ဒီတစ်ယောက်က ငါ့ထက်တောင် အရပ်ရှည်မှန်း အခုမှ သတိထားမိတယ်။ ငါက ၁၈၀ စင်တီမီတာဆိုတာ တော်တော်ရှည်တဲ့ထဲမှာ ပါတယ်။ ဒါပေမယ့် သူက ပိုရှည်တယ်၊ ၁၉၀ စင်တီမီတာနီးပါးလား…
နှစ်တွေအကြာကြီး မတွေ့တာ၊ သူ ဘာတွေစားပြီး ဒီလောက် အရပ်ရှည်လာတာလဲမသိဘူး။ သူ့ကိုကြည့်ရင်း ငါ ပိုပြီးအားကျလာတယ်။
အရပ်ရှည်တာတင်မကဘူး၊ ချောလည်းချောတာကိုး!
ပခုံးကျယ်ကျယ်၊ ခါးသေးသေး၊ ခြေတံရှည်ရှည်နဲ့ အပြာနုရောင် အိပ်ဝတ်စုံကို ဝတ်ထားတော့ လမ်းလျှောက်နေတဲ့ အဝတ်ချိတ်လိုပဲ၊ အရမ်းကို မြင့်မြတ်တဲ့ပုံပေါက်နေတယ်။
ငါ စကားမပြောဘဲ တိတ်တိတ်လေးဝင်ပြီး ကြမ်းပြင်ပေါ်က ရှုပ်ပွနေတာတွေကို စရှင်းနေလိုက်တယ်။
ဟယ့်ချွမ်းက ခြေချိတ်ထိုင်ပြီး မေးတယ်။
"မင်းနာမည် လီချင်းဖုန်းလား"
ငါ ခေါင်းငြိမ့်ပြလိုက်တယ်။
ဟယ့်ချွမ်း : “နာမည်မပြောင်းဖူးဘူးလား"
ငါထပ်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
ပြောင်းထားတာပေါ့၊ ဒါပေမယ့် သူ့ကိုတော့ ပြောမှာမဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် နှစ်အနည်းငယ်ရှိပြီဆိုတော့ ဟယ့်ချွမ်းက ကျွန်တော့်ကို မှတ်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူကျွန်တော့်ကို သံသယနည်းနည်းရှိနေပုံရတယ်။ ဟယ့်ချွမ်းက စိတ်မရှည်တော့ဘူး။
"စကားမပြောတတ်ဘူးလား"
သူငါ့နားကို ကပ်လာပြီး ဒူးထောက်ထိုင်ရင်း
"ပြီးတော့ နှာခေါင်းစည်းချွတ်”
~~~