Chapter 64.1
“တောင်ပေါ်တက်ခြင်း”
“ငါ….ငါ….” ရွာလူကြီး၏အမေးကို ရင်ဆိုင်လိုက်ရာ ချမ်သဲဖူ၏မျက်နှာက နီမြန်းလာပြီး ထစ်ထစ်ငေါ့ငေါ့ပြောလိုက်၏။ “ကျွန်တော်က စကားနည်းနည်းပဲပြောခဲ့တာ…ဒါပေမယ့် ကလေးက အသိတရားမရှိဘူး။ သူက သူ့ဖေဖေရဲ့ဗိုက်ကိုကန်ပြီး သူ့ဖေဖေက ဒုက္ခရောက်လုနီးပါးဖြစ်သွားခဲ့တယ်။ အခု သူက စိတ်ဆိုးပြီး ထွက်ပြေးသွားတာ တစ်ရွာလုံးကို မငြိမ်မသက်ဖြစ်အောင် လုပ်သွားတယ်။” သူက အဆုံးမှာ ရှောရှောရှူရှူပြောနိုင်သွားပြီး ပျောက်နေသောကလေးကို ဒေါသတကြီးပြစ်တင်လိုက်သည်။
ကလေးက ဘယ်လောက်ပဲအပြုမူမကောင်းပါစေ သူတို့ ယခုချိန်မှာ ချမ်သဲဖူ၏အပြုအမူကို တွေ့လိုက်ရသောအခါ ကလေးကိုရှာဖို့ ထွက်လာခဲ့သော ရွာသားများက ချင်ကုံးတန့်ဆီ အာရုံပြောင်းသွားလေသည်။ သူက ကလေးပဲရှိသေးသည်။ တစ်ခုခုဖြစ်သွားရင်ရော? ယခုချိန်မှာ ကလေးကိုအပြစ်တင်ဖို့ အချိန်မရှိပေ။ အရေးကြီးဆုံးအရာမှာ ကလေးကိုရှာဖို့ဖြစ်၏။
ဤစုံတွဲကရှုပ်ထွေးနေသည်။ တစ်ယောက်က မင်ကောအာ၏အိမ်မှာ လူသွားရှာပေမယ့် ဘယ်သူကမှ သူ့ကိုမယုံပေ။ မင်ကောအာက ဘာလို့ကလေးဖွက်ထားမှာလဲ? အရင်က ကလေးများကြားက
ရန်ပွဲကြောင့်လား? မင်ကောအာက အတ္တကြီးသူ လုံးဝမဟုတ်ဘူး။ လွန်ခဲ့သည့်ခြောက်လအတွင်း မင်ကောအာ ရွာအတွက် လုပ်ဆောင်ခဲ့သမျှကို အားလုံးမြင်ခဲ့သည်။ သို့တိုင်အောင် ကလေးကိုစိတ်ပူရမယ့်အစား တာဝန်ကိုရှောင်လွှဲဖို့ ကြိုးစားနေသူ တစ်ဦးရှိနေသည်။ ထိုမိဘမျိုးဖြင့် ကလေးက ဤမျှငယ်ရွယ်စဥ်တွင် မှားယွင်းသောနည်းလမ်းဖြင့် ကြီးပြင်းလာတာ အံ့အားသင့်စရာမရှိပေ။
ရွာလူကြီးက သူ့ကို ကန်ချင်နေသည်။ လိုရင်းမရောက်ပဲ အကြာကြီးစကားပြောပြီးနောက် သူက ဒေါသတကြီး ပြောလိုက်လေသည်။ “ငါ မင်းကို ကုံးတန့်ကိစ္စပြောခိုင်းနေတာလေ။ ကလေးကိုပြန်တွေ့ရင် ကျန်တဲ့ကိစ္စ မင်းဘာမင်းလုပ်ချင်တာလုပ်။”
ချမ်သဲဖူက ရှက်လွန်းလို့ လှည့်ထွက်သွားချင်ပေမယ့် လူအများစုက သူ့ကိုစိုက်ကြည့်နေကြသဖြင့် သူက ကျည်ဆံကိုက်ကာ ဆက်ပြောလိုက်ရသည်။ “ကျွန်တော်သူ့ကို ထမင်းစားခိုင်းတော့လည်း သူက ကောင်းကောင်းမစားပဲ ပန်းကန်ကိုခွဲပစ်လိုက်တယ်။ သူ့ဖေဖေက ထငိုတာနဲ့ သူထွက်ပြေးသွားတော့တာပဲ။” သူတို့ ဘာအတွက် ရန်ဖြစ်ခဲ့သည်နှင့်ပတ်သက်၍ ချမ်သဲဖူ၏ ထန်ချွန်းမင်အား စူးစိုက်ကြည့်နေပုံမှ ဤမိသားစုကိစ္စမှာ ထန်ချွန်းမင်ပါဝင်နေသည်ကို မှန်းဆနိုင်သည်။ ၎င်းက လူတွေကို ပြောစရာပျောက်ရှသွားစေသည်။ ဒါဆို စွင်းကောအာက ထန်ချွန်းမင်ရဲ့အိမ်မှာ ညသန်းခေါင်ကြီး ဘာလို့ကလေးသွားရှာတာလဲ? ရယ်စရာကောင်းလိုက်တာ…
“ရပြီ… မင်းကိုမေးလည်း ဘာမှအသုံးမဝင်ဘူး။ သူနေ့လည်က ထွက်ပြေးသွားတာမလား? မင်းက အခုမှ စိတ်ပူပြီး ရှာနေတာပေါ့? မင်းတို့ဘယ်လိုမိဘတွေလဲ? အရှက်မရှိလိုက်တာ” ရွာလူကြီးက မကျေမချမ်းကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူက သူနဲ့အတူထွက်လာသော ရွာသားများဘက်လှည့်ကာ ပြောလိုက်သည်။ “လူခွဲပြီး မြန်မြန်ရှာရအောင်။ အိမ်ကကလေးတွေကိုမေးကြည့်ပါ။ သူတို့နေ့ခင်းအပြင်ထွက်ကစားတုန်း ကုံးတန့်ကိုတွေ့မိသေးလားလို့”
အအေးဒဏ်ကိုအံတုရန် နွေးထွေးသောခန်းကုတင်ပေါ်မှ ဆင်းပြေးလာရသော်လည်း ရွာသားအများစုက မညည်းညူကြပေ။ သူတို့က လူကြီးတွေဖြစ်ပြီး ကလေးတစ်ယောက်ကို မုန်းတီးနေလို့မရပေ။ လူအများက မီးတိုင်ထွန်းညှိပြီး ညသန်းခေါင်မှာ ကုံးတန့်၏နာမည်ကို ကျယ်ကျယ်လောင်လောင်အော်ရင်း လိုက်ရှာနေသည်။ ကလေးက တစ်နေရာမှာပုန်းအောင်းနေပြီး အသံကြားတာနဲ့ ထွက်လာနိုင်သည်။
ကျန်းရှို့က သူ့သားနှစ်ယောက်နှင့် အနားယူဖို့ အခွင့်အရေးမရှိပေ။ အပြင်ကိုနားထောင်ပြီး ဘာဖြစ်နေလဲသိသွားတော့ သူက အိမ်ထဲပြန်ဝင်ကာ သူ့သားနှစ်ယောက်ကို တံခါးစောင့်ဖို့မှာခဲ့ပြီး သူက အပြင်မှာ ကူရှာပေးဖို့ ထွက်သွားခဲ့သည်။
“ဖေဖေ… ကုံးတန့်ထွက်ပြေးသွားတာလား?” အာမောင်းက စောင်အောက်က သူ၏အမွှေးထူခေါင်းကို ထုတ်လိုက်သည်။
“ဟုတ်တယ်… မင်းတို့နှစ်ယောက် ဒီနေ့ အဲ့ဒီကောင်လေးကိုတွေ့မိလား?” ကျန်းရှို့ကမေးလိုက်သည်။
“ဖေဖေ…သားတွေ့တယ်။” အာမောင်း၏စကားက အမှုမဲ့အမှတ်မဲ့မေးခဲ့သော ကျန်းရှို့ကို တုန်လှုပ်သွားစေပြီး သူက အာမောင်းကို အမြန်ဆွဲလိုက်သည်။ “မင်းသူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ? သူဘယ်ပြေးသွားလဲ မင်းသိလား?”
“ဖေဖေ… “ အာမောင်းက အပြုံးတစ်ခုဖြင့် ရှောင်လိုက်သည်။ ဖေဖေက အရမ်းရက်စက်တယ် မထင်ဘူးလား? “သူ မင်အားမော့ရဲ့အနောက်တောင်ဘက်ကို ပြေးသွားတာ သားမြင်လိုက်တယ််။ သားလည်း သူ့နောက်ကိုလိုက်ကြည့်ချင်ခဲ့တာ။ အဲ့ဒီကလေးမှာ ရည်ရွယ်ချက်ဆိုးတွေရှိမယ်ထင်တယ်။ ဒါပေမယ့် နောက်တော့ တောင်ပေါ်မှာ ခွေးဟောင်သံကိုကြားလိုက်ရပြီး ကုံးတန့်က ကြောက်လန့်ပြီး ထွက်ပြေးလာတာထင်တယ်။ ဟီး… ဲအဲ့ဒီနောက်ပိုင်းတော့ သားမသိတော့ဘူး။”
“မင်းကရော တာမောင်း?” ကျန်းရှို့က အကြီးဆုံးသားကို မေးလိုက်သည်။
“မတွေ့ခဲ့ဘူး ဖေဖေ… ဖေဖေပြန်လာရင် သတိထားပါ။” တာမောင်းက ခေါင်းခါပြသည်။
“အင်းပါ… မင်းညီကိုခေါ်ပြီး အိမ်မှာငြိမ်ငြိမ်နေနော်။” ကျန်းရှို့က အကြီးဆုံးသား၏ခေါင်းကိုပုတ်လိုက်ပြီး လျှောက်ထွက်သွားခဲ့သည်။ တာမောင်းက တဖြည်းဖြည်း ပိုသိတတ်လာသည်။ ဒါပေါ့… သူ့သားနှစ်ယောက်ပေါင်းပြီး ကုံးတန့်ကိုရိုက်နှက်ခဲ့တာ သူမသိခဲ့ပေ။
သူအပြင်ရောက်သောအခါ ကျန်းရှို့က အာမောင်းပြောတာကို မဖုံးကွယ်ထားခဲ့ပေ။ ထန်ချွန်းမင်နှင့် ရှန်းဖူလန်က သူ့ကိုစောင့်နေပြီး အရပ်ရှည်ရှည် ကြီးကျယ်ခမ်းနားသော ရှောင်ဟွာလည်းပါလာသည်။ ထိုစကားကြားပြီးနောက် ထန်ချွန်းမင်ကပြောလိုက်သည်။ “ကျွန်တော်တို့ ဦးလေးတာကို သွားမေးရမယ်ထင်တယ်။” ဤကလေးက ခေါင်းကိုက်စရာပင်၊ သူက သူ့မိသားစုကို ဘာလို့ဒုက္ခပေးနေတာလဲ? တစ်ခုခုဖြစ်ရင် သူတို့က သူ့အိမ်ကိုပဲလာရှာတာ မအံ့သြတော့ဘူး။ “ရှောင်ဟွာ…ငါနဲ့လိုက်ခဲ့။”
“ဝုတ်..ဝုတ်.!” ရှောင်ဟွာက နှစ်ကြိမ်ဟောင်ပြီး ထန်ချွန်းမင်အနောက်ကို နာခံစွာလိုက်သွားသည်။
လီမိသားစုမှ အမျိုးသားတစ်ဦးက မီးတိုင်ထွန်းညှိကာ လမ်းပြရန် သူတို့နောက်ကိုလိုက်သွားသည်။ ၎င်းက အေးခဲနေပြီး လမ်းက အရည်မပျော်သေးသော နှင်းအလွှာဖြင့် ဖုံးလွှမ်းနေသည်။ မီးနှင့် လရောင်တို့မှ ရောင်ပြန်ဟပ်နေသော အလင်းရောင်က ဖြူဖွေးလွန်းလို့ ကြောက်စရာပင်ကောင်းလှသည်။
တောင်ပေါ်ကိုရောက်သည့်အခါ ရွာထဲကဆူညံသံတွေက သူတို့ကို ထိတ်လန့်စေသည်။ မိသားစုများက မီးတိုင်ထွန်းညှိထားကြပြီး ဖြစ်ပျက်ခဲ့သမျှကိုမေးမြန်းရန် တောင်အောက်ဆင်းဖို့ ပြင်လိုက်သည်။ ထန်ချွန်းမင်ရောက်သွားပြီး မေးမြန်းလိုက်ရာတွင် ဦးလေးကျောက်၏သားက ချက်ချင်းပြောလာခဲ့သည်။ “ကောင်လေးက နေ့လည်ဘက် တောင်ကိုရောက်လာခဲ့သေးတယ်။ ဒါပေမယ့် နောက်တစ်ခါ အပြင်လူတွေအဝင်မခံဖို့ အားဖုန်းကပြောခဲ့တယ်။ ပြီးတော့ ခွေးတွေကလည်း သတိရှိနေလို့ ကုံးတန့်လာတာကိုတွေ့တာနဲ့ ဟောင်တော့တာပဲ။ ငါရောက်သွားတော့ ကလေးက အဝေးကြီးကိုရောက်သွားခဲ့ပြီ။”
“မင်ကောအာ.. သူ့ကိုတောင်ပေါ်မှာပဲရှာလိုက်ပါ။ ခွေးတစ်ကောင်နဲ့ပတ်ရှာရင် တောင်ပေါ်မှာ ဘယ်သူမှပုန်းနေလို့မရဘူး။” ဦးလေးတာက အကြံပြုသည်။
“ဟုတ်ကဲ့ပါ…ခွေးပါတယ်။ “ထန်ချွန်းမင်က သူ့နဖူးသူရိုက်ရင်း ရှောင်ဟွာကိုပြောလိုက်သည်။ “ရှောင်ဟွာ… မင်း ကုံးတန့်ရဲ့အနံ့ကိုမှတ်မိလား? မင်း အဲ့ဒီဆိုးသွမ်းတဲ့ကလေးကို ရှာပေးလို့ရမလား?”
“ဝုတ်..ဝုတ်ဝုတ်!” ပိုင်ရှင်က သူ့ကိုသတိရသေးတာကို ကျေနပ်သွားသလိုပင် ရှောင်ဟွာက တုံ့ပြန်လိုက်သည်။
“ဝေါင်း… ခွေးက ကုံးတန့်ကို တကယ်ရှာနိုင်တာလား?” ရှန်းဖူလန်က အံ့အားသင့်စွာမေးသည်။
“ကြိုးစားကြည့်မယ်လေ…ဒီလို ဦးတည်ရာမရှိ ရှာနေတာထက် ပိုကောင်းပါတယ်။” ပိုင်ရှင်၏ပြောစကားကြောင့် ရှောင်ဟွာက သူ့ပိုင်ရှင်၏ပေါင်ကို ခေါင်းဖြင့် မကျေမနပ် ပွတ်သပ်လိုက်သည်။ ထန်ချွန်းမင်က သူ့ခေါင်းကို အလျင်စလိုပုတ်ကာ နှစ်သိမ့်လိုက်ရသည်။ “ကြည့်…ရှောင်ဟွာက စိတ်တိုနေပြီ. သွားရှာရအောင်။”
၎င်းက တကယ်အလုပ်ဖြစ်လောက်မည်။ တောင်ပေါ်ခွေးများက ရှောင်ဟွာကိုတွေ့တော့ မဟောင်ရဲပေ။ သူတို့က သူ့ကိုနာခံကြသည်။ ဦးလေးတာက ပြုံးလိုက်သည်။ သူ့အမြင်တွင် ရှောင်ဟွာက ခွေးနှင့်နည်းနည်းသာတူသည့် ခွေးဝံပုလွေဖြစ်သည်။
“ကောင်းပါပြီ။ လူခွဲပြီး ရှာရအောင်။ အစ်ကိုကြီးနဲ့ဦးလေးတာက အဝေးကြီးမသွားပါနဲ့။ တစ်ခုခုခြေရာခံမိရင် ရွာကိုအမြန်သွားပြီး လူတွေနဲ့တူတူသွားရှာပါ။” ထန်ချွန်းမင်က သူတို့ကို စိုးရိမ်တကြီးသတိပေးလိုက်သည်။ လီဖုန်းက တောင်ကြီးကို ရံဖန်ရံခါ သန့်ရှင်းရေးလုပ်ပေမယ့် ညဘက်မှာ ဘေးကင်းမည်လား သူအာမမခံနိုင်ပေ။
“စိတ်မပူပါနဲ့။”