Ch 6
Viewers 556

Chapter 6

 

 

ကျီဖေးသည် လွန်ခဲ့သော သုံးရက်ခန့်ကကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။

 

ကူးပြောင်းလာရခြင်းမှာ သူ(မ)၏ဝိညာဉ်အား မရဏတိုင်း ပြည်မှ 'ရစူလ်' တမန်တော်တစ်ပါးမှ မှားယွင်းယူ ဆောင်မိသောကြောင့်ပင်။  သူ(မ)သည် တစ်ကောင် ကြွက်ဖြစ်သော ကြောင့် သူ(မ)ခန္ဓာကိုယ်သည် လျှင်မြန်စွာသဂြိုလ်ခံလိုက်ရသဖြင့် အသက်ပြန်မရှင်နိုင်တော့ချေ။

 

သို့ဖြစ်ရာ ထိုအမှားများကိုပြင်ဆင်ရန် ပြန်လည်၀င်စားနိုင်သည့် ပက်ကေ့ခ်ျတစ်ခုလက်ဆောင်ရခဲ့သည်။

 

ထို့ကြောင့် ကျီဖေးကူးပြောင်းလာခြင်းဖြစ်သည်။ သူ(မ) သည် မူလကိုယ်ခန္ဓာ၏မှတ်ဉာဏ်များကိုလည်း လက်ခံရရှိခဲ့သည်။

 

ကျီဖေးအစစ်သည် ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ် တည်နိုင်သော နူးညံ့သိမ်မွေ့သည့် မိန်းကလေးမျိုးဖြစ် သည်။ သူ(မ)မိဘများသည် မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားသောအခါ ၎င်းတို့ သမီးလေးအား ဆွေမျိုးများထံမှအနိုင်ကျင့်ခံရမည်စိုးသဖြင့် ၎င်းတို့၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည့် ချင်မိသားစုထံအပ်နှံခဲ့ကြသည်။

 

ချင်မိသားစုသည် သူ(မ)အား သနားသောကြောင့် သမီးအရင်းသဖွယ်စောင့်ရှောက်ပေးခဲ့သည်။

 

သို့သော် ကျီဖေးအစစ်သည် ကံဆိုးမှုများစွာကြုံတွေ့ခဲ့ရသောကြောင့် သူ(မ)၏စိတ်များသည် ရှုပ်ထွေးနေပြီး ပိုအကဲဆတ်လာသည်။ သူ(မ)တွင်ရှိသော အခက်အခဲများကိုလည်း ချင်မိသားစုထံ ဘယ်တော့မှဖွင့်မပြောဘဲ မှုန်ကုပ်ကုပ်နှင့် ထူးခြားစွာနေတက်သည်။ သို့သော် သူ(မ)သည် ချင်ရှန့်အား မြင်မြင်ချင်းချစ်မိသွားသည်။  သူ(မ)တက္ကသိုလ်မှဘွဲ့ရပြီးနောက် ချင်မိသားစုတွင်နေလို့မရမည်ကိုစိုး၍ ချင်ရှန့် ထံသို့မြှားဦးလှည့်လာသည်။

 

သူ(မ) သူ့အားအရက်မူးအောင်တိုက်ကာ သူနှင့်အတူ အိပ်လိုက်ပြီး အမိခံရအောင်လုပ်လိုက်သည်။ မူလတွင် ချင်ရှန့် သဘောမတူသော်လည်း သူ(မ) သတ်သေလိုက်မည်ဟုခြိမ်းခြောက်သောအခါတွင် တာ၀န်ယူပေးလာသည်။ သူ အတင်းအကြပ်လက်ထပ်ပေးခြင်း ခံလိုက်ရသည်။

 

ယခုဤအဖြစ်အပျက်ကြောင့် သူ(မ)တစ်ယောက်တည်း ကြိတ်ခံစားနေပြီး  သူ(မ)ကိုယ် သူ(မ)ရက်ပေါင်းများစွာ အခန်းထဲတွင် ပိတ်လှောင်ထားကာ အဆုံးတွင် နှလုံးရော ဂါကြောင့် ရုတ်တရက်သေဆုံးသွားခဲ့သည်။

 

ဤသည်မှာ ကျီဖေး မည်သို့ကူးပြောင်းလာသလဲဆိုတာပင်။

 

သူ(မ) မူလမျက်နှာနှင့် နာမည်ကိုလည်း ကျီဖေးအစစ်နှင့် အစားထိုးလိုက်သည်။

 

ကျီဖေးသည် ချုပ်နှောင်ခံထားရသော ဒေါသကြီးသည့် ဇနီးတစ်ယောက် ဖြစ်လာရန်ဆန္ဒမရှိပေ။ ချင်ရှန့်သည် ရုပ်ရည်ချောမောသလို ချမ်းသာသော် သူ(မ) ကြည့်ရုံသာကြည့်နိုင်ပြီး မထိနိုင်ချေ။ အဘယ့်ကြောင့်ဆို ကျီဖေး အိမ်ထောင်ရှင်မ မဖြစ်ချင်ပေ။

 

သူ(မ)၏အတိတ်ဘဝတွင် ယောက်ျားတစ်ယောက်နှင့် လက်ပင်မကိုင်ဖူးသောကြောင့် ဤဘဝတွင် ထိုအချက်ကို ပြင်ကိုပြင်မည်ဟုစိတ်ဆုံးဖြတ်ထားသည်။

 

သူ သူ(မ)ကို မကြိုက်တာ ပိုတောင်ကောင်းသေးသည်။ သူ(မ)သည် ထိုကဲ့သို့သော သူဌေးတစ်ဦးနှင့် ကွာရှင်းလျှင် လျှော်‌ကြေးလည်းရနိုင်သောကြောင့် သူ(မ)ဘ၀ တွင် ငွေရေးကြေးရေးအတွက် ဘယ်တော့မှစိတ်ပူစရာ မလိုတော့ချေ။

 

သို့သော်လည်း မြေအောက်လောကရှိ သတင်းပြန်ကြားသူမှ ချင်ရှန့်ဘက်က အရင်ကွာရှင်းခွင့်မတောင်းပါက  သူ(မ)ဘက်မှ မူလခန္ဓာကိုယ် ကိုယ်စားကွာရှင်းခွင့်မပြုနိုင်ကြောင်းပြောခဲ့သည်။ ထိုသည်မှာ ကံကြမ္မာဆိုသည်ပင်။ မူလကျီဖေးသည် ချင်ရှန့်နှင့် ဘယ်သောအခါမှ ကွာရှင်းမည်မဟုတ်ချေ။

 

ကျီဖေး ငြင်းဆန်လိုက်သည်။

 

ထို့ကြောင့် မြေအောက်လောကရှိ သတင်းပို့ဆောင်သူသည် သူ(မ)အား နောက်ထပ်လျော်ကြေးလက်ဆောင်တစ်ခုအဖြစ အတင်းအဖျင်း System ကိုပေးအပ်ခဲ့သည်။

 

အတင်းအဖျင်း System သည် လူများ မွေးကတည်းက ယခုအထိပုန်းလျှိုထားသည့် လျှို့ဝှက်ချက်များကို တူးဖော်ပေးနိုင်သည့်  System တစ်ခုဖြစ်သည်။ ထိုသည်မှာ ကျီဖေး၏အတင်းအဖျင်းပြောလိုစိတ်ကို ကျေနပ်စေ သည်။

 

အဆုံးတွင် သူ(မ) ချင်မိသားစု၀င်အဖြစ်နေထိုင်ပြီး အရှုပ်များမလုပ်ပါက သူ(မ)ဘဝသည် ဆိုးရွားလိမ့်မည်မဟုတ်ပေ။ အိမ်ပြန်မလာသည့် ခင်ပွန်းနှင့်လက်ထပ်ပြီး အေးချမ်းသောဘ၀တွင်နေရသလို ချမ်းသာသောဘ၀ကိုလည်းရရှိသောကြောင့် အလွန်ကောင်းမွန်သည့်ဘ၀ဟုယူဆနိုင်သည်။ သူ(မ) တကယ်သည်းမခံနိုင်တော့ဘဲ ချင်ရှန့်အပေါ် ဖောက်ပြန်မိလျှင်ပင် ထိုသည်မှာခင်ပွန်းတာ၀န်မကျေသော သူ့အပြစ်သာ။

 

သို့သော် အခွင့်အရေးသည် ထိုမျှမြန်မြဆန်ဆန် ရောက်ရှိလာမည်ဟု မမျှော်လင့်ထားချေ။

 

ဤဖြစ်ရပ်သည် ကွာရှင်းပြတ်စဲခြင်းအတွက် အကြောင်း ပြချက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

 

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်သော်လည်း  သူ(မ) ချက်ချင်းကွာရှင်းနိုင်တော့မည်။

 

သို့သော် ယခုအခါ...

 

သူ(မ)တို့ ရဲစခန်းမှထွက်လာသည့်အချိန် ညပင်ရောက်နေပြီဖြစ်သည်။ ချင်ရှန့်သည် ကျီဖေးအားကားထဲ၀င်ခိုင်းကာ အိမ်သို့တည့်တည့်မတ်မတ်ပြန်ခဲ့တော့သည်။

 

ကားထဲ ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေသည်။

 

ကျီဖေး ပြတင်းပေါက်ဘက်အား  စိတ်ပျက်စွာငေးကြည့်လျက်ရှိသည်။

 

သူ(မ)သည် သူစိတ်ပျက်သွားအောင် စက်ဆုပ်ရွံရှာလောက်အောင် မသောင်းကျန်းခဲ့သောကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိသည်။ သူ(မ) ယွမ်နှစ်ဘီလီယံနှင့်လွဲချော်ခဲ့သည်။ ထိုသည်မှာ သူ(မ)၏အတိတ်ဘဝတွင် ထီပေါက်ရန်ပင် အိပ်မက်မမက်ဝံ့သောပမာဏဖြစ် သည်။

 

ချင်ရှန့် တခြားဘာမှမကြားတော့ပဲ "နှစ်ဘီလီယံ!" "နှစ်ဘီလီယံ!"  ဟူသော ကျီဖေး၏ အထပ်ထပ်အခါခါစိတ်ထဲရေရွတ်နေသည့် ပိုက်ဆံအမောင့်ကိုသာ ကြား‌နေရတော့သည်။

 

သူ(မ)မှာ တကယ်ပဲ ပိုက်ဆံနည်းနေလို့လား ?

 

ချင်ရှန့် သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး သိပ်မကြာခင်တွင် ကျီဖေးဖုန်းမှ မက်ဆေ့ခ်ျသံထွက်လာသည်။

 

ကျီဖေး စိတ်ပျက်လျက် ဖွင့်ကြည့်လိုက်သည်။

 

ယွမ်သုံးသန်း ၀င်ရောက်လာသည်။

 

ကျီဖေး၏အသက်ရှုသံများ ရုတ်တရက်မြန်ဆန်လာပြီး သူ(မ)၏မျက်လုံးများသည် တုန်လှုပ်မှုများ အထင်းသားဖြင့် ချင်ရှန်းအားလှည့်ကြည့်လိုက်သည်။

 

[ဒါ မဟုတ်မှလွဲရော... သူ လူမှားလွှဲလိုက်မိတာလား ?]

 

ချင်ရှန့် သူ(မ)ကိုပြန်ကြည့်သည်။ သူ(မ) သူ့အားကြည့်နေသည်ကိုမြင်ချိန် သူ၏ရှည်လျားထူထဲတဲ့ မျက်တောင်များသည် အနည်းငယ်နိမ့်ဆင်းသွားပြီး ဖီးနစ်မျက်လုံးအောက်တွင် အရိပ်တစ်ခုထင်ကျန်ရစ်သောကြောင့် သူ့အား အနည်းငယ်ရိုးသားပုံပေါ်စေသည်။

 

"စောစောက ငါ မင်းကို မှားပြီးစွပ်စွဲမိတဲ့အတွက် တောင်း ပန်တယ်၊ ဒါက အဲ့တာအတွက်လျော်ကြေး" သူ လေးနက်စွာပြောလိုက်သည်။

 

ချင်ရှန့်သည် ထိုအတွက် မည်သို့ပြန်လည်ပေးဆပ်ရမလဲဆိုသည်ကို မသိချေ။ သူ ကျီဖေးနှင့်နေသည်မှာကြာပြီဖြစ်သော်လည်း သူ(မ)ဘာကြိုက်မှန်းမသိ‌သဖြင့်  သူ(မ) အဆက်မပြတ်ပြောနေသည့် ပိုက်ဆံကိုလွှဲပေးရန်သာဆုံးဖြတ်လိုက်သည်။

 

"အင်း"

 

ကျီဖေးသည် သူ(မ)၏နှလုံးသားသည် နာကျင်နေသေးသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ဂရုမစိုက်သလိုသာ တုန့်ပြန်လိုက်သည်။

 

သို့သော် လက်တွေ့တွင်…

 

[ဝှက်သယ်ဖက်! သုံးသန်းတောင်ဟဲ့! ငါ့ကို အခုသတ်ပေးကြပါ! ဒါနဲ့ သုံးသန်းကို ဖုန်းအကောင့်ထဲ ဒီအတိုင်းလွှဲပေးတာက တရားကောဝင်လို့လား။]

 

[စိတ်ကိုအေးအေးထားစမ်း! နှစ်ဘီလီယံနဲ့ လွဲချော်ခဲ့တဲ့ ငါ့လိုမင်းသမီးလေးအတွက် သုံးသန်းဆိုတာက ပမာဏက ဘာမှမဟုတ်ဘူး! ဟားဟား]

 

[တစ်ကြိမ်လေး မှားယွင်းစွပ်စွဲမိလို့ လျော်ကြေး သုံးသန်း တောင်ပေးတယ်တဲ့လား!? ချင်ရှန့် နင် တကယ်ချစ်ဖို့ကောင်းတာပဲ!]

 

[အဟမ်း! နောက်ဆို သူ့ကို နောက်ထပ်အကြိမ်အနည်း ငယ်လောက် အပြစ်တင်ခွင့်ပေးလိုက်ပါ့မယ်၊ ငါ လုံးဝ စိတ်ထဲမထားဘူး!]

 

ချင်ရှန်း ပါးစပ်ထောင့်များပင်တုန်ရီသွားသည်။ သူသည် ကျီဖေး၏အတွင်းစိတ်မှာ ထိုသို့ဖြစ်လိမ့်မည်ဟု အမှန် မမျှော်လင့်ထားချေ။ သူ(မ)သည် မျက်နှာနှစ်ခုရှိသည်မှာ အမှန်ဖြစ်ပုံပေါ်သည်။ ထို့ကြောင့်လည်း လူတစ်ယောက်ကိုအပေါ်ယံသာကြည့်၍ မဆုံးဖြတ်နှင့်ဟု ရှေ့လူကြီးများပြောခဲ့ခြင်းပင်။ သူ ယနေ့တွင် ကျီဖေးအသစ်ကိုသိခွင့်ရခဲ့သည်။

 

ချင်ရှန့်သည် သူ(မ)အားလှမ်းကြည့်လိုက်ပြန်သည်။ သူ(မ)သည် နှုတ်ခမ်းထက်ကော့တတ်တော့မည့် အပြုံးကိုချိုးနှိမ်ရန် အသည်းအသန်ကြိုးစားနေသော်လည်း သူ(မ)၏မျက်လုံးများသည် ကြီးမားဝိုင်းဝန်းနေကာ အလင်းရောင်များဖြင့် တောက်ပနေပြီး သူ(မ)၏ရှိရင်းစွဲ လှပသောသွင်ပြင်ကို အသက်၀င်သည့် စုပ်ချက်တစ်ချက်ရေးခြစ်ပေးလိုက်သလိုပင်။

 

သူ(မ)၏ ကျောက်စိမ်းချောင်းနှင့် တူသောနှာတံများ၊ ချယ်ရီဖူးလို နှုတ်ခမ်းများနှင့် သူ(မ)၏မျက်နှာကို တိမ်များကဲ့သို့ ဖုံးအုပ်ထားသော ဆံပင်များအပြင်  ပြတင်း ပေါက်အပြင်ဘက်ရှိ နီယွန်မီးများသည် သူ(မ)၏ကြွေဖြူရောင်အသားအရည်ပေါ်တွင် ကခုန်နေသဖြင့် သူ(မ) အလှအား ထပ်တိုးဆင့်ကဲလှသွားစေသည်။

 

ချင်ရှန့် သူ(မ)ကို မကြိုက်သော်လည်း ကျီဖေးတွင် လူတိုင်းကို စွဲဆောင်နိုင်သည့် ရင်သပ်ရှုမောဖွယ်အလှကို ပိုင်ဆိုင်ထားကြောင်းဝန်ခံရမည်ဖြစ်သည်။ သူအရင်က ဘာလို့ သတိမထားမိခဲ့တာပါလိမ့် ? သူ(မ)က အမြဲတမ်း လူတိုင်း သူ(မ)အပေါ် အကြွေးတင်နေတဲ့မျက်နှာမျိုးနဲ့ မှုန်ကုပ်ကုပ်နေတာကြောင့်လား ? ယခုခါ သူ(မ)၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်တောက်ပလာသလို တက်ကြွနေပုံရသည်။

 

လူတစ်ယောက်က ဘာလို့ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ ?

 

ချင်ရှန့်သည် ထိုထူးဆန်းသောဖြစ်နိုင်ချေများကို မတွေး တောပဲမနေနိုင်ချေ။

 

သူ(မ) ပုံမှန်ဆိုရင် ကြည့်ခွင့်မရှိတဲ့ အရာတွေကိုကြည့်နိုင်လို့လား ?

 

ဤထူးခြားသောစွမ်းရည်ကြောင့်သာ ယခုလိုဖြစ်လာပုံရသည်။ အဘယ့်ကြောင့်ဆို ထိုသို့ သူ(မ)သိနိုင်သည့်အ တွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်သဖြင့် ယခင်ကထက် လွတ်လွတ်လပ်လပ် နေထိုင်လာနိုင်ပုံပင်။

 

ယခုအချိန်တွင် ဤသည်မှာ ချင်ရှန့်၏တစ်ခုတည်းသော အဖြေဖြစ်သည်။

 

သို့သော် သူ ဖြစ်ပျက်ခဲ့သည်များ ပြန်တွေးမိသည့်အခါ မမေးဘဲ မနေနိုင်တော့ချေ။

 

“ဒီကိစ္စမှာ မင်းဘာလို့ ကိုယ့်ကိုကိုယ်ကာကွယ်ပြီး မရှင်းပြခဲ့တာလဲ…”

 

ကျီဖေးသည် ခဏလောက်စဉ်းစားပြီး အဖြေတစ်ခုရလာခဲ့သည်။

 

"ရှင်က ကျွန်မကိုကွာရှင်းချင်နေတာကြာပြီမဟုတ်လား? ဒါကြောင့် ရှင် အကြောင်းပြချက်တစ်ခုရအောင်လို့လေ ဒါ မှန်မှန်မှားမှား အရေးမကြီးပါဘူး"

 

ချင်ရှန့် မကျေမနပ်မျက်မှောင်ကြုတ်ကာ "အမှန်နဲ့အမှားက အရမ်းအရေးကြီးပါတယ်!... ပြီးတော့ ငါ မင်းနဲ့ ကွာ ရှင်းဖို့ အကြောင်းပြချက်ရှာဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ဖူးဘူး"

 

၎င်းတို့အိမ်ထောင်ရေးသည် အရှုပ်အထွေးများစွာနှင့် စတင်ခဲ့သော်လည်း ထိုအရှုပ်အထွေးများကို သူအနာ ဂတ်အထိ ဆုပ်ကိုင်ထားဖို့မရည်ရွယ်ချေ။

 

ကျီဖေးအနည်းငယ် အံ့သြသွားပုံပေါ်သော်လည်း သူ(မ) ၏ စိတ်ထဲတွင်တော့ - [ခင်ပွန်းဟောင်းအစ်ကိုကြီးက လူကောင်းပဲ!]

 

ချင်ရှန်း၏မျက်နှာသည် စိမ်းပုတ်သွားသည်။

 

သူတို့ကဖြင့် မကွာရှင်းရ‌သေးတာကို ဘာကိစ္စ "ခင်ပွန်းဟောင်း အစ်ကိုကြီး" လို့ခေါ်နေရတာလဲ ?

 

ဒါမှမဟုတ် သူ(မ)က ကွာရှင်းပြတ်စဲမယ်လို့ပဲထင်နေတာလား ?

 

ချင်ရှန့် အဖြေကိုမစဉ်းစားရသေးခင်  ကျီဖေး၏အတွင်းစိတ်သည်တော့ အဖြေထုတ်ပေးလာခဲ့သည်။

 

[အတင်းအကြပ်လုပ်ယူထားတဲ့ အချစ်က မချိုမြိန်ဘူးလေ၊ အဲ့တာကို ဘာလို့အချိန်ဖြုန်းနေမှာလဲ၊ နောက်ဆုံး မင်းရဲ့အချစ်စစ်လေးလည်း ပြန်ရောက်လာပြီပဲ အိမ် ထောင်ရေးကိစ္စတွေကို ရှင်းထားလိုက်တာ ပိုမကောင်းဘူးလား ?]

 

[အတွင်းရေးမှူးကျင်းပြောတာအရဆို သူတို့ လမ်းခွဲခဲ့ရတဲ့အကြောင်းအရင်းရှိတယ်ဆိုတော့ သူတို့နှစ်ယောက်ကြား နားလည်မှုလွဲနေတဲ့ပုံပဲ၊ ငါ သူတို့ ပြန်လည်စုံစည်းတဲ့အချိန်မှာ တတိယဘီးလေး မဖြစ်ချင်ပါဘူးနော်]

 

[ ငါ အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတဲ့ ဒရမ်မာကြီးနဲ့တော့ အဆုံးမသတ်ချင်ဘူး၊ ဒါ ဘယ်လောက်တောင် ရုပ်ဆိုးလိုက်လဲ၊ ဟူး... ငါ သူ့ကောင်းကျိုးအတွက်လုပ်နေတာကို]

 

ချင်ရှန်း၏ အသက်ရှုသံများယိမ်းယိုင်သွားသည်။

 

သူနှင့် ထိုမိန်းကလေးသည် အချိန်အကြာကြီးရှိခဲ့ဖူးသည်မှာမှန်သော်လည်း သူ(မ)အပေါ် သူ့ခံစားချက်များ အပြတ်ဖြတ်နိုင်ပြီဖြစ်သည်ထို့ပြင် သူ့ထံ ဇနီးရှိနေသည်ကို ရည်းစားဟောင်းနှင့် ဆက်သွယ်ရန်အည်သို့စိတ်ကူးရှိနိုင်မည်နည်း ? သူ အဲ့လိုလူမျိုး လုံး၀မဟုတ်ဘူး။

 

ထို့ကြောင့် သူ အတွင်းရေးမှူးကျင်းအား မေးရန်ပင်မစဉ်း စားခဲ့ချေ။

 

အကယ်၍ သူသာ သူ(မ)၏အတွေးအမြင်များကို ကြားနိုင်သည်ဟုထုတ်ဖော်နိုင်ပါက သူမနှင့်ငြင်းခုံလိုက်ချင် သေးသည်။

 

သူသည် ကျီဖေး၏အပြင်ပန်း တုံ့ပြန်သည်ကို မစောင့်နိုင်ဘဲ ခံပျင်းစွာပြောမိလိုက်သည်။ 

 

"မင်း မဟုတ်တာတွေ လျှောက်မတွေးနဲ့၊ မင်းသာ မင်းဘဝကိုကောင်းကောင်းမွန်မွန်နေနေသရွေ့ ငါတို့ ကွာရှင်းမှာမဟုတ်ဘူး!"

 

ချင်ရှန့်သည် အနာဂတ်တွင် သူ(မ)ထင်ထားသလို လူမဟုတ်ကြောင်း သေချာပေါက်သက်သေပြမည်ဖြစ် သည်။

 

ကျီဖေးသည် ချင်ရှန့် အားတစ်ချက်ကြည့်လိုက်ပြီး "အင်း" ဟု ကျေကျေနပ်နပ်သာ ပြန်ဖြေသည်။

 

သို့သော် စိတ်ထဲတွင်တော့ ပြင်းပြင်းထန်ထန်ငြင်းဆန်နေသည်။

 

[ရှင်နဲ့ ရှင့်အချစ်ဦးတို့ တွဲခုတ်နေတာကို ကျွန်မတွေ့လို့ကတော့ ဒီစကားလုံးတွေနဲ့ ရှင့်မျက်နှာကိုကောက်ပေါက်ပစ်ဦးမယ်!]

 

ချင်ရှန့် အသက်ပြင်းပြင်းရှုလိုက်သည်။ သူ(မ)ဘာလို့ သူ့စကားကို မယုံရတာလဲ။

 

[အာ မဟုတ်သေးပါဘူး]

 

ချင်ရှန့် : သူ(မ) သူ့ကိုယုံသွားပြီလား ?

 

[ခင်ပွန်းဟောင်းအစ်ကိုကြီး အခုထက်ပိုပြီး စိတ်ပိုင်း ဖြတ်ထားရင် ပိုကောင်းမယ်၊ နောက်ကျရင် ခင်ပွန်းဟောင်းအစ်ကိုကြီးသာ သူ့အချစ်ဦးလေးနဲ့အတူတူ ကွာ ရှင်းဖို့လာပြောလို့ကတော့ သူ ငါ့ကို ဒီထက်မက လျှော်ကြေးတွေပိုပေးလယလောက်တယ်]

 

ချင်ရှန့်မျက်နှာသည် မည်းမှောင်သွားရသည်။

 

[ဒါက ခင်ပွန်းဟောင်းအစ်ကိုကြီးဆီမှာ ရင်းနှီးမြှုပ်နှံနေသလိုပဲ၊ အဲဒါက တွေးကြည့်ရုံနဲ့တင် ရူးနိုင်တယ်! ငါနေ့ချင်းညချင်း ချမ်းသာမဲ့ ရင်နှီးမြုပ်နှံသူ ဖြစ်လာနိုင်ပါလား...၊ ငါတို့တွေ ကွာရှင်းပြီးတာနဲ့ ငါ့ရဲ့ အမှီအခိုကင်းတဲ့ အသက်မွေးဝမ်းကြောင်းအတွက် ပိုက်ဆံလည်းရနိုင်မယ်၊ အဲ့ကျရင်တော့ အိမ်လေးတစ်လုံး၀ယ်မယ်၊ ပြီးတော့ ခွေးကလေးတစ်ကောင်နဲ့... ဟီးဟီး]

 

ချင်ရှန့် အသက်ရှူမဝသလိုပင် ခံစားလိုက်ရသည်။

 

မင်းရဲ့ အဲ့ဒီခွေးလေးကိုမေ့လိုက်လို့မရဘူးလား ? ဒါမှမဟုတ် မင်းအစထဲက ရွေးတောင်ရွေးပြီးပြီလား ?  ဒါကြောင့် မင်း လမ်းခွဲဖို့ကိစ္စကို မြန်မြန်လက်ခံလိုက်တာလား ?

 

စိတ်ကိုလျှော့၊ စိတ်ကိုလျှော့…၊ ဒီတစ်ခါ ငါ့အပြစ်လေ၊ ကျီဖေးကို ဒီလိုမျိုးမတွေးသင့်ဘူး။

 

[ငယ်ရွယ်တဲ့ ဝံပုလွေလေးတစ်ကောင်ဆိုလည်းမဆိုဘူး၊ Six Pack ရှိသရွေ့ အိုကေမှ စိုပြေ]

 

ချင်ရှန့် : ငါ့မှာ..eight pack ရှိတယ်!

 

[ငါ အခု ကွာရှင်းပြတ်စဲဖို့ ချင်ရှန့်ကိုစောင့်ဖို့ပဲလိုတော့တယ်]

 

ချင်ရှန့်သည် သူ့လက်သီးများကို မမြင်ရသည့်နေရာတွင် တင်းတင်းဆုပ်ထားသည်။

 

ကျီဖေး တကယ်ပဲ ကွာရှင်းချင်နေတာလား? ဒါမှမဟုတ် ဒီကိစ္စကြောင့် စိတ်ထိခိုက်ပြီး သူ့ကိုစွန့်လွှတ်လိုက်တာများလား ?

 

ကျီဖေးသာ အမှန်တကယ်ကွာရှင်းလိုပါက သူ(မ)ကိုယ် တိုင် ကွာရှင်းခွင့်တောင်းနိုငသည်မဟုတ်ပါလား ?

 

သူ(မ) လာမပြောရမတဲ့ အကြောင်းပြချက်က တကယ်ကွာမရှင်းဘူးဆိုတာ ရှင်းနေတာပဲ။

 

သေချာတာတော့ သူ(မ)ရင်းနှီးမြုပ်နှံချင်လို့လုံး၀မဟုတ်ဘူး!!!

 

၎င်းတို့ကားသည် ခြံထဲသို့ ဖြည်းညှင်းစွာမောင်းဝင်လာသည်။

 

ရင်ပြင်တွင် အခြားသူများ၏ကားများကိုရပ်ထားသော ကြောင့် ဧည့်သည်များရှိပုံရသည်။

 

၎င်းတို့နှစ်ယောက် ပင်မဝင်ပေါက်ကို ဖြတ်လျှောက်လိုက်သည်နှင့် ဧည့်ခန်းမှအသံများကြားလိုက်ရသည်။

 

"မားမား၊ ပါးပါး ဒီကလေးနာမည်က ကျီရှောင်‌လေ၊ ကျွန်တော် သူ့ကိုမွေးစားပြီးရင် သူ့နာမည်ကို လီကျီချောင်လို့ခေါ်မယ်"

 

ချင်းရှန့်သည် သူ့အစ်မနှင့် ခဲအိုရောက်လာကြောင်း ချက်ခြင်းနားလည်သွားသည်။

 

သူ ကလေးမွေးစားတယ်ဆိုသည့် သတင်းကိုတောင် မစဉ်းစားရသေး သူ့ဘေးနားတွင် အေးအေးလူလူလမ်း လျှောက်နေသည့် အမျိုးသမီး၏ခြေလှမ်းများက ရုတ်တ ရက် မြန်ဆန်လာသည်။

 

[အိုး… ငါ့ကိုဖျော်ဖြေပေးမဲ့ နောက်ထပ် ဒရာမာရှိသေး တာပဲ၊ အထက်တန်းစားအသိုင်းအဝိုင်းက တကယ်ကို    ဒရာမာနှင့်ပြည့်နှက်နေတာပဲ၊ ဒါကပဲ ငါ့ကို ကွာရှင်းဖို့ နည်းနည်းဝန်လေးစေတယ်]

 

[ကွာရှင်းလိုက်တာက အရည်ရွှမ်းတဲ့ ဖရဲသီးတစ်ဖာကို ချန်ထားခဲ့ရသလိုပဲ]

 

ကျီဖေးသည် စိတ်အားထက်သန်မှုကြောင့် တစ်ကြိမ်လျှင် ခြေလှမ်းနှစ်လှမ်းလှမ်းကာ  မျှော်လင့်ချက်ကြောင့် သူ(မ)၏မျက်လုံးများတောက်ပနေသည်။

 

ချင်ရှန့်: ...ဒါ သူ(မ) ငါ့ကိုကွာရှင်းဖို့မပြောတဲ့ အကြောင်း ပြချက်တော့ မဟုတ်ဘူးမလား ?

 

ပြီးတော့ နောက်ထပ်ဒရမ်မာက ဘာကြီးလဲ ?

 

ငါ့ကို စောင့်ဦး!