ငါ့ ဥယျာဉ်လေးကို ရိုက်ကူးထားတဲ့ အကောင့်က မမျှော်လင့်ဘဲ နာမည်ကြီးလာခဲ့တယ်။
ငါ့ လက်တွေ ဗီဒီယိုထဲ ပါသွားလို့လား၊ ဒါမှမဟုတ် အဲဒီအချိန်က ဥယျာဉ် ရှုခင်းက တကယ်လှနေလို့လား မသိဘူး။
ငါဥယျာဉ်ထဲကို ရွှေ့ထားတဲ့ စန္ဒရားကို သူတို့ မြင်သွားကြတယ်။ အဲဒီတုန်းက ငါသီချင်းအသစ်တွေ စမ်းသပ် တီးခတ်နေတာ၊ နည်းနည်းတီးလိုက်၊ နည်းနည်း ရပ်လိုက်နဲ့ သံစဉ်ကို စဉ်းစားနေတာ။
ဖေကျင်းယန့်က ဥယျာဉ်ကို ရိုက်ကူးနေတာ၊ ဗီဒီယိုတွေကိုလည်း သူ တည်းဖြတ်ထားတာ။
ငါ ကောင်းတယ်ထင်လို့ တင်လိုက်တယ်။ ငါ စိုက်ပျိုးထားတဲ့ အိုးပင်တွေအတွက် ဈေးကြီးပေးပြီး ဝယ်တဲ့သူတွေတောင် ရှိလာတယ်။
တချို့ ကျွမ်းကျင်သူတွေက ဒါတွေဟာ ရှားပါးပြီး စိုက်ပျိုးရခက်တဲ့ မျိုးစိတ်တွေဆိုတာကို သိကြတယ်။
ငါက ရောင်းဖို့ အစီအစဉ် မရှိခဲ့ဘူး၊ ဒါပေမယ့် သူတို့က ဈေး အရမ်းပေးတော့ နည်းနည်းတော့ ရောင်းလိုက်တယ်။ ဖေကျင်းယန့်ရဲ့ ဘဏ်ကတ်ကိုတောင် ငှားသုံးလိုက်သေးတယ်။ ငါ့ ကတ်ကိုတော့ မသုံးချင်တော့ဘူး။ သူ အတော်လေး ကူညီပေးခဲ့တော့ ဒါကို သူ့လစာလို့ပဲ သတ်မှတ်လိုက်ပါတော့။
ဖေကျင်းယန့်က ဘဏ်ကတ်ကို သူ့လက်ထဲမှာ ဆော့နေရင်း မျက်လုံးတွေ ပြုံးပြီး ပြောတယ်။
"ရှောင်ကျန်း၊ မင်း ကိုယ့်ရဲ့ sugar daddy လုပ်မလို့လား"
ငါ ရိုးရိုးသားသားပဲ ပြောလိုက်တယ်။
"ငါ တတ်နိုင်မှာ မဟုတ်ဘူး"
သူ ရယ်မောလိုက်တယ်။
"မင်း တတ်နိုင်ပါတယ်၊ ကိုယ်က အရမ်း ဈေးပေါတယ်"
ငါ စကားဆက်မပြောတော့ဘူး။
သူတို့က ငါ့လက်တွေ ဗီဒီယိုထဲမှာ ပါနေတာကို မြင်ရတာ ကြိုက်တယ်လို့ ပြောကြတော့ ဖေကျင်းယန့်က တချို့ကို ရိုက်ကူးပေးခဲ့တယ်။
ငါ အကောင့်နှစ်ခုကို မတူညီစွာ ကိုင်တွယ်ခဲ့တယ်။ သီချင်းဆိုတဲ့ အကောင့်က တင်ပြီးရင် ဘာမှ မထိတော့ဘူး။ ဒါပေမယ့် ဥယျာဉ်လေး အကောင့်ကိုတော့ မှတ်ချက်တချို့ ပြန်ဖြေပေးဖို့ ဆန္ဒရှိတယ်။
သူတို့ ငါ ဥယျာဉ်ကို ဂရုစိုက်ပြင်ဆင်နေတာကို ကြိုက်ကြတယ်၊ သူတို့မှာ အနုပညာ အမြင်ရှိတယ်။
~~~