Chapter 64.2
Viewers 21k

Chapter 64.2



အဆိုးဆုံးအရာဖြစ်ခဲ့သည်။ ထန်ချွန်းမင်၏အနောက်တောင်မှ ကုံးတန့်နှင်ထုတ်ခံရပြီးနောက် သူက တောင်ပေါ်တက်သွားခဲ့သည်။ ရှောင်ဟွာ၏ဦးဆောင်မှုအောက်တွင် ထန်ချွန်းမင်နှင့် သူ့သူငယ်ချင်းများက ကလေး၏ခြေရာကို တခြားလမ်းကြောင်းတစ်ခု၌ တွေ့ရှိခဲ့သည်။ အေးနေသောကြောင့် တောင်ပေါ်ကို လူအများကြီးမတက်ကြသလို နှင်းများကလည်း အရည်မပျော်သေးသဖြင့် ကလေး၏ခြေရာက နှင်းပေါ်တွင် ရှင်းရှင်းလင်းလင်း ကျန်ရစ်ခဲ့သည်။



နောက်ဆက်တွဲဖြစ်သွားသည််မှာ ထန်ချွန်းမင်နှင့် သူ့သူငယ်ချင်းများ လုပ်နိုင်သည့်အရာမဟုတ်ပေ။ သူတို့က ညဘက်မှာ တောင်ပေါ်သွားရှာဖို့ မဖြစ်နိုင်ပေ။ ရွာလူကြီးက ရွာထဲက လူသန်ကြီးများကိုစုလိုက်သည်။ ရှောင်ဟွာ၏အကူအညီဖြင့် ရွာလူကြီးနှင့် သူ့အဖွဲ့က သူတို့နဲ့အတူ ရှောင်ဟွာကိုခေါ်သွားကြသည်။ ရှောင်ဟွာရှိလျှင် သူတို့ ကုံးတန့်၏နေရာကို အမြန်ရှာနိုင်လိမ့်မည်။ သူတောင်ပေါ်တက်သွားတာကို ​အတည်ပြုပြီးနောက် ဆိုးသွမ်းသည့်ကလေးကို တိတ်တိတ်ကလေး ကျိန်ဆဲနေသည့်အပြင် သူက ပို၍ပင် စိုးရိမ်လာခဲ့သည်။ ယခင်နှစ်က ယခုလိုအချိန်မျိုးမှာ ရွာထဲကလူတစ်​ယောက် သေဆုံးခဲဲ့ပြီး ထိုလူမှာ အတွေ့အကြုံရှိသော မုဆိုးတစ်ယောက်ဖြစ်သည်။




ထန်ချွန်းမင်က ရှောင်ဟွာကိုနှစ်သိမ့်ကာ ပြန်ရောက်လျှင် မုန့်ကျွေးမည်ဟု ကတိပေးလိုက်သည်။ ရှောင်ဟွာက ရွာလူကြီးနှင့် တခြားသူများနောက်သို့ နာနာခံခံလိုက်သွားခဲ့သည်။ ရှန်းဖူလန်နှင့် ကျန်းရှို့က ထန်ချွန်းမင်မွေးထားသော ခွေးကို လူနှင့်တူသည်ဟု တွေးလိုက်သည်။



“ပြန်အိပ်ရအောင်။ ငါတို့အလုပ်ရှုပ်နေတာကြာပြီ။ အားရုံက မနက်ဖြန်ကျောင်းသွားရမှာ။ နောက်ကျလို့မရဘူး။” ရှန်းဖူလန်ကပြောလိုက်သည်။ ထန်ချွန်းမင်က တစ်ရွာလုံးပတ်​ပြေးနေရပေမယ့် တစ်ကြိမ်တောင် မညည်းညူခဲ့ပေ။




“ဟုတ်ကဲ့ပါ…ခင်ဗျားရောပဲ။ ကလေးက အဝေးကြီးမပြေးနိုင်လောက်ဘူး။ မနက်ဖြန်မနက်သတင်းသိရမှာပါ။” ထန်ချွန်းမင်ကပြောလိုက်သည်။



ထန်ချွန်းမင် အိမ်ပြန်​ရောက်ချိန်မှာ ပင်ပန်းနေသည်။ ကလေးနှစ်​ယောက်က အမြန်အိပ်ပျော်သွားပေမယ့် လူကြီးနှစ်ယောက်က အိပ်မပျော်ခဲ့ပေ။ သူတို့က ထန်ချွန်းမင်နှင့် သူ့ညီလေးပြန်လာမှာကို စောင့်နေသည်။ အခြေအနေကိုမေးပြီးနောက် သူတို့က သက်ပြင်းသာချနိုင်သည်။ ကုံးတန့်တောင်ပေါ်ပြေးသွားခြင်းက တောင်ပေါ်မှာ အမဲလိုက်ဖို့သွားသည့် လီဖုန်းတို့အဖွဲ့နဲ့သက်ဆိုင်နေလား ပြောဖို့ခက်သည်။ သူတို့က ဘာမှမဖြစ်ဖို့သာ မျှော်လင့်နိုင်သည်။




“အားရုံ…မြန်မြန်အိပ်ရာဝင်တော့။ မင်း မနက်ဖြန်မနက်စောစောထရမယ်။” ထန်ချွန်းမင်က သူ့ညီကို အိပ်ဖို့တိုက်တွန်းလိုက်သည်။ သူ မအိပ်လျှင် သမားတော်ဟဲလည်း အိပ်ပျော်နိုင်မှာမဟုတ်ပေ။ အားရုံအခန်းထဲဝင်သွားတော့ ထန်ချွန်းမင်က ခန်းကုတင်ပေါ်အမြန်တက်ပြီး အသက်ပြန်ရှူနိုင်သွားသလို ခံစားလိုက်ရသည်။ သူ လမ်းလျှောက်ခဲ့တာကြာပြီဖြစ်ပေမယ့် သူ့လက်နှင့်ခြေက လုံးဝမနွေးသွားပေ။ သူ့ပုံစံကိုကြည့်ကာ ဝမ်ယင်က သူ့ခြေဖဝါးကို ရေစိမ်ပေးဖို့ ရေနွေးယူလာခဲ့သည်။




“ကလေးနဲ့ပတ်သက်ပြီး မင်းကိုပစ်မှတ်ထားဖို့ အဲ့ဒီမိသားစုကို ဘယ်သူကပြောခဲ့တာလဲ? တစ်ခုခုဖြစ်ရင် သူတို့က မင်းကိုပဲ ပစ်မှတ်ထားနေမှာလား?” ခန်းကုတင်ပေါ်မှာထိုင်နေသော ဝမ်ယင်က ရေနွေးသောက်နေသော သူ့လင်ပါသားကို ကြည့်ကာ စိုးရိမ်တကြီးမေးလိုက်သည်။



ထန်ချွန်းမင်က နှုတ်ခမ်းတွန့်ကာ ​ပြောလိုက်သည်။ “ကျွန်တော်က ဘယ်လိုသိမှာလဲ? ကျွန်တော်အကြာကြီး​မေးခဲ့ပေမယ့် ဘယ်သူမှမဖြေဘူး။ ဒီလိုမိသားစုနဲ့ပတ်သက်နေရတာ ကံဆိုးတာပဲ။ သူတို့ ကျွန်တော့်အိမ်ကိုထပ်လာရင် ကျွန်တော်က ရှောင်ဟွာနဲ့ ရှောင်ဟေးကို ကိုက်ပစ်ဖို့ပြောလိုက်မယ်!” ထန်ချွန်းမင်က စိတ်ဓာတ်ကျနေသည်။ သူက သူ့အိမ်မှာ ကလေးလာရှာရုံတင်မကပဲ သနားစရာကောင်းအောင် ငိုပြကာ ဒူးထောက်ချင်ခဲ့သည်။ ထန်ချွန်းမင် ကျိန်ဆဲလိုက်ချင်သည်။ ဒါသရုပ်ဆောင်တာလား ဘာလဲ? သူ ဒီလိုဆက်လုပ်ပြီး ကိုယ်ဝန်ပျက်ကျသွားရင် သူ. ..ထန်ချွန်းမင်ရဲ့အပြစ်ဖြစ်သွားမှာလား? သူက ထိုမျှလောက် ဒေါသထွက်မနေပေ။ ထိုအစား တစ်​ယောက်ယောက်ကို တိုက်ခိုက်လိုက်တာက ပိုကောင်းဦးမည်။




“ဟုတ်ပါပြီ။ လီဖုန်းပြန်လာတာနဲ့ သူတို့ပြဿနာရှာရဲမှာမဟုတ်တော့ပါဘူး။ အမှန်က သူတို့ကမှ ဒီကိစ္စမှာမှားနေတာ။” ဝမ်ယင်က သူ့လင်​ပါယားကိုနှစ်သိမ့်လိုက်သည်။ ကိစ္စက အမှန်တကယ် ဒေါသဖြစ်စရာပင်။ ကိုယ်ကိုယ့်ကို ဖိအားပေးပြီး ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်သူ့အပြစ်ဖြစ်လာမလဲ? သူကလည်း တစ်ခုခုဖြစ်လျှင် ငိုဖို့ပဲသိသည့် ကောတွေကိုသဘောမကျပေမယ့် ယခုတော့ သူက သူ့လင်​ပါသားကို ပိုသဘောကျလာပြီပင်။



သူဘာမှမပြောလိုက်လျှင် ပိုကောင်းဦးမည်။ သူ စပြောလိုက်သည်နှင့် ယနေ့ညအဖြစ်ပျက်နှင့် ရွာသားများ၏ စိိုးရိမ်ပူပန်မှုကို တွေးမိသွားသည်။ ထန်ချွန်းမင်က အိပ်ရာပေါ်မှာ တွားသွားပြီး သူ့မိထွေးကို​မေးလိုက်သည်။ “ဖေဖေ… အားဖုန်းနဲ့ တခြားသူတွေက တောင်ပေါ်မှ အဆင်ပြေပါ့မလား?” ဝမ်ယင်က သူ့ကို စိတ်ပျက်လက်ပျက် ရိုက်လိုက်သည်။ “အခု အဲ့ဒါကိုစိုးရိမ်ဖို့နောက်ကျနေပြီ။ တောင်ပေါ်ရောက်ပြီးနေတဲ့လူကို အခုမှစိတ်ပူမနေနဲ့။” သူ ထပ်မ​ပြောချင်တော့ပေ။ မနှစ်က ယခုလိုအချိန်မှာ ကျောက်တာဟူဆုံးသွားခဲ့သည်။ ထပ်ပြောနေလျှင် သူ့သား၏ဝမ်းနည်းစရာကောင်းသော မှတ်ဉာဏ်ကို ဆွဲခေါ်သလို ဖြစ်လိမ့်မည်။ ဤလင်ပါယားက ယခင်ကနဲ့မတူတော့ပဲ ကျောက်တာဟူ၏ အတိတ်ကအတွေ့အကြုံများကို လက်ရှိနှင့် မဆက်နွယ်ဖို့ သူမျှော်လင့်နေသည်။


.


ထန်ချွန်းမင်က လက်နက်ချကာ ကုတင်ပေါ်သို့ တွားသွားလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူက လီဖုန်း၏စွမ်းဆောင်ရည်ကို ယုံတာကြောင့် စိတ်မပူတော့ပေ။ လီဖုန်း၏ကွန်ဖူးကို သူမြင်ဖူးသဖြင့် သူ တောင်ပေါ်က ကျားတစ်ကောင်ကိုပင် အနိုင်ရခဲ့သည်ဟုပြောလျှင် ချဲ့ကားနေခြင်းလုံးဝမဟုတ်ပေ။ ထို့အပြင် လီဖုန်းကိုသိရှိပြီးနောက် လီဖုန်းက နေရာလွတ်စမ်းရေကိုသုံးကာ သူ့အတွင်းအားကို အစာဖြည့်လေ့ရှိသည်။ သို့ဖြစ်၍ ထန်ချွန်းမင်က ၎င်းကို အိမ်နှင့်ရက်အနည်းငယ်ဝေးနေပြီး ရက်အနည်းငယ်အတွင်း

ပြန်​ရောက်လာမည်ဟု တွေးလိုက်သည်။ 



အသည်းနှလုံးမရှိသော ထန်ချွန်းမင်က လီဖုန်းနဲ့ပတ်သက်ပြီး အမှန်တကယ် စိတ်ပူနေခဲ့သည်။ သူက စိတ်ပူလွန်းလို့ တစ်ညလုံးကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သူ ညက တောင်ပေါ်မှ ဝံပုလွေအူသံများကို ကြားခဲ့ပုံရသည်။ နောက်တစ်နေ့မနက် သူ့မိထွေးက သူ့ကိုနှိိုးလာသည့်အခါ သူကမော့ကြည့်ကာမေးလိုက်၏။ “ဖေဖေ…ရွာထဲက သတင်းရပြီလား?”



“မရဘူး။ ငါအပြင်မှာသွား​ေမးခဲ့တယ်။ တောင်ပေါ်တက်သွားတဲ့လူတွေလည်း အခုထိပြန်မလာသေးဘူး။ ကလေးကလည်း အဆင်ပြေပုံမပေါ်ဘူး။” ဝမ်ယင်က ခေါင်းမမော့ပဲ ဖြေလိုက်သည်။



ဤသည်မှာ သတင်းကောင်းမဟုတ်ပေ။ ထန်ချွန်းမင်က အိပ်ရေးမဝလို့ ယိုင်နဲ့နေသော်လည်း အိပ်ရာထလိုက်လေသည်။ လီဖုန်းမရှိသည့်အချိန်မှာ သူပျင်းရိနေလို့မရပေ။ သူက ရေချိုးပြီး သူ့မိထွေးနဲ့အတူ မနက်စာပြင်လိုက်သည်။ သူက ရွာထဲမှာ အခြေအနေကို သွားမမေးနိုင်ခင် အားရုံကိုလိုက်ပို့ဖို့ ဦးလေးကျောက်၏လှည်းကို ငှားပေးခဲ့သည်။



သူပြေးထွက်မသွားခင်မှာ ဟူလန်ကျုံးက အပြေးရောက်လာပြီး သူ့ကိုမခေါ်ပဲ သမားတော်ဟဲကိုခေါ်ခဲ့သည်။ “အစ်ကိုကြီး တစ်ချက်လောက်ကြည့်ပေးပါဦး။ အဲ့ဒီကောက ငြိမ်ငြိမ်မနေဘူး။ ကိုယ်ဝန်ကိုဂရုစိုက်ဖို့ ​ပြောခဲ့ပေမယ့် သူက အနားယူဖို့ငြင်းဆန်နေတုန်းပဲ။ ကျုပ်ဒီကိုယ်ဝန်ကို မကယ်လိုက်နိုင်မှာ စိုးရိမ်တယ်။” သူက သမားတော်ဟဲထံမှ အကူအညီတောင်းရန်

လာခေါ်ခဲ့သည်။ သူက သမားတော်ဟဲ၏ ဆေးဝါးကျွမ်းကျင်မှုကို အလွန်လေးစားသည်။



သမားတော်ဟဲက မနက်စာစားပြီးခါစဖြစ်၏။ သူက တစ်ညလုံးကောင်းကောင်းမအိပ်ရတာကြောင့် ယခုချိန်မှာ သူဘာမှမပြောနိုင်ပေ။ သူ ဟူလန်ကျုံးနဲ့လိုက်သွားမည့်အကြောင်းကိုသာ ထန်ချွန်းမင်အားပြောခဲ့သည်။ သမား​​တော်အနေဖြင့် သူတို့က လူနာ၏အပြုအမူကို လက်မခံနိုင်သော်ငြား အသက်သေး​သေးလေးတစ်ခု အန္တရာယ်ရှိနေတာကို ရပ်မကြည့်နိုင်ပေ။ ရွာသားတွေလိုပင်ဖြစ်၏။ သူတို့က ကုံးတန့်​ကိုသဘောမကျပေမယ့် တစ်ညလုံးမအိပ်ပဲ သူ့ကိုတောင်ပေါ်မှာရှာပေးခဲ့သည်။