Ch 15
Viewers 569

 Chapter 15

 

 

 

ချင်မိသားစုသည် ထိုရှက်စရာကောင်းသော အတွေးများကိုကြားလိုက်ရသောအခါ ပြာယာခက်သွားပြီး နောက်ဘာဆက်ဖြစ်လာမည်ကို စောင့်မျှော်နေကြဆဲဖြစ်သည်။

 

ဒီည မဟုတ်မှလွဲရော..

 

"ငါ ရေချိုးနေလို့ တံခါးဖွင့်တာ နောက်ကျသွားတယ်"

 

"အိုး ကိစ္စမရှိပါဘူး"

 

[ကောင်းတယ်! အကောင်းဆုံးပဲ!]

 

ကျီဖေးသည် အေးဆေးတည်ငြိမ်သောအမူအရာဖြင့် သူ(မ)၏အကြည့်များကို ထိုလှပသောမြင်ကွင်းမှ အတင်းအကြပ် ဖယ်ခွာလိုက်ရသည်။

 

ချင်ရှန့်၏ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။

 

"မင်း စဥ်းစားပြီလား ?"

 

ချင်မိသားစုလည်း ဂရုတစိုက်နားထောင်နေကြသည်။

 

"အင်း ကျွန်မမှာ ၁၀ သန်းရှိတယ်၊ ရှင့်ကို ကျွန်မအတွက် ရင်းနှီးမြှုပ်နှံစေချင်တယ်။"

 

ချင်မိသားစု-...

 

ချင်ရှန့် ခေါင်းညိတ်လိုက်သည်။

 

"ဒါပေမယ့် ကျွန်မသိချင်တာက အဲ့တာကို အမြတ်ရမယ်ဆိုပြီး အာမခံတယ်လို့ ဘာကြောင့် ရှင် ပြောရတာလဲ? ရင်းနှီးမြုပ်နှံမှုအားလုံးက စွန့်စားရတာရှိတာပဲမလား"

 

ကျီဖေး အလေးအနက်ပြောလိုက်သည်။

 

"ရှုံးရင် ကိုယ့်ဟာပဲ ရှုံးလိမ့်မယ်၊ မင်းပိုက်‌ဆံက လုံးဝဘေးကင်းတယ်"

 

"ဟင် ?"

 

ကျီဖေး၏တည်ငြိမ်အောင်ထိန်းထားသော မျက်နှာမှာ ပြိုလဲသွားသည်။

 

"ဒါက ငါ့ မိသားစုကို ထပ်ပြီး ကူညီပေးတဲ့အတွက် ကျေးဇူးတင်လို့၊ ဒါ ငါ တက်နိုင်သလောက် ပြန်လုပ်ပေးတာပဲ"

 

ကျီဖေးလည်း ထိုသည်မှာ  သူ(မ)အတွက်အလွန်ကြီးမား သည့် အကူအညီဖြစ်သဖြင့် ချက်ချင်းလက်ခံလိုက်သည်။

 

"ဒါဆို ကျွန်မ ရှင့်ကို ငွေလွှဲလိုက်မယ်... အာ... ခဏလေး ကျွန်မ ၉ သန်းပဲလွှဲလိုက်မယ်"

 

ချင်ရှန့်သည် ကျီဖေး၏အတွေးများကိုကြားသောအခါ အံ့သြနေမိသည်- [ငါ့ လက်ထဲမှာ ၁ သန်းလောက်တော့ သိမ်းထားရမယ်]

 

"ကျွန်မ ရင်းနှီးမြှုပ်နှံတ လစဉ်အမြတ်ရမဲ့ အမျိုးအစားကိုရွေးလို့ရမလား ?" ကျီဖေး ထပ်မေးလိုက်သည်။

 

[ဒီနည်းနဲ့ဆိုရင် ငါ လတိုင်းပုံသေဝင်ငွေရှိလာမှာဆိုတော့ စိတ်ချလက်ချနေလို့ရပြီ ]

 

ချင်ရှန့် အနည်းငယ် မျက်မှောင်ကြုတ်ကာ "မင်း ပိုက်ဆံလိုရင် ငါ့ကဒ် သုံးလို့ရတယ်"

 

"ကျွန်မ သိတယ် ဒါပေမယ့် လတိုင်းအမြတ်၀င်နေတာကို ပိုသဘောကျလို့လေ" ကျီဖေး ပြုံးလိုက်သည်။

 

[အဲဒီကတ်က ရှင့် နာမည်အောက်မှာလေ၊ စီအီးအို၀တ္ထုတွေထဲမှာဆို ကဒ်ပိတ်ခံရတာက အကောင်းဆုံးသင်ခန်း စာပဲ၊ အဲ့တော့ ငါ တစ်နေ့ သူ့ကိုစော်ကားမိရင် ကဒ်ပိတ်ခံရပြီး မွဲမသေချင်သေးဘူး]

 

(Tn: ဒို့မတ်မတ်ကျီ၏ ကွက်ကျော်မြင်တတ်မှု)

 

ချင်ရှန့် ကျီဖေး၏သံသယအတွေးများကြားပြီး မျက်လုံး ပြူးသွားခဲ့သည်။

 

"ကောင်းပြီ၊ ငါ နားလည်ပြီ၊ ငါ မင်း နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်အတွက် ပိုက်ဆံမပေးရသေးဘူးဆိုတော့ မနက် ဖြန်လောက်ကျရင် လုပ်အားခ 1 သန်းလွှဲပေးလိုက်မယ်၊ အဲ့တော့ ရင်းနှီးမြုပ်နှံငွေကို ၁၀ သန်း ထားလို့ရပြီ"

 

"ဟင် တကယ်လား ? ကျွန်မ အထင် ကျွန်မက နာမည်သိပ်မကြီးတဲ့ သာမာန်စတားလားလို့လေ ? ဘယ်လိုလုပ် လုပ်အားခက အဲ့လောက်မြင့်နေရတာလဲ ?"

 

ကျီဖေး မမှတ်မိသဖြင့် ထိတ်လန့်နေသည်။ မူလပိုင်ရှင်အမှတ်မှားတာများလား ?

 

"ဒီတစ်ခါက ခါတိုင်းထက်ဈေးပိုမြင့်တာပါ"

 

ချင်ရှန့် မုသားစကားကို တည်ငြိမ်စွာပြောလိုက်သဖြင့် ကျီဖေး သူ့အား လုံးဝယုံကြည်လေသည်။ သူ(မ)၏ စိတ်ထဲတွင် ပျော်ရွှင်ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။

 

တံခါးနားတွင် ချောင်းကြည့်နေသော သုံးယောက်သည် ကျီဖေးအတွက် စိတ်မကောင်းဖြစ်မိသည်။ ချင်ရှန့်သည်  သူ(မ)အား စိတ်ချလုံခြုံမှုမပေးနိုင်သည့်ပုံပင်။

 

ကိစ္စမရှိဘူး၊ သူတို့ အနာဂတ်ကျရင် သူ(မ)ပိုလုံခြုံတယ်လို့ခံစားရအောင် စာအိတ်နီတွေအများကြီးပေးရမယ်။

 

ချင်ရှန့်ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး မမြင်နိုင်သော အန္တရာယ်တစ်ချို့ကိုပင် ဝေဝေဝါးဝါးအာရုံခံမိ သည်။ သူ တခဏတွေးကာ

 

"မင်းမှာ ပိုက်ဆံအပိုရှိလာရင် ငါ့ကို လာပေး၊ ငါထပ်ပြီး  ရင်းနှီးမြုပ်နှံဖို့ ကူညီပေးမယ်”

 

[ချင်ရှန့်… တကယ်တော့ ရှင်... ကျွန်မကို အိမ်ထောင်ရေး သုခမပေးနိုင်တာကလွဲလို့ အကုန်ပြည့်စုံတဲ့သူပဲ]

 

ချင်ရှန့်:...

 

အိမ်ထောင်ရေးသုခ မပေးနိုင်ဘူး ? ခိုးနားထောင်နေသောသုံးယောက်မှာ တိုးတိုးတိတ်တိတ်ဆွေးနွေးလိုက်ကြသည်။

 

[ငါက သူနဲ့ တစ်ခါလောက်တော့ အိပ်ဖူးချင်တာကို]

 

ချင်ရှန့်၏နားရွက်များပူလောင်လာပြီး သူ တည်ငြိမ်သော အကြည့်ဖြင့် ကျီဖေး၏မျက်နှာကို စိုက်မကြည့်နိုင်တော့ချေ။

 

ခိုးနားထောင်နေသော သုံးယောက်သည် သူ(မ)အား တိတ်တဆိတ် အားပေးလိုက်ကြသည်။ ချင်ရှန့်သည်လည်း သူ(မ)တွေးနေသည်ကိုကြားနိုင်သဖြင့် ထိုရေခဲတုံးကို ထုခွဲနိုင်လောက်သည်။

 

[ပြောရမယ်ဆိုရင် ဒီလောက်ပြီးပြည့်စုံတဲ့ ယောက်ျားမျိုးက မိန်းမတစ်ယောက်ဆီက အခွင့်ကောင်းအယူမခံရဘူးလား... အနည်းဆုံးတော့ ငါ မယူဖူးဘူး!]

 

ချင်ရှန့်: မင်း တစ်ခုခုကို ထပ်ပြီးထုတ်ဖော်တော့မှာတော့ မဟုတ်ဘူးမှတ်လား…

 

ခိုးနားထောင်နေသော သုံးယောက်စလုံး၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သောအကြည့်များ လွှမ်းခြုံသွားသည်။ ထိုကိစ္စကို သူတို့သေချာမသိလိုက်ချေ။ ထိုစဉ်က လူများစွာသိသွားသဖြင့် ချင်ရှန်းမှာ တာ၀န်ယူရန်မှတပါးအခြား နည်းဘလမ်းမရှိပေ။

 

[ဝှက်သယ်ဖက်! တကယ်ကြီးလားဟ ?]

 

ခိုးနားထောင်နေသော သုံးယောက်- ဘာလဲ ? နင် ဘာလို့ ရုတ်တရက် အံ့သြသွားတာလဲ ?

 

ချင်ရှန့်: ငါ ဘာလို့ မကောင်းတဲ့ ခံစားချက်ရနေရတာလဲ…

 

[ချင်ရှန့်က ရေမရောတဲ့ လူပျိုစစ်စစ်ပဲ ဟားဟားဟား!]

 

ချင်ရှန့်: !!!!

 

ခိုးနားထောင်နေသော သုံးယောက် - ဘာကိုလူပျိုလဲ ?  ငါတို့ရဲ့သား/မောင်လေးက ရည်းစားထားဖူးတဲ့အပြင် အိမ်ထောင်လည်းရှိတဲ့ အထက်တန်းစားလွှာဖြစ်သလို သဘောကောင်းမနောကောင်းတာတောင်မှ အသက်၂၈ နှစ်အရွယ်အထိ ရေမရောတဲ့လူပျိုစစ်စစ် ဖြစ်နေတုန်းတဲ့လား…

 

[ဟီးဟီး!]

 

ချင်ရှန့်၏အကြည့်များ တစ်ဖက်သို့လွှဲသွားပြီး သူ့မျက် နှာသည် ထိန်းမနိုင်သိမ်းမရ ပူတက်လာသည်။ ထို့နောက် သူ(မ)ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

 

ဘာရယ်စရာပါလို့လဲ !

 

သူ(မ) လွန်သွားပြီ!  သူ(မ) စိတ်ထဲ အကျယ်ကြီးရယ်နေရုံသာမက သူ(မ)မျက်နှာပေါ်ရှိ တည်ငြိမ်မှုများပင် အက် ကွဲစပြုလာသည်။

 

ဒါ့ပြင်... ချင်ရှန့်၏ စူးရှသောမျက်လုံးများသည် စင်္ကြန် မနီးမဝေးရှိ အခန်းဆီစူးကြည့်လိုက်သည်။ သူ အဲ့ကနေ ရယ်သံတွေ ကြားနေရလားလို့…

 

ခိုးနားထောင်နေသော သုံးယောက် တံခါးပေါက်ကြားထဲ ချက်ချင်းပြေး၀င်သွားသည်။

 

ခိုးနားထောင်မိတာ သူတို့အပြစ်ပဲ။ ဒါ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ဆိုတော့ သူတို့လည်း နားမထောင်ချင်ပါဘူး၊ အားလုံး မတော်တဆပဲ‌လေ၊ ဟုတ်တယ် မတော်တ ဆကြားမိလိုက်ရုံပဲ။

 

၎င်းတို့ သုံးယောက်သား ကူကယ်ရာမဲ့စွာ အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်လုပ်နေသော်လည်း ရယ်ကြောကိုမဖြတ်နိုင်ပေ။ ထိုစဉ် ချင်ရှန့်သည် ကျီဖေးအားအခန်းထဲဆွဲသွင်းသွားတာ မြင်လိုက်ရသဖြင့် သူတို့ ရယ်သံများမထိန်းနိုင်တော့ချေ။

 

ခိုးနားထောင်နေသော သုံးယောက် : တစ်ခုခုဖြစ်တော့မှာများလား ?

 

၎င်းတို့သည် တံခါးနားသို့လျှင်မြန်စွာ ကပ်သွားလိုက်သော်လည်း ပိတ်ထားသော တံခါးကြောင့် ကျီဖေး၏ အတွေးများကိုကြားရရန် ခက်ခဲသွားသည် ။

 

ထိုအချိန်တွင် ကျီဖေး၏အတွေးများလည်း ရပ်တန့်နေမိပြီး သူ(မ)၏တုန်ရီနေသော နှလုံးခုန်သံများသာ ကျန်တော့သည်။

 

သူ(မ)ကို ရုတ်တရက် အခန်းထဲဆွဲသွင်းခဲ့သော ချင်ရှန့်ကိုအံ့ဩစွာကြည့်ကာ "ရှင် ဘာလုပ်တာလဲ ?"

 

ချင်ရှန့်သည် အဆုံးတွင် ရယ်မောသံများမကြားရတော့သဖြင့် စိတ်သက်သာရာရသွားပြီး ကျီဖေးအား မကျေမနပ်ကြည့်လိုက်သည်။

 

ထို့နောက် သူသည် အကြောင်းပြချက်အမြန်ရှာပြီး "မင်းအတွက် ရင်းနှီးမြှုပ်နှံတဲ့ စာချုပ်ရေးပေးမလို့လေ"

 

ကျီဖေး အနည်းငယ် ရှုပ်ထွေးနေသော်လည်း ရင်းနှီးမြှုပ် နှံမှုခြင်းကိစ္စဖြစ်သောကြောင့် ချင်ရှန့်၏စွမ်းဆောင်ရည်ကိုအလွန်ယုံကြည်သည်။

 

သို့သော် ချင်ရှန့်တစ်ယောက် မကျေမနပ်ဖြစ်နေသေးသည်။ ကျီဖေးအား သူ၏လျှို့ဝှက်ချက်ထုတ်မပြောဖို့ တားဆီးနိုင်သော်လည်း အတွေးများကိုတော့ မတားဆီးနိုင်ချေ။

 

သူ စာချုပ်ကိုအမြန်ချရေးလိုက်ပြီး သူနားရွက်များသည် ဆက်တိုက်နီရဲနေသော်လည်း သူ မတားနိုင်ချေ။

 

[ချင်ရှန့်ရဲ့နောက်ခံနဲ့ လူမှုအသိုင်းအဝိုင်းတွေပါကြည့်မယ်ဆို သူ ဒီအသက်အရွယ်အထိ လူပျိုဖြစ်နေတာ တကယ် ယုံဖို့ခက်တာပဲ]

 

[သူက ကိုယ့်ကိုယ်ကို အရမ်းစည်းကမ်းတင်းကြပ်တဲ့ သူဆိုရင်တောင် သူ့ရဲ့ပထမဆုံးအချစ်က အရမ်းဖြူစင်မနေဘူးလား]

 

[ဟယ် မဟုတ်မှလွဲရော... သူ မလုပ်နိုင်လို့လား...?]

 

[ဒါ အဓိပ္ပာယ်မရှိတာ၊  သူ့မှာ eight pack တောင်ရှိတာကို]

 

တံဆိပ်တုံး စာရွက်ပေါ် ရိုက်နှိပ်ပြီးနောက်  ကျီဖေးသည် သူ(မ)၏အရှက်မရှိသော အတွေးများအားဆက်မတွေးနိုင်တော့ပေ။

 

ကျီဖေး ပြီးသွားသော စာချုပ်ကိုစိုက်ကြည့်နေသော ကြောင့် ချင်ရှန့်၏ မည်းမှောင်နေသော မျက်နှာကိုသတိမထားမိချေ။

 

သူ(မ)သည် စာချုပ်ကိုကိုင်ဆောင်ကာ ဝမ်းသာအားရဖြင့် အခန်းသို့ပြန်လာပြီး နေမမြင့်ခင်အထိ အိပ်မောကျနေသော  သူ(မ)ဖုန်းထဲ ၀င်ရောက်လာသော ငွေပေးချေမှု အကြောင်းကြားစာကြောင့် နိုးလာခဲ့သည်။

 

အမှန်ပင် ၁ သန်းရောက်ရှိလာသည်။

 

သူ(မ) အောက်ထပ်သို့ဆင်းလာသည်နှင့် တပြိုင်နက် မားမားချင်နှင့် ချင်ရန်တို့သည် ချင်ရှီနှင့်အတူထိုင်ပြီး စကား ပြောနေသည်ကိုတွေ့လိုက်သည်။ ၎င်းတို့သည် လှုပ်ရှားသံကြားသဖြင့် သူ(မ)ဆီသို့မော့ကြည့်လာသည်။

 

"နိုးပြီလား ?" မားမားချင် ကြင်နာစွာပြုံးပြသည်။

 

ကျီဖေးသည် သူ့မူလကိုယ်မှာ အအိပ်နည်းသည်ကို အမှတ်ရသွားသဖြင့် အနည်းငယ်ရှက်ရွံသွားပြီး

 

"ကျွန်မ မနေ့က နည်းနည်းပင်ပန်းသွားတော့ အိပ်ယာထနောက်ကျသွားတာပါ"

 

မားမားချင်နှင့် ချင်ရန်တို့၏အမူအရာများသည် ရှုပ်ထွေးလျက်ရှိသည်။ သူတို့သည် ကျီဖေး မနိုးသေးခင်တုန်းက အမျိုးမျိုးသော အတွေးများရှိသည်။

 

မနက်စာစားချိန်တွင် မားမားချင်သည် ကျီဖေးအတွက် အာဟာရဖြစ်စေမည့် အစားအစာများ ပြင်ဆင်ဖို့ ပြောခဲ့သော်လည်း ချင်ရှန့်သည် မည်းမှောင်နေသော အမူအရာဖြင့် မလိုအပ်ဟုပြောလာသည်။

 

ထိုအချိန်တွင် ၎င်းတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့သည်ကိုသိလိုက်ပြီး ကျီဖေးအိပ်မောကျနေခြင်းသည် ချင်းရှန့်နှင့် မသက်ဆိုင်သည့်အတွက် အလွန်စိတ်ပျက်မိသွားသည်။

 

ကျီဖေးသည် ၎င်းတို့အမူအရာကိုမြင်သောအခါ-

[အိပ်ရာထနောက်ကျတာ  တကယ် မသင့်တော်တာများလား ?]

 

မားမားချင် အသိစိတ်များပြည်လည်ရောက်ရှိလာပြီး "သမီးကြိုက်သလောက် အိပ်လို့ရပါတယ်၊ ပင်ပန်းရင် များများသာအိပ်၊ မင်းတို့ လူငယ်တွေက မားတို့နဲ့မတူတဲ့ အကျင့်တွေရှိမှာပဲ"

 

ချင်ရန်လည်း ပြုံးကာ "ကျဲလည်း အိမ်ပြန်ရောက်ရောက်ချင်းဆိုတော့ အိပ်ရာထတာက အရမ်းနောက်ကျသွားတာ"

 

နံဘေးတွင် ထိုင်နေသော ချင်ရှီသည် ထိုသည်ကြားသောအခါ ချင်ရန်အား စူးစူးစိုက်စိုက်ကြည့်လာသည်။ သူ ဒီမနက် အိပ်ရာကနိုးလာသည့်အချိန် သူ့မားမားသည်လည်း သူ့ဘေးတွင်အစောကြီးနိုးနေသည်ကို တွေ့လိုက်ရသည်။

 

ချင်ရန်သည် သားဖြစ်သူ၏ အကြည့်ကိုမြင်သောကြောင့် ရုတ်တရက် ရှက်ရွံ့သွားပြီး ခပ်တိုးတိုးကပ်ပြောသည်။

 

"မား နောက်ဆို အဲ့လိုမလုပ်တော့ဘူးနော်"

 

ထိုသည်မှာ ကျီဖေးသက်သောင့်သက်သာဖြစ်စေရန် ၎င်းတို့အကောင်းဆုံးကြိုးစားပေးနေခြင်းပင်။

 

ကျီဖေး အောက်ထပ်သို့ဆင်းလာပြီးနောက် မားမားချင်သည် ကျီဖေးအတွက် ပေါ့ပါးသောအစားအစာများကို ပြင်ဆင်ပေးရန် အစေခံများကိုအမိန့်ပေးလိုက်သည်။ မကြာခင်တွင် ၎င်းတို့အတူတူ နေ့လည်စာစားရမည်ဖြစ် သည်။

 

"ဒီနေ့ အဘိုးကြီးချင်နဲ့ ချင်ရှန့်က နေ့လည်စာစားဖို့ ပြန် လာမှာမဟုတ်ဘူး၊ ဒါကြောင့် ငါတို့နဲ့အတူ ရှီအာပဲရှိမှာ"

 

မားမားချင်သည် အပြုံးတစ်ပွင့်ဖြင့် စကားဆိုသည်။

 

ချင်ရှန့်သည် နေ့လည်စာစားရန် ပြန်လာခဲသည်။ ထို့အပြင် ယမန်နေ့က အတွင်းရေးမှူးကျင်းနှင့် ဖြစ်ပွားခဲ့သော ကိစ္စများ၏နောက်ဆက်တွဲပြဿနာများကို ကိုင် တွယ်ရန် လိုအပ်သေးသည်။

 

ပါးပါးချင်သည် ယနေ့တွင် လီမိသားစု၏ကိစ္စများကို ကိုင်တွယ်ရန် ရှားရှားပါးပါးအပြင်ထွက်ခြင်းဖြစ်သည်။

 

ကျီဖေး ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

 

"မင်္ဂလာပါ တီလေး"

 

ချင်ရှီသည် နာခံမှုရှိစွာနှုတ်ဆက်လာသော်လည်း သူ့မျက်လုံးထဲရှိ စိတ်မသက်မသာမှုများကိုတော့ မဖုံးကွယ်နိုင်ချေ။

 

ချင်ရှီသည် သူ၏မိသားစုဝင်အသစ်များနှင့် အကျွမ်းတ၀င်မရှိကြောင်း ထင်ရှားသည်။ သူသည် အပြုံးတစ်ပွင့်ကို တပ်ဆင်ထားသော်လည်း ထိတ်လန့်သောခံစားချက်များကိုမူ ဖယ်ရှားရန်ခဲယဉ်းနေသေးသည်။

 

အဆုံးတွင် ၎င်းတို့မှာ မိသားစု၀င်များဖြစ်သော်လည်း ကိုးနှစ်ကြာ သူစိမ်းများဖြစ်ခဲ့သောကြောင့် ရင်းနှီးရန် အချိန်ယူရမည်ဖြစ်သည်။

 

မားမားချင်နှင့် ချင်ရန်တို့သည် ချင်ရှီ၏မသက်မသာဖြစ်မှုကို သတိပြုမိသော်လည်း ယခုထက်ပိုကောင်းမည့် ချဉ်းကပ်နည်းကို မစဉ်းစားတက်ချေ။ ၎င်းတို့၏ ဂရုစိုက်မှုများကို ပြသသော်လည်း ကလေးငယ်သည် လီကျစ်နှင့် ချောင်မုန့်တို့ကြောင့် နာကျင်စရာအတိတ်ဆိုးမှရုန်းမထွက်နိုင်သေးပေ။

 

သို့ဖြစ်ရာ လေထုသည်လည်း ကသိကအောက်နိုင်လာသည်။

 

ကျီဖေးသည် အကြံတစ်ခုရသွားပြီး မျက်လုံးများ၀င်းလက်သွားသည်။

 

[ချင်ရှီက Rubik's cubes, Lego, ဉာဏ်စမ်းဂိမ်းတွေနဲ့ ကစားရတာ အရမ်းကြိုက်တယ်၊ ဒါပေမဲ့ သူ့မှာ Rubik's cubes ကလွဲပြီး ဘာမှမရှိဘူး၊ အဲ့ပစ္စည်းတွေကို ဈေးကြီးတယ်ဆိုပြီး ချောင်မုန့်ကမ၀ယ်ပေးလို့ပဲ၊ အဲ့ဒါက ဘယ် လိုလုပ်ဈေးကြီးမှာလဲ၊ သူ(မ)က ချင်ရှီအတွက် ပိုက်ဆံ တစ်ပြားတစ်ချပ်မှမဖြုန်းချင်တာ အသိသာကြီးကို]

 

မားမားချင်နှင့် ချင်ရန်တို့၏အမူအရာများ ချက်ချင်း အေးခဲသွားသည်။ ၎င်းတို့သည် ချင်ရှီအား ဘာကြိုက်လဲ မေးသော်လည်း သူသည် Rubik's Cubesဟုသာ ပြန်ဖြေခဲ့သည်။

 

ယခုအခါမှ ၎င်းတို့သိလိုက်ရသည်မှာ သူကြိုက်သောပစ္စည်းများသည် စျေးကြီးသည်ထင်သောကြောင့် မပူ ဆာတာဖြစ်နိုင်သည်။

 

ထိုအတွေးများသည် အမျိုးသမီးနှစ်ဦး၏နှလုံးသားကို ပိုအက်ကွဲစေသည်။

 

ကျီဖေး မပြောမှီ မားမားချင်နှင့် ချင်ရန်တို့သည် ချင်ရှန့်နှင့် သူ့တတိယညီ ချင်ကျောက်တို့တွင် Lego နှင့် ဉာဏ်စမ်းဂိမ်းများဂိုဒေါင်အပြည့်ရှိကြောင်းပြောလာခဲ့သည်။

 

"ရှောင်ရှီ မင်း အဲ့တာတွေနဲ့ ကစားရတာကြိုက်လား ? အဲ့ဒါတွေ လိုချင်လား..."

 

"သား ကြိုက်ပါတယ်" ချင်ရှီ ချက်ချင်းပြန်ဖြေသည်။

 

ထိုသည်မှာ သူကြိုက်သည် မကြိုက်သည်နှင့်မဆိုင်ပဲ သူ့ကိုယ်သူ ချင်မိသားစုဝင်များနှင့် ပိုတူလာစေခဲ့သဖြင့် ဤနေရာတွင်နေရန် ယုံကြည်မှု ပိုရှိလာစေသောကြောင့်ဖြစ် သည်။

 

မားမားချင်နှင့် ချင်ရန်ပြောသည်မှာအမှန်ပင်။ အိမ်ရှိ ဂိုဒေါင်ထဲတွင် ကစားစရာအများအပြားရှိသော်လည်း သူတို့၏ ၉နှစ်တာပျောက်ဆုံးခဲ့သည့် ရတနာလေးအတွက်တော့ ဤဂိုဒေါင်လောက်နှင့် မလုံလောက်ပဲ ဆယ်ဆမက ပေးချင်မိသည်။ ထို့ကြောင့် ချင်ရှီအတွင် ဂိုဒေါင်ထဲမှ ပစ္စည်းများပေးရုံသာမက ပစ္စည်းအသစ်များကိုလည်း အဆက်မပြတ်မှာယူလိုက်သည်။

 

ပါးပါးချင်နှင့် ချင်ရှန့်တို့ ညနေခင်းပြန်လာသောအခါ အိမ်တော်ထိန်းသည် ၎င်းတို့အာ ပထမထပ်ရှိအခန်းလွတ်တစ်ခုထဲသို့  ပျော်ရွှင်စွာခေါ်သွားခဲ့သည်။ အထဲတွင် ကစားစရာမျိုးစုံဖြင့် ပြည့်နှံနေပြီး အမျိုးသမီးသုံးဦးနှင့် ကလေးတစ်ယောက်သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာဆော့ကစားနေကြသည်။

 

ထိုမြင်ကွင်းသည် တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေခဲ့သော သားအဖနှစ်ယောက်၏နှလုံးသားကိုနွေးထွေးသွားစေသည်။

 

ညစာစားပြီးနောက် ပါးပါးချင်နှင့် ချင်ရှန့်တို့လည်း အတူ တူကစားခဲ့ကြသည်။

 

တစ်ပတ်လောက်အကြာ ကိစ္စတော်တော်များများပြေ လည်သွားသည်။

 

ပါးပါးချင်သည် အရေးယူရန် ပြတ်ပြတ်သားသားဆုံး ဖြတ်ခဲ့သည် - ကွာရှင်းခြင်း၊ သတင်းပို့ခြင်း၊ တရားစွဲခြင်းများနှင့် အရာအားလုံးကို စီစဉ်ခဲ့သည်။

 

လီမိသားစု၏ပုဂ္ဂလိကဆေးရုံသည်လည်း ဒေဝါလီခံသွားရပြီး လီကျစ်သည် ဒေဝါလီခံကြောင်းကြော်ညာရန် တွန်းအားပေးခံရပြီး အကြွေးများစွာ ကျန်ရစ်ခဲ့သည်။

 

လီမိသားစုသည် နေ့ချင်းညချင်းပင် လမ်းပေါ်ရောက်သွားခဲ့သည်။ လီမားမားသည် ချင်အိမ်တော်သို့ အသနား ခံရန်အကြိမ်အနည်းငယ်ခန့် လာရောက်ခဲ့သော်လည်း ခမည်းခမက်များ မဟုတ်တော့သောကြောင့် ခြံတံခါးဝကိုပင်မဖြတ်နိုင်ခဲ့ပေ။

 

ပါးပါးချင်သည် လီမိသားစုမှ မည်သူ့ကိုမျှ ချင်ရန်နှင့်    ချင်ရှီတို့အား တွေ့ခွင့်မပေးချေ။

 

လီကျစ်နှင့် ချောင်မုန့်တို့အား ထောင်ချရန် စီစဥ်ထားသော်လည်း ချောင်မုန့်တွင် ကိုယ်ဝန်ရှိနေသောကြောင့် လီကျစ်သည် ချောင်မုန့်အား ရှားရှားပါးပါး ကာကွယ်လာခဲ့ကာ အပြစ်များကို သူတစ်ယောက်တည်းခါးစီးခံခဲ့သည်။

 

သို့သော် ချောင်မုန့်သည်တော့ ကိုယ်လွတ်ရုန်းခဲ့သည်။  သူ(မ)တွင် အနာဂတ်အတွက် မျှော်လင့်ချက်မရှိတော့သလို လီကျစ်သည်လည်း သူ(မ)အားကာကွယ်ဖုံးဖိပေးခဲ့သဖြင့် လီမားမားအား ခဏစောင့်ရန်မှာကြားကာ သူ(မ)သည် ကိုယ်ဝန်ဖျက်ချပြီး သဲလွန်စမရှိပျောက်ကွယ်သွားခဲ့သည်။

 

အဆုံးတွင် ဘေးအန္တရာယ်ကျရောက်သောအခါ လူတိုင်းသည် မိမိအတွက်ကိုသာ ပိုပိုသာသာလေးတိမ်းစောင်း တတ်ကြသည်။ လီကျစ်သည် အခြေအနေကိုသိလိုက်ရချိန် ထောင်ထဲရူးသွပ်သွားသဖြင့် ထောင်ဒဏ်ထပ်တိုးခြင်းခံလိုက်ရသည်။

 

ဆယ်ရက်အကြာတွင် လီမိသားစုဆိုသည် မြို့မှပျောက် ချင်းမလှပျောက်ကွယ်သွားသည်။

 

ထို့နောက် ချင်ရှီအတွက် ကျောင်းပြောင်းရွှေ့ပြီး မိသားစုအသစ်နှင့် ဘ၀အသစ်စတင်ရန် စီစဉ်မှုများပြုလုပ်ခဲ့သည်။ သို့သော် ထိုမတိုင်ခင် ချင်ရှီအတွက် ချင်မိသားစုအဖြစ် အသိအမှတ်ပြုပွဲတစ်ခုစီစဉ်ပေးခဲ့သည်။

 

ကျီဖေးသည် ပွဲအတွက် ဧည့်သည်စာရင်းကိုကြည့်ကာ အနည်းငယ်နှမျောတမ်းတဖြစ်နေသည်။

 

[ငါနာမည်တွေတော့ သိရပေမဲ့ သူတို့ မျက်နှာတွေကိုမသိဘူးဖြစ်နေတယ်၊ မဟုတ်ရင် ဒီထက်ပိုပြီး ဖရဲသီးစားနိုင်မှာကို၊ ပြောရမယ်ဆိုရင် ဒီလိုအထက်တန်းလွှာအသိုင်း အဝိုင်းက ဖရဲသီးကမှ တကယ့်ကိုအရည်ရွှမ်းတာ]

 

ချင်မိသားစုဝင်များသည် ဆိုဖာပေါ်ရှိ စာရင်းများကို ဆွေးနွေးနေကြသော်လည်း ချက်ခြင်းအာရုံပြောင်းသွားသည်။ ဘယ်သူက အရည်ရွှမ်းတဲ့ ဖရဲသီးကြီးတွေကို တောင့်ခံနိုင်မှာလဲ ?

 

မကြာသေးမီက ကျီဖေးကြောင့် သူတို့ ဖရဲသီးများစွာစားနိုင်ခဲ့သည်။ သူတို့သည် အိမ်တော်ထိန်းကြိုက်နေသည့် အစေခံကိုပင် သိခဲ့ကြရပြီး ၎င်းတို့သည် သူတို့အား းနေ့တိုင်း Ship နေမိသည်။

 

"စကားမစပ်... အဲ့ကောင်လေး ချင်ကျောက်က အလုပ်ရှိတယ်ဆို၊ သူပဲ ဝေးလံခေါင်သီတဲ့ တောင်တန်းတွေဘက်မှာ ရိုက်ကူးရေးရှိတယ်ဆိုပြီး ပြောထားတာမဟုတ်ဘူးလား" ပါးပါးချင် မေးလိုက်သည်။

 

ချင်မိသားစု၏တတိယမြောက်သားဖြစ်သူ ချင်ကျောက်သည်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိ အနုပညာအသိုင်းအ၀ိုင်းတွင် ထိပ်တန်းကျော်ကြားသူတစ်ဦးဖြစ်သည်။

 

ချင်ရှန့်သည် "တတိယမြောက်ညီက သူ သေချာ‌ပေါက် ပြန်လာမယ်ဆိုပြီး ကျနော့် ဆီဖုန်းဆက်တယ်၊ ကြည့်ရတာ။ အရေးကြီးကိစ္စ တစ်ခုခုပြောစရာရှိလို့နဲ့တူတယ်"

 

ထိုစကားကြောင့် ချင်မိသားစုဝင်များသည် တိတ်ဆိတ်သွားကာ သူတို့၏အမူအရာများသည် အနည်းငယ်ထူး ခြားသွားသည်။

 

ကျီဖေးသည် ပတ်၀န်းကျင်အား တစ်ချက်အကဲခတ်လိုက်ပြီး သူ(မ)အတင်းအဖျင်းစနစ်ကို ဖွင့်ကြည့်လိုက်သည်။

 

[ငါ သိပြီ၊ ချင်ကျောက်က သူ့ အိမ်ထောင်ဖက်ကို ပြောင်းချင်နေတာကိုး ]

 

[အစက သူ ချူမိသားစုရဲ့အကြီးဆုံးသမီးနဲ့ စေ့စပ်ထားတာ ဒါပေမယ့် သူက ချူမိသားစုရဲ့အငယ်ဆုံးသမီးကိုပဲ ကြိုက်တာ]

 

[သမီးအကြီးဆုံးက နာမည်ဆိုးရှိပြီး လူတိုင်းက သမီးအငယ်ကိုပဲ ချီးကျူးနေကြတယ်]

 

ချင်မိသားစုဝင်များသည် အံဩမသွားချေ။ နှစ်များစွာကြာလာသည်နှင့်အမျှ ချင်ကျောက်၏ ခံစားချက်များ သည် ပို၍ သိသာထင်ရှားလာသည်။ ၎င်းတို့မိသားစုသည် ကလေးများကို အချစ်ရေးအချစ်ရာတွင် လွတ် လပ်စွာရွေးချယ်ခွင့်ပြုသော်လည်း သားဖြစ်သူ၏ စိတ်မြန်လက်မြန်လုပ်တက်တဲ့ အကျင့်ကြောင့် အဆင်မပြေမှာကိုတော့ စိုးရိမ်မိသည်။

 

ကျီဖေးသည် ချင်ကျောက်ပြန်လာခြင်းမှာ စေ့စပ်လမ်း ကြောင်းပြောင်းရန်ဟု ပြောလာသဖြင့် သူတို့လည်းအ သင့်လျော်ဆုံးနည်းကိုဆွေးနွေးရန် သူပြန်လာချိန်ကို စောင့်ရမည်။

 

၎င်းတို့ အားလုံးတွေးနေစဉ် ကျီဖေး၏သက်ပြင်းချသံကို ကြားလိုက်ရသည်။

 

[အချစ်ဆိုတာ တကယ့်ကိုခန့်မှန်းလို့မရဘူးပဲ၊  ချင်ကျောက်ငယ်ငယ်တုန်းက သေလုနီးပါးဖြစ်တဲ့အချိန် သူ့ကို ကယ်တင်ခဲ့တဲ့သူက ချူမိသားစုရဲ့အကြီးဆုံးသမီးပေမဲ့ သူကတော့ ညီမဖြစ်သူကို ချစ်မိသွားတာပဲ]

 

ချင်မိသားစုဝင်များ...

 

ခဏလေး! သူတို့ ဘာကြားလိုက်မိတာလဲ !?

 

ငယ်ငယ်တုန်းက ချင်ကျောက်ကိုကယ်ခဲ့တာက ချူမိသားစုရဲ့အငယ်ဆုံးသမီး မဟုတ်ဖူးလား !!!!!!!