Chapter 2
Viewers 105

ငါ ခေါင်းကို အမြန်ငုံ့လိုက်ပြီး ဘာလုပ်ရမလဲလို့ ပူပန်နေတုန်း ရုတ်တရက် မီးတွေ မှိတ်သွားတယ်။ 


မီးပျက်တာ အချိန်ကိုက်ပဲ၊ ကောင်းကင်က ကျွန်တော့်ကို ကူညီနေတာပဲ! 


ဟယ့်ချွမ်းရဲ့ အကြည့်က ကျွန်တော့်ဆီ ရောက်နေတာကို ခံစားရတယ်။ 


"လီကျဲ၊ ဒါ ဘယ်သူလဲ" 


ငါတိတ်တိတ်လေး သက်ပြင်းချလိုက်တယ်။ သူ ငါ့ကို မမြင်ဘူးထင်တယ်။ မဟုတ်ရင် သူ့တုံ့ပြန်မှုက ဒီလိုဖြစ်မှာ မဟုတ်ဘူး။


လီကျဲက ငါ့ကို တွယ်ကပ်ရင်း 


"ဟယ့်ချွမ်း၊ မင်း အချိန်ကိုက်ပဲ၊ မိတ်ဆက်ပေးမယ်၊ ဒီလူက ကိုယ်ရေးကိုယ်တာ လက်ထောက်အသစ် လီချင်းဖုန်းတဲ့”


ငါ : "?" 


မင်းငါ့ကို ဒီလိုမလုပ်ပါနဲ့နော်။ ငါအလုပ်ယူဖို့တောင် သဘောမတူရသေးဘူး။


"မစ္စတာလီလား" 


ဟယ့်ချွမ်းရဲ့ လေသံပြောင်းသွားတော့ ငါ ဘာအသံမှမထွက်ဘဲ ငြိမ်နေလိုက်တယ်။ 


သူတစ်ခုခု ထူးဆန်းတာကို သတိထားမိမှာ ကြောက်နေခဲ့တာ။ 


ကံကောင်းစွာနဲ့ဘဲ ငါ ဘွဲ့ရပြီးနောက် နာမည်ပြောင်းထားတာဆိုတော့ သူငါ့ကို မမှတ်မိနိုင်ဘူး။ 


ဒီနာမည်ကိုကြားရင် သူ့ရဲ့ပြိုင်ဘက်ဟောင်းကို သတိရပြီး "ဒီမျိုးရိုးနာမည်နဲ့လူကို ငါ့လက်ထောက်အဖြစ် ခွင့်မပြုနိုင်ဘူး!" လို့ မထီမဲ့မြင်ပြောလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။


ဒါပေမယ့် ဟယ့်ချွမ်းက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေတယ်။ 


"ဒါဆို မင်းပဲ၊ ဒီည ဆယ်နာရီ ငါ့အခန်းထဲ ရောက်နေပါစေ" 


သူ့လေသံက အရမ်းတည်ငြိမ်လွန်းတော့ ငါ နားကြားမှားတာလားလို့တောင် ထင်မိတယ်။ သူ့အသံက တုန်နေသလိုမျိုး…

 

ဟယ့်ချွမ်းက ဒီလောက်တောင် လွယ်လွယ်ကူကူလား.. 


လက်ထောက်တွေနဲ့ပတ်သက်ပြီး သူ အရမ်းတင်းကြပ်တယ်ဆို?


အင်တာဗျူးတွေမှာ အများကြီးကို ပယ်ချခဲ့လို့ ဘယ်သူမှ လာမလျှောက်ရဲဘူးဆို?


ဟယ့်ချွမ်းကို အမြန်ခေါ်သွားတော့ ငါသက်ပြင်းချလိုက်တယ်။ 


လီကျဲက တောင်းပန်တယ်။


"ဒီနှစ်လလောက်ပဲ ကူညီပေးပါဦး၊ ကျွန်မ ဒီရက်ပိုင်း လိမ်လည်တဲ့ကောင်တစ်ယောက်နဲ့ ရင်ဆိုင်နေရလို့ ဟယ့်ချွမ်းကို သိပ်ဂရုမစိုက်နိုင်ဘူး" 


ငါက သဘောထားနူးညံ့သူမို့ နောက်ဆုံးမှာ သဘောတူလိုက်တယ်။ ဘာလို့လဲဆိုတော့ လီကျဲက ငါ့ကို ဟယ့်ချွမ်းနဲ့ အချိန်ပြည့်နေဖို့ မလိုအပ်ဘူးလို့ ပြောခဲ့တယ်။ ဆိုလိုတာက ငါ့ကို မလိုအပ်တဲ့အခါ ဒုတိယအလုပ်တစ်ခု လုပ်လို့ရတယ်ဆိုတဲ့ သဘော။


ဆယ်နာရီမှာ ငါ ဦးထုပ်နဲ့ နှာခေါင်းစည်းတပ်ပြီး ဟယ့်ချွမ်းအခန်းကို သွားခဲ့တယ်။ တံခါးက ပွင့်နေပြီး အတွင်းကနေ အမျိုးသမီးတစ်ယောက်ရဲ့ ဝိုးတိုးဝါးတား ညည်းသံတွေ ထွက်လာတယ်။


~~~