Chapter 5
ထိုကဲ့သို့စေ့စပ်သော စစ်ဆေးမှုများ၏ရင်းမြစ်မှာ သူ
အစထဲက သူ(မ)အား သံသယ၀င်နေသောကြောင့်ဖြစ် သည်။
အတွင်းရေးမှုးကျင်းသည် ချင်ရှန့်မှာ သူ(မ)၏အသွားအ
လာများကို စုံစမ်းလျှင်တောင်မှ စေ့စေ့စပ်စပ် စုံစမ်းလိမ့် မည်ကိုသိသော်လည်း ထိုသို့လွန်ကဲသည့်
အတိုင်းအတာအထိမဟုတ်ကြောင်း ခံစားမိသည်။ သူ(မ)၏ ယုံကြည်မှုများကြောင့် ဤသံသယဖြစ်ဖွယ်
CCTV ကို မဖျက်မိခဲ့ပေ။
ချင်ရှန့် သည် သူ(မ)နှင့် ပတ်သက်သည့် ကိစ္စများကို
ဆက်ဆံရာတွင် အလွန်အေးစက်ပြီး ရက်စက်သူဖြစ်လိမ့်မည်ဟု အမှန်ပင် မထင်ထားခဲ့ချေ။
အတွင်းရေးမှုးကျင်းသည် ၀မ်းနည်းစွာဖြင့် မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။
သို့သော် သူ(မ)ထက် ဆောက်တည်မရဖြစ်နေသူမှာ ထျန်ကျွင်းဖြစ်သည်။
"မင်း တကယ်လုပ်ခဲ့တာလား၊ ဘာလို့လဲ ဘာလို့များလဲ"
ထျန်ကျွင်း၏ မျက်လုံးများသည် နီရဲနေပြီး အတွင်းရေးမှုးကျင်း၏လက်မောင်းကို
ဖမ်းကိုင်ကာ သူ(မ)အား အရူးအမူး မေးခွန်းထုတ်ရင်း သူ့စိတ်များသည်အလွန်တုန်လှုပ်နေခဲ့သည်။
ဒါရိုက်တာထျန်သည် သားဖြစ်သူမှာ သူ(မ)အဖြေရသည်နှင့်
အဖြစ်မှန်ကိုလျှစ်လျူရှုမည့်ပုံရသောကြောင့် ထျန်ကျွင်းအား အမြန်ပြန်ဆွဲပြီး "သူ
မနာလိုလို့လုပ်မိတယ်ဆိုတာထက် တခြားဘာဖြစ်နိုင်ဦးမှာလဲ၊ သူမစ္စချင်ကိုတွန်းထုတ်ပြီး
နေရာ၀င်ယူချင်နေတာလေ"
ထျန်ကျွင်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပြီး
" သူ(မ) ချင်ရှန့်ကို ကြိုက်နေတာလား ?! မဖြစ်နိုင်ဘူး!!"
ဒါရိုက်တာထျန်သည် သူ့ကိုယ်သူ ကျွင်းတူးကာမြုပ်ထားလိုက်ချင်သည်။
ထိုအခါမှ သူ့သား ဘယ်လောက်မျက်စိကန်းနေမှန်း အခြားသူများမမြင်မှာပင်။
ကျီဖေးလည်း ထိုသို့ ခံစားရသည်။
[ထျန်ကျွင်းက တကယ်မျက်စိကန်းနေတာလား ? သူ အတွင်းရေးမှုးကျင်းကို
အရမ်းချစ်ပေမဲ့ သူ(မ) ချင်ရှန့်ကိုချစ်နေတယ်ဆိုတာ
သူ မသိဘူးပဲ]
ကျီဖေး ချင်ရှန့်ဘက်ကိုကြည့်လိုက်ရာ သူ၏အေးဆေးတည်ငြိမ်သော
အမူအရာကြောင့်ထက် အံ့အားသင့်နေသောအရိပ်အယောင်ကြောင့် ကျီးဖေး ကိုယ့်နဖူးကိုယ်သာရိုက်လိုက်ချင်သည်။
[ဘုရားရေ! နင်တို့ ငါ့ကို မပြောနဲ့နော်၊ ချင်ရှန့်က
အတွင်း ရေးမှူးကျင်း သူ့ကိုချစ်နေတယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ဘူးလို့! သူ ဘယ်လိုလူမို့လို့
သတိမထားမိတာလဲ?]
ချင်ရှန်း၏နားများသည် ကျီဖေး၏အတွေးများကြောင့် ရှက်ရွံ့စွာပူလောင်နေပြီး
သူ၏ချောမောသောမျက်နှာသည် တဖြည်းဖြည်းဟန်ချက်ပျက်လာသည်။
ဘာတွေဖြစ်နေတာလဲ ? အတွင်းရေးမှုးကျင်းကလျှို့ ဝှက်ချက်တွေကိုခိုးယူပြီး
ကျီဖေးကိုအပြစ်လွဲချချင်ရုံပဲ မဟုတ်ဘူးလား ?
ဘယ်လိုလုပ် အတွင်းရေးမှုးကျင်းက သူ့ကိုသဘောကျနေတာတွေ
ပါလာလာလဲ ? အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ? မဟုတ်မှလွဲရော တကယ်ကြီး...
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး"
အတွင်းရေးမှုးကျင်း ရုတ်တရက်ထိတ်လန့်စွာ အော်ဟစ်လာသည်။
သူ(မ)သည် ချင်ရှန့်ကိုထိတ်လန့်စွာကြည့်ကာ "ဒါတွေကို
ကျွန်မ လုပ်ခဲ့တာလို့ဝန်ခံပါတယ်၊ ဒါပေမယ့် လူတိုင်းထင်သလို မဟုတ်ဘူး! ကျွန်မ ယုကျစ်ကို
ကူညီဖို့လုပ်ခဲ့တာပါ!"
ခဏအတွင်း အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယုကျစ် ? အဲ့တာက...
ချင်ရှန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။
"မင်းဘာပြောလိုက်တာ ?"
အတွင်းရေးမှုးကျင်း " ယုကျစ်က ဒီကိုပြန်ရောက်နေပြီ"
ချင်ရှန့်၏မျက်လုံးများသည် အနည်းငယ်တုန်လှုပ်သွားပြီး
ကျီဖေးအား စိတ်မသက်မသာကြည့်လိုက်မိသည်။
ကျီဖေး: [ယုကျစ်ကို ငါ သိတယ်၊ သူ(မ)က ချင်ရှန့်ရဲ့
အချစ်ဦးပဲ၊ သူ(မ) လွန်ခဲ့တဲ့နှစ်များစွာက သူ့ကို ရက် ရက်စက်စက်စွန့်ပစ်ခဲ့တဲ့ ကောင်မလေးလေ၊
သူတို့က တစ်ချိန်တုန်းက လူချမ်းသာအသိုင်းအဝိုင်းထဲမှာ နေနဲ့လ ရွှေနဲ့မြ အလိုက်ဖက်ဆုံးစုံတွဲပဲ]
ချင်ရှန့်: မင်းလည်း ဒါကိုသိတယ်ပေါ့...
ကျီဖေး : [ဒါပေမယ့် အတွင်းရေးမှုးကျင်းက သူနဲ့ ဘာဆိုင်လို့လဲ]
ချင်ရှန့်သည် အတွင်းရေးမှုးကျင်းကို လေးနက်စွာ ကြည့်လိုက်သည်။
ဟုတ်တယ်၊ သူ(မ)လုပ်ခဲ့တာတွေနဲ့ ဘာဆိုင်လို့လဲ ?
အတွင်းရေးမှုးကျင်းသည် သူ(မ) သွေးကြောများကို ဆုပ်ကိုင်ထားသည့်ပမာ
"ယုကျစ်နဲ့ ကျွန်မက အချစ်ဆုံးသူငယ်ချင်းတွေ၊
သူ ရှင့်ကိုထားခဲ့တုန်းက ရွေးစရာမရှိလို့ပဲ၊ ရှင်တို့ နှစ်ယောက် အခုလိုကွဲကွာသွားတာကို
ကျွန်မလက်ခံနိုင်ဘူး၊ ကံကြမ္မာကို ကျမ လက်မလွှတ်စေချင်ဘူး။ ရှင် ဒီလိုကိစ္စကြောင့်နဲ့
ကျီဖေးကို အလွယ်တကူကွာရှင်းမှာမဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်၊ ဒါကြောင့် ရှင့်နဲ့ ယုကျစ်တို့
အခွင့်အရေးရအောင် ကျွန်မ အခုလိုလုပ်ရက်တွေ လုပ်မိခဲ့တာ"
ထို့နောက် အတွင်းရေးမှုးကျင်းသည် သူ(မ)အားခက်ခဲသောအနေအထားဆီ
အတင်းအကြပ် တွန်းပို့ခံရသကဲ့သို့ စိတ်ပျက်အားငယ်စွာ ခေါင်းကိုငုံ့ထားလိုက်သည်။
အတွင်းရေးမှုးကျင်းသည် အမှန်တကယ်ပင် ယုကျစ်၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။
ထိုကြောင့်ပင် သူ(မ) သည် ကုမ္ပဏီတွင် အလုပ်၀င်သည့်အခါ အတွင်းရေးမှုးရာထူးကိုရယူနိုင်ခဲ့ပြီး
အဆုံးစွန်ထိယုံကြည်မှုပေးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏အပြစ်ကင်းစင်သော ကောလိပ်ကျောင်းရှိနေ့ရက်များအတွင်း
အတွင်းရေးမှုးကျင်းသည် ၎င်းတို့၏ ဆက်ဆံရေးတစ်ခုလုံးကို သက်သေပြခဲ့ပြီး ရံဖန်ရံခါဆိုသလို
ယုကျစ်နှင့် သူ့ကြားရှိပြဿနာများကို ကူညီပေးခဲ့သည်။ ထို့ကြောင့် လူတိုင်းသည် အတွင်းရေးမှုးကျင်းမှာ
သူ့အားသဘောကျနေသည်ဟု ထင်ကြေးပေးလာသော် လည်း ချင်ရှန့်သည် မဖြစ်နိုင်ဟုထင်ခဲ့သည်။
လူတိုင်းသည် ထိုသို့မထင်မှတ်ထားသည့် အလှည့်အပြောင်းတစ်ခုရောက်ရှိလာခြင်းကြောင့်
အံ့သြသွားကြသည်။ သို့သော် လူအနည်းစုသာ သူ(မ)အားယုံကြည်ကြသည်။ အဆုံးတွင် မျက်လုံးကန်းနေသူ
တစ်ယောက်မှမရှိချေ။ အတွင်းရေးမှုးကျင်း၏နှလုံးသားနှင့် မျက်လုံးများထဲ ချင်ရှန့်တစ်ယောက်တည်း
ပြည့်နှက်နေသည်ကို အလွယ်တကူမြင်နိုင်သည်။
သို့သော်လည်း အတွင်းရေးမှုးကျင်းသည် ချင်ရှန့် အချစ်
ဦး၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်ကို ၎င်းတို့ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူ(မ)သည် ဤအချက်ကို အရိပ်အမြွက်ပင်ထုတ်မပြောဖူးချေ။
လူတိုင်း သူ(မ)၏ ရည်ရွယ်ချက်များကိုမြင်တွေ့လိုက်ရသည်။
ခဏလေး... ပြောရမယ်ဆိုရင် သတင်းကြီးတစ်ခုကြား လိုက်ရတာမဟုတ်လား
?
အခုချင်ရှန့်ရဲ့အချစ်ဦး ပြန်လာပြီဆိုတော့ သူတို့နားလည်
မှုလွဲခဲ့တာတွေကို ဖြေရှင်းကြတော့မှာလား ?
လူတိုင်း၏မျက်လုံးများသည် ချင်ရှန့်ဆီသို့ ကျရောက်
လာကာ မေးလိုက်ချင်သော်လည်း နံဘေးတွင် မစ္စချင်ရှိသေးသည်။
လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။ - ဒရာမာကြီးတော့
လာပြီဟေ့
[ဘာကို 'ရွေးချယ်စရာမရှိ'တာလဲ၊ ဘာကို 'နားလည်မှုလွဲနေတာ'လဲ
ငါ့ အထင်တော့...]
ချင်ရှန်းသည် လျင်မြန်စွာရပ်တန့်သွားသည်။ ကျီဖေး
သူ့အတိတ်အား ကြည့်တာကိုမလိုချင်ပေ။
"မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့်
ငါတို့ရဲ့ကုမ္ပဏီကို ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်စေခဲ့တာတောင် တခြားသူကို
မင်းက စွပ်စွဲသေးတယ်၊ မင်းမှာ ငြင်းဆန်ဖို့ အခွင့်အရေးမရှိဘူး " ဟု ချင်ရှန့်
အေးစက်စွာ ပြောလိုက်သည်။
[ဒါပေါ့ ဒါပေါ့၊ အကြောင်းပြချက်က လယ်ပြင်မှာဆင်သွားသလို
ရှင်းလင်းနေတာကြီးကို]
ကျီဖေး၏အာရုံသည် ချက်ချင်းပြောင်းလဲသွားသည်။ ဤဆင်ချေသည်
လူတစ်ယောက်ကိုသာ အမြင်လွဲသွားစေလိမ့်မည်။
[ဒါပေမယ့် ဘာလို့ သူ(မ)က ဒီလိုအကြောင်းပြချက်ပေးရတာလဲ
? ကြည့်ရအောင်!]
ချင်ရှန့် ထိုကိစ္စအား ကိုင်တွယ်ရန်ဆွေးနွေးဖို့
ရည်ရွယ်ထားသော်လည်း သူ(မ)စကားကြောင့် အနည်းငယ်စပ်စုချင်သွားသည်။
[အိုး! သူ(မ)က မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ကြံနေတာကြာပြီပဲ၊
သူ(မ)က ချင်ရှန့်နဲ့ အထူးဆက်ဆံရေးတစ်ခုကိုတည်ထောင်မယ်၊ ပြီးတာနဲ့ ငါ့ကိုလည်း မကောင်းမြင်အောင်လုပ်မယ်ပေါ့ ? သူ(မ)က ငါ့ကို
ဖြည်းဖြည်းချင်း မောင်းထုတ်ပြီး ချင်ရှန်းကို ယူချင်တာကိုး၊ ဒါပေမဲ့ ယုကျစ် ပြန်လာမယ်လို့
သူ(မ)မမျှော်လင့်ထားခဲ့ဘူးပဲ၊ သူ(မ)က သူ့အချစ်ဦးနဲ့ မယှဉ်နိုင်တာကို သိလို့ ယုကျစ်မပြန်လာခင်
မစ္စချင်နေရာကိုလိုချင်လို့ ဒီလိုလုပ်ခဲ့တာကိုး]
[ဒါကြောင့် သူ့ထောင်ချောက်မှာ အပြစ်အနာအဆာတွေ ပွနေတာကိုဂရုမစိုက်ဘဲ
ငါ့ကို စွပ်စွဲဖို့အလျင်လိုနေတာ အံ့သြစရာမရှိတော့ဘူး]
[အခု သူ(မ) ဖော်ထုတ်ခံရတော့ ယုကျစ်ကိုအကြောင်းပြချက်တစ်ခုအနေနဲ့အသုံးချလိုက်တာ၊
သူ(မ) ယုကျစ်အတွက်လုပ်ခဲ့တာဆိုပြီး ဟန်ဆောင်နေတာပဲ၊ ဒီနည်းနဲ့ဆိုရင် ချင်ရှန်း သူ့(မ)ကို
လျှော့ပေါ့အပြစ်ပေးနိုင်တာကိုး၊ ဒါပေမဲ့ ချင်ရှန့်သာ အားလုံးက သူ(မ)ရဲ့တစ်ကိုယ် ကောင်းဆန်တဲ့ဆန္ဒတွေကြောင့်ဆိုတာသိသွားရင်
ချင်ရှန့်သူ့(မ)ကို လုံးဝအလွှတ်ပေးမှာ မဟုတ်ဘူး၊ ဒါဆို သူမလည်း နောက်ထပ်အခွင့်အရေး
ဘယ်တော့မှရလာ တော့မှာမဟုတ်ဘူး။]
[ဟာဟား! ခုတော့ သူ(မ) နောက်ဆုံးကောက်ရိုးတစ်မျှင်
ကိုဆုပ်ကိုင်ထားရုံပါပဲ၊ ချင်ရှန့်သာ မတုံးရင် ဒါကိုယုံမှာ မဟုတ်ဘူး]
နည်းနည်းယုံနေမိတဲ့ ချင်ရှန်း : ..…
အတိတ်က အဖြစ်အပျက်များကို ပြန်တွေးကြည့်ပါက ကျီဖေး
သူနှင့်တွေ့ရန်လာချိန် အတွင်းရေးမှုးကျင်းနှင့် ရန်ဖြစ်နေသည်ကို မြင်ရသည်မှာမကြာခဏပင်။
သို့ သော်အတွင်းရေးမှုးကျင်းသည် အမြဲလိုနစ်နာသူပုံစံ ဟန်ဆောင်နေသောကြောင့် ကျီဖေးအား
ရူးသွပ်မတက် ဒေါသထွက်စေခဲ့ပုံပေါ်သည်။
ချင်ရှန့် ထိုသည်မှာ ကျီဖေးကြောင့်ဟု အမြဲတွေးထားသော်လည်း
ယခုအချိန်ပြန်တွေးကြည့်အခါ သူ့ကိုယ်သူ မယုံနိုင်လောက်အောင်ကို
အပြစ်ရှိသလိုခံစားလိုက်ရသည်။
သူ အတွင်းရေးမှုးကျင်းအား ပိုစက်ဆုပ်ရွံရှာလာခဲ့သည်။
သူသည် သူ(မ)အား ထပ်မံမေးမြန်းရန် စိတ်မဝင်စားတော့ဘဲ
အေးစက်စွာပြောလိုက်သည်။
“ဒီကိစ္စဖြေရှင်းဖို့ ရဲခေါ်လိုက်”
အတွင်းရေးမှုးကျင်းခန္ဓာကိုယ်ထဲရှိ ခွန်အားများသည် တခဏချင်း ဆုတ်ယုတ်သွားသလိုခံစားလိုက်ရသဖြင့် ရုတ်တရက်သူ့အား
မော့ကြည့်ကာ မယုံကြည်နိုင်စွာဖြင့်
"ချင်ရှန့် ကျွန်မ လုပ်ခဲ့တာ..."
"ဘာပဲဖြစ်ဖြစ် ရဲနဲ့ရှင်းကြမယ်"
ချင်ရှန့်၏အေးစက်သော ဆုံးဖြတ်ချက်သည် လူတိုင်း၏ နှလုံးသားကိုတင်းကြပ်စေခဲ့သည်။
အဆုံးတွင် သူသည် ၎င်းအားကိုင်တွယ်ရန် အပြင်းထန်ဆုံးနည်းလမ်းကိုရွေး ချယ်ခဲ့သည်။
"ချင်ရှန့်!"
အတွင်းရေးမှုးကျင်းသည် အရူးအမူးဖြင့် ချင်ရှန့်အား
လှမ်းကိုင်ရန်ကြိုးစားသော်လည်း သူသည် သူ(မ)ကို ရှောင်လိုက်သည်။ သူ(မ)သည် ဒေါသတကြီးနှင့်
ကျီဖေးအားကြည့်ကာ စိတ်ပျက်လက်ပျက်ပြောလာသည်။
"ယုကျစ် ရှင့်ဆီ ရောက်လာရင် ရှင့်ကို ကွာရှင်းပြီးသားဖြစ်စေချင်ရုံပဲလေ၊
ရှင် ဘာလို့ ဒီလောက်ရက်စက်နိုင်ရတာလဲ ? ကျွန်မ ဘာအမှားမှမလုပ်ခဲ့ဘူးလေ၊ ကျွန်မ ရှင့်အနားမှာ
ဆယ်နှစ်ကြာအောင်နေခဲ့ပေမဲ့ ရှင် ကျွန်မကို
ဘယ်လိုဆက်ဆံနိုင်ရတာလဲ"
ထိုအချိန်တွင် ချင်ရှန်းသည် သူမကိုကြည့်လိုက်ကာ
"မင်းက ငါ့မိန်းမ မို့လို့လား ?"
ထိုစာကြောင်းတွင် ဓားများဖုံးဝှက်ထားသလို သူ(မ)ရင်
ဘတ်အား အရှိန်ပြင်းစွာထိုးဖောက်သွားသည်။ အတွင်း ရေးမှုးကျင်း အံသြသွားရသည်။
မကြာခင်တွင် သက်ဆိုင်ရာဝန်ထမ်းများကိုလည်း ရဲများ
ခေါ်ဆောင်သွားခဲ့ပြီး ကျီဖေးကိုလည်း ရဲစခန်းသို့လိုက်လာခိုင်းခဲ့သည်။
ထိုအချိန်တွင် ထျန်ကျွင်းသည်လည်း အတွင်းရေးမှုးကျင်းမှာ
အချစ်ဆုံး သူငယ်ချင်းကိုကူညီချင်လို့လုပ်ခဲ့တာဟုယုံကြည်သောကြောင့် သူ(မ)အားကူညီဖို့အပြေးလိုက်သွားသည်။
ဒါရိုက်တာထျန်သည် သားဖြစ်သူမှာ အချစ်ရှုးခွေးတစ်ကောင်လို အမြှီးတနံနံဖြစ်နေသည်ကိုမြင်နေရသဖြင့်
ဒေါသအရမ်းထွက်ကာ မူးမေ့လဲကျသွားသည်အထိပင်။
ကံကောင်းထောက်မစွာ သက်သေအထောက်အထားများ ခိုင်လုံနေသောကြောင့်
ထျန်ကျွင်းလည်း ဘာမှလုပ်နိုင်မည်မဟုတ်ချေ။
အတွင်းရေးမှုးကျင်းသည် သူ(မ)ထွက်သွားခါနီးတွင် ကျီဖေးအားကြည့်ကာ အရူးအမူးအော်လာသည်။
"ယုကျစ်ပြန်လာရင် ချင်ရှန့်က နင့်ကို သေချာပေါက်ကွာရှင်းလိမ့်မယ်!
အရမ်းကြီး အပျော်စောမနေနဲ့!"
ဘယ်လိုတောင် ဗီလိန်တွေရဲ့လမ်းစဉ်ကြီး အတိုင်းပြောသွားနိုင်သေးတာလဲ
? ကျီဖေး၏စိတ်ထဲမျှော်လင့်ခြင်းများအပြည့်ဖြင့်- [တကယ်လား ?! ဒါဆို မြန်မြန်လာတော့လေ!]
...
Spoiler⭐👇🏻
...
(စိတ်မပူကြပါနဲ့ အမျိုးသားဇာတ်လိုက်က ခန္ဓာကိုယ်ရော၊
စိတ်ရောသန့်ရှင်းပါတယ်၊ ပြီးတော့ toxic လုံး၀မဆန်ဘူး။ အမျိုးသမီးဇာတ်ဆောင်ကလည်း ဘယ်တော့မှ
အမှားအယွင်းမရှိဘူး၊ ပြီးတော့ ဇာတ်လမ်းက အဆုံးထိ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာကောင်းနေမှာပါ
(≧▽≦))