Chapter
3
[အစပိုင်းမှာ ဒါရိုက်တာထျန်က သူအာဏာရချင်တဲ့ဆန္ဒမပြေပျောက်သေးတော့
ထျန်ကျွင်းကိုအတွင်းရေးမှုးကျင်းဆီ ချဉ်းကပ်ခိုင်းခဲ့တာ၊ ဒါပေမဲ့ သူ့သားကို စတေးရမယ်ဆိုတာကိုတော့
နည်းနည်းလေးမှမသိခဲ့ဘူးပဲ၊ သူ့သား အခုလိုအချစ်မျက်ကန်းဖြစ်နေတာသာ သိသွားလို့ကတော့...
ဟား ဟား~]
[အခု သူက သားဘက်ကနေထောက်ခံပေးနေတာက အတွင်းရေးမှူးကျင်းကို
ထိန်းချုပ်ထားတာ သူသားလို့ သူ ထင်နေလို့ပဲ]
[အခု သူ့အဖြစ်က သားကိုရောင်းစားပြီး ပိုက်ဆံထိုင်ရေပေးသလိုဖြစ်နေပြီ]
ဒါရိုက်တာထျန်သည် သားဖြစ်သူ၏နောက်တွင် ခိုင်ခံ့ သည့်တောင်တန်းတစ်ခုပမာရပ်နေရင်း
ချင်ရှန်း၏ ပေါက်ထွက်မတက် အကြည့်စူးကြောင့် ထိတ်လန့်သွားသည်။
သို့သော် ဒါရိုက်တာထျန်သည် သူ့စိတ်သူထိန်းလျက် ခံစားချက်များကို
ဗိုက်ထဲသာမြိုချလိုက်သည်။
ချင်ရှန်း ဒီအခေါက်တော့ မှားတာသေချာပြီ။ သူ မျက်နှာအဖြတ်ရိုက်ခံထားရသည့်
အဖိုးတန်သားလေးအား တစ်ချက်လှည့်ကြည့်လိုက်သည်။
ဒီအခွင့်အရေးကိုအသုံးချပြီး အတွင်းရေးမှုးကျင်းကို
သူတို့ဘက်ရောက်အောင်ဆွဲထားလို့ရပြီ။
အဲ့အခါကျ ဘယ်သူမှ သူ့သားကိုအလိုလိုက်ခံထားရတဲ့ ဆန်ကုန်မြေလေးလို့ပြောရဲမှာမဟုတ်တော့ဘူး။
"ဒီမှာ ချင်ရှန်း.. မင်း အဲ့မိန်းမအတွက်နဲ့
အတွင်းရေးမှုးကျင်းကို စွပ်စွဲတယ်ပေါ့"
ထျန်ကျွင်းသည် ချင်ရှန့်၏တစ်ချက်မှမပြောင်းလဲသွားသော
မျက်နှာကြီးကိုမြင်သည့်အခါ ဒေါသတကြီး အော် ဟစ်လာသည်။
"မင်း မမေ့နဲ့ဦး၊ ကျီဖေးက ပြိုင်ဘက်ကုမ္ပဏီရဲ့ဒုဥက္ကဌလီနဲ့
သွားတွေ့တဲ့ ဓာတ်ပုံနဲ့ဗီဒီယိုပါ သက်သေရှိတယ်"
ချင်ရှန့်သည် ဒရမ်မာအားဇိမ်ခံကြည့်နေရင်းမှ ချောင်းတစ်ချက်ဟန့်ကာ
လေးနက်သောလေသံဖြင့် ကျီဖေးဘက်သို့ လှည့်ပြီးမေးလိုက်သည်။
"မင်း ဘာလို့ သူ့ကို သွားတွေ့တာလဲ"
သူ ကျီဖေးကိုနောက်ဆုံးအကြိမ်က မေးတုန်းက သူ(မ) ဒေါသပုန်ထကာ တိကျသည့်အဖြေမပေးခဲ့ချေ။
ဤတစ်ကြိမ်တွင် ကျီဖေး ပူးပေါင်းဆောင်ရွက်ခြင်းမှုမရှိခဲ့လျှင်ပင်
သူ အမှန်တရားကိုရှာဖွေနိုင်မည်ဟု ခံစားရသည်။
ကျီဖေးသည် မျက်တောင်တဖျက်ဖျက်ခတ်လျက် ထိုကိစ္စမှာ
ပိုရှုပ်ထွေးလာသည်ဟုခံစားလိုက်ရသည်။ ချင်ရှန့် အမှန်တရားအတွက် စေ့စေ့စပ်စပ်စုံစမ်းလာမည်ဟု
သူ(မ)မျှော်လင့်ထားချေ။
ချင်ရှန်းသည် အစထဲကအလွန်ကောင်းမွန်သော လူတစ် ယောက်ဖြစ်သည်။
သူ မည်သူ့ကိုမှ မတရားမစွပ်စွဲမိစေရန် ပြင်းပြင်းထန်ထန်ကြိုးစားနေသည်။
ဒါပေမဲ့ ဒါက ကျီဖေးလိုချင်တာမှမဟုတ်တာ၊ သူ ကွာ ရှင်းချင်တယ်လို့!
သူ(မ) စကားပြောခါနီးတွင် ချင်းရှန်းနှင့် ရုတ်တရက်
အကြည့်ချင်းဆုံမိသွားသည်။ ၎င်းထံ ထက်မြက်ဟန်ရှိသောမျက်ခုံးများနှင့် ဖီးနစ်သဏ္ဉာန်
မျက်လုံးများလည်းရှိပြီး သူ၏တည်တင်းသော အသွင်အပြင်နှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အားပေါင်းလိုက်လျှင်
မော်ဒယ်တစ်ယောက်အလားပင်။ အထူးသဖြင့် သူ(မ)ကို စေ့စေ့ကြည့်နေသောအကြည့်ဖြင့် ထပ်ပေါင်းလိုက်လျှင်
သူ၏ရုပ် ရည်သည် နာမည်ကြီးများထက် မလျော့ကျနိုင်ချေ။ ထိုအသွင်အပြင်ကြောင့် ကျီဖေးသည်
သူ(မ)စိတ်အားစုတ်ယူခံလိုက်ရသည့်ပမာ တစ်စက္ကန့်လောက် ထိတ်လန့်သွားသည်။
သန်းနှစ်ရာဆိုသည့် ပိုက်ဆံကြောင့်သာမဟုတ်ပါက ချင်ရှန်း၏မျက်နှာသည်
သူ(မ)အားဆွဲဆောင်နိုင်ပေလိမ့် မည်။ မည်သို့ပေဆိုစေ ကျီဖေးအနည်းငယ် ကြောင်အမ်းသွားရသည်။
ဤအခိုက်အတန့်တွင် သူ၏ချောမောသောမျက်နှာသည် သံလိုက်အလား
ဆွဲငင်မှုများပြည့်နှက်နေပြီး သူ၏အမူ အရာတစ်ခုလုံးသည် လေးနက်လှသဖြင့် လေထုကိုပင် သက်ရောက်စေလာသည်။
ထိုအကြည့်များသည် သူ(မ)၏အတွင်းစိတ်ကိုထိုးဖောက်မြင်နိုင်သယောင်
ခံစားလိုက်ရသောကြောင့် ကျီဖေးလည်းထိတ်လန့်သွားကာ မတော်တဆနှုတ်မှလွှတ် ခနဲထွက်သွားသည်။
"အဲ့ဒါ ကျွန်မ အေးဂျင့်စီစဉ်ပေးတဲ့ အလုပ်ပါ"
ကျီဖေးပြောပြီးတော့မှ ကိုယ့်ခေါင်းကိုနံရံနှင့်သာပြေးစောင့်လိုက်ချင်တော့သည်။
ချောမောတဲ့ရုပ်ရည်လေးကြောင့်နဲ့ သူ(မ) တကယ်ကြီး စိတ်လွတ်သွားတာလား!?
သူ(မ)ဘာကြောင့် ရိုးရိုးသားသား ပြန်ဖြေမိလိုက်တာလဲ?
အခု အခြေအနေတွေက ပိုပြီးရှုပ်ထွေးသွားတော့မယ်။
ထျန်ကျွင်းသည် ဦးစွာ "ဒါက ဘယ်လောက်တောင် တုံးအတဲ့
ဆင်ချေလဲ ? မင်းအေးဂျင့်က ပြိုင်ဘက်ကုမ္ပဏီနဲ့ အလုပ်စီစဉ်ပေးရအောင် ရူးနေတာလား
?"
ကျီဖေးသည် ချင်ကော်ပိုရေးရှင်းတွင် အထူးပုဂ္ဂိုလ်ဖြစ်သောကြောင့်
သူ(မ)တွင် ကိုယ်ပိုင်အေးဂျင့်ရှိသည်။ ထိုအေးဂျင့်သည် ချင်ကော်ပိုရေးရှင်းမှခန့်အပ်ထားသဖြင့်
ပြိုင်ဘက်ကုမ္ပဏီတစ်ခု၏အလုပ်လက်ခံရန် မည်သို့ဖြစ်နိုင်မည်နည်း ?
တမင်လုပ်တာဆိုရင်တော့ တစ်မျိုးပေါ့။
ထျန်ကျွင်းသည် ကျီဖေးအားထပ်ပြောရန် အခွင့်မပေးဘဲ
ကျီဖေး၏အေးဂျင့်ကျဲဝေ့အား ဆက်သွယ်ရန်တစ် ယောက်ယောက်ကိုခိုင်းလိုက်ပြီး အခြေအနေများကို
ရှင်းပြလိုက်သည်။
ကျဲဝေ့ ချက်ချင်းပြန်ဖြေသည်။
"ဘာ ? ကျွန်မ အဲ့လိုအလုပ်မျိုး သူ့ကိုတစ်ခါမှ
မလုပ်ခိုင်းဖူးပါဘူး၊ မစ်ချင် ဘာလို့များ ကျွန်မကိုလိမ်ညာစွပ်စွဲရတာလဲ ? ကျွန်မက သာမာန်လက်လုပ်လက်စားတစ်ယောက်ပါ၊
ဒီလောက်ကြီးတဲ့ကိစ္စကြီးကို ကျွန်မ ဘယ်လိုလုပ်နိုင်မှာလဲ"
သူ(မ)သည် အေးဂျင့်တစ်ယောက်သာဖြစ်သောကြောင့် CEO၏ဇနီးကို
မှားယွင်းစွပ်စွဲဝံ့မည် မဟုတ်တာသေချာသည်။
သို့သော် မည်သူမှ သူ(မ)လေသံထဲရှိ တောင်းတင်းမှုကို
သတိမထားမိကြချေ။ ၎င်းတို့သည် အဖြေရပြီးပြီဟုသာ တွေးဆလိုက်သည်။
အတွင်းရေးမှုးကျင်း၏နှုတ်ခမ်းများသည် လျှို့ဝှက်စွာ
တွန့်ကွေးသွားသည်။
ထျန်ကျွင်း : "နောက်တစ်ခါဒီလိုမျိုး ရှာရလွယ်တဲ့
ဆင် ချေနဲ့မလိမ်နဲ့"
ထို့နောက် သူ ကျီဖေးအား "သိပြီးလား ? ငတုံးမ"
ဟု ပြောလိုက်သည်။
ကျီဖေး တကယ်ဒေါသထွက်သွားရသည်။
အစတွင် သူ ထင်ခဲ့သည်မှာ ဤသည်မှာ သာမာန်စွပ်စွဲမှုဟူ၍ပင်။
သို့သော် ကျဲဝေနှင့်ဆက်နွယ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချင်ရှန့်လည်း ကျီဖေး၏အတွင်းစိတ်ရှိ စကားသံများကို
ကြားရသောကြောင့် ကျဲဝေထံသို့ စုံစမ်းရန်လူလွှတ်မည့်အကြောင်းကို တွေးတောထားလိုက်သည်။
[ငါ့ကို စွပ်စွဲဖို့အတွက် သူ့ကို ပိုက်ဆံဘယ်လောက်ပေးခဲ့ရလဲဆိုတာ
ငါ သိချင်လိုက်တာ]
ချင်ရှန့်:...
သူ(မ)သိချင်သမျှကို တန်းသိနေရတာများလား ?
[ဘာ!]
[ငါ့ရဲ့အပြစ်ကင်းစင်မှုအတွက် ယွမ်၂၀၀၀ တန် စာအိတ်နီတစ်အိတ်ပဲ
တန်တာလား !]
[ဒါ မဖြစ်နိုင်ဘူး! လုံးဝ မဖြစ်နိုင်ဘူး!!]
[ကြည့်ရတာ နောက်က သုညတွေကျန်သွားတာပဲဖြစ်ရမယ်!]
ချင်ရှန့်လည်း အံ့အားသင့်သွားကာ သူ့ခေါင်းထဲ မေးခွန်းများပြည့်နှက်လာသည်။
ယွမ် 2,000 ထဲလား ?
[ဝူးဝူးဝူးး ယွမ် 2000 ထဲတဲ့လား... အယ် ? ခဏလေးနေပါဦး
အာ?! ဒီလိုကို!...]
ဘာကို ဒီလိုကိုလဲ ?
သူ အချိန်အကြာကြီးစောင့်ဆိုင်းသော်လည်း ကျီဖေး သည်
အံဩမဆုံးသာဖြစ်နေသည်။
မူလက ချင်ရှန်း၏တည်ငြိမ်သော စိတ်သည် ကျီဖေးကြောင့်
ကမောက်ကမဖြစ်နေရသည်။
မင်း ပြောလိုက်ရုံပဲလေ..၊ မင်း မပြောရင် မင်းရဲ့အပြစ်ကို
ငါ ဘယ်လိုသက်သေပြနိုင်မှာလဲ...
ကံကောင်းထောက်မစွာ ကျီဖေးသည် အခြေအနေကို မသိစိတ်မှပြောနေဆဲပင်။
[သူ(မ)က ပိုက်ဆံမလိုချင်တာမဆန်းပါဘူး၊ အေးဂျင့်ဝေ့က
အတွင်းရေးမှုးကျင်းရဲ့ မရီးဖြစ်နေတာကို၊ သူတို့က တကယ်တော့ မိသားစုတွေဖြစ်နေတာကိုး ဒါ့ကြောင့်
ဒီလောက် စည်းလုံးညီညွတ်နေကြတာ]
[ဒါဆို အတွင်းရေးမှုးကျင်းက ဘယ်ထဲကတည်း ငါ့ဘေးမှာ
စစ်တုရင်ရုပ်ကိုချထားလဲ ? ဘယ်လောက်ကြာပြီလဲ၊ သူတို့က အရင်ကတစ်ယောက်နဲ့တစ်ယောက် မသိသလို
ဟန်ဆောင်နေကြသေးတယ်၊ အထင်ကြီးစရာပဲ၊ တကယ့်ကို အထင်ကြီးစရာပါလား ?]
ချင်ရှန့် : မင်းက ဘာလို့ ချီးကျူးနေရတာလဲ ??
ချင်ရှန်း အဖြစ်မှန်ကိုကြားလိုက်ရသောအခါ ရုတ်တရက်
အလွန်တုန်လှုပ်သွားသည်။
ဒီလိုဆိုရင် အတွင်းရေးမှုးကျင်းက သူ့နောက်ကွယ်မှာ
အရင်ထဲက အကွက်ချထားခဲ့တာပေါ့။
ဤအချိန်တွင် လက်အောက်ငယ်သားတစ်ဦသည် ကျဲဝေ့နှင့်ဖုန်းဆက်ပြောနေပြီး
အချက်အလက်အစုံအလင်ကို ဂရုတစ်စိုက် မေးမြန်းပြီးဖြစ်သည်။
ချင်ရှန့်၏လေသံသည် ပြောင်းလဲသွားပြီး "ဖြစ်ပျက်ခဲ့တာတွေက
ရှေ့နောက်မညီဘူး ငါ အေးဂျင့်ဝေရဲ့နောက် ခံ၊ အသွားအလာတွေနဲ့ ဖုန်းကော list ကို သေသေချာချာစုံစမ်းမယ်။"
လူတိုင်း ချက်ချင်းဆိုသလိုပင် ချင်ရှန်းအား ထိတ်လန့်စွာကြည့်လိုက်သည်။
လူတိုင်း- ကိစ္စတွေ ဒီအထိရောက်နေတာတောင် သူက စုံစမ်းချင်နေတုန်းလား
?!
ကျီဖေး: ဝှက်သယ်ဖက် ! ချင်ရှန့်က ဘယ်လိုတောင် စုံစမ်းရမဲ့လမ်းစကို
မတော်တဆသိသွားတာလဲ ?
လူတိုင်းသည် အတွင်းရေးမှုးကျင်း၏ထိတ်လန့်မှုနှင့်
ဖုန်းထဲမှတစ်ဖက်လူ၏ပျက်ပြားသွားသော အသက်ရှုသံကို မည်သူမျှသတိမထားမိခဲ့ချေ။
"မင်း ဘာပြောချင်တာလဲ ?"
ထျန်ကျွင်းသည် အချစ်အတွက် အရှေ့မှမားမားမတ် မတ် ရပ်တည်ပေးလိုက်သည်။
ချင်ရှန့် "ဖြစ်ပျက်ခဲ့တာတွေက မတိုက်ဆိုင်ရင်
ရဲတွေတောင် သူတို့ရဲ့စုံစမ်းစစ်ဆေးမှုမှာ ဘက်လိုက်မှာ မဟုတ်ဘူး၊ ကျီဖေးရဲ့ဆက်သွယ်လို့ရမဲ့
ပစ္စည်းတွေ အကုန်လုံးရှင်းလင်းတယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် သူ(မ)က ပြိုင်ဘက်ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဆက်သွယ်ဖို့နည်းလမ်း
မရှိဘူး၊ ဒါပေမဲ့ အေးဂျင့်ဝေအကြောင်းကိုတော့ ငါသေ ချာမသိဘူး"
"မစ္စတာချင်... ကျွန်.. ကျွန်မက ပြိုင်ဘက်ကုမ္ပဏီနဲ့
ဆက်အသွယ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ ?" အေးဂျင့်က စိုးရိမ်တကြီးပြောလာသည်။
အမှန်လည်း သူ(မ)မလုပ်ခဲ့ချေ။ သို့သော် ၎င်းတို့သာ
စုံစမ်းပါက သူ(မ)နှင့် အတွင်းရေးမှုးကျင်း၏ဆက်ဆံရေးပေါ်သွားလိမ့်မည်။
ထိုအကြောင်းသည် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသော
ကြောင့် အခြားမည်သူမှ မသိသဖြင့် ထိုကိစ္စသာပေါ်သွားပါက ရှင်းပြရန်ခက်ပေလိမ့်မည်။
ချင်ရှန့်သည် အေးစက်စွာဖြင့် "ပြန်ပြောမဲ့ သတင်းကိုသာစောင့်.."
သူသည် အေးဂျင့်ကို ငြင်းဆန်ရန်ပင် အခွင့်အရေးမပေးဘဲဖုန်းကိုချလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူ၏အေးစက်သောအကြည့်သည် အတွင်းရေးမှုးကျင်းထံ
ရောက်သွားသည်။
ထိတ်လန့်တကြားဖြစ်နေသော အတွင်းရေးမှုးကျင်းသည် သူ့အကြည့်ကြောင့်
ရုတ်တရက်လန့်ဖျပ်သွားသဖြင့် အနောက်သို့ဆုတ်မိသွားသည်။
ထျန်ကျွင်းသည် ဒေါသတကြီးဖြင့် "မင်းက အဲ့မိန်းမကို
ဒီနေ့ ကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားလို့၊ အတွင်းရေးမှုးကျင်းကို တမင်အပြစ်လွဲချနေတာလို့ပဲ
ငါ ထင်တယ်!"
"ဒါပေမယ့် ကံမကောင်းစွာပဲ အတွင်းရေးမှုးကျင်းက
ပြိုင်ဘက်ကုမ္ပဏီက လူတွေနဲ့ ဘယ်တုန်းကမှအဆက် အသွယ်မရှိခဲ့ဘူး၊ အဲဒီနှစ်ရက်အတွင်းမှာ
သူ ကုမ္ပဏီနဲ့ အိမ်ပဲသွားတာ!"
အတွင်းရေးမှုးကျင်းလည်း ထိုအခါမှတည်ငြိမ်မှုရသွားကာ
ချင်ရှန့်အားစိတ်ထဲမှ နာကျည်းစွာအထွန့်တတ်မိသော်လည်း သူ(မ)၏ လေသံမှာမယိမ်းယိုင်ပဲ
ဖြောင့် မတ်နေသည်။
"မစ်စတာချင်က ကျွန်မကိုမယုံမှတော့ စုံစမ်းစစ်ဆေးမှုမှန်သမျှကို ကျမ လက်ခံတယ်!"
၎င်းတို့သည် အတွင်းရေးမှုးကျင်း မကြာသေးမီက သွားခဲ့သောနေရာနှင့်
သူ(မ)၏ စက်ပစ္စည်းများအားလုံးကို သေချာစုံစမ်းစစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။
ထျန်ကျွင်း၏ အစောပိုင်းပြောကြားမှုအရ အတွင်းရေးမှုးကျင်းသည်
အခြားကုမ္ပဏီမှ မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြောင်း အတည်ပြုနိုင်သည်။
အတွင်းရေးမှုးကျင်းသည် ယခုအခါ ဤသို့ပြောလာသောကြောင့် သူ(မ) မည်သည့်သက်သေ အထောက် အထားမှ မထားခဲ့ကြောင်း
အရိပ်အငွေ့ပြသလိုပင်။
သူ(မ)၏စက်ပစ္စည်းများမှာ သဲလွန်စတွေမရှိတာဖြစ်နိုင်မလား
?
ချင်ရှန်းသည် အတွေးများစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
[သူ(မ) ဘာလို့ဒီလောက်ယုံကြည်မှုရှိနေတာလဲ သိချင်လိုက်တာ၊
ဘယ်လိုစီစဉ်ထားတာပါလိမ့် ]
ချင်ရှန်း ချက်ချင်းပင် နားများစွန့်ထားလိုက်သည်။
ယခုအခါ သူတွေးနေရန် မလိုအပ်တော့ချေ။
[ဒီလောက် ပြီးပြည့်စုံတဲ့ အစီအစဉ်ဖြစ်မယ်လို့ မမျှော်
လင့်ထားဘူး]
ချင်ရှန့်: အံ့ဩနေတာတွေ ရပ်ပြီး ပြောပါတော့!
[သူက အီးမေးလ်ကို 12 ရက်နေ့ နံနက်မှာပို့ခဲ့ပေမဲ့
ဖျက်လိုက်တယ်၊ အဲ့ဖျက်ထားတာတွေက နည်းပညာတွေသုံးပြီးပြန်ရှာရင်တောင် ဘာမှရှာတွေ့မှာမဟုတ်ဘူးပဲ]
ချင်ရှန်း၏နှလုံးသည် တင်းကျပ်သွားသည်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ
?
[ဘာလို့လဲဆိုတော့ သူ(မ)က အရူးထျန်ကျွင်းရဲ့ကွန်ပြူတာကိုသုံးခဲ့တာကိုး၊
ထျန်ကျွင်း သူ့ကိုစုံလုံးကန်းယုံ ကြည်တာနဲ့ သူ့ ရုံးခန်းထဲကို တံခါးမရှိ ဓားမရှိ ၀င်ထွက်ခွင့်ပြုထားတဲ့အပြင်
စကားဝှက်ကတောင် အတွင်းရေးမှူးကျင်းမွေးနေ့တဲ့]
[အေးပေါ့၊ အဲ့တော့ သူ့ကိုသံသယ၀င်ရင်တောင် ဘာမှရှာတွေ့နိုင်မှာမဟုတ်ဘူး]
[ပြိုင်ဘက်ကုမ္ပဏီက သူ့(မ)ကိုသစ္စာဖောက်ရင်တောင်
တရားခံက ထျန်ကျွင်းပဲဖြစ်မှာ]
ချင်ရှန့်၏အမူအရာသည် လုံးဝပြောင်းလဲသွားခဲ့ပြီး အတွင်းရေးမှုးကျင်းနှင့်
ထျန်ကျွင်းတို့အားအေးစက်သောအကြည့်ဖြင့် ဝေ့ဝှဲကြည့်လိုက်သည်။
[ဒါပေမယ့် သူ(မ) ဟာကွက်တစ်ခုတော့ထားခဲ့သားပဲ၊ ဖြစ်နိုင်တာ
ကုမ္ပဏီက သူ့(မ)ရာထူးကိုအရမ်းယုံကြည်မှုလွန်ကဲနေတာကြောင့်နဲ့တူတယ်]
ချင်ရှန်းသည် ချက်ချင်းပင် အာရုံစူးစိုက်ကာ နားထောင်ပြီး
ဟာကွက်ကိုသိချင်နေမိသည်။
သို့သော် ကျီဖေးသည် ဆက်မတွေးလာတော့ချေ။
[ထားလိုက်ပါတော့၊ ဒီလျှို့ဝှက်ချက်ကို ငါ သိပေမယ့်
ထုတ်ပြောလို့မရဘူး၊ နောက်ဆုံးတော့ အေးဂျင့်ဝေကို စုံစမ်းပြီးရင်တောင် အတွင်းရေးမှုးကျင်း
ထိခိုက်မှာက နည်းနည်းပဲ၊ ဒီအဓိပ္ပာယ်မရှိတဲ့ ဟန်ဆောင်မှုကိုသာ မြန်မြန်အဆုံးသတ်လိုက်ကြတာပေါ့]
ချင်ရှန်း၏မျက်လုံးများများသည် အနည်းငယ် လှုပ်ရှားသွားပြီး
လှောင်ပြောင်ရိပ်သန်းလာသည်။
တကယ် ရယ်စရာပဲ!
"အခုချက်ချင်း IT ဌာနကို လူတွေကိုခေါ်လိုက်၊
အတွင်း ရေးမှုးကျင်းရဲ့စက်တွေကို စစ်ဆေးဖို့လိုတယ်"