Ch 11
Viewers 544

Chapter 11

 

ချင်ရန်၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ သူမ၏ အမြင်အာရုံများမှောင်မိုက်သွားပြီး မူးလဲလုနီးပါးဖြစ်နေသည်။

 

မားမားချင်သည် ချင်ရန် ပြိုကွဲလုနီးပါးအမူအရာကိုမြင်သဖြင့် ကူညီပေးခဲ့သည်။

 

ပါးပါးချင်၏နဖူးသွေးပြန်ကြောများသည် တဒိန်းဒိန်းခုန်နေသည်မှာ နန်းကျခြင်္သေ့ဘုရင်နှင့်တူကာ သွေးဆာသော ရောင်ဝါတစ်ဖန်ထွက်ရှိလာပြီး သူ့နယ်မြေအားကျူး ကျော်လာသော သားကောင်ကိုစောင့်ကြည့်နေခဲ့သည်။ ထိုအမူအရာတစ်ခုတည်းဖြင့် အနီးနားရှိအိမ်‌ထိန်းအိုသည် အရိပ်အမြွက်လက်ခံရရှိကာ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။

 

ထိုအချိန် ခြင်္သေ့ဘုရင်အသစ် ချင်ရှန့်သည် ဖုန်းကိုထုတ်ကာ ညွှန်ကြားချက်များပေးရန် ခေါင်းငုံ့ထားပြီဖြစ် သည်။

 

လီမိသားစုသည် အခြေအနေ၏ဆွဲငင်အားကို နားမလည်သေးကြပေ။

 

လီကျစ်သည် ချင်မိသားစုမှာ ရေနှောက်ရန်စိတ်ပိုင်းဖြတ်ထားကြသဖြင့် ချင်ရန်အား မစိုက်ကြည့်ဘဲ မနေနိုင်ပေ။

 

"ဒီလိုအသေးအမွှားကိစ္စအတွက်နဲ့ မင်း ငါ့ကို ဇာချြ့ပြီးပြဿနာရှာနေတာလား ? မင်းဘယ်တုန်းက ဒီလောက်သေးသိမ်သွားတာလဲ။"

 

ချင်ရန်သည် သူမ၏ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ရာ သူမ မျက်လုံးများသည် သွေးရောင်များလွှမ်းနေကာ လီကျစ်အား အသက်ရှုရပ်မတတ်ဖြစ်စေသည်။

 

"ဘာကြောင့်လဲ ?"

 

ချင်ရန် ရယ်ချင်တာကလွဲလို့ ဘာမှမခံစားခဲ့ရချေ။ သူ၏ အချစ်စစ်နှင့်လွှဲခဲ့သည့်အပေါ် သူမ အပြစ်ဟုထင်ခဲ့ပြီးကလေးအပေါ်  သူ တာဝန်ယူမည်ဟုဆိုသောကြောင့်သာ ဒုတိယရွေးချယ်မှုအဖြစ် လက်ထပ်ရန်ရွေးချယ်ခဲ့ခြင်းပင်။

 

သို့သော် အခုချိန်မှာ သူတို့နှစ်ယောက် အတူတူရှိနေပြီဟု သူမကို ပြောလာခဲ့သည်။

 

ဒါဆို သူတို့ဘာလို့ မကွာရှင်းကြတာလဲ ? သူတို့ ဘာကြောင့် သူ့မကို သူကြားဆွဲထည့်ခဲ့ကြတာလဲ ? ထို့ပြင်သူမ လုပ်ခဲ့သည့်အမှားဆိုကာ လုပ်ခဲ့မိသမျှကိုအပြစ် တင်ခဲ့သည်။ သူ ဘယ်လိုလုပ်ပြီးတော့များ သူ့ကိုယ်သူ ဖြောင့်မတ်တဲ့ပုံစံလုပ်နေရတာလဲ  ??

 

"ဘာကိုဆိုလိုတာလဲ ? ကောင်းပြီလေ မင်း လက်မခံနိုင်ရင် ငါတို့ ဒီကလေးကိုမွေးစားမှာမဟုတ်ဘူး။ မနက်ဖြန်ကျရင် ငါ ကလေးကိုပြန်ပို့လိုက်မယ်။"

 

ယနေ့ည ချင်ရန်၏ထူးဆန်းသောအပြုအမူကြောင့် လီကျစ် ထိန်းချုပ်မှုဆုံးရှုံးသွားသလိုခံစားရသည်။ တွေးပြီးသည်နှင့် အရင်ဆုံး ခြေတစ်လှမ်းနောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။

 

ချင်ရန်သည် လီကျစ်၏ သနားညှာတာဟန်အပြုအမူကို ကြည့်ကာ ပျို့အန်ချင်‌နေခဲ့သည်။ တစ်ချိန်က သဘော ကျခဲ့ဖူးသောစီနီယာသည် ထင်ယောင်ထင်မှားပုံရိပ်တစ်ခုအလား မှိန်ဖျော့သွားကာ အဆုံးတွင် ငြီးငွေ့ဖွယ်စစ်မှန်သည့် မျက်နှာတစ်ခုသာကျန်ခဲ့သည်။

 

ကျီဖေးလည်း စက်ဆုပ်သွားသည်။ ချင်ရန်နှင့် အခြားသူများ အမှန်တရားအား ကြားသိရသည်ကို သူမ မသိသော်လည်း ထိုကိစ္စ၏ ပါဝင်ပတ်သက်သူများ အမှောင်ထဲရှိနေစဉ် သူမ မဖော်ထုတ်မိအောင် မနဲထိန်းထားခဲ့ရသည်။

 

သို့သော် သူမ တိုက်ရိုက် မပြောပြနိုင်သည့်အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ ချဉ်းကပ်ရမှာပေါ့။

 

"ကလေးကို ပြန်ပို့လိုက်မယ် ? စောနကပြောတုန်းက တော့ ကလေးအမေမရှိတော့ဘူးလို့ပြောတာမဟုတ်ဘူးလား ? ကြည့်ရတာ သူ ဘယ်ရောက်နေလဲဆိုတာ ရှင်ကောင်းကောင်းသိတဲ့ပုံပဲ၊ ကြည့်ရတာ ဒီတစ်လျှောက်လုံး အဆက်အသွယ်ရှိနေခဲ့သလိုပဲ၊ ရှင်နဲ့ ချောင်မုန့်တို့ ဒီနှစ်ထဲ အဆက်အသွယ်ရှိ၊ မရှိ စုံစမ်းဖို့လိုနေပြီထင်တယ်၊  ကျမတို့က ယောင်းမကို ဦးထုပ်စိမ်းဆောင်းခွင့်ပေးပြီး ရှင့် ကလေးကိုလည်း ပျိုးထောင်ခိုင်းရမယ်ပေါ့ ဒါမျိုးလက်သင့်မခံနိုင်ပါဘူးနော် !"

 

လီကျစ် လန့်သွားကာ သူငယ်အိမ်များ သတိမပြုနိုင်လောက်အောင်တုန်လှုပ်သွား‌ပြီး နောက်ဆုံး သူ့လေသံမှာ နည်းနည်း ဆောက်တည်မရဖြစ်သွားသည်။

 

"မင်း ငါ့ကို အသရေဖျက်နေတာလား ? ငါ့အမေက မင်းမှာအမူအကျင့်မရှိဘူးလို့ပြောခဲ့တာ တကယ်မှန်တယ်!"

 

ချင်ရှန့် ချက်ချင်းဆိုသလို "ပါးစပ်ပိတ်လိုက်"

 

ထိုစကားလုံးနှစ်လုံးသည် ကျယ်လောင်ခြင်းမရှိသော် လည်း ရေခဲမြှားကဲ့သို့ပစ်လွတ်လိုက်ရာ လီကျစ်၏အာရုံ ကြောများကို ပြင်းထန်စွာဒဏ်ရာရစေပြီး ခဏတာအေးခဲသွားစေသည်။

 

ကျီဖေး၏အတွေးများအား နားထောင်နိုင်စွမ်းကိုထုတ် ဖော်မပြသာနိုင်လို့သာ မဟုတ်ပါက ထိုကြောင်သူတော်များအား နေရာမှာတင်ဖော်ထုတ်နိုင်လိမ့်မည်။

 

ကျီဖေး လီကျစ်အား လက်ညှိုးထိုးကာ လှောင်ပြောင်ပြောဆိုလိုက်သည်။ သူမ၏ ရှည်လျားသွယ်လျသော လက်ချောင်းသည် တိတ်ဆိတ်နေသည့်ကလေးအား  ညွှန်ပြလိုက်ပြီး "ရှင် ကျမကို ပြန်မချေပခင် ရှင့်သားရဲ့အမူအရာကိုလည်း တစ်ချက်ကြည့်လိုက်ပါဦး"

 

ကလေးများသည် လူကြီးများကဲ့သို့လိမ်ညာခြင်းမပြုတတ်ပေ။ ကျီဖေး၏ယူဆချက်သည် ချက်ကောင်းကိုထိသွားကာ ကလေးအား ထိတ်လန့်သွားစေသည်။

 

လီကျစ် မတုံ့ပြန်နိုင်ခင်မှာပင် မားမားချင်က "သား၊ မင်းအဖေကို မင်း အရင်ကတွေ့ဖူးလား ? လိမ္မာတဲ့ကလေးက မလိမ်သင့်ဘူ နော်"

 

လီကျီချောင်သည် အဆုံးတွင် မထိန်းနိုင်တော့ဘဲ လီကျစ်၏လက်ကိုဆွဲကာ "ဖေဖေ၊ ပြန်ကြရအောင် အမေ၊ သူ..."

 

လီကျစ်၏အသက်ရှုသံများ တုန်ခါသွားကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့လက်ကိုအသာပြန်ဆွဲထုတ်လိုက် သော်လည်း လှုပ်ရှားမှုသည်ကြီးလွန်းသဖြင့် လီကျီချောင်၏မျက်နှာကို မတော်တဆရိုက်ခတ်သွားခဲ့သည်။

 

လီကျီချောင်သည် ထိခိုက်မှုကြောင့် ဆိုဖာပေါ်မှပြုတ်ကျသွားခဲ့ပြီး ရှိနေသူအားလုံးကိုအံ့အားသင့်စေခဲ့သည်။

 

နူးညံ့သိမ်မွေ့သော ကလေး၏ပါးပြင်ထက် အလွန်ထင် ရှားသော လက်ရာတစ်ခုပေါ်လာခဲ့သည်။

 

မြင်ကွင်းသည် ချက်ချင်းဆိုသလို ဖရိုဖရဲဖြစ်သွားသည်။

 

ကျီဖေး ပိုလို့ပင်ထိတ်လန့်သွားပြီး ကလေးကို သူ့ဘေးနားဆွဲယူဖို့ အမြန်ထလိုက်သည်။ သူမ ကလေးအား နှောင့်ယှက်ဖို့မရည်ရွယ်ခဲ့ချေ။ ယခုမူ ကလေးငိုနေပြီဖြစ်သည်။ ကျီဖေးသည် ကလေးများအား မည်သို့နှစ် သိမ့်ရမှန်းမသိဖြစ်နေတာကြောင့် ချင်ယန်၏နှလုံးသား ပျော့ပျောင်းလာကာ ကလေးအား သူ့လက်နှစ်ဖက်နှင့် ညင်သာစွာပွတ်သပ်ပေးလိုက်သည်။

 

လီကျီချောင်သည် သူ့စိတ်ထဲတွင် ပိုလို့ပင်ဝမ်းနည်းလာရသည်။ ဤအဒေါ်သည် အလွန်နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည်ဟု သူ ခံစားမိသော်လည်း သူ့မိဘများသည် သူမအား အနိုင်ကျင့်ရန်တောင်းဆိုခဲ့ကြသည်။ သူ့အသိ စိတ်က တကယ်ကိုလက်မခံနိုင်ချေ။

 

နောက်ဆုံး သူ့ရဲ့ရှိစုမယ့်စုသတ္တိတွေကို စုစည်းကာ

 

"အဖေနဲ့အမေက ခဏလမ်းခွဲလိုက်တာပါ၊ သူတို့က တရားမ၀င်ကလေးလို့ပြောပြီး အန်တီ မွေးစားအောင် လှည့်စားမယ်၊ အဲ့လိုဆို သားက လူရှေ့ထွက်ပြလို့ရလာမယ်။ သား နားမလည်ဘူး၊ တကယ် နားမလည်ဘူး၊ ဒါတွေအားလုံး မှားနေတယ်ဆိုတာ သား သိတယ်။"

 

ဒီစာကြောင်းမှတဆင့် အဓိကအချက်ကိုသိလိုက်ရနိုင် သည်။

 

သူပြောပြီးသည်နှင့် သူ ချင်ရန်၏အင်္ကျီလက်ကိုတင်း တင်းဆုပ်ကိုင်ကာ သူမအား လှည့်စားရာတွင်ကြံရာပါဖြစ်လုနီးပါးဖြစ်သည့်အတွက် ခြင်သံကဲ့သို့အသံသေးသေးဖြင့် တောင်းပန်လိုက်သည်။

 

ထိုစကားကိုကြားသောအခါ ချင်ရန် မျက်ရည်များရစ်သိုင်းလာရသည်။

 

မားမားလီသည် သူ့သားကိုကြည့်ကာ ဖမ်းကိုင်၍မေးလိုက်သည်။

 

"သား..ဒါ တကယ်ပဲလား.."

 

လီကျစ်၏မျက်နှာသည် ယခုအချိန်တွင် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ သတ္တိရှိသော်လည်း ချင်မိသားစုရှေ့ ထုတ်ဖော်ပြသဖို့မဝံ့ရဲခဲ့ပေ။

 

ခေါင်းမာမာဖြင့်- "အဓိပ္ပါယ်မရှိတာတွေ၊ ကလေးကို ဒီလို သင်ထားလိမ့်မယ်လို့ တကယ်မထင်ထားဘူး၊ တကယ်တော့ ကျနော် ထောင်ချောက်ဆင်ခံရတာ၊ သူက သူ့အမေနဲ့ကျနော့်ကို အတူရှိစေချင်တယ်၊ အဲ့ဒါကြောင့် ဒီလိုလှည့် ကွက်လေးနဲ့ လာကစားနေရတာ၊ ချင်ရန်၊ မင်း ငါ့အ‌ပေါ် သံသယမရှိဘူးမှတ်လား။"

 

လီကျီချောင်သည် အလိမ်အညာများပြည့်နှက်နေသော ဖခင်ဖြစ်သူကို မယုံနိုင်စွာကြည့်နေခဲ့သည်။

 

ကျီဖေး၏အတင်းအဖျင်းစွမ်းရည်ကြောင့်သာ မဟုတ်ပါက၊ ချင်မိသားစုသည် လီကျစ်၏ဖြောင့်မတ်သောသရုပ် ကြောင့် လှည့်စားခံရပေလိမ့်မည်။

 

ယခုမူ လီကျစ် လူပြက်တစ်ယောက်လိုခုန်ပေါက်နေလေသည်။

 

လီကျစ် လွယ်လွယ်နှင့် ဝန်ခံမည်မဟုတ်ပေ။ သူ့အမြင်အရ အရာအားလုံးသည် ကျီဖေး ကြက်ကန်းဆံအိုးတိုးခြင်းဟုသာထင်မြင်မိသည်။ သူ့ပုံရိပ်သည် အမြဲတမ်း ကောင်းမွန်ခဲ့ပြီး ဤကိုးနှစ်တာကာလအတွင်း အလွန်ဂရုတစိုက်ရှိခဲ့သဖြင့် မည်သည့်အထောက်အထားမှမချန်ထားခဲ့ချေ။

 

ချင်မိသားစုသည်လည်း ထို့နည်းလည်းကောင်းပင်။ တစ်ခုခုကိုတကယ်သိထားပါက ၎င်းတို့ အရင်ကတည်း က သူနှင့်စာရင်းရှင်းပေလိမ့်မည်။

 

ကလေးတစ်ယောက်ရဲ့စကားကို ဘယ်လောက်ယုံကြည်နိုင်မှာလဲ ?

 

ထို့အပြင် ချောင်မုန့်သည် နိုင်ငံခြားသို့သွားရန်စီစဉ်တော့မည်ဖြစ်သည်။ နောက်ပိုင်း ချင်မိသားစု သံသယဖြစ်ခဲ့လျှင်ပင် သူမအား ရှာတွေ့နိုင်မည်မဟုတ်ချေ။

 

လီကျစ်သည် တန်ပြန်ဖြေရှင်းနိုင်ရန် အရူးအမူးတွေး  တောနေခဲ့သည်။

 

ရုတ်တရက် ချင်ရန်သည် မမျှော်လင့်ဘဲ မတ်တပ်ထရပ်ကာ စားပွဲပေါ်မှ တစ်ဝက်စားထားပြီးသော သစ်သီးပန်း ကန်ကိုကောက်ကိုင်ကာ လီကျစ်၏ခေါင်းသို့ပစ်လွှင့်လိုက်သည်။

 

သစ်သီးလင်ပန်းသည် တော်တော်လေးလေးသည်။ အော်ငိုနေသောလီကျီချောင်နှင့် သူ့အားဆူနေသည့် မားမားလီတို့သည် ကျယ်လောင်သောအသံထွက်‌ပေါ်လာသဖြင့် ကြောက်လန့်ကာ အသံများပင်ရပ်သွားကြသည်။

 

လီကျစ်၏ခေါင်းသည် ချက်ချင်းသွေးများစီးကျလာပြီး အသီးအနှံများနှင့် ပန်းကန်ကွဲများ သူ့အပေါ်ပြန့်ကျဲလို့နေသည်။ သန့်ရှင်းသည့် မျက်မှန်လည်းပြုတ်ကျသွားရပြီး သူ့နဖူးကိုကိုင်ကာ ရုတ်တရက်ပေါက်ထွက်လာသည့် နူးညံ့သိမ်မွေ့သည့် အမျိုးသမီးအား ထိတ်လန့်စွာစိုက်ကြည့်နေသည်။

 

"ရူးသွားပြီလား!"

 

လီကျစ် သူ့အောကရှိ တစ်စုံတစ်ယောက်ထံမှစိန်ခေါ်ခြင်းကိုခံရသောအခါ အရှက်နှင့် ဒေါသများရောပွန်းနေခဲ့သည်။

 

"လီကျစ်၊ ငါ နင့်အပေါ် ဘယ်တုန်းကမှမဖောက်ဖြားခဲ့ဖူးဘူး၊ နင်ကသာ ငါ့အပေါ် ဖောက်ဖြားခဲ့တာ၊ ငါ့ကို အရူးလိုသဘောထားနေကြတာက နင်နဲ့ ချောင်မုန့်ပဲ၊ တကယ် တမ်း အသိတရားမရှိတဲ့သူက နင်လေ"

 

အဆုံးတွင် ချင်ရန် အဆုတ်ကွဲမတတ်အော်လိုက်သည်။ သူမ အော်သံနှင့်အတူ နှစ်ပေါင်းများစွာဖိနှိပ်ခံထားရသည့် မကျေနပ်ချက်များလည်းထွက်ပေါ်လာသည်။ ရုတ် တရက် အရာအားလုံး ရှင်းလင်းသွားသလိုပင်။

 

လီကျစ် တကယ်ထိတ်လန့်နေပြီဖြစ်သည်။ သူ ချင်ရန်အား မနှောင့်ယှက်နိုင်တော့မှန်း သူ သိသွားသည်။

 

"မင်း... မင်း ငါ့ကို မတရားစွပ်စွဲနေတာ ငါ..."

 

လီကျစ် စကားမဆုံးခင် ချင်ရှန့် သူ့ဖုန်းကိုစားပွဲပေါ်ကို ရုတ်တရက်ပစ်ချလိုက်ကာ ဗီဒီယိုကောလ်ခေါ်ဆိုမှုတစ်ခုကို စတင်လိုက်သည်။

 

ဖုန်းထဲကအော်သံမှာ "ရှင် ဘယ်သူလဲ၊ ကျမကိုလွှတ်၊ ဒါ ပိုင်နက်ကျူးလွန်နေတာပဲ"

 

ဖန်သားပြင်ထက် အခန်းတစ်ခန်းရှိပြီး အိမ်နေရင်းအ ဝတ်အစားဝတ်ဆင်ထားသော ချောင်မုန့်သည် ကုလား ထိုင်ပေါ် ဖိအားပေးထိုင်ခိုင်းခံနေရသည်။

 

"အဲ့ဒါ မား!" လီကျီချောင်သည် စိတ်လှုပ်ရှားလာသည်။

 

လီကျစ်၏မျက်နှာသည်လည်း သိသိသာသာပြောင်းလဲသွားပြီး ဖုန်းထဲမှ အခြားအသံများကိုကြားလိုက်ရသည်။

 

"မစ္စတာချင်၊ ကျနော် တို့တွေ့ပြီ၊ ဒီမှာ မစ္စတာလီရဲ့အ လုပ်စာရွက်စာတမ်းတွေ၊ သူ့ရဲ့ခြေရာလက်ရာအပြင် ဓာတ်ပုံတွေလည်းရှိတယ်။ ပြီးတော့ ဒီနေရာက မိသားစု သုံးယောက်နေတဲ့ နေရာပဲ..." ဟု အထဲမှလူသည် ချက် ကျလက်ကျ အစီရင်ခံလိုက်သည်။

 

ထိုအချက်ကြောင့် လီကျီ လုံးဝအံ့အားသင့်သွားခဲ့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ရုတ်တရက်ကြိမ်တုတ်သံထွက် ပေါ်လာသည်။

 

လီကျစ်၏မျက်နှာအားတိုက်ရိုက်ထိကာ သွေးစွန်းထင်းနေသော အမှတ်အသားတစ်ခုကျန်ရစ်ခဲ့သည်။ လီကျစ် သည် သနားစရာကောင်းသည့် အော်ဟစ်သံကိုသာထုတ်လိုက်နိုင်ပြီး ခြေလှမ်းများစွာနောက်ပြန်ဆုတ်သွားသော် လည်း ကြိမ်တုတ်သံသည် နောက်မှဆက်တိုက်လိုက်ရိုက်နေသည့် အသံများထွက်ပေါ်နေသည်။

 

ထိုသည်မှာ ပါးပါးလီအတွက် ဘဏ္ဍာစိုးယူဆောင်လာသည့် မြင်းနှင်တံတစ်မျိုးပင်။

 

နှစ်ပေါင်းများစွာလှည့်စားပြီး ချင်ရန်အား တရားမဝင်ကလေးကိုပြုစုပျိုးထောင်စေရန် ကြိုးစားခြင်းပင်၊ သူ့သမီးမှု ယခုလိုစော်ကားခံရသဖြင့် - ပါးပါးချင်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော အမျိုးသားတစ်ဦးပင်လျှင် သတ်ပစ်ချင်သည်အထိ ဒေါသဖြစ်ရလေသည်။

 

လီကျစ်သည် ဒေါသတကြီးဖြစ်နေသော ပါးပါးချင်အား မျက်နှာမူကာ မြေပြင်ပေါ်သို့လဲကျသွားသည်။ ပြေးဖို့ မတွေးနိုင်ဘဲ မှင်သက်သွားသည်။

 

မားမားလီ အော်ဟစ်ကာ သူ့သားအားကယ်တင်ရန် ရှေ့သို့တွန်းချလိုက်သည်။ လီကျီချောင်ကလည်း

 

"သားအဖေကို မထိနဲ့၊ သားအဖေကို မထိနဲ့၊ သူ့ကို မထိနဲ့!"

 

သူ့အဖေအား ကြိမ်တုတ်ထံမှ အကာအကွယ်ပေးနေသည့်ကလေးကိုမြင်တော့ ပါးပါးချင် နောက်ဆုံးရပ်တန့်သွားသည်။

 

အခုအချိန်မှာတော့ လီကျစ်သည် မမြင်နိုင်လောက်သည့်ကြိမ်တုတ်ဒဏ်ရာဖြင့် ဖုံးလွှမ်းနေပြီး သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာရသည်။

 

"ကွာရှင်းကြတာပေါ့၊ လီကျစ် ငါ နင့်ကိုကွာရှင်းချင်တယ်!"

 

အဆုံးတွင် ချင်ယန်၏အသံသည် သူမလည်ချောင်းထဲမှ မုန်တိုင်းသဖွယ်ထွက်ပေါ်လာခဲ့သည်။