Ch 14
Viewers 550

Chapter 14

 

 

 

ညအတော်နက်လာပြီဖြစ်သောကြောင့် ကိစ္စများကို နောက်မှဖြေရှင်းရပေမည်။

 

ပါးပါးချင်သည် လီကျီချောင်အား ချင်ရှီဟုအမည်ပြောင်းကာ ချင်မိသားစုနေအိမ်တွင် ချင်ရန်နှင့်အတူ နေထိုင်စေခဲ့သည်။

 

ချင်ရှီသည် အိမ်ပြန်ရောက်သည်နှင့် အိပ်ငိုက်နေပြီဖြစ် သည်။ သူသည် ပြင်းထန်သော ခံစားချက်များနှင့် ရိုက် ခတ်ခံရသော်လည်း ကလေးတစ်ယောက်သာဖြစ်သော ကြောင့် နိုးထရန်ခဲယှဉ်းလွန်းသည်။

 

ချင်ရန်သည် ကလေးငယ်အနားမှ ခေတ္တမျှပင် ထွက်သွားရန်ဆန္ဒမရှိပေ။

 

ပါးပါးချင်နှင့် မားမားချင်တို့သည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူတို့၏မြေးကိုကြည့်နေခဲ့ကြသည်။

 

အဆုံးတွင် ချင်ရှန့်လည်း ရောက်လာသည်။

 

"ဖေးဖေး ဘယ်မှာလဲ" မားမားချင် မေးလိုက်သည်။

 

ချင်ရှန့်သည် "သူ(မ) အခန်းထဲမှာ အနားယူနေတယ်"

 

ချင်မိသားစုဝင်များတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချင်ရှီမှလွဲ၍ ကျန်လူများ အာရုံအပြည့်စိုက်ထားကြသည်။

 

"ဘာတွေဖြစ်နေတာလဲ၊ ငါတို့တွေ ဖေးဖေးရဲ့ အတွေးတွေကို တကယ်ကြားနိုင်တာလား ?"

 

ပါးပါးချင် မေးလိုက်သည်။

 

ချင်ရှန့်သည် ဤနေ့အစောပိုင်းက ကုမ္ပဏီတွင် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံးရှင်းပြခဲ့သည်။

 

"လောလောဆယ်တော့ ကျွန်တော်တို့ မိသားစု၀င်တွေကပဲ ကြားရတာနဲ့တူတယ်"

 

"ငါတို့ အခု မကြားရတော့‌ဘူးလား ?"

 

မားမားချင်သည် အံ့သြတကြီးမေးလာသည်။

 

"ဒါက သာမန်စကားပြောသလိုမျိုးပဲ သူ(မ)နဲ့ အရမ်း‌ဝေးလွန်းရင် ကြားရမှာမဟုတ်ဘူး"  ချင်ရှန့် ရှင်းပြသည်။

 

"ဒီတခေါက် ကျဲတို့က သူ့ကိုအကြွေးတွေ အများကြီးပဲ တင်ခဲ့တာ၊ သူ ကျဲတို့ကို ကယ်ခဲ့တာပဲ၊ ဒါပေမဲ့  သူ(မ) ဒါတွေ အားလုံးဘယ်လိုသိတာပါလိမ့်"

 

ချင်ရန်သည် ရှုပ်ထွေးနေဆဲပင်။ အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားပြီး အိပ်မက်တစ်ခုလိုပင် လက်တွေ့မကျဟု ခံစားရသည်။

 

ကျီဖေးသာ အဖြစ်မှန်ကိုမထုတ်ဖော်ခဲ့ပါက သူ(မ)နှင့်   ချင်ရှီသည် ဘဝတစ်လျှောက်လုံး တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုနိုင်မှာ မဟုတ်ချေ။ ဤသည်မှာ အတွေးဖြင့်ပင် ကြောက်စရာကောင်းလှသည်။

 

"မကြာသေးခင်ကမှနဲ့တူတယ်၊ သူမ အရာအားလုံးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်နိုင်တဲ့အစွမ်း ရှိလာတာပဲ၊ ကျွန်တော်တို့ သူ့အတွေးတွေကိုကြားရတာက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကြောင့်နဲ့တူတယ်၊ ကျွန်တော့်အထင်တော့ အဲ့အကြောင်းကို  သူ(မ)ကို မပြောတာအကောင်းဆုံးပဲ၊ တတိယညီလေးနဲ့ စတုတ္ထညီမလေး ပြန်လာတဲ့အခါမှ သူတို့လည်း ကြားရလားဆိုတာ တစ်ချက်စောင့်ကြည့်ရမယ်"

 

ဤကဲ့သို့သော သဘာဝလွန်ဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် မည်သူတွင်မှ နည်းလမ်းမရှိသဖြင့် ၎င်းတို့သည် ယခုအချိန်တွင် တိတ်တဆိတ်သာ လက်ခံလိုက်ရသည်။

 

"သမီးအထင် ဖေးဖေးက ပြောင်းလဲသွားသလိုပဲ"

 

ချင်ရန် လေးနက်စွာ ပြောလိုက်သည်။

 

ကျီဖေးသညိ သူ(မ)လက်ထပ်ပြီးချိန်မှ ချင်သားစုဆီရောက်လာသဖြင့် ၎င်းတို့သိပ်မသိကျွမ်းခဲ့ချေ။ သူ(မ) သည် ကျီဖေးမှာ တစ်ယောက်တည်းနေရသည်ကို နှစ် ခြိုက်သည်ကို သိသည်။ ထို့နောက် ချင်ရှန့်နှင့် မတော်တ ဆလက်ထပ်မိသွားပြီး မားမားချင်၏ နေ့တိုင်းညည်း ညူသံကို  သူ(မ)မှတ်မိသည်။ ၎င်းတို့နှစ်ယောက်သည် လိုက်ဖက်သော တွဲဖက်များဖြစ်မလာခဲ့ချေ။

 

"တကယ်တော့ ဖေးဖေး ငယ်ငယ် အရမ်း ထူးဆန်းပြီး လိမ္မာပါးနပ်တဲ့ကလေးပဲ" မားမားချင် ရုတ်တရက် အတိတ်ကအကြောင်းများကို ပြန်တွေးလိုက်သည်။

 

"သူ့ မိဘတွေ ဆုံးပါးသွားပြီးနောက်မှ သူ(မ)ကို မိသားစုထဲက ဆွေမျိုးတွေက အနိုင်ကျင့်လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာပြီး သူ(မ)ရဲ့ ပင်ကိုယ်စရိုက်ကလည်း သိသိသာသာပြောင်းလဲသွားခဲ့တာ၊ အခုကျ သူ(မ)က ငယ်ငယ်တုန်းက ကလေးဘ၀က သူလေးနဲ့ ပိုတူလာပြီ"

 

"ဘာပဲဖြစ်ဖြစ် ဖေးဖေးက မင်း ပတ်ဝန်းကျင်က ဒုက္ခတွေကိုရှင်းပေးရုံတင်မကဘူး မင်းအစ်မနဲ့တူကိုလည်းကယ် တင်ခဲ့တယ်" 

 

ပါးပါးချင်သည် ချင်ရှန့်ပုခုံးကို ပုတ်ပြီးပြောလိုက်သည်။

 

"မင်း သူ(မ)ကို သေသေချာချာလေးကျေးဇူးဆပ်ရမယ်"

 

မားမားချင်သည် တစ်နေ့တာရှိ အဖြစ်အပျက်များကို သတိရမိသဖြင့် ပြုံးကာ "ဖေးဖေးက အပြင်ပန်းကြမ်း တမ်းသလိုထင်ရပေမဲ့ တကယ်တော့ ကြင်နာတတ်တဲ့ နှလုံးသားရှိတာပဲ၊ သား သူ(မ)ကို ပိုပြီး နားလည်မှုပေးသင့်တယ်"

 

ချင်ရန်ကလည်း "နင် သူ(မ)ကို လက်ထပ်ဖို့ သဘောတူပြီးကတည်းက စိတ်ဆင်းရဲအောင်မလုပ်မိစေနဲ့"

 

ချင်ရှန့်သည်လည်း ကျီဖေး၏အကြောင်းကို ကောင်း ကောင်းနားလည်သဖြင့် သူတို့၏အိမ်ထောင်ရေးသည်   ဒီထက်ပိုချောမွေ့လာမည်ဟု မျှော်လင့်သည်။ ထိုသို့ မချောမွေ့နိုင်ရင်လည်း သူတို့အိမ်ထောင်ရေးကို ဒေါသဖြင့် နိဂုံးမချုပ်ချင်သလို ကောင်းမွန်သည့်လမ်းခွဲမှုသာဖြစ်ဖို့ လိုလားသည်။

 

သူတို့သည် တစ်ခန်းတည်း မနေကြပေ။

 

ချင်ရှန့်သည် ထိုကိစ္စကိုသိပ်စဉ်းစားဘဲ ကျီဖေး၏ ပိုက် ဆံအလွန်ကြိုက်သော စိတ်ကိုသတိပြန်ရကာ

 

"ကျွန်တော် သူ(မ)ကိုငွေလွှဲပေးလိုက်မယ်"

 

ချင်မိသားစုဝင် သုံးယောက်:…

 

သူ(မ)လိုချင်တာက သူမဟုတ်ပဲနဲ့ ပိုက်ဆံတဲ့လား ? ငွေက အချစ်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ!

 

ချင်ရှန့်သည် ၎င်းတို့၏အကြည့်များကို ခံစားလိုက်ရသောကြောင့်  " သူ(မ) ပိုက်ဆံအရမ်းကြိုက်တယ်၊ ကျွန်တော် ဒီနေ့  သူ(မ)ကိုပိုက်ဆံလွှဲပေးတုန်းက အရမ်းပျော်သွားတာ"

 

ချင်မိသားစု၀င် သုံး‌ယောက်သည် ချင်းရှန့်မှာ စိတ်ခံစား မှုကင်းမဲ့နေသည်ဟုသာ တွေးမိကြသည်။

 

သို့သော် နောက်တစက္ကန့်တွင် ချင်ရှန့်သည် ရုတ်တရက် မျက်ခုံးများတွန့်ကွေးလျက် တွေးမိလိုက်သည်။ "မဟုတ်သေးဘူး သူ(မ)ကို ပိုက်ဆံပေးတာထက် ရင်းနှီးမြှုပ်နှံပေးတာကပိုကောင်းတယ်"

 

၎င်းတို့ သုံးယောက်လုံးအံ့သြနေကြသော်လည်း ကျေနပ်ကြဆဲဖြစ်သည်။ ၎င်းတို့၏အမြင်အရ ချင်ရှန့်သည် ကျီဖေးအတွက် အားစိုက်မထုတ်လိုစိတ်ရှိပုံရသည်။

 

တကယ်တော့ ချင်ရှန့်သည် ကျီဖေး၏အတွေးများကို ရုတ်တရက် သတိရသွားရုံပင်။

 

သူ့ပါးစပ်များ လှုပ်ခတ်သွားသည်။ သူတို့သာ ကွာရှင်းဖြစ်ခဲ့မယ်ဆိုရင် သူ(မ)အား ပိုက်ဆံမပေးလို့မရပေ။ သူတို့မကွာရှင်းဖြစ်ခဲ့ပါက ဇနီးဖြစ်သူကောင်ချောလေးထား နိုင်ရန် ပိုက်ဆံပေးဖို့ သူ့ထံစေသနာမရှိချေ။

 

သို့သော် သူ မည်မျှပင် တားဆီးရန်ကြိုးစားသော်လည်း အတွင်းရန်ကိုသာ ခက်ခက်ခဲခဲတားဆီးနိုင်မည်။

 

ချင်ရှန့်သည် သူ့အခန်းထဲပြန်ရောက်သောအခါ ကျီဖေးနှင့် စကားပြောရန် စီစဉ်ခဲ့သည်။

 

သို့သော် သူ တံခါးမခေါက်မီ အခန်းတွင်းမှ အသံများကို ကြားလိုက်ရသည်။

 

ထိုသည်မှာ အတွေးများလည်း စကားပြောနေတာလားဆိုတာ ခွဲခြားဖို့အချိန်အနည်းငယ်ပိုင်းခြားလိုက်ရသည်။

 

[အားးးး! ငါတော့ ချမ်းသာသွားပြီဟေ့! ပါးပါးချင်၊ မားမားချင်နဲ့ ချင်ရန်တို့က ဘာလို့ ငါ့ဆီကို ပိုက်ဆံလွှဲပေးကြတာလဲ။]

 

[အိုး အိုး အိုး၊ သူတို့က ငါ မတော်တဆဖော်ထုတ်ပေး လိုက်လို့ ကျေးဇူးတင်နေတဲ့ပုံပဲ။]

 

[သူတို့အားလုံးက တကယ့်လူကောင်းတွေပဲ! ငါလည်း လူကောင်းပဲလေ ဟီးဟီး၊ ကြည့်ရတာ ကောင်းတာတွေလုပ်တော့ ကောင်းကျိုးပေးတာနဲ့တူတယ်ဟေ့]

 

[အရင်က ငါ့မှာရှိတဲ့ ပိုက်ဆံနဲ့ ပေါင်းလိုက်ရင် စုစု ပေါင်း... ဆယ်သန်းပေါ့! ငါ တစ်ရက်ထဲမှာ ဆယ်သန်းရခဲ့တယ်!၊ ရေးဟေး! ချင်ရှန့်နဲ့ ကွာရှင်းပြီး ဘာမှမရရင် တောင်  ငါ ကြောက်တော့မှာ မဟုတ်ဘူး... ကောင်ချောလေးတွေ၊ အကောင်းစားလေးတွေ၊ six pack နဲ့၊ ဟီးဟီး...၊ ရေးရေး!]

 

ကျီဖေးသည် အခန်းတွင်းတွင် ကုတင်ပေါ်တွင် ခုန်ဆွခုန် ဆွလုပ်လျက် ဖုန်းကိုကိုင်ကာ ကျေးဇူးတင်စာများပို့နေချိန် တံခါးခေါက်သံကိုကြားလိုက်ရသည်။

 

ကျီဖေးသည် တံခါးကိုဖွင့်လိုက်ရာ ချင်ရှန့်သည် ရှည် လျားလှသောအရပ်ဖြင့် တံခါး၀တွင် တည့်မတ်စွာရပ်နေကာ သူ့အမူအရာသည် အနည်းငယ်ထူးဆန်းနေသည်။

 

သူ့အကြည့်များ ကျဆင်းလာသည့်အခါ မမြင်ရသည့် ဖိအားများ ရိုက်ခတ်သွားသလို ခံစားရပြီး ကျီဖေးလည်း နှလုံးခုန်နှုန်းများပင် လွဲမှားသွားရပြီး အလိုလိုမေးမိသွားသည်။

 

"ဘာဖြစ်လို့လဲ ?"

 

ဒါ ကျီဖေး အပြစ်မဟုတ်ဘူး၊ ဘယ်လိုလူက ဒီလိုအေးစက်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသားတုံးကြီး စိုက်ကြည့်လာတဲ့အကြည့်ကို တည်တည်ငြိမ်ငြိမ်တုန့်ပြန်နိုင်မှာလဲ ?

 

[သူ ဒီမှာ ဘာလုပ်နေတာလဲ ? အာ ငါသိပြီ၊ သူက ငါ့ကို ကျေးဇူးတင်လို့ ပိုက်ဆံလာပေးတာလား၊ ငါ့ရဲ့ ရင်းနှီးမြုပ်နှံငွေကတော့ ထပ်တိုးလာပြီ ရေး!]

 

ချင်ရှန့်:...

 

"မင်းမှာရှိသမျှ ပိုက်ဆံတွေ ငါ့ကိုပေး"

 

ကျီဖေး: ?

 

"မင်းအတွက် ငါ ရင်းနှီးမြုပ်နှံပေးမယ်၊ ပြီးတော့ အမြတ် အစွန်းတွေရမယ်လို့ ငါလုံး၀ အာမခံတယ်"

 

ကျီဖေး: !

 

"မင်း စဉ်းစားပြီးရင် ငါ့ကို လာရှာ"

 

ထို့နောက် ချင်ရှန်း အခန်းသို့ပြန်လာခဲ့သည်။

 

ကျီဖေးသည် ယခင်ဘဝတွင် ပိုက်ဆံ၏ကျေးကျွန်ဖြစ်ခဲ့သောကြောင့် အလွန်ပင်ပန်းကြီးစွာအလုပ်လုပ်ခဲ့ရသည်။ သို့သော် ဤဘ၀တွင် သူ(မ)သည် ဘာမှမလုပ်ချင်ပဲ ငါးဆားနယ်လေးသာဖြစ်ချင်သည်။

 

သူ(မ) ကူးပြောင်းလာပြီးနောက် ပထမဆုံးလုပ်မိသည်မှာ မူလခန္ဓာကိုယ်ပိုင်သည့် အကောင့်ကို စစ်ဆေးပြီး လက်ကျန်ငွေဘယ်လောက်ကျန်လဲ တွေ့သည့်အခါ ကျီဖေးငိုမိမတက်ပင်။

 

တစ်ပြားမှ မရှိလို့လေ!

 

သူ(မ)သည် ဖျော်ဖြေရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သော်လည်း ဝါသနာအရသာဖြစ်သည်။ ထို့ပြင် သူ(မ)မှာ အရည်အချင်းမရှိပဲ ရုပ်လှလှလေးဖြင့် ကြော်ငြာများထိုင်ရိုက်နေခြင်းပင်။

 

ဤကြော်ငြာများကို အများအားဖြင့် အဆက်ဆက်ရရှိသောကြောင့် ရသည့်ငွေမှာတကယ်မများလှပေ။

 

ချင်မိသားစုမှ လူကြီးများသည် မူလပိုင်ရှင်ကို မုန့်ဖိုးများပေးလေ့ရှိသော်လည်း သူ(မ) အိမ်ထောင်ကျပြီးနောက် သူ(မ)၏ ကုန်ကျစရိတ်အားလုံးကို ချင်ရှန့်သာကျခံပေးခဲ့သည်။

 

ချင်ရှန့်၏ မူလခန္ဓာကိုယ်နှင့် ဆက်ဆံရေးမှာ တင်းမာနေသော်လည်း သူ(မ)၏ အသုံးစရိတ်ကိုဘယ်သောအခါမှ ကန့်သတ်မထားပေ။ ဘဏ်ကဒ်တွင်လည်း ငွေအပြည့်ရှိသောကြောင့် မူလပိုင်ရှင်သည် ဘယ်တုန်းကမှ ငွေကြေးပြဿနာများမကြုံခဲ့ရပေ။

 

ကျီဖေးသည်တော့ မတူချေ။ အမျိုးသားတစ်ဦး၏ကတ်ကိုအသုံးပြုရခြင်းသည် မလုံခြုံသလိုခံစားရသည်။  သူ(မ)နာမည်အောက်ရှိ ငွေသည် ပိုလုံခြုံသည်။

 

ဤနေ့တွင် ကျီဖေးသည် အမျိုးမျိုးသော ပိုက်ဆံများကို လက်ခံရရှိခဲ့သည်။

 

ပိုက်ဆံများချွေတာခြင်းမှာ သူ(မ)ပုံစံမဟုတ်သော ကြောင့် ချင်ရှန့်၏အကြံပြုချက်မှာ သူ(မ)အား အတော်လေးသွေးဆောင်နိုင်ခဲ့သည်။

 

အမှန်တော့ သူ(မ)သည် ရင်းနှီးမြှုပ်နှံမှုတွင် ထိုသို့သော ဂျီးနီးယပ်ဖြင့် မနှိုင်းယှဉ်ဝံ့ချေ။ သူသည်ငယ်ရွယ်သောအသက်အရွယ်ဖြင့် ကြီးမားသော ကော်ပိုရေးရှင်းကြီးကို အောင်မြင်စွာ လည်ပတ်နိုင်သည့်သူဖြစ်သည်။

 

ကျီဖေး တွေးပြီးသည်နှင့် ချင်ရှန့်တံခါးကို  သွားခေါက် သည်။

 

 

သူ(မ) ခဏကြာအောင် ခေါက်နေသော်လည်း တုန့်ပြန်မှုမလာသဖြင့် တိတ်တဆိတ်ငြီးတွားလိုက်သည်။

 

[ဘာလဲ ? သူပဲ ငါ့ကို လာရှာဖို့ပြောထားတာမဟုတ်ဘူးလား ?]

 

ထိုအချိန်တွင် ကျီဖေးသည် စင်္ကြံတွင်း၌ ရှိနေသဖြင့် သူ(မ)၏ အတွေးများသည် အနီးနားရှိ ချင်ရန်အခန်းထဲမှ လူသုံးယောက်ဆီသို့ရောက်ရှိသွားသည်။ ၎င်းတို့အားလုံးတံခါးပေါက်၀ကို ဟကာချောင်းကြည့်လိုက်ကြသည်။

 

ဘာလဲ ? ချင်ရှန့်က နောက်ဆုံးတော့အသိစိတ်ဝင်သွားပြီး ကျီဖေးနဲ့ အိပ်ယာအတူတူသုံးရအောင် သူ့အခန်းထဲမှာ နေခွင့်ပြုလိုက်ပြီလား…

 

ချင်မိသားစုဝင်သုံးဦး အလွန်စိတ်လှုပ်ရှားနေကြသည်။

 

ကျီဖေး စိတ်အနှောက်အယှက်ဖြစ်နေစဉ် တံခါးသည်ပွင့်ဟလာသည်။

 

ချက်ခြင်းပင် ယောင်္ကျားဆန်သည့် ဟော်မုန်းများသည် ကျီဖေးကို ရိုက်ခတ်သွားသဖြင့်  သူ(မ)ဒေါသလည်း လုံးလုံးလျားလျား နှိမ်နင်းခံလိုက်ရသည်။

 

ချင်ရှန့်သည် ရေချိုး၀တ်စုံကိုပတ်ထားကာ ဆံပင်များလည်း စိုစွတ်နေသေးသည်။ သူ၏ လက်တစ်ဖက်သည် အဖြူရောင် ပုဝါတစ်ထည်ကိုကိုင်ထားပြီး ဆံပင်များကို သုတ်လျက် ကျန်လက်တစ်ဖက်သည် တံခါးကိုဆွဲဖွင့်လျက်ရှိသည်။

 

သူ၏မှင်ကဲ့သို့ နက်မှောင်နေသည့် မျက်ခုံးနှင့် မျက်လုံးများသည် ပိုနက်မှောင်လာပြီး သူ၏ပါးပြင်သည် ရေနွေး ငွေ့ကြောင့် ခက်ရဲရဲဖြစ်နေသော်လည်း နှုတ်ခမ်းများလောက်နီဆွေးမနေချေ။

 

ရေအနည်းငယ်စိုနေသော သူသည် ခါတိုင်းထက်ပို၍ ခက်ထန်နေကာ အေးစက်နေပုံရသောလည်း နူးညံ့မှုနှင့်အတူ ပေါ့ပါးဟန်များလည်း ယှဉ်တွဲလျက်ပင်။

 

သူ၏ရှေ့သို့ အနည်းငယ် ငုံ့ကိုင်းထားသော ကိုယ်ဟန်အနေအထားကြောင့် အလျင်အမြန်ဝတ်ထားသည့် ရေချိုးဝတ်စုံသည် အနည်းငယ်ပြေလျော့သွားကာ သူ့ရင်ဘတ်ကို ပိုလျစ်ဟပြလိုက်သလိုပင်။

 

သူ့ရင်ဘတ်တွင် ကျန်ရှိနေသည့် ရေစက်များသည် ကောင်းကင်ရှိ ကြယ်များအလား အလင်းရောင်ကို သယ် ပိုးထားပြီး သူ၏ပြီးပြည့်စုံသော ကြွက်သားလိုင်းများကို ပိုပေါ်လွင်စေကာ အလွန်တော်ပနေလျက်ရှိသည်။

 

ကျီဖေး၏ဗာဒံစေ့သဏ္ဉာန်မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ(မ) လာရသည့်အကြောင်းအရင်းကို မေ့သွားကာ ယခင်မကျေနပ်ချပ်များသည်ပင် အစရှာမရလောက်အောင် မတွေးမိတော့ချေ။

 

[တစ် နှစ် သုံး...]

 

ချင်ရှန့်သည် ကျီဖေးကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ(မ) ပါးစပ်လှုပ်နေသည်ကို မြင်လိုက်သည်။

 

[အဟမ်း! ဒီပခုံးတွေ၊ ဒီကြွက်သားတွေနဲ့  မယုံနိုင်စရာကောင်းတဲ့ ခန္ဓာကိုယ်! ငါတော့ မူးလဲတော့မယ်!!!]

 

ချင်ရှန့်မျက်နှာသည် တစ်ခဏမျှပူလာသော်လည်း သူ့ပုံစံကို တည့်မတ်စွာမတ်မတ်ထားပြီး အသက်ပြင်းပြင်းရှူကာ ၀တ်ရုံကို ခပ်တင်းတင်းချည်မည့်အကြံကို စွန့်လွှတ်ပြီး ဂရုမစိုက်စွာသာနေနေသည်။

 

ဟမ့် မင်း မြင်ပြီလား ? ဒီမှာ eight pack!