Chapter
12
"လီကျစ်ဖောက်ပြန်ထားတဲ့
သက်သေတွေအကုန်စုထား"
ချင်ရှန့်ဖုန်းထဲမှ
တိုက်ရိုက်အမိန့်ပေးခဲ့သည်။
ထိုစကားအရ
တရားဥပဒေအရအရေးယူရန် နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်သည်။ ရလဒ်အနေဖြင့် လီကျစ် ဘာတစ်ခုမှမရရှိသလို ချန်ထားခံရနိုင်ဖွယ်ရှိပြီး
သူ၏ နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုသည် တခဏချင်းပျောက်ကွယ်သွားနိုင်ဖွယ်ရှိသည်။
လီကျစ်
နောက်ဆုံးဖွင့်ဟလာတော့သည်။
"မင်း
အဲ့လိုလုပ်လို့မရဘူး၊ ဒါတွေအားလုံး ချင်ရန်စခဲ့တဲ့ဇာတ်လမ်းပဲ၊ အခုမှ မင်းတို့ ငါ့ကိုအပြစ်လာတင်လို့မရဘူးလေ၊
ငါ ချောင်မုန့်နဲ့အတူရှိပေမယ့် မင်းကို ငါ့ဇနီးဆိုတဲ့အဆင့်အတန်းတစ်ခုပေးထားတုန်းပဲ၊
မင်း နောက် ထပ် ဘာတွေ ထပ်လိုချင်နေသေးတာလဲ။"
ထိုကဲ့သို့သော
အရှက်မဲ့သောစကားပြောထွက်လာသဖြင့် ချင်မိသားစုဝင်များ အံ့အားသင့်သွားခဲ့ကြသည်။
((သန္ဓေမအောင်ခဲ့သင့်တဲ့အကောင်ကို
ပါးချည်း ၁၁ စိတ်ကွဲအောင် ချပစ်လိုက်ချင်တယ်))
"ငါ့ကို
အဆင့်အတန်းပေးဖို့ တောင်းဆိုခဲ့မိလို့လား"
ယခုအခါ
ချင်ရန်အလွန်စက်ဆုပ်သွားပြီး မယုံကြည်နိုင်စွာမေးလိုက်သည်။
လီကျစ်
တစ်ဆို့နေပြီး "မင်းတို့မိသားစုရဲ့ သြဇာအာဏာနဲ့ ငါ့ကို ဖိအားတွေပေးနေတာပဲလေ၊ ငါ
မင်းကိုလက်မထပ်ရင် ဒီဆေးပညာနဲ့ ဆက်ပြီးအသက်မွေးဝမ်းကြောင်းပြုနိုင်ပါ့မလား ?"
ချင်ရန်သည်
ဒေါသကြောင့် မျက်ရည်ကျလုနီးပါးဖြစ်နေသည်။
"လီကျစ်
နင့်ရဲ့ကြောင်သူတော်စရိုက်က အတော်ကျွမ်းနေပြီပဲ"
လီကျစ်
အံ့သြသင့်သွားသည်။ ချင်ရန် သူ့ကို ဒီလိုမျိုး တစ်ခါမှမပြောဖူးချေ။
[ချင်ရန်
နောက်ဆုံးတော့ နိုးထလာပြီပဲ။ မှန်တယ်၊ လီကျစ်က အလကား ကျေးဇူးကန်းတဲ့ ကြောင်သူတော်ကောင်]
ဒါကိုကြားတော့
မျက်ရည်ကျနေသည့် ချင်ရန်သည် ရုတ်တရက် မေးစေ့မော့လိုက်ပြီး လီကျစ်အားစိုက်ကြည့်လိုက်သည်။
"ရှင်က
ဒီတ်ိုင်း ကပ်ပါးရပ်ပါးတစ်ယောက်ပဲ!"
လီကျစ်သည်
သူအထင်သေးဆုံးစကားလုံးဖြင့် တံဆိပ်ကပ်ခံလိုက်ရချိန်တွင် "ချင်ရန်၊ မင်း ဘာပြောလိုက်တာ
?"
"နင်က
ကပ်ပါးရပ်ပါတစ်ယောက်လို့ ငါ ပြောလိုက်တာလေ၊ နင်နဲ့နင့်အငယ်အနှောင်း နင်တို့နှစ်ယောက်စလုံးက
ကပ်ပါးကောင်တွေပဲ၊ နင့်မျာ ဘာအရှက်မှမရှိဘူး!"
"ချင်ရန်၊
ခွေးမ၊ နင် ဘယ်သူ့အကြောင်းပြောနေတာလဲ ? နင်ကသာ ငါ့လူကို ခိုးတဲ့သူ၊ ငါ့ဆီက အရာအားလုံးကိုခိုးထားတဲ့သူ၊
နင်ကသာ အရှက်မရှိတဲ့သူ"
ချောင်မုန့်သည်
နောက်ဆုံးဖြစ်ပျက်နေသည်ကို နားလည်ပြီး ဗီဒီယိုကောလ်ခေါ်ဆိုမှု၏ တစ်ဖက်မှစတင်ကျိန်ဆဲလိုက်သည်။
ချင်ရန်က
သူမအပေါ်အကြွေးတင်နေပြီး သူမချစ်သူ ချင်ရန်နဲ့အိပ်နေသည့် ရွံရှာဖွယ်မြင်ကွင်းကို သူမ
ဘယ်တော့မှမေ့မရခဲ့ပေ။
အငြင်းအခုံဖြစ်ပြီးနောက်
စိတ်မြန်လက်မြန် လမ်းခွဲခဲ့ကြခြင်းဖြစ်သော်လည်း ချင်ရန်သည် လီကျစ်၏အိပ်ရာပေါ်သို့ ချက်ချင်းခုန်တတ်သွားခဲ့သည်။
ထိုမြင်ကွင်းသည် ချောင်မုန့်အားထိတ်လန့်စေခဲ့သည်။
နောက်ပိုင်း
သူမထံ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပြီး သူမ၏နာကြည်းမှုတွေကိုကျော်လွှားကာ လီကျစ်နဲ့ပြန်စဖို့စီစဉ်လိုက်ချိန်မှာ
ချင်ရန့်ဘက်မှ အတင်းအကြပ် လက် ထပ်ခိုင်းသည်ဟု ကြားသိခဲ့ရသည်။
သူမ ကလေးအား
ကိုယ်ဝန်ဖျက်ချင်သော်လည်း မလုပ်နိုင်ခဲ့ချေ...
"ဒါဆို
ဒီနှစ်တွေ တစ်လျှောက်လုံး သူ့ကို ဘာလို့ပြန်မယူတာလဲ၊ နင့်လူက အာဏာနဲ့အဆင့်အတန်းကြောင့်
ဘယ် တော့မှကွာရှင်းမှာမဟုတ်ဘူး၊ နင်က အငယ်အနှောင်းသာသာပဲ၊ နင် ဘာတွေမှန်နေလို့ လာအော်ငေါက်နေရတာလဲ
?"
ချင်ရန်သည်
မီးခလုတ်ဖွင့်ပိတ်လုပ်သကဲ့သို့ ချက်ချင်းစွပ်စွဲချက်တိုင်းကို ပြတ်ပြတ်သားသားပြန်ချေပခဲ့သည်။
"အဲ့ဒါ
နင်တို့မိသားစုအာဏာသုံးပြီး သူ့ကိုခြိမ်းခြောက်ခဲ့လို့ပဲ၊ လိကျစ်ရဲ့ အနာဂတ်ကိုခြိမ်းခြောက်ခဲ့လို့လေ။
မဟုတ်ရင် ငါ တိတ်တိတ်လေးမနေခဲ့သင့်ဘူး။ နင့်လိုမိန်းမပျက်နဲ့ မအိပ်ခဲ့မိရင် သူ နင်နဲ့လက်မထပ်ဖြစ်မှာမဟုတ်သလို
သူ အမြဲတမ်း ငါ့ကိုချစ်နေမှာ၊ ငါနဲ့ဘဲအမြဲ တမ်းရှိနေမှာ၊ နင်တစ်ယောက်တည်း အိပ်နေရတယ်ဆိုတာ
အဲ့ဒါက နင့်အပေါ် သူလက်တုန့်ပြန်တာပဲ"
ကျီဖေး
ဒါကိုကြားတော့ မှတ်ချက်မပေးဘဲမနေနိုင်ပေ။
[ကြည့်ရတာ
လီကျစ်ကတော်တော်ကျွမ်းကျင်တဲ့ ကစား သမားပဲ၊ ဒီအငယ်အနှောင်းလည်း တကယ်အရူးလုပ်ခံထားရတာပဲ]
ချင်ရန်
လှောင်ပြောင်ကာ "ငါက တုံးတာဖြစ်နိုင်ပေမယ့် ချောင်မုန့် နင်က အရူးပဲ။ လီကျစ်၊
ငါ့မိသားစုက နင့်ကို ခြိမ်းခြောက်လား ? မခြိမ်းခြောက်လားဆိုတာ နင် ကောင်းကောင်းသိပါတယ်၊
အခုထိ နင်က ခံရတဲ့သူလို ဟန်ဆောင်နေတုန်းပဲလား ? ငါ့ရှေ့ ကြီးမြတ်တဲ့ပုံစံနဲ့သိက္ခာမြင့်တင်ဖို့ကြိုးစားနေတာလား
? အမှန်က နင် ငါ့မိသားစုရဲ့အဆက်အသွယ်တွေကို နင့်ရဲ့ကိုယ်ပိုင်အ သက်မွေးဝမ်းကြောင်းအတွက်
အသုံးချဖို့ရွေးချယ်ခဲ့တာလေ၊ နင့်ရဲ့အချစ်စစ်ကို စွန့်လွှတ်ပြီးတော့ပေါ့၊ အဲ့ဒီ ရေညစ်တွေ
ငါ့ပေါ်လာမလောင်းနဲ့ ငါ မယူဘူး!"
ချင်ရန်
နုတ်မှ ထွက်ကျလာသောစကားများသည် လီကျစ်၏မာနအား ထပ်ခါတလဲလဲ နင်းချေလိုက်သလို ၊ သူ့နှလုံးသားထဲ
နက်နက်နဲနဲလျှို့ဝှက်ထားသော အတွေးများ ဖော်ထုတ်ခံလိုက်ရသလိုပင်။ လီကျစ်သည် သူ့မျက်နှာအား
မထိန်းချုပ်နိုင်တော့ပေ။
ချောင်မုန့်
ချက်ချင်းဆိုသလို "လီကျစ်ကို သရေဖျက်နေတာ ရပ်တန်းကရပ်လိုက်"
ချင်ရန်
ရုတ်တရက်ရယ်စရာကောင်းတာကိုတွေ့ပြီး
"ကောင်းပြီလေ၊
နင်တို့အားလုံး အဲ့ဒီလိုတွေးတယ်ဆိုတော့ ငါတို့ရဲ့ချင်မိသားစုက အဲ့ဒါကိုလက်တွေ့ဖြစ်အောင်
လုပ်ပေးလိုက်မယ်။ ငါတို့ကွာရှင်းပြီးရင် ဘယ်လိုမျိုးက ခြိမ်းခြောက်အနိုင်ကျင့်တာလဲဆိုတာ
ငါတို့ ပြမယ်!"
ချင်သားစုသမီး၏
ခြိမ်းခြောက်မှုသည် ဟာသမဟုတ်ပေ။
လီကျစ်
ချက်ချင်းဆိုသလို "ချင်ရန်၊ မင်း ဘယ်လိုလုပ် ခုလိုဖြစ်သွားရတာလဲ ?"
"ဟော
~ ဘယ်လိုလဲ အခုတော့ လန့်နေပြီမှတ်လား ? ဒါဆို ချင်မိသားစု အရင်ကတည်းက နင့်ကို အဲ့လိုလုပ်ဖို့ရည်ရွယ်ချက်မရှိခဲ့တာကို
နင် သိပြီးသားပဲလေ!"
နောက်ဆုံး
ချင်ရန်၏စိတ်သည် ရှင်းလင်းပြတ်သားလာပြီး တုန့်ပြန်မှုမြန်လာသည်။
လီကျစ်
ပြန်လည်ချေပခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။
ချင်ရန်
အေးစက်စက်အပြုအမူကိုမြင်လိုက်ရသော မားမားလီသည် နောက်ဆုံး ၎င်းသည် သူ့သားအားတွယ်ကပ်ခဲ့ဖူးသော
ချွေးမ မဟုတ်တော့ကြောင်း သိလိုက်သည်။ သူမမျက်လုံးထဲ မျက်ရည်စများနှင့်အတူ လျင်မြန်စွာ
ချင်ရန်၏လက်ကို ဆုပ်ကိုင်ရန်ကြိုးစားခဲ့သည်။
"ရန်ရန်၊
မား သူ့ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ လီကျစ်က စိတ်ရှုပ်ထွေးနေရုံပါ၊ လီကျစ်ကို နောက်ထပ်
အခွင့်အရေးပေးပါ၊ မား တောင်းပန်ပါတယ် လီကျစ်ဘယ်လောက်တောင် ဆိုးဆိုးရွားရွားအရိုက်ခံထားရလဲ ဒီလောက်နဲ့ မလုံလောက်သေးဘူးလား ?"
သို့သော်
ချင်ရန်အား ကြက်မအေကြီးကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးနေသော မားမားချင်သည် သူမအား တားဆီးခဲ့သည်။
မားမားလီသည်
လီကျစ်အားတောင်းပန်ရန်နှင့် ကတိပြုရန် အတင်းအကြပ်ဆွဲထုတ်လာခဲ့သည်။
"တစ်ခုခု
မြန်မြန်ပြောလေ! အခု တောင်းပန်လိုက်၊ ငါတို့ လီမိသားစု ဖျက်ဆီးခံရတာကို မင်း မြင်ချင်လို့လား"
လီကျစ်သည်
သူ့အမေထံမှ အဖိခံထားရသဖြင့် ဒူးထောက်လုနီးပါးပင်။ သူ့မျက်လုံးထဲ တဖြည်းဖြည်းထိတ် လန့်လာပုံရပြီး
စိတ်ထဲရုန်းကန်လို့အပြီးနောက်ဆုံး ဖွင့်ဟလာခဲ့သည်။
"ငါ
ကွာရှင်းမှာ မဟုတ်ဘူး။ ရန်ရန် ငါ မှားသွားတာပါ။ ငါစိတ်ရှုပ်ထွေးပြီး လက်မခံချင်ပေမယ့်
တကယ်တော့ ငါ မင်းကို ဂရုစိုက်ပါတယ်။ ငါ..."
"လီကျစ်!"
ချောင်မုန့်
ဒါကိုကြားတော့ ရူးသွပ်သွားသည်။
ယခုအချိန်
မျက်နှာအား ထိန်းသိမ်းရန်လိုအပ်နေသေးသလော ? ချင်ရန်ပြောသည့်စကားအရ သူမ လီကျစ်ထံမှလှည့်စားခြင်းခံနေရသည်ဆိုသည်မှာ
အမှန်ဖြစ်နိုင်လား ?
"ပါးစပ်ပိတ်ထား!"
ချောင်မုန့်
အပိုစကားမပြောမီ လီကျစ် သူမအား အော်လိုက်သည်။
[အလျှော့ပေးရမယ့်အချိန်ကိုသိတယ်
တကယ် ကွေးနိုင်ဆန့်နိုင်တာပဲ - ကြည့်ရတာ အန်ချင်လာပြီ] ကျီဖေး ကျိန်ဆဲရုံမှအပ မတတ်နိုင်ချေ။
ချင်ရှန့်
အေးစက်စွာဟစ်အော်လိုက်သည်။
"ဖောက်ပြန်ထားတဲ့
သက်သေအထောက်အထားက ငြင်းလို့မရဘူး။ လီကျစ်၊ ရှင့်မှာ ရွေးချယ်စရာမရှိတော့ဘူး၊ ဒီတော့
ရှင် ဘာမှသရုပ်ဆောင်စရာမလိုတော့ဘူး"
လီကျစ်
ချက်ချင်း ချင်ရန်ဘက်သို့ စိုးရိမ်တကြီးကြည့်လိုက်ရာ သူမ မျက်လုံးများထဲ ရွံရှာသည့်အရိပ်အမြွတ်ကိုတွေ့လိုက်ရသည်။
ချင်ရန်
သူ့ကိုလျည့်ပင်မကြည့်ဘဲ ထွက်သွားသည့်အ ခိုက်မှာ လီကျစ် ဒီပြဿနာကိုမဖြေရှင်းနိုင်တော့ဘူးဆိုတာ
သိလိုက်ရသည်။
ထိုအချိန်
လီကျစ်၏အော်သံကြောင့် ချောင်မုန့် နောက် ဆုံးတွင် ထိန်းချုပ်မှုပျောက်ဆုံးသွားတော့သည်။
"လီကျစ်၊
မမေ့နဲ့နော် ကလေးက..."
လီကျစ်
ရုတ်တရက်ဓာတ်လိုက်သလို တုန်လှုပ်သွားပြီး ထိတ်လန့်တကြားအော်လိုက်သည်။
"ငါမင်းကို
ပါးစပ်ပိတ်ထားလို့ပြောထားတယ်၊ မင်း ဗိုက်ထဲက ကလေးကိုမလိုချင်တော့ဘူးလား ? မင်း သေချင်နေတာလား
?"
ကလေး ?
ချောင်မုန့် ကိုယ်ဝန်ရှိနေပြီလား ? ဤဖော်ပြချက်သည် ချင်မိသားစုဝင်အားလုံးကို စက်ဆုပ်စေခဲ့သည်။
လီကျီချောင်ပင်လျှင်
ဤအကြောင်းကို ယခုမှသိရှိသွားပုံရပြီး ထိတ်လန့်သွားပုံပေါ်သည်။
ပြင်းထန်လွန်းသောလေသံကြောင့်
ချောင်မုန့် ချက်ချင်းပညှိုးနွမ်းသွားသည်။
လီကျစ်၏မျက်နှာသည်
လက်မလျော့ခင်အထိ အကြိမ်ပေါင်းများစွာပြောင်းလဲခဲ့သည်။ ဒဏ်ရာများဖြင့် မတ်တပ်ထရပ်ကာ
ငိုနေသောမိခင်ကိုလက်တစ်ဖက်ဆြွကာ ကျန်လက်တစ်ဖက်ဖြင့် လီကျီချောင်ကိုဆုပ်ကိုင်ထား သည်။
"ရန်ရန်
ဒီကိစ္စမှာ ငါ မှားခဲ့တာ၊ ငါ ကွာရှင်းဖို့ဆန္ဒရှိတယ်။ မင်း ငါ့ကို လက်စားချေချင်တာပဲဖြစ်ဖြစ်
လုပ်လို့ရတယ်၊ ဒါပေမယ့် မင်း တခြားသူတွေကိုမထိခိုက်စေဖို့ ငါမျှော်လင့်တယ်။"
(အဆုံးထိ
သူတော်ကောင်းယောင်ဆောင်တုန်း)
ဤအခိုက်အတန့်တွင်
သူသည်ခြားနားသောလူတစ်ယောက်ဖြစ်သွားပုံရသည်။ - ပြတ်ပြတ်သားသား အမြန်လှည့်ထွက်သွားကာ
ဒီအခြေအနေထဲ သူ့ကိုယ်သူ တွယ် တာမနေတော့ပေ။
[ဒီလောက်
မြန်မြန်ထွက်ပြေးရအောင် ငါတို့ သူ့ကိုထပ်ရိုက်မှာကိုများ ကြောက်နေတာလား ?]
ကျီဖေး
သံသယစိတ်ဖြင့် မတွေးမိဘဲမနေနိုင်ခဲ့ပေ။
လီကျစ်၏မျက်နှာပြောင်းလဲမှုသည်
မြန်ဆန်လွန်းသည်ဟု ကျီဖေး ခံစားမိသည်။ ဒီလိုအရှက်မဲ့တဲ့လူက ဆက်ပြီးရန်ဖြစ်လိမ့်မည့်ဟု
သူ ထင်ခဲ့သည်။
ချင်မိသားစုက
သိပ်ပြီးမစဉ်းစားမိချေ။ ထိုအချိန် သူတို့ လီမိသားစုအား
တတ်နိုင်သမျှ မြန်မြန်ပျောက်ကွယ်သွားစေချင်ရုံသာမက ၎င်းတို့နှင့် တစ်နေရာတည်းအတူမရှိချင်တော့ပေ။
လီမိသားစုမှ
အဖွဲ့ဝင်သုံးဦးသည် မတည်မငြိမ်ခြေလှမ်းများဖြင့်ထွက်ခွာသွားခဲ့ပြီး လီကျီချောင်သည် လူတိုင်းအား
တိတ်တဆိတ်ပြန်လှည့်ကြည့်နေခဲ့သည်။
ချင်ရန်သည်
သူမမိခင်ရင်ခွင်ထဲတွင် ဝမ်းနည်းပူဆွေး နေရင်း ရုတ်တရက် သူမ အကြောင်းပြချက်တစ်ခုခုကြောင့်
မော့ကြည့်လိုက်ပြီး လီကျီချောင်၏မျက်လုံးများကိုတွေ့လိုက်ရသည်။ ခဏအကြာ သူမ နှလုံးသားထဲ
တစ်ခုခုလှစ်ဟာသွားသလိုပင်။
လီကျစ်သည်
လီကျီချောင်၏အပြုအမူကိုသတိပြုမိလိုက်ရာ ရုတ်တရက် သူ့အားပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
လီကျီချောင်တုန်လှုပ်သွားပြီး
မော့ကြည့်လိုက်ရာ လီကျစ်၏ဒေါသထွက်သောအမူအရာကိုတွေ့လိုက်ရသည်။
လီကျီချောင်၏နှလုံးသားသည်
ကြောက်ရွံ့မှုကြောင့် ချက်ချင်းကျုံ့သွားခဲ့သည်။
လီကျစ်သည်
မကျေမနပ်အကြည့်ဖြင့် ဆုတ်လိုက်ပြီး တိတ်တဆိတ် သွားများအံကြိတ်လိုက်သည်။ ချင်မိသား စုအား
ကျောခိုင်းလိုက်ချိန်တွင် သူ့ပါးစပ်ထောင့်ထက် ရက်စက်သောအပြုံးတစ်ခု ကွေးကောက်သွားသည်။
ချင်ရန်၊
ချင်မိသားစု၊ မင်းတို့ နောင်တရလိမ့်မယ်။
လီကျစ်၏မျက်နှာထက်
စိတ်လှုပ်ရှားမှုများထွက်ပေါ်လာသည်။
ထွက်သွားခါနီး
လူဆိုးကိုမြင်တော့ ကျီဖေး မှတ်ချက်မပေးဘဲမနေနိုင်ချေ- [သူတို့ ဒီလောက်မယုတ်မာခဲ့ဘူးဆိုရင်
ဒိလိုအဆုံးသတ်ရမှာ မဟုတ်ဘူး ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ၊ ဒါကို ကံတရားလို့ခေါ်တယ်]
ချင်ရှန့်သည်
ကျီဖေးအားစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ ရှုပ်ထွေးနေခဲ့သည်။
[ဒါပေမယ့်
ဒီကလေးကတော့ သနားစရာလေး။ အိမ်ပြန်ရောက်ရင် အရိုက်ခံရလိမ့်မယ်ထင်တယ်။ အဲ့ဒါ ငါ့ရဲ့ အသိစိတ်ကို
နည်းနည်းတော့နာကျင်စေတယ်။ အဲ့လို ယုတ်ညံ့တဲ့မိန်းမနှင့်
ကြောက်စရာကောင်းတဲ့ ယောင်္ကျား ကနေ ဘယ်လိုလုပ် ဒီလိုကလေးလေးမွေးလာတာလဲ ? ဒါ ဝါးပုပ်ကနေထွက်လာတဲ့
မျှစ်ကောင်းတစ်ခုပဲ၊ ဒါပေမယ့် ထူးဆန်းတာက ဘာလို့ ကိုယ့်ရန်သူကို ကလေးကို အမေအဖြစ်အသိအမှတ်ပြုခိုင်းရတာလဲ ? လက်စားချေဖို့လား
? အဲဒီလောက်ထိ သွားဖို့တကယ်ဆန္ဒရှိတာလား ? ဘာတွေ တွေးနေကြတာလဲ...]
ကျီဖေး၏တုန်လှုပ်ချောက်ချားဖွယ်ရာ
အတွေးများကို နားထောင်ရင်း ချင်ရှန့် ၎င်းအားလွန်စွာတွေးတောနေစရာ မလိုဟုခံစားမိသည်။
ကလေးသည်
ချင်မိသားစုမှရှယ်ယာများနှင့် လီမိသားစုမှအရာအားလုံးကို အမွေဆက်ခံရန် အရည်အချင်းပြည့်
မီဖို့သေချာစေရန်အတွက် အခြားမည်သည့်အရာရှိနိုင်မည်နည်း။
တစ်ချိန်ချိန်တွင်
ချင်ရန် အမှန်တကယ်ကလေးမရနိုင်ပါက၊ မွေးစားခြင်းသည် တစ်ခုတည်းသောရွေးချယ်မှုဖြစ်သည်။
သူ့သွေးသားမဟုတ်ပါက လီကျစ် လုံးဝသ ဘောမည်မဟုတ်ချေ။
ချောင်မုန့်၏ကိုယ်ဝန်ကိုစဉ်းစားပြီး
ကလေးတစ်ယောက် စွန့်လွှတ်ရခြင်းသည် ကျိုးကြောင်းဆီလျော်ပုံပေါက် သည်။
အမှန်တော့
ကလေးသည် အမေနှင့်အဖေကြားက ဆက် ဆံရေးအကြောင်း သိနိုင်လောက်သည့် အရွယ်ရှိနေပြီဖြစ်သည်။
နောက်ဆုံး ချင်ရန်သည်သာ ထိုမိသားစုထဲ တစ်ဦးတည်းသော အပြင်လူဖြစ်နေလိမ့်မည်။
ထိုသို့သောမြင်ကွင်းကို
တွေးကြည့်ရုံဖြင့် ကြောက်စရာကောင်းလှသည်။ ကံကောင်းထောက်မစွာ ကျီဖေးရှိနေခဲ့သည်။
ချင်ရှန့်
တွေးနေချိန်မှာပဲ ကျီဖေးသည် တံခါးပေါက်နားရောက်ခါနီး လီမိသားစုသုံးယောက်ထံ လေးမြှားပစ်လွှတ်လိုက်သလိုမျိုးပြေးထွက်သွားသည်ကိုတွေ့လိုက်ရသည်။
[Ahhhhhhhhhhhhhh!]
ထိုစဥ်အတွင်းစိတ်ထဲမှ
အော်ဟစ်သံသည် ချင်မိသားစုဝင်များအား တုန်လှုပ်စေကာ ဟန်ချက်ပျက်လုနီးပါးဖြစ်သွားသည်။
ကျီဖေး
လီကျီချောင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တစ်စုံတစ်ယောက်လုယူခံလိုက်ရသကဲ့သို့ လီကျစ်
၏နောက်ကျောအား ကန်ကျောက်လိုက်သည်ကို သူတို့တွေ့လိုက်ရသည်။
လီကျီချောင်သည်
နောက်ပြန်လှန်သွားသဖြင့် ချင်ရှန့် သူ့အားဖမ်းရန် နောက်မှမလိုက်မိပါက လဲကျသွားမည်ဖြစ်
သည်။
သို့သော်
လီကျစ်မျာ အခြေအနေပိုဆိုးလာသည်။ လီကျီချောင်တွက် အနာဂတ်အစီအစဉ်များကိုတွေးတောနေချိန်
ရုတ်တရတ် ကန်ချက်ကြောင့် သတိလစ်သွားကာ မားမားလီပါ တစ်ပါတည်း မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။
သူ့နှာခေါင်းသည်
စကျင်ကျောက်ကြမ်းပြင်နှင့် ရင်းနှီးစွာ မိတ်ဆက်ခဲ့ပြီး နာကျင်မှုကြောင့်အော်ဟစ်သံသည်
ခြံဝန်းတစ်ခုလုံးပဲ့တင်ထပ်သွားရသည်။
သို့သော်
မည်သူမှဂရုမစိုက်ကြချေ။ ချင်မိသားစုဝင်များအားလုံး ကျီဖေး၏အတွင်းစိတ်ထဲမှအသံကို နားစွင့်နေခဲ့ကြသည်။
[စနစ်၊
နင် ခေါင်းမကောင်းတော့ဘူးလား ? ငါ့ကို ပေးတဲ့အတင်းအဖျင်းက လှည့်ကွက်တွေနဲ့လေ၊ ငါတို့
အခုလေး တင် ကပ်ဆိုက်တော့မလို့ဟဲ့]
[နင်က ငါ
အသေးစိတ်ချက်ကျလက်ကျမေးသင့်တယ်လို့ လာပြောနေတယ်ပေါ့လေဟ ? လီကျစ်က သူ့သားအရင်းကိုမွေးစားတော့မှာဆိုပြီးပြောမှတော့
သေချာ ပေါက် အဲ့တာ တရားမ၀င်ကလေးတစ်ယောက်လို့ထင်ခဲ့တာပေါ့]
[တကယ်တော့
ဒီလူယုတ်မာက မိန်းမနှစ်ယောက်မွေးတဲ့ ကလေးတွေကိုတောင် တစ်ပြိုင်တည်းလဲဖို့သတ္တိရှိသေးတယ်၊
ကိုးနှစ်ကြာပြီးတော့လဲ ချင်ရန်ကို ကလေးမွေးစားခိုင်းဖို့ ထပ်ခေါ်လာသေးတယ်။ ရွံဖို့ကောင်းလိုက်တာ
ဘယ်လိုတောင် လူစိတ်မရှိလို့ အဲ့လိုစက်ဆုပ်စရာကိစ္စမျိုးကိုလုပ်ရတာလဲ ?]
[လီကျီချောင်ကို
ချင်ရန်ရဲ့သားအရင်းဖြစ်လိမ့်မယ်လို့ ငါ လုံးဝမမျှော်လင့်ထားဖူးဘူး!!!!!!!!!]