Ch 19
Viewers 555

 Chapter 19

ချူရှင်းယွဲ့ အဝတ်အစားလဲပြီး ထွက်လာချိန် ကျီဖေးတစ်ခုခုပြောချင်သော်လည်း ဘယ်ကစ‌ပြောရမှန်းမသိပေ။ အတင်းအဖျင်းစနစ်မှတစ်ဆင့် ချူရှင်းယွဲ့ဘဝအ ကြောင်းကို သိထားရသဖြင့် ကျီဖေးလည်ချောင်းထဲ အကျိတ်အခဲများဖြစ်နေခဲ့သည်။

ကျီဖေးသည် မိသားစုမရှိဘဲကြီးပြင်းလာသဖြင့် သူမ၏ ဘဝသည် သနားစရာကောင်းသည်ဟုထင်မိသော်လည်း မိဘနှစ်ပါးစလုံးရှိကာ ချမ်းသာသောမိသားစုမှ ဆင်း သက်လာသူ ချူရှင်းယွဲ့သည် မိဘမဲ့ကလေးထက် ဘဝခါးနေရသည်ကို သူ တွေးပင်မ‌တွေးခဲ့ဖူးချေ။

၎င်းတို့သည် အမွှာများဖြစ်သော်လည်း ချူရွှယ်ချီသည် မွေးရာပါ အားနည်းပြီးဖျားနာသောကြောင့် ချူဇနီး မောင်နှံသည် ၎င်းတို့၏ကလေးအား နိုင်ငံခြားတွင် ဆေး ကုသမှုခံယူရန်နှင့် ပြန်လည်ကောင်းမွန်လာစေရန်လုပ် ဆောင်ခဲ့ရသည်။

ချူရှင်းယွဲ့ကို ခေါ်ဆောင်လာသော်လည်း ၎င်းတို့စုံတွဲသည် အင်အားအကန့်အသတ်ရှိသဖြင့် မကြာခဏစိုးရိမ်ရသည့်အခြေအနေရှိနေသည့် ချူရွှယ်ချီအပေါ်အာရုံ စိုက်မှုအားလုံး မြှုပ်နှံထားသည်။

သူတို့သည် အကြိမ်ပေါင်းများစွာ ချူရှင်းယွဲ့အကြောင်းး လုံးလုံးမေ့သွားခဲ့ပြီး သူမအား အစေခံများမှစောင့် ရှောက်ခဲ့ရသော်လည်း ကြီးကြီးမားမားတင်မက အသေး အမွှားပြဿနာမျိုးစုံက မလွဲမသွေဖြစ်စေခဲ့သည်။

ထိုအချိန် မိသားစု၏ဘိုးဘေးဖြစ်သူမျာ အဖွားချူဖြစ် သည်။ သူ့မြေးအကြီးဆုံး ထိုသို့လျစ်လျူရှုခံရသည်ကို ကြားသိရသည့်အခါ ကလေးကိုပြန်ခေါ်လာပြီး သူ့ကိုယ် တိုင်ပြုစုပျိုးထောင်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။

ထို့ကြောင့်ချူရှင်းယွဲ့သည် ငယ်ငယ်ရွယ်ရွယ်နှင့် မိဘများနှင့်ခွဲကာ အဖွားချူလက်ထဲကြီးပြင်းလာခဲ့သည်။ ထို့နောက် ထုံးစအတိုင်း မိဘများနှင့် ဝေးကွာသထက်ဝေးကွာလာခဲ့သည်။

တစ်ဖက်တွင်မူ ချူရွှယ်ချီသည် ငယ်စဉ်ကလေးဘဝက တည်းက အလိုလိုက်ခံခဲ့ရသည့်တိုင်အောင် မိဘထံမှချစ်ခြင်းမေတ္တာများစွာရရှိခဲ့သည်။ အစ်မဖြစ်သူသည် အနားတွင်မရှိသလောက်ရှားသဖြင့် သူ့အတွက်အရာရာကျင့်သားရလာသည်။

သူမ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး အိမ်သို့ပြန်ခေါ်လာသောအခါတွင် သူမကိုယ်ပွားနှင့်တူသော တစ်စုံ တစ်ယောက်သည် သူမ ပိုင်ဆိုင်သောအရာများကိုလုယူသွားခြင်းအား သည်းမခံနိုင်တော့ပေ။

ထို့ကြောင့် ချူရှင်းယွဲ့၏ကြေကွဲဖွယ်ဘဝဇာတ်‌ကြောင်းစတင်လာခဲ့သည်။

ထိုမိသားစု သုံးယောက်ပြန်ရောက်ကတည်းက ချူရှင်းယွဲ့သည် အိမ်တွင် မပြုံးခဲ့ဖူးပေ။ သူမသည် စိတ်ဓာတ်ကျခြင်းမရှိသည့်အချက်မှာ လေ့လာမှုနှင့် သုတေသနများတွင် နှစ်မြှုပ်နေသကဲ့သို့ သူမ စိတ်ခွန်အားကိုသက် သေပြခဲ့သည်။

နှစ်ယောက်သား အတူတူအောက်ထပ်ကို ဆင်းသွားကြသည်။

ကျီဖေး "နင် ချင်ကျောက်နဲ့ စေ့စပ်ပွဲကိုဖြတ်ဖို့ တကယ် စိတ်ပိုင်းဖြတ်ထားပြီးပြီလား" ဟု မေးရုံမှတစ်ပါး..

စနစ်မှပေးလာသော အတင်းအဖျင်းစကားအရ ချူရှင်းယွဲ့သည် သူမအသက်ငါးနှစ်အရွယ်ကတည်းကချင်ကျောက်သည် သူမ၏မျက်လုံးနှင့်နှလုံးသားထဲရှိခဲ့သည်။

ကျီဖေး ထိုမောက်မာသော လူ၏ကြီးကျယ်မှုကိုနားမလည်နိုင်ချေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ချူရှင်းယွဲ့ မဆိုင်းမတွ ခေါင်းညိတ်လာသည်။

သူမ လက်လျှော့ခဲ့သည်...

ကျီဖေး တခဏလောက်စဉ်းစားပြီး "ကောင်းတယ်၊ သူက နင်နဲ့မထိုက်တန်ဘူး၊ နင်က အရမ်းထူးချွန်တယ်၊ ဒီလိုကြောက်စရာကောင်းတဲ့လူတွေနဲ့ အဝေးမှာနေရင် နင် ပိုပျော်ရလိမ့်မယ်"

ချူရှင်းယွဲ့ လန့်သွားပြီး ကျီဖေးအားအံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျီဖေးအခုလို ပွင့်ပွင့်လင်းလင်းပြောလာမယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

ချင်ကျောက်တင်မကဘဲ သူ့အဖေ၊ အမေ၊ ညီမ အားလုံးအပေါ် လုံးလုံးလျားလျားစွန့်လွှတ်ခဲ့သည်။ သူမ မိသားစုနှင့်အဆက်အသွယ်ဖြတ်ရန် အခွင့်အရေးရှာရန်စီစဉ်ခဲ့ပြီး နောက်ထပ်ဆက်သွယ်စရာအကြောင်းမရှိတော့ပေ။

ဤဘဝတွင်၊ သူမသည် ချူရွှယ်ချီထံမှဝင်ရောက်စွက်ဖက်မှုမရှိဘဲ သူမ ဘဝနှင့် သူမ နေထိုင်ရန်သာဆန္ဒရှိတော့သည်။

"ကျေးဇူးတင်ပါတယ်၊ ကျမ အဲ့လိုလုပ်မှာပါ"

ချူရှင်းယွဲ့ ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်။

ပွဲသို့ရောက်သောအခါ ချူမိသားစုမှ ချင်ရန်အားဂုဏ်ပြုသည့်အလှည့်ပင်။

သို့သော် သုံးယောက်သား ထိုမိသားစုသည် သူတို့ထံ သမီးနောက်တစ်ယောက်ရှိနေသည်ကို မေ့သွားပုံရသည်။

မစ္စတာချူနှင့် မစ္စစ်ချူသည် ချူရွှယ်ချီအား တစ်ဖက် တစ်ချက်စီဝန်းရံနေခဲ့သည်။

"ရှီအာကိုရှာတွေ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့တူမလေးက ဒုက္ခရောက်ပြီးနောက် ပျော်ရွှင်မှုကိုရှာတွေ့ခဲ့တယ်။ ဂုဏ်ယူပါတယ်၊ ဂုဏ်ပြုပါတယ်။"

"ရန်ကျဲ၊ ရှီအာ နှစ်ယောက်စလုံးကို ဂုဏ်ပြုပါတယ်။ စော စောက ချင်ကောဆီက ဒီအကြောင်းကြားလိုက်ရတော့ အရမ်းစိတ်မကောင်းဖြစ်ပြီး ငိုမိတယ်။ ကျေးဇူးပါပဲ၊ ကောင်းကင်က မျက်လုံးတွေရှိတယ် ရန်ကျဲလိုလူကောင်း ကို ကောင်းချီးပေးတယ်။"

"အိုး၊ ရွှယ်ချီ လက်ဆောင်တစ်ခု ယူလာပေးတယ်..."

မစ္စတာချူနှင့် မစ္စစ်ချူတို့သည် ချူရွှယ်ချီကို မီးမောင်းထိုးပြရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသော်လည်း အသက်ကယ်ပေးသူအကြောင်း လိမ်လည်မှုကြောင့် ချင်မိသားစုသည် ၎င်းတို့နှင့်ရင်ဆိုင်ရသည်မှာ အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ရသည်။

"အိုး ? ရှင်းယွဲ့ဘယ်မှာလဲ"မားမားချင် မေးလိုက်သည်။

ချူရှင်းယွဲ့မရှိဘူးဆိုတာကို သိလိုက်ရသဖြင့် မစ္စတာချူနဲ့ မစ္စချူတို့ အံ့ဩသွားသည်။

🍉 Chapter 19

"ဒီကောင်မလေးက အဲ့လိုပဲ အကျင့်က သူ ဘယ်ပြေးသွားပြန်လဲဆိုတာ ဘယ်သူသိမှာလဲ"

မစ္စချူစိတ်မရှည်စွာနဲ့ ချူရှင်းယွဲ့က သူတို့အားအရှက်ရစေခဲ့သဖြင့် ဒီကျေးဇူးကန်းသည့်သမီးအား ဖော်ပြဖို့ ဝန်လေးနေသဖြင့် မစ္စစ်ချူ စိတ်မရှည်စွာပြောလာသည်။

ချူရွှယ်ချီသည် ချင်ကျောက်အား အဝေးမှလှမ်းကြည့် လိုက်သည်။ ချင်ကျောက် အစောပိုင်းကပြန်ရောက်က တည်းက သူ မှုန်ကုပ်ကုပ်ဖြစ်နေသည်။ ချူရွှယ်ချီသည် ယခုအချိန်တွင် သူ့စိတ်အခြေအနေ အလွန်ဆိုးရွားနေကြောင်းနားလည်နိုင်လောက်အောင် သူ့ကို ကောင်း ကောင်းသိသည်။

ချူရှင်းယွဲ့သည်ချင်ကျောက်အား အရှက်မရှိတွယ်ကပ်နေသည်ဟု သူမ သံသယဖြစ်ခဲ့ပြီး ယခုအခါ သူမမျက် နှာမပြဝံ့တော့ပေ။

ဒါကိုတွေးရင်း ချူရွှယ်ချီ စိတ်ထဲ မှိန်ဖျော့သွားသလို ခံစားလိုက်ရသည်။ သူမ နှုတ်ခမ်းကိုအနည်းငယ် ကိုက်ထားသော်လည်း သူ့လေသံကမူ စိုးရိမ်ပူပန်နေကာ

"သမီး သွားရှာလိုက်ရမလား၊ ကျဲ စိတ်ဆိုးနေတာဖြစ်မယ်။ သမီး သွားရှာပြီးပြန်ခေါ်လာခဲ့လိုက်မယ်။"

သူမ၏နာခံမှုရှိသောအမူအရာသည် ပျက်ကွက်နေသည့် ချူရှင်းယွဲ့နှင့် နှိုင်းယှဥ်ကြည့်ပါက ချူရှင်းယွဲ့သည် ဆင်ခြင်တုံတရားကင်းမဲ့နေပုံပေါ်သည်။

"ကျွန်တော်တို့ရဲ့ရွှယ်ချီက အရမ်းလိမ္မာတာ၊ သမီးကျဲအတွက် စိတ်ပူမနေနဲ့၊ သူက အမြဲတမ်းဝုန်းဒိုင်းကြဲပြီး ပြဿနာရှာနေကြပဲ၊ သမီးရဲ့ခြေထောက်ဒဏ်ရာကသက်သာသေးတာ မဟုတ်ဘူး၊ သွားမရှာနဲ့" ဟု မစ္စတာချူသည် ချူရွှယ်ချီ၏ခေါင်းကို ချစ်ခင်စွာပွတ်သပ်ပြောဆိုလာသည်။

သို့သော် နောက်တစ်စက္ကန့်မှာအသံတစ်ခုထွက်လာသည်။

"အိုး၊ ငါ နင့်ကို အဝတ်အစားလဲဖို့ခေါ်သွားလိုက်တာလေ၊ ဘယ်လိုဖြစ်ပြီး..."

 နောက်ဘက်မှ ကျီဖေး၏အသံထွက်ပေါ်လာသဖြင့် လူတိုင်းလှည့်ကြည့်လာကြသည်။

အိမ်ရှင်ဖြစ်သူ ကျီဖေးသည် ချူရှင်းယွဲ့အနား ရပ်နေသည်ကိုတွေ့လိုက်ရသည်။

ချူရှင်းယွဲ့၏ ရိုးရိုးရှင်းရှင်း အနက်ရောင်၀တ်စုံအား သူမ၏နှင်းဖြူရောင်အသားအရေကို ပြီးပြည့်စုံစွာဖြည့်ပေးနိုင်သည့် ကောင်းကင်ပြာကော့တေးဝတ်စုံဖြင့် အစား ထိုးခဲ့သည်။

ချူရှင်းယွဲ့သည် သူမအားဝေဖန်ပြောဆိုခဲ့သည့် သူမ မိသားစုဝင်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ရပ်ကြည့်နေခဲ့သည်။

လေထုသည် ရုတ်တရတ်အဆင်မပြေဖြစ်လာသည်။

ထိုအချိန် ချင်ရှန့်က "ဧည့်သည်တစ်ယောက်ရဲ့၀တ်စုံက မတော်တဆရေစိုသွားလို့ ကျနော့်ဇနီးကို ဂရုစိုက်ပေးဖို့ ပြောခဲ့တာ"

မားမားချင်က "ဘာလို့ စောစောက မပြောရတာလဲ"

ချင်ရှန့် ချူမိသားစုသုံးယောက်အား ကြည့်လိုက်ပြီး

"ကျနော် စကားတစ်ခွန်းမှ မပြောနိုင်လိုက်ဘူး"

ဤပြောဆိုချက်ကြောင့် ချူမိသားစုဝင်သုံးဦး ချက်ချင်းဆိုသလို အရှက်ပိုသွားကြသည်။

နောက်ဆုံးတွင်၊ ၎င်းတို့သည် အစောပိုင်းတွင် မရပ်မနားတရစပ်ပြောနေကြသူများဖြစ်ကာ အခြားမည်သူ့ကိုမျှ စကားပြောခွင့်မပေးဘဲ ချူရှင်းယွဲ့အားစွပ်စွဲခဲ့ကြသည်။

ပတ်ဝန်းကျင်ထံမှ စူးစမ်းလိုစိတ်နှင့် လှောင်ပြောင်သောအကြည့်များကိုခံစားမိရင်း ချူရွှယ်ချီသည် တွင်းတူးပြီး သူ့ကိုယ်သူမြှုပ်နိုင်ရန် ဆန္ဒရှိခဲ့သည်။

ချင်မိသားစုဆီ စရောက်ကတည်းက ဘာကြောင့် အား လုံးတလွှဲဖြစ်နေရတာလဲ ?

ဒါတွေအားလုံး ချူရှင်းယွဲ့ရဲ့အပြစ်ပဲ။

ချူရွှယ်ချီသည် ချူရှင်းယွဲ့အား စူးစူးရဲရဲစိုက်ကြည့်ကာ "ကျဲ အဝတ်အစားသွားလဲနေတာပဲ၊ ကျဲ ညီမကို စိတ်ဆိုးသွားတယ်ထင်နေတာ"

မစ္စတာချူနှင့် မစ္စစ်ချူတို့သည် ထိုအရှက်ရမှုအတွက် ချူရှင်းယွဲ့အား အပြစ်တင်ခဲ့ပြီး အဝတ်အစားလဲသည့် သူမ အပြစ်ဟု ယူဆကြသည်။

သို့သော် ယခုတစ်ကြိမ် ချူရှင်းယွဲ့ပြန်ရောက်လာသော အခါ သူမ ချူရွှယ်ချီအား အေးစက်စွာစိုက်ကြည့်ရင်း သူမ၏မျက်လုံးများထဲ ဒေါသများလျှံထွက်နေပြီဖြစ် သည်။

ချူရွှယ်ချီ နှလုံးတစ်ချက်တုန်သွားသည်။ စဉ်းစားပြီးနောက်၊ ချင်ကျောက်သည် ချူရှင်းယွဲ့နှင့် စေ့စပ်ဆွေး နွေးခြင်းရှိ၊ မရှိကို တွေးတောမိကာ ယခု ချူရှင်းယွဲ့ဒေါသထွက်လာရခြင်းဖြစ်မည်။

ချူရွှယ်ချီသည် သူမ၏ပါးစပ်ထောင့်ရှိအပြုံးကို ထိန်းထားနိုင်ရုံမျှမက မထီမဲ့မြင်အကြည့်တစ်ချက် ချူရှင်းယွဲ့ ထံ ဖြတ်ခနဲရောက်ရှိသွားသည်။

တခြားသူ၏ပါတီရောက်နေခြင်းမဟုတ်ပါက ချူရှင်းယွဲ့နောက်ဆုတ်နေမည်မဟုတ်ပေ။

အစောပိုင်း သန့်စင်ခန်းထဲအဖြစ်အပျက်သည် ချူရွှယ်ချီနှင့် တစ်ခုခုပတ်သက်နေသည်မှာ သေချာသလောက်ပင်။ ချူရွှယ်ချီထံမှ ဘယ်အချိန်ကစ သူမ အတင်းအ ကြပ်ဖိအားပေးခံရမှန်းမသိတော့ချေ။

ချူရှင်းယွဲ့ ဒေါသကိုမျိုသိပ်ပြီး စကားတစ်ခွန်းမှမပြောဘဲထိုင်လိုက်သည်။

ချူမိသားစုသည် သူမအားဆက်လက်လျစ်လျူရှုကာ ပြောဆိုနေခဲ့သည်။

အစောပိုင်းအာရုံပျံ့လွင့်ခဲ့သော ချင်ကျောက်သည် ချူရှင်းယွဲ့အားမြင်ချိန် သူ့ အာရုံများပြန်ဝင်လာရသည်။

ချင်ကျောက်၏အမူအရာသည် လုံးဝပြောင်းလဲသွားကာ သူ့စိတ်ထဲပရမ်းပတာဖြစ်နေသည်။

မဖြစ်နိုင်ဘူး၊ ကလေးဘဝတုန်းက ကယ်ခဲ့တဲ့သူက ချူရွှယ်ချီဆိုတာ အရှင်းကြီးကို...

"ဟေး၊ မစ္စစ်ချူနဲ့ မစ္စချူရဲ့နာမည်က ဘာလဲ ?"

ချင်ကျောက်သည် ကျီဖေး တိတ်တဆိတ်မေးနေသော ချင်ရှန့်အားကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။

ချင်ရှန့် ဖြေပြီးနောက်၊ ချင်ရှီမှလွဲ၍ ၎င်းတို့၏မိသားစုတစ်စုလုံး မတ်မတ်ထိုင်လိုက်ကြသည်။ ၎င်းတို့သည် အပေါ်ယံတွင် စကားပြောဆို‌နေကြသော်လည်း သူတို့၏  စူးစမ်းချင်စိတ်အား မျက်လုံးများထဲမဖုံးကွယ်နိုင်ပေ။ သူတို့၏ခန္ဓာကိုယ်များသည် ကျီဖေး ထံသို့ မသိစိတ်ပင် တိုးကပ်နေကြသည်။

သူတို့ ဘာလုပ်နေကြတာလဲ ?

[ငါ သိပြီ၊ အဲ့တာကြောင့်ကိုး ဘယ်လိုလုပ် အသက်ကယ်ခဲ့တဲ့ကျေးဇူးရှင်ကို ဘယ်လိုလုပ်လူမှားတာလဲဆိုပြီးစဉ်း စားနေတာ၊ ဒါကြောင့်ကိုး မိသားစုသုံးယောက်ပေါင်းပြီး လူတွေကို လှည့်စားထားကြတာကိုး]

ချင်မိသားစုဝင်များသည် ထိုကိစ္စရပ်အား ထင်ကြေးပေးခဲ့ကြသော်လည်း အဓိပ္ပါယ်မရှိပေ။ ချူရှင်းယွဲ့က ဘယ် လိုလုပ် မသိရတာလဲ ?

ကျီဖေးအား တိတ်တဆိတ် ဒေါသတကြီးစိုက်ကြည့်သည့် ချင်ကျောက်၏အမူအရာမှာအကြိမ်ကြိမ်အခါခါပြောင်း လဲသွားသည်။ ဒီတစ်ခါကော ကျီဖေး ကောလဟာလတွေ ဘယ်လိုဖြန့်ဦးမလဲဆိုတာ သူ ကြည့်ချင်သေးတယ်။