Chapter
7
ကျီဖေးနှင့် ချင်ရှန့်ပေါ်လာသည်နှင့် တပြိုင်နက်
အခန်းတွင်းရှိ ထူးဆန်းသောအငွေ့အသက်များ ပျက်သုဉ်းသွားကာ လူတိုင်းလှည့်ကြည့်လာကြသည်။
အိမ်တော်ထိန်းသည် သခင်လေးနှင့် သူ့ဇနီးထံမှကုတ် အင်္ကျီများကိုယူရန်
ရှေ့တိုးလာသည်။
"မင်းတို့ ပြန်လာကြပြီလား" မားမားချင်သည်
ဆိုဖာပေါ်ကနေ ချက်ခြင်းထရပ်လိုက်ပြီး ၎င်းတို့နှစ်ယောက်ဝင်လာသည်ကိုမြင်တော့ လန့်ဖြန့်သွားသည်။
သူ(မ) ချဉ်း ကပ်လာပြီး ကျီဖေး၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ ၎င်းတို့၏အမူအရာများကို
ဂရုတစိုက်စောင့်ကြည့်နေ သည်။
ပါးပါးချင်သည် စိုးရိမ်တကြီးကြည့်လာသော်လည်း သူသည်
မိသားစုခေါင်းဆောင်ဖြစ်သောကြောင့် ဟန်အမူကိုထိန်းဆဲပင်။
ယနေ့နံနက်တွင် ချင်ရှန်းသည် ကျီဖေးအားခေါ်ဆောင် သွားသောအခါ
ချင်််မားသည် စိုးရိမ်တကြီး မေးမြန်းခဲ့သည်။
ချင်ရှန့်သည် ဒီအချိန်တွင် ဝင်မစွက်ဖက်ပဲ အေးအေး
ဆေးဆေးနေပေးပါဟုသာ ပြန်ပြောလာခဲ့သည်။
ပါးပါးချင်သည် သက်ပြင်းတစ်ချက်ချပြီး အရာအားလုံးကို
သူ့သားအား ကိုင်တွယ်ခွင့်ပေးလိုက်သည်။ ကျီဖေး သည် ဤတစ်ကြိမ်တွင် ကြီးကြီးမားမားအမှားတစ်ခု
ကျူးလွန်ခဲ့တာဖြစ်နိုင်သဖြင့် သားဖြစ်သူကိုမဖြေရှင်းခိုင်းပါက သူ့ ဆုံးဖြတ်ချက်များကို
မလေးစားသလိုရောက်သွားလိမ့်မည်။
အဆိုးဆုံးအခြေအနေမှာ ၎င်းတို့ စိတ်ကူးထားသော ကွာရှင်းခြင်းပင်။
၎င်းတို့သည် ဤနေ့တွင် ၎င်းတို့သမီးအကြီးဆုံးမိသားစုကို
လာလည်စေချင်တာမဟုတ်သော်လည်း သမီးလေးသည် ထိတ်လန့်တကြားဖြင့် တစ်စုံတစ်ခုကို ဆွေးနွေးရန်
အိမ်သို့ပြန်လာလိုသောကြောင့် လာခွင့်ပေးရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
သတင်းသိကြသည့် သူတို့သမီးနှင့် သားမက်တို့သည် ထိုသတင်းကိုယူဆောင်လာခဲ့သည်။
ကျီဖေးသည် သူ(မ)၏မှတ်ဥာဏ်များထဲမှ အပြန်အလှန်ဆက်ဆံပုံစံကို
လိုက်အတုခိုးကာ လျစ်လျူရှုပြီး ခေါင်းတညိတ်ညိတ်နှင့် လူမူဆက်ဆံရေးခေါင်ပါးသည့်အတိုင်းသာနေဆဲပင်။
ချင်ရှန့်သည် သူ့အစ်မမိသားစုကို ဦးစွာနှုတ်ဆက်ပြီး
တခြားဘာကိုမှ မပြောခဲ့ချေ။
သူသည် ကျီဖေးကိုစူးစူးဝါးဝါးစိုက်ကြည့်နေသည်။
ဆိုဖာအရှည်ကြီးတစ်ခုပေါ်တွင် လူလေးယောက်ထိုင်နေကြသည်။
ထိုခုံတွင် ကြမ်းတမ်းသောအသွင်အပြင်ရှိသော အသက် ကြီးကြီး
အမျိုးသမီးတစ်ဦးထိုင်နေကာ အသက် ၈ နှစ် (သို့မဟုတ်) ၉ နှစ်အရွယ် ကလေးတစ်ဦးကို ပွေ့ဖက်ထားသည်။
ကောင်ငယ်လေးသည် သူ့လက်ထဲတွင် Rubik တုံးတစ်တုံးကို ဆုပ်ကိုင်ထားပြီး ဘေးပတ်ပတ် လည်ကို
ငေးကြည့်နေသည်။ သူလေးသည် အတော်ပင် အားအင်မဲ့ကာ ခိုးကာရာမဲ့ဖြစ်နေဟန်ပင်။
၎င်းတို့ဘေးတွင် ရွှေရောင်မျက်မှန်တပ်ထားသည့် သွယ်လျသော
အမျိုးသားတစ်ဦး ထိုင်နေသည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားသော်လည်း
အေးစက်သောလေထုကိုမဖုံးနိုင်ပဲ ဆက်ဆံရေးခေါင်းပါးပုံရသည်။
ထိုအမျိုးသား၏ဘေးတွင် အားတင်းပြုံးနေသော အမျိုး သမီးတစ်ဦးရှိနေပြီး
သူ(မ)၏အသွင်အပြင်သည် အလွန်နွေးထွေးကာနူးညံ့ဟန်ရှိသည်။
ပါးပါးချင်နှင့် မားမားချင်သည် ချင်ရှန့်နှင့် ကျီဖေးတို့၏
အခြေနေကို လူတိုင်းရှေ့တွင်မမေးမြန်းချင်သောကြောင့် အကြီးဆုံးသမီး၏မိသားစုကိစ္စကိုသာ
ဦးစွာဖြေရှင်းရန်ရည်ရွယ်ထားသည်။
“ဒါနဲ့ ဒုတိယသားတို့ လင်မယားကွာရှင်းလိုက်တာမဟုတ်လား
? ဘာလို့ အခုအတူပြန်လာရတာလဲ"
ရုပ်ရင့်လှသည့် အသက်ကြီးကြီးအမျိုးသမီးသည် ဦးစွာနှုတ်ဖွင့်လာသူဖြစ်သည်။
လေထုသည် ချက်ချင်းပင်အေးခဲသွားသည်။
"မား!"
ချင်ရန်သည် သူ(မ)အား တားဖို့အသံခပ်ကျယ်ကျယ် အော်လိုက်သော်လည်း သူ(မ)လို နူးညံသိမ်မွေ့သော သခင်မလေး၏အသံထဲတွင်
ခွန်အားများစွာမပါရှိခဲ့ပေ။
သူ(မ)သည် ကျီဖေးအား စိုးရိမ်တကြီးကြည့်လာသည်။
သို့သော် သူ(မ)ခင်ပွန်း လီကျစ်သည် သူ့မားကို ထိုကဲ့သို့
မသင့်လျော်သော စကားကိုပြောခွင့်ပြုထားသကဲ့သို့ နှုတ်ဆိတ်နေသည်။
ချင်ရှန့် အနည်းငယ်မျက်မှောင်ကြုတ်ကာ "ကျွန်တော်တို့ကမကွာရှင်းသေးလို့
အိမ်အတူတူပြန်လာတာလေ ပုံမှန်ပါပဲ"
ချင်ပါးပါးနှင့် မားမားသည်လည်း တအံ့တသြကြည့်လာသည်။
အဆုံးတွင် ၎င်းတို့သည် သတင်းကောင်းကြား လိုက်ရသည်။
မားမားလီ "အထက်တန်းလွှာအသိုင်းအဝိုင်းမှာ သူ(မ)
အမှားလုပ်မိတယ်လို့ ပြောနေကြတာနဲ့..."
ချင်ရှန့်၏အမူအရာသည် မကျေမနပ်ဖြစ်သွားသည်။ သူပြောတော့မည့်အချိန်
ကျီဖေး သူ့အနားသို့ ရုတ်တရက်ရောက်လာကာ "လီမိသားစုက ဘယ်တုန်းက အထက် တန်းလွှာအသိုင်းအ၀ိုင်းထဲ
ရောက်သွားတာလဲ၊ ရှင်က အတင်းအဖျင်းတွေတောင် ကိုယ်တိုင်ဖန်တီးနေပြီလား"
လီမိသားစုသည် သာမာန်မိသားစုဖြစ်ပြီး လီကျစ်သည် ဆေးပညာလေ့လာရာတွင်
အောင်မြင်မှုရခဲ့သောကြောင့်သာ ငယ်ရွယ်သော အရည်အချင်းရှိသူဟု မှတ်ယူထား သည်။ ၎င်းတို့သည်
မကြာသေးမီ နှစ်များအတွင်း ချင်မိသားစု၏အကူအညီဖြင့် ပုဂ္ဂလိကဆေးရုံတစ်ခု ဖွင့်လှစ်ရန်ပူးပေါင်းခဲ့သောကြောင့်
ငွေအနည်းငယ် စုဆောင်းနိုင်ခဲ့သော်လည်း အထက်တန်းလွှာဟုခေါ်ဆိုနိုင်သည့် အဆင့်သို့ရောက်ရှိရန်
ဝေးကွာနေဆဲပင်။
သို့သော် တချို့လူများသည် အမှန်တရားကိုကြားရတာ မကြိုက်ချေ။ မားမားလီ၏မျက်နှာ ပျက်သွားပြီး သူ(မ)
စကားသံကြောင့် တုန်လှုပ်နေသည်။
"နင် ဘာပြောလိုက်တာလဲ! နင် ငါတို့ လီမိသားစုကို
ဘယ် လိုတောင်စော်ကားရဲတာလဲ"
ကျီဖေးသည် အပြစ်ကင်းစင်သော မျက်နှာဖြင့် လက်ကိုဝှေ့ယမ်းပြီး
"ရှင် အသက်ကြီးလာလို့ ပိုပြီးအကဲဆက်လာတာပဲ၊ ကျွန်မပြောတာ ဘာအမှားပါလို့ လီမိသားစုကို
စော်ကားတယ်လို့ပြောရတာလဲ"
[ငါ နင့်ကို စော်ကားတယ်ဘာဖြစ်လဲ! ဘာဖြစ်ချင်လဲ ?
မြေခွေးအမြှီးနဲ့ ဝံပုလွေလိုအဖွားကြီးကများ ရှင့်ကိုယ်ရှင် ဘယ်သူထင်နေလဲ]
ချင်ရှန့် သူ(မ)စိတ်ထဲရှိ ကျိန်ဆဲမှုများကို တိုက်ရိုက်ကြားလိုက်ရသဖြင့်
စကား၀င်မပြောရန် ဆုံးဖြတ်လိုက်သည်။
ချင်ရှန့်သည် လီမားမားမှာ ပထမဆုံးမယဉ်ကျေးခဲ့သူဖြစ်သောကြောင့်
သူ့ဇနီးအား သဟဇာတဖြစ်အောင်နေခိုင်းပြီး စိတ်မညစ်စေချင်သောကြောင့် နှုတ်ဆိတ်နေခြင်းဖြစ်သည်။
သူသည် ကျီဖေးအားထိုင်စေရန် ဖြည်းညင်းစွာလှမ်းဆွဲလိုက်သည်။-
သူ(မ)အကြာကြီးရပ်နေရတာ ပင်ပန်းလိမ့်မယ်။
သို့သော် သူတို့ထိုင်ပြီးသည်နှင့် ချင်ရှန့်သည် မျက်လုံး
ထောင့်မှ ချင်ပါးပါးနှင့် မားမားတို့ မျက်နှာပေါ်ရှိထိတ် လန့်တုန်လှုပ်နေသည့်အမူအရာများကို
မြင်လိုက်ရသည်။
ဒီစကားတွေက...
ပါးပါးချင်နှင့် မားမားချင်တို့အံသြသွားသည်။ သူတို့
နားကြားမှားသွားတာလား ? ထိုမာနကြီးသောစကားများ သည် ကျီဖေး၏အသံဖြစ်သော်လည်း သူ(မ)သည်ပါးစပ်ကို
ဖွင့်ဟမလာပေ။
ချင်ရှန့်၏မျက်လုံးများသည် သိသိသာသာပြောင်းလဲသွားသည်။
သူ ချက်ချင်း အစ်မဖြစ်သူ ချင်ရန်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ(မ)သည်လည်း ကျီဖေးကိုအံ့ဩနေသည့်အမူအရာဖြင့်
စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။
ထိုအချိန်တွင် ကျီဖေးနှင့် လီမားမားကြားရှိတိုက်ပွဲသည်
ဆက်လက်ဖြစ်ပွားနေခဲ့သည်။
လီမားမားသည် ယခုအခါတွင် ဒေါသအလွန်ထွက်နေပြီး သူ(မ)၏မျက်နှာပေါ်ရှိ
အရေးအကြောင်းများပိုထင်ရှားလာသည်။
"ကိုယ်ကျင့်တရားမရှိတဲ့သူတွေက မျှော်လင့်ချက်မရှိတဲ့အတိုင်းပဲ!"
ထိုစကားသည် ချင်မိသားစုဝင်များ၏ မျက်နှာများအား ချက်ချင်းမည်းမှောင်သွားစေသည်။
မူလကျီမိသားစုသည် ၎င်းတို့မိသားစု၏နှစ်ရှည်လများ
သူငယ်ချင်းဖြစ်သောကြောင့် ကျီဖေးသည် ၎င်းတို့အိမ်တွင် နှစ်အတော်ကြာကြီးပြင်းလာခဲ့ပြီး
ယခု ချင်သားစုနှင့်လက်ထပ်ခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့ထဲမှလူဟု ယူဆနိုင်သည်။ ကျီဖေးကို
ဆုံးမဖို့ အဲ့အဘွားကြီးကို ဘယ်သူက ခွင့်ပြုလို့လဲ!
မားမားချင် ပြန်လည်ချေပတော့မည်အပြု ကျီဖေး ထပ် မံရိုက်ချလိုက်ပြန်သည်။
"တကယ်တော့ ကျွန်မထက်နိမ့်ကျတဲ့ သူတွေကို ဘယ်လိုနေရာမျိုးမှာထားပြီး
ဆက်ဆံရမယ်ဆိုပြီး တစ်ခါမှမသင်ထားဖူးဘူးရှင့်"
ကျီဖေးသည် လီမားမားအား ရွံရှာသည့်အမူအရာ အပေါ်အောက်
အပြန်အလှန်စိုက်ကြည့်နေသည်။
[သူကြည့်တော့ တော်တော်ကိုယ်ကျင့်တရားကောင်းတယ်ဆိုတော့၊
ငါ့ကိုတွေ့တိုင်း အမြဲတမ်းလျစ်လျူရှုခံ ထားရတဲ့ ဇနီးဆိုပြီး အဆက်မပြတ်ကျိန်ဆဲနေကျလေ၊
အဲ့ဒါမှ ငါနဲ့ချင်ရှန်းကွာရှင်းဖြစ်ရင် သူ့ဆွေမျိုးတွေရဲ့ သမီးတွေကို ချင်ရှန်းနဲ့မိတ်ဆက်ပေးနိုင်မှာလေ၊
ဟမ့်! ရှင့် အတွေးတွေကတော့ ရှင့်မျက်နှာထက်ပိုလှသားပဲ ရုပ်ဆိုးတဲ့ စုန်းမအိုကြီးရဲ့]
ယခင်က ကျီဖေးသည် ချင်ရှန့်နှင့်ပတ်သက်သည့် ကိစ္စများဆိုပါက
ရံဖန်ရံခါပြန်လည်တုန့်ပြန်တက်သော်လည်း အခြားကိစ္စများဖြင့်ဆိုပါက တိတ်ဆိတ်စွာသာနေတက်သည်။
သူ(မ)သည် အများအားဖြင့် တစ်ယောက်တည်းသာနေတက်ပြီး လူအများနှင့် မဆက်ဆံချင်သဖြင့် လျစ်
လျူရှုရန်သာ ရွေးချယ်ဖြစ်သည်။
ဤသည်မှာ သူ(မ)၏ဒေါသကို ပထမဆုံးအကြိမ်ထုတ် ဖော်ခြင်းဖြစ်သည်။
ထို့ကြောင့် လီမိသားစုဝင်များ အံ့အား သင့်ခဲ့ရရုံသာမက ချင်မိသားစုများလည်းတုန်လှုပ်သွားခဲ့သည်။
ဒါပေါ့ ချင်သားစုကိုပိုပြီးအံ့အားသင့်စေတာက ကျီဖေးရဲ့
'အတွင်းစိတ်က အတွေးတွေ' ကို သူတို့ကြားနေရလို့ပဲ။
ပါးပါးချင်နှင့် မားမားချင်သည် အံ့အားသင့်စွာအကြည့်ချင်းစုံမိကြပြီး
၎င်းတို့သာကြားရခြင်းမဟုတ်ကြောင်း သိသွားသည်။ ထို့နောက် ၎င်းတို့ ထင်ယောင်ထင်မှား ကြားနေခြင်းမဟုတ်ကြောင်း
အတည်ပြုပြီးခေါင်းခါပြနေသော ချင်ရှန့်ကိုကြည့်လိုက်ကြသည်။
မားမားလီက သူတို့အိမ်ကိုလာတိုင်း ချွေးမလေးကို စတ်အနှောင့်အယှက်ပေးတက်တဲ့ပုံပဲ၊
ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ ?
၎င်းတို့သည် မူလတွင် ကျီဖေးမှာလူကြီးတစ်ယောက်အပေါ်
ပြောသည့်စကားများသည် လွန်သည်ဟုခံစားမိလိုက်သော်လည်း ယခုအခါ ပါးပါးချင်နှင့် မားမားချင်သည်
ချွေးမလေးဘက်မှာသာ အခိုင်အမာရပ်တည်လိုက်ကြသည်။
ဟမ့်! ငါတို့သားနဲ့ချွေးမလေးကိုကွာရှင်းရအောင် ကျိန်ဆဲဖို့လုံး၀မစဉ်းစားနဲ့!
ထိုအချိန်တွင်ပင် ချင်ရန်သည် သူ(မ)၏ထိတ်လန့်မှုကို
မထိန်းနိုင်ဘဲ အံ့အားသင့်စွာ "ကျီဖေး နင်..."
"ကျဲ!"
ချင်ရှန့်သည် ရုတ်တရက် ဖြတ်ပြောလိုက်ပြီး စူးစူးဝါးဝါးကြည့်ကာ
တားဆီးလိုက်သည်။
သို့သော် တခြားသူများအမြင်တွင် ကျီဖေးမှာ မားမားလီကိုစော်ကားခဲ့သောကြောင့်
ချင်ရန်သည် တားဆီးရန်ပြင်ခဲ့သော်လည်း ချင်ရှန့်သည် လက်ဦးမှုယူကာသတိပေးခဲ့သည်။
ချင်ရန်၏စိတ်ထဲတွင် လုံးဝကမောက်ကမဖြစ်နေသဖြင့် ထိုထူးဆန်းသည့်
အသံများကြားနေရခြင်းကို ချက်ချင်း ပြောမထွက်ခဲ့ပေ။
လီကျစ်သည် ကျီဖေး၏ ' ကျွန်မထက် နိမ့်ကျတဲ့သူ' ဟူ
သော စကားကြောင့် ယခုအချိန်အထိ နှုတ်ဆိတ်နေလေသည်။
သူသည် မိခင်ဖြစ်သူဘက်မှ ရပ်တည်ချင်ခဲ့သော်လည်း ချင်ရန်ဘက်သို့
မကျေမချမ်းဒေါသတကြီးကြည့်လာပြီး သူ၏ စကားများသည် ထစ်ဟစွာ "မင်း...မင်း...မင်း"
အေးစက်သော အလင်းတန်းသည် သူ၏မျက်မှန်များပေါ်တွင်
ရေခဲလွှာတစ်ခဲတင်ကျန်နေသလို လင်းလက်နေပြီး သူ(မ)အား အေးစက်စွာကြည့်နေသည်။ ဈေးထဲက လူတွေရန်ဖြစ်သလိုမျိုး
စကားဝိုင်းကို သူ၀င်ရောက်စွက် ဖက်ဖို့ မလိုအပ်ချေ။ - ဒါ အရမ်းရှက်စရာကောင်းမှာသေချာတယ်။
ချင်ရန် တုန်တက်သွားသလို ခံစားရပြီး အဆုံးတွင် သူ့ယောက္ခမကိုသာဖြောင်းဖျလိုက်သည်။
"စိတ်မဆိုးပါနဲ့ မားရယ်၊ ကျီဖေးက ငယ်သေးလို့ပါ...၊
သူ(မ)က ထိခိုက်လိုစိတ်နဲ့ပြောတာ မဟုတ်ပါဘူး"
အသက် ၂၄ နှစ်အရွယ် ကျီဖေးသည် ချင်ရန်၏ဖြန်ဖြေရေးစကားကြောင်း
ရယ်မောလုနီးပါးပင်။
သို့သော် လီကျစ်သည် ချင်ရန်၏စကားကို မကျေမနပ်ဖြစ်နေခဲ့သည်။
သူ၏အကြည့်များသည် စူးရဲလှကာ လှောင်ပြောင်သော အရိပ်အယောင်များရောယှက်နေ သည်။
ချင်ရန်သည် ထိတ်လန့်သွားသဖြင့် သူ့အကြည့်ကိုရှောင်ရန်
မျက်လွှာချထားလိုက်သည်။
ပါးပါးချင်နှင့် မားမားချင်သည် သူတို့သမီးလေး ခက်ခဲသည့်အနေအထားရောက်နေသည်ကို
မကြည့်နိုင်တော့သဖြင့် မားမားချင်က ဦးစွာ
"ကောင်းပြီ ခမည်းခမက်လီ၊ ရှင်မျိုးဆက်သစ်တွေကို မစော်ကားပါနဲ့တော့၊ ကျွန်မချွေးမက ဒီနေ့ စိတ်အဆင်မပြေလို့
စကားကိုပြတ်ပြတ်သားသားပြောနေမိတာပါ"
သူ(မ)၏စကားများသည် မားမားလီကို နောက်တစ်ကြိမ် လှောင်ပြောင်နေပုံပင်။
ထို့အပြင် အလွန်အမင်းမျက်နှာ လိုက်ခြင်းလည်းဖြစ်သည်။ သို့သော် မားမားချင်သည် ကျီဖေးနှင့်မတူသောကြောင့်
လီမိသားစု မည်မျှဒေါသထွက်နေပါစေ မားမားချင်စကားများကို မဆန့်ကျင်ဝံပေ။
၎င်းတို့သည် အသံတိတ်သာ ဆန့်ကျင်လိုက်သည်။
"ဟမ့်၊ ကျွန်မက ဒီနေ့ သတင်းကောင်း မျှဝေဖို့လာတာပေမဲ့
တချို့လူတွေကြောင့်ပျက်စီးကုန်ပြီ"
သို့သော် မည်သူမျှ သူ(မ)အား ဂရုမစိုက်ဘဲ လျစ်လျူရှုရန်ရွေးချယ်ကာ
သူ(မ)၏ အဆင်မပြေမှုကြားတွင်သာ နစ်မြုပ်ခွင့်ပေးလိုက်သည်။
မားမားချင်သည် ကျီဖေးကို ကြင်နာစွာကြည့်ကာ
"မင်းတို့ ပြန်လာတာ အရမ်းနောက်ကျနေပြီ၊ ဖေးဖေး စားပြီးပြီလား"
ကျီဖေးသည် တစ်ကောင်ကြွက်သာဖြစ်သောကြောင့် သူ(မ)အား ထိုသို့ ရင်းနှီးသည့် အခေါ်အဝေါ်များ
မည်သူမှမခေါ်ဖူးသဖြင့် "ဖေးဖေး" ဟု အခေါ်ခံလိုက်ရချိန် ရင်တလှပ်လှပ်ဖြစ်သွားရသဖြင့်…
[မားမားချင်က အရမ်းချစ်စရာကောင်းတာပဲ]
မားမားချင်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင်စိတ်လှုပ်ရှားသွားသည်။
ကျီဖေးသည် ၎င်းတို့နှင့် နီးနီးကပ်ကပ်မနေဘဲ အမြဲတမ်း ခပ်ခွာခွာနေပုံရသော် လည်း ကျီဖေးစိတ်ထဲတွင်
သူ(မ)ကို ထိုသို့တွေးနေမည်ဟု မမျှော်လင့်ထားချေ။
ချွေးမလေးက ရှက်တတ်တယ်နဲ့တူတယ်…
ကျီဖေးသည် မစားရသေးကြောင်း ခေါင်းယမ်းပြလိုက်သဖြင့်
ချင်မားမားသည် ချက်ချင်းမေးလိုက်သည်။
"ဖေးဖေး ဘာစားချင်လဲ"
"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"
မားမားချင်သည် "အဒေါ်ကျန်း ကျေးဇူးပြုပြီး ဟင်းသုံးမျိုးနဲ့
ဟင်းချိုချက်ပေးပါဦး ဟင်းတွေကို ဖေးဖေးကြိုက်တာလေးတွေ ရွေးချက်ပေးပါ၊ အလုပ်ရှုပ်စေမိပြီ"
ထို့နောက် သူ(မ)သည် ကျီဖေး၏လက်ကိုချစ်ခင်စွာ ကိုင်လိုက်ပြီး
"ချင်ရှန့်က မင်းကိုဘာမှအရင်မကျွေးဘဲ အချိန်နောက်ကျမှပြန်လာတော့ ဗိုက်အရမ်းဆာနေလောက်ပြီပေါ့"
ချင်ရှန့် အနားသို့တိုးလာကာ "မား... ကျွန်တော်လည်း သူနဲ့ အတူရှိနေတာလေ၊ အခုထိ မစားရသေးဘူး"
ထိုသည်ကိုကြားတော့ မားမားချင်က "ဒုတိယသခင်လေးအတွက်ပါ
တစ်ယောက်စာယူလာခဲ့ပေးပါ"
ချင်ရှန့်:...
ကျီဖေး ရယ်ချလိုက်ချင်သော်လည်း ချင်ရှန့်၏အကြည့်ကြောင့်
သူ(မ) မရယ်ရဲပေ။
ထိုစဥ် ရုတ်တရက်ဆန်စွာ လှီးပြီးသား အသီးအနှံတစ်ပန်းကန်သည်
သူ(မ)ဘေးနားသို့ ပေါ်လာသည်။
"မင်းဗိုက်ဆာရင် အသီးအနှံတွေအရင်စားထားလို့ရတယ်"
ပါးပါးချင်သည် ဧည့်သည်များအတွက် ချထားသော သစ်သီးပန်းကန်ကိုလှမ်းယူခဲ့သော်လည်း
တည်ငြိမ်စွာပြောလာသည်။
ကျီဖေးသည် ကျေးဇူးတင်ကြောင်းသာ တိုတိုတုတ်တုတ်ပြောခဲ့သည်။
[ပါးပါးချင်က လူငယ်တွေကိုအရမ်းဂရုစိုက်တာပဲ၊ သူတို့နှစ်ယောက်က
တကယ့်ကို အရမ်းလိုက်ဖက်တဲ့စုံတွဲပဲ]
ပါးပါးချင်၏ခန္ဓာကိုယ်သည် ချက်ချင်းပင်တည့်မတ်သွားသည်။
ချင်ရန်သည် ကျီဖေး၏အတွေးများကို ကြားနေရသော ကြောင့်
သူ(မ) မိဘများ၏စိတ်ဝင်စားဖွယ် အပြုအမှုများကို စောင့်ကြည့်ရင်း သူ(မ)၏ ထိုင်းမှိုင်းနေသောခံစားချက်များ
အနည်းငယ်သက်သာလာသည်။ သို့သော် မကြာမီ သူ(မ)သဘောမကျသော အကြည့်နှစ်ခုအောက်တွင် အသက်ရှုကြပ်ရလောက်သည်အထိ
ဖိအားများတိုးလာသည်။
သူ(မ)ယောက္ခမနှင့် ခင်ပွန်းသည် သူ(မ)မှာ ထိုသို့ထုံအ
အဖြစ်နေခြင်းကို မကြိုက်ကြောင်းသိပြီး သူ(မ)ကိုယ် တိုင်ပင် ချင်မိသားစုထံမှ လျစ်လျူရှုခံထားရသည်ဟု
ထင်ကြသည်။ သို့သော် သူ(မ)တစ်ယောက်သာ ချင်မိသားစုက ထိုသို့မဟုတ်မှန်းသိပေသည်။
ချင်ရှန့်သည် အစ်မကြီးဖြစ်သူ၏ ဆိုးရွားလှသောအခြေ
အနေကို သတိပြုမိလိုက်သောကြောင့် သူ့မျက်လုံးများ အနည်းငယ် စုကျုံ့သွားသည်။
သူသည် တစ်ချိန်လုံး တိတ်ဆိတ်ကာ Rubik ဖြင့်ဆော့ကစားနေသော
ကလေးအားတစ်ချက်ကြည့်လိုက်သည်။ ကလေးသည် အတန်ငယ်မလုံခြုံသလိုခံစားရသော ကြောင့် ခပ်ဝေးဝေးနေချင်နေပုံရသော်လည်း
သူ၏ပြီးလုနီးပါး Rubik ကိုကြည့်ပါက ဉာဏ်ရည်မမှီခြင်း မဟုတ်ကြောင်းသိနိုင်သည်။
သူနှင့် သူ၏တတိယမြောက်ညီသည်လည်း ငယ်စဉ်က Rubik's
cubes ကစားရသည်ကိုအလွန်ကြိုက်နှစ်သက် သည်။
သူသည် စောစောက ကျီဖေးပြောခဲ့သည့် အတင်းအဖျင်းဆိုသည်ကိုပြန်သတိရသွားသဖြင့်
တိုက်ရိုက်မေးလိုက်သည်။
"ဒီကလေးက ဘယ်သူလဲ ?"