Chapter 68.2
ယနေ့အတွက် လီဖုန်းနှင့် ထန်ချွန်းမင်က ဆိုင်ရှင်ချီပေးပို့ထားသော အစားအသောက်များအပြင် မုန့်မျိုးစုံကိုပြင်ထားလေသည်။ ရောက်လာသူများက အားရပါးရစားပြီး အိမ်ထဲမှာ မီးလှုံရင်း ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောခဲ့ကြသည်။
“လီစုန့်ကမ်းရဲ့မိသားစုကို မနေ့ကတွေ့လိုက်တယ်။ ငါမင်ကောအာရဲ့အိမ်မှာ မင်္ဂလာပွဲသွားတက်မှာမို့ သူ့ကိုရောလိုက်မလားလို့ မေးခဲ့တယ်။ ဟားဟား…. သူ့မျက်နှာဘယ်လောက်အရုပ်ဆိုးလဲ မင်းမသိပါဘူး။”
သူ့အတွက်တော့ မှန်ကန်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က လီစုန့်ကမ်း၏ဇနီးက သူ့ကို သူ့ကောလေး၏လက်ထပ်ပွဲအကြောင်း ပြောခဲ့သည်။ သူက မျက်နှာဖြတ်ရိုက်ခံရဖို့ ထိုက်တန်သည်။ ဤလူ၏မိသားစုမှာလည်း လက်ထပ်မည့်အရွယ် ကောလေးတစ်ယောက်ရှိသည်။ သူက လီစုန့်ကမ်း၏ကောလေးနှင့် အကြိမ်ရေများစွာ နှိုင်းယှဥ်ခံခဲ့ရသည်။ မိဘတစ်ယောက်အနေဖြင့် သူစိတ်မဆိုးပဲမနေနိုင်ပေ။
“သူ့ကောလေး ဘယ်သူ့ကိုလက်ထပ်မှာလဲ မင်းသိလား?”
“ငါမသိဘူး။ ဘယ်မိသားစုမို့လို့ သူတို့က ဂုဏ်ယူနေတာလဲ?”
သတင်းဖော်ခဲ့သူက ပါးစပ်ကိုပိတ်ကာ တီးတိုးပြောလိုက်၏။ “အင်း! စုန့်ကမ်းမိသားစုက ပြောရမှာရှက်နေတာလေ။ သူ့ကောလေးက တစ်ယောက်ယောက်ရဲ့ အမြှာင်မယားအဖြစ် လက်ထပ်ရမှာ။ အဲ့ဒီမိသားစုရဲ့ ဇနီးက ကိုယ်ဝန်မရနိုင်လို့ သူတို့က ဒုတိယဇနီးရှာရင်း ဒီကောနဲ့အဆုံးသတ်သွားတာ။ ငွေဆယ့်ငါးပြားပေးပြီးနောက်ပိုင်း ကောလေးက လီမိသားစုနဲ့ မသက်ဆိုင်တော့ဘူး။”
“မဖြစ်နိုင်တာ.. ဒါက ကောလေးကို ရောင်းစားလိုက်တာမဟုတ်ဘူးလား?” တစ်ယောက်က မယုံနိုင်သလို ပင့်သက်ရှိုက်လိုက်သည်။
“သူမလုပ်နိုင်တာဘာရှိလဲ? သူက သူ့တူကိုတောင် ဒီလိုလုပ်နိုင်ခဲ့တာ။ ပြီးတော့ သူက ကောတစ်ယောက်လေ သားတစ်ယောက်လည်းမဟုတ်ဘူး။ သူ့မိသားစုက ဒီရက်ပိုင်း ဘယ်လောက်တောင် လိုက်ကြွားနေလဲသိလား? သူတို့ကပျော်နေတာ။”
“လီမိသားစုက ဒီကိစ္စကို သိလား? သိတာတောင် သူတို့က သူတို့ရဲ့ကောလေးကို အမြှောင်မယားဖြစ်နေချင်တာလား?”
“မသိလို့နေမှာပါ။ လက်ထပ်ပြီးသွားမှ သိတော့ရော ဘာထူးမှာလဲ? အဲ့ဒါက သူတို့တူလေးကို ပို့ခဲ့တုန်းကနဲ့ တူတူပဲလေ။ မိသားစုက ဘာရခဲ့လို့လဲ? သူတို့က သူတူလေးရဲ့ အိမ်နဲ့မြေကို စကားတစ်ခွန်းမှမပြောပဲ အပိုင်သိမ်းခဲ့တာ။”
“ဒါ ဝမ်းနည်းစရာပဲ!”
“မင်္ဂလာပွဲအခမ်းအနား! ကြင်စဦးမောင်နှံတို့ ဦးညွတ်ပါတော့မယ်!”
ထန်ချွန်းမင်က အခန်းထဲမှ တွန်းထုတ်ခံလိုက်ရသည်။ သူဝတ်ဆင်ထားသော မင်္ဂလာပွဲဝတ်စုံကို အားလုံးက ချီးကျူးခဲ့ကြသည်။ နီရဲနေသောနှုတ်ခမ်းနှင့် သွားဖွေးဖွေးလေးက သူ့ကို ငပျင်းလေးနဲ့တူစေသည်။ အပျော်တမ်းပွဲကြည့်ရန် ပင်မခန်းမသို့လာခဲ့သော တခြားရွာကလူများလည်း ရှိသည်။ သူတို့က ထန်ချွန်းမင်အကြောင်းကို အရင်ကကြားဖူးပေမယ့် ယခုမူ သူတို့က သူ့ကိုတွေ့လိုက်ရသည့်အခါ ထင်မြင်ချက်မပေးပဲ မနေနိုင်ခဲ့ပေ။
“ဒီလူက ကလေးတစ်ယောက်အဖေကို လက်ထပ်ချင်ခဲ့တာလည်း မဆန်းတော့ပါဘူး။ မြို့ပေါ်မှာ ငါတွေ့ခဲ့ဖူးတဲ့ကောလေးတွေတောင် သူ့လောက်မချောဘူး။”
“မြို့ပေါ်မှာပဲမဟုတ်ဘူး။ မြို့ပြက ကောတွေကိုလည်းမြင်ဖူးပေမယ့် သူတို့က သူ့လောက်ကြည့်မကောင်းဘူး”
ဤလူများ၏မှတ်ချက်များကို ကြားရသည့်အခါ တချို့ကောများက မနာလိုဖြစ်သွားခဲ့သည်။ ချမ်သဲဖူနှင့် မုဆိုးဖိုတစ်ယောက်၏လက်ထပ်ပွဲက ရွာထဲမှာ အချိန်အတော်ကြာအောင် ဆွေးနွေးစရာကိစ္စဖြစ််ခဲ့ပေမယ့် ယနေ့ဇနီးသစ်လေးနှင့်ယှဥ်လျှင် ထိုစွင်းအာက ပိုဆိုးသွားသည်။ ဤလူက ပွင့်လင်းပြီး လူတွေကိုကြည့်ခွင့်ပေးသလို သူဟာ စွမ်းဆောင်ရည်လည်းရှိပြီး ငွေလည်းရှာနိုင်သည်။ ယနေ့ စားသောက်ဆိုင်ပိုင်ရှင်ကလည်း ဤလူကိုလာကြည့်ခဲ့သည်။ ထိုစားသောက်ဆိုင်ပိုင်ရှင်ရဲ့ မျက်နှာကိုတွေ့တော့ တချို့လူပျိုကောလေးများက ရှက်သွေးဖြာသွားပြီး သူတို့မျက်လုံးတွေက သူ့အပေါ်မှာသာ ကပ်ငြိနေခဲ့သည်။
“အားလင်း… မြန်မြန်လာ… မင်အားမော့နဲ့ ဦးလေးဖုန်းတို့ လက်ထပ်တော့မှာ!” အာမောင်းက လူအုပ်ကြားထဲမှ အားလင်းကိုဆွဲခေါ်လာသည်။ အားလင်း၏မျက်နှာလေးက ပန်းရောင်သန်းနေ၏။ သူက ပျော်ရွှင်နေပြီး တစ်ချိန်တည်းမှာ ရှုပ်ထွေးနေ၏။ မင်္ဂလာပွဲပြီးလျှင် သူ့အားမူကို သူနဲ့သူ့ညီနှစ်ယောက်တည်း ပိုင်တော့မှာမဟုတ်ပေ။
ထန်ချွန်းမင်က ကောတစ်ယောက်ဖြစ်သော်လည်း လူတွေနဲ့တွေဆုံရာတွင် အနီရောင်ပုဝါမခြုံထားရသဖြင့် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် လီဖုန်းက သူ့အားကြည့်နေသည်ကို တွေ့လိုက်ရလျှင် သူက နည်းနည်းစိတ်လှုပ်ရှားသွားသည်။ သူ သူ့သားကို လှည့်ကြည့်လိုက်သည့်အခါ စိတ်လှုပ်ရှားမှုက ပျောက်ကွယ်သွားခဲ့သည်။ သူက သူ့သားကိုဖက်ပြီး အနမ်းကြီးကြီးပေးလိုက်သည်။ ကိုယ့်အားမူ၏မင်္ဂလာပွဲကို ကြည့်နေရခြင်းက ရှားပါးဖြစ်စဥ်ပင်။
“ဖေဖေ…” အားလင်းက ရှက်နေသည်။
နောက်ကလိုက်လာသော သမားတော်ဟဲက ယနေ့မှာ ကလေးတွေကို ဂရုစိုက်ပေးဖို့ တာဝန်ယူထားသည်။ ကြင်စဦးမောင်နှံနှစ်ယောက်က မနက်ဖြန်လည်း ကလေးကိုဂရုစိုက်ဖို့ အချိန်ရှိမည်မဟုတ်ပေ။ သူက အားလင်းကို အာပေးသလို ပြောလိုက်သည်။ “အားလင်း.. မင်းဖေဖေနဲ့ တခြားသူတွေကို ဘာပြောချင်လဲ?”
အားလင်းက ခေါင်းညိတ်ကာ သူ့အားမူ၏လည်ပင်းကိုဖက်လိုက်ပြီး လီဖုန်းဘက်လှည့်ကာ ရှက်ရှက်ဖြင့် တီးတိုးဆိုသည်။ “ဖေကြီးနဲ့ ဖေဖေ… မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါစေ။”
“လိမ္မာတယ်။” လီဲဖုန်းက အမူအရာကို ထိန်းချုပ်ကာ အားလင်း၏ခေါင်းကို ထိလိုက်သည်။ ဤသည်မှာ သူယနေ့ရရှိခဲ့သော အကောင်းဆုံးဆုတောင်းဖြစ်သည်ဟု ခံစားလိုက်ရပေမယ့် ဤလူ ဘယ်လောက်ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေကြောင်း ထန်ချွန်းမင်က သူ့အမူအရာနှင့် အသံမှ သိခဲ့ရလေသည်။
“လက်ထပ်ဖို့အချိန်ကျပါပြီ! မင်္ဂလာအချိန်ရောက်လာပြီ!”
“ဒီကိုလာ… အားလင်း.. ဘိုးဘိုးမင်းကို ချီမယ်။”
“မြန်မြန်လုပ်။ ငါတို့မိသားစုဖြစ်တော့မယ်ကွာ… နောက်မှ ရင်းရင်းနှီးနှီးနေကြစမ်းပါ။”
“ဟားဟား…”
ထိုသို့သော ဆူညံသောပတ်ဝန်းကျင်တွင် ထန်ချွန်းမင်နှင့် လီဖုန်းက ဒဏ္ဍာရီလာမင်္ဂလာပွဲကို စတင်ခဲ့လေသည်။ ယင်းက လီဖုန်း၏ပထမဆုံးအကြိမ်ဖြစ်သည်။ ထန်ချွန်းမင်က မူလကိုယ်၏မှတ်ဉာဏ်မှ မြင်ကွင်းများကို အမှတ်ရသော်လည်း အချိန်ခရီးသွားခဲ့သော ခေတ်သစ်လူသားတစ်ယောက်အဖြစ် အခမ်းအနားက အလွန်ထူးဆန်းနေသည်။ ထို့အပြင် သူ့နောက်ကစစ်သားများ၏အော်သံမှာ ဓမ္မဆရာထက်ပင် ကျယ်သေးသည်။ အခမ်းအနားတစ်ခုလုံးပြီးမြောက်သွားတော့ လူတစ်စုက သူနဲ့ လီဖုန်းကို သတို့သမီးအခန်းထဲသို့ တွန်းပို့လိုက်သည့်အခါ ထန်ချွန်းမင်က မိန်းမာနေဆဲပင်။
တစ်ချိန်တည်းမှာ ယွိမုနှင့် စစ်သားအုပ်စုက သတို့သမီးအခန်းထဲကို ပြေးလာပြီး ပြဿာရှာမလို့လုပ်သည်။ ကျန်းရှို့နှင့် တခြားလူများက ရှောင်ပေးလိုက်ရပြီး ထန်ချွန်းမင်ကို စိုးရိမ်သလို တစ်ချက်ကြည့်လိုက်သည်။ သူတို့က အကူအညီပေးဖို့ အင်အားမဲ့နေပေမယ့် ပွဲလာကြည့်သော ကလေးများကို သကြားလုံးက မုန််ဖိုးတချို့ဝေပေးလိုက်သည်။ ကလေးတွေက ကိုင်တွယ်ရလွယ်သည်။ သူတို့က သကြားလုံးတစ်ထုပ်နှင့် စာအိတ်နီတစ်ခုဆီယူကာ လူစုခွဲသွားကြသည်။ အခက်အခဲဆုံးမှာ ဆက်တိုက်အော်နေသည့် စစ်သားများနှင့် လီဖုန်းနှင့်ရင်းနှီးသော ရွာမှ အမျိုးသားများဖြစ်၏။
“မြန်မြန်လေး…အနမ်းပေးလိုက်ပါ။ ယောကျာ်းဆိုရင် အရည်အချင်းလေးလည်း နည်းနည်းပါးပါးထုတ်ပြ။ သူဌေး… ခင်ဗျားက ကျွန်တော်တို့ထက် ရှက်နေတာလား? အနမ်းမပေးနိုင်ရင် သူဌေးလို့မသတ်မှတ်တော့ဘူးနော်။ လက်ခံတယ်မလား ညီအစ်ကိုတို့?”
“မှန်တယ်!” ရယ်မောသံက ခေါင်းမိုးပေါ်မှ လွင့်ထွက်လုနီးပါးပင်။ ဤလူတွေက လီဖုန်းကို ထန်ချွန်းမင်ဆီသို့ တွန်းပို့ခဲ့သည်။
တစ်နှစ်တာ၏အအေးဆုံးနေ့ဖြစ်ပေမယ့် လီဖုန်းနှင့် ထန်ချွန်းမင်က ချွေးပျံနေ၏။ လီဖုန်းက လူအုပ်စုကို ကြည့်ကာ ထန်ချွန်းမင်၏ခါးကိုဖက်လိုက်ပြီး မျက်နှာပေါ်ကို နက်နက်ရှိင်းရှိုင်း နမ်းလိုက်လေသည်။ လူ့အုပ်စု၏အော်သံများက ပိုမိုကျယ်လောင်လာပြီး ခြံရှေ့ကလူတွေပင် ကြားသွားခဲ့သည်။
“ရပါပြီ.. ခင်ဗျားတို့ ထိုင်ပြီး စားသောက်ချင်သေးရဲ့လား? ကျွန်တော်တော့ ဗိုက်ဆာနေပြီ!” ထန်ချွန်းမင်က သူတို့ကိုစိုက်ကြည့်လိုက်ပေမယ့် သူ့ပါးပြင်က နီမြန်းလာခဲ့သည်။ သူ၏ခြိမ်းခြောက်မှုက အရာမထင်ပေမယ့် သူက သူ့အရှက်ကိုထိန်းရဦးမည်။ ထိုလူတွေက လီဖုန်းကို ဆွဲခေါ်သွားလေသည်။ သူတို့ဘာလုပ်နေတာလဲ? ဒါပေါ့ ပြိုင်သောက်ကြမလို့လေ…
နောက်ဆုံးမှာ အားလုံးထွက်သွားပြီး ထန်ချွန်းမင်က စိတ်သက်သာရာရသွားသည်။ ကျန်းရှို့နှင့် တခြားသူများကလည်း အသက်ရှူချောင်သွားသည်။ သူတို့က မင်္ဂလာပွဲမစခင်တည်းက ဤအရာများကို သည်းခံနေရတာဖြစ်၏။ ထန်ချွန်းမင်၏မင်္ဂလာပွဲဝတ်စုံက အနည်းငယ်ရှုံ့နေပြီး ဆံပင်ရှုပ်ပွကာ မျက်နှာနီမြန်းနေသည်ကို တွေ့လိုက်ရသည့်အခါ သူတို့က တခစ်ခစ်ရယ်ပြီး သူ့ကို ပြန်ပြင်ပေးကာ ပြောလိုက်သည်။ “နေရာသွားယူရအောင်။ သူတို့က ပွဲစဖို့ စောင့်နေတယ်။”
ကြင်စဦးမောင်နှံတွေ မထိုင်ရဆိုသည့် စည်းမျဥ်းမရှိပေ။ သူတို့၏လယ်တောအိမ်မှာ ပျော်ပွဲရွှင်ပွဲက ဘယ်လောက်ပဲအသက်ဝင်နေပါစေ သူတို့ဘော်ဒါတွေက ထန်ချွန်းမင် အပြင်ထွက်လာတာကို စောင့်နေခဲ့သည်။ ထန်ချွန်းမင်ကလည်း ရှက်မနေပေ။ သူက သပ်သပ်ရပ်ရပ်ပြင်ပြီး သူတို့နောက်လိုက်သွားခဲ့သည်။ သူက သူ့ဗိုက်ကိုအရင်ဖြည့်ပြီး နောက်မှအရက်သောက်မည်။
&&&&
ယွိမုဦးဆောင်သော ဤအဖွဲ့က သူ့ကိုဘယ်လောက်ထိသောက်ခိုင်းခဲ့လဲပင် လီဖုန်းမသိတော့ပေ။ စော်ဖောက်ထားသည့်အရက်က တော်တော်ပြင်းသည်။ ယင်းကိုကြိုတင်မျှော်လင့်ထားသည့်အတွက် လီဖုန်းက စစ်သားများကို အရက်ပါဝင်မှုအများဆုံး အရည်ပုလင်းပေးခဲ့သည်။ ဤလူတွေက ထိုကဲ့သို့ပြင်းထန်သောအရက်ကို ပထမဆုံးအကြိမ်သောက်ပြီးလျှင် လက်လွှတ်နိုင်မှာမဟုတ်ဘူးဆိုတာ လီဖုန်းသိသည်။ ထို့ကြောင့် လီဖုန်း၏အတွေးက ဤလူများကို အရင်မူးအောင် လုပဖို့ဖြစ်သည်။
သူကိုယ်တိုင်လည်း နည်းနည်းသောက်ပြီး ဖြစ်စဥ်ကိုလှည့်စားထားပေမယ့် သူလည်းမူးနေပြီဖြစ်၍ သမားတော်ဟဲဆီက ကြိုတင်ရထားသော အရက်ကျဆေးကိုသာ အားကိုးရတော့မည်။
ဤကောင်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားတာကိုမြင်သောအခါ လီဖုန်းက အိမ်အသစ်ကို ညစ်ညမ်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူနဲ့တိုက်မှာလား! ဟမ်!
လီဖုန်းက သူ၏ဂုဏ်ယူနေသောပုံစံကို ရှားရှားပါးပါးပြခဲ့သဖြင့် ရွာလူကြီးနှင့် သမားတော်ဟဲက သူ့ကိုကြည့်ကာ ရယ်မောလိုက်သည်။ ထို့နောက် သူတို့က စားပွဲပေါ်မှာ လဲကျနေသော သို့မဟုတ် စားပွဲအောက်မှာတွားသွားနေသော ထိုလူများကို မြင်လိုက်ရသောအခါ စားပွဲကိုထုပြီး ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြသည်။
“လိမ္မာတဲ့ကောင်လေး… မင်းက ဒီတစ်ခါကြိုတွေးထားတာပဲ။ သူတို့နိုးလာရင် အားဖုန်းကို ဘာလုပ်ကြမလဲမသိဘူး။” ရွာလူကြီးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ် ရင်ဆိုင်ရမှာဆိုတော့ ငါတို့ဒီနေ့ကို အရငိဖြတ်ကျော်ကြတာပေါ့။” သမားတော်ဟဲက ရယ်လိုက်သည်။
ဝမ်ယင်က မတ်တပ်ရပ်ကာ သူ့လက်မောင်းထဲမှာ အိပ်ပျော်နေသော အားလင်းနှင့်အတူ အခန်းထဲလျှောက်လာပြီး ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။ ပြိုလဲကုန်သော ဤလူတွေကြားမှာ သူ့သားထန်ချွန်းရုံလည်းပါသည်။ သူက သူ၏သောက်နိုင်စွမ်းကို မှန်းဆလွန်ပြီး အားဖုန်းနဲ့အတူ သောက်ခဲ့သည်။ သို့သော် ယနေ့က နေ့ရက်ကောင်းဖြစ်လို့ သူက သူ့ကို မတားခဲ့ပေ။ သူက ဤဝိုင်မျိုးကို အရင်ကလည်း သောက်ခဲ့ဖူးပြီး ခန္ဓာကိုယ်ကို မထိခိုက်စေသည့်အတွက် ခွင့်ပြုခဲ့တာဖြစ်၏။
လီဖုန်းက သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။ အခန်းထဲမှာ ဘယ်သူမှမရှိပေ။ မင်ကောအာ ဘယ်ရောက်သွားတာလဲ? ဒီနေ့က မင်္ဂလာဦးညဖြစ်၍ သူ့စိတ်က ရှူပ်ထွေးနေသည်။ ထိုအချိန်တွင် သူက အခန်းထဲက ရေသံကိုကြားလိုက်ရသည်။ သူက မင်ကောအာ ဘယ်ရောက်နေလဲသိသွားသဖြင့် ဟက်ခနဲရယ်လိုက်ပြီး ယိုင်တိယိုင်တိုင် ခန္ဓာကိုယ်ဖြင့် ထိုဘက်ခြမ်းသို့ လျှောက်သွားခဲ့သည်။ ဤအိမ်အသစ်က မင်ကောအာ၏ဒီဇိုင်းအတိုင်း ဆောက်လုပ်ခဲ့တာဖြစ်သည်။ ၎င်း၌ ရေချိုးဖို့ သီးခြားနေရာတစ််ခုရှိပြီး ကြမ်းခင်းအပူပေးစနစ်လည်းရှိသည်။ အပူချိန်က ယနေ့ပြင်းတာကြောင့် ယခုလိုအေးသည့်နေ့မျိုးမှာပင် ရေချိုးဖို့အဆင်ပြေသည်။
.
“မင်ကောအာ…” သစ်သားတံခါးလေးတွန်းဖွင့်လိုက်သည်နှင့် သူက စိတ်ပျက်သွားရပြန်သည်။ မင်ကောအာက ဘာလို့အဝတ်အစားဝတ်ထားတာလဲ? သူက မင်ကောအာ ရေချိုးခန်းထဲမှ ထွက်လာတာကို မြင်နိုင်မယ်လို့ ထင်ထားခဲ့သည်။
“ခင်ဗျားအချိန်မှန်ပြန်ရောက်လာတာပဲ။ ကျွန်တော်ခင်ဗျားအတွက် ရေနွေးဖြည့်ပေးထားတယ်။ လာချိုးလိုက်။ အရက်သမား..” ထန်ချွန်းမင်က သာမန်လေသံဖြင့်ပြောလိုက်ပေမယ့် သူက ထိုအသံကြားပြီး ရင်ခုန်သွားခဲ့သည်။ သူတို့က လင်မယားဖြစ်နေပြီကို.. မင်္ဂလာဦးညအကြောင်းတွေးပြီး ဘာလို့စိတ်လှုပ်ရှားနေတာလဲ?”
“မဟုတ်တာ.. သတို့သမီးအခန်း အရင်ဝင်ရအောင်**” လီဖုန်းက ငြင်းဆိုသည်။
(**မင်္ဂလာဦးညနဲ့တူတူပါပဲ။)
ထန်ချွန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူမူးနေတာလား? သူက သူ့ဆီသွားကာ သူ့မျက်နှာကိုထိလိုက်သည်။ “ခင်ဗျားမူးပြီး သွေးရူးသွေးတန်းတွေ ပြောနေတာလား?”
“ငါမမူးပါဘူး။ ယွိမုနဲ့တခြားသူတွေ မူးနေလို့ ပြိုကျသွားပြီး စားပွဲအောက်မှာ ဝပ်နေရတယ်။” လီဖုန်းက ညစ်ညမ်းသောအကြည့်ဖြင့် မျက်ခုံးပင့်လိုက်သည်။ သူ အပြင်ကမလာခင် ၎င်းကိုဖုံးကွယ်ထားပေမယ့် ယခုတော့ အလိမ်ပေါ်သွားရလေပြီ။
ဒါမမူးတာလား? သူတို့အပြုအမူက ပုံမှန်နဲ့ကွာခြားနေသည်။ ထန်ချွန်းမင်ကလည်း အမျိုးသားတစ်ယောက်ဖြစ်၍ အမူးသမားကို စကားပြောလည်း ဘာမှမထူးတာသိသည်။ သို့ဖြစ်၍ သူက ချော့ပြောလိုက်ရသည်။ “အင်းပါ…ခင်ဗျားမမူးပါဘူး။ ရေသွားချိုးရအောင်.. ကျွန်တော်ကူပေးမယ် ဟူတ်ပြီလား?”
“ကောင်းပြီ ..ဟီးဟီး.. မင်ကောအာ… ရေချိုးပေးပါ.. ငါတို့ မင်္ဂလာဦးကြမယ်။” လီဖုန်းက ပြုံးလျက် ထိုနေရာတွင်ရပ်ကာ မင်ကောအာကို စိုက်ကြည့်နေသည်။
မင်္ဂလာဦးည..မင်္ဂလာဦးည… မင်္ဂလာဦးညအကြောင်းတွေးကာ ထန်ချွန်းမင်က သူ့ကိုယ်သူသတိပေးရင်း ရှက်သွေးဖြာသွားသည်။