Ch 2
Viewers 567

 Chapter 2

 

 

 

ချင်ကော်ပိုရေးရှင်းမှဝန်ထမ်းများသည် အထူးသဖြင့် CEO ၏ရုံးဝန်ထမ်းများသည် ကျီဖေး၏အမုန်းပွားမှုအားကာလကြာရှည်စွာ မကျေမနပ်ဖြစ်ခဲ့ကြသည်။

 

CCTV မှတ်တမ်းက သူမကိုလိမ်ညာစွပ်စွဲပြီး လက်ညိုးထိုးပြနေတာမဟုတ်ပါလား ? လူတိုင်း မိမိတို့မျက်စိနှင့်မြင်ပြီးကြရာ မဟုတ်ပါကCEO ရဲ့ ဇနီးအား မည်သို့မကောင်းပြောဝံ့မည်နည်း ?

 

သို့သော်လည်း ချင်ရှန့်အမိန့်တစ်ခုတည်းဖြင့် CCTV မှတ်တမ်းအား ကြီးမားသောစခရင်ထက်လျင်မြန်စွာပြသလာခဲ့သည်။

 

ပြန်ဖွင့်သည့်အရှိန်တိုးလာသည်နှင့်အမျှ ကျီဖေး၏ပုံသဏ္ဍာန်သည် ဝင်ရောက်ပြီးနောက် နာရီဝက်ကြာအောင်နေနေသည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး သူမ ရှာနေသည့်သူကိုရှာမတွေ့သဖြင့် မှုန်ကုပ်ကုပ်နှင့်ပြန်ထွက်သွားခဲ့သည်။

 

ကျီဖေးသည် ခေါင်းမာပြီးသေဆုံးသွားသည့်တိုင်အောင် အရှုံးမပေးဟုတွေးကာ အတွင်းစိတ်ထဲမတတ်နိုင်စွာလှောင်ပြောင်နေ လိုက်သည်။ ကဲ၊ သူ့ကို ဘယ်လိုငြင်းကြမလဲ ကြည့်ကြတာပေါ့။

 

အတွင်းရေးမှုးကျင်း၏နဖူးထက် ချွေးသီးချွေးပေါက်များဖြင့်ပြည့်နေလေသည်။

 

CCTV မှတ်တမ်းတွင် သူမ ပုံပေါ်လာသည်အထိဖြစ်သည်။

 

အတွင်းရေးမှုးကျင်း၏ သူငယ်အိမ်များသည်ကျုံ့သွားကာ ချင်ရှန်းကို ဂရုတစိုက်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။

 

ကျီဖေးအား စိုက်ကြည့်နေကြသည့်သူထဲမှတစ်ချို့သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် အချို့မှာထိတ်လန့်သွားကြပြီး တုံ့ပြန်မှုပင်မပြုနိုင်ကြတော့ချေ။

 

ဗီဒီယိုက ထိုနေရာမှာတင်ရပ်တန့်သွားသည်။

 

ချင်ရှန်း၏မျက်နှာသည် နှင်းခဲအလွှာဖြင့်ဖုံးလွှမ်းလုနီးပါးဖြစ်နေသည်။

 

ဒါအမှန်ပဲ!

 

ချင်ရှန်းသည် ကျီဖေးတစ်ယောက်သာ သူ့ရုံးခန်းထဲသို့ ဝင်၊ ထွက် ခဲ့ကြောင်း စိတ်ချလက်ချ အခိုင်အမာပြောဆိုခဲ့သူများကို လှည့်ကြည့်ကာ "ငါ့မိန်းမတစ်ယောက်ထဲပေါ့လေ ?"

 

သို့သော် ထိုလူများသည် အခြေအနေကို အပြည့်အ၀နားမလည်ကြသေးပေ။

 

အကြီးတန်းလက်ထောက်တစ်ဦးက "မစ္စတာချင်၊ ဘာပြဿနာမှ မရှိဘူးမဟုတ်လား ? ခင်ဗျားမိန်းမတစ်ယောက်ထဲပဲလေ..."

အခြားသူများလည်း ခေါင်းညိတ်သဘောတူကြသည်။

 

[မျက်ခုံးအောက်နှာခေါင်းနှစ်ပေါက်ရှိတာက မျက်တောင်ခတ်ဖို့အတွက်ပဲဆိုတော့ မမြင်နိုင်တာသဘာဝကျပါတယ်လေ]

 

ကျီဖေး၏ရွဲ့စောင်းသောစကားကိုကြားသဖြင့် ချင်ရှန်း၏အမူအရာမှာပိုဆိုးလာသည်။

 

ရုတ်တရက် ယောက်ျားအသံတစ်ခုက "အတိအကျပြောရရင် လူနှစ်ယောက် ဝင်၊ ထွက်သွားတယ် တစ်ယောက်က မစ်ချင်၊ နောက်တစ်ယောက်က... အတွင်းရေးမှုးကျင်းပဲ!"

 

[တကယ်တော့ မကန်းတဲ့သူတစ်ယောက်ရှိသေးသားပဲ]

 

အသံထွက်ရာအရပ်ဆီသို့လှမ်းကြည့်လိုက်ရာ အနောက်မှာရပ်နေသော လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။ သူသည် မကြာသေး မီကရာထူးတိုးခံထားရသော လက်ထောက်အသစ်ဖြစ်သည်။

 

ကျီဖေးသည် ကနဦးစွပ်စွဲခံရသောအခါတွင် ထိုလူသည်အလုပ်ကိစ္စဖြင့်အပြင်ထွက်နေခဲ့ပြီးရှိမနေခဲ့ကြောင်း ချင်ရှန့် သတိရမိသည်။

 

ဤအခိုက်အတန့်တွင် အခြားသူများသည် နောက်ဆုံးတွင် ဖမ်းဆုပ်မိသွားပုံရသော်လည်း နောက်ထပ်တွေးကြည့်သောအခါတွင် ၎င်းတို့ ရယ်စရာကောင်းသည်ကိုရှာတွေ့ခဲ့ကြသည်။

 

"မင်း ဘာအဓိပ္ပာယ်မရှိတာတလာွေပြောနေတာလဲ ? အတွင်းရေးမှုးကျင်းက မကြာခဏ အဝင်အထွက်လုပ်ရတယ်။"

 

"မင်းက ဒီမှာ လူသစ်ဖြစ်ဆိုတော့နားမလည်သေးတာ၊ အတွင်းရေးမှုးကျင်းက မစ္စတာချင်ရဲ့ ညာလက်ရုံးပဲ!"

 

"အတွင်းရေးမှုးကျင်းက ကုမ္ပဏီကို သစ္စာဖောက်တယ်လို့ပြောချင်နေတာလား ?"

 

ဤအကြံအစည်သည် လုံးလုံးလျားလျားမဟုတ်တရားဖြစ်နေသကဲ့သို့ သူတို့၏လေသံသည်လည်း အလွန်ချဲ့ကားလွန်းလှသည်။

 

ချင်ရှန်းသည် ရုတ်တရက အေးစက်စက်နှာမှုတ်ထုတ်လိုက်ပြီးနောက် မြင်ကွင်းသည် ချက်ချင်းဆိုသလိုတိတ်ဆိတ်သွားသည်။

 

ကျီဖေး ရယ်ချင်သလိုခံစားရသည်။ [သူတို့ထင်နေကြတာနဲ့ ဆန့်ကျင်ဘက်အမှန်တရားကိုသိသွားကြရင် ဘယ်လိုတွေမျက်နှာ ဖြတ်ရိုက်ခံရမလဲ သိချင်လိုက်တာနော်]

 

ကျီဖေးသည် လူတိုင်းထံမှ ခြွင်းချက်မရှိယုံကြည်ခြင်းခံရသော အတွင်းရေးမှုးကျင်းကို စိုက်ကြည့်လိုက်သည်။

 

အတွင်းရေးမှုးကျင်း၏ အမည်ရင်းမှာကျင်းယွဲ့ ဖြစ်ပြီး သပ်ရပ်မြင့်မားသော ponytail စည်းလေ့ရှိသည်။ သို့သော် အနည်းငယ် ကောက်ထားသောဆံပင်များသည် ပေါ့ပေါ့ပါးပါးပြေပြစ်သောပုံပေါက်စေရန် ဂရုတစိုက်ပုံသွင်းထားရသည်။ သူမ၏ ပရော်ဖက်ရှင် နယ်ဝတ်စုံနှင့် Pencil Skirt သည် သူမ ခန္ဓာကိုယ်ရှိအားသာချက်များကို အပြည့်အဝပေါ်လွငသွား်စေသည်။ သူမသည် ပေါ့ပါးသော မိတ်ကပ်ကိုလိမ်းခြယ်ထားသော်လည်း အပြစ်အနာအဆာဟူ၍ တစ်ခုမျှမတွေ့ရှိရပေ။

 

သို့သော် ယခုအချိန်တွင် သူမ၏အမူအရာသည် အလွန်သဘာဝမကျဖြစ်လို့နေသည်။

 

[ဒါ သူတို့အပြစ်မဟုတ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း သူတို့သူဌေးရဲ့ ငါတို့အပေါ်ဘယ်လိုသဘောထားလဲဆိုတာကိုလိုက်ပြီး လေယူရာယိမ်းဆက်ဆံနေတာပဲလေ ]

 

ချင်ရှန်း၏ နှလုံးခုန်သံမှာ တစ်ချက်မူမမှန်ဖြစ်သွားရသည်။

 

တကယ်တော့ အဲ့ဒါက သူ့အပြစ်ပဲ!

 

"အတွင်းရေးမှုးကျင်းမှာ တစ်ခုခုပြောစရာရှိလား ?"

 

"မစ္စတာချင် ရှင် ကျမကို သံသယဖြစ်နေတာလား ?"

 

အတွင်းရေးမှုးကျင်းသည် စိတ်အနှောက်အယှက်ဖြစ်နေသော်လည်း တည်ငြိမ်မှုပြန်လည်ရရှိကာ မယုံနိုင်သည့်လေသံဖြင့် ပြောလာ ခဲ့သည်။

 

"ကျမ ဝင်ခဲ့တယ်၊ ဒါပေမယ့် မစ္စတာချင်၊ ရှင် မမှတ်မိဘူးလား၊ ကျမ နောက်တစ်နေ့အစည်းအဝေးအတွက်ပြင်ဆင်ဖို့ ညတိုင်း ရှင့် ရုံးခန်းကိုသွားနေရတာလေ"

 

 

[အဲ့ဒီတော့ ငါ တစ်ယောက်တည်းကသာ သံသယရှိသူပေါ့လေ၊ ကြည့်ရတာ ဒါကို အချိန်အတော်ကြာအောင်စီစဉ်ထားပုံရတယ်၊ အထင်ကြီးစရာပါလား!]

 

[ဒါပေမယ့်... ဒါတွေအားလုံးနားထောင်ပြီးတော့မှပဲ ဘာလဲ သူတို့အားလုံး ညဘက်မှာအချိန်ဆင်းရတာလား ? ချင်ရှန့်က သူ့ဝန်ထမ်း တွေကိုအမြတ်ထုတ်တဲ့ အရင်းရှင်တစ်ယောက်ဖြစ်လိမ့်မယ်လို့မမျှော်လင့်ထားဘူး။ ကွာရှင်းပြီးရင် သူ့ကို အလုပ်သမားဥပဒေမိတ္တူ တစ်စောင်လောက်ပို့ပေးရမယ်။]

 

အဲဒါတွေအကုန်နားထောင်ပြီးတော့ မင်း အာရုံစိုက်နေခဲ့တာ အဲ့တာလား ?! အခုပြောနေတာ မင်းအပြစ်ကင်းစင်မှုနဲ့ပတ်သက်နေ တာနော် ??

 

ပြီးတော့... ငါတို့ဝန်ထမ်းတွေက အချိန်ပိုလုပ်အားခသုံးဆရတယ်။ (အတွင်းရေးမှုးလိုသေးလား ? အလုပ်ပြောင်းချင်နေပါပြီနော်)

 

ကျီဖေး၏မှတ်ချက်များကြောင့် ချင်ရှန့်အတွေးရထားသည် လမ်းချော်လုနီးပါးဖြစ်နေခဲ့သည်။ သို့ဖြစ်ရာ သူ့အတွေးတွေကို အမြန် စုစည်းလိုက်ရသည်။

 

"ဘယ်သူဖြစ်ဖြစ် အဝင်၊ အထွက် ကိုသေချာစုံစမ်းစစ်ဆေးသင့်တယ်၊ ခြွင်းချက်မရှိဘူး!"

 

အတွင်းရေးမှုးကျင်းသည် ချက်ချင်းဆိုသလိုရင်နာသွားပြီး မှားယွင်းသောအမူအရာကိုထုတ်ဖော်ပြခဲ့သည်။ ချင်ရှန့်သည် ရုတ်တရတ် ဆိုသလို သူမအား အခြားသူများနည်းတူဆက်ဆံလိမ့်မည်ဟု တကယ်မမျှော်လင့်ခဲ့မိပေ။ အဲ့ငတုံးမ ဝန်ခံပြီးနေတာတောင်!!

 

ချင်ရှန့်ရဲ့နှလုံးသားထဲမှာ သူမရဲ့ရပ်တည်ချက်က ဒီမိန်းမနဲ့တကယ်တန်းတူပဲလား ? သူမသည် သူ့အနားမှာ ဆယ်နှစ်ကြာအောင် ကြီးကြီးမားမားကိစ္စအပြင် အသေးအမွှားကိစ္စအထိ အမှားအယွင်းမရှိကိုင်တွယ်ခဲ့သည်။

 

အခြားလက်ထောက်များသည် CEO အလွန်အမင်းတင်းကြပ်သည်ဟုထင်ကာ မကျေမနပ်ဖြစ်နေကြသည်။

 

အတွင်းရေးမှုးကျင်းနှင့် ကျီဖေးဆိုပါက ကျီဖေး အားအမှားလုပ်မိသူမဟုတ်ဟု မည်သူကထင်မြင်နိုင်မည်နည်း ??

 

အတွင်းရေးမှုးကျင်းအား ဤကဲ့သို့ပြုမူဆက်ဆံခြင်းသည် ယုံကြည်စိတ်ချရသောလူယုံအား စိတ်ပျက်သွားစေမည်ကိုမကြောက်လေ ရော့သလား ?

 

ဒါ့ပြင် CEO ကသာ သတိမထားမိပေမယ့် သူတို့အားလုံးမြင်နိုင်ကြသည်။

 

အမှန်မှာ အတွင်းရေးမှုးကျင်းသည် CEO အားအမြဲတိတ်တခိုးချစ်နေခဲ့ပြီး မစ္စတာချင်အပေါ် သူမ၏မေတ္တာသည်လုံးဝစစ်မှန်သည်။ ကျီဖေးနှင့်ယှဉ်ပြိုင်နိုင်သော်လည်း ကျီဖေး၏အနိုင်ကျင့်မှုကို ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲသည်းခံခဲ့သည်။ ချင်ကော်ပိုရေးရှင်းကို သူမ လိုလူက ဘယ်လိုလုပ်ဖျက်စီးနိုင်မှာလဲ ?

 

လေထုတင်းမာလာသည်နှင့်အမျှ တံခါးဝမှ အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။

 

ကျီဖေး စိုက်ကြည့်လိုက်သည်။

 

လူအများအပြားသည် ခမ်းနားသောရောင်ဝါဖြင့်လျှောက်လာခဲ့ကြသည်။

 

CEO ၏ရုံးဝန်ထမ်းများအားလုံး နောက်ပြန်ဆုတ်ကာအခန်းပြင်ပေးလိုက်ရသည်။

 

သူမ၏မှတ်ဉာဏ်ကိုအခြေခံ၍ ကျီဖေးသည် အဖွဲ့အားဦးဆောင်လာသည့်ထိပ်ပြောင်မှာ ဘုတ်အဖွဲ့မှဒါရိုက်တာထျန်ဖြစ်ကြောင်း သိလိုက်သည်။

 

အစောပိုင်းအသံရှင်မှာ ဒါရိုက်တာထျန်နောက်မှခုန်ထွက်လာသည့် အဝါရောင်ဆံပင်ဆိုးထားသောလူငယ်တစ်ယောက်ပင်။

 

သူကတော့ ဒါရိုက်တာထျန်ရဲ့သား ထျန်ကျွင်း…

 

သူကြည့်ရတာ တကယ့်အလုပ်မလုပ်ဘဲ ကုမ္ပဏီမှာအပျော်လေလွင့်နေသည့် ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်လိုပင်။

ထိုအချိန်တွင် ထျန်ကျွင်းသည် အတွင်းရေးမှုးကျင်းနံဘေးသို့ တိုက်ရိုက်လျှောက်သွားပြီး ချင်ရှန့်အား ဖော်ရွေမှုမရှိသောအကြည့်ကို ပေးလိုက်သည်။

 

"ချင်ရှန့် မင်း စိတ်ပျက်သွားပြီလား ? အဲ့ဒီဒုက္ခပေးတဲ့တစ်ယောက်ကိုကွာရှင်းဖို့ ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးမှာ ငါတို့ သဘောတူထားတယ်လေ၊ ဒါပေမယ့် မင်း အခုဘာလုပ်နေတာလဲ ?"

 

"ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မင်းအခုလို ရုန်းရင်းဆန်ခတ်နဲ့ စောင့်ကြည့်စစ်ဆေးမှုတွေလုပ်သင့်သေးလို့လား မေးစရာရှိသေး တာလား? နောက်ပြီး ပိုရယ်စရာကောင်းတာက မင်းရဲ့သစ္စာစောင့်သိတဲ့အတွင်းရေးမှုးကျင်းကို မင်း သံသယရှိနေတယ်ကြားပတယ် သူ့ကိုလည်း စုံစမ်းစစ်ဆေးစေချင်တယ်ပေါ့ ? မင်း ရူးသွားပြီလား ?"

 

ဒါရိုက်တာထျန်သည် ထျန်ကျွင်း၏လှောင်ပြောင်မှုကို တစ်ဝက်တစ်ပျက်တွင်တားရန်ကြိုးစားခဲ့သည်။

 

"မင်း မစ္စတာချင်ကို ဘယ်လိုပြောရဲတာလဲ ? မစ္စတာချင်ရဲ့စေ့စပ်သေချာမှုရှိပြီးမျှတတယ်၊ အတွင်းရေးမှုးကျင်းကို သူ သံသယရှိနေ တာမဟုတ်ဘူး၊ သူ့မိန်းမက အပြစ်ရှိကြောင်းဝန်ခံဖို့ငြင်းဆန်နေလို့ပဲဖြစ်ရမယ်။"

 

ထျန်ကျွင်းသည် ကျီဖေးအား ချက်ချင်းပင် ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။

 

"ခင်ဗျားက ဒီလိုအချိန်မျိုးမှာတောင် မင်းက တခြားသူတွေကို ဆွဲချဖို့ကြံနေတုန်းပဲ၊ အဲ့ဒါက ရိုးရှင်းပါတယ်..."

 

ထျန်ကျွင်းသည် သူ၏စော်ကားမှုကိုအပြီးမသတ်မီ၊ ချင်ရှန့်သည် ရှေ့သို့တိုးကာတင်းမာသောမျက်နှာဖြင့် ကျီဖေးကိုအကာအကွယ် ပေးကာ သူပြောတော့မည့်အချိန်တွင်-

 

[ဒါတွေ ဖုံးဖိဖို့ဘယ်ကမြောင်းဖုံးကိုများ သွားခိုးလာသလဲမသိ ??]

 

ချင်ရှန်း၏စကားများသည် လည်ချောင်းထဲပြန်နစ်မြုပ်သွားခဲ့သည်။

 

[ထျန်ကျွင်း၊ ဟုတ်လား ? ကော်ပိုရေးရှင်းရဲ့သူဌေးကို ဘယ်လိုတောင်ပြန်ခံပြောရဲတာလဲ ? သူ ဒီလောက်မာနကြီးဖို့ ဘယ်ကများသတ္တိတွေရထားလဲ ကြည့်ရအောင်။]

 

ကော်ပိုရေးရှင်း၏ • သူဌေးကြီး ချင်ရှန့် • အံ့အားသင့်သွားရသည်။

 

ဘာကို ကြည့်မှာလဲ ?

 

 

[သြော် အဲ့လိုကိုး။ ဒါရိုက်တာထျန်က ဒါရိုက်တာဘုတ်အဖွဲ့ထဲမှာအမြင့်ဆုံးရာထူးပဲ သူက ချင်ရှန့်နဲ့လည်း သဘောထားကွဲလွဲနေ သေးတယ်။ ထျန်ကျွင်းက သိပ်အသုံးမကျသလို ချင်ရှန့်က အရမ်းတော်နေတာကြောင့်သာမဟုတ်ရင် ပါးပါးချင် ရာထူးကဆင်းလိုက် တာနဲ့ ဒါရိုက်တာထျန်က သူ့သားအဲ့နေရာရအောင်တွန်းအားပေးဖို့တကယ်စဉ်းစားနေလိမ့်မယ်။ ထျန်ကျွင်းက ချင်ရှန့်ရှေ့မှာ သူ့နေရာသူမသိတာအံ့သြစရာမဟုတ်တော့ဘူးပဲ]

ချင်ရှန်းသည် ဤတစ်ကြိမ်တွင် အကယ်ကြီးတုန်လှုပ်သွားရသည်။

 

ကျီဖေးသည် ကော်ပိုရေးရှင်းအတွင်းရေး ဆက်ဆံရေးအကြောင်း အရင်ကဘာမှမသိခဲ့ပေမယ့် သူမက ရုတ်တရက်...

 

ပြီးတော့ အခုလေးတင် သူမ ဘာ ‘ မြင် ’ သွားတာလဲ ??

 

ဒါ့အပြင် အစောကအတွင်းရေးမှုးကျင်း သူ့နောက်မှာ ရုံးခန်းထဲဝင်ထွက်သွားလာနေတာကို သူမ မသိခဲ့သင့်ဘူး..။

 

တကယ်ဆို၊ သူမမှာ 'အခြေအနေ' တစ်ခုခုတော့ရှိသင့်တယ် မဟုတ်ဘူးလား ??

 

[Ah! Oh my god, ahhh!]

 

ကျီဖေး၏ရုတ်တရက်အော်သံကြောင့် ချင်ရှန့် လန့်သွားရသည်။ သူ့စိတ်ထဲ တစ်ပိုင်းတစ်ပိုင်းက 'သူမ ဘာထပ်တွေ့ထားသေးလဲ' ဟုတွေးနေချိန်တွင် အတွင်းရေးမှုးကျင်းအပေါ် ထျန်ကျွင်း၏ကာကွယ်ပြောဆိုမှုကို စိတ်အားထက်သန်စွာနားထောင်ခဲ့သည်။

 

[သူ ငါ့ကို ဆန့်ကျင်ပြီး အတွင်းရေးမှုးကျင်းကိုကာကွယ်ပေးနေတာ အံ့သြစရာမရှိတော့ဘူး။]

 

[ဒီတော့ ဒီထျန်ကျွင်းက အတွင်းရေးမှုးကျင်းကို သစ္စာရှိရှိချစ်နေခဲ့တာပေါ့လေ !]

 

[ဟဟ! အေးပေါ့လေ ဘယ်လိုလုပ်တစ်ယောက်ယောက်က ဒီလောက်ထိသစ္စာရှိနိုင်မှာလဲ ? ငါ့ကို ရယ်သေအောင်လုပ်နေတာပဲ]

 

ချင်ရှန့် အံ့သြသွားသည်။

 

ထျန်ကျွင်းက အတွင်းရေးမှုးကျင်းကို ကြိုက်နေတာလား ?

 

သစ္စာရှိရှိချစ်နေခဲ့တာ ?

 

ဒီတော့... ဘယ်လောက် သစ္စာရှိတာလဲ ?

 

[Good morning, Good afternoon, Good night စာတိုတွေ နေ့တိုင်းပို့တယ်၊ မိုးရွာရင် ထီးယူလာပေးပြီး၊ မိုးအေးတဲ့အခါ အဝတ်အစားများများပိုဝတ်ဖို့ သတိပေးတတ်တယ်၊ ဒါပေမယ့် သူမက ဘယ်တော့မှစာမပြန်ဘူး။ ဒီလိုမျိုးကို နှစ်နှစ်လောက် သူဖြတ်ကျော်လာတာပေါ့၊ ဒါ တကယ်ကိုပေးဆပ်နေတာပဲ!]

 

ချင်ရှန့် : သူသာ သူ့အလုပ်ကို အဲ့လိုပေးဆပ်နေရင်...

 

[တစ်ချိန်က၊ အတွင်းရေးမှုးကျင်းရဲ့ ပေါ့ပေါ့ပါးပါးမှတ်ချက်တစ်ခုကြောင့်နဲ့ ပဲရစ်မြို့တစ်ခွင်လုံးပြဲပြဲစင်အောင်ရှာခဲ့တယ်ပေါ့လေ၊ ပြီးတော့ ရလဒ်က အဖျားတက်ပြီးမူးလဲသွားတယ်။ အဲ့လက်ဆောင်ကို အတွင်းရေးမှုးကျင်းလက်ခံရရှိတဲ့အချိန်မှာ သူ့ကို "ရေနွေးများများသောက်" လို့ပြောလိုက်တာကို သူ့မှာ အော်တောင်ငိုရတယ်ပေါ့။ ဘယ်လောက်တောင် ရိုးသားလိုက်တဲ့ပေးဆပ် အချစ်လဲ!]

 

ချင်ရှန့် : သူသာ သူ့အလုပ်အပေါ် အဲ့လိုရိုးသားမှုပြခဲ့မယ်ဆိုရင်။

 

[တစ်ခါက သူ ဂစ်တာတီးပြီး ညလယ်ခေါင်မှာ သူ့တိုက်ခန်းအောက်သီချင်းသွားဆိုတယ်။ အိမ်နီးချင်းများတွေက ငြိမ်းချမ်းမှုကို အနှောက်အယှက်ဖြစ်စေတယ်ဆိုပြီး ရဲတပ်ဖွဲ့ကိုဖုန်းဆက်တိုင်လို့ ရဲစခန်းကိုအခေါ်ခံသွားရသေးတယ်။ အတွင်းရေးမှုးကျင်းက သူ့ကိုအာမခံထုတ်ပေးဖို့တောင် ရောက်မလာခဲ့ဘူ ။ သူ့ဘာသာ နည်းလမ်းရှာခဲ့ရတယ်! အဲ့နောက် သူမရဲ့အိပ်စက်မှုကို အနှောက် အယှက်ဖြစ်စေနိုင်တယ်ဆိုပြီး သူက တောင်းပန်ခဲ့သေးတယ်ပေါ့လေ၊ အဲ့လိုမျိုးတောင် သူ စဉ်းစားနိုင်တယ်ဆိုတော့ ကြောက်စရာ ကောင်းလောက်အောင် စေ့စပ်သေချာအောင်တွေးတတ်တယ်လို့ဆိုရမယ်]

 

ချင်ရှန့် - ဒါဆို အလုပ်မှာမကြာခဏ အမှားလုပ်တဲ့သူက ဘယ်သူလဲ ? နောက်ဆုံး အလုပ်က သူ့ရဲ့စေ့စပ်သေချာတဲ့အဲ့စိတ်လေးကို ထိန်းထားနိုင်ပါ့မလား ?

 

[နောက်ထပ်ရှိသေးတယ်!]

 

ချင်ရှန့်: နောက်ထပ်ရှိသေးတာလား!??

 

["အတွင်းရေးမှုးကျင်းကို ချစ်မိသွားတဲ့နောက်၊ သူ့ကိုယ်သူ ဖြူစင်အောင်ထားပြီး တခြားအမျိုးသမီးတွေကို ဘယ်တော့မှ လိုက်မရှာ ခဲ့ဘူးဆိုပဲ၊ သူက ညသန်းခေါင်ဆို အတွင်းရေးမှုးကျင်းရဲ့ဓာတ်ပုံကိုကြည့်ပြီး... သူ့ကိုယ်သူ စိတ်ကျေနပ်မှုရယူပြီးဖြေလျော့နေလိမ့် မယ်။ ဒါက 21+ တွေဖြစ်သွားပြီလေ ဒီအချက်အလက်တွေ မ Share ပေးသင့်ဘူး။ ပြီးတော့ သူများကိုယ်ရေးကိုယ်တာကို ငါလည်း အဲ့လောက်ထိစိတ်မဝင်စားနေပါဘူးနော် !]

 

 

ချင်ရှန့်: …အာ!

 

ထိုအချိန်တွင် သူတို့ရှေ့ဖြောင့်မတ်စွာပြောနေသော ထျန်ကျွင်းသည် ကျီဖေးနှင့် သူ၏ကိုယ်ရေးကိုယ်တာကိစ္စများလုံးလုံးလျားလျား ထုတ်ဖော်ခံလိုက်ရသည်ကို မသိလိုက်ပေ။

 

သူ့ရှေ့က လူနှစ်ယောက် သူ့ကိုကြည့်တဲ့ပုံစံကပိုထူးခြားလာတာကို သူ ခံစားလိုက်ရသည်။

 

အဲဒီအကြည့်တွေက ဘာကိုဆိုလိုတာလဲ ? ကိုယ်ချင်းစာစိတ်နဲ့ စိတ်ပျက်စရာအရိပ်အမြွက်တွေ ရောထွေးနေတာလား ??

 

["ဟဟ၊ ဒါတွေအားလုံး ဒါရိုက်တာထျန်ရဲ့အမှားတွေပဲ!"]

 

ချင်ရှန့်: ?? ဘယ်လိုလုပ် ဒါရိုက်တာထျန်နဲ့ ဆက်စပ်နေရပြန်တာလဲ ??

 

ဟမ် ? ခဏလေး၊ သူအခု လုပ်စရာရှိတာဘာပါလိမ့် ?

 

ချင်ရှန့်၏စိတ်ထဲ ကမောက်ကမဖြစ်နေသော်လည်း အဆုံးတွင် ကျီဖေး၏စိတ်ပိုင်းဆိုင်ရာစွဲချက်တင်နေသော အတွင်းစိတ်များက သူ့အာရုံကိုဖယ်ခွာသွားခဲ့သည်။

 

အတင်းအဖျင်းပြောခြင်းသည် အတည်ကြည်ဆုံးလူပင်လျှင် မခုခံနိုင်သော သွေးဆောင်ဖျားယောင်းမှုတစ်ခုဖြစ်တော့သည်။