Chapter 17
ချင်ရှန့်သည် ကျီဖေး၏ညည်းသံကို ကြားလိုက်ရာ ချင်ကျောက်
လမ်းလျှောက်ရင်း ရပ်သွားသည်ကိုမြင်လိုက်ရပြီး တစ္ဆေတစ်ကောင်လိုအမူအရာဖြင့် ပြန်လှည့်ကြည့်
နေမိသည်။ ချင်ရှန့် အခြေအနေကို ချက်ချင်းနားလည် သွားသည်။
ချင်ကျောက် စကားမပြောမီ ချင်ရှန့်က "အားကျောက်၊
မင်းရဲ့ဒုတိယအကိုကိုကူပြီး ဧည့်သည်တွေကိုဧည့်ခံပေးဦး"
ချင်ရှန့်၏လေသံသည် နက်ရှိုင်းပြီး အမိန့်တစ်ခုမဟုတ်သော်လည်း
အလိုလိုအာရုံပြောင်းသွားစေသည်။
"ကျွန်တော် ရွှယ်ချီကို အရင်ကူညီလိုက်မယ်၊
သူ သွားရလာရခက်နေလို့..."
ချင်ကျောက်မဆုံးခင်မှာ ဆူဆူညံညံအသံကထပ်ပေါ်လာသည်။
[ဒီကောင်က ငတုံးပဲဖြစ်ရမယ် ဟုတ်တယ်မလား ? သူ့မိဘတွေကော
အစ်မတွေကော အကုန်ရှိနေတာ၊ ဘာလို့ သူ့ကို ကူညီဖို့လိုတာလဲ ? သူ့ရည်းစားဆိုရင်တောင် မလိုအပ်ဘူး။
အထူးသဖြင့် အခုအခြေအနေက ဘယ် လောက်တောင် အဆင်မပြေဖြစ်လိုက်သလဲ။]
[ချင်ရှန့်က ဒီအပြုအမူ မသင့်လျော်တာကိုရှင်းရှင်းလင်း
လင်းသတိပေးနေတာလေ၊ သူကြိုက်တဲ့မိန်းကလေးနဲ့ တွေ့လိုက်တာနဲ့ သူ့ဦးနှောက်က အားလပ်ရက်ရသွားတာလား
?]
[မဟုတ်ရင် သူစောစောက ချူရှင်းယွဲ့ကိုရန်သွားစရလောက်အောင်
ကန်းနေမှာ မဟုတ်ဘူး။]
ချင်ကျောက်သည် ပြစ်တင်ဝေဖန်မှုများကြောင့် ထိတ်
လန့်သွားပြီး အရှက်ရကာ ဒေါသထွက်လာသည်။ သူ ကျီဖေးဘက်လှည့်ပြီး ဒေါသနှင့် "မင်း..."
"ဟင် ?" ကျီဖေး စိတ်ရှုပ်သွားသည်။
ကျီဖေးသည် ချင်ကျောက် သူ့အား ဖော်မပြနိုင်သည့်လေသံဖြင့်
နှုတ်ဆက်သည်ဟုထင်နေခဲ့သည်။
သို့သော် သူမ၏မှတ်ဉာဏ်ကိုအခြေခံကာ ကျီဖေးသည် စိတ်တိုနေသောတတိယမောင်ငယ်နှင့်
ပြေလည်မှုမရရှိခဲ့ပေ။
ချင်ကျောက်သည် ငယ်စဉ်ကလေးဘဝကတည်းက ၎င်း၏ဒုတိယမြောက်အစ်ကိုကို
အမြဲလေးစားခဲ့သည်။ ချင်ရှန့်၏အိမ်ထောင်ရေးကြောင့် ချင်ကျောက်သည် သူ့အသက်နှင့် မတိမ်းမယိမ်းရှိသောကျီဖေးအပေါ်
မကျေ နပ်သောဆန္ဒများကို ဖုံးကွယ်ထားခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးလုံး ဖျော်ဖြေရေးနယ်ပယ်တွင်
အလုပ်လုပ်ခဲ့ကြသော်လည်း ချင်ကျောက်သည် ကျီဖေးအားစောင့်ကြည့်လိုခြင်းမရှိသည့်အပြင် လူသိရှင်ကြား
သို့ လျှို့ဝှက်ထားကာ သူမအား "ဒုတိယမရီး" ဟုပင် မခေါ်ဆိုခဲ့ပေ။
ချင်ကျောက်သည် သူကြီးပြင်းလာမှုကြောင့် ကျီဖေးနှင့်
ပွင့်ပွင့်လင်းလင်း ထိပ်တိုက်မရင်ဆိုင်ခဲ့ချေ။
ချင်ကျောက်သည် ကျီဖေး သူ့အကြောင်းကို ယခုလိုပြောရဲဖို့မမျှော်လင့်ထားခဲ့ပေ။
"ချောင်ကော ?"
ချူရွှယ်ချီသည် အခြေအနေကိုနားမလည်သဖြင့် ချင်ကျောက်
တုံ့ဆိုင်းသွားသည်ကိုမြင်လိုက်ရသည်။ သူမ ၏ရှုထောင့်မှကြည့်လျှင် ချင်ကျောက် ကျီဖေးအားစိုက်ကြည့်နေသည်ကို
သူ မမြင်နိုင်ဘဲ သူမဘေးမှချူရှင်းယွဲ့အားကြည့်နေသည်ဟု ထင်မိသည်။
ချူရွှယ်ချီသည် နာကျင်သည့်ပုံစံဖြင့် သူမ၏အောက်နှုတ်ခမ်းကိုချက်ချင်းကိုက်ကာ
ချင်ကျောက်အား တွန်းကာ "ချောင်ကော၊ ကော ကျဲနဲ့ရှိနေသင့်တယ်၊ ညီမ တစ်ယောက်တည်းနဲ့လည်း
အဆင်ပြေပါတယ် ညီမဘာ သာသွားလိုက်ပါ့မယ် "
ချူရှင်းယွဲ့သည် အချိန်တိုင်းအလွန်တိတ်ဆိတ်နေခဲ့သော်
လည်း ယခုအချိန် သူမသည် နှုတ်မဆိတ်နိုင်တော့ချေ။
"ဒုတိယသခင်လေးချင်က တတိယသခင်လေးချင်ကိုဧည့်သည်တွေကို
ဧည့်ခံဖို့နေခိုင်းတာလေ၊ နင် ဘာလို့ ငါ့ကိုလာဆွဲထည့်နေတာလဲ ?
ချူရွှယ်ချီ ချက်ခြင်းတစ်ဆို့သွားပြီး ချူရှင်းယွဲ့အား
ထိတ်လန့်စွာကြည့်ကာ သူမ၏မျက်လုံးများသည် ပြင်း ထန်စွာနာကျင်သွားသလို ချက်ချင်းနီရဲတတ်လာသည်။
"အခု ဒါ ဘယ်လိုအခြေအနေလဲ !"
"မင်းက မင်းညီမကိုအနိုင်ကျင့်မှ နေသာထိုင်သာရှိတာလား
? ငါတို့ မင်းကို အပြင်မခေါ်ထုတ်ခဲ့သင့်ဘူး!"
မစ္စတာချူနှင့် မစ္စချူတို့ တုံ့ပြန်နိုင်ပုံရပြီး
ဒေါသများ တောက်လောင်လာသည်။
သို့သော် ချင်ကျောက် အံ့အားသင့်သွားသည်။ သူ့ဘေးမှာငိုနေတဲ့
မိန်းကလေးကိုသတိမထားမိဘဲ အေးစက်ကြည်လင်တဲ့မျက်လုံးနဲ့ ကြည့်ဖို့ ခေါင်းလှည့်ကြည့်လိုက်သည်။
ခဏလေး၊ သူမ သူ့ကို "တတိယသခင်လေးချင်"
လို့ခေါ် လိုက်တာလား ? သူ သူ့ကို အမြဲတမ်းချင်ကျောက်လို့ ခေါ်ခဲ့တာမဟုတ်ဖူးလား?
ချင်ကျောက်သည် သူ့ရင်ထဲ နားမလည်နိုင်သောစိတ်မသက်မသာဖြစ်မှုကို
ခံစားလိုက်ရပြီး အချို့သောသူများမှာ အသံဖြင့်အနှောင့်အယှက်ပေးလာသည်။
[အမလေး၊ငါ ငါ ဒေါသထွက်လိုက်တာနော်၊ ငါ ချူရှင်းယွဲ့နဲ့
မနီးစပ်ပေမယ့်လည်း ဒါကိုတော့ သည်းခံပြီးရပ်မကြည့်နိုင်တော့ဘူး။]
"စောနက ငါ့ယောက်ျား ချင်ကျောက်ကိုနေခိုင်းလိုက်တာ
ဟုတ်တယ်နော် ? ဒါနဲ့ ဘာကိစ္စ ချူရှင်းယွဲ့ကိုဆြွထည့်နေရတာလဲ ? မင်းမှာ တခြားအကြံပြုစရာရှိလို့လား
?"
ကျီဖေးသည် 'စွပ်စွဲသည့်လေသံနှင့်မဟုတ်ဘဲ နားမလည်လို့
ရှင်းပြ' ဆိုသည့် သဘောဖြင့်မေးလိုက်သည်။
ရိုးသားခြင်းသည် အကောင်းဆုံးလက်နက်ဖြစ်သည်ဟု ဆိုကြသည်
မဟုတ်ပါလား ?
ကျီဖေး၏မေးခွန်းကြောင့် ပွဲသို့ရောက်လာကြသူအားလုံး
တိတ်ဆိတ်သွားကြသည်။ လေထုသည် ရုတ်တရက် ထူး ဆန်းလာပြီး လူများစွာသည် ဖြစ်ပျက်နေသည်ကို
သဘောပေါက်သွားကြသည်။
ဟုတ်တယ်၊ ရုတ်တရက် ဒါက ဘယ်လိုဖြစ်တာလဲ ?
ချင်ကျောက်အား ဧည့်သည်များကိုဧည့်ခံပေးရန်ပြော
ခြင်းမှာ ချူရှင်းယွဲ့အား ဆက်နေဟုပြောခြင်းမဟုတ်ပေ။ ထို့ကြောင့် ချူရွှယ်ချီ၏စကားထဲ
ချင်ကျောက်နှင့် ချူရှင်းယွဲ့ မည်သို့ဖြစ်သွားရသနည်း ?
ချူမိသားစု ဒေါသဖြစ်သွားပြီး ကျီဖေးသည် ချူရွှယ်ချီအပေါ်မကြင်နာဘဲ
တစ်စုံတစ်ခုကိုချေပလိုကြောင်း အလိုလိုခံစားလာရသည်။
သို့သော် ရုတ်တရက် ချင်ရှန့်က "လူတိုင်း
တစ်ခုခုအထင် လွဲနေကြတာထင်တယ်၊ ငါ တတိယညီတစ်ယောက် တည်းကိုပဲ ကူညီဖို့ပြောလိုက်တာပါ"
ထို့နောက် စိတ်အားထက်သန်သော ကျီဖေးကိုတစ်ချက်ကြည့်လိုက်သည်။
"ငါ့ယောင်္ကျား" လို့ပြောလိုက်တာက "ခင်ပွန်းဟောင်းအစ်ကို" ဆိုတာထက်တော့
ပိုကောင်းတာသေချာသည်။
သူတို့နှစ်ဦးကြား မထင်မှတ်ထားသော တိတ်တဆိတ်နားလည်မှုသည်
ချူရွှယ်ချီအား ချက်ခြင်းမျက်ရည်ကျသွားစေသည်။ ခဏတာ သူမ စကားလုံးများပျောက်ရှသွားပြီး
အပြစ်ကင်းသောမျက်နှာဖြင့် ချင်ကျောက် ဆီသို့ ကူကယ်ရာမဲ့ကြည့်နေခဲ့သည်။
ချင်ကျောက်လည်း ထိတ်လန့်သွားသည်။
"ဒါ့နဲ့ နင့်အစ်မက နင့်ရဲ့စကားကိုပြင်ပေးရုံပဲလေ၊
အာ့တာက နင့်ကို ဘယ်လိုလုပ် အနိုင်ကျင့်တယ်ဖြစ်သွားတာလဲ၊ နင်က ဘယ်လိုအနိုင်ကျင့်ခံလိုက်ရတာလဲ။"
ကျီဖေး၏အကြည့်သည် ချူရွှယ်ချီမှ ချူမိသားစုဆီသို့
ရောက်သွားခဲ့သည်။
"ပြီးတော့ နင့်အဖေက နင့်အစ်မကို လူသိရှင်ကြားအပြစ်
နေတာ အိမ်ရှင်မိသားစုဖြစ်တဲ့ ငါတို့ကို အခက်တွေ့စေတယ်။ အကယ်၍ ပဋိပက္ခဖြစ်ကြရင် ငါတို့ကကြားကဝင်ဖြန်ဖြေပေးရဦးမှာလား။"
ဘဝတစ်လျှောက်လုံး ချောမွေ့စွာရွက်လွှင့်ခဲ့သော
ချူ ရွှယ်ချီသည် မမြင်နိုင်သောရိုက်ချက်ကြောင့်လဲကျသွားပုံရသည်။
သူမ အံသြသင့်သွားသည်။
ချူမိသားစုလည်း ယခုလိုဖြစ်ပျက်သွားသည်ကို အံ့ဩသင့်သွားကြသည်။
သူတို့သည် ချင်ရှန့်အား အံ့ဩသင့်စွာကြည့်လာကြသည်။
ချင်ရှန့်က "ကျနော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုက
လစ်ဟင်းသွားတာရှိလို့လား?"
ချူမိသားစု၏အမူအရာမှာ အဆင်မပြေဖြစ်လာသည်။ သူတို့သည်
ချူရှင်းယွဲ့အပေါ် ၎င်းတို့၏ဒေါသကိုဖြေ လျော့ချင်သော်လည်း ဖြစ်ပျက်ခဲ့သမျှကိုသတိမရဘဲမနေနိုင်ပေ။
နောက်အခိုက်အတန့်တွင် ကျီဖေးသည် ချူရွှယ်ချီအား
ရွှင်ပြုံးကာ ဖော်ရွေသောအမူအရာဖြင့်
"မင်း စောနက မှားပြောလိုက်တာပဲ၊ မင်း ချင်ကျောက်ကို
ချူရှင်းယွဲ့နားနေပေးလိုက်ပါ မင်းဘာသာ သွားလိုက်ပါ့မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ? မင်း
အဲ့လို သတိမထားဘဲ ပေါ့ပေါ့ဆဆမပြောသင့်ဘူးလေ"
လူတိုင်း အံ့ဩသွားကြသည်။ ဤစကားများကြောင့် ကျီဖေးသည်
ချင်ကျောက်နှင့် ချူရွှယ်ချီအား စုံတွဲအဖြစ် အသိအမှတ်ပြုပြီး ထိုကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချပြောဆိုခြင်းမျိုးမပြုလုပ်ရန်
ချူရွှယ်ချီအားပြောနေပုံရသည်။
ချူရွှယ်ချီသည် ယခင်ပဋိပက္ခအကြောင်းကို ခဏမေ့ထားပြီး
ကျီဖေးအားမျှော်လင့်ချက်အချို့ဖြင့် ကြည့်နေလေသည်။
ကျီဖေး ချက်ချင်းစိတ်အားထက်သန်စွာပြောလာသည်။
"နင့် မိဘတွေ ဒီမှာရှိတဲ့ဟာကို၊ နင် ဘယ်လိုလုပ်
သူတို့ကိုမမြင်တာလဲ ? ထားပါ သူတို့မဟုတ်ရင်တောင် နင့်မှာ နင့်အစ်မတစ်ယောက်လုံးရှိသေးတယ်လေ။
သူတို့ကတော့ နင့်ကို တစ်ယောက်တည်းထားခဲ့ကြမှာမဟုတ်ပါဘူး
တစ်ယောက်တည်း... တစ်ယောက်တည်း... ချူရွှယ်ချီ
သည် သူ့တစ်ယောက်တည်းနဲ့လည်း အဆင်ပြေတယ်ဟု ပြောခဲ့ဖူးသည်။
ဒါ...နည်းနည်းလွန်သွားပြီ...ကြည့်ရှုသူများ၏ အမူအရာသည်
အကြိမ်ကြိမ်ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံး လူအုပ်ထဲကတစ်ယောက်ယောက်က “ဒါ လက်ဖက်စိမ်း
အပြုအမူမဟုတ်ဖူးလား” ဟုမပြောဘဲ မနေနိုင်တော့ချေ။
"ငါ... ငါ မဟုတ်ဘူး!"
ချူရွှယ်ချီသည် နောက်ဆုံးစိုးရိမ်ထိတ်လန့်သွားပြီး
သူမ မျက်လုံးများသည် ချက်ချင်းမျက်ရည်များဖြင့် ပြည့်လာခဲ့သည်။ သူမ တစ်ခုခုပြောခါနီးတွင်
ကျီဖေးက သူမပခုံးအားပုတ်လိုက်သည်။
တစ်ချိန်တည်း သူ့မျက်ရည်များကိုရပ်တန့်နိုင်ခဲ့သည်။
ကျီဖေးက "အရမ်းကောင်းတယ်၊ နင် တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ
နင် သဘောပေါက်သွားပြီပဲ"
ချူရွှယ်ချီ၏မျက်နှာသည် အရောင်မျိုးစုံပြောင်းလဲ
သွားသည်။
[ဟားဟား၊ ဒီလက်ဖက်စိမ်းရဲ့အဆင့်က နိမ့်လွန်းတယ်ဟုတ်တယ်မလား
? သူ့စကားမှာ ယုတ္တိမရှိသလို ဟာကွက်တွေကို ဖမ်းဖို့လွယ်လွန်းတယ်။ ဒါပေမယ့် သူ့ပတ်ဝန်းကျင်က
လူတိုင်းက သူ့ကိုမျက်စိစုံမှိတ်ရုံနေကြ တော့ ဘာမဆိုပြောရုံနဲ့ သူလိုချင်တာမှန်သမျှရနိုင်မယ်လို့
ထင်နေတာဖြစ်မယ်။ ဒါပေမယ့် စိတ်မကောင်းဘူး၊ ငါက လက်ဖက်စိမ်းအကျင့်ကိုဖော်ထုတ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ ဘာမှတ်]
ချင်ကျောက်သည် အရာအားလုံးကို အံ့အားသင့်စွာကြည့်ကာ
ဖြစ်ပျက်ခဲ့သမျှကိုအံ့သြသင့်နေသည်။
ကျီဖေးက အရှုပ်ထွေးလုပ်သလိုဖြစ်နေပြီး၊ ချင်ရှန့်ကတော့
အပြီးသတ်ပေးရမည့်တာဝန်ကိုယူလိုက်သည်။း၊
ချူရွှယ်ချီသည် သူ့အားကယ်တင်နိုင်ရန် ကျယ်ကျယ်လောင်လောင်အော်ငိ့မည့်အချိန်တွင်
ချင်ရှန့်သည် ဧည့်များအား တိုက်ရိုက်ဦးညွှတ်ပြီး ဖိတ်ခေါ်သည့်အမူအရာဖြင့် အရာအားလုံးကိုအဆုံးသတ်လိုက်သည်။
ချူမိသားစုသည် နားမလည်နိုင်သော ဒေါသများဖြင့်ဗိုက်ပြည့်နေသကဲ့သို့ခံစားရပြီး
ကြောင်တက်တက်ဖြင့် ချူရွှယ်ချီနှင့်အတူ ခန်းမထဲသို့အတင်းအကြပ်ခေါ်ဆောင်သွားခံခဲ့ရသည်။
နောက်ဆုံးထွက်ခွာသွားသူ ချူရှင်းယွဲ့သည် မထွက်ခွာမီ
သူတို့အားကြည့်နေခဲ့သည်။ သူမ မျက်လုံးထဲအလင်း ရောင်တဖျပ်ဖျပ်တောက်နေပြီး သူမ အကြည့်များရွေ့
လျားသွားပြီး မရေမရာအာရုံလွင့်ပျံလာသည်။
ယခုလိုအခြေအနေမျိုးကို သူမ ပထမဆုံးကြုံဖူးခြင်းဖြစ်ရာ
မည်သို့တုံ့ပြန်ရမှန်းမသိပေ။
အားလုံးထွက်သွားပြီးနောက်၊ ချင်ကျောက် နောက်ဆုံး
အသိဝင်လာသည်။
"မင်းတို့နှစ်ယောက် အခုမှ ဘာလုပ်လိုက်တာလဲ
? ရွှယ်ချီက သိပ်အပြစ်ကင်းတယ်၊ သူမ မှားပြောမိလိုက်ရုံပဲလေ၊ မင်းတို့ ဘာလို့ သူ့ကို
ခုလိုအရှက်ရအောင်လုပ်ရတာလဲ "
ချင်ကျောက်၏အမြင်တွင် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
သဘောကျကြသော်လည်း ချူရှင်းယွဲ့နှင့် စေ့စပ်ထားခြင်းကြောင့် စစ်မှန်သောအချစ်ကို ပိတ်ဆို့ထားသလိုဖြစ်နေသည်။
ချူရွှယ်ချီသည် ရံဖန်ရံ ခါမလုံခြုံသလိုခံစားရပြီး သူမ၏အပြုအမူတွင် အမှားအယွင်းအချို့ပြုမိသည်ကို
သူ နားလည်နိုင်သည်။
"ဒါဆို ချူရှင်းယွဲ့က ဘာမှမလုပ်ဘဲ အရှက်ရဖို့ထိုက်တန်တယ်ပေါ့။"
ကျီဖေး စိတ်ဝင်တစားမေးလိုက်သည်။
ချင်ကျောက် ရင်တုန်သွားသည်။
"ချူရှင်းယွဲ့က ရွှယ်ချီကိုမကြာခဏ ငိုအောင်လုပ်တယ်။
သူ့အတွက် တခါလောက်အရှက်ရတာ ကိစ္စကြီးမဟုတ်ဘူး!"
ကျီဖေး ချင်ကျောက်အားအံ့သြစွာကြည့်ပြီးနောက် ချင်ရှန့်ဘက်သို့လှည့်လိုက်သည်။
[သူ တကယ် ရှင့်ညီ ဟုတ်ပါတယ်နော်]
ကျီဖေး၏အတွေးကိုကြားတော့ ချင်ရှန့်အနည်းငယ် ဒေါသထွက်သွားသည်။
၎င်းသည် သူ့ညီ အရင်းခေါက်ခေါက်မဟုတ်ပါလား ?
ချင်ရှန့်သည် ချင်ကျောက်အားမကျေမနပ်ကြည့်လိုက်သည်။
"အားချောင်၊ ငါတို့ မိဘတွေက ငါတို့ကို လူတွေအပေါ်မမျှမတဆုံးဖြတ်ဖို့
မသင်ပေးထားဘူး။ မင်းဘာသာ တစ်ယောက်ယောက်ကို ဘက်လိုက်နိုင်သလို မျက်နှာသာ ပေးလို့ရတယ်၊
ဒါပေမယ့် ပြဿနာကိုသေချာမြင်အောင်ကြည့်ပြီးမှ ဆုံးဖြတ်ရတဲ့နိယာမကိုနားလည်သင့်တယ်။"
ချင်ကျောက်သည် အသက်နှစ်ဆယ်ကျော်ရှိပြီဖြစ်သော်
လည်း ဒုတိယအစ်ကို ပြစ်တင်ရှုတ်ချမှုနှင့် ရင်ဆိုင်ရသောအခါတွင် သူ့အလိုလိုတုန်လှုပ်သွားသလိုခံစားလိုက်ရသည်။
ဟောပြောချက်အား နာခံမှုရှိစွာနားထောင်လိုက်သော်လည်း သူ့မျက်လုံးများထဲရှိ မကျေနပ်မှုများကို
ထင်ရှားစေသည်။
[သူ ကြည့်ရတာ နားမလည်တဲ့ပုံပဲ။ ချင်မိသားစုမှာ
ဒီလို နုံအတဲ့ မျိုးဗီဇရှိလို့လား ? လက်ဖက်စိမ်းရဲ့မျက်ရည်ကိုမြင်တာနဲ့ သူပါငိုချင်နေပြီ၊
သူရထားတဲ့ သရုပ်ဆောင်ဆုတွေက ချင်မိသားစုက ဝယ်ပေးထားတာများလား ? လက်ဖက်စိမ်းကြောင့်
ဘာမှမမြင်နိုင်တော့ဘူးပဲ]
“ဟေး မင်း…” ချင်ကျောက် နောက်ဆုံး မထိန်းနိုင်တော့ချေ။
[ပြီးပြီ အဆုံးသတ်သွားပြီ။ သူ လက်ဖက်စိမ်းကို
အရမ်းကြိုက်နေတာ၊ နောက် အဲ့လဖက်စိမ်းနဲ့သာ လက်ထပ်လိုက်ရင် ချင်မိသားစုကတော့ နေ့တိုင်းပြဇာတ်ရုံဖြစ်လာတော့မှာပဲ၊
ငါ မကြောက်ပေမယ့် သေလောက်အောင်စိတ်အနှောင့်အယှက်ဖြစ်နေရမှာ၊ အဲ့လိုဟာမျိုးနဲ့ လင် ညီအစ်မ
မဖြစ်ချင်ဘူး။ ချင်ရှန့်ကို စောစောကွာရှင်းဖို့ နည်းလမ်းရှာထားမှရမယ်။]
ချင်ကျောက်၏လည်ချောင်းထဲ စကားလုံးများပျောက် ရှသွားပြီး
အစ်ကိုဖြစ်သူကို အံ့အားသင့်စွာကြည့်လိုက်သည်။
သူ့အစ်ကိုကို လက်ထပ်ဖို့စိတ်အားထက်သန်နေခဲ့တဲ့အရှက်မဲ့မိန်းမက
ဘယ်လိုလုပ်ကွာရှင်းဖို့စဉ်းစားနေနိုင်တာလဲ ?
ခဏလေး၊ သူ အတိအကျ ဘာကြားလိုက်မိတာလဲ ??
ကျီဖေး၏ရိုင်းစိုင်းသောအတွေးများကို နှောင့်ယှက်ရန်
ချောင်းဟန့်ရင်း ချင်ရှန်း၏ပါးစပ်သည်တွန့်ကွေးသွားသည်။
"ဒီကို ငါနဲ့ ချင်ကျောက်ကိုလွှဲထားလိုက်တော့၊
မင်း ဝင်လို့ရပြီ"
ကျီဖေး ချက်ချင်းခေါင်းညိတ်လိုက်သည်။
[အိုခေ၊ ပြဇာတ်ကို ဝင်ကြည့်ဖို့အချိန်တန်ပြီ။]
ကျီဖေး၏ရွှင်မြူးသော ပုံသဏ္ဍာန်ကိုကြည့်ရင်း၊
ချင်ကျောက်သည် တုန်ရီနေသောလက်ချောင်းများဖြင့် သူ့ပုခုံးများကိုဖိကာ ချင်ရှန့်အား မေးခွန်းများပြည့်နေသော
မျက်လုံးများဖြင့်ကြည့်လိုက်သည်။
ချင်ရှန်းသည်လည်း ဝှေ့ဝှိုက်မနေခဲ့ချေ။ လက်ရှိဧည့်
သည်သိပ်မရှိသောကြောင့် အခွင့်ကောင်းယူပြီး ကျီဖေး၏အခြေအနေကို အတိုချုံးပြောပြခဲ့သည်။
ချင်ကျောက် စကားမပြောခင် ခဏလောက်တုန်လှုပ်ချောက်ချားစွာမတ်တပ်ရပ်လိုက်ပြီး
"ကျနော်တို့ တစ်မိသားစုလုံး စိတ်ကုထုံးဆရာကိုဖိတ်သင့်တယ်မထင် ဘူးလား မဟုတ်ဘူး
? ဝိညာဉ်ရေးရာဆရာသခင်တွေကို ဖိတ်ရမှာ..."
ချင်ရှန့်၏အေးစက်သောအကြည့်သည် ချင်ကျောက် ၏အကြံအစည်ကို
ဟန့်တားလိုက်သည်။
ချင်ကျောက် နှုတ်ခမ်းဆူပြီး "ဒါဆို သူမက
အရာအား လုံးကို တကယ်သိတာလား ?"
ချင်ရှန့်: "လောလောဆယ်တော့ သူ သိချင်သမျှကို
သူ သိနိုင်တယ်။"
"ဟက်၊ သူက ဖျော်ဖြေရေးနယ်ပယ်ထဲက အမိုက်ဆုံးပါပါရာဇီမို့လို့လား
?"
ချင်ကျောက် သံသယရှိသည့်သဘောထားကို ဆက် လက်ထိန်းသိမ်းထားသည်။
ချင်ရှန်း၏အကြည့်များ တုန်ခါသွားကာ "မင်း
ဒီနေ့ အိမ် ထောင်ဘက်ပြောင်းပေးဖို့ ပြောပြဖို့စီစဉ်ထားတာလား ?"
ချင်ကျောက် အံ့အားသင့်သွားပြီး "အာ၊ ဒါပေမယ့်
စိတ်မပူပါနဲ့၊ ကျနော့် တူလေးရဲ့မိသားစုပြန်လည်ဆုံစည်းပွဲကို အနှောက်အယှက်မဖြစ်စေရပါဘူး။
ကျနော်တို့မိသားစုနှစ်စု သီးသန့်ဆွေးနွေးလို့ရအောင် ချူမိသားစုကို ပွဲပြီးတဲ့အထိနေဖို့
ကျနော်ပြောထားပြီးသား"
ချင်ရှန့် သူနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်သည်။
"အားလုံးအဆင်ပြေတယ် မဟုတ်လား ?"
"ချူရွှယ်ချီ၊ ချူရှင်းယွဲ့မဟုတ်ဘဲ ချူရွှယ်ချီကိုလိုချင်တာ
သေချာလား ?" ချင်ရှန်း မေးလိုက်သည်။
ချူရှင်းယွဲ့၏အကြည့်များသည် ချင်ကျောက်၏စိတ်ထဲ
တောက်ပလာပြီး သူ့အား စိတ်မသက်မသာဖြစ်စေသည်။ ဒါပေမယ့် သူက
"ဟုတ်ပါတယ်။ ရွှယ်ချီက အရမ်းနုနယ်လွန်းတယ်
သူ ကျနော့်ရဲ့အကာအကွယ်ကို လိုအပ်နေတယ်။ ချူရှင်းယွဲ့... သူက သူ့ညီမကို မနာလိုဖြစ်ပြီး
ရွှယ်ချီကိုနိမ့်ချပြီး ဆက်ဆံတာကို မကြိုက်ဘူး။"
စကားပြောပြီးနောက်၊ ချင်ကျောက်သည် ချင်ရှန့်၏
အမူအရာကင်းမဲ့သောမျက်နှာကို မြင်လိုက်ရပြီး ယုံ ကြည်မှုကင်းမဲ့သွားသလို ခံစားလိုက်ရသည်။
"အဲ့ဒီအမွှာတွေရဲ့မျက်နှာကြောင့် ရွှယ်ချီ
ဘယ်လောက်ဒုက္ခရောက်ရလဲ ကော မသိဘူး ငါ..."
ချင်ရှန့်က "မင်း ဘဝအတွက် မင်း တာဝန်ယူရမှာ
မင်းဆုံးဖြတ်လိုက်တာ ကောင်းပါတယ်"
ချင်ကျောက် ရင်တွေတဆတ်ဆတ်တုန်ကာ အနည်း ငယ်နာကြင်သွားသည်။
သူ့ခေါင်းကိုလှည့်ကြည့်လိုက်ရာ ဧည့်ခန်းရဲ့ကြမ်းပြင်မှ
မျက်နှာကျက်ထိ မှန်ချပ်ကိုဖြတ်ကြည့်လိုက်တော့ အနက်ရောင်ဝတ်စုံဝတ်ထားသည့် ချူရှင်းယွဲ့သည်
စည်ကားနေသည့် လူအုပ်ကြီးရဲ့နောက်ဘက်ထောင့်မှာ တစ်ယောက် တည်း သူမလက်ထဲက ဝိုင်ခွက်ကိုငုံ့ကြည့်ရင်း
အတွေးပျောက်သည်အထိ ရပ်နေခဲ့သည်။
ရုတ်တရက် ချူရှင်းယွဲ့ အပြင်ဘက်သို့မျှော်ကြည့်လာသည်။
ချင်ကျောက် သူ့အကြည့်ကိုအလိုလိုရှောင်လိုက်သည်။
စေ့စပ်ပွဲဖြတ်တော့မယ်ဆိုမှ သူ့နှလုံးသားက ဘာကြောင့် နားမလည်နိုင်လောက်အောင် ထိန်းမနိုင်သိမ်းမရ ရင်လာခုန်နေရတာလဲ
?