Chapter 53.1
Viewers 21k

Chapter 53.1


“အစာကျွေးခြင်း”


အနောက်တောင်ကုန်းက လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ ကလေးများ၏ရယ်မောသံများဖြင့် အဖော်ပြုပေးနေသည့် မြင်းပေါက်လေးတစ်ကောင်က  လူကြီးတချို့အပါအဝင် ကစားနေသော ကလေးအားလုံးကို ဆွဲဆောင်ခဲ့သည်။ အလယ်တွင် ရွာလူကြီးမိသားစုမှ ကောင်လေးနှစ်ယောက်ဦးဆောင်သည့် ကလေးတစ်စုက မြင်းစီး​နေကြသည်။

 

လီဖုန်းက အနောက်တောင်ကို ပြုပြင်မွမ်းမံနေချိန်တွင် မြင်းမွေးမြူခြင်းဆိုင်ရာ ကိစ္စရပ်ကိုလည်း ထည့်စဥ်းစားခဲ့တာကြောင့် သူက မြင်းပြိုင်ပွဲအတွက် အတော်လေးညီညာသော လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ နေရာက သိပ်မကျယ်ပေမယ့် သူ့အိမ်နောက်ဖေးမှာ ချုပ်ထားတာထက်ပိုကောင်းသည်။

 

လီချိန်ကျူနှင့် လီချိန်ကျုံးက ခရိုင်မြို့မှာ အများကြီးမြင်တွေ့ဖူးသော်လည်း သူတို့က ထယွင်ဟုခေါ်သော မြင်းပေါက်လေးကို သဘောကျနေဆဲဖြစ်ပြီး မြင်းပေါက်လေးကို ဦးဆောင်ရင်း တောင်ပေါ်လမ်းမှာ ပျော်ရွှင်စွာပြေးနေခဲ့သည်။

 


လီချိန်ကျုံးက သူ့အစ်ကို၏ပခုံးကိုမှီကာ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “သနားစရာပဲ! ကျွန်တော်က ကျင်းဖုန်းကိုစီးချင်တာ။ အဲ့ဒီမြင်းက အရမ်းခမ်းနားကြီးကျယ်တယ်။ ဒါပေမယ့် ကျင်းဖုန်းက အစ်ကိုအားဖုန်းစကားပဲနားထောင်တယ်။”

 

လီချိန်ကျူက သူ၏ပျင်းရိလေးတွဲနေသော ညီလေးကို မကျေမနပ်ကြည့်ကာ သူ့နဖူးကို လက်ချောင်းများဖြင့်ပုတ်ပြီး ပြောလိုက်လေသည်။ “အဲ့ဒီမြင်းရဲ့ဇစ်မြစ်ကိုသိလို့လား? သူ့ကို တခြားလူတွေ လွယ်လွယ်စီးလို့ရပါ့မလား? ကျွတ်..  ကျွတ်..  အစ်ကိုဖုန်းက ရိုးရှင်းတဲ့စစ်သားတစ်ယောက်လို့ ငါမထင်ဘူး။ ငါ့အဖေနဲ့တခြားသူတွေကတောင် ကျင်းဖုန်းဘယ်လောက်အင်အားကြီးလဲမသိဘူး။ အဲ့ဒီမြင်းက အနောက်တောင်ထက်တောင် တန်ဖိုးကြီးတယ်။”

 

မတိုင်ခင်က ညီအစ်ကိုနှစ်ယောက်သည် အစ်ကိုလီဖုန်း ပိုက်ဆံဖြုန်းနေသည်ဟု သူတို့ဖခင်ညည်းညူတာကို ကြားဖူးပေမယ့် ကျင်းဖုန်းကိုတွေ့ပြီး​နောက်မှာ ညီအစ်ကိုနှစ်ယောက်က တန်ဖိုးမသိသော သူတို့ဖခင်ကို တိတ်တဆိတ်လှောင်ပြောင်လိုက်တော့သည်။ သို့သော် ယခုမူ သူတို့ဖခင်က အိမ်တွင် မင်ကောအာကို ခဏခဏချီးမွမ်းလေ့ရှိပြီး သူတို့ကလည်း မင်ကောအာကို အလွန်တရာအံ့သြဖွယ်ကောင်းတယ်လို့ ထင်မိသည်။

  

“အမှန်ပဲ။ ဒါပေမယ့် ငါတို့ ကျင်းဖုန်းကိုစီး​လို့မရတဲ့အတွက် ထယွင်လေး ကြီး​ပြင်းလာဖို့ပဲ စောင့်မျှော်နေလိုက်ပါမယ်။” လီချိန်ကျုံးကလည်း ပွင့်လင်းသည်။ ခဏကြာတော့ သူက ခုန်လိုက်ပြီး မြင်းပေါက်လေးနောက်ကို ပြေးသွားလေသည်။

    

သူ့နောက်မှာကျန်နေခဲ့သော လီချိန်ကျူက ခေါင်းခါလိုက်သည်။ ရှေ့မှာ အားလင်းကိုစောင့်ကြည့်နေပြီး သူနဲ့စကား​ပြောနေသော ထန်ချွန်းရုံကို သူ အမှီလိုက်ခဲ့သည်။ သူက မနီးမဝေးရှိ ကျောက်မိသားစု၏ကလေး ကျောက်သုန့်ကိုလည်း ကြည့်လိုက်သည်။ ထိုကောင်လေးက ဝတုတ်ကလေးဖြစ်ခဲ့ဖူးသော်လည်း ယခု ခပ်ပိန်ပိန်ဖြစ်နေသည်။ သူက ဘာမှမပြောလိုက်ပေ။ သူ သူရွာမှာရှိနေစဥ် တခြားကလေးများကို အနိုင်ကျင့်တတ်သည့် ဤကလေးကို သူသဘောမကျပေ။

&&&

 


တကယ်တော့ ထန်ချွန်းမင်မှာ သန့်ရှင်းရေးမလုပ်ရသေးသော မြေကွက်တစ်ကွက်ရှိသည်။ အလုပ်အားလုံးပြီးတော့ ထန်ချွန်းမင်က သိုးဒါဇင်အတွက် ဆောင်းတွင်းအစာကျွေးရန် ပြင်ဆင်ဖို့ လူတစ်ယောက်ခေါ်ပေးဖို့ လီဖုန်းအားပြောလိုက်သည်။ တကယ်တော့ နေရာလွတ်နှင့်ဆိုလျှင် သူက အိမ်ကသိုးတွေကို ကျွေးမွေးရန် စိတ်ပူစရာမလိုပေမယ့် သိုးတွေများလာတော့ လူတွေက သူတို့ကို အာရုံစိုက်လာကြသည်။ တခြားလူတွေက ဘယ်လိုသံသယမဝင်မလဲ.. သူက အစိမ်းရောင်မွေးမြူရေးအစာတွေကို ဆက်တိုက်ထုတ်ယူနေတာလေ..

 

ယင်းပြဿနာကိုဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်။ ယင်းမှာ ဆောင်းရာသီတွင် အသုံးပြုရန်အတွက် အစိမ်း​ရောင်မွေးမြူရေးအစာများကို အချဥ်ဖောက်ပြီး ထုတ်ပိုးခြင်းဖြစ်သည်။ ထို့အပြင် သစ်ရွက်စိမ်းက တိရစ္ဆာန်များအတွက် အာဟာရဖြစ်ပြီး ရာသီ​ပေါ်မွေးမြူရေးအစာလိုပင် ကောင်းလေသည်။ တခြားသူများက ၎င်းကိုသင်ယူပြီး မွေးမြူရေးအတိုင်းအထွာကို ချဲ့ထွင်ရန် အသုံးပြုနိုင်ပါက အကောင်းဆုံး​ဖြစ်သည်။

    


စမ်းသပ်မှုအောင်မြင်ပြီးနောက် ၎င်းကိုဖြန့်ဖြူးရလည်း ကိစ္စမရှိပေ။ ယင်းက မွေးမြူရေးနည်းလမ်းကို မပေါ်လွင်စေပဲ အာရုံစူးစိုက်မှုနည်းပါးစေလိမ့်မည်။

  

“မင်ကောအာ..  ဒါတကယ်အလုပ်ဖြစ်မှာလား?” လီဖုန်းက မင်ကောအာပြောခဲ့သမျှကို တစ်ခုပြီးတစ််ခု အလွတ်ကျက်ခဲ့သည်။ ဟိုအရင်တုန်းက မင်ကောအာသည် ကောက်ပဲသီးနှံစိုက်ပျိုးရန် သူ့အား ​တောင်ခြေမှာ လယ်မြေအနည်းငယ်ဖွင့်ခိုင်းခဲ့သည်။ ကောက်ပဲသီးနှံများက ယခုချိန်တွင် ပွင့်လန်းနေပြီး အစေ့ပင်ထွက်နေကာ မင်ကောအာက ၎င်းတို့အားလုံးကို အစာကျွေးရန်သုံးချင်ခဲ့သည်။

  .

“အလုပ်ဖြစ်ပါ့မလား​​တော့မသိဘူး။ ဒါပေမယ့် အလုပ်ဖြစ်ရင် ကျွန်တော်တို့သိုးတွေရဲ့ ဆောင်းတွင်းစားစရာအတွက် စိတ်ပူစရာမလိုတော့ဘူး။ ကျွန်တော်တို့ကြိုးစားကြည့်ရမယ်…” ထန်ချွန်းမင်က တခြားလူတွေလုပ်တာ မြင်ဖူးပေမယ့် သူကိုယ်တိုင်မလုပ်ဖူး၍ အောင်မြင်ပါ့မလားမသိပေ။ 

     


သို့သော် နည်းလမ်းမှန်သရွေ့ သူလုပ်နိုင်မယ်လို့ ယုံကြည်သည်။ သစ်ရွက်စိမ်းနည်းလမ်းက မခက်ခဲတာကြောင့် ရိုးရှင်းသည့် နည်းလမ်းလို့ပြောလို့ရပေမယ့် နည်းနည်းတော့ခက်ခဲပြီး သစ်ရွက်စိမ်းများကို တစ်နေ့တည်းမှာ ရိတ်သိမ်းသိုလှောင်ဖို့သည်။

  


“အင်း…”လီဖုန်းက ထန်ချွန်းမင်ထက်ပိုမြင်သည်။ ထန်ချွန်းမင်က တိရစ္ဆာန်မွေးမြူခြင်း၏ အလာအလာကိုသာမြင်ခဲ့သော်လည်း လီဖုန်းက မြောက်ပိုင်းရှိ လူရိုင်းများနှင့် စစ်ပွဲကိုမြင်ခဲ့သည်။ တာချင်မင်းဆက်က ​မြောက်ပိုင်းလူရိုင်းများနှင့် တိုက်ခိုက်သည့်အခါတိုင်း သူတို့၏မြင်းတပ်တွင် ဆုံးရှုံးမှုများစွာ ကြုံခဲ့ရ​သည်။

     


ဇစ်မြစ်မှာ တာချင်မင်းဆက်တွင် မြင်းကောင်းများမရှိတာကြောင့် ၎င်းတို့ကို ယဥ်ပါးစေရန် ခက်ခဲခဲ့သည်။ အစာကျွေးခြင်းပြဿနာကို ဖြေရှင်းခြင်းက မြင်းမွေးခြင်းအပေါ် အကျိုးသက်ရောက်မှုရှိမရှိကို သူမသိခဲ့ပေ။

 

သမားတော်ဟဲက ဤကိစ္စကို အလွန်စိတ်ဝင်စားနေပြီး အိမ်အလုပ်ပြီးလို့ ကူညီရန်ရောက်လာသော ဝမ်ယင်လက်ထဲသို့ အားစန်းလေးကို ထည့်ပေးလိုက်သည်။

 သူက လက်နောက်ကျောပစ်ကာ အပြင်ထွက်သွားခဲ့ပြီး ရွာသားများကို ရံဖန်ရံခါနှုတ်ဆက်နေခဲ့သည်။ ယခုချိန်မှာတော့ သူက ဟွမ်လန်နှင့်တူညီသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် သမားတော်တစ်ယောက်မှန်း လူတိုင်းသိ​၍ ရွာသားများက ထိုလူကို အလွန်လေးစားသည်။ 


 

ထို့အပြင် ဤလူက သူ့ကျေးဇူးရှင်ဖြစ်ကြောင်း လီဖုန်းက ​ပြောပြခဲ့၍ လူအများစုက ကျေးဇူးဆပ်ရမှာကိုသိသဖြင့် သူတို့က ထိုဆရာဝန်မျိုးကို ကြင်နာပေးသည်။

 

အားလုံးက ​မြေပဲစိုက်ခင်းကို အမြန်ရိတ်သိမ်းဖို့ ကူညီခဲ့သည်။ မြေပဲနွယ်ပင်များနှင့် ပဲနွယ်ပင်များကိုစုဆောင်းကာ သိုးစာကျွေးရန် သိုးခြံဘေးမှာ သိုလှောင်ခဲ့ကြသည်။ လီဖုန်းနှင့် ထန်ချွန်းမင်ရောက်ရှိလာသောအခါ ဦးလေးတာနှင့် သူတို့အဖွဲ့က သဘောတူထားသည့်အတိုင်း လေးထောင့်တွင်းကို တူးပြီးပြီဖြစ်သည်။

       


ရွာလူကြီးကလည်း လက်နောက်ပစ်ကာ ကြည့်နေပြီး သူတို့ရောက်လာတာကိုတွေ့သောအခါ သူက  လက်ယမ်းပြပြီး ခေါ်လိုက်သည်။ “အခု ဒီတွင်းတူးပြီးပြီဆိုတော့ ဘာဆက်လုပ်မှာလဲ?”

  

“ဆီစိမ်ပိတ်ဘယ်မှာလဲ? ဆီစိမ်ပိတ်ကိုဖြန့်ပြီး လေလုံအောင်ချည်ရမယ်။” ခေတ်သစ်တွင် လေလုံသည့်ပလက်စတစ်ကိုသုံးကြပြီး ဤနေရာမှာတော့ ဆီစိမ်ပိတ်ပဲရှိသည်။ သို့သော် ဆီစိမ်ပိတ်၏ချုပ်ရိုးများက ပြဿနာတစ်ခုဖြစ်တာ​ကြောင့် ထန်ချွန်းမင်က ဤစမ်းသပ်မှုအောင်မြင်မယ်လို့ မယုံ​ကြည်ပေ။

    

“ပြီးရင် အစိမ်းရောင်မွေးမြူစာတွေကို လှီးရမယ်။” ပထမ​ဆုံးအကြိမ်စမ်းသပ်မှုက ဆီစိမ်ပိတ်ကိုသုံးရပြီး နေရာကလည်းမကျယ်ပေ။ ဖြစ်နိုင်လျှင် နက်ဖြန်မှာ သစ်ရွက််စိမ်မီးဖိုကို ဆောက်လို့ရသည်။

 


တွင်းရှိ​မြေဆီလွှာက ပိပြားသွားခဲ့သည်။ ထန်ချွန်းမင်၏စကားကိုကြားသော် ဦးလေးတာနှင့် ဦးလေးလျို၏သားက ဆီစိမ်ပိတ်ခင်းရန် ချက်ချင်းပင် အောက်ခုန်ဆင်းသွားခဲ့သည်။ လီဖုန်းက သူတို့နောက်လိုက်ပြီး ကူညီခဲ့သည်။ တခြားသူတွေက အနီးနားရှိ အစိမ်းရောင်မွေးမြူစာများကို ခုတ်ထွင်နေသည်။

 

မင်ကောအာ ညွှန်ကြားခဲ့သည့် ဆီစိမ်ပိတ်က လေဝင်လေထွက်ကိုတား​ဆီးရန် သေချာချုပ်ထားကြောင်း လီဖုန်းသိသည်။ သို့ဖြစ်၍ သူက ဆီစိမ်ပိတ်ပျက်စီးသွားမှာမကြောက်ပဲ နှစ်လွှာကို တင်းတင်းကျပ်ကျပ် ချထားလိုက်သည်။ ခုတ်ထစ်ထားသော လတ်လတ်ဆတ်ဆတ် စိုစိုစွတ်စွတ် အစေ့အဆန်များကို ထန်ချွန်းမင်၏အမိန့်အရ ထိုတွင်းထဲသို့ ပစ်ချလိုက်သည်။ 

      

ထန်ချွန်းမင်က တွင်းထဲရှိ စိုထိုင်းစများကို စစ်ဆေးနေစဥ် တွင်းထဲရှိလူများက ခြေထောက်ဖြင့် တက်နင်းကာ အပေါ်တက်လာကြသည်။ ခြောက်သွေ့လွန်းနေလျှင် သူ ရေနည်းနည်းဖြန်းပေးရလိမ့်မည်။

 

တစ်လွှာချင်းပင် စိုထိုင်းစကို တက်နင်းကာ လူတွေအပေါ်ရောက်လာခဲ့သည်။ ထန်ချွန်းမင်က လူတစ်ယောက်ကို အပေါ်တက်လာခိုင်းပြီး ထုတ်ပိုးရန် ဆီစိမ်ပိတ်ကို လှန်စေကာ မွေးမြူစာတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပိုးစေခဲ့သည်။ ထို့နောက် သူတို့က မြေကြီးဖြင့်ဖုံးကာ အပြီးပိတ်လိုက်သည်။ တစ်လကြာလျှင် ၎င်းနည်းအလုပ်ဖြစ်မဖြစ်ကို ​ဖွင့်ကြည့်နိုင်မည်ဖြစ်သည်။


 

တွင်းထဲကိုဝင်သွားခဲ့သော လူအများက ချွေးပျံနေကြသည်။ ရိုးရှင်းသော လုပ်ဆောင်ချက်အနည်းငယ်ကို လုပ်ရတယ်လို့ ထင်ခဲ့သော်လည်း ၎င်းက စွမ်းအင်အများကြီးကုန်ခဲ့သည်။ စားစရာကို ခုတ်ထွင်ခဲ့သူများကလည်း ပိုလို့​တောင်ပင်ပန်းလေသည်။ သူတို့က မရပ်မနားအလုပ်လုပ်ခဲ့ပြီး သူတို့၏လက်များက နာနေသည်။ အနီးရှိလူတစ်ယောက်က သူတို့ကို သောက်ရေခပ်ပေးခဲ့သည်။ သမားတော်ဟဲနှင့် ရွာလူကြီးက အနီးအနားတွင်ထိုင်ကာ စကားစမြည်ပြောနေ၏။

 

အရင်တုန်းက​ ဆောင်းရာသီမှာ ကျွဲနွားသိုးတွေက ဘာစားလဲ? မြက်ခြောက်ကလွဲ၍ သူတို့ဘာမှမတွေးတတ်ခဲ့ပေ။ ဆောင်းရာသီတွင် တိရစ္ဆာန်အမြောက်အများရှိသော မိသားစုများက ဆောင်းတွင်းစာကျွေးသည့်ဝန်ကိုလျှော့ရန် အရေအတွက်တချို့ကို ရောင်းချလေ့ရှိသည်။

   

ရွာလူကြီးက သူ၏ဆေးလိပ်ဆေးတံကိုထုတ်ကာ တစ်ချက်ရှိုက်ပြီး ရယ်မောလိုက်သည်။ “ကျုပ်တို့က မင်ကောအာရဲ့ဦးဆောင်မှု​နောက်ကို လိုက်နေပြီး ကိုယ့်ကိုယ်ကို အရူးလုပ်နေတာ။ သမားတော်ဟဲ မရယ်ပါိဲနဲ့။”

  

“မဟုတ်တာ.  အောင်မြင်ရင်အရမ်းကောင်းမှာပဲ။ ရွာလူကြီးက မျှော်လင့်စောင့်စားနေမှာပေါ့။” သမားတော်ဟဲက မုတ်ဆိတ်ပွတ်ကာ ရယ်မောလိုက်သည်။



ရွာလူကြီးက ကျယ်လောင်စွာရယ်မောလိုက်သည်။ ဒါပေါ့ သူအောင်မြင်ဖို့မျှော်လင့်တယ်….

 

ထန်ချွန်းမင်က ရေတစ်ငုံသောက်ပြီး အားလုံးကိုပြောလိုက်သည်။ “ဒီနေ့လာကူညီတဲ့လူအားလုံးကို ဆင့်ငါးဆယ်ပိုပေးပါမယ်။ အဲ့ဒါကို စာရင်းစာအုပ်မှာအရင်မှတ်ထားပြီး လကုန်ကျမှ ပေါင်းရှင်းပါမယ်။” ဝိုင်းကူပေးသူများက ထိုစကားကြားတော့ ပြုံးသွားလေသည်။

    

မင်ကောအာက ရက်ရောသူဖြစ်၍ သူတို့က မငြင်းခဲ့ပေ။ ဤသည်မှာ မင်ကောအာ၏ကြင်နာမှုဖြစ်၍ သူတို့က မင်ကောအာနှင့် ဖုန်းရှောင်ကျစ်ကို ကျေးဇူးဆပ်ရန် အကောင်းဆုံးလုပ်ဖို့သာလိုသည်။

 

ဆောင်းရာသီစပါးရိတ်သိမ်းချိန် ကုန်ဆုံးပြီးနောက် ရွာက ပျော်ရွင်မှုအပြည့်ရှိနေခဲ့သည်။ အစိုးရလွှတ်လိုက်သော လူတွေက ရွာကိုအခွန်လာကောက်သည့်အခါတွင်လည်း သူတို့က ပျော်ရွင်မှုကို မဖုံးမဖိနိုင်ခဲ့ပေ။ ဤသည်မှာ ရှားပါးသော စံချိန်တင်ရိတ်သိမ်းနှစ်ဖြစ်ပြီး ထန်ချွန်းမင်ဘက်က စံချိန်တင်ရိတ်သိမ်းမှုက သူတို့ကို ပိုပျော်ရွှင်စေသည်။

     

ထန်ချွန်းမင်၏မျိုးစေ့များကို လာမည့်နှစ််မှာ အသုံးပြုခြင်းဖြင့် သူတို့မြေ၏အထွက်နှုန်းက တစ်ဝက်ကနေ နှစ်ဆအထိတိုးနိုင်ပြီး မိသားစုက ဝင်ငွေအများကြီးရနိုင်သည်။

 

ထန်ချွန်းမင်၏မိသားစုမှ ရိပ်သိမ်းသော စပါးများကို ဂိုထောင်မှာ သိမ်းဆည်းသိုလှောင်ခဲ့ပြီး လီဖုန်း၏မြေမှ ရိ​တ်သိမ်းထားသော စပါးများကို သူ့အိမ်သို့ တိုက်ရိုက်ပို့ခဲ့သည်။ မနာလိုဖြစ်သူအနည်းငယ်မှလွဲ၍ ရွာရှိတခြားလူများက ဝမ်းသာခဲ့သည်။

   

ဖုန်းရှာင်ကျစ်ကိုယ်တိုင်က မီးဖိုမဖွင့်ဘူးဆိုတာ သူတို့မမြင်ကြလို့လား? စပါးတွေကို မင်ကောအာရဲ့အိမ်ကိုမပို့လို့ ဘယ်သူ့အိမ်ပို့မှာလဲ?

 

ပေးဆောင်ရမည့်အခွန်များနှင့်ပတ်သက်၍ ထန်ချွန်းမင်က ငွေနှင့်အစားထိုးပြီး စပါးကိုတော့ သူသိမ်းထားလေသည်။ လီဖုန်းနှင့် သူစိုက်ပျိုးထားသော စ​ပါးက အပြင်ကစပါးနှင့်ကွာခြား၍ အခွန်အဖြစ်ပေးဆောင်လျှင်ပင် ၎င်း၏အရည်အသွေးကြောင့် အခွန်လျှော့ပေးမှာမဟုတ်ပေ။ သို့ဖြစ်၍ သူက သူနဲ့လီဖုန်း၏အိမ်ထောင်စုအတွက် ငွေပေးချေခဲ့သည်။


 

ထန်ချွန်းမင်က ဂို​ထောင်ထဲတွင် သိမ်းဆည်းထားသော စပါးကို ဘာလုပ်ရမလဲမသိသေးပေမယ့် လူတစ်ယောက် ရောက်လာခဲ့သည်။

 

ထန်ချွန်းမင်က ခြံထဲတွင် အပြုံးတစ်ခုဖြင့် ရပ်နေသော ထန့်ယွီကိုတွေ့သောအခါ အာစေးမိသွားသည်။ ဆိုင်ရှင်ချီကလည်း သူနဲ့အတူလိုက်လာသည်။ သူ့ပစ္စည်းများကို ပစ်မှတ်ထားနေသည့် ဤလူနှစ်ယောက်၏တောင်းဆိုချက်ကို သူမငြင်းနိုင်ပါပေ။


  

“ထန်ဖူလန်… မင်းငါတို့ကို မောင်းတော့မထုတ်ဘူးမလား? ငါတို့က ဒီကို ရိုးရိုးသားသားလာခဲ့တာပါ။” ထန့်ယ်ီက ပြုံးကာ ထန်ချွန်းမင်ကို ဦးညွတ်လိုက်သည်။

 

လီဖုန်းက အနားရောက်လာပြီး ထန်ချွန်းမင်၏ပခုံးကိုဖက်ကာ အထဲကိုတွန်းပို့လိုက်သည်။ ထို့​နောက် သူက သူတို့နှစ်ယောက်ကိုပြောလိုက်သည်။ “အထဲမှာဆွေးနွေးရအောင်။”

 



“ကောင်းပြီ..ကျေးဇူးပါ…အစ်ကိုလီဖုန်း…” ထန့်ယွီက အင်တိုက်အားတိုက် ပြောလိုက်သည်။