Ch 20
Viewers 566

🍉 Chapter 20

 

 

[ဒီလိုတွေးကြည့်မယ်ဆိုရင် ချူရွှယ်ချီက အရင်ဆုံး ချူရှင်းယွဲ့ ပိုင်တဲ့အရာတွေကို လုယူတာပေါ့]

 

ချူရှင်းယွဲ့အား တိတ်တဆိတ်ကြည့်နေသော ချင်ကျောက်၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားသည်။

 

ချင်ကျောက်နှင့် ချူရှင်းယွဲ့တို့သည် အတန်းဖော်များဖြစ်သည်။ ၎င်းတို့ နွေရာသီစခန်းချခဲ့သည့် နေရာသည် ချူရွှယ်ချီ ဆေးကုသမှုခံယူနေသောနိုင်ငံဖြစ်သည်။

 

ထိုအချိန်တွင် ချင်ကျောက်သည် ဆယ်နှစ်ခန့်သာရှိသေးသော်လည်း အဖွားနှစ်ဦးကြားရှိ သဘောတူညီချက်ကြောင့် ချူရှင်းယွဲ့နှင့်စေ့စပ်ထားပြီးဖြစ်သည်။ ထုံးစံအတိုင်း သူ ချူမိသားစုဝင်များနှင့်တွေ့ခဲ့ရသည်။

 

ချင်ကျောက်သည် ချူရွှယ်ချီအား ပထမတွေ့သည့်အချိန်မှာ သူ(မ)သည် ဆေးရုံခန်းထဲထိုင်နေသော်လည်း မင်းသမီးလေးတစ်ပါးကဲ့သို့ လှပ‌ကျော့ရှင်းလှသည်။

 

[ဘာကြောင်းလဲဆို ချူရွှယ်ချီ ဘ၀မှာ ချင်ကျောက်လို ချောမောတဲ့ကောင်လေးမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးလို့ပဲ၊ ပြီးတော့ အဲ့ကောင်လေးက သူ့ အစ်မဖြစ်သူနဲ့ စေ့ စပ်ထားပြီး သူ့အစ်မနဲ့ သက်ဆိုင်သူဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အချိန် သူ(မ)ကပဲ ချင်ကျောက်နဲ့ သက်ဆိုင်ရမယ်ဆိုပြီး အော်ဟစ်သောင်းကျန်းခဲ့သေးတယ်ပေါ့]

 

[မနာလိုမှုက လူတစ်ယောက်ကို တကယ်ပြောင်းလဲစေတာပဲ၊ ချူရှင်းယွဲ့နဲ့ယှဉ်ရင် သူကသာ မိဘတွေရဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေအားလုံးကိုရထားတဲ့အပြင် ချူရှင်းယွဲ့ပိုင်တဲ့ဟာကိုတောင် လုယူချင်နေတုန်းပဲ၊ ချူရွှယ်ချီ ထင်ထားတာ ချူရှင်းယွဲ့သာမရှိခဲ့ရင် အဲ့တာတွေအကုန် လုံး သူ(မ)အပိုင်လို့တွေးထားတာပဲ]

 

ချင်ကျောက် နားထောင်ရင်းနှင့် သူ့အသံရှုသံများပင် လွဲမှားသွားရသည်။ 

 

ဟင့်အင်း ရွှယ်ချီက အဲ့လိုလူမျိုးမဟုတ်ဘူး၊ လုံး၀ မဟုတ်ဘူး...

 

ထိုစဥ်က ချူရွှယ်ချီသည် အမှန်ပင် ငိုနေခဲ့ပြီး ဆေးရုံခန်းထဲအလွန် ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့သည်။ သူထင်သည်မှာကလေးမလေးသည် ဖျားနေသဖြင့်သနားစရာကောင်း သည်ဟုတွေးမိပြီး တစ်ယောက်ယောက် သူ(မ)အားချော့ပေးရန်မျှော်လင့်မိသည်။ ထို့ပြင် ကလေးမလေး၏ မျက်နှာသည် ချူရှင်းယွဲ့နှင့်တစ်ပုံစံတည်းဖြစ်သော ကြောင့် သူ ပိုစာနာသနားမိသည်။

 

ဒါပေမယ့် အခု ကျီဖေးစကားအရဆို... ချူရွှယ်ချီက သူ့မိဘတွေရဲ့ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်မှုတွေကိုရထားတယ်...ဒါဆို အဲ့အချိန်တုန်းက ချူရှင်းယွဲ့မှာ ဘာရှိလဲ ?

 

သူ(မ)မှာ သူသာ ရှိသည်… စေ့စပ်ထားသည့် သတိုးလောင်းဖြစ်သည့် သူသာ ရှိခဲ့သည်။

 

ချင်ကျောက် ထိုသည်ကိုတွေးရင် သူ့ခေါင်းအားအရိုက်ခံရသည့်ပမာ မူးဝေနေကာအလွန်တုန်လှုပ်နေခဲ့သည်။

 

[အစက နွေဦးစခန်းချတဲ့နေရာကို ချင်ကျောက်ရော  ချူရှင်းယွဲ့ပါ အတူတူသွားဖို့ စီစဉ်ထားပေမဲ့၊ ဆေးရုံတက်နေတဲ့ ချူရွှယ်ချီက ချင်ကျောက်ကို သူ့အစ်မနဲ့ မဆော့စေချင်လို့ သွားခွင့်မပြုတာနဲ့ ချူမိသားစု၀င်တွေက သူ့သဘောကိုလိုက်လျောပြီး ချူရှင်းယွဲ့ရဲ့လိုက်ပါခွင့်ကို ပယ်ဖြတ်ခဲ့တာပေါ့၊ အဲ့လိုနဲ့ ချူရှင်းယွဲ့နဲ့မျက်နှာအရမ်းတူတဲ့ ချူရွှယ်ချီကိုအစားထိုးပြီး သူ(မ)ကိုဂရုစိုက်ပေးဖို့  ချင်ကျောက်ကိုတောင် တောင်းဆိုခဲ့သေးတယ်]

 

ချင်ကျောက်၏အမူအရာ မည်းမှောင်သွားသည်။ သူ ထိုအချိန်က ပြဿနားကြီးမဟုတ်ဟုထင်သဖြင့် ချူရှင်းယွဲ့၏ခံစားချက်ကို ထည့်မစဉ်းစားခဲ့ပေ။ သူ ချူရွှယ်ချီအားစောင့်ရှောက်ပေးရန် တောင်းဆိုချက်ကိုချက်ချင်း သဘောတူခဲ့သည်။

 

ချူရှင်းယွဲ့က ညီမဖြစ်သူကိုပဲ သွားခိုင်းတယ်လို့ သူ ထင်ထားတာ။ 

 

ထိုအချိန်က ချူရှင်းယွဲ့၏ခံစားချက်များကိုမူ သူ မမှတ် မိတော့ချေ။

 

ချင်မိသားစုသည်လည်း အစ်မဖြစ်သူသည် ဖျားနေသည်ညီမငယ်အား ဆော့ကစားဖို့ အခွင့်အရေးပေးခဲ့သည်ဟု ကြားခဲ့ရပြီး ၎င်းတို့၏ရင်းနှီးသည့် ညီအစ်မဆက်ဆံရေးကိုတောင် ချီးကျူးခဲ့ကြသေးသည်။

 

ဘယ်သူက မိဘတွေရဲ့အတင်းအကြပ်တောင်းဆိုမှုနဲ့ ညီမဖြစ်သူဆီက နှင်ထုတ်မှုဖြစ်မယ်လို့ထင်မှာလဲ ?

 

အဲ့လိုဆိုရင်တောင် သူ ဒုက္ခရောက်နေတဲ့အခါ ချူရွှယ်ချီ သူ့ဘေးမှာ ရှိနေခဲ့တာမဟုတ်လား ? ဘယ်လိုလုပ် သူ့ကိုကယ်ခဲ့သူက ချူရှင်းယွဲ့ဖြစ်သွားတာလဲ ?

 

ချင်ကျောက် နားမလည်နိုင်ချေ။

 

သူတို့၏စခန်းချရာနေရာသည် တောထူထပ်သောနေရာတွင် ရှိနေသည်ကို သူ မှတ်မိနေသေးသည်။ ဝန်ထမ်းများသည် ၎င်းတို့အားတောအုပ်အတွင်း ဦးဆောင်ကာ အပင်များအကြောင်းနှင့် တောတွင်းရှင်သန်မှုဆိုင်ရာ အတတ်ပညာအချို့ကို သင်ကြားပေးသည်။

 

သို့သော် ထိုအချိန်က သူ အလွန်ရူးမိုက်သဖြင့် အဖွဲ့နှင့်လူစုခွဲကာ ချူရွှယ်ချီနှင့်အတူထွက်ခွာလာခဲ့သည်။

 

ထို့ကြောင့် သူသည် မတ်စောက်သော တောင်စောင်းတစ်ခုမှ မတော်တဆပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန်ရသွားသည်။ သူ တောင်စောင်းထိပ်ရှိ ချူရွှယ်ချီ၏ ကျယ်လောင်သော ငိုကြွေးသံကိုအမှတ်ရသေးသည်။

 

သူ သွေးများဆုံးရှုံးခါနီးတွင် ချူရွှယ်ချီကို ပြန်တွေ့ခဲ့သည်။

 

ချူရွှယ်ချီ ငိုယိုပြီးနောက် သူ့အားချောက်ထဲမှဆွဲထုတ်ကာကုန်းပိုးလျက် ကယ်ဆယ်ရေးအဖွဲ့နှင့် မတွေ့ဆုံမီအထိဆက်လျှောက်ခဲ့သည်။

 

ချူရွှယ်ချီ သူ့အသက်အားကယ်ခဲ့သည်မှာ ထင်ရှားလှသည်။

 

[ချူမိဘတွေလည်း ပြာယာခဲ့သွားလို့ ချင်ကျောက်ကိစ္စကို ဘယ်သူမှဂရုမစိုက်နိုင်ခဲ့တာ၊ ကျန်းမာသန်စွမ်းတဲ့ ချူရှင်းယွဲ့ဆိုရင်တော့ ဒီလို လမ်းနည်းနည်းလျှောက်ရတာ ကိစ္စမရှိပေမဲ့ ချူရွှယ်ချီဆိုရင်တော့ ပြောနေစရာကိုမလိုတာ၊ သူက ချင်ကျောက် ပြုတ်ကျသွားတာမြင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ငိုယိုနေရင်း သူ့ ခန္ဓာကိုယ်ကလည်းအားနည်းတော့ တစ်ခါတည်းမေ့လဲသွားတာပဲ၊ အပြင်မှာစောင့်နေတဲ့ ချူမိဘတွေက သူ(မ)မေ့လဲနေတာလဲမြင်ရောထိတ်လန့်တကြားနဲ့ ဆေးရုံကိုအမြန်ခေါ်သွားကြတာ ချင်ကျောက် ဒုက္ခရောက်နေမှန်းတောင် သူတို့မသိခဲ့ကြဘူး]

 

ချင်ကျောက်၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။

 

[ချူမိဘတွေ အစက ချူရှင်းယွဲ့နဲ့စခန်းအပြင်ဘက်မှာ အတူ စောင့်နေပေမဲ့ သူတို့သမီးလေးမေ့လဲနေတာလည်းမြင်ရော သမီးကြီးကားပေါ်မတက်ရသေးတာကိုတောင် မေ့ပြီးမောင်းထွက်သွားကြတာ၊ အဲ့ဒါကြောင့် ချူရှင်းယွဲ့စခန်းချတဲ့နေရာမှာကျန်နေခဲ့တော့တာပေါ့]

 

[တကယ်တော့ ချင်ကျောက် ကံကောင်းသွားတာ၊ ချင်မိသားစုကလွဲရင် ဒီကမ္ဘာမှာ သူ့ကို ဂရုစိုက်တာဆိုလို့ ချူရှင်းယွဲ့ပဲရှိတယ်၊ ချူရှင်းယွဲ့က ညီမဖြစ်သူကိုလည်းမြင်ရော ချင်ကျောက် ထွက်မလာသေးတာကိုသတိရပြီး ၀င်ရှာဖို့ တန်းထွက်သွားတာပဲ၊ စခန်းချတဲ့သူတွေ မထွက်သွားသေးပေမဲ့ ဘယ်သူကမှ သူ ဒုက္ခရောက်နေမှန်းမသိကြဘူး၊ ချူရှင်းယွဲ့သာ မဝင်သွားရင် တစ်ခြားသူတွေသတိထားမိတဲ့အချိန်လောက်ဆို ချင်ကျောက် သွေးထွက်လွန်းပြီး သေတောင် သေနေလောက်ပြီ...]

 

ချင်ကျောက်၏နှလုံးသားသည် မြှားတစ်စင်းထိုးဖောက်သွားသလို ခံစားလိုက်ရသည်။

 

ခိုးနားထောင်နေသော ချင်မိသားစုဝင်များပင် ထိတ်လန့်မှုများဖြတ်ပြေးသွားသည်။ ၎င်းတို့၏အကြည့်များ သည် ကျေးဇူးတင်ချင်စိတ်များရောယှက်နေကာ အနီးနားရှိ ချူရှင်းယွဲ့အားတိတ်တဆိတ်ကြည့်လိုက်ကြသည်။

 

ယင်းကြောင့် ၎င်းတို့နှင့်စကားပြောနေသော ဧည့်သည်များသည် တတိယသခင်လေး၏စေ့စပ်ကြောင်းလမ်းမှုမှာအမှန်တကယ်ပြောင်းလဲသွားခြင်း ရှိ၊ မရှိ စိတ်၀င်စားနေကြသည်။

 

ကျီဖေးသည် သူ(မ)မျက်လုံးများရှေ့ရှိ ဒရာမာကိုစိတ်အားထက်သန်စွာ ဆက်လက်ကြည့်ရှုနေသည်။

 

[ချင်ကျောက် ပျောက်နေတယ်ဆိုတာ ကယ်ဆယ်ရေးအဖွဲ့ကသိတဲ့အချိန်  ချက်ချင်းရှာဖို့လုပ်တယ်၊ အစက ချူရှင်းယွဲ့ စခန်းချတဲ့သူတွေထဲမပါပေမဲ့ တိတ်တိတ် လေး၀င်သွားခဲ့တာ၊ သူ  ချင်ကျောက်ရဲ့ပစ္စည်းအချို့ကို မှတ်မိလို့ လျှောက်သွားရင်း လျှိုထဲသတိလစ်နေတဲ့ ချင်ကျောက်ကိုတွေ့ပြီး သူ့ကိုကုန်းပိုးခေါ်လာခဲ့တာ၊  သူ(မ) လည်းထိတ်လန့်နေပြီး သူခံနိုင်တဲ့ ကန့်သတ်ချက်ထက် ကျော်ပြီး မောပန်းနွမ်းနယ်နေတောဘ ချူရှင်းယွဲ့လည်း ချက်ချင်းအဖျားတက်သွားပြီး သူနဲ့အတူဆေးရုံပို့လိုက်ရတယ်]

 

ယခုအခါ ချင်မိသားစုဝင်များအားလုံး မေးခွန်းများပြည့်နှက်နေသည်။

 

ဒါဆို ဘာလို့... ချူရွှယ်ချီလို့ပြောခဲ့ကြတာလဲ ?

 

[ သူ(မ) ဒီလိုကြမ်းတမ်းတဲ့ အတွေ့အကြုံကိုဖြတ်သန်းခဲ့ရတဲ့အပြင် အဖျားပါတက်ခဲ့တော့ ဒီအခြေအနေကိုမေ့သွားခဲ့တယ်၊ ချင်ကျောက်လည်း သူမြင်ခဲ့တဲ့လူကို ချူရွှယ်ချီလို့ထင်ပြီး သူ နိုးလာတဲ့အခါ ပထမဆုံးမေးတဲ့လူကချူရွှယ်ချီပဲ၊ ဒါကြောင့်လည်း ချူမိသားစုက ဒီအ ခြေအနေကို အခွင့်ကောင်းယူပြီးလိမ်ညာခဲ့ကြတာပဲ၊  ချူရှင်းယွဲ့က ချင်ကျောက်ကိုကယ်ခဲ့တဲ့သူက ညီမဖြစ်တဲ့သူလို့ ယုံပြီး သူကတော့ထိတ်လန့်ပြီး ဖျားသွားရုံလို့ ထင်ခဲ့တာ၊ စခန်းချတဲ့ကြီးကြပ်မှူးသည်လည်း ကလေးမလေးမေ့လဲသွားပြီး ပြန်သတိရလာတာနဲ့ သူ့သူငယ်ချင်းကိုစိတ်ပူလို့ပြန်လာတာဆိုပြိး စခန်းကဝန်ထမ်းတွေကို တောင်ပြောပြနေသေးတယ်၊ အေးပေါ့ အားလုံးက သံသယဖြစ်စရာနေရာမှမရှိပဲ ချောမွေ့နေရော၊ ဒါ... သောက်ကျိုးနည်း ခွေးသွေးဒရမ်မာတစ်ခုပဲ]

 

ချင်ကျောက်၏ခန္ဓာကိုယ်သည် တောင့်တင်းနေပြီဖြစ် သည်။ ကျီဖေး၏စကားများသည် တကယ်မှန်ကန်လွန်းသောကြောင့် သူ့မှတ်ဥာဏ်များအားလုံးပြိုကျလုနီးပါးပင်။

 

သို့သော် သူသည် နှစ်ပေါင်းများစွာလိမ်ညာခံရမည်ကို   မယုံချင်ပေ။ ချူမိဘတွေ ဘာလို့ဒီလိုလုပ်ရတာလဲ ? အဲဒီတုန်းက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက  အခုလောက်ထိ မတင်းမာသေးချေ။

 

ချင်မိသားစုဝင်များလည်း အံ့သြနေကြသည်။ သူတို့မိသားစုအတွက်တော့ ချူမိသားစုလုပ်ခဲ့သည်များကို ဘယ်တော့မှ နားလည်နိုင်မည်မဟုတ်ပေ။

 

ကျီဖေး သူ(မ)စိတ်ထဲတွင်ကျိန်ဆဲလိုက်မိသည်။

 

[ဒါကြောင့် သူတို့က အဲ့တည်းက စေ့စပ်ထားတဲ့သူကို ပြောင်းချင်နေခဲ့တာပဲ၊ သူတို့သမီးအငယ်က ကလေးဆန်ပြီးတစ်ကိုယ်ကောင်းဆန်လွန်းတာကြောင့်ပဲ၊ ချူရှင်းယွဲ့ကကျန်းမာတော့ ဘယ်သူနဲ့မဆို လက်ထပ်နိုင်တယ်ဆိုပြီး သူတို့ကထင်ခဲ့တာ၊ ဒါပေမဲ့ ချူရွှယ်ချီက ကျန်းမာ ရေးချို့တဲ့တော့ တစ်ဖက်မိသားစုက သူ့ကိုဆေးဝါးလည်း ထောက်ပံနိုင်ရမယ်၊ သူ့ကို အနိုင်မကျင့်ပဲအလေး ပေးတဲ့မိသားစုနဲ့ လက်ထပ်နိုင်ဖို့မျှော်လင့်ထားကြတာ]

 

ချင်မိသားစုဝင်များ ရုတ်တရက်နားလည်သွားသည်။ ချမ်းသာပြီး ထင်ရှားကျော်ကြားသော မိသားစုများ၏ သားသမီးများကြားတွင် အိမ်ထောင်ရေးကိစ္စဆိုသည့်အရာမှာ မိတ်ဆွေဖွဲ့ခြင်းကို ဦးစားမပေးသည့် ၎င်းတို့လိုမိသားစုမျိုးအလွန်ရှားပေသည်။

 

ချူမိသားစုတွင် မိတ်ဖွဲ့လက်ထပ်ရန် ရည်ရွယ်ထားသော သမီးနှစ်ယောက်ရှိသည်။

 

 

ထိုအချိန်တွင် အဖွားချူသည် စေ့စပ်ပွဲမပြီးမချင်း အဖွားချင်အား နှစ်အတော်ကြာနားပူနားဆာလုပ်ခဲ့သည်။

 

မူလတွင် ၎င်းတို့မိသားစုသည် စောစောစီးစီးစေ့စပ်ပွဲစီစဉ်ပေးတက်သည့် အလေ့အထမရှိချေ။

 

[အဖွားချူက ချူရှင်းယွဲ့နဲ့ စေ့စပ်ရမဲ့သူက ချင်ကျောက်လို့ပြောတာနဲ့ ချူဇနီးမောင်နှံက မကျေမနပ်ဖြစ်တော့တာပဲ၊ သူတို့က အဖွားကို ဘက်လိုက်တယ်ဆိုပြီးတောင်ထင်ကြသေးတယ်၊ မြေးငယ်လေးအတွက်ကျတော့ ထည့်မတွေးဖူးပေါ့၊ အဖွားချူကလည်း ဘယ်ငြိမ်နေမလဲ ချက် ချင်းပြန်ပြောတာပဲ 'နင်တို့လည်း သမီးငယ်ကို မျက်နှာ လိုက်တာပဲလေ၊ ငါ အသက်ရှင်နေတုန်း ငါ့မြေးကြီးအ တွက်မစီစဥ်ခဲ့ရင် နင်တို့လို တာ၀န်မဲ့တဲ့မိဘတွေက ဘယ် တော့မှ သူ့အတွက် တွေးပေးကြမှာလဲ']

 

[အဖွားပြောတာ အရမ်းကောင်းတယ်!]

 

ချင်မိသားစုဝင်များလည်း စိတ်ထဲသက်ပြင်းချလိုက်သည်။ အဖွားချင်ဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ ချူ မိသားစုသည် လက်တွဲဖော်ပြောင်းလဲလိုသော်လည်း အဖွားချူသည် အမြဲတစေကန့်ကွက်တက်သည်။ အဖွားချူဆုံးသွားတာမှ မကြာသေး ချူမိသားစု၏ရည်ရွယ် ချက်တွေ ပိုသိသာလာပြီ၊ သူတို့ရဲ့ ချင်ကျောက်အတွက် တော့...

 

ချင်မိသားစုဝင်များသည် ချင်ကျောက်အားစောင်းငှဲ့ကြည့်လိုက်ချိန် သူ့မျက်နှာသည် အိုးမည်းကဲ့သို့ မည်းမှောင်နေသည်ကိုတွေ့လိုက်ရသော်လည်း သူယုံလား ?   မယုံလားတော့ မသေချာပါချေ။

 

အမှန်တွင် ချင်ကျောက်သည် ကျွဲတစ်ကောင်လိုအလွန်ခေါင်းမာသည်။

 

ချင်ကျောက် တကယ်တော့ မယုံချင်သေးပေ။

 

ဒါက ကျီဖေးရဲ့ထင်မြင်ယူဆချက်တွေပဲ မဟုတ်ပါလား?

 

သက်သေပြနိုင်တဲ့ အရာပါလို့လား ? ကျီဖေးပြောသမျှတိုင်းက အမှန်တွေလို့ အာမခံလို့လား ? သေချာတာက တော့ သူ့မျာ ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ အတွေးတစ်ခုရှိနေခြင်းသာ။

 

ချူရွှယ်ချီ သူ့အားကယ်တင်ခဲ့သည်ဟူသော အမှန်တရားမှာ ပိုကျိုးကြောင်းဆီလျော်ပြီး ယုတ္တိရှိသည်မှာ  ထင်ရှားသည်။

 

ချင်ကျောက်သည် ကျီဖေးကိုစူးစိုက်ကြည့်ရင်း သူ့ဒေါသမထိန်းနိုင်ဖြစ်လာပြီး သူ(မ)စကားများကိုချက် ချင်းချေပလိုက်ချင်သည်။

 

သို့သော် ချင်းရှန့်သည် ရုတ်တရက် သူ့ရှေ့တွင်ပိတ်ဆို့လာသည်။

 

ချင်ကျောက် ချင်ရှန့်အား ဒေါသနှင့် မရေရာမှုများရော ယှက်လျက် ကြည့်လိုက်သည်။

 

ချင်ရှန့်သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ သူ့ညီ   ငတုံးကို အဖက်မလုပ်ချင်သော်လည်း စောစောက ကျီဖေး၏အတွေးများကို ကြားလိုက်သောအခါ သက်သေပြနိုင်လောက်သည့် အထောက်အထားတစ်ခုကိုတွေ့ရှိခဲ့သည်။

 

ချင်ရှန့် ခဏလောက်စဉ်းစားပြီးနောက် ပတ်ဝန်းကျင်ဆူညံသံများကို အခွင့်ကောင်းယူကာ "မင်း ဆယ်နှစ်သားတုန်းက ချင်ရှီထက် နည်းနည်းပိုထွားနေပြီမဟုတ်လား"

 

ချင်ကျောက်သည် ရုတ်တရက်စကားလမ်းကြောင်း ပြောင်းသွားသဖြင့် သူ၏ဒုတိယအစ်ကိုကို ရှုပ်ထွေးစွာကြည့်နေသည်။

 

ချင်ရှန့်၏ အကြည့်များသည် နက်ရှိုင်းလာပြီး "မင်းကို ကျောပေါ်တင်ထားနိုင်တဲ့ မိန်းကလေးတွေ အများကြီး   မရှိဘူး"

 

ကျန်းမာတဲ့ ချူရှင်းယွဲ့…

 

အားနည်းတဲ့ ချူရွှယ်ချီ…

 

ဘယ်လိုလူက သူ့ကိုချောက်ထဲကဆွဲထုတ်ပြီး ကျောပိုးပေးနိုင်မှာလဲ…

 

ချင်ကျောက်၏မျက်နှာပေါ်ရှိ အရောင်သည် တလှည့်စီပြောင်းလဲနေသည်။

 

ဖြစ်နိုင်တာက လူသားတွေရဲ့ထူးဆန်းမှုတို့၊ ဘဝရဲ့အံ့ ဖွယ်ကိစ္စတွေကြောင့်လည်းဖြစ်နိုင်သလို တစ်ခြား...

 

ချူရှင်းယွဲ့နှင့် ချူရွှယ်ချီတို့၏မျက်နှာများသည် ချင်ကျောက်၏စိတ်ထဲ တစ်လှည့်စီ လှည့်ပတ်သွားသည်။

 

ချူရှင်းယွဲ့၏လက်သည် ပြုတ်ကျလာသော စင်တစ်ခုကြောင့်ကျိုးသွားသော်လည်း သူ(မ)သည် ချွေးသီးချွေး ပေါက်များ ကျရုံမှအပ အသံတစ်သံမှမထွက်ခဲ့ချေ။

 

ချူရွှယ်ချီသည် ခြေကျင်းဝတ် အနည်းငယ်လိမ်ရုံမျှဖြင့် မျက်လုံးများရောင်ရမ်းသည်အထိ ငိုတက်သည်။

 

ချူရှင်းယွဲ့သည် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုရွှေ့ ပြောင်းနေစဉ် အမျိုးသားအတန်းဖော်တစ်ဦးမှ အကူ အညီပေးရန်မေးခဲ့သော်လည်း သူ(မ)သည်ငြင်းဆိုခဲ့သည်။ ထို့နောက် သူ(မ) ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးသည် ထိုပစ္စည်းများအားလုံးကို သယ်ဆောင်သွားနိုင်ခဲ့သည်။

 

ချူရွှယ်ချီသည် သရုပ်ဆောင်နေစဉ် ကလေးတစ်ဦးကို ချီရမည့်အခန်းတွင် သုံးစက္ကန့်သာချီနိုင်သည်။ ထို့နောက်တွင် သူ(မ) ဘယ်လောက် ပင်ပန်းခဲ့လဲဆိုတဲ့အကြောင်းကို သူ့ကိုဖုန်းခေါ်ပြီးငြီးငြူခဲ့သည်။

 

...

 

အတင်းအဖျင်းများကြောင့် ပွဲထဖြစ်တော့မည်။

 

တစ်စုံတစ်ယောက်သည် ချူမိသားစုအား စီးပွားရေးကိစ္စများဆွေးနွေးရန် အတူတကွ ထွက်ခွာရန်ဖိတ်ကြားခဲ့သော်လည်း မစ္စတာချူသည် ပြုံးလျက်ငြင်းဆိုလိုက်သည်။

 

"ဒီနေ့ ငါ ချင်မိသားစုနဲ့ချိန်းထား‌တာလေးရှိလို့ အချိန်မရှိသေးလို့ကွာ"

 

ထိုသည်ကိုကြားချိန် လူတိုင်းသည် ဤစေ့စပ်ပွဲမည်သို့ဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။

 

သို့သော် ထိုသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သောကြောင့် ၎င်းတို့ ဆက်နေလို့မရတော့ချေ။

 

ထွက်သွားရန်ပြင်ဆင်နေသူများသည် တော်တော်လေး ဝန်လေးနေကြသည်။

 

သို့သော် ထိုအချိန်တွင် ဧည့်ခန်းထဲသို့တစ်ယောက် ယောက်ဝင်လာသည်။

 

"ချူရှင်းယွဲ့,! ချူရှင်းယွဲ့ ! မင်း စေ့စပ်ပွဲဖြတ်တော့မယ်လို့ ငါ ကြားတယ်၊ ဒီနေ့ မင်းရဲ့မိသားစုဆီ ငါ တင်တောင်းဖို့ လာခဲ့တာ! ကိုယ် မင်းကို လက်ထပ်မယ်! မင်းက အစတည်းက ငါ့ အပိုင်ဆိုတော့ ငါ မင်းကိုတာဝန်ယူမယ်!"

 

ချူရှင်းယွဲ့နှင့် ချင်ကျောက်တို့ နှစ်ယောက်စလုံးလှည့်ကြည့်လိုက်သောအခါ မကြာသေးခင်က ချူရှင်းယွဲ့အား သန့်စင်ခန်းရှေ့ နှောင့်ယှက်ခဲ့သော လူကို တွေ့လိုက်ရသည်။ ထိုလူသည် မူးရွဲနေပြီး နောက်ထပ်ပြဿနာလာရှာနေပြန်သည်။