Chapter 14
Viewers 4k

ဖေကျင်းယန့်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက တော်တော်လေး ပျော်စရာကောင်းတယ်။ 


သူက တစ်ခါတလေ လုပ်ငန်းကိစ္စတွေ ရှင်းဖို့ ခရီးထွက်ရတတ်တယ်။ ကျန်တဲ့အချိန်တွေမှာတော့ ဒီမှာပဲ နေတယ်။ သူ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲတော့ မသိဘူး။ 


ရွာလမ်းကို ကွန်ကရစ်လမ်းအဖြစ် ခင်းပြီးပြီ။ 


ပိုက်ဆံက တကယ်ကို လောကကြီးကို လည်ပတ်စေတာပဲ။ ရန်ပုံငွေ ရတာနဲ့ စီမံကိန်းကို အမြန်ပြီးစီးခဲ့တယ်။ 


သွားလာရ ပိုလွယ်ကူလာတော့ ပြင်ပစီးပွားရေးလည်း ဝင်ရောက်လာနိုင်တယ်။ 


ရွာအကြီးအကဲက ဒီရက်ပိုင်း အရမ်းပျော်နေတာကို ငါ တွေ့လိုက်ရတယ်။ ဘယ်လို သတင်းကောင်းများ ရှိလို့လဲတော့ မသိဘူး။ 


ဖေကျင်းယန့် ဒီရက်ပိုင်း ဒီမှာ မရှိဘူး။ သူ ပြန်လာရင် milk tea တစ်ခွက် ဝယ်လာပေးဖို့ မှာလိုက်တယ်။ မသောက်ရတာ ကြာပြီ။ တော်တော်လေး လွမ်းနေပြီ။


~~~