Chapter 52.2
Viewers 21k

Chapter 52.2




ထန်ချွန်းမင်က ထိုနေရာ၌ ရုန်းကန်နေစဥ် အဘိုးကြီးဟဲလောင်က အားစန်းလေးကိုပွေ့ချီကာ ခြံထဲမှာလမ်းလျှောက်နေ၏။ လူကြီးတွေက အလုပ်ရှုပ်နေသဖြင့် သူက အားစန်းလေးကို ဂရုစိုက်ရမည်။

    

အဘိုးကြီးဟဲက သူချော့သိပ်လို့ ငိုက်မျဥ်းနေသော ကောင်လေးကိုပြောလိုက်သည်။ “သူတို့ဆီက မသင်ယူနဲ့။ မင်းဖေဖေနဲ့အဖေကိုကြည့်.. သူတို့က ကလေးတွေကို မကောင်းတာသင်မိမှာ မစိုးရိမ်ဘူးကွ။ အလိုလေး…သူတို့ဘယ်လောက် ဒေါသကြီးလဲတွေ့လား.. အဘိုးက သူတို့အပူတွေသက်သာအောင် ဆေးညွှန်းပေးလိုက်ရမလာ? အားစန်းလေး မင်းဘယ်လိုထင်လဲ?”

 “အာ….”

  

“အားစန်းလေးကလည်း ထောက်ခံတာပေါ့… ဟားဟား” မထင်မှတ်ထားသည်မှာ သမား​တော်ဟဲက သူ့အသက်အရွယ်မှာ ​မြေးလေးကို စောင့်ရှောက်ရတာ သဘောကျနေသည်။ သူက ကလေးကိုပြုစုစောင့်ရှောက်ဖို့ စိတ်အားထက်သန်နေ၏။

 

အိမ်ပြန်ရောက်တော့ ထန်ချွန်းမင်က လီဖုန်းကို မတ်ပဲဟင်းချိုယူလာပေးဖို့ သတိရဆဲဖြစ်သည်။ သူ လီဖုန်းကိုထပ်တွေ့တော့ ဤလူက ပုံမှန်အတိုင်းတည်ငြိမ်မှုရှိနေသည်။ ၎င်း​ကြောင့် ထန်ချွန်းမင်က သူ့ကို အကြိမ်ပေါင်းများစွာ ထူးဆန်းသလိုကြည့်မိသွား၍ လီဖုန်း၏ ချုပ်တည်းထားသော အမူအရာ ပျက်သွားမလိုဖြစ်သွားခဲ့သည်။

     

မင်ကောအာ မီးဖွားကာလပြီးသွားသည်နှင့် လီဖုန်းက သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့တာကို သိခဲ့ရ၍ သူက ကလေးမမွေးခင်ကလို ထန်ချွန်းမင်နှင့် နီးနီးကပ်ကပ်မနေတော့ပေ။ လက်ကိုင်ကာ ရံဖန်ရံခါအနမ်းပေးရုံမှလွဲ၍ တစ်ခါတစ်ရံ သူတို့နှစ်ယောက်တည်းရှိနေစဥ် သူတို့ကြားမှာ အကွာအဝေးထားတတ်သည်။

 

ပထမတော့ ထန်ချွန်းမင်က နားမလည်နိုင်ဖြစ်ခဲ့ပြီး ရင်ထဲမှာ သံသယရှိခဲ့သည်။ သူ ကိုယ်အလေးချိန်တက်လာလို့ လီဖုန်းက စိတ်မဝင်စားတော့တာလားဟူ၍ပင်။ သေချာသည်မှာ သူက တခဏမျှသာ သံသယဝင်ခဲ့သည်။ အကြောင်းမှာ သူ့မှာဗိုက်ကြီးရှိပြီး ရုပ်ဆိုးနေလျှင်ပင် လီဖုန်းက သူ့ကို ချစ်ခဲ့လို့ဖြစ်သည်။

     

ယနေ့မတိုင်ခင်က ယခင်အမူအကျင့်များကို သူတွေးကြည့်ရာတွင် ထန်ချွန်းမင်က ရုတ်ချည်းသတိရသွားပြီး သူ့ကိုကြည့်ကာ ရယ်မောလိုက်လေသည်။

 

အစခံလိုက်ရသော လီဖုန်း၏မျက်နှာက ပူလောင်လာသည်။ သူက အခက်အခဲမျာကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်လို့ ထင်ခဲ့သော်လည်း သူ့ကော၏လှောင်ပြောင်ခံလိုက်ရသေးသည်။ သူ့ကောလေးက တကယ်ကိုဆိုးလာခဲ့သည်။

     

သို့သော် သူက ကျင့်ဝတ်ကိုလိုက်နာရမည်။ ယခုချိန်မှာ သူက မင်ကောအာကို လူပြောစရာဖြစ်စေပြီး ဂုဏ်သိက္ခာထိခိုက်အောင် မလုပ်နိုင်ပေ။ အဆုံးထိနီးကပ်လေ သတိထားမိဖို့လိုလေဖြစ်သည်။ ကံအားလျော်စွာပင် သူက သမားတော်ဟဲကို ဖိတ်ခေါ်လိုက်သည်။ မဟုတ်ပါက အိမ်ထဲတွင် နှစ်ယောက်တည်းရှိနေခြင်းက သံသယတွေကို သေချာပေါက်နှိုးဆွပေးလိမ့်မည်။

 

ထို့အပြင် ညနေပိုင်း ညစာစားပြီး​နောက်မှာ လီဖုန်းက ယခင်ကလို မလှုပ်မယှက်ဖြစ်မနေတော့ပေ။ သူက အိမ်စောစောမပြန်ခင် စားပွဲရှင်းပြီး ပန်းကန်ဆေးပေးခဲ့သည်။





တစ်ခါတစ်ရံတွင် အိမ်မပြန်သေးသော ရွာသားများက လမ်းပေါ်မှာ သူ့ကိုတွေ့လျှင် နှုတ်ဆက်လေ့ရှိကြပြီး သူတို့က စကားစမြည်ပြောသည့်အခါတွင်လည်း လီဖုန်းက ကျင့်ဝတ်ကိုလိုက်နာကြောင်း ချီးကျူးတတ်ကြသည်။

  

“ဟို…မင်ကောအာ.. “ လီဖုန်းက တိုးတိုးလေးနှင့် မသက်မသာပြောလိုက်သည်။ “လာမယ့်နှစ်မှာ မျိုးစေ့ဝယ်ချင်တဲ့ မိသားစုတွေ​ကို မင်းရေတွက်ပြီးပြီလား? အားလုံးကိုရောင်းလို့ရလား?” သူက အနည်းငယ်ရှုပ်ထွေးနေသည်။

     

အကျိုးသက်ရောက်မှုရှိတာက မျိုးစေ့တွေလား ဒါမှမဟုတ် လယ်ကွင်းကိုလောင်းတဲ့ရေလား? အကြောင်းမှာ သူက သူ့​မြေပေါ်မှာ ပြဿနာတွေ့ရှိခဲ့ပြီး တခြားသူများ တစ်ခုခုရှာတွေ့သွားမည်ကို စိုးရိမ်၍ သူ့မြေမှာ ကူညီရိတ်သိမ်းပေးဖို့ မည်သူ့ကိုမျှ မခေါ်ခဲ့ပေ။

 

မကြာသေးမီနှစ်များအတွင်း သူ့ဦးလေးမိသားစုက လယ်ဧကအနည်းငယ်ကိုသိိမ်းပိုက်ပြီး ကောင်းကောင်းထိန်းသိမ်းခဲ့ခြင်းမရှိပေ။ သူပြန်ယူလိုက်ရာတွင် ၎င်းက ယခင်ကထက် ပိုဆိုးနေပြီး ကောင်းသည့်မြေက ဆိုးသည့်မြေဖြစ်နေခဲ့သည်။ သူက နွေဦးထွန်ယက်ကာလမှာ ရွာသားတွေနဲ့အတူ စိုက်ပျိုးခဲ့ပြီး နိမ့်ပါးသည့်အထွက်နှုန်းအတွက် စိတ်ပြင်ဆင်ထားခဲ့သည်။

     

သို့သော် မင်ကောအာ၏မြေကို လက်လွှဲယူပြီးနောက် မင်ကောအာက သူ့မြေကိုရေလောင်းရန် ရေတွင်းထဲမှရေကိုသုံးဖို့ ပြောခဲ့သည်။ တဖြည်းဖြည်းနဲ့ သူ့မြေပြောင်းလဲလာတာကို တွေ့ခဲ့ရသည်။ သူ့ခန့်မှန်းချက်အရ တစ်ဧကလျှင် တစ်ရာမှနှစ်ရာကီလိုဂရမ် ထွက်လေ့ရှိသော ဆန်စပါးက နှစ်ရာမှသုံးရာအထိ ရိတ်သိမ်းနိုင်ခဲ့သည်။



 

ဒါဆို သူခန့်မှန်းလို့မရတာဘာလဲ? ပြောင်းလဲမှုက ရေလောင်းရာတွင် သုံးသောရေမှ ဆင်းသက်လာပြီး မင်ကောအာက ရေအရည်အသွေးပိုမိုကောင်းမွန်လာစေရန် တစ်ခုခုလုပ်ထားလောက်သည်။

    

အကြောင်းအရင်းကို အတိအကျခန့်မှန်းမိသောကြောင့် သူက တခြားသူများ သတိထားမိသွားမှာကို မလိုလားခဲ့ပေ။ သူက သူ့မြေကိုကိုယ်တိုင်စိုက်ပျိုးကာ ခြွေလှေ့စပါးများကို မင်ကောအာ၏ခြံဝင်းထဲမှာ အ​​ခြောက်ခံရန် ပို့ဆောင်ခဲ့သည်။ မင်ကောအာပြောပြသည်ဖြစ်စေ မပြောပြသည်ဖြစ်စေ ဤလျှို့ဝှက်ချက်က အင်မတန်ထိတ်လန့်စရာကောင်းတာကြောင့် သူ​က မင်ကောအာအတွက် လျှို့ဝှက်ပေးထားမည်ဟု ဆုံဖြတ်ခဲ့သည်။ အပြင်လူတွေသိသွားလျှင် ဘာတွေဖြစ်လာမလဲသူမတွေးရဲပေ။

 

သူ့အင်အားက အလွန်နည်းနိုင်လောက်ပေမယ့် သမားတော်ဟဲ၏အကူအညီဖြင့်ဆိုလျှင် ဤလူများ၏ ယုတ်မာသော စိတ်ဆန္ဒများကို တားဆီးနိုင်လိမ့်မည်။

  

“စိတ်မပူ​ပါနဲ့။ ရေတွက်ပြီးရင် မျိုးစေ့အလုံအလောက်ချန်ထားမယ်” ထန်ချွန်းမင်က လီဖုန်း၏စိုးရိမ်ပူပန်မှုများကို လုံးဝသတိမပြုမိသော်လည်း လီဖုန်းနဲ့အတူရှိနေစဥ် နေရာလွတ်၏ဖြစ်တည်မှုကို ဖုံးဖိဖို့ အဆင်မပြေဖြစ်လာတယ်လို့ တွေးမိခဲ့သည်။

      

ယခုအခါ လီဖုန်းက အရာအားလုံးကို လုပ်ဆောင်နေတာဖြစ်ပြီး နေရာလွတ်က နေရာပေါင်းများစွာမှာလိုအပ်၍ နေရာလွတ်ထဲက စမ်းရေတင်မကပဲ နေရာလွတ်ထဲမှာ စိုက်ပျိုးထားသော သီးပင်များကို ရှင်းရှင်းလင်းလင်း အပြင်ထုတ်ယူဖို့လိုသည်။ နောက်နှစ် တောင်ပေါ်မှာကိုင်းကူးဆက်မည့် တောရိုင်းသီး​ပင်များအပါအဝင် ထိုအကိုင်းအခက်များက ဘယ်က​နေလာလဲဆိုတာ သူဘယ်လိုရှင်းပြရမလဲ?

 

လီဖုန်းက သူ့အကြောင်းတွေအကုန်သိနေပြီဖြစ်သည်။ ထန်ချွန်းမင်က သူ့ကိုယ်သူလှည်စားနေတာများပြီလို့ ခံစားရသည်။ လီဖုန်းက သူ မူမမှန်တာကို သတိမထားမိဘူးလား?

 

ထန်ချွန်းမင်က ၎င်းကိုတွေးကာ လီဖုန်းကို ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူပြောသင့်လား မ​ပြောသင့်ဘူးလား? လူတွေယုံအောင် သူဘယ်လိုပြောရမလဲ? လီဖုန်း သစ္စာဖောက်မည်လားနှင့်ပတ်သက်၍ လီဖုန်း၏အကျင့်စရိုက်က သူ့ထက်ပင် ကောင်းသည်ဟု ထန်ချွန်းမင်ထင်မိသည်။ သူက အားလင်းနှင့် အားစန်းကို သူ့ကလေးတွေလိုသတ်မှတ်ပြီး အားစန်းကို သူ့ထက်ပိုဂရုစိုက်သည်။



သူကလေးမွေးတုန်းကလည်း ထိုအချိန်က သူဘာတွေအော်ခဲ့လဲမေ့သွားခဲ့သည်။ နောက်မှ သူ့မိထွေးက ထိုအကြောင်းနဲ့​ပတ်သက်ပြီး သူ့ကိုရှုတ်ချခဲ့သည်။ လီဖုန်းလို ယောကျာ်းမျိုးက အနာဂတ်မှာ ဆိုးဆိုးရွားရွား မဆက်ဆံသင့်သလို လီဖုန်းက ကလေးယူမယ့်ကိစ္စကို မ​ပြောတော့ဘူးဆိုပေမယ့်လည်း ၎င်းက သူ့ခင်ပွန်းလောင်း၏မိသားစုကို စိတ်ခုစေလိမ့်မည်ဟု ပြောခဲ့သည်။ လက်ထပ်ပြီးလျှင် သူက လီမိသားစုအတွက် သားစဥ်မြေးဆက်ချန်ထားပေးရမည်။

 

ထန်ချွန်းမင်က ကလေးထပ်ယူဖို့ တွန့်ဆုတ်နေပေမယ့် သူ့မိထွေး၏စကားတွေက အမှန်တွေပင်။ လီဖုန်းက သူ့ကို သူပြန်ပေးမဆပ်နိုင်လောက်သည်အထိ ချစ်ပေးသည်။

     

သူသာ သူ့နေရာမှာဆိုလျှင် သူလုပ်သလိုလုပ်နိုင်မှာမဟုတ်ပေ။ သူက ဤလူ၏ရိုးသားမှုကို သံသယဝင်နေဆဲဆိုလျှင် သူလူမဟုတ်လို့ဖြစ်ပေမည်။

  

“မင်ကောအာဘာဖြစ်လို့လဲ?” မင်ကောအာ၏မျက်နှာပေါ်ရှိ ရှုပ်ထွေးနေသော အမူအရာကိုတွေ့သောအခါ လီဖုန်းက ထန်ချွန်းမင်၏နဖူးကို စိုးရိမ်တကြီးလှမ်းထိလိုက်သည်။ “ဒီရက်ပိုင်းတွေမှာ အိမ်မှာနေဖို့ ပြောခဲ့သားပဲ။ ငါဒီရက်တွေမှာ တောင်ကိုဂရုစိုက်လိုက်မယ်။ မင်း တောင်ပေါ်ကို နေ့တိုင်းပြေးစရာမလိုဘူး။ မင်းနေလောင်နေတယ်မလား?”

 

ထန်ချွန်းမင်က ဒေါသတကြီး သူ့လက်ကို​ဆွဲလိုက်သော်လည်း လွှတ်တော့လွှတ်မပေးခဲ့ပေ။ သူက လီဖုန်း၏လက်တစ်ချောင်းချင်းစီကိုလိမ်ကာ ကစားလိုက်သည်။ ထို့နောက် သူက ပြောသင့်သလား ​မပြောသင့်သလား စဥ်းစားကာ လီဖုန်းကိုကြည့်လိုက်သည်။

 

လီဖုန်းက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး မင်ကောအာ ရုန်းကန်နေရတာကို နားလည်သွားသည်။ သူ့နှလုံးသားက ပျားရည်သောက်ထားသလို ချိုမြိန်လာလေသည်။ မင်ကောအာ၏သဘောထားမှာ သူ့ကို အမှန်တကယ်ဂရုစိုက်လို့ဖြစ်ပြီး ၎င်းကြောင့်ပင် သူက သူနဲ့အတူ ရုန်းကန်နေတာဖြစ်သည်။ 

     

အစပိုင်းမှာ မင်ကောအာက သူ့ကိုစဥ်းစားပေးနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်စေ့စပ်ပြီးမှသာ သူစိတ်သက်သာရာရခဲ့သည်။ ယခု ဤအဆင့်ထိရောက်ပြီဖြစ်၍ သူ မင်ကောအာ၏ နှလုံးသားထဲရောက်သွားပြီဆိုတာ သိလိုက်သည်။ သူမပျော်ပဲနေပါ့မလား?

 

လီဖုန်းက မင်ကောအာကို ပွေ့ဖက်ပြီး သူ့မေးစေ့ကို သူ့ခေါင်းပေါ်တင်ပြီး ညင်ညင်သာသာပွတ်သပ်လိုက်သည်။ “မင်ကောအာ… မင်းလုပ်ချင်တာလုပ်ပါ။ ငါမင်းကိုကာကွယ်ပေးမယ်။ မင်းအဆင်ပြေတဲ့အချိန်မှပြောပါ။ အချိန်မနှောင်းသေးလို့ ငါစောင့်နိုင်ပါတယ်။”

 

ထန်ချွန်းမင်က သူထင်ထားသလိုမျိုး ဟုတ်မဟုတ်သိနိုင်ရန် သူ့လက်သည်းဖြင့်ထိရန် အဆင်သင့်ဖြစ်နိုင်သော်လည်း ထိုစကားများကိုကြားသောအခါ သူ၏ယခင်ရှုပ်ထွေးမှုက အချည်းနှီးဖြစ်သွားသလို ခံစားလိုက်ရသည်။

     

သူက တကယ်ပင် ငတုံးဖြစ်ပြီး တခြားလူတွေမမြင်စေဖို့ သူ့ကိုယ်သူလှည့်စားနေခဲ့သည်။ တစ်ဖက်လူက တိတ်တဆိတ်ကြည့်နေမယ်လို့ သူမထင်ခဲ့ပေ။ သူက ခက်ထန်ချင်ယောင်ဆောင်ကာ မကျေမနပ်ပြောလိုက်သည်။ “ကြည့်ရတာ ကျွန်တော်တစ်ယောက်တည်းက တုံးအပုံပေါက်နေပေမယ့် ကိုယ့်ကိုယ်ကိုတော့ တော်တယ်လို့ထင်နေတုန်းပဲ။”

 

လီဖုန်းက မင်ကောအာ၏လက်ကိုအမြန်ဆွဲကာ နှစ်သိမ့်လိုက်သည်။ “မဟုတ်တာ… မင်ကောအာက ထက်မြက်တယ်။ တခြားသူတွေက မင်းလိုငွေမရှာနိုင်ဘူး။ မင်းက ကိုယ့်ကိုယုံကြည်လို့သာ ကိုယ်သတိထားမိခဲ့တာ။”

 

ထန်ချွန်းမင်က ချီးကျူးမှုကို ခံနိုင်ရည်မရှိပဲ အမူအရာကို မထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော် သူက ကိုယ့်ကိုယ်ကိုလှည့်စားသည့် အပြုအမူနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေဆဲပင်။ လီဖုန်းက သူ့အိမ်မှာနေသော တစ်ဦးတည်းသောလူမဟုတ်ပေ။ သူကမေးလိုက်သည်။ “သမားတော်ဟဲကရော တစ်ခုခုမြင်သွားလား? သူသံသယဝင်နေလား?”

  

“သမားတော်ဟဲက ယုံလို့ရတယ်။ မဟုတ်ရင် သူ့ကို ဒီခေါ်လာပါ့မလား..စိတ်မပူပါနဲ့။” လီဖုန်းက သူ့ကိုနှစ်သိမ့်လိုက်သည်။

    

သူ သူ့ကို​ခေါ်လာကတည်းက စဥ်းစားပြီးပြီဖြစ်သည်။ သမားတော်ဟဲက ဤကာလမှာ ကျေးလက်ဘဝကို ခံစားပျော်ရွှင်ခဲ့သည်။ သမားတော်ဟဲက ထိုအရာများကို ကြုံတွေ့ပြီး​နောက် ကောင်းကောင်းရှင်သန်နိုင်သေးသည်။ ဤစိတ်ဓာတ်က သာမန်လူများ နှိုင်းယှဥ်လို့မရသည့်အရာဖြစ်သည်။

 

“ကောင်းပြီ.. ပြန်စဥ်းစားကြည့်ဦးမယ်။” ထန်ချွန်းမင်က လေးနက်သောအတွေးဖြင့် သူ့လက်ကိုဝေ့ယမ်းကာ သူ့မေးစေ့ကိုထိလိုက်သည်။ ယခင်က သူ့​ကြောင့် နှိုးဆွခံလိုက်ရ၍ လှုပ်ရှားရန် စိတ်အားထက်သန်နေသော လီဖုန်းက ဖယ်ထုတ်ခံလိုက်ရသည်။

    လီဖုန်းက သူ့ကို ခုန်အုပ်ပြီး နှစ်ကိုက်ကိုက်ချင်ပေမယ့် သူ့ကိုယ်သူထိန်းချုပ်ကာ အချိန်မကျသေးဘူးလို့ ရင်ထဲမှာ​ပြောလိုက်ရသည်။