Ch 4
Viewers 573

 Chapter 4

 

 

အတွင်းရေးမှုးကျင်းသည် ချင်ရှန့် သူ(မ)အား အမှန်တကယ် မျက်နှာဖြတ်ရိုက်လိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူ(မ)၏မျက်နှာသည် ချက်ချင်းပင်ညိုပုတ်သွားသည်။  သူ(မ) နှုတ်ခမ်းများကိုတင်းတင်းကြပ်ကြပ်ဖိကိုက်ထားသောကြောင့် သူ(မ) ဒေါသထွက်နေကြောင်း ထင်ရှားသည်။ သူ(မ)နှလုံးသားမရှိသည့် ချင်ရှန်းအား   မကျေနပ်အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

 

ထျန်ကျွင်း ပိုလို့ပင် ဒေါသထွက်လာပြီး ဒုက္ခရောက်နေသောအလှလေးကို ကာကွယ်ရန် အပြေးအလွှားချီတက်လာသည်။

 

"မင်း တကယ်နှလုံးသားမဲ့တာပဲ! ဒါ အတွင်းရေးမှုးကျင်းရဲ့ကိုယ်ကျင့်တရားကို စော်ကားလိုက်တာပဲကွ!"

 

သို့သော် ထျန်ကျွင်းသည် ချင်ရှန်း၏ အေးစက်သော အကြည့်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူ့ဒေါသများ သည် လျင်မြန်စွာပြေလျော့သွားပြီး

 

"အကယ်၍ မင်း ဘာမှရှာမတွေ့ရင် အတွင်းရေးမှုးကျင်းကို တောင်းပန်ရမယ်"

 

အခြားသူများ စကားဝင်မပြောကြသော်လည်း ၎င်းတို့၏ အမူအရာသည်လည်း မကျေနပ်ကြောင်းထင်ရှားသည်။

 

ဤအဖြစ်အပျက်သည် ကုမ္ပဏီတစ်ခုလုံး၏အာရုံကို ဖမ်းစားသွားပြီး အထက်ပိုင်းမှလူအများအပြားလည်း ရောက်ရှိလာခဲ့သည်။

 

တကယ်တမ်းမှာ အတွင်းရေးမှုးကျင်းကဲ့သို့သော ထူးချွန်သည့်လူသည် ကုမ္ပဏီအတွက်အလွန်အရေးကြီးသည်။

 

လူတိုင်း ချင်ရှန်း ရူးသွားပြီဟုပင်ထင်ကြသည်။ ချင်ရှန်းသည် အမြဲတစေဒုက္ခပေးတက်သော မစ္စချင်အစား အတွင်းရေးမှုးကျင်းကသာ သူ့အားအမှန်တကယ်ကူညီပေးသူပင်။

 

သို့သော်လည်း ကျီဖေးသည် ဒရာမာကြည့်နေလျက်နှင့်  သူ(မ)သည် တဖြည်းဖြည်း လူများ၏အာရုံစိုက်ရာဗဟို ချက်ဖြစ်လာရသည်။

 

သူတို့ အကြည့်နဲ့တင် ဘာတွေတွေးနေမှန်းသိနိုင်သည်။

 

 သူ(မ)တို့ထဲမှ တစ်ယောက်သည် ချင်ရှန့်၏ဇနီးဖြစ်ပြီး ကျန်တစ်ယောက်သည် အတွင်းရေးမှုးကျင်းဖြစ်ကာ သူနှင့်အနီးကပ်ဆုံးလူပင်။

 

သူတို့က ကြိုတင်မှန်းဆမှုတွေတောင် လုပ်ထားပြီးပြီပဲ!

 

ကျီဖေးသည် ဒရမ်မာကြည့်ချင်ရုံသာဖြစ်သော်လည်း ဤ Plot ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဟု ဘယ် တုန်းကမှ မမျှော်လင့်ထားချေ။

 

 သူ(မ)ကသာ လူရယ်စရာဖြစ်နေတာ!

 

ကျီဖေးသည် ချင်ရှန့်ကိုမကျေမနပ်မျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

 

ချင်ရှန်းသည် ကျီဖေး၏အကြည့်ကိုခံစားရသောကြောင့် သူ့နောက်ကျောများ မတ်ခနဲဖြစ်သွားသည်။။

 

ကျီဖေး၏အဆက်မပြတ်တွေးတောသံကြောင့် သူ့နားများကန်းလုနီးပါးပင်။

 

သူ(မ) အရင်တည်းက ဒီလိုပဲလား ?

 

မကြာခင် စုံစမ်းစစ်ဆေးမှုရလဒ်များထွက်လာသည်။

 

ထိုထဲတွင် အမှန်တကယ်အမှားလုပ်မိထသည့် သက်သေ မရှိခဲ့ချေ။

 

ထျန်ကျွင်းသည် ချက်ချင်းမှုန်ကုပ်ကုပ်ဖြစ်သွားကာ

 

"ချင်ရှန်း... မင်း ကျီဖေးကို ထပ်ပြီးကာကွယ်ပေးချင်နေတုန်းပဲလား ?"

 

သူမသည် ချင်ရှန်း သူ(မ)နောက်ကျောအား စူးစူးစိုက် စိုက်ကြည့်နေသည်ကို ခံစားရသည်။

 

"မစ္စတာချင်... ရှင် ကျွန်မကို အခုယုံပြီလား ?"

 

အတွင်းရေးမှုးကျင်း၏မျက်လုံးများသည် အချိန်မရွေး ငိုချတော့မလို မျက်ရည်များပြည့်လျှံနေသည်။

 

ချင်ရှန့် အတွင်းရေးမှုးကျင်းအားမော့မကြည့်ခင် ဖုန်းကို စိုက်ငုံ့ကြည့်နေသည်။

 

သူ၏အေးစက်စက်အကြည့်များသည် အတွင်းရေးမှုးကျင်းအား နားမလည်နိုင်စွာ အန္တရာယ်အငွေ့အသက်ကို ခံစားရစေသည်။

 

လူတိုင်းသည် ထိုကိစ္စပြီးသွားပြီဟုထင်သော်လည်း ချင်ရှန့်သည် အတွင်းရေးမှုးကျင်းကိုကြည့်နေရာမှ သူ့နောက် ကျောရှိ ဖန်သားပြင်ကြီးကိုလှည့်ကြည့်လိုက်သည်။

 

လူတိုင်းဇဝေဇဝါဖြင့် သူ့အကြည့်နောက်မှ ‌လိုက်ကြည့်ရာ ထိုဖန်သားပြင်ထက် CCTVမှ ပုံရိပ်တစ်ခု ထင်ဟပ်‌ နေသည်ကို တွေ့လိုက်ရသည်။

 

ထိုထဲရှိနေရာသည် ထျန်ကျွင်း၏ရုံးခန်းဝင်ပေါက်ဖြစ် ကြောင်း လူတိုင်းသိလိုက်ပြီး အတွင်းရေးမှုးကျင်းသည် ထျန်ကျွင်း၏ရုံးခန်းအတွင်းသို့ ဝင်ရောက်သွားသည်ကိုလည်းတွေ့လိုက်ရသည်။

 

လူတိုင်း ပဟေဌိဖြစ်သွားသည်။ ထိုထဲ လှည့်ကွက်တစ်ခုရှိနိုင်လောက်သည်။

 

၎င်းတို့ကြည့်နေစဉ် အတွင်းရေးမှုးကျင်း၏မျက်နှာသည် သိသိသာသာပြောင်းလဲသွားပြီး သူ(မ)၏ ခန္ဓာကိုယ်သည်အေးစက်လာပြီး သူငယ်အိမ်များတစက်စက်တုန်ခါနေသည်။

 

ထျန်ကျွင်းသည် ဖန်သားပြင်ကိုညွှန်ပြပြီး ဒေါသတကြီးဖြင့် "ချင်ရှန့်! မင်း ဘာတွေလုပ်နေတာလဲ! အတွင်းရေးမှုးကျင်း ငါ့ကို စာရွက်စာတမ်း လာပို့တဲ့ CCTV ကိုတောင် စစ်ဆေးနေတယ်"

 

ချင်ရှန့် သူ့အား လျစ်လျူရှုပြီး ဖန်သားပြင်ကိုအေးစက်စွာစိုက်ကြည့်နေသည်။

 

ထိုစဉ် CCTV ၏အချိန်ကိုမြင်လိုက်ရသောအခါ ဒါရိုက်တာထျန်၏အမူအရာသည်လည်း အနည်းငယ်ထူးခြားလာသည်။

 

သူ့သားဖြစ်သူသည် ရုံးခန်းမှတစ်ယောက်တည်းထွက်လာပြီး အတွင်းရေးမှူးကျင်းကိုတစ်ယောက်တည်းထား ခဲ့သည်ကိုမြင်လိုက်ရ‌သောအခါ သူ့မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

 

မကြာခင်တွင် အတွင်းရေးမှုးကျင်းလည်း ထွက်လာပြီး ထျန်ကျွင်း သစ်သီးပန်းကန်နှင့် ပျော်ရွှင်စွာပြန်လာသည့်အချိန် မည်သူမှမရှိသောကြောင့် သူ့မျက်နှာသည် စိတ် ပျက်ဟန်အထင်းသားပင်။

 

လူတိုင်းစိတ်ရှုပ်ထွေးနေသည့်အချိန် ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းသည် ကွန်ပြူတာဆီသို့ ပြောင်းသွားသည်။

 

အံ့သြစရာကောင်းသည်မှာ ကွန်ပြူတာ wallpaper တွင် အတွင်းရေးမှုးကျင်း၏လှပသော ဓာတ်ပုံများဖြင့်ပြည့်နှံနေသည်။

 

 

လူတိုင်းသည် ထျန်ကျွင်းဆီသို့ ထူးဆန်းသောအကြည့်များဖြင့်ကြည့်လာပြီး ဒါရိုက်တာထျန် သွေးအန်တော့မလိုခံစားလိုက်ရသည်။

 

ထျန်ကျွင်းသည် ရှက်ရွံ့မှု‌မှ ဒေါသအသွင်ပြောင်းသွားကာ "ချင်ရှန့်! မင်း ငါ့ကွန်ပြူတာကို စစ်ဆေးဖို့တစ် ယောက်ယောက် လွှတ်လိုက်တာလား"

 

ထိုစဉ် နည်းပညာရှင်တစ်ဦးသည် ထျန်ကျွင်း၏ကွန်ပြူတာ စကားဝှက်ကိုဖောက်ဖျက်ပြီး ဖျက်ခဲ့သော အီးမေးလ်စာအားလုံးကို ပြန်လည်ရယူရန်ကြိုးစားခဲ့သည်။

 

ထျန်ကျွင်းသည် အတွင်းရေးမှုးကျင်းမှာ သူ့ဘေးနားတွင်ရှိနေသောကြောင့် အော်ငေါက်လိုက်ရုံသာတက်နိုင် သည်။

 

ထျန်ကျွင်းသည် အလှလေးအတွက်စိုးရိမ်နေသော ကြောင့် ပြဿနာရင်းမြစ်ကို သတိမထားမိသေးချေ။

 

ဒါရိုက်တာထျန်၏မျက်နှာသည် ဒေါသကိုမထိန်းနိုင်တော့ပေ။

 

အခန်းတွင်းရှိလူများစွာသည် ဖြစ်နိုင်ချေတစ်ခုကိုရိပ်မိသွားပုံရပြီး လေထုသည် ချက်ချင်းအေးခဲသွားသည်။ ပတ်၀န်းကျသည် လူတိုင်း၏နှလုံးခုန်သံကိုကြားနိုင်သည့်အနေအထားတစ်ခုအထိ တိတ်ဆိတ်နေခဲ့သည်။

 

ကွန်ပြူတာ‌ပေါ်တွင် ဖျက်ထားခဲ့သော အီးမေးလ်ကိုပြန် လည်ရယူပြီးနောက် ပေးပို့ခဲ့သည့်အချိန်ကို ထင်ထင်ရှားရှားရိုက်ပြလာသည်။

 

ထိုအချိန်နှင့် စောင့်ကြည့်ရေးဗီဒီယိုထဲရှိ အချိန်တို့နှိုင်း ယှဉ်ပါက မည်သူမဆိုအမှန်တရားအား မမြင်ပဲနေမည်နည်း?

 

ဒါပေါ့ တစ်စုံတစ်ယောက်ကတော့ စုံလုံးကန်းနေတုန်းပဲ။

 

ထျန်ကျွင်းသည် ဖန်သားပြင်ကို ခဏလောက်စိုက်ကြည့်ပြီး ချင်ရှန်းအား ချက်ချင်းအပြစ်တင်လာသည်။

 

"မင်း ရူးသွားပြီပဲ၊ ကျီဖေးကို ကာကွယ်ဖို့ဗီဒီယိုအတုတောင် လုပ်ကြံဖန်တီး..."

 

သူစကားမပြီဆုံးခင် သူ့အဖေထံမှ ခေါင်းအနောက်ကို ပိတ်ရိုက်ခြင်းခံလိုက်ရသည်။

 

ထျန်ကျွင်း ရှေ့သို့ယိုင်ကျသွားပြီး မြေပြင်ပေါ်သို့လဲကျသွားရသည်။

 

"အဖေ!"

 

"ပါးစပ်ပိတ်ထားစမ်း!"

 

ထို့နောက် ဒါရိုက်တာထျန်သည် ချင်ရှန်းနှင့်တခြားခေါင်းဆောင်များဆီ အမြန်လှည့်ကြည့်ကာ "မင်းတို့မြင်တဲ့အတိုင်း ငါ့သားက ဒီကိစ္စနဲ့ဘာမှမဆိုင်ဘူး၊ သူ ငတုံးမို့လို့အသုံးချခံလိုက်ရတာ!"

 

သူ ဤအချိန်တွင် သူ့သားမှာငတုံးဖြစ်ကြောင်း ဝန်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။

 

၎င်းတို့သာ ထျန်ကျွင်းနှင့် အတွင်းရေးမှုးကျင်းတို့အတူ တကွ လုပ်ဆောင်နေသည်ဟုသံသယ၀င်မိပါက သူမည်မျှ ကြိုးစားအားထုတ်ပါစေ သားဖြစ်သူကို ဤနွံထဲမှဆွဲ ထုတ်နိုင်မည်မဟုတ်ချေ။

 

"အတွင်းရေးမှုးကျင်း... မင်းစိတ်က ဘယ်လောက်တောင် ညစ်ညမ်းလိုက်တာလဲ! ငါ့သားကိုအသုံးချပြီး မစ်ချင်ကို စွပ်စွဲတယ်ပေါ့! မစ္စတာချင်ကို မင်းဘယ်လိုလုပ် ဒီလောက်လွယ်လွယ် သစ္စာဖောက်နိုင်ရတာလဲ!"

 

ဒါရိုက်တာထျန်သည် လူတိုင်း၏အာရုံကိုလွဲရန် စကားလမ်းကြောင်းလွှဲလိုက်သည်။ 

 

ထိုအချိန်တွင် အားလုံး၏မျက်လုံးများသည် အတွင်းရေးမှုးကျင်းထံသို့ရောက်ရှိသွားသည်။

 

သူတို့မျက်လုံးများတွင် ထိတ်လန့်မှု၊ မယုံကြည်မှု၊ နာ ကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

 

အထူးသဖြင့် စီအီးအို၏ရုံးဝန်ထမ်းများသည် ဒေါသကြောင့် တုန်လှုပ်ခြောက်ခြားကာ မျက်လုံးများပင် နီရဲနေကြသည်။ ၎င်းတို့သည် အတွင်းရေးမှုးကျင်းအား ယုံ ကြည်သောကြောင့် မစ်ချင်ကိုစွပ်စွဲမိခဲ့ကြသည်။

 

ယခု ၎င်းတို့အလွန်ရှက်လည်းရှက်သလို ဒေါသလည်းဖြစ်မိသောကြောင့် တွင်းတူးကာ ၀င်ပုန်းလိုက်ချင်သည်။

 

မစ္စတာချင်၏ပင်ကိုယ်စရိုက်ဖြစ်ဆိုပါက သူသည် ၎င်းတို့အားလုံးကို ထိုက်တန်သည့်အပြစ်ပေးမည်မှာ သေချာသည်။ သူတို့သည် အတွင်းရေးမှုးကျင်းကိုယုံကြည်မိသောကြောင့် ရောယောင် ဒုက္ခရောက်တော့မည်ဖြစ် သည်။

 

ယခုမူ ၎င်းတို့သည် စကားတစ်ခွန်းမှမပြောဝံ့ဘဲ ၎င်းတို့၏တည်ရှိမှုကို တတ်နိုင်သမျှ လျှော့ချရန်သာ ကြိုးပမ်းနေကြသည်။

 

ထိုအချိန်တွင် အတွင်းရေးမှုးကျင်း၏ဖြူဖျော့နေပြီး အသက်ရှုနှုန်းများမြန်ဆန်လာကာ တစ်ကိုယ်လုံးတုန်ရီနေသည်။

 

သူ(မ)သည် ချင်ရှန်းအား စိတ်ပျက်အားငယ်စွာဖြင့် ကြည့်ကာ အရှုံးပေးချင်စိတ်မရှိသေးပေ။

 

"ချင်ရှန့် ကျွန်မ မလုပ်..."

 

"အေးဂျင့်ဝေ့က မင်းရဲ့ခယ်မမို့လို့ ကျီဖေးကိုစွပ်စွဲဖို့ အတူပူးပေါင်းခဲ့တာ မဟုတ်လား ?"

 

ချင်ရှန့်၏စကားများသည် နောက်ဆုံးကောက်ရိုးစကို မီးရှို့လိုက်သလိုပင်။

 

တစ်ခန်းလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

 

"ဘာ... ရှင် ဘယ်လိုလုပ်သိနေ..."

 

အတွင်းရေးမှုးကျင်း၏စိတ်သည် လုံးဝကြေမွသွားရသည်။

 

အခြားလူများကလည်း ချင်ရှန်းအားထိတ်လန့်စွာကြည့်ကာ အခြေအနေများ ဤသို့ဖြစ်လာမည်ကို မည်သူမျှ    မထင်မှတ်ထားချေ။

 

ကျီဖေး၏ခေါင်းသည် ဗီဒီယိုကိုစမြင်လိုက်ကတည်းက အလုပ်မလုပ်တော့ချေ။

 

သူ(မ)တစ်ယောက်တည်းသာ အမှန်အတိုင်းမြင်ရခြင်းဖြစ်သော်လည်း ချင်ရှန့် သည် အမှန်တရားကိုရိပ်မိသွား ပုံရသည်။

 

ကျီဖေး အေးဂျင့်အကြောင်းကြားမှ သူ(မ)ခေါင်းကိုအလုပ်ပေးနိုင်ခဲ့သည်။

 

[ချင်ရှန့်က အေးဂျင့်ဝေ့ရဲ့နောက်ကြောင်းကို အစထဲကသိလို့ အတွင်းရေးမှုးကျင်းကို သံသယ၀င်တာလား ? ဒါပေမယ့် ထျန်ကျွင်းရဲ့ကွန်ပြူတာထဲမှာအဖြေရှိတယ်ဆိုတာရော သူ ဘယ်လိုလုပ်သိသွားတာလဲ ?]

 

ဒါရိုက်တာထျန်လည်း လွန်စွာစိတ်ပျက်သွားမိသည်။ သူ့သားသည်လည်း စစ်ဆေးမှုများအားလွတ်မည့်ပုံမပေါ်ချေ။

 

ချင်ရှန့်သည် ကျီဖေးကိုတစ်ချက်ကြည့်လိုက်သည်။ သူ ထိုအမှန်တရားအားလုံးကို ကျီဖေး၏အတွင်းစိတ်ထဲမှကြားရသည်ဟု လူသိရှင်ကြားထုတ်မပြောနိုင်ချေ။

 

"အခုလောလောဆယ် အေးဂျင့်ကိစ္စကိုဖယ်ထားလိုက်ရအောင်၊ ငါ မင်းကို သံသယ၀င်လို့ မင်းသွားတဲ့နေရာတွေရဲ့ CCTVမှတ်တမ်းအားလုံးကို ပြန်ကြည့်ပြီး မင်း သုံးခဲ့လောက်မဲ့ စက်ပစ္စည်းတွေကို စုံစမ်းစစ်ဆေးတာ သဘာဝကျပါတယ်။"

 

အတွင်းရေးမှုးကျင်းသည် ကျီဖေးပြောခဲ့သလိုဟာ ကွက်ဖြစ်လာနိုင်သည့် အဆိုပါ CCTV မှတ်တမ်းအားမဖျက်မိခဲ့ချေ။