Chapter 1
Viewers 107

ပုံမှန်ဆို သိမ်မွေ့အေးဆေးတဲ့ သရုပ်ဆောငင်ဆီက ဒီစကားကြားတော့ သတင်းထောက်တွေရော၊ လက်ထဲက အလုပ်လျှောက်လွှာကို ကိုင်ထားတဲ့ ငါပါ ကြောင်သွားတယ်။ 


ကျိန်ပြောရဲပါတယ်၊ ငါ ဟယ့်ချွမ်းရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် လျှောက်နေမှန်း လုံးဝမသိခဲ့ဘူး။ ဒီအလုပ်ကိုတော့ ငါ လက်မခံနိုင်ဘူး။


ထွက်သွားဖို့အလုပ်မှာ ငါ့ကိုတစ်ယောက်ယောက်က ဆွဲထားလိုက်တယ်။ 


ဟယ့်ချွမ်းရဲ့ အေးဂျင့်၊ လီကျဲက ငါ့ကို အခန်းထဲ ဆွဲခေါ်သွားရင်း 


"စိတ်မပူပါနဲ့၊ ဟယ့်ချွမ်းက စကားပြောရတာ လွယ်ပါတယ်၊ သုံးလပဲ ခဏသည်းခံလိုက်ပါ... မဟုတ်ဘူး၊ နှစ်လပဲ! နှစ်လပြည့်ရင် အပိုဆုကြေး ထပ်ပေးမယ်!" 


ငါ အလုပ်လာလျှောက်တုန်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားပါ။ ဒါပေမယ့် အခုချိန်မှာတော့ ငြင်းချင်စိတ်ပဲ ရှိတယ်။ 


"ကျွန်တော့်ကို အလုပ်ခန့်တုန်းက အလုပ်ရှင်က ဟယ့်ချွမ်းဖြစ်မယ်လို့ မပြောခဲ့ဘူးလေ" 


သူမှန်းသာသိခဲ့ရင် အမြန်ဆုံးရထားနဲ့ တစ်ညအတွင်းပြေးတော့မှာပါ။ 


"ဟယ့်ချွမ်းက တောင်းဆိုမှုများကြောင်း လုပ်ငန်းနယ်ပယ်မှာ နာမည်ကြီးလောက်တဲ့အထိ ခက်ခဲတယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် လစာကို စဉ်းစားကြည့်ပါဦး! လစာများတယ်၊ နစ်နာကြေးလည်း များတယ်!" 


လီကျဲက စိတ်ရင်းမှန်နဲ့ ပြောတာပါပဲ၊ ဒါပေမယ့် ငါ့ကို ထွက်သွားတာကို မတားနိုင်ခဲ့ပါဘူး။ အခု မပြေးရင် ဟယ့်ချွမ်းပြန်လာတဲ့အခါ အပြင်က သတင်းထောက်တွေ သတင်းရေးစရာ ရသွားမှာကို ငါကြောက်နေခဲ့တယ်။


 #ဟယ့်ချွမ်းဒေါသတကြီးလူသတ်မှု ဆိုပြီး မနက်ဖြန် Weibo ခေါင်းစီးကိုတောင် ငါ မြင်ယောင်နေမိပြီ။


တော်ပြီ၊ ကျွန်တော်သွားတော့မယ်။ လီကျဲလက်ထဲကနေ မနည်းလွတ်မြောက်လာပြီး တံခါးလက်ကိုင်ကို လှမ်းအကိုင်မှာပဲ တံခါးက ပွင့်သွားတယ်။ ဟယ့်ချွမ်းရဲ့ အရပ်ရှည်ရှည်ပုံရိပ်က တံခါးဝမှာ ပေါ်လာတယ်။


~~~