Chapter 50.3
မတိုင်ခင်က ဟွမ်စစ်ကုံး၏မိသားစုသည်လည်း လီစုန့်ကမ်း၏မိသားစုလိုပင် ဆိုးရွားသောအရာကိုလုပ်ခဲ့သည်။ ဟွမ်မိသားစုက ဤသို့ဖြင့် မောင်းထုတ်ခံခဲ့ရသည်။ အကြောင်းမှာ ဖျင်ရှန်ရွာရှိ ဟွမ်မိသားစုအမြစ်မှာ အလွန်တိမ်လို့ ဘယ်သူကမှ သူတို့အတွက် မပြောပေးခဲ့တာဖြစ်၏။
ထိုစကားပြောပြီးနောက် လူငယ်ကောလေး ခြိမ်းခြောက်မှုဒဏ်ကို ခံနိုင်လားပင် ဂရုမစိုက်တော့ပဲ လီဖုန်းက ထန်ချွန်းမင်၏လက်ကိုတွဲကာ ခြံထဲပြန်လာခဲ့သည်။ သူ့မှာ သူ့ကိုခြံထဲဖိတ်ခေါ်ဖို့ ရည်ရွယ်ချက်မရှိပေ။ ထန်ချွန်းမင်မှာလည်း ရှိမှာမဟုတ်ပေ။
ဤမိသားစုက သူတို့ဂုဏ်သိက္ခာကို ဘယ်လိုပဲမြှင့်တင်နေပါစေ သူ ကျောက်မိသားစုမှ ထွက်လာကတည်းက နာမည်ကောင်းရဖို့ မတွေးခဲ့ဖူးပေ။ မှားယွင်းသော ဂုဏ်သတင်းကြောင့် သူနဲ့ သူ့လူတွေကို ခံစားခွင့်ပြုဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပေ။
“ကောင်းပြီ. သန့်ရှင်းရေးလုပ်ပြီး ညစာစားပွဲပြင်ရအောင်…” ဘာမှမဖြစ်ခဲ့သလိုပင် ထန်ချွန်းမင်က ပြန်လှည့်လာကာ အပြုံးတစ်ပွင့်ဖြင့် စတင်စီစဥ်လိုက်သည်။
“အင်း.. စားဖို့အချိန်ကျပြီ။” မင်ကောအာ ကိုယ်တိုင်ချက်တာဆိုတော့ မစောင့်နိုင်တော့ဘူး။” အဘိုးကြီးဟဲက တုံ့ပြန်သည်။
ခြံထဲကလူတွေက အလုပ်ရှုပ်နေပြီး တံခါးနားကလူကို ဘယ်သူမှဂရုမစိုက်သလို ထိုကောလေးထွက်သွားတာလည်း မသိလိုက်ပေ။
တတိယဦးလေးကျောက်၏အိမ်၌ မျိုးဆက်သစ်များက တတိယဦးလေးကျောက်လောက် ခေါင်းမာခြင်းမရှိပေ။ သူတို့က တတိယဦးလေးကိုမမေးမီ အိမ်နားတစ်ဝိုက်မှာ စက်ဝိုင်းတစ်ခုလို လှည့်ပတ်နေကြသည်။ “တတိယဦးလေး… ကျွန်တော်တို့ ထန်မိသားစုကို တစ်ချက်သွားကြည့်လို့မရဘူးလား? ထန်ချွန်းမင်ရဲ့ကလေးတွေက ကျောက်မိသားစုဝင်တွေလို့ ဦးလေးပဲ အစကပြောခဲ့တာလေ…”
ထိုထက်ပိုသည်မှာ သူနဲ့ လီဖုန်းဆက်ဆံရေးက အတည်တကျဖြစ်သွားခဲ့သည်။ လီဖုန်းဘယ်သူလဲဆိုတာ အရေးမကြီးပေ။ အရေးကြီးတာက သူ့နောက်ကအဆက်အသွယ်ဖြစ်၏။ အရင်တစ်ခေါက်ကရောက်လာသော ယွိမုအမည်ရှိ စစ်သားက တင်းကျိုးခရိုင်မှ ရာထူးမြင့် စစ်အရာရှိဖြစ်နေသည်မှာ မထင်မှတ်ထားသောအရာဖြစ်၏။
သူ့အမြင်အရတော့ ကျောက်လောင်စန်းအပေါ် မျှော်လင့်ချက်တွေ ပုံအပ်ထားပြီး ထန်ဖူလန်နှင့် ဆက်ဆံရေးကို ဖျက်စီးဖို့မလိုပေ။
ထန်ချွန်းမင်နှင့် လီဖုန်းက ခရိုင်မြို့ထိချဲ့ထွင်ကာ လုပ်ငန်းတစ်ခုလုပ်နေပြီး ကျန်းချန်မင်၏ မိသားစုကိုပင် ချမ်းသာအောင်လုပ်ပေးခဲ့သည်ဟု သူ ရွာသားများထံမှ ကြားခဲ့ရသည်။
သူတို့အားလုံး အိတ်တွေအများကြီးနဲ့ ပြန်လာသည်ကိုကြည့်ကာ သူတို့ဘယ်လောက်ရှာနိုင်ခဲ့လဲဆိုတာကို တွေးရင်း လူများစွာက အားကျနေသည်။
သူ့ကိုဘယ်သူမှမပြောပြပဲ သူခန့်မှန်းနိုင်သည်မှာ ဤလုပ်ငန်းအောင်မြင်ရသော အကြောင်းအရင်းသည် ဗိုလ်ချုပ်ယွိနဲ့ဆက်ဆံရေးကြောင့်ဖြစ်သည်။ မဟုတ်ပါက ခရိုင်မြို့ရှိ လူချမ်းသာမိသားစုများက သူတို့လိုရာကိုပေးမှာမဟုတ်ပေ။
သူတို့ ကျောက်လောင်စန်းကို မှီခိုချင်သည်မှာ ကျောက်လောင်စန်း အရာရှိတစ်ယောက်ဖြစ်လာသည်နှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်လာနိုင်ပြီး ငွေရှာရန် စိတ်ပူစရာမလိုတော့လို့ဖြစ်သည်။
သို့သော် ကျောက်လောင်စန်းကလည်း လုပ်စရာရှိနေသည်။ မိသားစုနှစ်ခု၏ ကောအာလေးနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ပြဿနာရှာခဲ့ပြီး နောက်မှာအရှုပ်တွေချန်ထားကာ ထွက်ပြေးသွားခဲ့သည်။ ရှန်းမိသားစုက အနိုင်ကျင့်ရ လွယ်ကူနေသလား? သူဟာ ပညာရှင်တစ်ယောက်သာဖြစ်ပြီး လူတွေကို အလေးအနက်မထားခဲ့ပေ။ သူတို့က ထိုလူအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအပ်မထားရဲပေ။
ထန်ချွန်းမင် ကျောက်မိသားစုမှ သားလေးကို မွေးဖွားပေးခဲ့တာက နှစ်ဖက်ကြားရှိ ဆက်ဆံရေးကို ဖြေလျော့ရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ ထန်ချွန်းမင်က သူ့သားလေး၏နာမည်ကို သုံးနေသရွေ့ သူတို့ကို လျစ်လျူရှုလို့်မရပေ။ ပြီးတော့ သူ့သားက ကျောက်မိသားစုရဲ့ မျိုးရိုးစဥ်ဆက်ထဲမှာ ပါဝင်လာတဲ့အခါ ထန်ချွန်းမင်က ကျောက်မိသားစုကို အာဃာတ ဘယ်လိုထားလို့ရတော့မလဲ?
“မင်းဘာတွေစိတ်ပူနေတာလဲ?” တတိယဦးလေးက သူ၏ဆေးလိပ်ဆေးတံကိုခေါက်ကာ နှစ်ကြိမ်မှုတ်ထုတ်လိုက်သည်။ “မင်းဘာတွေတွေးနေလဲ ငါသိတယ်။ မင်းက လီမိသားစုကလေးရဲ့နောက်ခံကြောင့် ဆွဲဆောင်ခံလိုက်ရတာပဲ။ ဒါပေမယ့် ဒီဆက်ဆံရေးက ကြာရှည်ခံပါ့မလား? မိသားစုကြားက ဆက်ဆံရေးက ယုံကြည့်လို့ရလား? ပြီးတော့ သူက ရာထူးနိမ့်စစ်သားတစ်ယောက်ပဲ။ အရပ်ဘက်အရာရှိနဲ့ စစ်အရာရှိတွေက မတည့်ကြဘူး။ ခရိုင်မြို့က အရာရှိတွေက သူ့ကို တကယ်အလေးအနက်ထားတယ် ထင်နေလား? ဟင်း… ထင်ပေါ်အောင်ဝါကြွားနေတာက အနှေးနဲ့အမြန် ဒုက္ခရောက်မှာပဲ။ ဘာပဲဖြစ်ဖြစ် ရွာထဲက မိသားစုဘယ်နှစ်စုက သူတို့ဆီက မျက်နှာသာရမလဲ စောင့်ကြည့်ရတာပေါ့”
“ဦးလေး… အဲ့ဒါက ဧကရာဇ်ဟောင်းလက်ထက်ကလေ။ လက်ရှိဧကရာဇ်က စစ်သားတွေကို အရမ်းတန်ဖိုးထားတယ်။”
ဧကရာဇ်ဟောင်းက အရပ်ဘက်အရာရှိများကို စစ်အရာရှိများထက် ပိုတန်ဖိုးထားသည်။ သို့သော် ဧကရာဇ် အာဏာရပြီးနောက်မှာ အရပ်ဘက်အရာရှိများကို ရာထူးမှချကာ နယ်စပ်သို့ တပ်ဖွဲ့စေလွှတ်ရန် စစ်အရာရှိအများအပြားကို ရာထူးတိုးပေးခဲ့သည်။ အခု ဘယ်သူက စစ်အရာရှိတွေကို အထင်သေးရဲလို့လဲ?
“မင်းက အမြင်ကျဥ်းပြီး မရင့်ကျက်တာပဲ။” တတိယဦးလေးက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး အဓိပ္ပါယ်ပါပါပြောလိုက်သည်။ “စစ်တပ်အရာရှိတွေ အဆင့်အတန်းမြင့်လာတာမှန်ပေမယ့် ဘယ်အချိန်ကမို့လဲ? အဲ့ဒါက အရှင်မင်းကြီး မြောက်ဘက်ကို တိုက်နေရတာမို့ စစ်အရာရှိတွေကို နေရာပေးခဲ့တာလေ။”
“ဒါပေမယ့် အခုစစ်ပြီးသွားတော့ တရားရုံးမှာ ပြောဆိုခွင့်ရှိတဲ့လူတွေက အရပ်ဘက်အရာရှိတွေဖြစ်သွားပြီ။ အဲ့ဒီအရပ်ဘက်အရာရှိတွေက ပြည်နယ်ကိုအုပ်ချုပ်နေရတာမို့ စစ်အရာရှိတွေက အသုံးမဝင်ဘူး။။”
“ဟင်း… ထန်မိသားစုရဲ့ ကောအာက သူတို့ကလေးနာမည်ကို မျိုးရိုးစဥ်ဆက်ထဲထည့်ပေးဖို့ ကျောက််မိသားစုကို ဘယ်လို့အသနားခံမလဲ ငါကြည့်ချင်သေးတယ်။ သူ မိသားစုသစ်ပင်မှာ မပါခဲ့ရင် အနာဂတ်မှာ တစ်သက်လုံးလယ်လုပ်ရပြီး သူ့အားမူကို အပြစ်တင်နေလိမ့်မယ်!”
တတိယဦးလေးကျောက်က ထန်ချွန်းမင်ကို အင်မတန်ဒေါသထွက်နေသည်။ ထန်ချွန်းမင် ကျောက်မိသားစုမှ ခွဲထွက်သွားပြီးနောက် ကျောက်မိသားစုထဲမှ အရာများမှားယွင်းလာသည်ကို သူတွေ့လိုက်ရသည်။
အထူးသဖြင့် သူက ဝတ်ပြုဆုတောင်းကာလတွင် ပြဿနာရှာခဲ့တာဖြစ်၏။ သူက တကယ်ကိုအရှက်မရှိိပေ။ သူ ကျောက်မိသားစုထဲမှာရှိနေသေးလျှင် ဝက်လှောင်အိမ်ထဲ ပစ်ချခံရလိမ့်မည်။
.
“တတိယဦးလေး… ထန်မိသားစုကို ထိန်းချုပ်ဖို့ မိသားစုသစ်ပင်ကို အသုံးချချင်တာလား? လီမိသားစုကရော? ကျွန်တော်တို့နဲ့ လီမိသားစုဆက်ဆံရေး ပျက်စီးသွားမှာလား?” လူငယ်မျိုးဆက်က တတိယဦးလေးကို မယုံနိုင်သလိုကြည့်လိုက်သည်။
(မိသားစုသစ်ပင် - မျိုးရိုးစဥ်ဆက်ပြသည့် သစ်ပင်ပုံစံပုံကားချပ်။)
“ဒါက ကျောက်မိသားစုရဲ့ကိစ္စလေ။ ပြီးတော့ လီမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ မင်းလည်း အဲ့ဒါတွေကို ဂရုစိုက််မယ့်အစား ကျောက်လောင်စန်း သုံးနှစ်အတွင်း စာမေးပွဲအောင်လာဖို့ ဆုတောင်းသင့်တယ်။”
တတိယဦးလေးက ချောင်းဟန့်ကာ ထထွက်သွားသဖြင့် လူငယ်မျိုးဆက်က အင်အားမဲ့သလို ခံစားလိုက်ရသည်။ တတိယဦးလေးက ဘာလို့ သူ့ဘိုးဘေးတွေရဲ့ ဂုဏ်သရေအကြောင်းကို ဆက်တွေးနေတာလဲ… ကျောက်လောင်စန်းက ကျောက်မိသားစုကို မူလဂုဏ်သရေပြန်ရအောင် လုပ်ပေးနိုင်တယ်ထင်လို့လား?
သို့သော် သူတို့က မတူညီပေ။ သူတို့က တတိယဦးလေးလိုမျိုး ကျောက်မိသားစု၏ ကြွယ်ဝချမ်းသာခြင်းကာလကို မတွေ့ကြုံဖူးပေ။ သူတို့က မွေးကတည်းက လယ်လုပ်ပြီး လယ်သမားအစားအစာကို စားခဲ့ရတာဖြစ်၏။ တတိယဦးလေး ဆက်ပြီးခေါင်းမာနေလျှင် ကျောက်မိသားစုက ပို၍ပို၍ ယိုယွင်းလာမည်ဖြစ်သည်။
နေ့လည်က ရာသီဥတုသိပ်မအေးသည့်အတွက် သူတို့က ခြံထဲမှာ စားပွဲနှစ်လုံးခင်းပြီး ထမင်းအတူစားခဲ့ကြသည်။ ယနေ့ ထန်ချွန်းမင်ချက်သော အစားအစာမှာ ကြက်သားဖြစ်သည်။ သူ၏မီးဖွားကာလတွင် သောက်ခဲ့ရသော ကြက်စွပ်ပြုတ်နှင့် ကြက်သားကြော်လည်း ပါဝင်သည်။
ထန်ချွန်းမင်က ရှုပ်ထွေးသော ဟင်းလျာများကို မချက်ပြုတ်ပဲ ရိုးရှင်းသော အိမ်ချက်ဟင်းလျာများကို ချက်ပြုတ်ခဲ့သည်။ သို့သော် ၎င်းသည် စစ်မှန်သော အိမ်တွင်းချက်ပြုတ်နည်းဖြစ်ပြီး ပါဝင်ပစ္စည်းများ၏လတ်ဆတ်မှုကို အကောင်းဆုံးမြည်းစမ်းလို့ရသည်။
“မင်ကောအာ… ဒီနေ့ကြက်သားအရသာက ခါတိုင်းနဲ့မတူဘူး။” သမားတော်ဟဲက တောမှိုနှင့်ပြုလုပ်ထားသော ကြက်စွပ်ပြုတ်ကိုသောက်ပြီးနောက် ကြက်သားတစ်ပိုင်းကို အထူးတလည်မြည်စမ်းခဲ့သည်။ ယနေ့စားဖိုမှုးက ကွဲပြားနေတာသေချာသည်။
အဓိကအကြောင်းအရင်းက ကုန်ကြမ်းဖြစ်နိုင်သည်။ ကြက်သားက ပါးစပ်ထဲတွင် နူးညံ့ချောမွေ့နေသည်။ နန်းတော်ရှိ ပါဝင်ပစ္စည်းများဖြင့် ချက်ထားသော အထူးတလည် ကြက်သားဟင်းလျာကပင် ၎င်းကိုမမှီပေ။
.
ထန်ချွန်းမင်က လီဖုန်းယူလာပေးသော စွပ်ပြုတ်ပန်းကန်ကိုသောက်ရင်း ဂုဏ်ယူနေသည်။ သူမွေးထားသော ကြက်တွေက ကွာခြားနေသည်မှာ သေချာသည်။ မီးဖွားကာလတွင် သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ဖို့ ကြက်စွပ်ပြုတ်သောက်ရမည်ဟု ပြောခဲ့သည်။ သူက တခြားသူများ၏အိမ်မှ ကြက်များကိုပင် ဝယ်ခဲ့ရပြီး ကန့်ကွက်ခွင့်မရှိခဲ့ပေ။
ယနေ့တော့ သူဆုံးဖြတ်ချက်ချနိုင်ပြီဖြစ်၍ သူမွေးမြူထားသည့်ကြက်ကို လူတိုင်းမြည်းစမ်းကြည့်နိုင်ရန် လီဖုန်းအား ကြက်ကောင်ရေများစွာ သတ်ခိုင်းခဲ့သည်။ နောက်တစ်ခုကတော့ ထန့်ယွီနှင့် ဆိုင်ရှင်ချီက ယနေ့ ဤနေရာမှာရှိနေမည်ကိုသိ၍ သူ့ကြက်တွေ စီးပွားဖြစ်ရဲ့လား သူတို့ကို ကြည့်စေချင်ခဲ့သည်။
.
ပထမတစ်သုတ်က ရောင်းချဖို့အဆင်သင့်ဖြစ်နေပြီး ကြက်များက လွန်ခဲ့သည့်နှစ်ရက်က ဥဥနေပြီဖြစ်၏။
ထန့်ယွီ၏မျက်လုံးများတောက်ပလာပြီး သူက ချက်ချင်းပြောလိုက်သည်။ “ထန်ဖူလန်… ဒီကြက်တွေက အစတည်းက ခြံထဲမှာမွေးထားတာလား? မင်း ငါတို့ စားသောက်ဆိုင်ကို ဦးစားပေးရောင်းချမယ်လို့ ငါတို့သဘောတူထားတယ်…”
အဘိုးကြီးဟဲက မျက်တောင်ခတ်လိုက်ပြီး ထန်ချွန်းမင်၏မြေခွေးလိုအပြုံးကို ကြည့်လိုက်သည်။ သူ ဘာလို့နားမလည်ခဲ့တာလဲ? သူက ဧည့်သည်တွေကို ညစာခေါ်ကျွေးပြီး တစ်ချိန်တည်းမှာ စီးပွာရေးလုပ်နေသည်။ သူက ပြုံးမိသွားကာ ပြောလိုက်လေသည်။ “မင်ကောအာ… မင်းက အခွင့်အရေးကို တကယ်လက်မလွတ်ဘူးပဲ။ မင်း ဒီနေ့ဟင်းချက်ဖို့ စိတ်အားထက်သန်နေတာ အံ့သြစရာမရှိတော့ပါဘူး။”
“ဟီး… ဒါပေမယ့် အရေးကြီးဆုံးက အားလုံးကောင်းကောင်းစားနိုင်ဖို့ပါ။” ထန်ချွန်းမင်က ကျိုးနွံစွာ ပြုမူလိုက်သည်။ “ထန့်သခင်လေး… ကျွန်တော့်ကြက်တွေက အရမ်းစျေးကြီးတယ်။ လောလောဆယ်တော့ အရေအတွက်လည်း အများကြီးမရှိဘူး။ နောက်နှစ်ဆိုရင်တော့ တိုးလာမှာပါ။”
သူက မျက်စိတစ်မှိတ်အတွင်းမှာပဲ အမြတ်ကြီးစားသူဖြစ်သွား၏။ လီဖုန်းက စကားတစ်ခွန်းမှမပြောပဲ သူ့ဘေးမှာထိုင်နေပေမယ့် သူ့မျက်လုံးထဲက ချစ်ခင်မြတ်နိုးသောအကြည့်ကို သူ့ကိုကောင်းကောင်းသိသော လူများထံမှ ဖုံးကွယ်မထားနိုင်ပေ။
“အရေးမကြီးပါဘူး။ ထင်ကျင့်စားသောက်ဆိုင်ကို ကုန်သွင်းနိုင်သရွေ့ စျေးနှုန်းက ညှိနှိုင်းလို့ရတယ်။ ထန့်သခင်လေးဆိုတဲ့… ကျုပ်ဘယ်လိုလူမျိုးလဲ ထန်ဖူလန်သိပါတယ်” ထန့်ယွီက ဝိုင်ခွက်ကိုင်ကာ ပြုံးပြလိုက်သည်။
အရင်တုန်းက သူသည် အသားမဲသည့် ကောတစ်ယောက်ကိုရှာဖို့ နည်းလမ်းများစွာ ရှာခဲ့ရသည်။ သို့သော် ယခုမူ တချို့အရာတွေက မသဲမကွဲဖြစ်နေတာပဲ ကောင်းတယ်လို့ သူခံစားရသည်။ အမြစ်ကိုခြေရာခံဖို့ မလိုအပ်တော့ပေ။ လက်ရှိအကျိုးအမြတ်နဲ့ ရေရှည်တိုးတက််မှုက အရေးကြီးဆုံးဖြစ်သည်။
“ဟားဟား… ဒါဆို ကျွန်တော် အားနာမနေတော့ဘူး။” ထန်ချွန်းမင်က ဤလူထံမှ အမြတ်အမြန်ရမယ်လို့ တွေးလိုက်သည်။ ယခု သူ့လက်ထဲမှာပိုက်ဆံရှိသော်လည်း ငွေအများကြီးမရှာနိုင်ပဲ နေရာတိုင်းမှာ ငွေသုံးနေရသည်။
သူက အနောက်တောင်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေရဆဲဖြစ်တာကြောင့် မကြာခင်မှာ ငွေနည်းနည်းလောက်ရှာရမည်။
ဦးလေးလျို၏မိသားစုက ထိုကိစ္စကြားရတော့ ပျော်နေသည်။ သူတို့ကြည့်ရှုစောင့်ရှောက်နေသည့် ကြက်တွေက ရောင်းချလို့ရတော့မည်။ မဟုတ်ပါက လစဥ်လစာရနေလို့ သူတို့စိတ်မသက်မသာဖြစ်ရလိမ့်မည်။ ယခု သူတို့က မင်ကောအာအတွက် တကယ်ကိုပျော်နေ၏။
.
လီဖုန်းက ထန်ချွန်းမင်အတွက် ကြက်ခြေထောက်တစ်ပိုင်းကို တိတ်တိတ်လေး ခပ်ယူလိုက်သည်။ ဤကောက ဤအပိုင်းကိုဝါးရတာကြိုက်တော့ သူလည်း ဘာမှမတတ်နိုင်ဘူးလေ။