Ch 18
Viewers 571

 Chapter 18

 

 

 

ချင်ကျောက်၏အတွေးများသည် အနည်းငယ် ဖရိုဖရဲဖြစ်သွားရသည်။ ဧည့်သည်များအား ခဏတာနှုတ်ဆက်ရန် သူ့ဒုတိယအစ်ကိုနောက် ကျေကျေနပ်နပ်လိုက်ပါသွားပြီးနောက် သူ ရှောင်ထွက်သွားသည်။ ချင်ရှန့် သူ့ကို စိတ်မ၀င်စားဘဲ ကျီဖေး၏ကိစ္စအား ဆွေးနွေးရန်သာဆန္ဒရှိနေသည်။

 

တစ်ဖက်တွင်၊ ချူရှင်းယွဲ့သည် သူမ၏မိဘများလူမှုအ သိုင်းအဝိုင်းထဲ ချူရွှယ်ချီအား အမြဲမပြတ်ချီးမွမ်းနေချိန် သူမအား လုံးဝလျစ်လျူရှုထားသည်။ သူမသည် အချိန်အတော်ကြာပြိးနောက် ထုံကျင်လာပြီဖြစ်သည်။

 

သို့သော် သူမအပေါ် စိတ်မသက်မသာ အကြည့်တစ်ချက် ရှိနေသည်။

 

သူမသည် လှည့်ပတ်ကြည့်လိုက်သော်ငြား မည်သူမည် ဝါဖြစ်သည်ကိုဖော်ထုတ်ရန် လူများစွာရှိနေသည်။ သူမထိုနေရာမှထွက်ကာ ခဏတာစိတ်သက်သာမှုရစေရန် သန့်စင်ခန်းသို့သာသွားနိုင်သည်။

 

ချင်မိသားစုမှစီစဉ်ပေးသော ဧည့်သည်များအတွက် သန့်စင်ခန်းသည် ယောက်ျားနှင့် မိန်းမအတွက် သီးခြား ပရိဘောဂများပါရှိကာ စင်္ကြံအဆုံးတွင်တည်ရှိသည်။

 

ချူရှင်းယွဲ့သည် အမျိုးသမီးသန့်စင်ခန်းထဲဝင်ခါနီး အ နောက်မှအားပြင်းသော အင်အားတစ်ခုမှ သူမအား ပြင်းထန်စွာတွန်းထုတ်လိုက်သည်။

 

"အား!"

 

ချူရှင်းယွဲ့တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်ခဲ့သော် လည်း သူမ ပါးစပ်ကိုအမြန်ဖုံးအုပ်လာသည်။

 

မကြာခင်မှာပင် ချူရှင်းယွဲ့သည် သန့်စင်ခန်းနံရံထက်အမျိုးသားတစ်ယောက်ထံမှ ချိတ်ဆွဲခံထားရသည်ကို တွေ့ရှိခဲ့သည်။

 

ထိုအချိန်မှာ တစ်ဖက်လူသည် ချမ်းသာသောမိသားစုမှ သခင်လေးတစ်ဦးဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူမကို သူ့အားအကြိမ်အနည်းငယ်တွေ့ဖူးသော်လည်း သူ့အား သိသည်ဟုအတပ်မပြောနိုင်ပေ။

 

ချူရှင်းယွဲ့ ဒေါသတကြီးစိုက်ကြည့်နေလိုက်သည်။

 

သူမအကြည့်ကြောင့် ဒေါသထွက်နေသော အမျိုးသားသည် သူမ၏အဝတ်များအားဆုတ်ဖြဲရန် လက်လှမ်းလာသည်။

 

"မင်း ခွေးမ၊ ငါနဲ့ လာကစားနေတုန်းပဲလား ? ဒီနေ့ မင်းကို ငါပြမယ် မင်း ဘယ်သူ့ ရည်းစားလဲဆိုတာ ငါ ဂရုမစိုက်ဘူး...

 

ချူရှင်းယွဲ့သည် သူမ၏ဝတ်စုံစုတ်ပြဲသွားသည့် အသံကို ကြားလိုက်ရသည်။ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရလိမ့် မည်ဟု ဘယ်တုန်းကမှမတွေးခဲ့ဖူးချေ။ သူမစိတ်ဗလာဖြစ်ပြီး ငိုလို့မရတော့သလို မျက်လုံးများနီရဲလာသည်အထိ အသဲအသန်ရုန်းကန်နိုင်ရုံသာရှိတော့သည်။

 

သူမလည်ပင်းပေါ်ရှိ အမျိုးသား၏အသက်ရှုသံကို ခံစားလိုက်ရသဖြင့် ချူရှင်းယွဲ့ ငိုစပြုလာသည်။

 

သူမ၏စိတ်ပျက်အားငယ်နေသည့် အခိုက်အတန့်တွင် တံခါးသည် ရုတ်တရက်ပေါက်ကွဲသံနှင့်အတူ ပွင့်ဟသွားသည်။

 

"သောက်ပဲ၊ မင်းက သေဖို့တောင်းဆိုနေတာလား!"

 

ချက်ခြင်းဆိုသလို ချူရှင်းယွဲ့ သက်တောင့်သက်သာ  ခံစားလိုက်ရသည်။ သူမသည် ဝရုန်းသုန်းကားမြေပြင်ပေါ်သို့လဲကျသွားကာ ကူကယ်ရာမဲ့မော့ကြည့်လိုက်မိ သည်။

 

ချင်ကျောက်သည် ထိုယောက်ျား၏လည်ပင်းအားဆုပ် ကိုင်ထားသည်ကိုတွေ့လိုက်ရပြီး သူ့မျက်နှာထက်ဒေါသအပြည့်နှင့် လက်သီးတစ်ချက်ထိုးလိုက်ရာ တစ်ဖက်လူလှည်ထွက်သွားသည်။

 

ချင်ကျောက်သည် ချူရှင်းယွဲ့၏အကြည့်ကိုလှမ်းမြင်ပြီး သူမ၏ပေါင်တွင်းသားဖြူဖူ ပေါ်သည်အထိဆွဲဖြဲခံထားရသော ဝတ်စုံကိုမြင်လိုက်ရသောအခါတွင် သူ မျက်လုံးများအမြန်လွှဲလိုက်သည်။

 

"ဖုံးလိုက်" ဟုပြောပြီး သူ့အင်္ကျီကို သူမဆီလွှင့်ပစ်လိုက်သည်။

 

ထို့နောက် ထိုလူအား သန့်စင်ခန်းထဲမှဆွဲထုတ်လိုက်သည်။

 

ချင်ကျောက် ဒေါသအရမ်းထွက်နေသဖြင့် သူ့လက်သီးကိုတင်းတင်းဆုပ်ထားရသည်။ နားမလည်နိုင်သော ဒေါသတစ်ခု သူ့စိတ်ထဲတိုးဝင်လာသည်။

 

ပြဿနာမဖန်တီးနိုင်အောင် ဆင်ခြင်တုံတရားရှိတုန်း  ထိုလူအား လူသူကင်းမဲ့သောအိမ်နောက်ဖေးသို့ တိုက်ရိုက်ဆွဲထုတ်ကာ ကြိမ်ဖန်များစွာကန်ကျောက်ခဲ့သည်။

 

ထိုလူ သတိပြန်ဝင်လာသောအခါ "ချင်ကျောက်၊ မင်း ရူးနေလား? မင်း တကယ် သူ့ကိုကာကွယ်ပေးနေတာလား  မင်း သူ့ညီမနဲ့ငြိ‌နေတာ မဟုတ်ဘူးလား ? မင်းရဲ့ စေ့စပ် သူအဖြစ်တောင်အသိအမှတ်ပြုခဲ့မဟုတ်ဘူး ? ဘာလဲ မင်း ငါတို့ကို ဒီမှာလာဖမ်းတာလား ?"

 

ချင်ကျောက်၏မျက်နှာသည် ချက်ချင်းဆိုသလို မည်းမှောင်သွားသည်။

 

"သူ ဘယ်သူပဲဖြစ်ဖြစ်၊ ငါတို့ ချင်မိသားစုမှာ ဒါမျိုးလာလုပ်လို့မရဘူး။ သူ ဆန္ဒမရှိတာကို မင်းသူ့ကိုအတင်း အကြပ်လုပ်ဖို့ ကြိုးစားနေတာလေ!"

 

"သောက်ပဲ၊ မင်း ဘာမှမသိပဲနဲ့၊ ဒါ ငါတို့ကြားက ချစ်သူတွေ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်စရာပဲလေ"

 

ချင်ကျောက် ခဏတာအံ့အားသင့်သွားသည်။

 

"ဘာ...ဘာပြောလိုက်တာ"

 

ထိုလူ မြေပြင်မှကုန်းရုန်းထကာ "ငါမင်းကို ဆဲနေတာ မဟုတ်ဘူး၊ ဒီအပျက်မ ငါ့ကိုအိပ်ရာထဲ ဆွဲဆောင်နေတာ သုံးလလောက်ရှိပြီ၊ ငါတို့ ချိန်းတွေ့ပြီးတာနဲ့ ငါ့ကို ပလစ်သွားတယ်။ ငါ ဘယ်လိုလုပ် ရှင်းပြချက်မတောင်းဘဲ နေနိုင်မှာလည်း ?"

 

ချင်ကျောက်၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။ ထိုလူ၏လည်ချောင်းကို ဆုပ်ကိုင်ဖို့ သူ့လက်ကိုမြှောက်လိုက်တယ်။

 

"နောက်တစ်ခေါက် ထပ်ပြော!"

 

ထိုလူလည်း ဒေါသဖြစ်သွားသည်။

 

"ဘာလား ? မင်း သူ့ကို မလိုချင်တာနဲ့ တခြားသူတွေက သူ့ကို မရနိုင်တော့ဘူးတဲ့လား။ ဒီမနာလိုတဲ့ လုပ်ရပ်က ဘာတွေဖြစ်နေတာလဲ!"

 

ချင်ကျောက်၏မျက်လုံးများသည် ဒေါသထောင်း ထောင်းထွက်နေသည်။ သူ ထပ်မံတိုက်ခိုက်တော့မည့်အချိန် ရုတ်တရက် အိမ်တော်ထိန်းရောက်လာခဲ့သည်။

 

"အာ သခင်လေး၊ ဘယ်လိုလုပ်  ဧည့်သည်ကိုရိုက်နိုင်တာလဲ၊ အေးအေးဆေးဆေး ပြောကြရအောင်။"

 

ချင်ကျောက် တကယ်ဒေါသထွက်နေမှန်း သိလိုက်ရပြီး နှစ်ယောက်သား အမြန်ခွဲလိုက်ရသည်။ နှောင့်ယှက်သောလူအား အမြန်သယ်ဆောင်သွားသည်။

 

"သခင်လေး၊ ဧည့်သည်တွေကို ဧည့်ခံဖို့ပွဲကိုပြန်သွားပါ။ အားလုံးရောက်နေကြပြီ၊ ဒုတိယသခင်လေး သခင်လေးကိုလိုက်ရှာနေတယ်"

 

ချင်ကျောက် ထိုနေရာတွင်မှိန်းနေကာ သူ့စိတ်ခံစားမှုများတုန်လှုပ်ချောက်ချားနေသည်။ သူ့ အသိစိတ်ဝင်ချိန် နောက်ပြန်လှည့်ကြည့်လိုက်ရာ ချူရှင်းယွဲ့သည် ထိုနေရာမျာတင်ရပ်နေရင်း သူ့အဝတ်တွေကိုဆုပ်ကိုင်ထားကာ  မျက်နှာဖြူဖျော့ပြီး အတွေးတွေဝေဝါးနေသည်ကိုတွေ့လိုက်ရသည်။

 

ချင်ကျောက်သည် အုံ့မှိုင်းသောမျက်နှာဖြင့် သူမအား ကျော်ဖြတ်ကာ ထွက်ခွာတော့မည်။

 

ရုတ်တရက် ချူရှင်းယွဲ့က "အဲ့ဒါ ငါ မဟုတ်ဘူး!"

 

ချင်ကျောက်သည် ချူရှင်းယွဲ့ ထိုစကားပြောရန် သတ္တိ စုထားပုံရပြီး သူ့ကိုကြည့်ရသည်မှာ သေခြင်းတရားနှင့်ရင်ဆိုင်ထားရပုံပေါ်သည်။

 

"အဲ့ဒါ ချူရွှယ်ချီပဲ၊ အဲ့ဒါ သူပဲဖြစ်ရမယ်၊ သူ ငါ့ကို ထပ်ပြီးဒုက္ခပေးနေတာပဲ..."

 

"ချူရှင်းယွဲ့!" ချင်ကျောက်က အော်လိုက်သည်။

 

ချူရှင်းယွဲ့ လန့်သွားသည်။ ချင်ကျောက်၏မျက်လုံးများကို သူမ မြင်လိုက်သောအခါတွင် ရေအေးပုံးတစ်ပုံးဖြင့် သူမအပေါ်မှလောင်းချလိုက်သလိုပင်။

 

ချင်ကျောက်က "အရင်ကကိစ္စတွေကို မေ့ထားလိုက်ကြရအောင်၊ ဒါပေမယ့် ဒီလိုဟာမျိုးလုပ်ခဲ့ပြီးတာတောင် မင်းက  ဒါကို ရွှယ်ချီဆီ လွှဲချချင်နေသေးတယ်!"

 

ချူရှင်းယွဲ့၏မျက်နှာအရောင်သည် တဖြည်းဖြည်းဖြူဖျော့လာပြီး သူမ၏ မျက်လုံးထဲမှ အလင်းရောင်သည်မှိန်ဖျော့သွားသည်။ အရင်အဖြစ်အပျက်တွေက သူမလုပ်တာမဟုတ်ဘူးလို့ ပြောပြချင်ပေမယ့်... သူ မလုပ်နိုင်ခဲ့ဘူး။

 

ချင်ကျောက် အေးစက်စွာရယ်မောရင်း "ငါတို့ ဆက်ဆံရေးကြောင့် ရွှယ်ချီ မင်းအပေါ် အမြဲတမ်းအပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ငါတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို လေး စားတဲ့အတွက် ငါတို့ တရားဝင်ချိန်းတွေ့တာမျိုး မလုပ်ဖူးဘူး။ အခုတော့ လုံးဝကိုမထိုက်တန်ဘူးလို့ခံစားရတယ်။"

 

"ချူရှင်းယွဲ့၊ မင်း ငါ့ကိုကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ရွှယ်ချီက ငါတို့ငယ်ငယ်လေးကတည်းက ငါ့ကိုကယ်ဖို့ သူ့အသက်စွန့်ပြီးကတည်းက သူက ငါ့နှလုံးသားထဲမှာတစ်ဦးတည်းသော သူပဲ၊ ဒါကြောင့် ငါတို့ရဲ့စေ့စပ်ပွဲကိုဖြတ်လိုက်ကြရအောင်။ ငါ လက်ထပ်ချင်တာ ချူရွှယ်ချီပဲ"

 

ချူရှင်းယွဲ့၏မျက်လုံးများထဲ အလင်းတန်းများလုံးဝပျောက်ကွယ်သွားပြီး သူမ ကိုင်ဆောင်ထားသောအဝတ် အစားမျာ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။

 

ဒီနေ့ရောက်လာမယ်ဆိုတာကို သူမသိထားပေမယ့် ဒါက သူမအား အရင်းကနေဖြတ်တောက်လိုက်သလိုပင်။

 

"ဒါဆို ငါ နင့်ကိုကြိုက်မှန်း နင် သိတာပေါ့" ချူရှင်းယွဲ့ရုတ်တရက် ပြောလိုက်သည်။

 

ချင်ကျောက် ချူရှင်းယွဲ့ကအားမကြည့်တော့ချေ။

 

ချူရှင်းယွဲ့က ခါးသီးစွာရယ်မောလိုက်ပြီး "စိတ်မပူနဲ့ နောက်တစ်ခါ ထပ်မဖြစ်စေရဘူး။ စေ့စပ်ပွဲဖြတ်ဖို့ သဘောတူတယ်"

 

အမှန်စင်စစ်၊ သူမအဖွားမှလွဲ၍ ဤကမ္ဘာပေါ်ရှိလူတိုင်း—သူမ အဖေ၊ အမေ၊ သို့မဟုတ် သူမအားလက်ထပ်ပြီး ထာဝရကာကွယ်ပေးမည်ဟုပြောသော ကလေးလေးဖြစ်စေ- ချူရွှယ်ချီကိုသာယုံကြည်ပြီး ရွေးချယ်မည်ဖြစ် သည်။

 

ချူရှင်းယွဲ့၏တုန့်ပြန်မှုကိုကြားလိုက်ရာ ချင်ကျောက် သူ့နှလုံးသားထဲ ထူးဆန်းသည့်ပြတ်တောက်မှုတစ်ခုကို ခံစားလိုက်ရသော်လည်း "မင်းဘက်က ပူးပေါင်းဖို့ဆန္ဒရှိတာကောင်းတယ်၊ မင်း ရွှယ်ချီကိုထပ်ပြီး ဒုက္ခပေးဖို့ ကြိုးစားရင် ငါ ညှာမှာမဟုတ်ဘူး..."

 

[ကျွတ် ကျွတ် ကျွတ်၊ ဒါ ဘေးဥပဒ်တစ်ခုဆီ ဦးတည်နေတာပဲ။]

 

ရုတ်တရက်အသံတစ်ခုသည် ချင်ကျောက်၏စကားများကိုနှောင့်ယှက်လာသည်။

 

ချင်ကျောက်သည် ကျီဖေး၏အတွေးများကိုကြားဖူးသဖြင့် အသံ၏ဦးတည်ရာသို့ အလိုလိုကြည့်လိုက်မိ သည်။

 

ကျီဖေးနှင့် ချင်ရှန့်သည် ချူရှင်းယွဲ့နောက်ဘက် စင်္ကြံန်တွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

 

နှစ်ယောက်သား တစ်ယောက်ယောက်ကိုရှာဖို့ အတူတူ  ထွက်လာနေကြပုံရသည်။

 

ချင်ကျောက် စကားမပြောမီ ချင်ရှန့်မျက်မှောင်ကြုတ်ကာ "ဘာဖြစ်တာလဲ၊ မင်း ဘာလို့ ဒီမှာဇာတ်ကွက်တစ်ခု လာဖန်တီးနေတာလဲ၊ ဒီကိစ္စကို နောက်မှရှင်းဖို့ ငါတို့ သဘောတူခဲ့ကြတယ် မဟုတ်ဖူးလား"

 

ချင်ရှန့်နှင့် ကျီဖေးတို့သည် နောက်ကျမှရောက်ရှိလာကြပြီး ချင်ကျောက်မှ စေ့စပ်ပွဲကိုဖြတ်ရန်အော်ဟစ်သံကို သူတို့ ကြားလိုက်ရသည်။ အစောက ဘာတွေဖြစ်ခဲ့လဲ  သူတို့မသိပေ။

 

ချင်ကျောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သော် လည်း သန့်စင်ခန်းထဲဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ဖော်ပြခြင်းမပြုပေ။ ၎င်းသည် ဂုဏ်သိက္ခာကိုထိခိုက်စေလွန်းသောကြောင့်ဖြစ်သည်။

 

"ဘာမှမဖြစ်ဘူး"

 

ချင်ကျောက်က ဘုဆတ်ဆတ်ပြောလာသည်။

 

ချင်ရှန့်၏အကြည့်များသည် ချူရှင်းယွဲ့၏ဝတ်စုံပျက်စီးသွားသည်ကို သတိပြုမိသွားသည်။ မဖွယ်မရာမဖြစ်ပေမယ့် အမြင်မတော်ချေ။

 

သူ ခေါင်းငုံ့ပြီး "အဝတ်အစားလဲဖို့ အပေါ်ထပ်ကိုခေါ်သွားလိုက်" ဟု ကျီဖေးအား တိုးတိုးလေးကပ်ပြောလိုက်သည်။

 

ကျီဖေးလည်း သတိပြုမိပြီးခေါင်းညိတ်လိုက်သည်။

 

ချူရှင်းယွဲ့အား အဝေးသို့ပို့ဆောင်ခါနီး ချူရှင်းယွဲ့၏ ထုံကျဉ်သောအမူအရာကို သူမ မြင်ခဲ့ရပြီး ချင်ကျောက်အား ပေစောင်းစောင်းမကြည့်ဘဲမနေနိုင်ပေ။

 

ချင်ကျောက် အလွန်ဒေါသဖြစ်ကာ သူမ အကြည့်အားမေးခွန်းထုတ်ချင်မိသည်။

 

ထို့နောက် သူ ကြားလိုက်ရသည်မှာ- [ချူရွှယ်ချီ သူ့ကို ကယ်တင်လိုက်ကတည်းက သူ့နှလုံးသားထဲမှာ တစ်ဦးတည်းသော သူ ဆိုပြီး သူပြောခဲ့တယ်။ သူ့ ကယ်တင်ရှင်မှားနေပြီလို့ ဒီလူမိုက်ကိုပြောပြဖို့ နည်းလမ်းရှာလိုက်ရမလား ? အဲ့အချိိန် သူ့ကိုကယ်ခဲ့တဲ့လူက ချူရွှယ်ချီမဟုတ်ဘဲ ချူရှင်းယွဲ့‌ကသာ ကယ်ခဲ့တဲ့သူလေ]

 

[သူ ဘယ်လောက် ကိုင်တွယ်ရခက်လဲကြည့်၊ ငါ သူ့ကိုပြောပြချင်ပေမယ့် ပြောလည်းမပြောချင်ဘူး၊ တကယ် လို့ သူ မှားခဲ့ရင်တောင်၊ သူနဲ့တန်တယ် နည်းတောင်နည်းသေးတယ်။]

 

ဒါကိုကြားတော့ ချင်ကျောက်၏ စိတ်တွေခဏလောက် လွတ်ထွက်သွားခဲ့ပြီး သူ့မြတ်နိုးရတဲ့အမှတ်တရတွေကို လှောင်ပြောင်သရော်‌နေသည့် အတွေးကိုကြားပြီး ဒေါသဖြစ်ကာ သူ ကျီဖေးအားအော်ငေါက်မိတော့မည်။

 

ထိုစဉ် ချင်းရှန့် အေးစက်စက်ပြောလာသည်။

 

 "ချင်ကျောက်၊ ပါးစပ်ပိတ်ထား"

 

ချင်ကျောက် အေးခဲသွားပြီး ချင်ရှန့်ကိုမယုံကြည်နိုင်စွာ ကြည့်နေမိသည်။

 

ကျီဖေးသည် အခြေအနေကိုနားမလည်ဘဲ တခြားဘာမှ ဂရုမစိုက်တော့သော ချူရှင်းယွဲ့နောက်လိုက်သွားခဲ့သည်။

 

သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ချင်ကျောက်သည် နောက်ဆုံး မထိန်းနိုင်တော့ပေ။ ကျီဖေး ထွက်သွားတဲ့ လမ်းကြောင်းကို ဒေါသတကြီး လက်ညှိုးထိုးပြပြီး

 

"ဒုတိယညီအစ်ကို၊ မင်း ကြားလိုက်လား..."

 

ချင်ရှန့်မျက်မှောင်ကြုတ်ကာ "မင်း ချူရွှယ်ချီကို လက် ထပ်ချင်တယ်လို့ မင်း ပြောခဲ့တာလေ၊ မင်းကို ကလေးဘဝတုန်းက ကယ်တင်ခဲ့တဲ့လူက ချူရွှယ်ချီမဟုတ်ပဲ ချူရှင်းယွဲ့ဆိုရင်လည်း မင်း ဆုံးဖြတ်ချက်က အတူတူပဲ မှတ်လား ?"

 

ချင်ကျောက်၏ မျက်လုံးသည် မယုံကြည်နိုင်လောက်အောင်ပြူးကျယ်ကာ မှားကြားတာဟုတွေးနေမိသည်။ သို့သော် စိတ်အာရုံခြောက်ခြားနေလျှင်ပင် ယခုလို အဓိပ္ပါယ်မဲ့သည့် စကားလုံးတွေမပြောသင့်ပေ။

 

"ဒုတိယအစ်ကို ကျီဖေး ရူးသွားပြီ၊ မင်းကော သူနဲ့အတူ ရူးသွားပြီလား ?"

 

ချင်ရှန့် စကားတစ်ခွန်းမှမဆိုဘဲ သူ့အားတိတ်တဆိတ် ကြည့်နေခဲ့သည်။

 

ချင်ရှန့်၏အမူအရာသည် နောက်ပြောင်နေပုံမပေါ်သည်ကိုမြင်လိုက်ရသဖြင့် ချင်ကျောက် နောက်မဆုတ်ဘဲမနေနိုင်တော့ပေ။

 

"ကျနော် အဲ့မှာရှိခဲ့တယ်။ ဘယ်သူ ကျနော့်ကိုကယ်ခဲ့လဲ ဆိုတာ ဘယ်လိုလုပ် ကျနော် မသိဘဲနေမှာလဲ။ ချူစုံတွဲ၊ ရွှယ်ချီနဲ့ ချူရှင်းယွဲ့တို့အားလုံး ကျွန်တော့်ကိုကယ်ခဲ့တဲ့ သူက ရွှယ်ချီမှန်းအားလုံးသိကြတယ်။ ချူရှင်းယွဲ့ အဲ့ဒါကိုတစ်ခါမှ မငြင်းဖူးဘူး။ ဒါက ဘယ်လိုလုပ်အမှားဖြစ်နိုင်မှာလဲ။"

 

ချင်ကျောက် အဓိပ္ပါယ်မရှိသည့်အရာကိုကြားခဲ့ရသည်။

 

ချင်ကျောက် ယခုလိုတုံ့ပြန်မည်ဟု အတိအကျသိထားသဖြင့် ချင်မိသားစုသည် သူ့အသက်ကယ်သူအား ဖော် ထုတ်ရာတွင် အမှားအယွင်းရှိကြောင်း ချက်ချင်းအသိမပေးခဲ့ကြချေ။

 

ချင်မိသားစုသည် ကျီဖေးအပေါ် လုံးလုံးလျားလျားယုံ ကြည်ခဲ့သည်။ ထိုသည်မှာ အမှန်တရားဖြစ်ရမည်။

 

ထိုအဖြစ်အပျက်အားအတည်ပြုရန် လွန်စွာဝေးကွာနေခဲ့ပြီး ပါဝင်ပတ်သက်သူကိုယ်တိုင် အရာအားလုံးကိုငြင်းဆိုနေသဖြင့် အသုံးမဝင်ပေ။

 

ထို့ကြောင့် ၎င်းတို့သည် ယနေ့ပွဲသို့ဦးစွာတက်ရောက်ရန် ကြံစည်ကြပြီး၊ ချင်ကျောက် စေ့စပ်ပွဲကိစ္စအားပြောလာသောအခါ၊ သူတို့ ဤကိစ္စကိုပြောပြမည်ဖြစ်ပြီး ချင်ကျောက်အား ဆုံးဖြတ်ခွင့်ပေးမည်ဖြစ်သည်။

 

ချင်ရှန့်၏အမြင်တွင်၊ သူ့ညီစိတ်ထဲ မှားယွင်းသောအ ထင်အမြင်များ မည်မျှအလေးချိန်ရှိစေကာမူ နားလည်မှုလွှဲကာ လက်တွဲဖော်အားမရွေးချယ်သင့်ပေ။

 

သိပ်မကြာခင် အလင်းရလာလိမ့်မည်ဟု ၎င်းတို့မမျှော် လင့်ထားခဲ့ကြချေ။

 

ချင်ကျောက်၏စိတ်ခံစားမှုများ ပေါက်ကွဲတော့မည် ဖြစ်ကာ ရုတ်တရက် "ချူရှင်းယွဲ့ မကျေမနပ်ဖြစ်ပြီး အဲဒီတုန်းက ကျနော့်ကိုကယ်ခဲ့တဲ့ ဂုဏ်ကိုပြန်တောင်းဖို့ ကြိုးစားနေတာဖြစ်နိုင်လား ? အြ့လိူဆို ကျနော် သူ့ကိုရွေးလိမ့်မယ်လို့ သူ ထင်နေတာလား? ဟ!! မဖြစ်နိုင်တာ"

 

"ကိုယ့်ကိုယ်ကို မြှောက်ပင့်ပြောမနေနဲ့၊ မင်း မရီးသိထားတဲ့ လျှို့ဝှက်ချက်တစ်ခုပဲ၊ မှားလား၊ မှန်လား နောက်မှ လူကိုယ်တိုင်မေးကြည့်လို့တယ်၊ ဒါပေမယ့် မှားရင် ဘယ်သူ့ကိုရွေးမှာလဲဆိုတာကို စဉ်းစားဖို့လိုလာပြီ" ဟု ချင်ရှန့်တိုက်ရိုက်ပြောလိုက်သည်။

 

"ကျနော် ဖြူစင်ပြီး ကြင်နာတတ်တာလို့ ရွှယ်ချီကိုချစ်တာ၊ အသက်ကယ်တဲ့ကျေးဇူးမရှိရင်တောင် ကျနော်     ရွှယ်ချီကို ရွေးတုန်းပဲ!"

 

ချင်ရှန့် မျက်မှောင်ကြုတ်လိုက်သည်။ ချူရှင်းယွဲ့၏ အကြောင်းကို သူ သေချာမသိသော်လည်း ချူရွှယ်ချီ သည် ကြင်နာတတ်သူ မဟုတ်သည်မှာသေချာသည်။

 

သူ့ညီ မျက်စိကန်းနေသည့်အတွက် အရမ်းစိတ်ပျက်သွားသည်။ ကျီဖေး၏စကားများ အဓိပ္ပာယ်ရှိသည်ဟု ရုတ်တ ရက် ခံစားလိုက်ရသည်။

 

[တကယ်လို့ သူ မှားခဲ့ရင်တောင်၊ သူနဲ့တန်တယ် နည်းတောင်နည်းသေးတယ်။]

 

(T/N : ကျီဖေးတွေးသွားတဲ့စကားကို ပြန်စဉ်းစားနေတာပါ။)