Chapter 5
Viewers 104

ကိုယ့်ကိုယ်ကို ပေါ်မသွားအောင် ငါ ကြိုပြင်ဆင်ထားခဲ့တာ။ ငါ့သရုပ်ဆောင်စွမ်းရည်ကို ပြသဖို့ အချိန်တန်ပြီ။


ငါ တမင်တကာ နှာခေါင်းစည်းကို ဖုံးရင်း ထိတ်လန့်သွားတဲ့ပုံမျိုးလုပ်ပြီး တုန်တုန်ရီရီနဲ့ ဖုန်းထုတ်ပြီး စာရိုက်လိုက်တယ်။


"စကားမပြောတတ်ဘူးလား" 


ဟယ့်ချွမ်း ခဏရပ်သွားတယ်။ 


ငါ သူ့ကို ရိုက်ထားတဲ့စာကို ပြလိုက်တယ် : [ တောင်းပန်ပါတယ်၊ ကျွန်တော် စကားမပြောတတ်ပါဘူး၊ နှာခေါင်းစည်းကို ချွတ်လို့မရပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်နှာအောက်ပိုင်းက ပုံပျက်နေလို့ ခင်ဗျားကို ကြောက်သွားအောင်လုပ်မိမှာစိုးလို့ပါ ]


ငါ့ကြောက်စိတ်ကို ပိုပေါ်အောင်ဆိုပြီး မျက်ရည်တောင် ညှစ်ထုတ်လိုက်သေးတယ်။ 


ဟယ့်ချွမ်း ငါ့ကို မှတ်မိသွားမှာ အရမ်းကြောက်တယ်။ ဒီကောင်က လက်စားချေမှာ သေချာတယ်။ 


ဘွဲ့နှင်းသဘင်တုန်းက ငါ သူ့ကို နမ်းခဲ့တာကိုလည်း သူမှတ်မိနေသေးတယ်။ 


ကလေးဘဝက အိမ်ထောင်သည်အဖြစ် ကစားတုန်းက ငါ သူ့ကို လက်ထပ်မယ်လို့ ပြောခဲ့တာကိုတောင် သူမှတ်မိနေသေးတယ်။ သူ့လက်ထဲသာ ရောက်သွားရင် ငါ့အတွက် အခက်တွေ့ရပြီ။ 


သူ့အကြောင်းကို ငါ အရမ်းသိတယ်။ သူ ငါ့ကို ပစ်မှတ်ထားရင် ဘာကိုမှ ဂရုစိုက်မှာမဟုတ်ဘူး။ 


ကံကောင်းစွာနဲ့ ငါ့ အစီအစဉ်က အလုပ်ဖြစ်သွားတယ်။ 


ဟယ့်ချွမ်း ငါ့ကို နှာခေါင်းစည်းချွတ်ခိုင်းဖို့ မပြောတော့ဘူး။ 


သူ့မျက်နှာပေါ်က ရှုပ်ထွေးနေတဲ့အမူအရာကို ကြည့်ပြီး သူအရမ်းကြမ်းတမ်းတယ်။ 


ပုံမှန်ကိုယ်ရေးကိုယ်တာ လက်ထောက်တောင် ခန့်လို့မရဘူးလို့ သူစဉ်းစားမိလားလို့တောင် ငါ သံသယဝင်မိတယ်။ အခန်းရှင်းပြီးတော့ ငါ ပြန်ချင်ပေမယ့် ဟယ့်ချွမ်းက ငါ့ကို တားလိုက်တယ်။


"ဒီည ငါ့အိပ်ရာဘေးမှာနေ၊ မသွားနဲ့" 


အလုပ်စလုပ်တာနဲ့ ဒုက္ခပေးနေပြီလားဟ…


ဟယ့်ချွမ်းက အိပ်ရာထဲ လဲလျောင်းရင်း ရှင်းပြတယ်။ 


"ငါ အိပ်မပျော်ဘူး၊ ဘေးနားမှာ တစ်ယောက်ယောက်မရှိရင် အိပ်လို့မရဘူး" 


ဘာလို့ လင်မော့ရုံကို မခိုင်းတာလဲ… 


သူက ဝန်ထမ်းတွေကို ဒုက္ခပေးနေမှန်း သိသာပါတယ်။ ဒါပေမယ့် ငါ ငြင်းလို့မရဘူး။ 


ဒါနဲ့ ဟယ့်ချွမ်းအိပ်ပျော်သွားတော့ ညနက်ပိုင်းမှာ ငါ ဆိုဖာပေါ်မှာ ကွေးနေလိုက်တယ်။ 


အဲဒီညက ဟယ့်ချွမ်း၊ လင်မော့ရုံနဲ့ ငါ သုံးယောက်စလုံး တူတူ trending list မှာ ပါသွားမယ်လို့ ဘယ်သူထင်မိမှာလဲ…


~~~