Chapter 52.1
Viewers 21k

Chapter 52.1


“ခန့်မှန်းချက်များ”

 

လီဖုန်းက ထန်ချွန်းမင်ကို လယ်ကွင်းထဲမှာ အလုပ်လုပ်ခွင့်မပေးပေ။ ထန်ချွန်းမင်က သူ့သဘောထားကို အသိအမှတ်ပြုလိုက်သည်။ သူက လူယုတ်မာလေးကို ဟဲလောင်၏စောင့်​ရှောက်မှုအောက်တွင် အပ်နှင်းပြီး အားလင်းနှင့်အာမောင်းကို အိမ်မှာထားခဲ့​လေသည်။

     

သူက အနောက်တောင်ကိုသွားခဲ့သည်။ အလုပ်များသော စိုက်ပျိုးရာသီမှာ ဘယ်သူမှမအားတာကြောင့် သူ့မိထွေးကလည်း ကလေးလာကြည့်ဖို့ မအားခဲ့ပေ။

 

စိုက်ပျိုးရာသီမတိုင်မီက ကျန်းချန်မင်၏မျှော်လင့်ချက်များ အမှန်တကယ်ဖြစ်လာပြီး သူက အရွယ်အလတ်စား သိုးလေးများကိုစုဆောင်းရန် ပြေးလွှားနေခဲ့သည်။ အနောက်ဘက်သိုးခြံတွင် အရွယ်အလတ်စား သိုးကောင်ရေသုံးဆယ်နှင့် မကြာသေးမီက မွေးဖွားခဲ့သော သိုးပေါက်ကလေး ဆယ့်တစ်ကောင်ရှိလာခဲ့သည်။

    

သူက သိုးမတွေကိုလည်းဝယ်ယူခဲ့သည်။ ကံအားလျော်စွာ သူ့မှာ သိုးခြံစောစောဆောက်ဖို့ အမြော်အမြင်ရှိသည်။ မဟုတ်ပါက ၎င်းတို့ကိုဝယ်ပြီးနောက် နေရာချရရန် ခက်ခဲနေပေမည်။

    



လီဖုန်းက သိုးထိန်းသူကို သေချာရွေးချယ်ခဲ့သည်။ ဤတစ်ကြိမ်မှာ သူက လီမိသားစုမှ ယောကျာ်းတစ်ယောက်ကို ရွေးချယ်ခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်က သူက သူနဲ့အတူ စစ်မှုထမ်းခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်က သူမြောက်ဘက်ကနေ အသက်ရှင်လျက်ပြန်လာခဲ့သည်။

     

သူအသက်ရှင်လျက်ပြန်လာသော်လည်း သူ့ကျန်းမာရေးက ယခင်ကလောက် မကောင်းတော့ပေ။ သူ့လက်တစ်ဖက်က ဒဏ်ရာရသွားပြီး သူ့အကြောမှတ်တွေက သိပ်မပျော့တော့ပေ။ သူ့မိသားစုက ငွေမတတ်နိုင်လို့ သူ စစ်ထဲမှာ အမှုထမ်းခဲ့ရတာဖြစ်သည်။

     

လွန်ခဲ့သည့်နှစ်နှစ်က သူပြန်ရောက်လာပြီးနောက် သူ့ကျန်းမာရေး ဆိုးရွားလွန်းသဖြင့် လယ်ယာသိပ်မလုပ်နိုင်တာကြောင့် သူ့ဘဝက ပိုပိုခက်ခဲလာခဲ့သည်။

 . 



လီဖုန်းက ထိုသို့သောလူများကို အလွန်စာနာမိသည်။ မြောက်ဘက်စစ်မြေပြင်မှာ ရှင်သန်ဖို့မလွယ်ပေ။ သူ့ညီအစ်ကိုများက ထိုနေရာမှာ အသက်ဆုံးရှုံးခဲ့ရပြီး သူသည်လည်း ငရဲတံခါးကို အကြိမ်များစွာ ဖြတ်သန်းခဲ့ရတာကြောင့် သူက ထိုလူများကို ပိုပြီး ဂရုစိုက်ပေးချင်သည်။

   

ထန်ချွန်းမင်က ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရသည်။ သူ့အမြင်တွင် ထိုလူတွေက ကူညီရတာတန်သည်။

 

လီဖုန်းမှာ တခြားအတွေးများလည်းရှိသည်။ ယခု သူက မျိုးနွယ်စုအတွင်းရှိ ဆင်းရဲသောမိသားစုများကို ကူညီနေသည်။ အနာဂတ်မှာ သူ့စကားတွေက လီမိသားစုထဲတွင် သက်ရောက်မှုပိုရှိလိမ့်မည်။ သူ လီမိသားစုကို မကူညီပဲ အပြင်လူတွေကိုပဲ ကူညီ​နေတယ်လို့ တစ်ယောက်ယောက်က ပြောခဲ့လျှင် သူတို့စကားတွေကို ဘယ်သူမှယုံမှာမဟုတ်ပေ။

  

“မင်ကောအာ… မင်းဘာလို့ဒီရောက်နေတာလဲ?” ရိုးသားသောလူတစ်ယောက်က သိုးခြံရှေ့မှာရပ်နေသည်။ သူဟာ အသက်သုံးဆယ်အရွယ်သာရှိသေးသော်လည်း သူ့ကြည့်ရသည်မှာ အသက်လေးဆယ်၊ ငါးဆယ်အရွယ်ရှိပုံရသည်။

    

သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ဘဝအစောပိုင်းက ဘယ်လောက်ခက်ခဲလဲ သိသာသည်။ သူ့မိသားစုက မျိုးနွယ်စုအတွင်းမှာ ခုန်ပေါက်နေသည့် လီစုန့်ကမ်းမိသားစုနဲ့မတူပေ။ လီဖုန်း သူတို့အိမ်ရောက်လာတော့ သူနဲ့သူ့ဇနီးက မယုံနိုင်ကြပဲ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေနီရဲနေသည်။

  

“ဦးလေးတာ…. ကျွန်တော်တစ်ယောက်တည်း ဒီမှာနေလို့အဆင်ပြေပါတယ်။ ခင်ဗျားအလုပ်သွားကူပေးလိုက်ပါ။ ကလေးနှစ်​ယောက်ထိန်းရတာမလွယ်ဘူး။ ကြည့်… ကျွန်တော်ရှောင်ဟွာကိုလည်း ခေါ်လာတယ်။ သူက လူနှစ်ဦးစာ အလုပ်လုပ်ပေးနိုင်တယ်” ထန်ချွန်းမင်က သူ့နောက်လိုက်နေသော ကြီးကျယ်ခမ်းနားသည့် ခွေးကြီးအား ညွှန်ပြလိုက်သည်။

       

နာမည်က အထင်ကြီးစရာကောင်းလွန်းလှသည်။ ခွေးကြီးက သူ့နာမည်ကြားသောအခါ သူ့ခေါင်းကို သခင်၏ပေါင်ဖြင့် ပွတ်သပ်လိုက်သည်။ ယခုအခါ သူက အိမ်စောင့်ကြပ်ခြင်းတွင် ကျွမ်းကျင်သူဖြစ်နေ​ပြီး သိုးအနည်းငယ်ကို စောင့်ကြည့်ပေးရလည်း ပြဿနာမရှိပေ။

  

“ကောင်းပါပြီ…မင်ကောအာ.. မင်းတစ်ခုခုလိုရင် ဦးလေးထျဲနဲ့ တခြားလူတွေကို ခေါ်လိုက်ပါ။ အိမ်အလုပ်ပြီးရင် ငါပြန်လာခဲ့ပါမယ်။” ဦးလေးတာက မင်ကောအာ၏ စေတနာကိုသိ၍ မငြင်းခဲ့ပေ။

      

လွန်ခဲ့သည့်နှစ်ရက်မှာ ဤကဲ့သို့ဖြစ်ပျက်နေခဲ့တာကြောင့် သူက ထန်ချွန်းမင်အား သိုးခြံကိစ္စရှင်းပြပြီး​နောက် လယ်ကွင်းထဲက အလုပ်ပြီးအောင် အလျင်စလိုထွက်သွားခဲ့သည်။

     

သူ့လက်တစ်ဖက်က သိပ်မပျော့​တော့ပေမယ့် သူ့မှာ တခြားလက်တစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ရှိသေး၍ မိသားစု၏ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချဖို့ ကူညီပေးနိုင်သည်။

   

ထန်ချွန်းမင်ကလည်း ဦးလေးတာကို အလွန်ကျေနပ်​နေသည်။ သူက သိုးခြံကိုရှင်းရန် အာရုံမတက်မီ အိ​ပ်ရာထကာ သိုးကောင်ရေဒါဇင်ကို အနံ့အသက်မထွက်အောင် သန့်ရှင်းပေးခဲ့သည်။

   

ထန်ချွန်းမင်က ရှောင်ဟွာ၏ခေါင်းကြီးကိုပုတ်​ကာ ပြောလိုက်သည်။ “သွားကစားတော့.. တောင်ပေါ်မှာမပြေးနဲ့နော်။”

 

ရှောင်ဟွာက အသံတိုးတိုးလေးဖြင့် နှစ်ကြိမ်အော်လိုက်ပြီး ထန်ချွန်းမင်၏အဓိပ္ပါယ်ကို ​တစ်နည်းနည်းဖြင့် နားလည်သွားသည်။ သူက စိတ်မချမ်းသာစွာပြုံးလိုက်သည်။ သူက ဘယ်လိုအတွန့်တက်ရမလဲဆိုတာသိသည်။ ထန်ချွန်းမင်က နေရာလွတ်ထဲက ပန်းသီးကြီးတစ်လုံးကို ထုတ်ယူလိုက်ရသည်။ ရှောင်ဟွာက တစ်ယောက်ယောက်လုယူသွားမှာ ကြောက်နေသလိုမျိုး ချက်ချင်းဆွဲယူကာ ပြေးထွက်သွားလေသည်။

 

ထန်ချွန်းမင်က နေရာလွတ်စမ်းရေဖြင့် သိုးများကိုအစာကျွေးရန် ဤနှစ်ရက်တာအတွင်း သိုးခြံကိုလာနေခဲ့သည်။ သူက တတ်နိုင်သမျှ နေသားကျအောင် လုပ်ချင်ခဲ့သည်။

    



သတ်လတ်ပိုင်းသိုးများ၏ အရည်အသွေးမှာ သိုးပေါက်လေးတွေလောက် အရသာကောင်းမှာမဟုတ်ပေ။ သို့သော် သူက ဤရက်များတွင် ၎င်းတို့ကို နေရာလွတ်စမ်းရေ တိုက်ကျွေးထားသည်။ ရက်အနည်းငယ်ကြာတော့ သူတို့က ရောစပ်ထားသော နေရာလွတ်စမ်းရေကို သောက်လို့ရသွားပြီး ပြဿနာမရှိတော့ပေ။

 

တခြားသူများမမြင်နိုင်သော ထောင့်တစ်ခုတွင် နေရာလွတ်စမ်းရေက ထန်ချွန်းမင်၏လက်ချောင်းများမှတစ်ဆင့် သိုးခြံရှေ့ရှိ ကျောက်ကျင်းထဲသို့ စီးဆင်းသွားသည်။ သူတို့ကို ညွှန်ပြစရာမလိုပဲ သိုးတွေက အနံ့ခံပြီးရောက်လာကာ ကျောက်ကျင်းထဲက ရေကို သောက််လိုက်သည်။ 

    

သိုးခြံကို အခန်းများခွဲကာ အခန်းတစ်ခုစီတွင် သိုးငါးကောင်ခြောက်ကောင်ရှိသည်။ ထန်ချွန်းမင်က သိုးကောင်ရေဒါဇင်ကို အစာကျွေးရန် တစ်ခန်းမှတစ်ခန်းသို့ပြေးသွားရင်း နာရီဝက်ကြာခဲ့လေသည်။ သူသည် နေရာလွတ်မှ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကိုလည်း ကျွေးခဲ့သည်။

 

သိုးခြံဘေးတွင် ထန်ချွန်းမင်၏ စည်ပိုင်းကြီးတစ်ခုရှိသည်။ သူက စည်ပိုင်းကြီးထဲကို နေရာလွတ်စမ်းရေထည့်ကာ အပြင်ကရေနှင့်ရောလိုက်သည်။ ဤရက်တွေမှာ သိုးတွေကိုအစာကျွေးလျှင် စည်ပိုင်းထဲမှရေကိုသုံးရန် ဦးလေးတာကိုပြောခဲ့သည်။

      

တောင်ပေါ်ရေကိုသုံးရတာက တောင်အောက်ကရေလောက် အဆင်မပြေပေ။ ရေတွင်းတူးရန် တစ်ခုတည်းသောနည်းလမ်းမှာ တောင်ခြေရှိ ကြက်ခြံဖြစ်သည်။ သို့ပေသိ လီဖုန်းက သူ့ကို သတင်းကောင်းပြောခဲ့သည်။ တောင်ပေါ်မှာ စမ်းချောင်းတစ်ခုရှာတွေ့ခဲ့သည်။ စိုက်ပျိုးရာသီကုန်ဆုံးလျှင် သူက လူအနည်းငယ်ကိုခေါ်ကာ ရေတွင်းတူးဖို့စီစဥ်ထားသည်။

     

နောင်မှာ တောင်ပေါ်ရေပေးဝေမှုက ပြဿနာရှိတော့မှာမဟုတ်ပေ။ ထန်ချွန်းမင်က သူ့ကိုယ်ပိုင်ရေတွင်းလိုမျိုး စမ်းချောင်းထဲကိုလည်း နေရာလွတ်စမ်းရေထည့်ဖို့ စောင့်ဆိုင်းရန် စီစဥ်ခဲ့သည်။ ၎င်းက ရေလောင်းရန် ရေသွင်းရတာအဆင်ပြေလိမ့်မည်။

 

သူ့ကိုယ်ပိုင်ရေတွင်းကို အချိန်အတော်ကြာစမ်းသပ်ပြီးနောက် နေရာလွတ်စမ်းရေကို လောင်းထည့်ရန် အကောင်းဆုံးအချိန်ကာလရှာတွေ့ခဲ့သည်။ နေရာလွတ်စမ်းရေကို တစ်ကြိမ်ထည့်ခြင်းဖြင့် တွင်းရေက သုံးလအထိ အရသာတူတာသေချာသည်။ တောင်ပေါ်ရှိ စမ်းချောင်းသည်လည်း အလားတူဖြစ်မည်ဟု ယူဆရသည်။

 

သိုးများကိုအစာကျွေးပြီးနောက် အသစ်စိုက်ပျိုးထားသော ကိုးချီဘယ်ရီသီးနှင့် တခြားအပင်များကို ရေလောင်းလိုက်သည်။ သူက သူတို့ကို ယခင်ခြောက်လအတွင်း ကောင်းကောင်းဂရုစိုက်ခဲ့သည်။

    

လာမည့်နှစ်တွင် သူသည် နေရာလွတ်ထဲရှိ သီးပင်အကိုင်းအခက်များကို တိုက်ရိုက်စိုက်ပျိုးရန် စီစဥ်ထားပြီး ၎င်းက အစားထိုးစိုက်ပျိုးခြင်း၏အချိန်ကို သက်သာစေလိမ့်မည်။

  

“ ရှောင်ဟွာ… ငါတို့အိမ်ပြန်မယ်!” ဦးလေးတာ တောင်ပေါ်လျှောက်လာတာကိုတွေ့တော့ အလုပ်ပြီးသွားသော ထန်ချွန်းမင်က အပြင်ကိုလှမ်းအော်လိုက်သည်။ တစ်မိနစ်ကြာတော့ ခွေးကြီးက သစ်ပင်အလယ်မှခုန်ဆင်းကာ ပါးစပ်ထဲတွင် တောယုန်ရိုင်းတစ်ကောင်ကိုချီပြီး ထန်ချွန်းမင်ဆီသို့ ဝမ်းသာအားရပြေးသွားသည်။ အိုး…. သူက ယုန်တောင်ဖမ်းတတ်နေပြီပဲ… ဒါပေါ့ သူ့ကိုယ်ကတော့ ပေါင်းပင်တွေအပြည့်ပဲ…

  

“အိုး..… အသားပြည့်ယုန်ကြီးကိုမိလာတာပဲ” ဦးလေးတာရောက်​လာတော့ အံ့အားသင့်စွာ အာမေဋိတ်​ပြုသည်။ ဤခွေးကို အပြင်ထုတ်သည့်အခါ သာမန်ခွေးတွေက ၎င်းကို မချဥ်းကပ်ရဲပေ။

  

“ဟားဟား..” ထန်ချွန်းမင်ကလည်း ဂုဏ်ယူနေသည်။ “ဦးလေးတာ.. ခင်ဗျားလည်း ဒီနေရာမှာမွေးဖို့ ခွေးနှစ်ကောင်ရှာသင့်တယ်။ နောင်မှာ သိုးတွေကိုထိန်းကျောင်းတဲ့အခါ ဒီခွေးတွေက သူတို့ကိုစောင့်ကြည့်ပြီး ညမှာပိုသတိရှိလိမ့်မယ်။”

  

“စိတ်မပူပါနဲ့.. မင်ကောအာ.. ငါတစ်ကောင်ရှာလိုက်ပါမယ်။” ခွေးတစ်ကောင်က လူတစ်ယောက်ထက် ပိုသတိရှိသည်။ သူတို့က ဤတောင်ပေါ်မှာ သိုးတစ်ကောင်အဆုံးခံလို့မဖြစ်ပေ။

  

“ဦးလေးတာ.. ကျွန်တော်သွားတော့မယ်…ဒါနဲ့.. ကျွန်တော်သိုးတွေကို အစာကျွေးထားတယ်။ ညနေကျရင်လည်း ထပ်ကျွေးမယ်။” သူပြောပြီးသည်နှင့် လျှောက်ထွက်သွားခဲ့ပြီဖြစ်သည်။ အညိုအမည်းစပ် ခွေးကြီးတစ်ကောင်က သူ့နားမှာလှည့်ပတ်နေပြီး ထန်ချွန်းမင်၏ရယ်မောသံနှင့် ဆူပူသံကို ကြားနိုင်လေသည်။

  

“ဗွမ်း….” လီဖုန်းက သက်တောင့်သက်သာရှိစေရန် သူ့ကိုယ်ပေါ်ကို ရေတစ်ပုံးလောင်းချလိုက်သည်။ မကြာသေးမီရက်များအတွင်း ရာသီဥတုကောင်းမွန်မှုကြောင့် နေအပူချိန်အနည်းငယ်မြင့်တက်လာသည်။ လယ်ကွင်းထဲမှာ အချိန်အတော်ကြာ အလုပ်ရှုပ်နေပြီးနောက် သူ့ခန္ဓာကိုယ်က ပူထူနေပြီး ယားယံနေခဲ့သည်။ ၎င်းကြောင့်ပင် မကြာသေးမီနှစ်များအတွင်း မြောက်ပိုင်း၏အပူချိန်ကို နေသားကျနေခဲ့သော လီဖုန်းက အတန်ငယ် မသက်မသာဖြစ်ခဲ့သည်။

 

သူ ခေါင်းခါလိုက်သည်နှင့် ရေဘောလုံးများထွက်လာသည်။ သူ့အဝတ်အစားတွေအားလုံး စိုစွတ်နေ၏။ ရွံ့အိုင်များကို တက်နင်းလာရင်း သူသည် ရေမိုးချိုးအဝတ်အစားလဲရန် အိမ်ပြင်ဖို့ပြင်ခဲ့သည်။ သူလှည့်ကြည့်လိုက်တော့ သူ့ကို တောက်လောင်နေသောမျက်လုံးနဲ့ကြည့်နေသော မင်ကောအာကိုတွေ့လိုက်ရသည်။

 . 



ထန်ချွန်းမင်က အပြင်မှပြန်ရောက်လာပြီး အနည်းငယ်ပူလာသလို ခံစားလိုက်ရသည်။ သူက အပြင်မထွက်ခင် အိမ်မှာ မတ်ပဲပြုတ်ခဲ့သည်။ သူ အသံကြားတော့ ၎င်းက လီဖုန်းဆိုတာကို သိလိုက်သည်။ သူက သူ့ကို မတ်ပဲဟင်းချိုသောက်ရန် ခေါ်ခါနီးတွင် ထိုလူက လျှောက်လာပြီး နှာခေါင်းသွေးယိုစေမယ့်​ မြင်ကွင်းကိုပြခဲ့သည်။ 

     

စိုစွတ်သောအဝတ်အစားများက သူ့ခန္ဓာကိုယ်ပေါ်တွင်ကပ်နေပြီး အနှီလူ၏ကြွက်သားများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည်။ သူ့မှာ အံ့သြစရာကောင်းသည့် ခန္ဓာကိုယ်ရှိပြီး ထန်ချွန်းမင်က နှာခေါင်းယားယံလာသလို ခံစားလိုက်ရသည်။

 

အိုက်စ်.. ကိုယ်လုံးတီးချွတ်လိုက်ရင် ပိုလို့တောင် ဆွဲဆောင်မှုရှိဦးမယ်။ ထန်ချွန်းမင်က သူ့အဝတ်အစားအောက်မှ ရှူခင်းကို စိတ်ကူးယဥ်ကြည့်လိုက်ပြီး သူ့တဏှာစိတ်က နိုးကြားလာခဲ့သည်။

 

အား… သူ ဝံပုလွေအသွင်ကူးပြောင်းတော့မှာပဲ!

 

အို.. ငါ သူ့ကိုခုန်အုပ်ချင်ရင် ဘာလုပ်ရမလဲ?

 

ခုန်အုပ်မလား ခုန်မအုပ်ဘူးလား ရွေးချယ်ရခက်လိုက်တာ!

  

“မင်ကောအာ…. မင်းရဲ့ဝတ်ပြုကာလပြီးလို့ လက်ထပ်တဲ့အချိန်ထိ နည်းနည်းလောက် စောင့်ကြတာပေါ့…” အသံတစ်ခုက ထန်ချွန်းမင်ကို နှိိုးလိုက်ပြီး​နောက် သူက ထွက်ပြေးဖို့ပြင်နေသော လီဖုန်းကို တွေ့လိုက်ရသည်။ ထိုမှသာ သူက လီဖုန်း၏စကားနှင့် ဆိုလိုရင်းကို နားလည်ခဲ့လေသည်။

  

ဒါဆို ငါတစ်ယောက်တည်းက လက်ထပ်ဖို့မစောင့်နိုင်တော့ဘူးလို့ ဆိုလိုတာလား? ဒါပေမယ့် ငါ အခုလေးတင် သူ့ကိုခုန်အုပ်မိမလိုဖြစ်သွားတော့ လီဖုန်းက ငါ့ကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောသွားတာလား?