Chapter 01
Viewers 975

Chapter 01


“ဟင်္သာပြဒါးရိုင်းမှဲ့ ရှိနေတုန်းပဲ”


ကြီးမားသော ကျုံးယုံမြို့စားကြီးစံအိမ်ကို မီးပုံးများနှင့် အရောင်အသွေးစုံလင်စွာ အလှဆင်ထားသော်လည်း စံအိမ်မှာ အလွန်တိတ်ဆိတ်နေပြီး အစေခံများက ဆူညံသွားလျှင် သခင်ကိုစော်ကားမိမှာ စိုးရိမ်တာကြောင့် ခြေဖျားထောက်ကာပဲ လမ်းလျှောက်ဝံ့ကြသည်။


ကျုံးယုံမြို့စားကြီး၏မဒမ်က သူမ၏ကောကို သွယ်လျသော လက်တွေနဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ “ဟန်ကောအာ၊ ဒီနေ့မင်းနဲ့ငါ နှုတ်ဆက်ရတော့မယ်၊ ငါတို့ပြန်တွေ့ရပါ့မလား မသေချာဘူး။ တိုင်းပြည်ရဲ့ အင်အားညံ့ဖျင်းမှုကြောင့်သာ မဟုတ်ရင် ငါတို့သားအမိ ဒီလိုမျိုး ခွဲခွာရတဲ့ ဝေဒနာကို ခံစားရမှာမဟုတ်ဘူး။ နောက်ဆိုရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့မမေ့ပါနဲ့။ အဲ့ဒီနောက်မှာ မင်းခင်ပွန်းကို စောင့်ရှောက်ပါ။ ကလေးတွေကို ပြုစုပျိုးထောင်ပါ။ စံအိမ်ရဲ့သခင်မဖြစ်အောင်လုပ်ပါ။”

အနီရောင်မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော ကောလေးတစ်ယောက်သည် ငိုရှိုက်နေပြီး “ကျွန်တော်နားလည်ပါတယ်၊ အမေရဲ့သွန်သင်မှုတွေကို မှတ်ထားပါ့မယ်။”

ကျုံးယုံမြို့စားကြီး၏မဒမ်က ရှန်းယုဟန်၏ရှည်လျားသော အနက်ရောင်ဆံနွယ်ကို ချစ်စဖွယ်ပွတ်သပ်လိုက်ပြီး သူမမျက်လုံးများက မျက်ရည်များနှင့်ပြည့်နေသည်။ “မင်းကိုယ်မင်း ဒုက္ခမရောက်စေနဲ့၊ အမေက မင်းကို တက်နိုင်သမျှ သင်ပေးပြီးပြီ။ အနာဂတ်မှာ ဘယ်လိုဆက်သွားချင်လဲဆိုတာ မင်းအပေါ်မူတည်တယ်။”

“ဟုတ်ကဲ့၊ ကျွန်တော်နားထောင်ပါမယ်၊ အမေ့ကို စိတ်မပျက်စေရပါဘူး။” ရှန်းယုဟန်က ခေါင်းညိတ်လိုက်တာကြောင့် သူ့ခေါင်းပေါ်က ရတနာများက အနည်းငယ် လှုပ်ရမ်းသွားသည်။ 

“လိမ္မာတဲ့ကလေး၊ ငါရဲ့လိမ္မာတဲ့ကလေး။” သူမဘာကြောင့် စိတ်ရှုပ်ထွေးနေမှန်း မသိပေမယ့် ကျုံးယုံမြို့စားကြီး၏မဒမ်က သူမလက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို အလန့်တကြားချွတ်လိုက်ပြီး ရှန်ယုဟန်၏ လက်ကောက်ဝတ်မှာ တပ်ပေးလိုက်သည်။ “ဒါ အမေ့ကို မင်းအဘွားပေးခဲ့တာ အခု မင်းလက်ထဲအပ်လိုက်မယ်။”

“ဒါက အမေ့ရဲ့အမြတ်နိုးဆုံးအရာလေ။” ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “အမေပဲ သိမ်းထားသင့်ပါတယ်။”

“ဒါက ပြင်ပပစ္စည်းတစ်ခုပါပဲ၊ မွေးကတည်းက ပါလာတာမဟုတ်ဘူး၊ သေရင်လည်း လိုက်မလာဘူး။ မင်းယူထားလို့ရတယ်၊ ဒီချူပြည်နယ်က ခရီးအရှည်ကြီး၊ အမေက မင်းကို ကူပေးနိုင်မှာမဟုတ်ဘူး။ သတိပေးချက်တစ်ခုလို့ပဲ တွေးလိုက်ပါ။” ကျုံးယုံမြို့စားကြီး၏မဒမ်က ပြောလိုက်သည်။

“ကောင်းပါပြီ” ရှန်းယုဟန်က နောက်ဆုံးမှာ လက်ကောက်ကို လက်ခံလိုက်သည်။

ရှန်းယုဟန်က ကျုံးယုံမြို့စားကြီးစံအိမ်၏ ပထမဆုံးကောဖြစ်သည်။ လက်ထပ်ရန်ကမ်းလှမ်းသည့် အရွယ်သို့ရောက်လာသောအခါ မရေမတွက်နိုင်သော အောင်သွယ်တော်များက ကျုံးယုံမြို့စားကြီးစံအိမ်ကို ရောက်လာခဲ့ကြသည်။ သူ့ကိုလက်ထပ်ချင်သော အမျိုးသားများက မင်းသားများနှင့် ပဒေသရာဇ်ဘုရင်၏မြေးမှစ၍ ကြွယ်ဝချမ်းသာသော ကုန်သည်များအထိ အရှေ့မြို့မှအနောက်မြို့သို့ စီတန်းနေသည်။ 

ချီတိုင်းပြည်၏ နိုင်ငံ့အင်ပါးက တစ်နေ့ထက်တစ်နေ့ ကျဆင်းနေသောကြောင့် လွန်ခဲ့တဲ့တစ်နှစ်က ချူးတိုင်ပြည်နှင့် စစ်ပွဲတွေ ကျရှုံးသွားခဲ့ရာ ချီတိုင်းပြည်က မြို့တစ်မြို့ကို ဆုံးရှုံးခဲ့ရပြီး ပြည်သူများက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ချူတိုင်းပြည်၏ အုပ်ချုပ်သူက မြို့တော်၏ပထမဆုံးကောဖြစ်သူ ရှန်းယုဟန်နှင့် ထိုပြည်နယ်တွင် အိမ်ထောင်ပြုပြီးလျှင် သိမ်းပိုက်ထားသော မြို့ကို ချီတိုင်းပြည်ကို ပြန်ပေးကာ နှစ်နှစ်အတွင်း ချီတိုင်းပြည်ကို တိိုက်ခိုက်ခြင်းကို ရပ်တန့်ပေးမည်ဟု ပြောခဲ့သည်။ 

ဧကရာဇ်အိုကြီးသည် အမြင်မှုန်ဝါးနေတာကြောင့် သူ့လက်ထဲက အာဏာသည် ဧကရီဘုရင်မ လက်ထဲကို အတန်ကြာ ကျရောက်နေခဲ့တာကြောင့် ချီတိုင်းပြည်က မျိုးရိုးအမည်ချီမရှိတော့ပဲ ဧကရီဘုရင်မက ဧကရာဇ်အို၏လက်ကို ငှားကာ အင်ပါယာအမိန့်ပြန်တမ်းကို ထုတ်ခဲ့တာကြောင့် ရှန်းယုဟန်က ငြိမ်းချမ်းရေးအတွက် လက်ထပ်ရန် ချူတိုင်းပြည်ကို ပို့ဆောင်ခံခဲ့ရသည်။

ရှန်းမိသားစုက ရှန်းယုဟန်ကို မျက်ရည်များဖြင့် ​ထမ်းစင်ဆီကို ပို့ပေးခဲ့ပြီး ကျုံးယုံမြို့စားကြီးက သူ့ကို လက်ထပ်ပွဲထိ စောင့်ရှောက်ပေးရန် အစောင့်တစ်ရာကျော်ကို ကိုယ်တိုင် အမိန့်ပေးခဲ့သည်။

ရှန်းမိသားစုတင် ဝမ်းနည်းနေကြတာ မဟုတ်ပဲ ရှန်းယုဟန်နှင့် လက်ထပ်ဖို့ တောင်းဆိုခဲ့ကြသည့် အမျိုးသားများကလည်း လက်ထပ်ပွဲအခမ်းအနားကိုကြည့်ဖို့ မြို့တံခါးကို သွားခဲ့ကြပြီး ချီတိုင်းပြည်၏ ပထမဆုံးကောက ချူဘုရင်ကို ဒီလိုမျိုး လက်ထပ်ရလိုက်သည်ကို စိတ်မကောင်းဖြစ်ခဲ့သည်၊၊ ချူတိုင်းပြည်၏ အုပ်ချုပ်သူက ရက်စက်သော နှာဘူးတစ်ယောက်ဖြစ်တာကြောင့် ရှန်းယုဟန်၏အလှတရားနှင့် ထင်ရှားသော ရုပ်ရည်အတွက် သနားစရာကောင်းလွန်းသည်။

အချိန်နဲ့ ကံကြမ္မာပါပဲ။

ရှန်းယုဟန်က ထမ်းစင်တွင် ထိုင်နေပြီး မြို့မှထွက်ခွာလာသောအခါ ထမ်းစင်မှ ရထားလုံးသို့ ပြောင်းလိုက်တာကြောင့် မူးဝေသွားသည်။



ခုနှစ်ရက်မြောက်နေ့ ညနေခင်းတွင် လက်ထပ်ပွဲဝေါယဥ်သည် အနားယူရန် နေရာတစ်နေရာကို ရှာနေသော်လည်း တောင်တန်းများ၏ တိတ်ဆိတ်မှုသည် သွေးရနံ့များနှင့် ပြည့်နှက်သွားက လူတွေသည် ကြောက်ရွံမှုကြောင့် တုန်ယင်နေကြသည်။

လူတစ်စုက တောထဲမှ ရုတ်တရက် ပြေးထွက်လာကာ လက်ထပ်ပွဲဝေါယဥ်ကို ဆန့်ကျင်ကာ အော်ဟစ်ရန်ဖြစ်ကြပြီး နှစ်ဖက်လုံး တစ်ဖက်နဲ့တစ်ဖက် သတ်ဖြတ်ကြပြီး တောထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ 

ရှန်းယုဟန်က လက်သီးကို တင်းတင်းဆုပ်ကာ အပြင်မှာ လမ်းလျှောက်နေသည့် အစေခံကို စိုးရိမ်စွာ မေးလိုက်သည်။ “မော့ကျူး၊ ဘာတွေဖြစ်နေတာလဲ?”

အစေခံမလေးက အော်ဟစ်ကာ “သခင်လေး၊ တိုက်ပွဲစတော့မယ်၊ ထွက်လာလို့မရဘူး!”


သို့သော် သူမစကားပြောပြီးသည်နှင့် ရထားလုံးက ရုတ်တရက်ပြေးနေကာ မြင်းကို ဓားပြများက သိမ်းလိုက်ပြီး မြင်းခြေထောက်မှာ ဓားဒဏ်ရာ ရထားတာကြောင့် မြင်းသည် ထိတ်လန့်စွာ ထွက်ပြေးနေခဲ့တာဖြစ်သည်။


ရထားလုံးထဲမှ ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ သူ့ကိုယ်သူ ပြုတ်ကျခြင်းမှ ကာကွယ်ရန် ရထားလုံးထဲက တံခါးအစွန်းကို ကိုင်ထားလေသည်။

မြင်းစီးသူရဲများက ဘယ်ကိုရောက်နေမှန်းမသိ၍ ရှန်းယုဟန်က မြင်းဘယ်လိုစီးရမလဲ မသိတာကြောင့် ရထားဘီးက ထိုးထွက်နေသော ကျောက်တုံးပေါ်မှ ဖြတ်ပြေးကာ ခန္ဓာကိုယ်က မတည်မငြိမ်ဖြစ်ပြီး သူ့ခေါင်းက တံခါးအစွန်းနဲ့ ရိုက်မိသွားသည်။ ထို့နောက် ရှေ့က လမ်းတွေက ပို၍ မတည်မငြိမ်ဖြစ်လာကာ တံခါးကို ခြစ်နေသော အကိုင်းအခက်များနှင့် သစ်ရွက်သံများကိုသာ ကြားရတော့သည်။ ရထားလုံးတံခါးက ရုတ်တရက်ပွင့်သွားပြီး ရှန်းယုဟန်က ဟန်ချက်မထိန်းနိုင်တော့ပဲ မြင်း၏ ပြေးနှုန်းက ပိုနှေးလာလေသည်။ သူလွတ်မြောက်သွားပြီဟု တွေးမိသည့်အချိန်မှာပဲ မြင်းက လေထဲကို မြှောက်သွားကာ မြင်းက ရထားလုံးနဲ့အတူ ချောက်ကမ်းပါးအောက်ကို ပြုတ်ကျသွားလေသည်။

တစ်ကိုယ်လုံးနာကျင်နေသော ရှန်းယုဟန်သည် ရထားလုံးထဲမှ ထွက်လိုက်ကာ သူမျက်လုံးမမှိတ်ခင်တွင် သူသေသွားရင် ချူဘုရင်နှင့် လက်ထပ်စရာမလိုတော့ဟု တွေးလိုက်မိသည်။

ယခုညတွင် ပြီးဆုံးသွားသော ရှန်မိသားစုဧည့်ခံပွဲတွင် ရယ်စရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ထိုအရာမှာ အထက်တန်းလူ့အဖွဲ့အစည်းမှ အမျိုးသားနှင့် အမျိုးသမီးများအတွက် ည၏ဒုတိယအဖြတ်တွင် ဆွေးနွေးစရာ ခေါင်းစဥ်တစ်ခုဖြစ်ခဲ့သည်။ 

အမည်မသိလူငယ်တစ်ဦးသည် ချမ်းသာသောသမီးတစ်ဦးနှင့် အငြင်းပွားခဲ့ပြီး သူတို့ငြင်းခုံရခြင်းအကြောင်းမှာ ရှန်မိသားစု၏ တတိယမြောက်မဒမ်မှ မွေးဖွားသော လေးယောက်မြောက် သခင်ငယ်လေး ရှန်ချီယွင်ဖြစ်သည်။ 



ချမ်းသာသောသမီးတော်ရှေ့မှ အမည်မသိလူငယ်သည် ရှန်ချီယွင်ကို ကြိုက်နေတာဖြစ်ပြီး သူမကို မောက်မာစွာ လှောင်ပြောင်နေတာကြောင့် ချမ်းသာသော သမီးငယ်က သူ၏မောက်မာ၍ စိတ်ပျက်စရာကောင်းသော မျက်နှာကို သည်းမခံနိုင်တော့တာကြောင့် နှစ်ဦးသား ရန်ဖြစ်နေကြသည်မှာ အမှန်ပင် မိန်းကလေးများရန်ပွဲကဲ့သို့ ဆံပင်ဆွဲကာ မျက်နှာကုတ်ဆွဲခြင်းဖြစ်ပြီး လူငယ်လေးက ဒေါက်မြင့်စီးထားသော ချမ်းသာသော သမီးငယ်နှင့် မယှဥ်နိုင်ပဲ ရေကန်ထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။

ဧည့်သည်အားလုံးက လူငယ်လေးကို ရေကူးနိုင်တယ် ထင်လိုက်ကြသော်လည်း သူက အချိန်အတော်ကြာအောင် အပေါ်ကို တက်မလာတာကြောင့် လူတစ်ယောက်က အောက်ဆင်းကာ သွားကယ်ခဲ့သည်။ ငါးမိနစ်သာ ကြာခဲ့လျှင် လူတွေပျောက်ဆုံးသွားပြီဟု ထင်သွားမည်ဖြစ်၏။

အခမ်းအနားမှူးက လူနာတင်ကားကို ချက်ချင်းခေါ်ကာ ထိုလူငယ်ကို ဆေးရုံကိုပို့ကာ ကယ်တင်ခဲ့တာကြောင့် ဘယ်သူမှမသေခဲ့ပေ။

ထိုလူငယ်လေးနဲ့ ပါဝင်ပတ်သတ်ခဲ့သည့် ချမ်းသာသော သမီးငယ်အပါအဝင် လူတိုင်းက သက်ပြင်းချလိုက်မိသည်။

ဒုတိယထပ်ကနေ အားလုံးကို မြင်လိုက်သော လျှိုထန်က သူ့ဘေးက ရှန်ချီဟွမ်းကိုကြည့်ကာ “မင်းရဲ့သတို့သားလောင်းက ရေနစ်လုနီးပါး ဖြစ်နေတာကို မင်းဘာလို့ မတုံ့ပြန်တာလဲ?”

ရှန်ချီဟွမ်းက သူ့သူငယ်ချင်းကိုကြည့်ကာ “ငါ့ဆီက ဘာတုံ့ပြန်မှုကို လိုချင်တာလဲ၊ ဝမ်းနည်းတကြီးငိုတာလား၊ သေချင်လောက်တဲ့ထိ ဝမ်းနည်းပြတာလား?”

မျိုးရိုးနာမည်ရှန်းက ရေမကူးတတ်တာ တကယ်ကို ဘယ်သူမှမသိပေ။ 

လျှိုထန်က စိတ်ဝင်စားစွာ မေးလိုက်သည်။ “သူက မင်းညီ ချီယွင်ကို ကြိုက်နေတာ၊ အဲ့ဒါလည်း စိတ်ထဲမထားဘူးလား?”

ရှန်ချီဟွမ်းက ဝိုင်ခွက်ကို အောက်ချလိုက်ကာ “အဘိုးကြီးက ငါ့ကို အတင်းလက်ထပ်ခိုင်းခဲ့တာပဲ၊ ဘာကို စိတ်ထဲထည့်ရမှာလဲ? အနာဂတ်မှာ ကိုယ့်ဘဝကိုယ် ရှင်သန်ကြမယ်၊ ငါက အဘိုးကြီး ကျေးဇူးပြန်ဆပ်ဖို့ အသုံးချခံရတဲ့ ငါးဆားနူလေးပါပဲ။”

ဘာလို့ဆို အကြီးဆုံးလည်းမဟုတ် အငယ်ဆုံးလည်းမဟုတ်ပဲ သူက အသုံးချခံလေးဖြစ်လာတာလေ။ 

ရှန်းယုဟန် နိုးလာသောအခါ သူ့လည်ပင်းက ခြောက်သွေ့နေပြီး မသက်မသာဖြစ်ကာ သူ့တစ်ကိုယ်လုံး နာကျင်နေခဲ့သည်။ သူ့အသိစိတ် အလုံးအလျား ပြန်ဝင်လာသောအခါ သူက ခြောက်သွေ့နေသော မျက်လုံးများကို ဖွင့်လိုက်ပြီး အရာအားလုံးက ဖြူဖွေးနေကာ သူတစ်ခါမှမရဖူးသည့် မရင်းနှီးသော အနံ့ဆိုးတစ်ခုကို ရလိုက်ပြီး ထိုရနံ့က မနှစ်မြို့စရာဖြစ်နေသည်​။

တစ်စုံတစ်ယောက်က သူဘယ်လိုနေလဲမေးပြီး မျက်ခွံကိုမလိုက်လေသည်။ ဒီမှာရှိတဲ့ အရာအားလုံး ထူးဆန်းလိုက်တာ!

မျက်ခွံကို မလိုက်သောလူက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည့် ဆံပင်တိုနဲ့ လူငယ်လေးတစ်​ယောက်ဖြစ်ပြီး အမျိုးသားကောများက မိန်းက​လေးများနှင့်တူတာကြောင့် လူတွေနဲ့ ဆက်ဆံရာတွင် တိုက်ရိုက်ထိတွေ့ခွင့်မရှိချေ။ သူကဘယ်လိုတောင် မျက်ခွံကို မလိုက်တာလဲ!

သူကြည့်ရတာ အကျင့်ဖြစ်နေသလိုပဲ၊ သမားတော်များလား?

သူဘယ်ရောက်နေတာလဲ၊ မသေသေးဘူးလား၊ သူတို့က ဘယ်သူတွေလဲ?

ရှန်းယုဟန်၏စိတ်ထဲတွင် ကမောက်ကမဖြစ်နေကာ သူက အာဏာရှင်ဘုရင်ကို လက်ထပ်တော့မှာကို သတိရသွားသောအခါ ပို၍ပင် ထိတ်လန့်သွား၏။

စိုးရိမ်တကြီး လမ်းလျှောက်နေကြသည့် လူများကိုကြည့်ပြီးနောက် သူ့အပေါ်က မကောင်းသောရည်ရွယ်ချက်တွေကို မပြတော့မှသာ စိတ်အေးသွားပြီး သူ့နားထဲတွင် သူတို့အသံကို ကြားလိုက်ရသည်။

သူသည် စောင်မှအိပ်ရာခင်းအထိ ဖြူဖွေးနေသော ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ရှေ့တွင်ထိုင်နေသော အမျိုးသမီးက ဆံပင်ကို ထုံးထားကာ မိတ်ကပ်ပါးပါးနှင့် နီရဲသော နှုတ်ခမ်းနီကို ဆိုးထားကာ သူမကိုယ်နှင့်ကွက်တိကျသော အဝတ်ပါးပါးတစ်ခုကို ဝတ်ဆင်ထားသည်။

ရှန်းယုဟန်၏ မျက်လုံးထဲတွင် အမျိုးသမီး၏ဂါဝန်က ထင်သာမြင်သာနေသော်လည်း သူတို့ချီတိုင်းပြည်က အမျိုးသမီးများမှာ အဆင့်အတန်းမြင့်မားတာကြောင့် အလားတူဝတ်စုံများကို လမ်းမပေါ်တွင် မြင်တွေ့ခဲ့ရပြီး ကောတွေကတော့ ရှေးရိုးဆန်စွာ ဝတ်ဆင်လေ့ရှိသည်။

ဒီနေရာက အရာအားလုံးကို သူအရင်က မမြင်ဖူးသော်လည်း အမျိုးသမီး၏ ဝတ်ဆင်ထားပုံမှာ ဒီနေရာ၏ ဝိသေသနှင့် ဆက်စပ်လောက်သည်။

ရှန်းယုဟန်က လူအများကြီးကို တွေ့ဖူးပြီး သူတို့သူ့ကို ကြည့်နေသောအကြည့်တွင် မကျေနပ်မှုကို ခံစားနိုင်သည်။

ရှန်းယုဟန်က တစ်ဖက်လူ၏နာမည်ကို ခန့်မှန်းနေသောအခါ အမျိုးသမီးက အပြစ်တင်လာလေသည်။ “ယုဟန်၊ မင်းက ရက်အနည်းငယ်မှာ ရှန်ချီဟွမ်းနဲ့ လက်ထပ်ရတော့မှာ၊ မင်းပုံရိပ်ကို ဂရုစိုက်ပါဦး၊ မင်းအန်ကယ်ရှန်က အခုကစပြီး မင်းကို စံအိမ်မှာထားပြီး မင်းနဲ့ရှန်ချီဟွမ်း လက်ထပ်ပြီးမှ လုပ်ချင်တာလုပ်လို့ရမယ်လို့ ပြောလိုက်တယ်။ မင်းမျက်နှာခြစ်ရာတွေကြီးပဲ၊ ဘာလို့ရှုပ်ထွေးနေမှာလဲ၊ မင်းနဲ့သက်ဆိုင်တဲ့အရာနဲ့ မသက်ဆိုင်တဲ့အရာကို ခွဲခြားသိရမယ်လေ။”


သူမက ရှန်ထျန်းဖုန်း၏ တတိယဇနီး သွမ့်ချူးဟွေ့ဖြစ်သည်။

ရှန်းယုဟန်က သူမစကားကိုကြားကာ မျက်နှာကိုထိလိုက်သောအခါ သူ့မေးစေ့ပေါ်တွင် ဖိလိုက်ရင် အနည်းငယ်နာကျင်သည့် အဖုအထစ်တစ်ခုရှိနေသည်။ သူဒဏ်ရာရခဲ့တာလား?

သွမ့်ချူးဟွေ့က ပြောလိုက်သည်။ “သူနာပြုက မင်းကိုဆေးလိမ်းပေးထားတယ်။ ဒီဒဏ်ရာအသေးလေးက အမာရွတ်တောင် ကျန်မှာမဟုတ်ဘူ။ ရက်အနည်းငယ်အတွင်း ကောင်းသွားမှာမို့ သွားမထိလိုက်နဲ့။”

ရှန်းယုဟန်က လက်ကိုချလိုက်သည်။ ကလေးဘဝတည်းက သူ့မျက်နှာပေါ်မှာ ဒဏ်ရာမရဖူးပေ။

ယခုချိန်တွင် သူအနည်းငယ် ရှုပ်ထွေးနေသည်။ ချောက်ကမ်းပါးက ပြုတ်ကျလာတုန်းက သူ့ကို ကယ်ခဲ့တာလား?

သွမ့်ချူးဟွေ့ မျက်လုံးများက စိတ်မရှည်တော့သော်လည်း သူမပုံရိပ်ကို ထိန်းဖို့ကြိုးစားလိုက်သည်။ “အားလုံးအဆင်ပြေရင်၊ မင်းကို အခု စံအိမ်ပြန်ခေါ်သွားမယ်။”

ရှန်းယုဟန်က ထနိုင်သော်လည်း သူ့ကိုယ်က အနည်းငယ် နာကျင်နေပေမယ့် နေလို့ထိုင်လို့တော့ ကောင်းသည်။

ထိုအမျိုးသမီးက သူ၏အစေခံဖြစ်ပုံရသည့် အသက်လေးဆယ်ကျော် အမျိုးသမီးနှင့် လိုက်သွားခဲ့သည်။


အမျိုးသမီးက မြင်းနှင့်ဆွဲစရာမလိုသော လူမောင်းသည့်ကားနှင့် သူ့ကိုခေါ်သွားပြီးနောက် သူ့ကိုသိပ်ဂရုမစိုက်တော့ပေ။ 

ရှန်းယုဟန်က သူ့နေရာတွင် ငြိမ်ငြိမ်လေးထိုင်ကာ ကားအပြင်ကိုကြည့်လိုက်ပြီး သူ့နှလုံးသားမှာ လှိုင်းလုံးကြီးများနဲ့ ပြည့်​နှက်သွားသည်။ ဒီနယ်မြေက ထူးဆန်းလွန်းလို့ သူက ဘာလုပ်ရမှန်းပင် မသိတော့ချေ။



သူတို့က တစ်နေရာမှ တစ်နေရာကို ခေါ်ဆောင်သွားကာ သူရှေ့ကနေရာမှာ နေအိမ်လို့ ခေါ်လို့ရပေမည်။

အထပ်သုံးထပ်ရှိသော အိမ်အသေးလေး ဖြစ်သော်လည်း အပြင်ပိုင်း တည်ဆောက်ပုံက သားနားပြီး အတွင်းပိုင်း ပရိဘောဂများကလည်း အလွန်လှလေသည်။ အနောက်တိုင်းနဲ့ ဆင်တူတယ်လို့ ပြောလို့ရသော်လည်း သူတို့က ဘာသာစကားတစ်ခုတည်းကို ပြောနေတာကြောင့် ဒီနေရာက ဘယ်လိုနေရာများ ဖြစ်လောက်မလဲ?

သွမ့်ချူးဟွေ့က လမ်းတစ်လျှောက် ရှန်းယုဟန်ပြောသမျှကို မကြားခဲ့ပဲ မနေ့ညက ရေနစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် ထိတ်လန်နေသည်ဟု တွေးနေခဲ့သည်။ 


“ကောင်းကောင်းနေ၊ ဘာမှလုပ်စရာမရှိရင် ကိုယ့်ကိုကိုယ်ပြန်သုံးသပ်၊ ဒီအတော်အတွင်း နောက်အပတ် မင်္ဂလာပွဲအတွက် ပြင်ဆင်ဖို့ ဒီမှာနေရမယ်။ အစ်မကျောင်းက ဒီအပတ် မင်းရဲ့နေ့စဥ်ဘဝကို ဂရုစိုက်ပေးလိမ့်မယ်။”

ရှန်းယုဟန်က တစ်ဖက်လူ၏အသံကို နားလည်အောင် ကြိုးစားနေရသည်။ “မင်္ဂလာပွဲ?”

သွမ့်ချူးဟွေ့က နောက်ဆုံးမှာ သူမရည်ရွယ်ချက်ကို ထုတ်ပြောလာသည်။ “ဘာလို့လဲ၊ မင်းက ချီယွင်နဲ့ လက်ထပ်ချင်တာလား? ယုဟန်.. မင်းရဲ့အန်ကယ်ရှန်က ကြင်နာတတ်လို့ မင်းကို စောင့်ရှောက်ပေးဖို့ ဆန္ဒရှိပေမယ့် ငါရဲ့ ချီယွင်က မင်းနဲ့လက်လှမ်းမှီတဲ့သူမဟုတ်ဘူး။ သူက အနာဂတ်မှာ သူနဲ့လိုက်ဖက်တဲ့ အမျိုးသမီးငယ်ကို တွေ့သွားလိမ့်မယ်။ ချီဟွမ်းကလည်း မဆိုးပါဘူး။ မင်းတို့နှစ်ယောက် လက်ထပ်ပြီးရင် ကောင်းကောင်းနေထိုင်သင့်တယ်။”

ရှန်ထျန်းဖုန်းက သူမကို ကူညီပေးရန် ခေါ်ခဲ့တာဖြစ်ပေမယ့်  သူမ၏တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်က သူမသားအကြောင်း စိတ်ကူးနေသည့် ရှန်းယုဟန်၏အတွေးကို လွင့်ပြယ်စေချင်တာဖြစ်သည်။ ရှန်းယုဟန်သည် ရွာငယ်လေးတစ်ခုမှလာသော အလေအလွင့်တစ်ဦးဖြစ်ပြီး သူမသားနဲ့ အဆင့်အတန်းကွာခြားသည်။ ဒါကြောင့် သူမက သူမသား၏အနာဂတ် မနှောင့်နှေးစေရန် ရှန်းယုဟန်က ရှန်ချီယွင်ကို လက်ထပ်ရန် ရှန်ထျန်းဖုန်းကို တောင်းဆိုလိုက်မှာကို တားဆီးချင်တာဖြစ်၏။

အမျိုးသမီးရဲ့စကားကို နားထောင်ပြီးချိန်တွင် ရှန်းယုဟန်က စိတ်သက်သာရာ ရသွားပြီး သူမစကားထဲက အဓိကအချက်နှစ်ချက်ကို တားလိုက်နိုင်သည်။ ပထမအချက်က ဒီအမျိုးသမီးက သူ့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ဒုတိယအချက်က သူ့မှာ စေ့စပ်ထားတဲ့ သတို့သားလောင်းရှိနေပြီး ရက်အနည်းမှာ လက်ထပ်ကြတော့မှာ ဖြစ်သည်။ 

.

ပထမအကြိမ် ရှန်းယုဟန်က သတိပေးခံရသောအခါ သူက အတည်မယူခဲ့ပဲ မောက်မာနေခဲ့သည်။ သို့သော် ယနေ့တွင် ရှန်းယုဟန်က စကားတစ်လုံးမှ မငြင်းဆန်ခဲ့တာကြောင့် သွမ့်ချူးဟွေ့က သူနားထောင်ခဲ့သည်ဟု ယူဆကာ နှာမှုတ်ကာ ထွက်သွားလေသည်။

အစ်မကျောင်းက သူမကို လိုက်ပို့လိုက်ပြီး စံအိမ်မှာနေခဲ့သည်။

ဒါက စံအိမ်နယ်မြေဖြစ်သော်လည်း အသစ်ပြန်ဆောက်ထားပြီး အခုမှပြောင်းလာတာကြောင့် သယ်ယူပို့ဆောင်ရေးမရှိပဲ အပြင်ထွက်ဖို့ မလွယ်ပေ။ တက္ကစီငှားဖို့တောင် ခက်ခဲတာကြောင့် သွမ့်ချူးဟွေ့က ရှန်းယုဟန်ကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားဖို့ အထူးပို့ဆောင်ခဲ့တာဖြစ်သည်။ သူမက သူ့အတွက် ဖုန်းတစ်လုံးတောင် မထားခဲ့ပေ။ သူ့ဖုန်းက မနေ့ကရေထဲမှာ ပျက်စီးသွားသည်ဟု ပြောခဲ့လေသည်။

သို့သော် ယခု ရှန်းယုဟန်က မိုဘိုင်းဖုန်းက ဘာဆိုတာတောင် မသိချေ။

သွမ့်ချူးဟွေ့ထွက်သွားပြီးနောက် သူက ဆိုဖာပေါ်မှာထိုင်ကာ သူ့ကို စောင့်ကြည့်ဖို့ ပို့ထားသည့် အစ်မကျောင်းကို ပြောလိုက်သည်။ “ကျွန်တော်ရေချိုးချင်လို့ ရေသွားဖြည့်ပေးပါ။”

အစ်မကျောင်းက လေထဲမှာ မေးစေ့ကို မော့ချီထားကာ “ဘာတွေပြောနေတာလဲ?”

ရှန်းယုဟန်က သူမကို အသာအယာ ကြည့်လိုက်ပြီး “ကျွန်တော်ကို စောင့်ကြည့်ဖို့ ဒီမှာရှိနေတာ မဟုတ်ဘူးလား?”

ရှန်းယုဟန်က တတိယမဒမ်ကို ဒေါသထွက်ကာ သူမအပေါ်ကို ပုံချနေသည်ဟု တွေးမိတာကြောင့် အစ်မကျောင်းက တုန်ယင်လာပြီး သူမလေသံက မကောင်းတော့ပေ။ “ရေဖြည့်ဖို့ ဘယ်လောက်ခက်ခဲလို့လဲ၊ ကိုယ့်ဘာကိုယ် မလုပ်နိုင်ဘူးလား?”

စောင့်ကြည့်တာနဲ့ ဝန်ဆောင်မှုပေးတာက တူတူပဲ မဟုတ်ဘူးလား?

ရှန်းယုဟန်က သူ့ခြေထောက်ပေါ်တွင် လက်ကိုတင်ကာ သိပ်ကြည့်မကောင်းသော လက်ချောင်းများကိုကြည့်ကာ လက်ဖဝါးကိုပါ ကြည့်လိုက်သည်။ ညာဘက်လက်ညိုးနဲ့ လက်ခလယ်ကြားမှာ အဝါရောင်သန်းနေသည်။ သူက ရှူကြည့်လိုက်သောအခါ အနံ့တစ်ခုထွက်နေပြီး ဆေးလိပ်အလွန်အကျွံသောက်တဲ့ လက်သမားအဘိုးဆီမှာသာ ဒီရနံ့ကို ရဖူးတာဖြစ်ပြီး ထိုအချိန်တုန်းက သူက စီးကရက်အနံ့ကို လုံးဝမကြိုက်ပေ။

ဒါတွေက သူ့လက်တွေမဟုတ်ဘူး။

သူ့လက်တွေက ဆေးလိပ်နံ့မနံသလို ကိုင်ရခက်လောက်အောင် ကြမ်းတမ်းမနေပေ။

အစ်မကျောင်းက သူနဲ့ငြင်းခုံဖို့ပင် ပျင်းနေသည်ဟု တွေးကာ မမြင်နိုင်သော ဖိအားကို ခံစားလိုက်ရသည်။

ရှန်းယုဟန်က ပြောလိုက်သည်။ “ကျွန်တော့်အတွက် အဝတ်အစား ပြင်ထားပေးပါ။”

အစ်မကျောင်းက အမြန်လျှောက်ထွက်သွားသည်။

 


ရှန်းယုဟန်က သူမနောက်ကနေ အပေါ်ထပ်ကို လိုက်တက်သွားသည်။

ရေဖြည့်ပြီးနောက် အစ်မကျောင်းက ရှန်းယုဟန်ကို ရေချိုးဖို့ ခေါ်လိုက်ပြီး စိတ်ဆိုးနေပေမယ့် အလုပ်ကလုပ်ရသေးသည်။

ရေချိုးခန်းနံရံတွင် မှန်တစ်ချပ်ရှိပြီး ရှန်းယုဟန်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူက မှန်ထဲက လူကြောင့် ထိတ်လန့်သွားပြီး သူ့အသွင်အပြင်က သူနဲ့တူသော်လည်း ကွာခြားချက် အကြီးကြီးရှိနေသည်။ သူ့တွင် ဆံပင်အနက်တစ်ဝက် အဝါတစ်ဝက်၊ အသားအရေက ဖြူဖျော့နေကာ မျက်လုံးအောက်က အနက်ဖျော့နေပြီး တစ်နှစ်လုံး ကောင်းကောင်း အနားမယူရသေးပုံပေါ်သည်။ မေးစေ့တွင် အမာရွတ်တစ်ခုရှိနေပြီး ရန်ဖြစ်ရင်းရခဲ့တာဖြစ်မည်။ သူ့ဘယ်ဘက်နားတွင် အနက်ရောင်နားကပ် သုံးခုကို တပ်ဆင်ထားပြီး လည်ပင်းတွင် ရွှေရောင်ချိန်းကြိုးရှိနေသည်။ 

သူဘယ်လောက်ပဲကြည့်ကြည့် ထူးဆန်းနေပြီး ဒါဘယ်လိုပုံရိပ်လဲ ဖော်ပြဖို့တောင် မဖြစ်နိုင်ပေ။ ရှန်းယုဟန်က အံ့သြကာ ပွင့်ဟနေသည့် သူ့ပါးစပ်ကိုပိတ်လိုက်ပြီး နားရွက်နဲ့လည်ပင်းပေါ်က အဆင်တန်ဆာတွေကို တစ်ခုပြီးတစ်ခု ချွတ်လိုက်သည်။ ဒါတွေက သူ့အ​ကြိုက်မဟုတ်ပေ။

ရှန်းယုဟန်က ရေချိုးကန်တွင် စိမ်လိုက်ပြီး အစ်မကျောင်း ဘယ်လိုသုံးသွားသည်ကို သူလေ့လာခဲ့ပြီး ကမ္ဘာ့အံ့ဖွယ် အဖွင့်အပိတ်လုပ်နည်းကိုလည်း သင်ယူခဲ့သည်။

သူ့ဘေးက စင်အသေးတွင် ပုလင်းနဲ့ ဗူးတွေရှိပြီး ခေါင်းလျှော်ဖို့နဲ့ ဆပ်ပြာတိုက်ဖို့ဖြစ်သည်။ ထိုဗူးရှိ ညွှန်ကြားချက်နဲ့အတူ သူကအမြန်သင်ယူကာ ခန္ဓာကိုယ်ကို တိုက်ပြီးနောက် အမြှုပ်တွေထလာခဲ့သည်။

ဆံပင်ကို ခြောက်အောင်လုပ်ပြီး သူက အစ်မကျောင်း ပြင်ပေးသည့် အဝတ်အစားကို ဝတ်ဆင်လိုက်သည်။

ဝတ်စုံ၏အတွင်းအပြင်က ရိုးရှင်းပြီး အဖြူရောင်ပေါ့ပေါ့ပါးပါး ဝတ်စုံဖြစ်တာကြောင့် ရှန်းယုဟန်က ဝတ်ဆင်လိုက်ဖို့ မခက်ခဲခဲ့ပေ။

သူက မှန်ရှေ့တွင် ရပ်နေပြီး ကော်လံကို ဆွဲကာ ညှပ်ရိုးကို ကြည့်လိုက်သောအခါ သူ၏သစ်ကြံပိုးခေါက် မှဲ့နှင့်တူသော အရမ်းမနီသည့် မှဲ့တစ်ခုရှိနေသည်။ သူက လက်ထပ်ရတော့မည့် ကောတစ်ယောက်ဖြစ်နေဆဲပင်။

( cinnabar mole ဟင်္သာပြဒါးရိုင်းမှဲ့ဆိုတာ ရှေးခတ်က ကောဟုတ်မဟုတ် ခွဲခြားတဲ့မှဲ့လေးပါ။)