Chapter 10
[ချင်မိသားစုက ဒီလိုကိစ္စတွေကို ဘယ်လိုစောင့်ကြည့်ရမယ်ဆိုတာကို
မသိတဲ့ပုံပဲ။ ချမ်းသာတဲ့မိသားစုတွေက ပိုလိမ္မာပါးနပ်သင့်တာ မဟုတ်ဘူးလား ? သူတို့အားလုံး
ုီလောက် နုံအတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? နောက်မှပေါက်တဲ့ရွှေကြာဆီကို သူတို့ကို ခြယ်လှယ်ခွင့်ပြုပေးထားတာများလား
?]
ချင်မိသားစု - ဝါး၊ ငါတို့ ဝေဖန်ခံနေရတာပဲ။
[ချင်ရှန့်ကို အရမ်းစိတ်ပျက်မိတယ်၊ CEO တစ်ယောက်က
စိတ်ထဲကြိုတွေးထားရမှာမဟုတ်ဘူးလား ? သူ အရင်က ကြိုမြင်တတ်ပါတယ်။]
ချင်ရှန့်: ... ဒီနက်နဲတဲ့ အတွေးတွေကို သူ ဘယ်လိုလုပ်စုံစမ်းနိုင်မှာလဲ
? ကျီဖေးသာလျှင် သူမ၏စနစ်ဖြင့် ၎င်းတို့အားဖော်ထုတ်နိုင်ခဲ့ခြင်းပင်။
လီကျစ်အား သိပ်မကောင်းဘူးဟု အမြဲခံစားခဲ့ရသော် လည်း
အစ်မဖြစ်သူမှ သူ့အားသဘောကျသည်။ ၎င်းတို့နှစ်ယောက်သည် ချစ်နေကြသည့်စုံတွဲမဟုတ်သော် လည်း
လီကျစ်သည် ယနေ့အဖြစ်အပျက်ကလွဲပြီး သူ့ကျဲအား နှိပ်စက်ညှဉ်းပန်းမှုမျိုး ဘာမှမလုပ်ခဲ့ချေ။
အများအားဖြင့် အကြံပေးစကားအနည်းငယ်ပြောလေ့ရှိပြီး ညီအစ်ကိုမောင်နှမများ၏ဘဝအား ဘယ်သောအခါမှ
ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ ဒါပေမယ့် အောက်မှာမြေမြှုပ်မိုင်းတွေ အများကြီးမြှုပ်ထားမယ်လို့
ဘယ်သူကထင်မှာလဲ ?
ကျီဖေးသည် ဒရာမာအားထုတ်ဖော်ပြောဆိုခြင်းအား ကျေနပ်ခဲ့ပြီး
သူမ အစာစားချင်စိတ်ပျောက်ဆုံးသွားသဖြင့် နောက်ဆုံးတွင် သူမ ပန်းကန်နှင့်တူချောင်းများကို
ချလိုက်သည်။
[ဒါ တကယ် ဒေါသထွက်ဖို့ကောင်းလိုက်တာ။ ငါ့ တစ်ခါလောက်
'ပါးပါးနပ်နပ်ပြောလိုက်ချင်တယ်။ ငါ ဖော်ထုတ်ထားတဲ့ လျှို့ဝှက်ချက်တွေကို တိုက်ရိုက်မဖော်ပြနိုင်ပေမယ့်
ငါ မဖုံးထားနိုင်ဘူး။ ငါ နဲနဲဖြစ်ဖြစ်အစဖော်မှရမယ်၊ ငါ ဘယ်လိုဖျက်စီးဖို့ နည်းလမ်းရှာမလဲဆိုတာ စောင့်ကြည့်လိုက်]
ချင်ရှန့်သည် အတွေးပျောက်နေသော 'ပြဿနာအိုး' ကိုကြည့်ကာ
ပါးစပ်အနည်းငယ်လှုပ်ယမ်းသွားရသည်။
မေ့လိုက်တော့၊ သူကိုယ်တိုင် ကိုင်တွယ်တာပိုကောင်းပါတယ်။
ချင်ရှန့်က "ကျဲ၊ ကျနော်တို့ မိသားစုရဲ့ရပ်တည်ချက်က မပြောင်းလဲဘူး။ ကျဲ ကွာရှင်းဖို့မျှော်လင့်တယ်။
ကျဲ မလုပ်ဘူးဆိုရင် ကျနော်တို့ကတော့ ဒီအရှက်ရမျုကိုသည်းမခံဘူး။ အနာဂတ်မှာ လီမိသားစုနဲ့
အဆက်အသွယ်ဖြတ်ဖို့လုပ်မှာပဲ"
လီကျစ်သည် အမှန်တကယ် အာဏာနှင့် အဆင့်အတန်းအားကျော်လွန်ခြင်း
ရှိ၊ မရှိ သိရန် ချင်ရှန့်သည် ထောင် ချောက်ချလိုက်ကြောင်း ချင်မိသားစု လျင်မြန်စွာရိပ်မိသွားသည်။
ချင်ရှန့်သည် ကျီဖေး၏စကားအားအပြည့်အဝယုံကြည်သော်လည်း
အခြားသူများမှာ သံသယရှိဆဲဖြစ်သော် လည်း လီကျစ်၏ မူလရည်ရွယ်ချက်အား ယခုအတည် ပြုရန်မဖြစ်နိုင်သေးပေ။
ဒါကလည်း ကျီဖေးအပေါ် လူတိုင်းအမြင်ကိုထောက်ပြကာသက်သေပြရန် ချင်ရှန့်ကူညီပေးသည့်နည်းလမ်းတစ်ခုပင်။
သူ့ကျဲအား ရှင်းရှင်းလင်းလင်းမြင်အောင်ကူညီပေးလိုက်သည်။
"ဘာကို ဆိုလိုတာလဲ?!"
လီမားမားသည် ချက်ချင်းစိုးရိမ်ပူပန်လာပြီး ပါးပါးချင်နှင့်
မားမားချင်တို့ဆီ လျင်မြန်စွာကြည့်လိုက်သည်။
ပါးပါးချင်က "အခု ကျနော်တို့ ချင်မိသားစုကို
ချင်ရှန့်ကတာဝန်ယူနေပြီ၊ အဲ့တော့ သူ ဆုံးဖြတ်တဲ့အတိုင်းပါပဲ"
လီကျစ်၏အမူအရာသည် အကြိမ်ပေါင်းများစွာပြောင်း လဲသွားခဲ့ပြီး
သူ့မျက်နှာသည်စော်ကားခံရသကဲ့သို့ ဒေါသအရှက်များ ပြည့်နှက်လာသည်။ ယင်းကြောင့် ကျီဖေး၏ထင်မြင်ချက်သည်
မှားနိုင်သည်ဟု ချင်မိသားစုဝင်များအားထင်မြင်စေခဲ့သည်။ သို့သော် မကြာခင်မှာပင် လူတိုင်း
တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် လီကျစ် စကားမပြောလာချေ။
မားမားလီ တစ်ယောက်သာ အလွန်စိုးရိမ်ပူပန်နေပြီး ချင်ရန်အား
"မင်း တိတိပြောတာကို ကြားလား ? သူ နင့်ကို မိသားစုဝင်လို လုံးဝဆက်ဆံတာမဟုတ်ဘူး၊
ငါတို့မိသားစုကို အဆုံးသတ်ရောက်အောင်တွန်းပို့နေတာပဲ။ နင် အရမ်းတော်ရင် နင်ကိုယ်တိုင်
ဘာလို့ကလေးမမွေးရတာလဲ၊ အဲ့တာဆို ငါတို့ အခုလိုအခြေအနေမျိုးဖြစ်နေမှာ မဟုတ်ဘူး။"
ထိုစကားများသည် ရိုင်းစိုင်းသည်။ မားမားချင်သည် ချက်ချင်းဆိုသလို
မျက်နှာမျောင်မည်းသွားပြီး သမီးဖြစ်သူအား သူ့နံဘေးသို့ပြန်ဆွဲလိုက်သည်။
"အခု ရှင့်သားကို မယားသစ်ရှာဖို့ပြောနေတာ။ သူလိုချင်သလောက်
သားသမီးရနိုင်တယ်၊ ဘယ်သူမှ တားမှာ မဟုတ်ဘူး။ သူ လိုချင်ရင် ဒီကလေးမွေးတဲ့အမေကိုတောင်ရနိုင်သေးတယ်။
ဘာကိစ္စလဲ ? ကျမ သမီးကို ကွာရှင်းခိုင်းဖို့ အဲ့လောက်ထိဆန္ဒမရှိတာလား ?"
မားမားလီ သူ့သားအားအမြန်ဆွဲလိုက်သည်။ လီကျစ် သည်
ချင်ရှန့်အား မျက်မှောင်ကြုတ်ကာ စကားစရန် လှမ်းကြည့်လိုက်သည်။
ချင်ရှန့်က လှောင်ပြောင်ပြီး "မင်းရဲ့ဂုဏ်သိက္ခာအတွက်
စိတ်ပူနေရင် စိတ်ချ၊ မင်း တကယ်ကွာရှင်းရင် ငါတို့မိသားစုက တရားမဝင်ကလေးတစ်ယောက်ကို
လက်မခံနိုင်လို့ ငါတို့ ကျဲကိုဖိအားပေးပြီးကွာရှင်းခိုင်းတယ်လို့ပြောပေးမယ်၊ မင်း လုံးဝထိခိုက်မှာမဟုတ်ဘူး။
ငါတို့မိသားစုက မင်းတို့ လီမိသားစုကိုနှစ်တော်တော်ကြာအောင် ကူညီပေးခဲ့တာ။ ငါတို့ကျဲ
မင်းအပေါ်ဘာအကြွေး မှတင်မနေဘူး။"
စာတစ်ကြောင်းတည်းဖြင့် သူသည် မှားယွင်းသောအ ကြောင်းပြချက်အားလုံးကိုပိတ်ဆို့ခဲ့သည်။
လီကျစ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
[ဝိုး၊ ဝိုး၊ ဝိုး! တစ်ချက်တည်းနဲ့ သေတာပဲ! ချင်မိသားစုက
နောက်ဆုံးနောက် မတ်တပ်ရပ်လာခဲ့ပြီ၊ ကြည့်ရတာ ငါရှေ့ထွက်စရာမလိုဘူးပဲ]
ကျီဖေး၏တတ်ကြွသောအသံကို ကြားလိုက်ရသည်နှင့် ချင်ရှန့်၏ပါးစပ်ထောင့်များ
ဖြည်းညှင်းစွာကော့တက်သွားရသည်။
ချင်မိသားစုသည် အပြစ်မဲ့ကလေးငယ်အား အိုးမဲ့အိမ်မဲ့ဖြစ်ရန်မလိုလားသော်လည်း
၎င်းတို့၏အဖိုးတန်သမီးလေး နေ့ရက်တိုင်းဝမ်းနည်းနေရမည်ကို သည်းမခံနိုင်ကြပေ။ အေးစက်တဲ့
ယောင်္ကျားတစ်ယောက်နဲ့ လုံလောက်ပြီဖြစ်သည်။ အခု ချင်ရန် ဘာဖြစ်နေလဲကြည့်၊ ကလေးတစ်ယောက်ထည့်လိုက်ပါက
အရာအားလုံးသည်းခံထားရသည့်အတွက် ကျန်းမာရေးဆိုင်ရာပြဿနာတွေရှိလာမည်မှာသေချာသည်။
ထို့ကြောင့် လမ်းခွဲခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
လီကျစ်၏မျက်လုံးများမှတဆင့် ရက်စက်ယုတ်မာမှုတစ်ဖျပ်ဖျပ်ဖြတ်သွားကာ
သူ့လေသံထဲခြိမ်းခြောက်မှုအရိပ် အမြွက်ပြလိုက်သည်။
"ချင်ရန်၊ မင်း မိသားစုက ဒီလိုပြောတဲ့အတွက်
ငါက တော့ မင်း သဘောအတိုင်းပဲ"
ယခင်က လီကျစ် နည်းနည်းလေးမကျေမနပ်ဖြစ်သည် နှင့်ချင်ရန်
သူ ကျေနပ်အောင်ချက်ချင်းကြိုးစားသည်။
ယခုအချိန်တွင် သူမသည် လီကျစ်၏ဂုဏ်သိက္ခာနှင့် လီမိသားစု၏အကျိုးစီးပွားကိုထိန်းသိမ်းရန်
ချင်မိသားစုထံအသနားခံနေသင့်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်ယန်တိတ်ဆိတ်နေခဲ့သည်။
ကျီဖေးပေးခဲ့တဲ့သည့် တုန်လှုပ်ချောက်ချားမှုမှနေ သူမ စိတ်သက်သာရာမရသေးးပေ။
လီကျစ်၏အမူအရာသည် ခဏတာမျှတုန်လှုပ်သွားခဲ့သည်။
မားမားလီက ချက်ချင်းဆိုသလို "ဟင့်အင်း၊ ကွာရှင်းလို့မရဘူး၊ ရန်ရန် မင်း
ကလေးမရနိုင်တော့ဘူး၊ ဘယ်သူက မင်းကို လိုချင်မှာလဲ!"
"ဟမ့်! ငါတို့ ချင်မိသားစုရဲ့အကြီးဆုံးသမီး၊
သူ့ကို လက် ထပ်ချင်တဲ့သူတွေမှ အများကြီးရှိတယ်!"
ပါးပါးချင် အေးစက်စက်ပြောလိုက်သည်။
"ဒါပေမယ့်... သူ ကလေးမရနိုင်ဘူးလေ... တခြားမိသား
စုတွေက သူ့ကိုနှိမ့်ချကြမှာသေချာတယ်။ သူ့ကို လက် ထပ်တာ ခဏတာပဲစိတ်ရင်းနဲ့ဖြစ်လိမ့်မယ်။"
"ဒါဆို သူ လက်ထပ်မှာမဟုတ်ဘူး၊ ငါတို့ သူ့ကို
ချင်မိသားစုမှာပဲထားလိုက်မယ်။ တကယ်လို့ သူ ကလေးလိုချင်ရင် ငါတို့ မိဘမဲ့ကလေးကို မွေးစားလို့ရတယ်။
ကျမ သမီးလေးပျော်နေသရွေ့ ကိစ္စမရှိဘူး"
[ငါ့ကိုမေးလို့ကတော့ ကလေးမမွေးနိုင်တာအပြစ်လား ?
လီကျစ် ဗီဇက ချင်ရန်အတွက်မလုံလောက်ဘူး။ ကွာရှင်းပြီးရင် သူ့ထက်ပိုကောင်းတဲ့ သူရှာတွေ့ပြီး
စိတ်အခြေအ နေကောင်းလာရင် သူမ လိုချင်သလောက်ကလေးယူလို့ရလိမ့်မယ်။]
ကျီဖေး အမြင်သစ်တစ်ခု ပေးလိုက်သည်ဟုဆိုရမည်။
ယင်းကြောင့် ချင်မိသားစုဝင်များသည် ကွာရှင်းပြီးနောက်
ပြန်ရှင်သန်လာနိုင်ရန်မျှော်လင့်ခဲ့ကြသည်။
ချင်ရန်သည် ထိတ်လန့်မှုထဲနှစ်မြုပ်နေသေးသည့်တိုင်
သူမအတွေးများ လမ်းကြောင်းပြောင်းသွားခဲ့သည်။
လက်တွဲဖော်ပြောင်းတာနဲ့ သူ ကလေးမွေးနိုင်ပါ့မလား
?
[ဟုတ်သား၊ ငါ ချင်ရန်ကို စစ်ဆေးကြည့်လို့ရတယ်လေ၊
ငါက ဆရာဝန်တွေထက်တောင် ပိုမှန်နိုင်သေးတယ်။]
ချင်မိသားစု : ငါတို့ လုပ်နိုင်ပါ့မလား ?
[အင်း၊ ကြည့်ရအောင်။ အိုး၊ သူမရဲ့ ခန္ဓာကိုယ်က အခြေ
အနေမကောင်းဘူးပဲ၊ ကိုယ်ဝန်ရဖို့ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ဘူး။]
ချင်မိသားစုဝင်တွေ စိတ်ပျက်သွားသည်။ ထိုသည်မှာ ဆရာဝန်တွေပြောသလိုပင်။
ဒါပေမယ့် ကိုးနှစ်ကျော်သွားပြီ၊ ဖြစ်နိုင်ခြေကို
ဆရာဝန်တွေ လုံးလုံးလျားလျားမဆုံးဖြတ်နိုင်ကြချေ။
သို့သော် ကျီဖေးရုတ်တရက် တုန်လှုပ်သွားသည်။
[ဟမ်၊ သူမ ကလေးမရနိုင်တာမဆန်းတော့ဘူး! တာဝန်ကို ညီတူညီမျှခွဲယူရမှာလေ]
ချင်မိသားစုဝင်များ ???
[ကိုးနှစ်... ဒီ လီကျစ်က လတိုင်း ရက်နည်းနည်းပဲ အိမ်ပြန်လာတာ၊
သူတို့ တစ်နှစ်လုံးမှာ အကြိမ်အနည်းငယ်ထက်ပိုပြီး အိပ်ရာအတူတူသုံးလေ့မရှိကြဘူး။ အဲ့မှာ
ကတည်းက အခွင့်အလမ်းကနည်းနေပြီလေ၊ ဘယ်လို လုပ် ကလေးရှိနိုင်မှာလဲ။ သူ ကိုယ်ဝန်ရခဲ့ရင်တောင် သံသယဖြစ်လာနိုင်ချေရှိတယ်]
ထိတ်လန့်စရာသတင်း !!
ချင်မိသားစုဝင်များအားလုံး ချင်ရန်အားထိတ်လန့်စွာကြည့်နေကြသည်။
ချင်ရန်၏မျက်နှာသည် ချက်ချင်းနီရဲသွားသည်။ ဒါကို
ဘယ်လိုလုပ်သိနိုင်တာလဲ ?
သူသည် ယခုလိုကိစ္စများနှင့် ရင်ဆိုင်ရတိုင်း ရှက်တတ်သူပင်။
အမျိုးသမီးတစ်ဦးသည် ထိုသို့သောအကြောင်း အရာများကို မည်သို့ပြောနိုင်မည်နည်း။ ထို့ပြင်၊
၎င်းသည် သူမခန္ဓာကိုယ်၏ပြဿနာဖြစ်သည်ဟု အမြဲတွေးထားသောကြောင့် အခြားဖြစ်နိုင်ချေများကိုမစဉ်းစားခဲ့မိ
ချေ။
ချင်မိသားစုဝင်များ ဒေါသတထွက်ခဲ့ကြသည်။ လီကျစ်က သူကိုယ်တိုင်မကြိုးစားရသေးဘဲနဲ့
ချင်ရန်ကိုကလေးမမွေးနိုင်ဘူးလို့ ဘယ်လိုလုပ်အပြစ်တင်နိုင်ရတာလဲ ?
သို့သော် ၎င်းတို့ သူ့အားမေးခွန်းထုတ်ရန် မဖြစ်နိုင်ဘဲ
မေးခွန်းထုတ်စရာမလိုတော့ဟု တညီတညွတ်တည်း ခံစားခဲ့ကြရသည်။
ဒီအိမ်ထောင်ရေးက အဆုံးသတ်လိုက်ရမှာ၊ အရမ်းရိုင်း
စိုင်းလွန်းတယ်။
ချင်ရန်သာ တင်းမာနေပါက ကွာရှင်းရန်အတင်းအကြပ် တွန်းအားပေးမိပေလိမ့်မည်။
သို့သော် ကျီဖေး၏အတွေးမှာ တခြားရောက်သွားပြန်သည်။
[ထူးဆန်းလိုက်တာ ? ချင်ရန်ကို မကြိုက်လို့ သူမနဲ့အိပ်ယာအတူတူမအိပ်ချင်ဘူးဆိုရင်တောင်
အိမ်မှာမရှိဘဲ ဘယ်ကိုသွားတာလဲ ? သူ ဆေးရုံမှာဘဲ နေတာလား ? အိမ်မပြန်နိုင်လောက်အောင်
အလုပ်များနေတာလား ? အခု သူက ဆေးရုံဒါရိုက်တာ မဟုတ်ဘူးလား ? ငါ ထင် နေသလိုတော့ မဟုတ်ပါဘူးနော်
??]
ချင်မိသားစုဝင်များသည် တစ်ခုခုလွဲချော်နေသည်ကို ယောင်ဝါးဝါးခံစားလိုက်ရပြီး
၎င်းတို့ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုအားခံစားလိုက်ရသည်။
ကျီဖေးထံ လီကျစ်၏မြင့်မြတ်သောသွင်ပြင်နှင့်ပတ် သက်ပြီး
ကြိုတွေးထားသော အယူအဆများမရှိချေ။ ဒါကိုတွေးရင်း၊ သူမရဲ့အတင်းအဖျင်း ချစ်တဲ့စိတ်က ဒီကောင်
အပြင်မှာ အငယ်ရှိနေတာများလားဆိုပြီး အံ့သြသင့်သွားခဲ့သည်။
ရဲရင့်တဲ့ယူဆချက်ပဲ၊ သေချာအတည်မပြုပြီးခြင်း သက်
သေမရှိဘဲ စွပ်စွဲလို့မရဘူး။
[Holly Shit !]
[Holly Shit! Shit Shit Shit ]
ဆဲရေးတိုင်းထွာနေပုံအရ ပြဿနာအလွန်ပြင်းထန်ပုံရသည်။
ကျီဖေး ဗုံးခွံပစ်ချလာသည်ကို စောင့်ဆိုင်းနေစဉ် ချင်မိသားစုဝင်များ၏နှလုံးသားများသည်
လည်ချောင်းထဲတွင်ရှိနေကြပြီး အသက်ရှုပင်ကြပ်သွားကြသည်။
ချင်ရန်၏စိတ်သည်ပင် လွတ်ထွက်သွားပြီး သူမ ခံစားချက်များချက်ချင်းအေးခဲသွားရသည်။
[ဆေးရုံဘေးက အဆင့်မြင့် Condo 18 ထပ်မှာ... ဒီကိုးနှစ်လုံးလုံး...
လီကျစ်နဲ့ ချောင်မုန့်က အဲ့နေရာမှာ ညားပြီး နေနေကြတာ]
[တကယ်လို့ ကလေးကိစ္စနဲ့ ချည်နှောင်ထားတာဆိုရင် ကလေးဆုံးရှုံးပြီးတာနဲ့
ကွာရှင်းလို့ရတယ်မဟုတ်ဖူးလား ? သူ အကြောင်းပြချက်မျိုးစုံပေးခဲ့ပေမယ့် အား လုံးက အသံကောင်းဟစ်ပြီး
ချင်မိသားစုကရတဲ့ရင်းမြစ်တွေကို မစွန့်လွှတ်ချင်လို့ ဆက်မှိန်းနေတာထက်ဘာမှမပိုဘူး။
ဒူးထောက်ပြီးလည်း မစားချင်ဘူး၊ မတ်တပ်ရပ်စား ချင်တဲ့အပြင် အစားအသောက်ကို အရသာမကောင်းဘူးလို့
ညည်းညူချင်နေသေးတယ်။ ကျစ် ကျစ် ကျစ် ~]
ချင်ရန် စိတ်ထဲမှာ အပေါက်သစ်တစ်ခုထပ်ဖြစ်လာသကဲ့ သို့
သူမအား အနည်းငယ်မှိန်းသွားစေခဲ့သည်။
တကယ်တော့ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတချို့က လီကျစ်
နဲ့ပတ်သက်ပြီး ထင်ကြေးပေးခဲ့ကြပေမယ့် ချင်ရန်က တော့ ဒေါသတကြီးငြင်းဆိုခဲ့သည်။
[တစ်ခြားလူအပေါ် မှီခိုပြီးရှင်သန်ချင်တာကတော့ထားပါတော့၊ ဒါပေမယ့်
သူ့ဇနီးသည်ကို သူ့ရဲ့တရားမဝင် ကလေးကိုမွေးစားဖို့ တောင်းဆိုတာကတော့ အရမ်းလွန်သွားပြီ၊
ချင်ရန် ခေါင်းထဲ ဘာတွေဖြစ်နေလဲဆိုတာ ငါ တကယ်သိချင်တယ်။]
ထိုအချိန် ချင်မိသားစုဝင်များသည် ချင်ရန်အားတိတ်တ
ဆိတ်ကြည့်နေကြပြီး လုံးဝအကူအညီမဲ့သလိုခံစားလိုက်ကြရသည်။
[ဟင် ? သူက ချင်ရန်ကြောင့်မဟုတ်ရင် သူနဲ့သူ့ရည်းစားဟောင်း
ပြန်သင့်မြတ်ပြီး သူတို့ရဲ့ကလေးကတရားမ၀င် ကလေးဖြစ်မှာမဟုတ်ဘူးလို့တောင်ပြောခဲ့သေးတယ်။
အဲ့တာကြောင့် သူ ဒီကလေးကို မငြင်းတော့တာပေါ့]
[ချင်ရန်ကြည့်ရတာ နှစ်ပေါင်းများစွာ အဆိုးမြင်ခံခဲ့ရတာကြောင့်
သူ အရမ်းတုံးသွားတယ်လို့ ငါ ထင်တယ်။ လူတွေကလည်းနော် ကိုယ့်ကိုကိုယ် ဆင်ခြင်သုံးသပ်ဖို့ကျ
အချိန်မရှိဘူး သူများကိုအပြစ်တင်ဖို့ကျ အချိန်တော် တော်ရှိကြတယ်။ ဒိလိုတွန်းအားအပေးခံရပုံမျိုးနဲ့
သိပ် မကြာခင် သူ ရူးသွားတော့မှာ အနှေးနဲ့အမြန်ပဲကွာမယ်]
ချင်ရန် မျက်လုံးများနီရဲလာခဲ့သည်။
သူမ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။
ဒါတွေအားလုံး သူမ အပြစ်ပဲလား ??