Chapter 68.1
“မင်္ဂလာဦးည”
ထန်ချွန်းမင်က အလွန်စိတ်ဓာတ်ကျသွားသည်။ ထိန်းထိန်းသိမ်းသိမ်းနေခြင်းနှင့် ရှက်ကြောက်ခြင်းက သူနဲ့ဘာမှမဆိုင်ပေ။ အပြင်ရှိ အသက်ဝင်နေသော ရှူခင်းအကြောင်းပြောပြနေသည့် ကျန်းရှို့နှင့် တခြားသူများ၏စကားကိုသာ နားထောင်လိုက်ရသည်။
မျှော်လင့်ထားသလိုပင် ရွာထဲက လူအများအပြားက ဂုဏ်ပြုဖို့ လက်ဆောင်များယူလာကြသည်။ ထိုလက်ဆောင်များသည် အထည်သို့မဟုတ် ထိုကဲ့သို့ တစ်စုံတစ်ခုသာဖြစ်ပြီး ထန့်ယွီနှင့် ချမ်းသာသောစစ်သားများပေးသည့် အရာများနှင့် ယှဥ်လို့မရသော်လည်း ၎င်းက သူတို့၏စေတနာသင်္ကေတဖြစ်သည်။ လာရောက်သူအားလုံးက ရွာလူကြီး၏အိမ်မှာနေရသည်။ အကြောင်းမှာ သူတို့က ယနေ့အခြေအနေကိုနားလည်လို့ဖြစ်၏။ မည်သူကမျှ လက်ဆောင်တစ်ခုယူလာပြီး တစ်မိသားစုလုံးကို ဧည့်ခံပွဲသို့ ခေါ်မလာကြပေ။ ထိုအစား သူတို့က ကိုယ်စားပြုတစ်ယောက်သာ လွှတ်ခဲ့သည်။ အေးနေသဖြင့် မင်္ဂလာဧည့်ခံပွဲကို အပြင်မှာ ကျင်းပလို့မရပေ။ သူတို့က အိမ်ထဲမှာ စားပွဲပြင်ပေးဖို့လည်း နေရာသိပ်မကျန်တော့ပေ။ တချို့လူတွေက ဂုဏ်ပြုဖို့လာရောက်ပြီးတာနဲ့ ပြန်သွားဖို့ပြင်သည်။ သူတို့က လီဖုန်းနှင့် တခြားသူများကို ဒုကွမပေးချင်ခဲ့ပေ။
လီဖုန်းနှင့် ထန်ချွန်းမင်က ဤအခြေအနေကို အရင်တည်းက မျှော်မှန်းခဲ့သဖြင့် သူတို့က သူတို့အိမ်၏အပိုခန်းများကို အသုံးပြုခဲသည့်အပြင် လီဖုန်းနှင့် ကျန်းရှို့၏အိမ်မှာလည်း စားပွဲပြင်ပေးထားပြီး ခန်းကိုစောစောအပူပေးကာ အိမ်ထဲမှာလည်း မီးလင်းဖိုထည့်ထားခဲ့သည်။ ဒါကြောင့် လူတွေက စားစရာအေးသွားမှာကို စိတ်ပူစရာမလိုပေ။
ကျန်းရှို့က သူ့လက်ချောင်းများကို ရေတွက်လိုက်ပြီး မည်သည့်မိသားစုများလာသည်ကို ပြောပြကာ ရယ်မောလိုက်သည်။ “ဦးလေးကျောက်လျိုရဲ့ မိသားစုပဲလာပြီး သူတို့က မီးဖိုချောင်မှာ ကူညီပေးနေတယ်။ တခြားကျောက်မိသားစုဝင်တွေ ရောက်မလာပေမယ့် သူတို့ ဒီနေ့မလာတာပဲကောင်းတယ်။ ဒါမှ အနှောင့်ယှက်မဖြစ်မှာ။ ဒါနဲ့ မင်း လီစုန့်ကမ်းရဲ့မိသားစုကိုလည်း မဖိတ်ခဲ့ဘူးနော်။ သူတို့လည်း မလာဘူး။”
“မဟုတ်ဘူး။” ထန်ချွန်းမင်က မျက်လုံးလှိမ့်ပြလိုက်သည်။ “အားဖုန်းက ဦးလေးလီကျန့်နဲ့ ရှန်းဖူလန်ကိုပဲဖိတ်ခဲ့တာ။ တခြားထိုင်ခုံကလူတွေက လီဖုန်းနဲ့ရင်းနှီးတဲ့လူတွေပဲ။”
ရှန်းဖူလန်လည်း ရှိသည်။ သူနဲ့ ရွာလူကြီးက လီစုန့်ကမ်းနဲ့သူ့ဇနီးကို မဖိတ်ခဲ့တာမှားတယ်လို့ ထန်ချွန်းမင် မထင်ပေ။ သူက ကျန်းရှို့ပြောတာကို သဘောတူသလို ခေါင်းညိတ်လိုက်သည်။ ကျန်းရှို့က ထန်ချွန်းမင်၏ဆိုလိုရင်းကို နားလည်သည်။ အကြီးအကဲလို့ ခေါ်တွင်ရမည့်သူများသည် မိုးမြေကန့်တော့ရာတွင် ကန်တော့ထိုက်သူများဖြစ်သည်။ သွေးသားတော်စပ်မှု ရှုထောင့်အရ ယနေ့ လီဖုန်းဖိတ်သင့်သူများက လီစုန့်ကမ််းနှင့် သူ့ဇနီးဖြစ်သည်။ သို့သော်လည်း လီဖုန်းနှင့် ထန်ချွန်းမင်က ဓလေ့ထုံးတမ်းများကို ဂရုမစိုက်သူများဖြစ်သည်။ ထိုလင်မယားကို ကိုးကွယ်ဖို့ပြောခြင်းက ပြဿနာရှာနေခြင်းသာဖြစ်၏။
သူတို့က သူတို့ကို မနှုတ်ဆက်သည့်အပြင် သူတို့နာမည်တွေလည်း ယနေ့ထိုင်ခုံစာရင်းတွင် မပါဝင်ပေ။ အပြင်ကလီမိသားစုက ဘာဖြစ်နေလဲသိပေမယ့် ဘယ်သူကမှ သူတို့မိသားစုအတွက် မပြောပေးချင်ကြပေ။ သူတို့မိသားစုအတွက် ပြောပေးချင်သူများကလည်း စာရင်းထဲ၌မပါပေ။ လူငယ်မျိုးဆက်တချို့က ဂုဏ်ပြူဖို့ရောက်လာကြသည်။ သူတို့၏မူလရည်ရွယ်ချက်မှာ လီဖုန်းနှင့်ရင်းနှီးဖို့ဖြစ်၍ သူတို့က ယနေ့လို ပျော်ရွှင်စရာနေ့မှာ မဟုတ်တာမပြောချင်ပေ။
&&&