Chapter 8
နောက်ဆုံးတွင် လီကျစ်သည် မကျေမနပ်ဖြင့် "သူ့နာမည်က
လီကျစ်ချောင်ပါ။ ချင်ရန်က သူ့ကိုမွေးစားဖို့စီစဉ်ထားတယ်။ အခုကစပြီး ငါတို့သားဖြစ်သွားမှ၊
ကျီချောင် ဒါ မင်းရဲ့ဒုတိယဦးလေးနဲ့အဒေါ် နှုတ်ဆက်လိုက်ဦး"
ပါးပါးချင် မနှောက်ယှက်သဖြင့် လီကျီချောင်သည် မတ်တတ်ထကာ
မဝံ့မရဲပြောတော့မည်အပြု
ပါးပါးချင်က အနည်းငယ်မနှစ်မြို့ဖွယ်အမူအရာဖြင့်
"နေပါဦး၊ ဒီကိစ္စကို မရှင်းရသေးဘူး၊ ဘယ်သူ့ကိုမှ နှုတ် ဆက်ဖို့ အလျင်စလိုမလုပ်နဲ့ဦး"
လီကျီချောင်၏မျက်နှာသည် ဖြူဖျော့နေပြီးခေါင်းငုံ့
ထိုင်နေရုံသာတတ်နိုင်သည်။
မားမားချင်သည် စိတ်နူးညံ့သိမ်မွေ့ပြီး ကလေးအတွက်
စိတ်မကောင်းဖြစ်သဖြင့် "ကျီချောင်ကို အခုလောလော ဆယ် အပြင်မှာဆော့ခိုင်းထားရင်ကော
?"
ဘာပဲဖြစ်ဖြစ် ကလေးရှေ့တွင်ပြောသင့်ပေ။
"အဆင်ပြေပါတယ်"
လီကျစ်သည် ကလေး၏စိတ်ခံစားချက်ကို ဂရုမစိုက်ပုံရသည်။
ဒေါသကို ထိန်းထားသည့်ပါးပါးချင်က "ဒါဆို ပွင့်ပွင့်
လင်းလင်းပြောရအောင်၊ ရန်ရန် အသက်သုံးဆယ်ပဲရှိသေးတယ်၊ ကလေးမမွေးနိုင်သေးတဲ့ အရွယ်မဟုတ်သေးဘူး၊
မင်းက ငါတို့ကို အကြီးလို့မမြင်ဘဲ မွေးစားတာကိုအကြောင်းကြားဖို့ ကလေးခေါ်လာခဲ့တာလား
? ဒါ လီမိသားစုရဲ့ စီးပွားရေးလုပ်တဲ့ပုံစံလား ?"
လီမားမားက "ခမည်းခမက် ဒါ ရှင် ကျမတို့ကိုအပြစ်တင်လို့မရဘူး။
ရန်ရန်ရဲ့ခန္ဓာကိုယ်က ပထမကိုယ်ဝန်ထိခိုက်ပြီးကတည်းက ဆရာဝန်တွေက သူ နောက်တစ်ကြိမ် ကိုယ်ဝန်ရဖို့ခက်လိမ့်မယ်လို့
ပြောထားပြီးဟားပဲ၊ ကျမတို့ အချိန်ဖြုန်းပြီး မစောင့်နိုင်ဘူး..."
လွန်ခဲ့သည့် ၉ နှစ်က ချင်ရန်ကလေးမွေးပြီးနောက်ပိုင်းကိုယ်ဝန်မဆောင်နိုင်ခဲ့ချေ။
သို့သော် ချင်မိသားစုသည် ဆေးဘက်ဆိုင်ရာတိုးတက်မှုနဲ့
ချင်ရန်အား ငယ်သေးသဖြင့် အခွင့်အရေးရှိသည်ဟုတွေးထားခဲ့ကြသည်။ ယနေ့ကဲ့သို့ လီမိသားစုမှ
ကလေးတစ်ယောက်ခေါ်လာမည်ဟု မမျှော်လင့်ထားပေ။
ထိုအချိန် ချင်ယန်၏မျက်လုံးများ ချက်ချင်းနီရဲလာသည်။
[လီကျစ်က သေခါနီးမို့လို့ လီမိသားစုက မျိုးရိုးပျောက်တော့မှာမို့လို့
သူတို့အလျင်လိုနေကြတာလား။]
ကျီဖေး သစ်သီးစားရင်း ရွဲ့စောင်းစွာတွေးလိုက်သည်။
ထိုစဉ် စိတ်ပျက်နေသော ချင်မိသားစုဝင်များသည် ဤစကားကိုကြားသောအခါ
ထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားကြသည်။ ချင်ရန်၏ဝမ်းနည်းပူဆွေးသော စိတ်ဓာတ်များပင် ခေတ္တရပ်တန့်သွားခဲ့သည်။
ချင်ရှန့်ကချောင်းဆိုးလိုက်ပြီး ကျီဖေးရဲ့လက်မောင်းကို
ဖိလိုက်ပြီး "ညစာစားခါနီးနေပြီ အသီးတွေအများကြီးမစားနဲ့" ဟုပြောလိုက်သည်။
ပြီးနောက် လီကျစ်အား"ဘာလို့ ဒီလောက်အလျင်စလို
လုပ်ရတာလဲ ? ကလေးရဖို့ မျှော်လင့်မရှိလို့မွေးစားဖို့ ဆိုရင်တောင် မွေးကင်းစတို့ ဘာတို့မဖြစ်သင့်ဘူးလား
?"
ကျီဖေးသည် နာခံမှုရှိရှိ သူမ၏သစ်သီးခက်ရင်းကိုချလိုက်သော်လည်း
ချင်ရှန့်၏ အမေးကိုကြားလိုက်သည် နှင့် သူမ စိတ်ထဲ ချက်ချင်းချီးကျူးလိုက်သည်။
[Wow ၊ မင်း ချက်ကောင်းကိုရှာတွေ့ပြီပဲ!]
ချင်ရှန့် ခေတ္တရပ်လိုက်သည်။ တကယ်ပြဿနာရှိနေတာလား
?
ပါးပါးချင်နှင့် မားမားချင်လည်း အံ့အားသင့်သွားသည်။
ဘာလဲ ? ဘာလဲ ?
ချင်ရန်၏ခန္ဓာကိုယ်တုန်လှုပ်သွားပြီး ကျီဖေးကို အံ့အား
သင့်စွာကြည့်လိုက်သည်။
လီကျစ်စကားမပြောမီ ချင်ရှန့်က "ခင်ဗျားတို့
လီမိသားစုအနေနဲ့ သူ့ကိုရွေးချယ်ရလောက်တဲ့ ဒီကလေးရဲ့ထူးခြားချက်က ဘာလဲ?"
မားမားလီနှင့် လီကျစ်၏မျက်နှာများတင်းမာသွားသည်။
မားမားလီ ချက်ချင်း အတင်းရယ်ပြီး
"သူက ကိုးနှစ်ပဲရှိပါသေးတယ်၊ သူက ငါ့သားနဲ့ကော
ရန်ရန်နဲ့ကော ခပ်ဆင်ဆင်ရယ်၊ ကံကြမ္မာငင်တယ်ဆိုမျိုး ဖြစ်မယ်ထင်တယ်၊ အဲ့ဒါကြောင့်..."
ဤစကားများသည် ပါးပါးချင်နှင့်မားမားချင်တို့အား လီကျီချောင်ကို
အနီးကပ်ကြည့်မိသွားစေသည်။ တကယ်တော့ သူက လီကျစ်၊ ချင်ရန်တို့နှင့် နည်းနည်းတူသည်။
သို့သော် ချင်ရန် ထိုစကားကိုကြားသောအခါတွင် သူမ၏
မျက်လုံးများထဲ မျက်ရည်များစီးကျလာကာ သူမမျက် နှာသည် ပိုလို့ပင်ပူပန်လာခဲ့သည်။
ဤအတောအတွင်း လီကျီချောင်သည်အကြောင်းပြချက်တစ်ခုခုကြောင့်
ခေါင်းငုံ့ကာ အလွန်အမင်းအပြစ်ရှိပုံပေါ် သည်။
[ဘရာဗို! လုံးဝကိုအပြင်းစားရိုက်ချက်ပဲ။ လီကျစ် မွေး
စားချင်တဲ့ ကလေးသည် တကယ်တော့ သူ့သားပဲ။ ချင်ရန် မမွေးနိုင်သေးတော့ ဒါ အပြင်မှာတရားမ၀င်ရထားတဲ့
ကလေးလို့ ဆိုလိုတာမဟုတ်ဘူးလား ? အခုသူတို့ ချင်ရန်ကိုမွေးစားခိုင်းနေတယ်ပေါ့၊ ဘယ်လိုများ
ပြောရဲတာလဲ။ အံ့ဩပါ့၊ သူတို့မျက်နှာတွေက မြို့ရိုးထက်တောင်ပိုထူ သေးတယ်။]
ချင်မိသားစု- !!!!!
ဤစကားများသည် ချင်မိသားစုအား ရင်သပ်ရှုမောဖွယ် ဝရဇိန်တစ်ခုလိုရိုက်ခတ်သွားသည်။
ဆန့်ကျင်ဘက် ဆိုဖာပေါ်မှ လူများကို မယုံနိုင်စွာကြည့်လိုက်ကြသည်။
ချင်ရန်သည် ကျီဖေး ဒါကိုဘယ်လိုသိလဲဆိုတာ လုံးဝနားမလည်နိုင်ဘဲ
ကျီဖေးအားအံ့ဩသင့်စွာကြည့်နေခဲ့သည်။
[သူတို့က ချင်ရန်ကို ကလေးမွေးစားဖို့ပြောပြီး ကလေးရဲ့နောက်ကြောင်းဖုံးဖို့တောင်
ကူညီခိုင်းသေးတယ်၊ အမှန်တရားသာထွက်လာရင် ချင်မိသားစုတော့ ရှုပ်ထွေးကုန်တော့မှာပဲ။ သူတို့က
ချင်ရန်ကို မိသားစုနှစ်ဖက်စလုံးကို ဒုက္ခမဖြစ်အောင်လို့ပြောပြီး
တစ်စုံတစ်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် ကလေးမမွေးနိုင်တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်သင့်တယ်၊ပြီးတော့
သူတို့မိသားစုကို မျိုးဆက်မချန်ဘဲမသေနိုင်ဘူးဆိုပဲ၊ အမလေး နင်တို့ လီ မိသားစုက အမွေဆက်ခံဖို့
ဧကရာဇ်ပလ္လင်ရှိနေလို့လား။]
[ချင်ရန် တကယ်တုံ့ဆိုင်းသွားမှာပဲ၊ ဘုရား ဘုရား လီကျစ်က
သူမ လူသတ်မှု ဒါမှမဟုတ် မီးရှို့မှုကျူးလွန်နေတာကိုများ ဖမ်းမိခဲ့လို့လား ? ဒီလို အရှက်ရစေတာကို
သူ ဘယ်လိုများ သည်းခံနေနိုင်တာလဲ။]
ချင်မိသားစု ထိတ်လန့်တုန်လှုပ်သွားပြန်သည်။ ချင်ရန်ကိုကြည့်ရင်း
သူတို့မျက်လုံးတွေ ပေါက်ထွက်တော့မလိုပင်။
ချင်ရန်သည် လေထိုးထားသော မီးပုံးပျံနှင့်တူသည်။ အပေါက်ငယ်တစ်ခုပေါ်လာသည်နှင့်
သူမ၏မကျေနပ်ချက်များအားလုံး တစ်ပြိုင်နက်ထွက်ပေါ်လာပြီး သူမ မျက်နှာကိုဖုံးအုပ်ကာ မျက်ရည်များပေါက်ထွက်လုနီးပါး
ဖြစ်နေခဲ့သည်။
ချင်ရှန့်၏မျက်နှာသည် ဖြူဖျော့သွားကာ နောက်ဆုံး ကျီဖေး၏
"အရည်ရွှမ်းသောအတင်းအဖျင်း" ၏ဆိုလိုရင်းကိုနားလည်သွားသည်။
လီမိသားစုသည် ချင်မိသားစုဝင်များ အဘယ်ကြောင့် ဤမျှ
ရုတ်တရက်ပြောင်းလဲသွားသည်ကို လိုက်မမှီနိုင်ကြပေ။
ချင်ရှန့် အေးစက်စွာပြောလိုက်သည်။
"ဒါဆို ဒီကလေးကိုမွေးတဲ့မိဘတွေကရော ဘယ်သူတွေလဲ၊
သေချာစုံစမ်းပြီးပြီလား၊ မစုံစမ်းရသေးရင် ကျနော် စုံစမ်းလိုက်မယ်။ ကျနော်တို့မိသားစုဝင်ဖြစ်ဖို့၊
သူ့ရဲ့ နောက်ခံသမိုင်းကြောင်းက ရှင်းနေမှရမယ်။"
ဒါကိုကြားတော့ မားမားလီနဲ့ လီကျစ်တို့ မျက်နှာတွေ
ချက်ချင်းပြောင်းသွားသည်။
သူတို့ရဲ့တုံ့ပြန်မှုသည် ကျီဖေး၏စိတ်ထဲကစကားကို ကြားရစဉ်
ထိတ်လန့်တုန်လှုပ်ခဲ့ရသည့် ပါးပါးချင်နှင့် မားမားချင်တို့လိုပင်။
ကျီဖေး စိတ်ထဲတွေးနေတာက အမှန်ပဲကိုး။
သူတို့ အရမ်းဒေါသထွက်ပြီး တစ်စုံတစ်ယောက်ကိုရိုက်လုနီးပါးဖြစ်သွားရသည်။
"ဒီကလေးက ငါ့ကလေး" ဟု လီကျစ်သည် ချင်ရှန့်အကြောင်းသိဖြင့်
မငြင်းဆန်ဘဲ တိုက်ရိုက်ဝန်ခံခဲ့သည်။
လီကျစ် လုံးဝမရှက်ဘဲ ဝန်ခ့လာသည်ကို ပါးပါးချင်ကြားသော်၊
သူ စကျင်ကျောက်စားပွဲခုံပေါ် သူ့လက်ကိုရုတ်တ ရက် ဆောင့်ချလိုက်ရာ ထမင်းဗန်းကူညီချပေးသော
အိမ်ထိန်းအိုအား လန့်သွားစေသည်။
အမှန်မှာ ပါးပါးချင်အနားယူပြီးကတည်းက ဒေါသထွက်ခဲလှသည်။
အိမ်တော်ထိန်းသည် ဗန်းကိုချလိုက်ပြီး ပါးပါးချင်
တစ် စုံတစ်ယောက်အားရိုက်နှက်ရန် လက်နက်များယူလေမလားဟု စဉ်းစားခန်းဝင်နေရတော့သည်။
လီကျစ်မျက်နှာသည် ဖြူဖျော့သွားသော်လည်း "ဒီကလေးနဲ့
ပတ်သက်ပြီး ကျနော် ချင်ရန်အပေါ်မထောက်ဖြားခဲ့ဘူး၊ ကျနော့် ရည်းစားဟောင်းမှာ ကျနော်
မသိဘဲ ကလေးကျန်ရစ်ခဲ့တာ"
လီမားမား "ဟုတ်ပါတယ်၊ ခမည်းခမက် စိတ်မဆိုးပါနဲ့၊ ဒီကလေးဖြစ်တည်မှုအကြောင်းကို သိတာမကြာသေးပါဘူး။
လူတိုင်းလည်း ကျမတို့မိသားစုနှစ်ခုရဲ့အိမ်ထောင် ရေးက ဘယ်လိုဖြစ်လာလဲဆိုတာသိကြပါတယ်။
အခု ရန်ရန် ကိုယ်ဝန်မဆောင်နိုင်ဘူး၊ ကျမတို့ လီမိသားစုက မျိုးဆက်တော့ရှိရမယ်လေ၊ အဲ့တာနဲ့
ဒီကလေးကိုခေါ်မွေးဖို့စိတ်ကူးလိုက်တာပါ။"
မားမားချင် ချက်ချင်းဒေါသထွက်ပြီး "ဒါဆို ရှင့်သား
သူ့ရည်းစားဟောင်းနဲ့ရထားတဲ့ တရားမ၀င်ကလေးကို ပြုစုပျိုးထောင်ဖို့အခွင့်အရေးပေးတဲ့အတွက်
ကျမသမီးက ကျေးဇူးတင်သင့်တယ်လို့ ရှင် ပြောချင်တာလား ? ရှင် ဒါကို သေသေချာချာစဉ်းစားစဉ်းစားခဲ့တာပဲ!"
"အို ရှင်၊ ရှင် ဒီလိုတွေးမယ်ဆိုရင် ရန်ရန်လည်း
ကလေးမွေးဖို့ ဖိအားရှိတော့မှာ မဟုတ်ဘူး၊ ရယ်ဒီမိတ် သားတစ်ယောက်ရလိုက်သလိုပေါ့၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေ အကုန်ပြီးတာနဲ့ သူက ကလေးအရင်းနဲ့မခြားတော့ပါဘူး"
ဟု မားမားလီက ဆက်ပြောလာသည်။
မားမားချင် အရမ်းဒေါသထွက်ပြီး ဘာပြောရမှန်းပင်မသိတော့ချေ၊
စော်ကားလွန်းတယ်ဟုသာခံစားရသည်။
ဒီတော့ ဒါ သူ့သမီး သိမ်ငယ်စိတ်ကြောင့် သည်းခံလာရာကနေခုလို့ဖြစ်ရတာပဲ၊
သမီးအကြီးဆုံးကို သိမ်မွေ့အောင် ပြုစုပျိုးထောင်မိတဲ့အတွက် သူတို့ကိုယ်သူတို့ အပြစ်
ရမည်။ ယခုလိုအခြေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတဲ့ အတွက် အိမ်ပြန်လာချင်ခဲ့တာဖြစ်နိုင်သည်။
ဒါကိုတွေးပြီး မားမားချင် ကလေးအပေါ် ရက်စက်ရာကျမလား
ဂရုမစိုက်နိုင်တော့ဘဲ "ဒါဆို ငါတို့ ချင်မိသားစုဘက်ကတော့ ရှင်းရှင်းလေးပဲ ငါတို့
သဘောမတူဘူး"
ပါးပါးချင်သည်လည်း မားမားချင်၏ထုတ်ပြန်ချက်ကိုထောက်ခံကြောင်းပြသပြီး
တင်းမာသောမျက်နှာထားရှိသည်။
ချင်ရှန့် နှုတ်ဆိတ်နေပေမယ့် ခေါင်းလှည့်ကြည့်လိုက်ရာ
ကျီဖေး အေးအေးဆေးဆေး ထမင်းစားနေသည်ကိုမြင်လိုက်ရသည်။
သူ ဘာစကားမှမပြောနိုင်တော့ပေ။ သူ တကယ်ဗိုက်ဆာနေတာများလား
?
သို့သော် သူမ စူးစူးစိုက်စိုက်နားထောင်ရင်း မြိန်ရေရှက်
ရေစားသောက်နေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တ ရက် ဗိုက်ဆာလာသလိုခံစားလိုက်ရပြီး သူ့ အတွက်ထား
ထားတဲ့ ပန်းကန်လုံးနဲ့ တူချောင်းတွေကို ကောက်ယူလိုက်သည်။
အင်း၊ ဗိုက်အရင်ဖြည့်တာက အခြေအနေတွေကိုအေး အေးဆေးဆေးဖြေရှင်းဖို့
ကူညီပေးတယ်။
တစ်ဖက်က တင်းမာတဲ့လေထုကို လျစ်လျူရှုထားပြီး သူတို့နှစ်ယောက်
သတိမထားမိသလိုနေနေကြသည်။
မားမားလီ၏မျက်နှာ အနည်းငယ်နီသွားသည်။ လီကျစ် သည်
ယောက္ခမဖြစ်သူ၏ဖိအားပေးမှုကိုမုန်းတီးသော် လည်း စကားပြန်မပြောရဲပေ။ သူသည် အပျော့ဆုံးပစ်
မှတ်ကိုရွေးပြီး "ချင်ရန်၊ တစ်ခုခုပြောဦးလေ၊ အရင်က မင်း မကန့်ကွက်ခဲ့ဖူးမဟုတ်လား ?"
"ဟုတ်သားပဲ နင် ငါ့မြေးကိုမောင်းထုတ်တော့မလို့လား။"
မားမားလီသည်လည်း စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှု
စတင်ခဲ့သည်။
"တော်လောက်ပြီ!"
ပါးပါးချင် ဒေါသပေါက်ကွဲကာ "ချင်ရန်၊ မင်း ဘယ်လိုထင်လဲ
? စိတ်ချပါ မင်းဘာပဲဆုံးဖြတ် ဆုံးဖြတ် ငါတို့ မင်းနောက်မှာရှိမယ်။ မင်းကို ဘယ်သူမှအနိုင်ကျင့်လို့ မရဘူး!"
မားမားလီနှင့် လီကျစ်၏မျက်နှာများသည် ချက်ချင်းဆိုသလိုပိုမည်းမှောင်သွားသည်။
"ပါး၊ သမီး..."
ချင်ရန်ထိတ်လန့်သွားပြီး လီကျီချောင်ကို ငုံ့ကြည့်လိုက်သည်။
သူမ ကလေးအားနှစ်ရက်ကြာ ပြုစုစောင့်ရှောက်ခဲ့ပြီး
အလွန်လိမ္မာရေးခြားရှိကာ လီကျစ်သည် ကလေးအား
ချစ်ခင်ကြင်နာပုံမပြသော်လည်း သူမ စိတ်ထဲမှကလေးအတွက် စိတ်မသက်မသာခံစားနေရဆဲဖြစ်သည်။
တ ခြားကလေးဆိုရင် မွေးစားအမေလုပ်နိုင်မယ်လို့ထင်ပေမယ့် ဒီကလေးက...
လီကျီချောင်၊ ချောင်ချောင်... ချောင်မုန့် အဲဒီအမျိုးသမီးရဲ့နာမည်
"ချင်ရန်!"
လီကျစ်၏လေသံမှာ ခြိမ်းခြောက်နေလေသည်။
ချင်ရန် ပိုလို့ပင် ထိတ်လန့်သွားပြီး "သမီး
တကယ်မသိဘူး၊ မား၊ ပါး မားတို့ ဘယ်လိုထင်လဲ ? "
ပါးပါးချင်နှင့် မားမားချင် စိတ်ပျက်သွားပုံရသည်။
အရင်က ချင်ရန်သည် စိတ်ပြတ်သားသော်လည်း အိမ် ထောင်ကျပြီးနောက်ပိုင်း သူမ ဘယ်လိုလုပ်ပျော့ညံ့ပြီး
မပြတ်မသား ဖြစ်လာခဲ့ရတာလဲ ??
ချင်ရှန့်သည် သူ့ကျဲအတွက် ဆုံးဖြတ်ချက်ချပေးရန် သက်ပြင်းချကာ တူချောင်းများကိုချလိုက်သည်။ ဒီကလေးကို
ဒီမှာ လုံးဝကြီးပြင်းခိုင်းလို့မရဘူး။
ထိုအချိန်မှာပဲ ကျီဖေး၏အတွင်းစိတ်က အသံကို သူကြားလိုက်ရသည်။
[သောက်ပဲ! ဘာကို မသိဘူးလုပ်နေတာလဲ ? သူတို့က ဖြင့်
ခေါင်းပေါ်တတ်နေပြီလေ အဲ့တာကို တုံ့ဆိုင်းနေတုန်းလား ? ဒီလိုအခြေအနေမှ မကွာရှင်းဘူးဆိုရင်
နှစ်သစ်မှာ တကယ်ပဲ ဘာကိုစောင့်မလို့လဲ ?]