရရင် သူတို့နဲ့စတွေ့တုန်းက ငါအတော်လေးလန့်သွားတာ။ ဒါပေမယ့် ဆက်သွယ်ပြောဆိုပြီးနောက်မှာ သူတို့က ရွာသားတွေနဲ့ သိပ်မခြားနားကြောင်း သိလိုက်ရတယ်။ သူတို့ဘဝက လယ်သမားတွေလောက် မလွယ်ကူဘူးလို့ထင်တယ်။”

     

ဝမ်မော့က မြို့တွင်းရှိ ကိစ္စအသစ်များအကြောင်းပြောကာ သက်ပြင်းချလိုက်သည်။ “ဆိုင်ကနေ ရေခဲမှာတဲ့ ချမ်လို့အမည်ရတဲ့ သခင်ကြီးတစ်ယောက်ရှိတယ်။ ငါ ရေခဲပို့ဖို့ လှည်းစီးသွားပြီး သူတို့ခြံရှေ့ရောက်တော့ အတားခံလိုက်ရတယ်။ လူအုပ်စုနှစ်စုက ငါတို့ရှေ့မှာ စကားများရန်ဖြစ်နေကြတာ။ ချမ်သခင်လေးမှာ တရားဝင်ဇနီးအပြင် မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်တစ်ယောက်လည်းရှိတယ်။ ရေခဲက တရားဝင်ဇနီးအတွက်ဆိုပေမယ့် ကိုယ်လုပ်တော်က သူ့ရှေ့မှာတင် လုယူပါလေရော။ ငါ အဲ့အချိန်တုန်းက လန့်သွားတာ စကားတောင်မပြောနိုင်ခဲ့ဘူး။ ကိုယ်လုပ်တော်ကလည်း ငါတို့ဆိုင်ကစော်ကားလို့ရတဲ့ လူမဟုတ်ဘူးလေ။”

  

“ကြောက်စရာကောင်းလိုက်တာ။ နောက်တော့ဘာဖြစ်သွားလဲ?” ရှန်းဖူလန်က စိုးရိမ်တကြီးမေးလိုက်သည်။ သို့သော် ဆိုင်ကအဆင်ပြေပြီး ဘယ်သူမှ မပါဝင်ခဲ့တာကြောင့် ကိစ္စကပြေလည်သွားပြီး ဘယ်သူနဲ့မှ မငြိစွန်းခဲ့ဘူးလို့ ဆိုလိုတာဖြစ်၏။

  

“အဲ့ဒီတုန်းက ချမ်သခင်ကြီးလည်း ထွက်လာပြီး ကိုယ်လုပ်တော်ဘက်ကို လိုက်ခဲ့တယ်။ သူငိုပြီး ညည်းညူပြလို့ ချမ်သခင်ကြီးက ကိုယ်လုပ်တော်ကို ရေခဲပေးချင်ခဲ့တာ။ တရားဝင်ဇနီးက ​နောက်ဆုံးမှထွက်လာတယ်။ ချမ်သခင်ကြီးမှာ ရေခဲတွေရှိခဲ့ပေမယ့် ကိုယ်လုပ်တော်က အကုန်သုံးလိုက်လို့ တရားဝင်ဇနီးက အပြင်မှာဝယ်ခဲ့တာ။”

 

“အဲ့ဒါအပြင် တရားဝင်ဇနီးက သူ့ကိုယ်ပိုင်ငွေကိုသုံးပြီး အိမ်တော်က ငွေကိုမသုံးခဲ့ဘူး။ ဟားဟား အဲ့ဒီတုန်းက ကိုယ်လုပ်တော်နဲ့ ချမ်သခင်ကြီးနှစ်ယောက်လုံး အရှက်ကွဲသွားတယ်။ ရေခဲကို ငါတို့ရှေ့မှာတင် လာယူသွားခဲ့တာ။”

  

“ဒါသူနဲ့တန်တဲ့အရာပဲ! ငါ့အမြင်မှာတော့ ချမ်သခင်ကြီးက အမှန်နဲ့အမှားကိုမသိတဲ့ ယောကျာ်းတစ်ယောက်ပဲ။ သူက ကိုယ်လုပ်တော်လေးကို အိမ်ထဲခေါ်သွင်းလာပြီး အေးချမ်းတဲ့ဘဝမှာ နေထိုင်ချင်နေတာ။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ? လယ်သမားဖြစ်တဲ့ ငါတို့လူတွေက ဒီလိုရွံစရာကောင်းတဲ့ အကြံမျိုးတွေမရှိပဲ သူတို့ ကောလေးတွေကို ဂရုစိုက်ကြတယ်။”

    

ရှန်းဖူလန်က သူ့သားနှစ်ယောက်ရှိသော မြို့ကို ခဏခဏသွားလေ့ရှိတာကြောင့် ချမ်းသာသော မိသားစုများအ​ကြောင်းကို အများကြီးကြားဖူးသည်။ လယ်ကွင်းထဲမှာ အလုပ်မလုပ်လျှင်ပင် မြို့ပေါ်ကလူများ၏ အကျင့်စရိုက်ဆိုးများကို အတုယူပြီး ကိုယ်လုပ်တော်လေးတွေ မထားရဘူးလို့ သူက သူ့သားနှစ်ယောက်ကို မှာခဲ့တာကြာပြီဖြစ်၏။

    



မဟုတ်ပါက သူက သူ့ခြေထောက်တွေကိုရိုက်ချိုးပြီး အိမ်ထဲဝင်ခွင့်ပြုတော့မှာမဟုတ်ပေ။ သားနှစ်ယောက်က ၎င်းကိုကြားတော့ ချွေးပျံလာပြီး ထပ်ခါတလဲလဲခေါင်းညိတ်ကာ သူတို့က ထိုအရာများကို လုပ်မည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။

 

“​နောက်တော့ ဘာဖြစ်သွားလဲ? သူတို့ဆိုင်မှာ ပြဿနာရှာလား?” ထန်ချွန်းမင်က ထိုစကားကြားတော့ ထိတ်လန့်သွားသည်။ ဘယ်ကမ္ဘာမှာမဆို ယောကျာ်းတွေက သူတို့အောက်ပိုင်းကို မထိန်းချုပ်နိုင်ကြပေ။

   

ထို့အပြင် ဤကမ္ဘာမှာ ကိုယ်လုပ်တော်ရှိတာ သာမန်ဖြစ်၏။ သူက ဉာဏ်ကောင်းတာကြောင့် လီဖုန်း၏ပိုက်ဆံအားလုံးကို စောစောသိမ်းခဲ့တာမှန်သွားသည်။ ယခု သူ့မှာငွေမရှိ၍ ဘာမှလုပ်နိုင်မှာမဟုတ်ပေ။ သူက သူ့အမြင်ကိုလည်း ယုံကြည်သေးသည်။ သူစိတ်ဝင်စားသည့်လူက နေ့တိုင်းစိတ်ပြောင်းသွားမည့်လူ မဟုတ်ဘူးဆိုတာသေချာသည်။

  

“ဒါပေါ့…သူတို့ပြဿနာရှာခဲ့တယ်။ ငါတို့က သူ့ကိုအထင်လွဲအောင်လုပ်ပါတယ်ဆိုပြီး ကိုယ်လုပ်တော်က ပြဿနာရှာခဲ့တယ်။ မဟုတ်ရင် သူက ဘာလို့ ပုံကြီးချဲ့နေမှာလဲ? ငါတို့ကိုလွှတ်ပေးစေချင်ရင် ရေခဲနောက်တစ်ပုံးပို့ပေးရမယ်လို့ အမိန့်ပေးခဲ့တယ်။”

  

“ချမ်သခင်ကြီးက သူ​ပြောတာကိုနားမထောင်ပေမယ့် ငါတို့ကိုလည်း အကောင်းမမြင်ဘူး။ အဆုံးမှာ တရားဝင်ဇနီးက ငါတို့ကိုလွှတ်ပေးပြီး တောင်းပန်ခဲ့တယ်။ နောက်တော့ ငါ ဆိုင်ကိုပြန်ရောက်တော့ သူဌေးနဲ့ ဆိုင်ရှင်ကိုပြောပြလိုက်တယ်။ သူဌေးက နည်းနည်းတော့စိတ်ပူနေပေမယ့် ဆိုင်ရှင်က ဘာမှမဖြစ်ဘူးလို့ပြောလိုက်တယ်”

   



“ချမ်သခင်ကြီးက ဒီကိစ္စကြောင့် ပြဿနာရှာရဲရင် သူ့အရှက်ပဲကွဲမှာ။ ဒါပေမယ့် သူဌေးနဲ့ငါ​က ရက်ပေါင်းများစွာ ပူပန်နေရတာ။ မနေ့က အစ်ကိုယွိ ဆိုင်ကိုပစ္စည်းပို့ဖို့ လူလွှတ်လိုက်မှပဲ ငါတို့က ဆိုင်ရှင်ရဲ့စကားကိုယုံပြီး စိတ်သက်သာရာသွားတာ။”

  

ဝမ်မော့က ဤကာလအတွင်း အများကြီးပြောင်းလဲသွားသည်။ သူက ရိုးရိုးရှင်းရှင်းနဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပေမယ့် ယခုမူ သူ့စကား​ပြောစွမ်းရည်က ေကာင်းလာသည်။

 

.”အစ်ကိုယွိနောက်တစ်ခါလာရင် ဧည့်ခံဖို့လိုမယ်ထင်တယ်။” ရှန်းဖူလန်က နားလည်သွားပြီး ယွိမုက မနေ့က ပစ္စည်းပို့ဖို့ လှည်းလွှတ်လိုက်တာ မဟုတ်နိုင်ပေ။”

  



ထန်ချွန်းမင်က ဘာတွေဖြစ်သွားလဲ နားလည်သွားသည်။ မနေ့ညက ရုန်းရင်းဆန်ခတ်မှုက သူတို့နောက်ဆုံးတစ်ကြိမ် ရွာကိုလာစဥ်ကနဲ့ ဘာမှမကွာခြားပေ။ ဤဆိုင်ကသေးသော်လည်း နောက်ခံရှိ၍ ဘယ်သူမှ ပြဿနာလာမရှာရဲတော့ပေ။ 

  

ထန့်ယွီက အန်ဖျင်ခရိုင်မှာ အချိန်အတော်ကြာအောင် စီးပွားရေးလုပ်နေခဲ့သော်လည်း သူက ယွိမုတို့အုပ်စုနဲ့လည်း ခင်မင်ရင်းနှီးခဲ့သည်။ အရာရှိနောက်ခံမပါပဲ သူလုပ်ငန်းကို ချဲ့ထွင့်ဖို့က ​မဖြစ်နိုင်ပေ။

 

“အစ်ကိုယွိမုက​ ကောင်းကောင်းလုပ်နိုင်ခဲလို့ နောက်တစ်ခါလာရင် ​ဆုချရမယ်။ ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။” ကျန်းရှို့နဲ့ဝမ်​မော့က ဤမနက်မှာ ပစ္စည်းလှည်းဖြင့် ခရိုင်မြို့မှပြန်လာခဲ့သည်။ တချို့က လီဖုန်းနဲ့သူ့အတွက်ဖြစ်ပြီး တချို့က ကလေးနှစ်ယောက်အတွက်ဖြစ်သည်။ သူတို့က အာမောင်း၊တာမောင်း၊ ကျန်းရှို့နှင့် ရွာလူကြီးအတွက်လည်း လက်ဆောင်ထည့်ပေးလိုက်သည်။ သူက လူကြမ်းလို့ထင်ရပေမယ့် စဥ်းစားပေးတတ်ပြီး ဂရုစိုက်သင့်သည့် အရာအားလုံးကို ဂရုစိုက်သည်။

  

“အင်း… ဒီလူတွေက အတော်လေးသစ္စာရှိတယ်။” ယွိမုကို မချီးကျူးခဲ့သူမရှိပေ။ သို့ရာတွင် ခေါင်းစဥ်က ယွိမု ဘာလို့ အိမ်ထောင်မပြုရသေးတာလဲဟူ၍ ပြောင်းသွားခဲ့သည်။ သူတို့အုပ်စုက လီဖုန်းကို အစ်ကိုကြီးလို့ အမြဲတမ်းခေါ်သော်လည်း တချို့လူတွေက လီဖုန်းထက်ပင် အသက်ကြီးသည်။

    


သို့သော် ဤအကြောင်းပြောနေသည်မှာ သူတို့က သူ့ကိုအောင်သွယ်ပေးချင်လို့မဟုတ်ပါပေ။ သူတို့၏အမြင်တွင် လီဖုန်းက ကျေးလက်သားကောတစ်ယောက်ကို လက်ထပ်တာ သာမန်ဖြစ်ပေမယ့် ယွိမုက အရာရှိတစ်ဦးဖြစ်သည်။ သူက တင်းကျိုးခရိုင်ရှိ အဆင့်အတန်းတူသည့် ကောတစ်ယောက်ကို သေချာပေါက် လက်ထပ်လိမ့်မည်ဟု ယုံကြည်ကြသည်။