Ch 9
Viewers 568

 Chapter 9

 

 

ချင်မိသားစုသုံးယောက်သည် ၎င်းတို့၏အရေးကြီး သော စွမ်းအင်လမ်းကြောင်းများ ရုတ်တရက်ပိတ်ဆို့ခံလိုက်ရသကဲ့သို့ တစ်ပြိုင်နက်တုန်လှုပ်သွားကြသည်။

 

သို့သော် ချင်ရန်၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။

 

ကလေးမွေးစားခြင်းမျာ အဆိုးဆုံးမဟုတ်‌သော်လည်း ကွာရှင်းပြတ်စဲဖို့ထိ မမျှော်လင့်ထားပေ။ သူမ၏ကနဦး တုံ့ပြန်မှုသည် ထိုအတွေးအားငြင်းပယ်ခြင်းပင်။

 

ချင်မိသားစုသည် ချင်ရန်ကွာရှင်းမည်မဟုတ်ဆိုသည်ကို သိကြသည်။ ချင်ရန်သည် နူးညံ့သော်လည်း ခေါင်းမာသဖြင့် ပြောစကားနားထောင်မည်မဟုတ်ပေ။ မဟုတ်ပါက၊ လီကျစ်သည် ချင်ရန်အပေါ်သဘောထားမတိုက်ဆိုင် သည်နှင့် နေ့စဉ်နေ့တိုင်း ကွာရှင်းပြတ်စဲရန် အကြိမ်တစ်ရာလောက်ပြုခဲ့ပေလိမ့်မည်။

 

သို့သော် ကျီဖေး မှတ်ချက်ပေးပြီးနောက်မှာတော့ ချင်မိသားစုသည် တုန်လှုပ်မချောက်ချားဘဲမနေနိုင်ခဲ့ချေ။

 

ကွာရှင်းဖို့ အကြံပေးချင်ကြသဖြင့် သုံးယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။

 

ချင်ရှန့်က "အခု ကလေးပေါ်လာတော့ ဟိုတုန်းကဖြစ်ခဲ့တာ အမှားတစ်ခုဆိုတာကိုသက်သေပြလိုက်တာပဲ၊ ငါတော့ ကွာရှင်းဖို့အကြံပေးချင်တယ်"

 

မားမားလီနှင့် လီကျစ်တို့သည် ချင်ရှန့်အား တုန်လှုပ်ခြောက်ခြားသောအမူအရာဖြင့် ကြည့်လာကြသည်။ တရားမ၀င်ကလေးမရှိသော ချမ်းသာသည့်မိသားစုများဖြစ်ရာ ၎င်းတို့ ခဏတာမျှမတုံ့ပြန်နိုင်ခဲ့ကြပေ။

 

ထို့နောက် သူတို့သည် ချင်ရန်၏မိဘများကိုကြည့်ကာ ထိုစိတ်ကူးကို ကန့်ကွက်ပုံမပေါ်ကြောင်းတွေ့ရှိခဲ့သည်။

 

သို့သော် ယခုအခိုက်အတန့်တွင် ချင်ရန်သည် စိတ်ပျက်လက်ပျက်ဖြင့် "အဲဒါ လီကျစ်အမှားလို့ မယူဆပါဘူး”

 

ချင်မိသားစုသုံးယောက် ချင်ရန်အားဒေါသတကြီးကြည့်လိုက်ကြသည်။

 

ကျီဖေးသည် စားလက်စအစားအသောက်များကို ထွေးထုတ်လုမတတ် ဖြစ်သွားရသည်။

 

ချင်ရန် သူ့မိသားစုကိုနှိမ့်ချပြီး ခေါင်းငုံ့ထားတယ်ဆိုတာ သိသည်။ ဒီကိုယ်ဟန်အနေအထားသည် သူမဘေးနားရှီ လီကျီချောင်နှင့် သိသိသာသာဆင်တူနေသည်။

 

လီကျစ် ချက်ချင်းဆိုသလို လှောင်ပြောင်လိုက်သည်။

 

"တကယ်ပဲ၊ ဘယ်သူက ဘယ်သူ့ကိုအပြစ်ပြုမိလဲဆိုတာ ကို ကျနော်တို့ငြင်းခုန်နေမယ်ဆိုရင် ဘယ်ကနေစရမှန်း တောင် မသိတော့ဘူး"

 

တိုးတိုးပြောလိုက်သော်လည်း ထိုစကားကို လူတိုင်းကြားနိုင်သည်။ တခဏချင်းမှာပင် ချင်မိသားစုဝင်များအ သက်ရှုကြပ်လာပြီး အထူးသဖြင့် ချင်ရန်၏မျက်နှာသည် ပြာဝေသွားသည်။ ကလေးမွေးစားသည့်ကိစ္စအကြောင်း သူ ဆက်မပြောချင်တော့ပေ။ တစ်စုံတစ်ယောက်မှ သူ့အား လည်ချောင်းကိုဖမ်းဆွဲထားသလိုပင်။

 

ကျီဖေး အတင်းအဖျင်းအနံ့ရလိုက်သည်။

 

[ဘာပဲဖြစ်ဖြစ် သူက ချင်မိသားစုရဲ့အကြီးဆုံးသမီးလေ၊ အိမ်ထောင်ကျသွားဆိုပေမယ့်လည်း သူဘာလို့ ဒီလောက်စိတ်ဆင်းရဲစရာကောင်းတဲ့ ဘဝမျိုးကိုဖြတ်သန်းနေရတာလဲ ? ပြီးတော့ ဒီလီကျစ်က တရားမ၀င်ကလေးခေါ်တာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဖြောင့်မတ်သယောင်  လုပ်နေနိုင်ရတာလဲ ? စုံစမ်းကြည့်ဦးမှပဲ ]

 

ချင်ရှန့်သည် သူ့အစ်မ၏ အနာဟောင်းကိုမဆွမိအောင် ကျီဖေး၏အတွေးကို နှောက်ယှက်ချင်သော်လည်း နောက်ကျသွားလေသည်။

 

[ဒါ့ကြောင့်ကိုး ချင်ရန်နဲ့ လီကျစ်တို့က တက္ကသိုလ်မှာ စီနီယာနဲ့ ဂျူနီယာပဲ၊ လီကျစ်က ချောင်မုန့်နှင့် လမ်းခွဲလိုက်ပြီးတော့ တက္ကသိုလ်ပွဲတစ်ခုမှာ အသဲကွဲပြီးအရက်ထဲနစ်နေခဲ့တာ အဲ့မှာ ချင်ရန်က သူ့ကိုပြုစုစောင့်ရှောက်ပေးခဲ့တယ်၊ အဲ့နောက်တော့... နင် သိပါတယ်၊ ဟမ် ? ဒီဇာတ် ကွက်ကို ဘာကြောင့် ရင်းနှီးတယ်လို့ခံစားနေရတာလဲ။]

 

ချင်ရှန့် ရှက်ရွံ့စွာမျက်နှာလွှဲလိုက်ချင်သည်။ မင်း လုပ်ခဲ့တာလေ ? အခုတော့ လုံးဝမေ့သွားပြီပေါ့ ?

 

[အဲ့တာနဲ့ နောက်တစ်နေ့ကျ ချောင်မုန့် သူ့ကိုလိုက်ရှာတော့ နှစ်ယောက်အတူရှိနေတာကိုတွေ့သွားရော၊ အဲ့ဒါနဲ့ သူ အသည်းကွဲပြီး အဝေးထွက်သွားခဲ့တယ်။ လီကျစ် သတိရလာတော့ သူ့ကိုစွဲလမ်းနေတဲ့ ချင်ရန်က သူအသိ စိတ်မရှိတာကို အခွင့်ကောင်းယူပြီး ချောင်မုန့်နဲ့ သူတို့ချစ်ခြင်းကိုခွဲတယ်ဆိုပြီး ဒေါသဖြစ်ခဲ့သေးတယ်]

 

[သိပ်မကြာခင်မ၊ ချင်ရန်မှာကိုယ်ဝန်ရှိလာတော့ ချင်မိသားစုက သူ့ရည်ရွယ်ချက်တွေကိုမေးဖို့ လီကျစ်ကို ချဉ်းကပ်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ဘူး။ အဲ့တော့မှ လီကျစ်က ချင်ရန်နဲ့လက်ထပ်ခဲ့တာ။ ဒီတော့ ချင်ရန်က လီကျစ်အပေါ်အမှားလုပ်မိတယ်ဆိုပြီး အပြစ်ရှိသလိုခံစားနေရတာလား ? အဲ့နောက် သူတို့ကလေးဆုံးရှုံးသွားတော့ ချင်ရန်က လီကျစ်လွတ်လပ်သွားအောင် ကွာရှင်းဖို့စဉ်း စားခဲ့ပေမယ့် လီကျစ်က ကလေးမရတာကြောင့်ကွာရှင်းတဲ့ လူယုတ်မာလို့ မမြင်စေချင်ဘူးပြောပြီး ကွာရှင်းဖို့ ငြင်းခဲ့တယ်၊ ပြီးတော့ အားလုံး ချင်ရန့်အမှားဖြစ်လို့ ချင်ရန်ဘက်က ကွာရှင်းခွင့်မရှိဘူးလို့တောင် သူက ပြောခဲ့သေးတယ်ပေါ့။]

 

ကျီဖေး၏ပြန်လည်ပြောပြနေမှုကြောင့် ချင်မိသားစုဝင်များအားလုံးတိတ်ဆိတ်သွားကြသည်။

 

၎င်းတို့၏တိတ်ဆိတ်ခြင်းကိုကြည့်ပြီး မားမားလီနှင့် လီကျစ်သည် ပိုလို့ပင်ရဲရင့်လာခဲ့သည်။ သူက ချင်ရန်အား

 

"သေချာစဉ်းစားကြည့်စမ်းပါ!"

 

သူ ချင်ရန်အား လွတ်လပ်စွာရွေးချယ်ခွင့်ပေးလိုက်သလိုပင်၊ သို့သော် ချင်ရန်အား နှုတ်ထွက်ခိုင်းသလိုပင်။ သူမ စကားပြောခါနီး စားပွဲဝိုင်းမှ ရွဲ့စောင်းသောအသံကို ကြားလိုက်ရသည်။

 

[ဒီစောက်၊ ဒီကောင်က တခြားသူတွေကိုနှိမ့်ချတတ်တဲ့ အကောင်ပဲ၊ အရှက်မရှိသူတွေ အများကြီးတွေ့ဖူးပေမယ့် ဒီလိုအရှက်မရှိတဲ့ သူမျိုးကိုတော့ ဒါ ပထမဆုံးတွေ့ဖူးတာပဲ]

 

ယခုတစ်ကြိမ်တွင် ချင်မိသားစုသည် ၎င်းတို့၏နာကြည်း မှုအား မကျေမချမါးဖြစ်သည်ဟုမခံစားရပေ။ လီမိသား စုကိုကူညီပေးနေသဖြင့် ချင်မိသားစုသည် Sugar Daddy ကဲ့သို့ခံစားခဲ့ရသော်လည်း စိတ်လိုလက်ရကမ်း လှမ်းထားသဖြင့် အရှက်မရှိဟုမဆိုနိုင်ပေ။ အိမ်ထောင် ကျပြီးသည်နှင့် တစ်မိသားစုတည်းဖြစ်သွားခဲ့သည်။

 

သို့သော် ၎င်းတို့မိသားစုအတွက် ကျီဖေး၏ပံ့ပိုးမှုသည် သူတို့၏နှလုံးသားကိုနွေးထွေးစေသည်။

 

သို့သော်ကျီဖေး လီကျစ်အား ကဲ့ရဲ့သည်ကိုကြားတော့ ချင်ရန်အနည်းငယ် စိတ်မသက်မသာခံစားခဲ့ရသည်။ သူမ အလိုလိုချေပချင်သော်လည်း ကျီဖေး၏ဝေဖန်မှုမှာ မရပ်တန့်သွားဘဲ ဆက်ပြောနေခဲ့သည်။

 

[မူးတယ်ဆိုတာ အကြောင်းပြချက်ပဲ၊ ယောက်ျားဆိုတာ သတိမရှိရင် သူထနိုင်မှာမဟုတ်ဘူး။ ဘာမှတ်ဉာဏ်ပျောက်တာလဲ အလကား လိမ်တာ၊ တကယ်တော့၊ မသိ စိတ်က အဲဒီအချိန်မှာ ဘယ်သူလဲဆိုတာ သူ သိတယ်၊ ချုပ်တည်းမှုလျော့ရဲသွားရုံနဲ့ သူတို့ကိုယ် သူတို့လိုက် လျောညီထွေဖြစ်အောင် တခြားတစ်ယောက်ကိုအစား ထိုးတစ်ခုလိုသုံးချင်ကြတာ၊ အမူးပြေပြီး ဝန်မခံချင်တော့ တခြားသူကိုအပြစ်လိုက်ဖို့နေတာ]

 

[ချင်ရှန့်က အလိမ်ခံရတာကို အတွေ့အကြုံမရှိဘူးလား ? သူ့အစ်မအခြေအနေကို ဘယ်လိုနှိုင်းယှဉ်ရလဲ သူ မသိဘူးလား ? ဒါမှမဟုတ် အဲ့ညက အမှန်တရားကို သူ မသိ သေးတာများလား ?]

 

ချင်ရှန့် : ? ခဏလေး မင်း တစ်ခုခုကို ထုတ်ဖော်နေတာလား ???

 

ချင်ပါးပါးနဲ့ ချင်မားမား- !!!! မကြားသင့်တာတွေ ကြားမိသွားတာများလား ?

 

သို့သော် ချင်ရန် အံ့အားသင့်သွားကာ သူမ မျက်နှာသည်  စက္ကူကဲ့သို့ဖျော့တော့သွားသည်။

 

ဒါ သူမဘဝရဲ့အကြီးမားဆုံးအမှားပင်။ ထိုအချိန် အရက် မူးနေခဲ့သောလီကျစ် သူမအားဖက်လာသဖြင့် သူမ ရင်တထိတ်ထိတ်နျင့် ရုန်းကန်လိုက်သော်လည်း လီကျစ်က

 

"ငါ မင်းကို ခဏလောက်ဖက်ထားချင်တယ်၊ ငါ အရမ်းဝမ်းနည်းနေလို့"

 

ထိုနူးညံ့သောစကားများသည် ချင်ရန်၏နှလုံးသားကို ပျော့ပျောင်းစေကာ သူနှင့်အတူလိုက်သွားခဲ့သည်။

 

လီကျစ် မျက်လုံးဖွင့်ပြီး သူမကိုကြည့်ကာ သူမနှင့်အတူရှိချင်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။

 

လီကျစ် နိုးလာပြီးနောက် သူမဘက်က အစပြုခဲ့ခြင်းရှိ၊ မရှိမေးခွန်းထုတ်ကာ သူ့ထံ အသိစိတ်လုံးဝမရှိဟုဆိုပြီး  ချင်ရန်သည် သူ့အား အရှက်မရှိဖြားယောင်းသွေးဆောင် ခဲ့သော စက်ဆုပ်ရွံရှာဖွယ်ကောင်းသူဖြစ်ကြောင်း‌ပြောခဲ့သည်။

 

ထိုသို့သော ကိုယ်ရေးကိုယ်တာကိစ္စများကို သေချာစွာ အသေးစိတ်မဆွေးနွေးထားသဖြင့် အမှန်တရားနှင့် မုသာဝါဒအား ခွဲခြားရန်နည်းလမ်းမရှိခဲ့ချေ။

 

ဒါဆို အားလုံးလိမ်ခဲ့တာလား ? အဲဒီညက လီကျစ်က အစပြုသူပေါ့ ??

 

[ချင်ရန်က ချောင်မုန့်နဲ့ သူတို့ အချစ်ကိုဖျက်ဆီးခဲ့တယ်လို့ပြောတယ်၊ ကလေးကိုချည်နှောင်ဖို့ သူ အသုံးပြုခဲ့တာလား ? ငါလရယါရလွနါးလို့ ခေါင်းပုတ်တော့မှာပဲ၊ အဲ့အချိန်ကထိပ်တန်းဆေးရုံရဲ့ အလုပ်သင်အခွင့်အလမ်းကို သူ မယှဉ်နိုင်တာကြောင့် သူ့ အနာဂတ်အလားအလာ တွေထိခိုက်သွားတော့မှ အချို့ဟာတွေက အဆက်အ သွယ်နဲ့နောက်ခံကို မှီခိုရမှန်း သူ သဘောပေါက်သွားတာ သူ့အမေ အဆက်မပြတ်ငြီးတွားတာကြောင့် ကောင်း ကျိုး၊ဆိုးကျိုး ချိန်ဆပြီး ချောင်မုန့်နောက်မလိုက်ဘဲ ချင်ရန်ကိုလက်ထပ်ဖို့ရွေးခဲ့တာမဟုတ်ဘူးလား ? သူက ကိတ်မုန့်လည်းရသွားသလို စားလည်းစားပြီးနေပြီ။ ချင်မိသားစုက သူ့ကိုခြိမ်းခြောက်ခဲ့လို့လား ? ချင်ရန်က သူ့ကိုကိုယ်ကျင့်တရား ပျက်ပြားစေခဲ့လို့လား ? မဟုတ်ဘူး လေ၊ ဟုတ်တယ် ဟုတ် ?]

 

ချင်မိသားစု- ဟုတ်တယ် မဟုတ်ဘူး !!

 

အဆုံးတွင် ၎င်းတို့၏သမီးမှဆန္ဒရှိခဲ့ပြီး သူမကိုယ်တိုင် အမှားများ၏ အကျိုးဆက်များကို ခံနိုင်ရည်ရှိခဲ့သည်။

 

ဟိုတုန်းက လီကျစ်သာ ငြင်းပယ်သည့်စကားတစ်ခွန်းပြောခဲ့မယ်ဆိုရင် ကလေးကိုခေါ်ပြီး ထွက်သွားမည်ပင်။

 

သို့သော် လီကျစ်ဘက်မှ လက်ထပ်ဖို့သဘောတူခဲ့ပြီး သူ့မှာတာဝန်ရှိတယ်ဟု သူတို့ထင်ခဲ့ကြသည်။ နောက်ပိုင်း ချင်ရန်အပေါ် အမြဲအေးစက်နေမယ်ဆိုတာ ဘယ်သူကသိမှာလဲ ? ထို့ကြောင့် သူသည် ချင်ရန်နှင့် ချင်မိသားစုအ ပေါ်အမြဲအပြစ်တင်နေခဲ့သည်။

 

ယခုမူ ကျီဖေး၏စကားအရ လီကျစ်သည် ချင်ရန်အား သူ့ကိုယ်ပိုင်အကျိုးအတွက် သက်သက်လက်ထပ်ချင်ခဲ့သည်။

 

ထိုအခိုက် ချင်ရန် အလွန်တုန်လှုပ်သွားပြီး လီကျစ်ကိုမယုံကြည်နိုင်စွာ စိုက်ကြည့်နေလေသည်။

 

လီကျစ်သည် သူ့ကိုယ်သူမွန်မြတ်ပြီး ရည်မှန်းချက်ကြီးသူ၊ အမှန်တကယ် စွမ်းဆောင်နိုင်ကာ ထူးချွန်သူအဖြစ် အမြဲပြသခဲ့ပြီး မိသားစု၏အကူအညီကို အထင်အမြင်သေးကာ သူ့ကိုယ်သူအားကိုးနိုင်သည်ဟု ထင်မြင်လာခဲ့ သည်။ ဒါဟာ သူမရဲ့အထင်အမြင်ကို လုံးဝပြောင်းပြန်လှန်လိုက်ခြင်းတင်မက ကျီဖေးဘက်မှ မသမာသည့် ကောက်ချက်များချနေသည်ဟု ခံစားသွားရသည်အထိပင်။

 

သို့သော် ကျီဖေး၏ဝေဖန်မှုများမှာ ရပ်တန့်ခြင်းအလျင်းမရှိဘဲ ဆက်ရှိနေခဲ့သည်။