Ch 16
Viewers 575

 Chapter 16

 

 

 

ပွဲနေ့ရောက်သော်

 

ချင်းရှန့် ပွဲအတွက်ပြင်ဆင်မှုများပြုလုပ်ရန် အိမ်သို့စော စောပြန်လာခဲ့သည်။

 

တစ်မိသားစုလုံး အဆင်သင့်ပြင်ဆင်နိုင်ရန် အထူးသီး သန့်ခန်းသပ်သပ်ထားရှိသဖြင့် ချင်ရှန့် ရောက်ရှိချိန် ဖီးလိမ်းပြင်ဆင်ပြီး အသင့်ဖြစ်နေသော ကျီဖေးကိုတွေ့လိုက်ရသည်။ ယနေ့ကျီဖေးသည် ယခင်ကနှင့်ခြားနားလို့နေသည်။ ယခင်က သူမသည် မိတ်ကပ်ထူထူလိမ်းခြယ်ရသည်ကိုနှစ်သက်ပြီး ဥယျာဉ်ထဲမှာ မျက်စိအဖမ်းစားဆုံး နှင်းဆီပန်းကဲ့သို့ အထူးခြားဆုံးအဖြစ်အောင် ဆွဲဆောင်မှုရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် အလှဆင်ထားသလို၊ သူ့မျက်လုံးထဲ အံ့တသြအကြည့်မမြင်ရမချင်း မကျေနပ်သလိုပင်။

 

သို့သော် ယနေ့မှာ ကျီဖေးသည် ပုလဲလည်ဆွဲနှင့် ပေါ့ပါးပါး ကျက်သရေရှိသည့် အဝါဖျော့ဖျော့ဂါဝန်ရှည်ဝတ် ဆင်ထားပြီး ရိုးရှင်းကာအမြင်တင့်တယ်နေသည်။ သူမ ၏ရေတံခွန်လို ဆံပင်ရှည်များအား အနည်းငယ်ကောက်လိုက်ရုံဖြင့် စတိုင်လ်ကျကာ အသက်ဝင်နေလေသည်။

 

သူ ချဉ်းကပ်လာသည်ကိုမြင်တော့ သူမ ဂါဝန်ကိုမကာ အမြန်လျှောက်လာသည်။

 

"မားက အပြင်ထွက်ပြီး ဧည့်သည်တွေကို အတူတူနှုတ် ဆက်ဖို့ပြောထားတယ်။"

 

ချင်ရှန့်ခေါင်းညိတ်ပြကာ ကျီဖေး သူ့အား မေးခွန်းထုတ်သလို အပေါ်အောက်ငုံ့ကြည့်နေသည်ကို သတိထားမိလိုက်သည်။

 

[အင်း၊ သူက ချောပြီးသားဆိုတော့ စတိုင်ကျအောင် ဘာမှထပ်လုပ်ဖို့မလိုတော့ပါဘူး]

 

ချင်ရှန့် အမူအရာသည် အနည်းငယ်သဘာဝမကျသလို ဖြစ်သွားသည်။ သူသည် တတိယညီနဲ့မတူသဖြင့် စတိုင်ကျအောင်လုပ်ဖို့ရည်ရွယ်ချက်မရှိခဲ့ပေ။

 

ချင်ရှန့် ရှက်ကိုးရှက်ကန်းဖြစ်မှုကို ဖုံးကွယ်ပြီး "သွားကြရအောင်" ဟုပြောလိုက်သည်။

 

၎င်းတို့ထွက်ခွာခါနီး ချင်ရန် ချင်ရှီအား ဆွဲခေါ်လာသည်ကိုတွေ့လိုက်ရသည်။

 

ချင်ရန်နှင့် ချင်ရှီတို့နှစ်ဦးစလုံးသည် ကျီဖေး၏သွင်ပြင်ကြောင့် အံ့အားသင့်သွားကြသည်။

 

ချင်ရန် ပြုံးပြီး "မင်းရဲ့ ဒုတိယဒေါ်လေး ဘယ်လောက်လှလဲ ကြည့်စမ်း။"

 

ချင်ရှီ နာခံစွာခေါင်းညိတ်ပြီး "အင်းး၊ လှတယ်"

 

ကျီဖေးသည် ချီးကျူးခံရသဖြင့် နည်းနည်းရှက်သွားပြီး အဆင်မပြေမှုတွေကိုရှောင်ရှားရန် အာရုံလွှဲဖို့ဆုံးဖြတ်လိုက်သည်။ ချင်ရှီကို ငုံ့ကြည့်ကာ

 

"ဒေါ်လေးက ပိုလှလား ဒါမှမဟုတ် နင့်မားကပိုလှလား ?"

 

ချင်ရှီ ရှက်ဝဲဝဲဖြင့် "မားက အလှဆုံး"

 

ချင်ရန်သည် သားဖြစ်သူ၏ခေါင်းကိုကိုင်လိုက်သည်။ ၎င်းတို့၏သွေးရင်းဆက်နွယ်မှုကြောင့် မိခင်နှင့်သားကြား အကွာအဝေးသည် မကြာသေးမီရက်များအတွင်း လျင်မြန်စွာလျော့သွားခဲ့ပြီး ယခုအခါ ၎င်းတို့သည် ယခင်ကိုးနှစ်တာခွဲခွာမှုမှာ တစ်ခါမှမဖြစ်ခဲ့ဖူးသည့်အ လား နီးကပ်လာခဲ့ကြသည်။

 

လီကျစ်နှင့် ချောင်မုန့်တို့၏ ချစ်ခြင်းမေတ္တာ နည်းပါးလွန်းသဖြင့် ၎င်းတို့ရဲ့အမှားကြောင့် ချင်ရှီသည် ထိုအ ပြောင်းအလဲကို အလျင်အမြန်လက်ခံနိုင်ခဲ့ပြီး အခုအခါ ၎င်းတို့အကြောင်း ရံဖန်ရံခါမှသာစဉ်းစားမိတော့သည်။

 

"စကားမစပ်၊ ရုန်ရုန်ရဲ့ ပုံကြမ်းခရီးက ရှားရှားပါးပါး အခွင့်အရေးဆို‌တော့ သူ ပြန်မလာနိုင်ဘူး"

 

ဟု ချင်ရန် ကူကယ်ရာမဲ့စွာပြောလိုက်သည်။

 

"သူ စောစောက ဗီဒီယို‌ကောလ်ခေါ်ပြီး ကျဲကိုတောင်း ပန်သွားတယ် ရှောင်ရှီအတွက်တော့ လက်ဆောင်တစ်ခု ပို့ပေးခဲ့တယ်။"

 

ချင်မိသားစု၏စတုတ္ထသမီးဖြစ်သူ ချင်ရုန်သည် တက္က သိုလ်ကျောင်းသူဖြစ်ကာ ယခု ကမ္ဘာ့တစ်ဖက်ခြမ်း၌ ပုံကြမ်းရေးဆွဲနေခဲ့သည်။

 

ချင်ရှန့် သူနားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

 

ထို့နောက် ချင်ရှန့်သည် ကျီဖေးနှင့် ဧည့်သည်များကို စောင့်ဆိုင်းရန် ပင်မဝင်ပေါက်သို့ရောက်ရှိလာခဲ့သည်။

 

ဧည့်သည်များအဆက်မပြတ်ရောက်လာသည်နှင့်အမျှ  ရည်ရွယ်ချက်ကောင်းဖြင့်ကြည့်ခြင်းထက် အဆိုးမြင်သည့်အကြည့်တချို့ သူမထံ ဝေ့ဝဲရောက်ရှိသည်ကိုသတိပြုမိလိုက်သည်။

 

အများစုသည် စပ်စုခြင်း၊ အကဲခတ်ခြင်းနှင့် ရန်လိုသောအကြည့်များသာ။

 

ချင်ကော်ပိုရေးရှင်း၏ ယခင်အဖြစ်အပျက်သည်အတော် လေးကိုတုန်လှုပ်သွားစေခဲ့သည်။ ကိစ္စရပ်များကို တရား ဝင်ရှင်းလင်းရန်အတွက် အစည်းအဝေးတစ်ခုကျင်းပရုံသာမက အထူးသဖြင့် နစ်နာကြေးငွေတောင်းခံခဲ့သည့် ကျီဖေး၏အေးဂျင့်အား တိုက်ရိုက်အမည်ပျက်စာရင်းသွင်းခံကာထုတ်ပယ်ခဲ့သည်။

 

ဤသည်ကိုကြည့်ခြင်းဖြင့် ချင်ရှန့်သည် သူ့ဇနီးဖြစ်သူအား အပြည့်အ၀ထောက်ခံအားပေးနေသော်လည်း၊ သူသည် အချစ်မပါသည့် အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ထားသူဖြစ်သည်။

 

ထိုအချိန်တွင် အကဲခတ်နေသူအများစုက ၎င်းတို့သည် ကွာရှင်းပြတ်စဲကြမည်မှာ သေချာသည်ဟုထင်ကြပြီး ချမ်းသာသောမိသားစုများမှ အမျိုးသမီးငယ်အချို့သည် ၎င်း၏ဒုတိယမြောက်ဇနီးဖြစ်လိုပါက ဤမျိုး ဆက်၏အကောင်းဆုံးနှင့် အလားအလာအရှိဆုံး အမွေဆက်ခံသူနှင့် လက်ထပ်ရန်စောင့်ဆိုင်းနေကြသည်။

 

ထိုဧည့်သည်များ၏စိတ်ထဲ အမျိုးမျိုးသောအိမ်ထောင် ရေး မဟာမိတ်အစီအစဉ်များရှိကောင်းရှိနေနိုင်သည်။

 

[ဝမ်းနည်းစရာကောင်းတာက မိဖုရားနန်းမစွန့်သေးဘူး၊ နင်တို့ရဲ့အကြံအစည်က အလကားပဲ ဟား ဟား~]

 

ကျီဖေး၏ကြည်နူးမှုနှင့် မာနထောင်လွှားသော အတွင်းစိတ်အတွေးများကို နားထောင်ရင်း ချင်ရှန့်၏မျက်ခုံးများ အနည်းငယ်လှုပ်ယမ်းသွားကာ ဧည့်သည်များကို နှုတ်ဆက်ရင်းငြိမ်သက်နေခဲ့သည်။

 

မကြာခင်မှာပင် ချူမိသားစုရောက်ရှိလာသည်။

 

သို့သော် လူလေးယောက်မျှော်လင့်ထားသော်လည်း သုံးယောက်သာပေါ်လာသည်။

 

သက်လတ်ပိုင်းဇနီးမောင်နှံ၏နောက်တွင် ရိုးစင်းသော အမူအရာဖြင့် အမျိုးသမီးတစ်ဦးရှိသည်။ အခြားသူများ အပြုံးရိပ်ဖြင့်ရောက်ရှိလာချိန်တွင် သူမသည် ပတ်ဝန်း ကျင်အားစိတ်မဝင်စားသလို အေးအေးစက်စက်အငွေ့ အသက်များ ထုတ်လွှတ်လျက်ရှိသည်။

 

သူမသည် အနက်ရောင်ဝတ်လာကာ ဖြောင့်စင်းသော အနက်ရောင်ဆံနွယ်များအားချထားခဲ့သည်။ သူမသည် မည်သည့် လက်ဝတ်ရတနာမှ လုံး၀မ၀တ်ထားသဖြင့်  ချမ်းသာသောမိသားစုမှ မိန်းမပျိုလေဟုလုံးဝမထင်ရပေ။

 

"အာ ချင်ရှန့်၊ မတွေ့ရတာကြာပြီ၊ မင်း ပိုပြီးတော်လာတယ်" မစ္စတာချူက ရှေ့တိုးလာပြီး ချင်ရှန့်အားနွေးထွေးစွာ နှုတ်ဆက်လာသည်။

 

မစ်ချူသည် ပြုံးပြပြီး အဆိုပါစကားဝိုင်းထဲ လာရောက်ပြောဆိုလာသည်။ အခြားသောမာနကြီးသည့် အမျိုးသ မီးများကဲ့သို့ပင် သူမ၏မျှော်လင့်ချက်အားလုံး ချင်ရှန့်ထံသာအာရုံစူးစိုက်ခဲ့ပြီး ကျီဖေးကိုတော့ လုံးဝလျစ်လျူ ရှုထားခဲ့သည်။

 

ကျီဖေး ဘာမျဝင်မပြောဘဲ ၎င်းတို့အားစိတ်ဝင်တစားကြည့်နေခဲ့သည်။

 

မျက်နှာကိုမှတ်မိပြီးနောက် အတင်းပြောဖို့ပိုလွယ်လာသည်။

 

သူ့အကြည့်များသည် ၎င်းတို့နောက်ရှိ အမျိုးသမီးထံရောက်သွားသည်။ အမျိုးသမီးက သူ့အားငေးကြည့်ရင်း ယဉ်ယဉ်ကျေးကျေးခေါင်းညိတ်ပြဘာသည်။

 

"နင်က ချူရှင်းယွဲ့ လား ? ဒါမှမဟုတ် ချူရွယ်ချီ ?"

 

ကျီဖေးက ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

 

ဒီမျက်နှာကို သူမရဲ့မှတ်ဉာဏ်ထဲ အရင်ကမြင်ဖူးပေမယ့် သူတို့အား ခွဲခြားသိနိုင်လောက်အောင် မရင်းနှီးခဲ့ချေ။

 

အဆုံးမှာ... ၎င်းတို့သည် အမွှာညီအစ်မများသာ

 

တစ်စုံတစ်ယောက်က ဟန်ဆောင်မှုမရှိဘဲတိုက်ရိုက်မေးတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်နိုင်သည်။ ချူရှင်းယွဲ့  ထိတ်လန့်သွားပြီး သူ့ဘေးမှ မစ္စတာချူနှင့် မစ္စချူတို့လည်း အံ့အားသင့်စွာကြည့်လာကြသည်။

 

"ကျမက ချူရှင်းယွဲ့ ပါ"

 

"အိုး ချူမိသားစုရဲ့အကြီးဆုံးသမီးပေါ့၊ ဒုတိယသမီး က ကော နင်နဲ့အတူ မလာဘူးလား ?" ကျီဖေး စိတ်ဝင်တစား မေးလိုက်သည်။

 

ချူရှင်းယွဲ့၏မျက်လုံးများထဲ စိတ်အားငယ်သည့်အရိပ် အမြွက်ဖြတ်ပြေးသွားပြီး အသံတိုးဝင်သွားကာ

 

"သူ့ကို တစ်ယောက်ယောက်ခေါ်လာနေပြီ"

 

မစ္စတာချူနှင့် မစ္စချူသည် ချူရှင်းယွဲ့၏လေသံထဲမှ တစ်စုံတစ်ရာကိုသတိပြုမိသွားပုံရပြီး သူမအားချက်ခြင်း မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ပြုံးကာ

 

"ငါတို့ရွှယ်ချီက ရုပ်ရှင်ရိုက်နေတယ်လေ၊ ငါတို့နဲ့လိုက်ခဲ့မယ်ဆိုရင် သေချာပေါက်အဆင်ပြေမှာမဟုတ်ဘူး"

 

သူတို့ပြောလို့မပြီးခင်မှာပင် အပျော်စီးကားတစ်စီးဝင်လာခဲ့သည်။

 

ဧည့်သည်ကားတွေအားလုံးအပြင်မှာ ရပ်ထားရခြင်းဖြစ်ပြီး ချင်မိသားစု၏ကိုယ်ပိုင်ကားများကိုသာ ခြံထဲမောင်းနှင်ခွင့်ပြုခဲ့သည်။

 

ကားတံခါးပွင့်လာသည်နှင့် ခြေတံရှည် တစ်စုံထွက်လာပြီး Fashion Week ၌ Show လျှောက်သကဲ့သို့ ဖက်ရှင်ကျကျ၀တ်စားထားသည့် အမျိုးသားတစ်ဦးသည် သူ့ နေကာမျက်မှန်ကို ချွတ်လိုက်ရာ ချင်းရှန့်နှင့် 60-70% လောက်တူသည့် မျက်နှာထက် မောက်မာတဲ့မျက်နှာထားကို ထုတ်ဖော်လိုက်သည်။

 

ကင်မရာထဲ ကြည့်လို့ကောင်းသော်လည်း သူ့မျက်နှာသည် ချင်ရှန့်ထက်သေးကာ သူကတော့ပြီးပြည့်စုံသည့် အဝတ်ချိတ်တစ်ခုပင်။ ချင်မိသားစုထံ ကောင်းသောမျိုးဗီဇရှိသည်ဟုဆိုနိုင်သည်။

 

ထိပ်တန်းနာမည်ကြီးတစ်ယောက်၏ ကျက်သရေရှိမှုကြောင့် လူငယ်ဧည့်သည်တော်တော်များများ အတင်း အဖျင်းပြောပြီး ဝိုင်းဖွဲ့ကြတယ်။

 

"Wow! ဟဲ့ အဲ့ဒါ ချင်ကျောက်မှတ်လား ? ငါ သူ့ဒရာမာ ကြည့်ပြီးသွားပြီ၊ သူ အရမ်းချောတာပဲ!"

 

"ငါတော့ သူ့အမာခံဖန်ဖြစ်သွားပြီ၊ နောက်မှ သူနဲ့ဓာတ်ပုံတွဲရိုက်ရမယ်။"

 

"သူက ဆိုင်သူရှိသွားပြီး ဆိုးလိုက်တာ..."

 

"ဟင်း၊ သူ့မိဘတွေနဲ့အတူပါလာတဲ့သူက ချင်ကျောက်ရဲ့အမည်ခံ စေ့စပ်ထားသူ ချူရှင်းယွဲ့လေ၊ ဒါနဲ့‌ဘေးက ခရီးသည်ထိုင်ခုံမှာ ဘယ်သူရှိမယ်ထင်လဲ..."

 

ချင်ကျောက်သည် ခရီးသည်တံခါးအားယဉ်ကျေးစွာဖွင့်ထားပြီးဖြစ်သောကြောင့် နောက်ထပ်ခန့်မှန်းရန်မလိုအပ်တော့ချေ။ ဒါတင်မကသေးဘဲ ကားပေါ်ကိုငုံ့ကာ အမျိုးသမီးတစ်ဦး ထွက်ရန်ကူညီ‌ပေးခဲ့သေးသည်။

 

ထိုအမျိုးသမီးသည် အနက်ရောင်ဆံပင်ရှည်ရှိကာ ချူရှင်းယွဲ့ ၏မျက်နှာနှင့်ဆင်တူသော်လည်း နူးညံ့သိမ်မွေ့သောအမူအရာဖြင့် အဖြူရောင်ဝတ်စုံရှည်ကို၀တ်ဆင်ထားသည်။

 

"ကျေးဇူးတင်ပါတယ် ချောင်ကော"

 

"သတိထား၊ ငါ့ကို သေချာကိုင်ထား။"

 

ဧည့်သည်အနည်းအကျဉ်း လာရောက်လည်ပတ်ကြပြီး အထက်တန်းလွှာအဖွဲ့အစည်းတွင် လျှို့ဝှက်ချက်ဆို သည်မှာမရှိသလောက်ပင်။ ဒီလိုနဲ့လူတိုင်း ဒရာမာကြည့်ရန် မျှော်လင့်နေသည့်အကြည့်များဖြင့် တီးတိုးပြောလာကြသည်။

 

ချူလင်မယားနှစ်ယောက်သည် ၎င်းတို့၏သမီးငယ်    နေမကောင်းပုံပေါက်သည်ကို ချက်ချင်းသတိပြုမိကာ စိုးရွံ့စွာပြေးသွားပြိး သူမအား အဖိုးတန်ရတနာအဖြစ် သဘောထားကြသည်။

 

"ဒါလင် ဘာဖြစ်နေတာလဲ ? ထိခိုက်ထားလို့လား"

 

မစ်ချူ စိုးရိမ်တကြီးမေးလိုက်သည်။

 

"ဘာမှမဟုတ်ပါဘူး၊ ရုပ်ရှင်ရိုက်နေတုန်း ခြေကျင်းဝတ်နည်းနည်းလည်သွားလို့၊ တကယ်က မပြင်းထန်ပါဘူး။ ချောင်ကောက အရမ်းစိုးရိမ်လွန်နေတာပါ" ဟု ချူရှင်းယွဲ့  ရှက်ကိုးရှက်ကန်းဖြင့်ရှင်းပြသည်။

 

"အိုး၊ ပါး သမီးကို အလုပ်အရမ်းမလုပ်ဖို့ပြောခဲ့သားပဲ၊ တကယ်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ၊ ပါး ကူညီ ပေးမယ်..."

 

မစ္စတာချူ စကားမဆုံးခင် မစ္စချူထံမှတံတောင်ဆစ်နဲ့ လှမ်းထိုးခံလိုက်ရသည်။

 

ချင်‌ကျောက်သတိမထားမိဘဲ ချူရွှယ်ချီအား ဆက် လက်ထောက်ခံပြီး "အထဲ အရင်ဝင်ကြရအောင်။ ရွှယ်ချီက ကြာကြာမရပ်နိုင်ဘူး"

 

ထို့နောက် ထိုအုပ်စုသည် ချူရွှယ်ချီအားလိုက်ပါပို့ ဆောင်ခဲ့ကြသည်။

 

ထိုအချိန် ချူရှင်းယွဲ့သည် ကိုယ်ပျောက်လူသားကဲ့သို့ ကျန်ရစ်ခဲ့ပြီး ညီမဖြစ်သူအတွက် စိုးရိမ်မှုမပြသလို စေ့စပ်ထားသူမှာ ညီမဖြစ်သူနှင့် အလွန်ရင်းနှီးလွန်းသော အပြုအမူကိုကြည့်နေခဲ့သည်။

 

သူမ ကြည့်ရသည်မှာ အသားကျနေပုံရသည်။

 

ကျီဖေးသည် အဖွဲ့ မရောက်မချင်း စေ့စေ့စပ်စပ် စူးစူးစိုက်စိုက် ကြည့်သည်။

 

လူအိုစုံတွဲ ချူရှင်းယွဲ့အား သတိပြုမိသော အခါစိတ်မသက်မသာဖြစ်သည့် အရိပ်အမြွက်များပြလာသည်။

 

ချင်ကျောက် မျက်မှောင်ကြုတ်ပြီး ရုတ်တရက် သူကူညီ‌ ပေးနေသည့် အမျိုးသမီးမှာ ထိတ်လန့်သွားပုံရပြီး သူ့ဖေးမမှုကိုတွန်းထုတ်ဖို့ကြိုးစားလာသည်။

 

"အစ်မလည်း ရောက်နေတာပဲ၊ ကျေးဇူးပြုပြီး နားလည်မှူမလွှဲလိုက်ပါနဲ့။ ချောင်ကော ညီမ ဒဏ်ရာကြောင့်လာကြို ပေးတာပါ၊ တခြားဘာမှ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။"

 

သူမ စကားပြောနေစဉ် သူမသည် ချူရှင်းယွဲ့အား အလွန်ကြောက်လန့်နေပုံရသည်။

 

ဤသည်မှာ လူတိုင်း၏အမြင်ကိုပြောင်းလဲသွားစေ သည်။ ချူရှင်းယွဲ့သည် ညီမဖြစ်သူအား မကြာခဏအ နိုင်ကျင့်သည်ဟူသော ကောလဟာလများကို ၎င်းတို့ ကြားသိခဲ့ရပြီး ယခုအခါ ချူရွှယ်ချီ ကြောက်လန့် နေပုံအရ အမှန်ဖြစ်မည့်ပုံပေါ်သည်။

 

ချင်ကျောက်သည် ချူရွှယ်ချီ၏လက်အား ချူရှင်းယွဲ့ရှေ့တွင် တမင်တကာမြင်အောင်ပြနေသကဲ့သို့ သူမအားဆုတ်ခွာခွင့်မပြုဘဲ တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

 

"သူ့ကို ကြောက်စရာမလိုဘူး၊ ဒါ ချင်မိသားစုရဲ့အိမ်၊ မင်း ရွှယ်ချီကိုအနိုင်ကျင့်ရဲရင် ငါ မင်းကိုညှာမဟုတ်ဘူး"

 

ချူရှင်းယွဲ့သည် ချင်ကျောက်အားကြည့်ပင်မကြည့်ဘဲ၊ ခါးသီးသောလှောင်ပြောင်သည့် အပြုံးတစ်ခုသာ သူမ၏ ပါးစပ်ထောင့်ထက်တွဲလဲခိုနေသည်။

 

"ရှင်းယွဲ့၊ မင်း ညီမဒဏ်ရာထားတာလေ၊ စိတ်ပူဖို့မပြောနဲ့ ဂရုတောင်မစိုက်ဘူး။ အဲဒီအေးစက်စက် မျက်နှာနဲ့ဘယ်လို လာကြည့်နေတာလဲ။"

 

မစ္စစ်ချူ မနှစ်သက်ကြောင်းပြောလာသည်။

 

"တော်ပြီ၊ သူများအိမ်မှာ ဇာတ်ကွက်လုပ်နေတာရပ်လိုက်တော့ ဘယ်ဘလာက်ရှက်စရာကောင်းလဲ၊ အားလုံးဝင်ကြရအောင်"

 

မစ္စတာချူက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

 

ချင်ကျောက်သည် ချူရှင်းယွဲ့အား အာရုံစိုက်မှုကိုရပ် တန့်လိုက်ပြီး သူ၏ဒုတိယအကိုအားခေါင်းညိတ်ပြကာ အားလုံးကို အတွင်းသို့ပို့ဆောင်တော့မည်ဖြစ်သည်။ သူ့ဒုတိယအစ်ကို၏ သဘောမကျသောအမူအရာကို သူ သတိမထားမိပေ။

 

သူ ရှေ့ကိုလှမ်းခါနီးတွင် ကျန်နေရာများမှထူးခြားသော အသံတစ်ခုကိုကြားလိုက်ရသည်။ လေသံအားအကဲဖြတ်ကြည့်သလောက် ၎င်းသည် သူသိပ်မကြိုက်သောဒုတိယ မရီးဖြစ်ပုံရသည်။

 

သူ့ဒုတိယအစ်ကိုကိုလှည့်စားခဲ့တဲ့ ကျီဖေးပဲ

 

[အိုး၊ ငါ ခဏ မျက်စိကန်းသွားတာလား ? ငါ့ရှေ့မှာ ဖြစ်သွားခြ့ကေမယ့် ငါဘာမှ မမြင်လိုက်ရပါလား ?]

 

[စိတ်ဆိုးတယ်၊ ကြောက်စရာကောင်းတယ်၊ အေးစက်တဲ့မျက်နှာနဲ့ ဝုန်းဒိုင်းကြဲတာ ? ချူရှင်းယွဲ့ အကြောင်းပြောနေကြတာလား ? ချူရှင်းယွဲ့ကဖြင့် အစကနေအဆုံးထိ သူတို့နဲ့ ဘာတစ်ခွန်းမှမပြောမိပုံပါ ?]

 

[သူတို့ အကြောင်းပြချက်မရှိဘဲ သူမ အပေါ်တံဆိပ်လိုက်ကပ်နေကြတာလား ?]

 

[အသေးလေး၊ မင်းမှာ ??? တွေအများကြီးရှိနေတာလား ? ]

 

ချင်ကျောက်- ...မဟုတ်ဘူး၊ ငါ့မှာ ??? တွေ အများကြီးရှိတယ်။

 

အဲ့ဒါ ကျီဖေး ပြောနေတာလား ?

 

ဒါပေမယ့် သူ့ပါးစပ်လှုပ်သွားတာကို ငါ ဘယ်လိုလုပ်ဘာမှမမြင်ရတာလဲ!

 

ပြီးတော့ သူ ဘာတွေပြောနေတာလဲ ?