Chapter 61
Viewers 21k

Chapter 61


ထန်ချွန်းမင်က ချင်မိသားစုကောင်လေး၏ အခြေအနေကိုသိရှိရန် အချိန်သိပ်မကြာခဲ့ပေ။ ကိစ္စတွေက ပရမ်းပတာဖြစ်ပြီး သူနဲ့ လီဖုန်းက ခဏလောက်တော့ ဘာပြောရမှန်းမသိခဲ့ပေ။ သူတို့ ကောင်လေးနှစ်ယောက်ကို ရိုက်လိုက်သင့်လား? လေးလေးနက်နက်တွေး​ကြည့်လျှင် ထန်ချွန်းမင်က မီးတောက်ကို နောက်ကွယ်ကနေ လောင်စာထည့်ခဲ့ရာမှာ ပါဝင်ခဲ့ပုံရသည်။ ကံအားလျော်စွာ ပြင်းထန်သောအကျိုးဆက်များ မဖြစ်ပေါ်ခဲ့ပေ။



မကြာသေးမီက ချမ်သဲဖူ၏ဘဝသည် သူစိတ်ကူးထားသည့်အတိုင်း မပျော်ရွှင်ခဲ့ရပေ။ ထိုအစား ယခင်ကထက် ဒုက္ခ​ရောက်ခဲ့ရသည်။ ၎င်းက နာကျင်မှုနှင့်ပျော်ရွှင်မှု အရောအနှောလို့ပြောလျှင် ပိုမှန်မည်။ တစ်ဖက်တွင်မူ သူက သူ့အိပ်မက်ထဲကကောလေးကို လက်ထပ်ခဲ့ရပြီး သူ့ဆုတောင်းက အမှန်ဖြစ်လာခဲ့သည်။ ထို့အပြင် ချွင်းချက်တစ်ခုမှလွဲ၍ စွင်းကောအာသည် ကဏ္ဍပေါင်းစုံတွင် သူ့အကြိုက်ဖြစ်သည်။ စွင်းကောအာ၏နွေးထွေးမှုနှင့် တွေးပေးမှုတို့က သူ့ကို အမြဲဦးစားပေးသဖြင့် သူ့စိတ်ကိုကျေနပ်စေခဲ့သည်။ သို့သော် နာကျင်မှုကလည်း စွင်းကောအာဆီမှဖြစ်ပြီး ၎င်းက သူနဲ့အတူပါလာသော ကလေးဖြစ်လေ၏။




ချမ်သဲဖူက စွင်းကောအာနှင့် ကောင်းမွန်သောဘဝမှာ ရှင်သန်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။ မဟုတ်ပါက မိဘများ ကန့်ကွက်သည့်ကြားမှ ကလေးတစ်ယောက်ပါလာသော မုဆိုးဖိုကောအာတစ်ယောက်ကို လက်ထပ်ဖို့ သူ စိတ်စောနေခဲ့မှာမဟုတ်ပေ။ လက်ထပ်ပွဲမတိုင်ခင်မှာ သူက ချင်ကုံးတန့်ကို သူ့သားအရင်းလိုဆက်ဆံဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် လက်တွေ့က သူထင်ထားသလိို ဖြစ်မလာတာကို မကြာခင်မှာ သူသိခဲ့ရသည်။ ထိုငဆိုးလေးက လူစကားနားလည်ပုံမရသည့်အပြင် ချမ်သဲဖူ၏စိတ်ရှည်သည်းခံမှုကို အကန့်အသတ်ကျော်အောင် တွန်းပို့ခဲ့သဖြင့် သူက ဤကလေးကို မှတ်လောက်သားလောက် ရိုက်ချင်ခဲ့မိသည်။




ဤကာလအတွင်းပြုလုပ်ခဲ့သော ချင်ကုံးတန့်၏ပြဿနာတွေကြောင့် သူ့မိဘများပင် သူတို့မိသားစုနဲ့ ဝေးဝေးနေခဲ့ပြီး ကုံးတန့်ကို သူတို့​မြေးအဖြစ် အသိအမှတ်မပြုကြောင်း၊ ဤကလေးက သူတို့ချမ်မိသားစုနှင့် ဘာမှမဆိုင်ကြောင်း၊ နောင်မှာ သူတို့ဆီခေါ်လာဖို့ ခွင့်မပြုကြောင်း သူ့အား ပွင့်ပွင့်လင်းလင်း ပြောခဲ့လေသည်။ သူတို့က ဤကလေး၏ဆိုးသွမ်းမှုကို သည်းမခံနိုင်သဖြင့် သူတို့သားကြောင့် ဒေါသထွက်မသေခင်မှာ တခြားမိသားစုမှ ကောင်လေးတစ်ယောက်ကြောင့် သွေးတက်မသေချင်ခဲ့ပေ။





ထို့အပြင် ကုံးတန့်၏ပါဝင်ပတ်သတ်မှုကြောင့် စွင်းကောအာ မည်သူနှင့် ကိုယ်ဝန်ရှိနေလဲပင် သူ့မိဘများက မျက်နှာသာ​မပေးခဲ့ကြပေ။ ပထမအချက်က ဤကဲ့သို့ဆိုးသွမ်းသော အစ်ကိုရှိနေလျှင် စွင်းကောအာမွေးလာသော ကလေးက မည်မျှကောင်းနိုင်မည်လဲ။ ဒုတိယအချက်ကတော့ စွင်းကောအာက လက်မထပ်ခင်တည်းက ကိုယ်ဝန်ရခဲ့သည်ကို သူတို့သိလျှင် သူ၏အကျင့်စာရိတ္တ ပို၍အထင်သေးခံရပေမည်။ ချမ်သဲဖူက ထပ်ခါထပ်ခါ ရှင်းပြခဲ့သော်လည်း လူအိုကြီးစုံတွဲက အပြင်ကောလာဟလများကိုသာ ယုံကြည်ကြသည်။ စွင်းကောအာက မုဆိုးဖိုဖြစ်နေစဥ် ရွာရှိအမျိုးသားများနှင့် မရှင်းလင်းသော ဆက်ဆံရေးတစ်ခုရှိခဲ့သည်။ ဗိုက်ထဲက ကလေးက ချမ်မိသားစုကလေးမှန်း ဘယ်လိုသိနိုင်မှာလဲ? သူတို့က ဤလူကို အရှုံးမပေးနိုင်ပေ။




ထိုနေ့တွင် ချင်ကုံးတန့်အိမ်ပြန်ရောက်လာပြီး သူအရိုက်ခံခဲ့ရလို့ သူ့တစ်ကိုယ်လုံးရှိ​ ဒဏ်ရာများအကြောင်းညည်းညူကာ သူ့အားမူနှင့် ချမ်သဲဖူအား သူ့အတွက် လက်စားချေပေးရန် တောင်းဆိုခဲ့သည်။ သို့သော် သူက ဘယ်သူရိုက်ခဲ့သည်ကို အတိအကျမပြောနိုင်ပဲ အာမောင်းအပါအဝင် လူများစွာ၏နာမည်ကို ထုတ်ပြောခဲ့သည်။ အကြောင်းမှာ ယခင်က သူတို့ကြားတွင် ရန်ငြိုးရန်စရှိခဲ့လို့ဖြစ်၏။ ချင်ကုံးတန့်က​ ကြမ်းပြင်ပေါ်မှာ နာကျင်မှုကြောင့် လူးလိမ့်နေပြီး စွင်းကောအာက လန့်ဖျပ်သွားသဖြင့် ချမ်သဲဖူအား သမားတော်အမြန်ခေါ်ပေးဖို့ ​ပြောခဲ့သည်။



ချမ်သဲဖူက သမားတော်ထံမှ အကူအညီတောင်းရန် တွန့်ဆုတ်နေခဲ့သည်။ သူ့အမြင်မှာ ဤကလေးက သနားချင်စရာကောင်းအောင် ဟန်ဆောင်နေတာဖြစ်၏။ သူ ယခင်ကလည်း လိမ်ညာဖူးပြီး ဤကလေးပြောသည့် စကားများမှာ အနည်းငယ်ကသာ အမှန်ဖြစ်၏။ စွင်းကောအာနှင့် သူ့ဗိုက်ထဲက ကလေးကြောင့်သာမဟုတ်လျှင် သူက ထိုကောင်လေးကို လျစ်လျူရှုခဲ့တာကြာပြီပင်။ သို့သော် သူက စွင်းကောအာ၏ဝမ်းနည်းနေသော မျက်နှာကို မမြင်ချင်ပေ။ အဆုံးမှာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသော ချင်ကုံးတန့်က သူ့အားမူ၏ဗိုက်ကို ကန်ပစ်ခဲ့သည်။ စွင်းကောအာက သူဗိုက်ကိုကိုင်လျက် ကြမ်းပြင်ပေါ်လဲကျသွားပြီး အော်ဟစ်နေခဲ့သည်။ ချမ်သဲဖူက အလွန်​ကြောက်ရွံ့သွားကာ သမားတော်ကို အမြန်ခေါ်ခဲ့ရသည်။



ဖြစ်ချင်တော့ ယင်းက သမားတော်ဟူ အန်ဖျင်ခရိုင်မှပြန်လာသော အချိန်ဖြစ်သည်​။ မဟုတ်ပါ​က ချမ်သဲဖူက သမားတော်ခေါ်လို့ရမှာမဟုတ်ပဲ လူကို မြို့သို့ပို့ရလိမ့်မည်။ သမားတော်ဟဲက အိမ်ပြန်လာပြီး ရေနွေးတစ်ငုံပင် မသောက်နိုင်ခင်မှာ ချမ်သဲဖူ၏အိမ်သို့ ဆွဲခေါ်ခံခဲ့ရသည်။ သူက ဒေါသူပုန်ထသွားသည်။ ဟူလန်ကျုံးက စိတ်မရှည်ပေမယ့် သူ့ဆေးကုသစွမ်းရည်က မဆိုးကြောင်း ရွာသားအားလုံး သိကြသည်​။ ရွာသားတွေက သူ့ကို အင်မတန်လေးစားမှုရှိပြီး လူတစ်ချို့ကသာ အော်ဟစ်​ဖူးသည်။ သို့ဖြစ်၍ သူက ချမ်သဲဖူလို လူစားမျိုးအပေါ် စိတ်ရှည်နေလျှင် ထူးဆန်းပေလိမ့်မည်။




ဒါပေါ့ ဟူလန်ကျုံးက ဆေးပညာကိုလေ့လာရာမှာ ကိုယ်ပိုင်စည်းမျဥ်းများရှိသည်။ သူက လူနာတစ်ယောက်ကိုမြင်လျှင် ရပ်ကြည့်နေမှာမဟုတ်ပေ။ ထို့ကြောင့် သူက ချမ်မိသားစုအိမ်ထဲကို ဒေါသတကြီးဝင်သွားခဲ့ပေမယ့် စွင်းကောအာ၏ သွေးခုန်နှုန်းကို ဂရုတစိုက်စစ်ဆေးပေးခဲ့သည်။


.


ချင်မိသားစုမှ ကောင်လေး၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် ဟူလန်ကျုံးက သူ့ကိုဘေးမှာထားပြီး ချမ်သဲဖူကို ညွှန်ကြားလိုက်သည်။ “ကိုယ်ဝန်ကိုတည်ငြိမ်စေတဲ့ ဆေး​သောက်ဖို့ ငါနဲ့အတူ လိုက်ယူလိုက်။ မင်းက ကိုယ်ဝန်နှစ်လကျော်ရှိနေတာကို ကလေးကို ဘယ်လိုဂရုစိုက်ရမလဲ မသိဘူးလား? မင်းကလေးကို မလိုချင်ရင်တော့ လုပ်ချင်သလိုလုပ်လိုက်။” သူ့မိသားစုက အသုံးများသော အရေးပေါ်ဆေးဖက်ဝင်ပစ္စည်းများကို အမြဲသိမ်းဆည်းထားပြီး မြို့ပေါ်ဆေးခန်းကိုသွားဖို့ လိုအပ်သည့် ရွာသားတွေကိုသာ ရှားပါးသော ဆေးဝါးများ ညွှန်းပေးလေ့ရှိသည်။



“ကုံးတန့်က နေမကောင်းတာ မဟုတ်ဘူးလား?” ချမ်သဲဖူက နေရာမှာတင် ဒေါသထွက်သွားသည်။ သူက ကုံးတန့် ထပ်လိမ်ခဲ့တာကို အလွန်ဒေါသထွက်နေသည်။ စွင်းကောအာ ကျန်းမာရေးဂရုမစိုက်တာကိုလည်း စိတ်ဆိုး​နေခဲ့သည်။ သူက သူ့အတွက် ကလေးမမွေပေးချင်လို့လား?



သမားတော်ဟဲက စိတ်ပျက်လက်ပျက် မျက်လုံးလှိမ့်ကာပြောလိုက်သည်။ “ဒီအရွယ်ကလေးတွေ ရန်ဖြစ်လို့ လဲကျတာပုံမှန်ပါပဲ။ သူ့ရဲ့အကျင့်ဆိုးတွေကို ထည့်စဥ်းစားကြည့်ရင် ခဏခဏအရိုက်မခံရတာပဲ ကောင်းလှပြီ။” သူ၏ ဆေးဖက်ဝင်ဆေးဝါးသည်ပင် ဤလူလိမ်ကလေး၏ သားကောင်ဖြစ်ခဲ့ရသည်။ သို့သော် တစ်ကြိမ်ပညာပြပေးခဲ့ပြီးနောက် ဤကလေးက သူ့အိမ်ကိုလာကာ မနှောင့်ယှက်ရဲခဲ့ပေ။ ဟူလန်ကျုံးက ဤကလေးကိုင်တွယ်ရတာ လွယ်ကူလွန်းသည်။




ဟူလန်ကျုံးထွက်သွားတော့ သူက ချမ်မိသားစု ဘာတွေဖြစ်ခဲ့လဲမသိခဲ့ပေ။ သို့သော် ချမ်သဲဖူက သွေးခုန်နှုန်းစမ်းသပ်ပေးရန် နောက်တစ်ကြိမ် သူ့ဆီရောက်လာပြန်သည်။ ထိုအချိန်တွင် ချမ်သဲဖူ၏မျက်နှာက အလွန်ရုပ်ဆိုးနေသည်။ ဟူလန်ကျုံးက လွန်စွာဒေါသထွက်သွားသည်။ ဤသည်မှာ သူ၏ဆေးကုသစွမ်းရည်ကို မယုံဘူးဟုဆိုလိုသည်။ သူတို့ သူ့ကိုမယုံရင် ဘာလို့ ထပ်ရှာနေတာလဲ? သူ့ကောလေးရဲ့ဗိုက်က မသက်မသာဖြစ်နေသည်ဟု အ​ကြောင်းပြကာ ချမ်သဲဖူက သူ့ကို နောက်တစ်ကြိမ်ဖိတ်ခေါ်ခဲ့သည်။ ချင်မိသားစုကောင်လေးက ကြမ်းပြင်ပေါ်မှာ လူးလိမ့်နေဆဲဖြစ်သည်။ သို့ပေသိ ဟူလန်ကျုံးက ဤတစ်ကြိမ်မှာ ကောင်လေးဟန်ဆောင်နေတာမဟုတ်မှန်း သိလိုက်သည်။ သူက သံသယဝင်သွားပြီး ထန်မိသားစုအိမ်မှ သမားတော်ဟဲကိုဖိတ်ရန် ချမ်သဲဖူကိုလွှတ်ခဲ့သည်။



ချမ်သဲဖူ၏ ရောက်ရှိလာမှုကြာင့် ထန်ချွန်းမင်က ချမ်မိသားစုကိစ္စနှင့် ချင်ကလေး၏အကြောင်းကို သိခဲ့ရသည်။ သူက သမားတော်ဟဲကို ဆိတ်ငြိမ်စွာကြည့်လိုက်ပေမယ့် ထိုလူက အဆင်​ပြေတယ်လို့ပြောပြီး ချမ်သဲဖူနဲ့ လိုက်သွားခဲ့သည်။



သူတို့ပြန်ရောက်လာတော့ ဟူလန်ကျုံးကလည်း သူနဲ့အတူလိုက်လာသည်။ အဘိုးကြီးနှစ်ယောက်က ရယ်မောကာ ထောင့်တစ်ထောင့်မှာ ပုန်းနေပြီး နာခံစွာ အမှားဝန်ခံခဲ့သည့် ထိုကလေးနှစ်ယောက်ကို ဆူပူကြိမ်းမောင်းလိုက်သည်။ ချင်ကောင်လေးအဆင်ပြေပြီး ခဏပဲနာကျင်ခဲ့တာကို ထန်ချွန်းမင်က သူတို့ထံမှသိခဲ့ရသည်။ ထိုမှသာ သူက သက်ပြင်းချလိုက်သည်။ ထိုကလေးက ခြောက်နှစ်ပဲရှိသေးတာကြောင့် ဒဏ်ရာကြီးကြီးမားမားရသွားလျှင် သူစိတ်မကောင်းဖြစ်ရလိမ့်မည်။



“အခုကစပြီး မြင်းပေါက်လေးပျိုးထောင်တဲ့အချိန်ကို ထက်ဝက်လျှော့ရမယ်။” လီဖုန်းက ထိုစကားလုံးများကို ပေါ့ပေါ့တန်တန် ပြောခဲ့သော်လည်း ၎င်းတို့က အထိရောက်ဆုံးဖြစ်နေခဲ့သည်။ တာမောင်းနှင့် အာမောင်း၏မျက်နှာပေါ်မှာ ဝမ်းနည်းသောအမူအရာရှိနေပေမယ့် သူတို့က အာမခံရဲပေ။ သို့သော် ထန်ချွန်းမင် လက်ခါယမ်းပြပြီးနောက်မှာ ကလေးတွေက ယနေ့အခက်အခဲကို ကျော်ဖြတ်ပြီးပြီဆိုတာ သိလိုက်ရတာကြောင့် သူတို့က သူတို့မိဘများထံမှ နှစ်သိမ့်မှုရယူရန် အိမ်အမြန်ပြန်ခဲ့ကြသည်။






“ကျုပ်တို့က ဒီကောင်လေးနှစ်ယောက်ကို ခြောက်လှန့်ချင်ရုံပါ။ ဒါမှ နောင်မှာ သူတို့ပိုဂရုစိုက်မှာ။ တကယ်တော့ ချင်ကောင်လေးကို နည်းနည်းခံစားခွင့်ပေးလိုက်တာကောင်းတယ်။ သူရှာခဲ့တဲ့ ပြဿနာတွေကို စဥ်းစားလိုက်ရင် ဒီလောက်နာကျင်မှုလေးက သေးလွန်းတယ်။” သမားတော်ဟဲက ခေါင်းခါယမ်းကာ ပြောလိုက်သည်။ တကယ်တော့ ချင်ကောင်လေးက ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပေ။ သူဟာ နာကျင်မှုဒဏ်ကိုကြောက်သော ​ခြောက်နှစ်အရွယ်ကလေးသာဖြစ်၍ ယခုလိုဖြစ်ခဲ့တာပင်။ ဟူလန်ကျုံးရောက်လာသည်နှင့် သူက လီဖုန်းကို ရေနွေးယူလာပေးရန် တာဝန်ပေးအပ်ခဲ့သည်။ သူက ချမ်မိသားစု၏ပြဿနာကို ဖြေရှင်းခဲ့ရတာကြောင့် ရေနွေးပင်မသောက်ခဲ့ရပေ။ သူက ယနေ့နေ့လည်မှာ အစပ်စားခဲ့သဖြင့် တကယ်ကိိုရေငတ်နေခဲ့သည်။



သမားတော်ဟဲနှင့်ယှဥ်လျှင် ဟူလန်ကျုံးက လူ့ခန္ဒာကိုယ်အစိတ်အပိုင်းနှင့် ဖိအားအမှတ်များကို သိပ်နားမလည်တာကြောင့် သူ ချင်မိသားစုကောင်လေး၏ သွေးခုန်နှုန်းကိုစစ်ဆေးစဥ်က အမှားအယွင်းမရှိဟု ခံစားခဲ့ရသော်လည်း သမားတော်ဟဲကတော့ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းနားလည်ခဲ့သည်။



“စွင်းကောအာက ကိုယ်ဝန်နှစ်လကျော်နေတာ အမှန်ပဲလား?” ထန်ချွန်းမင်က အံ့အားသင့်စွာ​မေးလိုက်သည်။



“ဟုတ်တယ်။ ဒါပေမယ့် ဒီနေ့လို အကန်ခံရပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ရင် ကလေးကိုကယ်တင်နိုင်မလား စိုးရိမ်ရတယ်။” ဟူလန်ကျုံးက ချမ်သဲဖူနှင့် စွင်း​ကောအာကို သေချာသတိပေးခဲ့သည်။ သူက ဆေးလည်းညွှန်းပေးခဲ့ပြီး ကျန်တာက သူတို့အပေါ်မူတည်သည်။ သမား​တော်က အလုံးစုံတာဝန်မယူနိုင်ပေ။



“ဒါအရမ်းမြန်တာပဲ” ထန်ချွန်းမင်က ထိတ်လန့်သွားပြီး စိတ်ထဲကနေ အတင်းတုတ်လိုက်သည်။ ကျန်းလန်ဟွာနဲ့ ကွာရှင်းတာသိပ်မကြာသေးပဲ စွင်းကောအာက ကိုယ်ဝန်ရလာခဲ့သည်။ ဤလူက စိတ်ပြောင်းလွယ်ပြီး မျက်စိတစ်မှိတ်အတွင်း သူ့ကို​တောင် သတိမရတော့ပေ။ သူက တခြားတစ်ယောက်နဲ့ ချက်ချင်းငြိတွယ်ကာ ကလေးတောင်ရခဲ့သေးသည်။


&&&



စွင်းကောအာ ကိုယ်ဝန်နှစ်လကျော်ရှိနေသည့် သတင်းက ရွာမှာလုံးဝဖုံးကွယ်လို့မရခဲ့ပေ။ ထိုနေ့တွင် ချမ်သဲဖူက ဟူလန်ကျုံးကို ဆွဲခေါ်သွားပြီး တခြားသူတွေက မြင်ခဲ့ရတာကြောင့် လူအများက တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းကိုလည်း စတင်ခဲ့သည်။ ကိုယ်ဝန်သတင်းက လုံးဝဖုံးကွယ်လို့မရပဲ နောက်တစ်နေ့ ရွာမှာပျံ့သွားခဲ့သည်။



မျက်နှာပေါ်တွင် လူတိုင်းက ချမ်သဲဖူကို ဂုဏ်ပြုခဲ့ကြသော်လည်း သူတို့နောက်ကွယ်မှာ ဘယ်လိုတွေးနေလဲ ပြောဖို့ခက်သည်။ ယခင်တစ်ခေါက်ကတော့ ဟွမ်စစ်ကုံးက ချမ်သဲဖူကို ဦးထုပ်စိမ်း*ဆောင်းပေးခဲ့ပြီး ယခုတစ်​ကြိမ်လည်း ဘယ်သူဆောင်းပေးမည်လဲ သူတို့မသိနိုင်ဘူးလို့ ထိုလူတွေက အတင်းပြောခဲ့ကြသည်။ ချမ်သဲဖူက ဖောက်ပြန်ခံရသော ယော်ကျာ်းဖြစ်ခဲ့သည့်အပြင် ဒုတိယအကြိမ်မှာလည်း သူက ထပ်ဖြစ်ချင်ခဲ့သည်။.


(*** ဖောက်ပြန်တာကိုပြောတာပါ)



ချမ်သဲဖူ၏မိသားစုမှာတော့ ချမ်သဲဖူသည် ကိုယ်ဝန်ပျက်ကျနိုင်သည့် အန္တရာယ်ကြောင့် စွင်းကောအာကို စိတ်မဆိုးနိုင်ခဲ့ပေမယ့် သူက စိတ်ကြည်မနေသဖြင့် ချင်ကုံးတန့်ကို စိတ်မရှည်နိုင်ခဲ့ပေ။ သူ၏ကန်ချက်ကြောင့် စွင်းကောအာ ကိုယ်ဝန်ပျက်ကျသွားနိုင်ခဲ့သည်။ သူ့သွေးသားနဲ့ယှဥ်လျှင် ချင်ကုံးတန့်က အရေးမပါတော့ပေ။



ချမ်သဲဖူ အိမ်ကထွက်သွားတော့ စွင်းကောအာက ကုံးတန့်၏မျက်နှာကိုထိကာ ​ပြောလိုက်သည်။ “ကုံးတန့်.. ငါတို့နောက်ဆို ပြဿနာရှာနေတာ ရပ်လိုက်လို့ရမလား? မင်းဆက်လုပ်နေရင် ဖေဖေ မင်းကိုမကယ်နိုင်တော့ဘူး။ မင်း ချင်ကျားလင်ဇီကို ပြန်သွားချင်လား?”



ချင်ကုံးတန့်က စောင်ကိုလှန်လိုက်ပြီး သူ့အားမူကို ဂရုမစိုက်စွာ ကျောခိုင်းသွားသည်။ စွင်းကောအာက ဆက်ပြောလိုက်သည်။ “ငါတို့ ကောင်းကောင်းနေလို့မရဘူးလား? ဖေဖေရှိနေရင် မင်းဦးလေးက မင်းကို သူ့သားအရင်းလို ချစ်ပေးမှာပဲ။ ဒါပေမယ့် မင်း ပြဿနာဆက်ရှာနေရင်တော့ ဖေဖေ မသိဘူး​နော်။” စွင်းကောအာက သူ့မျက်နှာကိုအုပ်ကာ ငိုလိုက်သည်။ သူက သူ့သားကို ဘယ်လိုဆုံးမရမလဲမသိတော့ပေ။ သူက သူ့ကို အသနားခံနေပြီး မဆူရဲခဲ့ပေ။



သူဘာမှမ​ပြောခဲ့တာကောင်းဦးမည်။ သူက သားအရင်းလို့ပြောလိုက်သောအခါ ကုံးတန့်ကနောက်လှည့်ပြီး ထထိုင်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုကို လျစ်လျူရှုကာ သူက စွင်းကောအာ၏ဗိုက်ကို ရွံရှာသလို ခပ်ရွဲ့ရွဲ့စိုက်ကြည့်လိုက်သည်။ “သူက သူ့သားအရင်းကိုရတော့မှာလေ။ သားက ဘယ်သူမှမလိုချင်တဲ့ လူဆိုးပဲ။ ဖေဖေက ဘာလို့တစ်ယောက်တည်းမနေနိုင်တာလဲ? အဲ့ဒီ​ယောကျာ်းတွေကို ဘာလို့အိမ်လာခွင့်ပြုခဲ့တာလဲ? ပြီးတော့ သားမှာ အဖေတွေအများကြီးရှိလို့ တစ်ယောက်ထ​ပ်ရှိလာလည်း ကိစ္စမရှိဘူး။ သားနဲ့ဝေးဝေးနေပြီး ကိုယ့်ကလေးကိုယ်ဂရုစိုက်။ ထွက်သွားကြ!” သူက စွင်းကောအာကို ပစ္စည်းတွေနဲ့ပစ်ပေါက်ကာ ခန်းပေါ်မှဆင်းပြီး ပြေးထွက်သွားသည်။ စွင်းကောအာ ဘယ်လောက်ပဲအော်ပါစေ သူကလှည့်မကြည့်ခဲ့ပေ။


&&&



ထန်ချွန်းမင်က လီဖုန်း၊ သမားတော်ဟဲတို့နှင့်အတူ ဝိုင်လုပ်​ရောင်းမည့်အကြောင်း ဆွေးနွေးနေခဲ့သည်။




“အိမ်မှာဝိုင်လုပ်ရတာအရမ်းခက်တယ်။ ကျွန်တော်တို့ တစ်နှစ်ပတ်လုံး ဝိုင်အများကြီးလု​ပ်လို့မရဘူး။ ရွာထဲမှာ ဝိုင်စက်ရုံဖွင့်လိုက်ရင်ကောင်းမလား စဥ်းစားနေတာ။ နောက်နှစ် လယ်ကွင်းထဲမှာ စပါးစိုက်တဲ့အခါ ကျွန်တော်တို့ ရွာထဲမှာ ဒီအလုပ်ရုံဖွင့်လို့ရတယ်။ ပြီး​တော့ ကျွန်တော်တို့်ချက်တဲ့ဝိုင်က ပထမတန်းနဲ့ ဒုတိယတန်းဆိုပြီး ခွဲလို့ရတယ်။ ဒါပေါ့ ကျွန်တော်တို့ဝိုင်က အထူးတန်းပဲ။” ဤသည်မှာ ထန်ချွန်းမင်၏စိတ်ကူးဖြစ်သည်။ သူ့မိသားစုက စပျစ်ဝိုင်ကို ကြီးမားသည့်အတိုင်းအတာဖြင့် ထုတ်လုပ်ရန် အလုပ်ကြိုးစားရမည်ဟု သူမတွေးခဲ့ဖူးပေ။ “ဒါပေမယ့် ဝိုင်ရောင်းတာနဲ့ပတ်သက်ရင် ငါက သိပ်မသိဘူး။ အားဖုန်း၊ သမားတော်ဟဲ.. ခင်ဗျားမှာ အကြံဉာဏ်ရှိလား?”



ထန်ချွန်းမင်က သူတို့အား စိတ်အားထက်သန်စွာ ကြည့်နေသည်ကိုတွေ့လျှင် သမားတော်ဟဲက လက်ဆန့်ထုတ်ကာ သူ့ရှေ့က ဉာဏ်နီဉာဏ်နက်များသော မြေခွေးလေးကို လက်ညိုးထိုးလိုက်သည်။ သူက သူ့ကိုပစ်မှတ်ထားနေသဖြင့် ၎င်းက သူ့ကိုရယ်ရခက်ငိုရခက်ဖြစ်စေသည်။ လီဖုန်းက ရယ်မိသွားသည်။ ဤကိစ္စမှာ သမားတော်ဟဲ၏အဆက်အသွယ်ကို အသုံးချတာ အကောင်းဆုံးဖြစ်၏။ ဘယ်သူ့အဆက်အသွယ်ကမှ သမားတော်ဟဲလောက်မကောင်းပေ။


“ထားလိုက်တော့.. ငါဒီမှာနေပြီး စားမိတာ ငါ့အပြစ်ပါ။ နှစ်ကုန်လို့ နှစ်သစ်ကူးလက်ဆောင်တွေ ပေးရမယ့်အချိန်မှာ မင်းက ဝိုင်ကိုထုပ်ပိုးပြီး ငါက တစ်နေရာကိုပို့ပေးမယ်။ တစ်ဖက်လူက စိတ်ဝင်စားရင် မင်းကို ဆက်သွယ်လာလိမ့်မယ်။ တခြားတော့ ဘာမှမကူညီနိုင်ဘူး။”



ထန်ချွန်မင်က ရုတ်တရက်ရယ်လိုက်ပြီး သမား​တော်ဟဲကို မြှောက်ပင့်သောအပြုအမူဖြင့် ပြောလိုက်လေသည်။ “ဒါပေါ့ ဒါပေါ့ ကျွန်တော် အကောင်းဆုံးလုပ်မှာပါ။ အဘိုးကြီးဟဲ မဖြေရှင်းနိုင်တာ ဘာမှကိုမရှိဘူး။ အားဖုန်း​တောင် ခင်ဗျားလောက်မတော်ဘူး။”




“ဟားဟား.. “ မင်ကောအာ၏အထင်သေးမှုကြောင့် အားဖုန်း၏မျက်နှာ နက်မှောင်လာသည်ကို မြင်လိုက်ရသောအခါ သမားတော်ဟဲက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။





တခြားသူများ၏ နှိပ်ကွပ်ခံခဲ့ရသော လီဖုန်းက စိတ်ဓာတ်ကျကာ အိမ်အ​နောက်ဘက် တောင်တစ်ဝိုက်ကို လှည့်လည်သွားလာနေခဲ့သည်။ သူက မင်ကောအာ၏အထင်သေးခံလိုက်ရသည်။ သူ မင်ကောအာကို အစွမ်းအစတွေ ထုတ်ပြသင့်တယ်မလား? မင်ကောအာသာ သမားတော်ဟဲကို ဂရုစိုက်သလို သူ့ကိုလည်း ဂရုစိုက်လျှင် တောင်ပေါ်မှ တိုက်ခတ်လာသော မြောက်လေက နွေဦးလေညင်းအဖြစ် ပြောင်းလဲသွားမည်ဟု လီဖုန်း​တွေးလိုက်မိသည်။