#မင်းသားဟယ့်ချွမ်းလိင်တူကြိုက်ကြောင်းကြေညာ
#နာမည်ကြီးမင်းသားတကယ်ပဲအမျိုးသားတွေကိုကြိုက်တယ်
#လင်မော့ရုံအချစ်ဖွင့်ဟချက်ပယ်ချခံရ
#မင်းသားညနက်လျှို့ဝှက်ရည်းစား
#မင်းသားရဲ့ရည်းစားဘယ်သူလဲ
သိလိုက်ရတာက ညက လင်မော့ရုံဆီက အရှုပ်အရှင်းရှာဖို့ စောင့်ကြည့်နေတဲ့ ပါပါရာဇီတစ်ယောက်က မထင်မှတ်ဘဲ ဟယ့်ချွမ်းရဲ့ လိင်စိတ်ကို ဖော်ထုတ်နိုင်ခဲ့တာ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ Weibo တစ်ညလုံး ပေါက်ကွဲသွားတယ်။ မမျှော်လင့်ဘဲ ဟယ့်ချွမ်းရဲ့ လိင်တူကြိုက်ကြောင်း ထုတ်ဖော်မှုကို ပရိသတ်တွေက လက်ခံမှုတော်တော်လေး ကောင်းခဲ့တယ်။ ဟယ့်ချွမ်းရဲ့ ပရိသတ်တွေတောင် ငိုကြတယ်။
[ ငါ့ရဲ့ကောကောက အမျိုးသမီးတွေကို စိတ်မဝင်စားတာ အကြောင်းရှိလို့ကိုး၊ အိုး၊ သူတကယ်ပဲ သီလစောင့်ထိန်းတာ၊ ကျွန်မငိုနေပြီ ]
[ မင်းတို့ နားလည်နိုင်လား.. ဟယ့်ချွမ်းက အရမ်းရွေးချယ်လွန်းလို့ ဘယ်သူမှ ရှာမတွေ့မှာကို ငါအမြဲစိုးရိမ်ခဲ့တာ၊ အခုတော့ သူ ရည်းစားရနေပြီလို့ တခြားသူတွေကို ခေါင်းမော့ပြီး ပြောနိုင်ပြီ! ]
[ ညနက်ပိုင်းတွေ့ဆုံမှု၊ ပြီးတော့ သူ့ရည်းစားကို နှာခေါင်းစည်းဝတ်ခိုင်းပြီး ကောင်းကောင်းကာကွယ်ပေးတာ၊ မင်းတကယ် သူ့ကို အရမ်းချစ်တာပဲ ဟယ့်ချွမ်း! ]
[ ဟယ့်ချွမ်းနဲ့ သူ့ရည်းစားကြားက အရွယ်အစား ကွာခြားမှုကို ငါ သဘောကျတယ်! ]
ဒါကိုမြင်တော့ ငါ ကြောင်သွားတယ်။ ဟယ့်ချွမ်းက သူ အမျိုးသားတွေကို ကြိုက်တယ်လို့ ပြောခဲ့တာ။ ဒါပေမယ့် သူငါ့ကို ကြိုက်တယ်လို့တော့ မပြောခဲ့ဘူး။ ပရိသတ်တွေရဲ့ စိတ်ကူးကတော့ အမြဲလိုလို ပြင်းထန်တယ်။
ငါက အဲဒီမှာ ရပ်နေတဲ့ အလုပ်သမားတစ်ယောက်ဆိုရင်ကော ဘယ်လိုလုပ်မလဲ..
အခြေအနေက ထိန်းချုပ်လို့ မရတော့ဘူး။ လူထုနဲ့ ဆက်ဆံရေး တစ်ခုခုမလုပ်ရင် ငါတို့ကလေးတွေတောင် နောက်ထပ်ပေါ်လာနိုင်တယ်။ ဟယ့်ချွမ်းက ပုံမှန်လို ရှင်းပြလိမ့်မယ်လို့ ငါထင်ခဲ့တာ။
အဲဒီအစား သူ လီကျဲကို ပြောလိုက်တာက
"တကယ်တော့ ဒီကောလဟာလကို ပျံ့နှံ့ခွင့်ပြုတာ မဆိုးဘူးလို့ ကျွန်တော်ထင်တယ်"
~~~