Chapter 16
Viewers 4k

ငါ သူတို့အားလုံးရဲ့ အကြည့်အောက်ကနေ လျှောက်သွားတော့ ရွာအကြီးအကဲကစိုးရိမ်တကြီး ပြောနေတုန်းပဲ။


"ရှောင်ကျန်း၊ ဒါက ငါတို့ရွာမှာ ရိုက်ကူးနေတဲ့ အစီအစဉ်အဖွဲ့ပါ၊ သူတို့ မင်းရဲ့ ဥယျာဉ်လေး လှတယ်ဆိုပြီး လာလည်ချင်ကြတယ်၊ မင်း..." 


"ရွာအကြီးအကဲ" 


ငါ့လေသံက ပေါ့ပေါ့ပါးပါးပဲ။


"ကျွန်တော် သဘောမတူဘူး" 


ပြောပြီးနောက် ငါ သော့ထုတ်ပြီး တံခါးဖွင့်လိုက်တယ်။ 


ကျန်းယိမင်က ရုတ်တရက် ထပြောတယ်။


"ကျန်းချန်၊ မတွေ့တာ ကြာပြီ" 


အဲဒီမှာ ရှိနေတဲ့လူတွေက သူ့စကားကို ကြားလိုက်ရတော့ ရုတ်တရက် သတိဝင်လာကြတယ်။ 


"ကျန်းချန်၊ မင်း ဒီလောက်ကြာအောင် ဘယ်ရောက်နေခဲ့တာလဲ၊ လူတိုင်း မင်းကို စိတ်ပူနေကြတာ၊ ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတာလဲ" 


"အခု ကင်မရာရှေ့မှာ လူတိုင်းကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ မဟုတ်လား၊ သူတို့ အားလုံး မင်းကို လွမ်းနေကြတယ်" 


ကျန်းယိမင်က ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်တယ်။ ဒီလှည့်ကွက်ကို ငါ့အပေါ် ဆက်သုံးလို့ရမယ်လို့ သူ ထင်နေတယ်။ 


ငါ လှည့်ကြည့်လိုက်ပြီး ကင်မရာကို မြင်တော့


“မင်းတို့ တိုက်ရိုက်ထုတ်လွှင့်နေတာလား" 


အဲဒီအခိုက်အတန့်မှာ လူတိုင်း တိတ်ဆိတ်သွားကြတယ်။ 


ငါ ဒီလို မြင်ကွင်းမျိုးနဲ့ အကြာကြီး မရင်ဆိုင်ခဲ့ရဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး။ 


ကြည့်ရှုသူတွေ ဘာတွေးနေလဲဆိုတာ ငါ ခန့်မှန်းနိုင်တယ်။ ငါ့မှာ နောက်ထပ် နောက်ခံအင်အား တစ်ခုခု ရှိနေလား။


ဒီလို ရုပ်သံအစီအစဉ်ကနေတစ်ဆင့် နာမည်ဖြူစင်အောင် ပြန်လုပ်ပြီး ပြန်ပေါ်လာဖို့ ပြင်ဆင်နေလားဆိုပြီး ခန့်မှန်းနေကြတာ ဖြစ်နိုင်တယ်။


ငါ တကယ်ကို ဂရုမစိုက်နိုင်တော့ဘူး။ 


ငါ ပြောလိုက်တယ်။ 


"တောင်းပန်ပါတယ်၊ ငါ ဒီမှာရှိတဲ့ လူတိုင်းနဲ့ သိပ်မရင်းနှီးပါဘူး၊ ဒါကြောင့် မင်းတို့ကို ဆက်ထားတော့မှာ မဟုတ်ပါဘူး" 


ပြီးတော့ တံခါးဖွင့်ပြီး ပြနပြန်ပိတ်လိုက်တယ်။ သူတို့ကို အပြင်မှာ ထားခဲ့ပြီး အထဲဝင်သွားတယ်။ သူတို့ ဘယ်သူတွေ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။


~~~