Chapter 21
ယခုရောက်ရှိလာသူသည် ချမ်းသာသောမိသားစုများကြား
နာမည်ဆိုးဖြင့်ကျော်ကြားသော play boy ဝူထျန်ဖြစ်သည်။ သူ၏ရုပ်ရည်သည် အတော်အတန်ချောမောသော်လည်း
တန်ဖိုးလုံး၀မရှိသူဖြစ်ကာ တရားမဝင်သော လုပ်ရပ်များစွာကိုကျူးလွန်ပြီး ရဲစခန်းနှင့်
အိမ်ဦးကြမ်း ပြင်ဖြစ်နေသော ချမ်းသာသည့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်သည်။
သူပေါ်လာသဖြင့် လူတိုင်းမအံဩသွားပါချေ။
သို့သော် ဤနေ့သည် ချင်မိသားစု၏ပွဲဖြစ်သောကြောင့်
ဝူထျန်၏နှောင့်ယှက်မှုသည် သူတို့မျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။
ဝူထျန်၏ဦးလေးနှင့် အဒေါ်သည် ဝူမိသားစုကိုကိုယ်စားပြုပြီး
သူ့အားဆွဲခေါ်ရန် ချက်ချင်းခြေလှမ်းပြင်လိုက်သည်။
"ငါတို့ မင်းကို ခေါ်လာဖို့သဘောတူပေမဲ့ ပြဿနာရှာခွင့်မပေးထားဘူး!"
"တောင်းပန်ပါတယ် ကျွန်မတို့တူလေး မူးနေပြီဆိုတော့
ချက်ချင်းပြန်ခေါ်သွားလိုက်ပါ့မယ်"
ဝူထျန်သည် သူ့အဒေါ်နှင့် ဦးလေးကိုတွန်းဖယ်လိုက်သည်။
သူသည် အစောပိုင်း ချူရှင်းယွဲ့ကို အနှောင့်အ ယှက်ပေးခဲ့သဖြင့် ချင်ကျောက်နှင့် ပြဿနာဖြစ်ခဲ့ရသည်။
ထို့နောက် သူ့ ဒေါသများကိုအရည်ဖျော်ရန် အရက်များဖြင့် မျှောချလိုက်သည်။ သူပိုသောက်လေလေဒေါသကြီးလေလေနှင့်
ပိုစိတ်မြန်လက်မြန်ဖြစ်လာသည်။
ဝူထျန်သည် ချူမိသားစုထံသို့တန်းတန်းမတ်မတ်သွားကာ
မစ္စတာချူနှင့် မစ်ချူအားပြုံးပြပြီး
"အန်ကယ်၊ အန်တီတို့က စေ့စပ်ပွဲကိုပြောင်းချင်တာဆိုရင်
ကျွန်တော်က ဒီနေ့ ဒီမှာရှိနေကြတဲ့သူတွေအားလုံးကို သက်သေပြုပြီး ချူရှင်းယွဲ့နဲ့ စေ့စပ်ခွင့်တောင်းချင်ပါတယ်"
ထို့နောက် သူသည် အဆိပ်ပြင်းသောမြွေတစ်ကောင်ကဲ့သို့
ချူရှင်းယွဲ့အား ပြင်းပြင်းထန်ထန်စူးစိုက်ကြည့်လာသည်။
ချူရှင်းယွဲ့၏စိတ်သည် ခဏတာလွတ်သွားသည်။ သူ(မ)
သည် ဝူထျန်ကိုမကြည့်ဘဲ ချူမိဘများနောက်တွင် ပုန်းနေသော ချူရွှယ်ချီကိုလှည့်ကြည့်လိုက်သည်။
ချူရွှယ်ချီ၏မျက်နှာသည် ဖြူဖျော့နေပြီး သူ(မ)မျက်
လုံးများသည် ထိတ်လန့်မှုကြောင့် ဂနာမငြိမ်ဖြစ်နေ သည်။ ချူရှင်းယွဲ့ သူ(မ)ကိုကြည့်နေသည်ကို
သတိပြုမိသောအခါ အပြစ်ရှိစွာအကြည့်ကို ချက်ချင်းရှောင်လိုက်သည်။
ထိုအချိန်တွင် ဝူထျန်သည် ချူရှင်းယွဲ့၏လက်ကောက်
ဝတ်ကို ဆုပ်ကိုင်ရန်လက်လှမ်းလိုက်သော်လည်း အခြားလက်တစ်ဖက်သည် သူ့လက်အား အတင်းအကြပ်တားလာသည်။
ဝူထျန်သည် အရက်သောက်ထားသောကြောင့် အလွန်ရဲရင့်နေပြီး
ယခင်ကထက် ပိုသွေးကြွလာသည်။ သူသည် သူ့အား တားသောလူကို ဒေါသတကြီးစိုက်ကြည့်ပြီး
"ဒီမှာ ချင်ကျောက် ငါက မင်း မလိုချင်တော့ဘူးဆိုတဲ့
သူကိုယူရုံပဲ၊ မင်းက ငါ့ကိုတောင် ကျေးဇူးတင်ရဦးမယ်!"
"မင်းရဲ့သောက်ရေးမပါတဲ့အတွေးတွေကို ခေါင်းထဲက
ထုတ်လိုက်!"
ချင်ကျောက်သည် ဝူထျန်ကို ထိုးဖို့လက်သီးရွယ်လိုက်သည်။
သူသည် လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံရသော သားရဲတစ်ကောင်ပမာ
ခံစားချက်များအား ပုလင်းအသေးလေးထဲ စုထည့်ခံထားရသလို အလွန်မွန်းကြပ်နေချိန်တွင် ဤသောက်ကောက်သည်
ရိုက်နှက်ဖို့တောင်းဆိုလာသည်။ ချင်ကျောက်၏လက်သီးများသည် မဆိုင်းမတွ ပျံသန်းသွားပြီး
ဝူထျန်အား မြေပြင်ပေါ်သို့သိပ်ချသည်။
ချူရှင်းယွဲ့သာ သူ့လက်ကောက်ဝတ်များကို လှမ်းမကိုင်လိုက်ပါက
ထပ်မံရိုက်ဦးမည်ဖြစ်သည်။ သူ ဒေါသတကြီးလှည့်ကြည့်လိုက်သောအခါ ချူရှင်းယွဲ့၏အေးစက်နေသော
အမူအယာကိုမြင်လိုက်ရပြီး သူ့အား ဝင်ရောက်မစွက်ဖက်စေချင်သလိုပင်။
သူ(မ) မျက်နှာသည် ဝူထျန်ကိုစိုက်ကြည့်ရင်း ပိုအေးစက်လာသည်။
ချင်ကျောက်သည် သူ့ရင်ဘတ်မှာ ရုတ်တရက်အထိုးခံလိုက်ရသလို
စူးအောင့်သွားသည်။
ဝူထျန်၏အပြုအမူများသည် ဒေါသထွက်စရာကောင်းသော်လည်း
ဝူမိသားစုသည် အဘယ့်ကြောင့် အလွယ် တကူ ရိုက်နှက်ခွင့်ပြုမည်နည်း…
"နင့်ကိုယ်နင် ဘာလုပ်နေတယ်လို့ထင်လဲ ဝူထျန်က
မူးနေလို့ဟဲ့! နင် သူ့ကို ဘယ်လိုလုပ်ရိုက်ရဲတာလဲ၊ ချင်မိသားစုက ဧည့်သည်တွေကို ဒီလိုပဲ
ဆက်ဆံတာလား!"
ဝူထျန်၏ အဒေါ်သည် ဒေါသတကြီးအော်လာသည်။
"ကျွန်မတို့က ဧည့်သည်တွေကို ကောင်းကောင်းဆက်ဆံပါတယ်၊
ဒါပေမယ့် ရှင်တို့အိမ်က သခင်လေးက အရင်ပြဿနာရှာတဲ့လူလေ၊ မေးပါရစေဦး…ဝူမိသားစုကရော ဧည့်သည်က
ဧည့်သည်နေရာနေလို့လား ?"
ချင်မားမား အရှေ့တို့ခြေတစ်လှမ်းတိုးလာပြီး
"ပြီးတော့ အရင်ဆုံး စော်ကားတာက ရှင်တို့ဘက်ကပဲ"
ဝူထျန်အဒေါ်၏မျက်နှာသည် နီမြန်းသွားပြီး
"မစ္စချင် ဒါ အဓိပ္ပာယ်မရှိဘူး၊ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို
ရှင်တို့က ချူရှင်းယွဲ့နဲ့ စေ့စပ်ကြောင်းလမ်းတာ ဖျက်သိမ်းဖို့ ကြံစည်နေတာမဟုတ်လား
? အခု ကျွန်မတူနဲ့ ချူရှင်းယွဲ့ကြားက ကိစ္စလေ၊ ရှင့်ရဲ့တတိယသားကသာ အရင်ဆုံး လက်ပါတဲ့လူ၊
ကျွန်မတူလေးက စေ့စပ်ခွင့်တောင်းရုံကလွဲလို့ ဘာအများမှမလုပ်ခဲ့ဘူး"
"နင့်ရဲ့တူ စေ့စပ်ခွင့်တောင်းတာ အရမ်းစောနေသေးတယ်"
ဝူထျန်အဒေါ်သည် ထိုစကားကြောင့်လန့်သွားသည်။ အမှန်လည်း
ချင်နှင့် ချူးမိသားစုကြားရှိ စေ့စပ်ပွဲသည် တရားဝင်မပြိုကွဲသေးပေ။ ဝူထျန်သည် ထိုရိုင်းစိုင်းသော
အမူအရာများကိုပြုလုပ်ပြီး ချင်ကျောက်အား စော်ကားခြင်းမှာ ချင်မိသားစု၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
"ကျွန်တော်တို့အားလုံးက အသိအကျွမ်းတွေပဲလေ၊
လူ ငယ်တွေကိစ္စမှာ လူကြီးတွေ ၀င်ပါစရာမလိုပါဘူး၊ အား လုံး စိတ်အေးအေးထားကြပါ၊ ဒါ ကျွန်တော့်သမီးရဲ့အပြစ်ပဲ" ပါးပါးချူသည် ကမန်းကတန်းဖြန်ဖြေပေးလာသည်။
"ရှင်းယွဲ့က စေ့စပ်ထားတာတောင်၊ သခင်လေးဝူနဲ့
ပတ် သက်မိတာ ဒါ သူ့ အပြစ်ပဲ၊ ဒါပေမယ့် တခြားနည်းနဲ့ကြည့်မယ်ဆိုရင် ဒါက ကောင်းချီးနှစ်ဆဖြစ်နေနိုင်တယ်လေ၊
ကျွန်မတို့အားလုံး အေးအေးဆေးဆေးထိုင်ပြီး ဘာလို့ မဆွေးနွေးကြတာလဲ"
မစ္စချူသည်လည်း ဖျန်ဖြေရန်ကြိုးစားကာ သူ(မ)၏အ
မူအရာတွင် လုပ်ယူထားသည့် အပြုံးတစ်ခုချိတ်ဆွဲလိုက်သည်။
ချူမိသားစု၏အဆင့်အတန်းသည် မကြာသေးမီက ကျဆင်းသွားပြီး
ချင်မိသားစုကိုဖြစ်စေ ဝူမိသားစုဖြစ်စေ စော်ကားရန်မတတ်နိုင်ပေ။
၎င်းတို့သည် ယနေ့တွင် စေ့စပ်ပွဲအားချောမွေ့စွာ
ပြောင်း လဲနိုင်ဖို့ မျှော်လင့်ထားကြသော်လည်း မထင်မှတ်စွာ ဝူမိသားစုသည် ၎င်းတို့မိသားစုအားစေ့စပ်ကြောင်းလမ်းလာသည်။
ထိုသည်မှာ ကောင်းကင်ဘုံက ချမှတ်ထားသည့် အစီအ စဉ်အလားပင်။
ချူရှင်းယွဲ့၏ဘ၀သည် အစထဲကဖန်တီး ထားပြီးခြင်းပင်။ သူတို့ သဘောတူပါက သမီးငယ်ကို မျက်နှာလိုက်ပြီး
သမီးကြီး၏စေ့စပ်ပွဲအား ခိုးယူသည်ဟု ပြောကြမည်မဟုတ်ချေ။
ဧည့်သည်များ ထွက်ခွာရန် တွန့်ဆုတ်နေကြချိန် အမျိုး
သားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကြားရှိ ဒရမ်မာကိုကြည့်နိုင်ရန် မျှော်လင့်တကြီးရပ်တန့်လိုက်ကြသည်။
ဤသည်မှာ မထင်မှတ်ထားသည့် လှည့်ကွက်တစ်ခုဖြစ် နေသည်။
"ငါ ကြည့်ရတာ အရမ်းကံကောင်းလာပုံပဲ၊ ငါတို့တွေ
ဒီနေ့ ဒီကိုရောက်နေပြီဆိုမှတော့ မင်းတို့ မိသားစုသုံးစုအ တွက် သက်သေခံပေးနိုင်တယ်၊
နောက်ကျမင်္ဂလာ ဆောင်ဖိတ်ဖို့မမေ့နဲ့!"
"ဟုတ်တယ်၊ လူတိုင်း ကိုယ့်ပျော်ရွှင်မှုနဲ့
ကိုယ်စီရှိကြတာပဲလေ၊ မင်းတို့လူငယ်တွေက ဘယ်လိုလုပ်ရမယ်ဆိုတာ တကယ်သိတာပဲ၊ ဒါပေမယ့် ဒါတွေအားလုံးက
ကောင်း ကင်ဘုံက စီစဉ်ပေးလိုက်တာပဲ"
နာမည်ဆိုးဖြင့်ကျော်ကြားသော ချူရှင်းယွဲ့နှင့်
ဝူထျန်တို့စေ့စပ်ခဲ့ပြီး ချင်ကျောက်သည် ချူရွှယ်ချီနှင့် စေ့စပ်ကာ အလွန်လိုက်ဖက်သော
အတွဲနှစ်တွဲသည် အားလုံးအတွက်ပြီးပြည့်စုံသော ပျော်ရွှင်ဖွယ်အဆုံးသတ်တစ်ခုဖြစ်သည်။ ဧည့်သည်များသည်
၎င်းတို့အတွေးများကို ဖော်ပြရန် အလွန်စိတ်အာထက်သန်နေသည်။
ဤမိသားစုသုံးစုသာ အမှန်တကယ်လက်ထပ်ခဲ့မည်ဆိုပါက
ထိုသည်မှာအနာဂတ်စီးပွားရေးညှိနှိုင်းမှုများအား ထိခိုက်စေနိုင်သည်။
သို့ဖြစ်ရာ အစောထဲကတည်းက ရင်းနှီးမှုယူထားခြင်းသည်ပိုအသုံး၀င်သည်။
ချင်ရှန့်သည် နံဘေးတွင် တည်ငြိမ်စွာရပ်ကြည့်နေခဲ့သော်လည်း
သူ့အနားရှိ ကျီဖေး၏စိတ်သည်တော့ပေါက် ကွဲလုမတက်ပေ။
[ဝှက်သယ်ဖက်! ဒါ လုံးဝ အဓိကဖရဲသီးကြီးပဲ!]
သူ(မ)အတွေးသည် ချင်မိသားစုဝင်များအား ချက်ချင်း
အာရုံပြောင်းသွားစေသော်လည်း သူတို့၏တတိယသား ပြဿနာကိုမူ ဖြေရှင်းရန်လိုနေသေးသည်။
ပါးပါးချင်နှင့် မားမားချင်သည် အကြည့်ချင်းဖလှယ်ကာ
အရှေ့လှမ်းလာခဲ့သည်။ သူတို့သည် သားဖြစ်သူအား ကာကွယ်ပေးသော်လည်း အခြေအနေကို ပိုဆိုးသွားအောင်မလုပ်ချင်ပေ။
ယခုအခြေအနေအရ ဧည့်သည်များအားလုံးသည် ဒရာမာကို
စိတ်ပါ၀င်စားစွာကြည့်ရှုနေသဖြင့် နောက်ပိုင်းတွင် ကောလာဟလနှင့် မကောင်းသတင်းများကိုပယ်ရှားရန်
မရေရာသည့် ကိစ္စများကိုဖြေရှင်းတာ အကောင်းဆုံးဖြစ်သည်။
ပါးပါးချင် ချောင်းဟမ့်ကာ "လူတိုင်း ဒါကိုကြားပြီးပြီဆိုတော့
ငါတို့လည်း ဘာမှ ဖုံးကွယ်ထားမှာမဟုတ်ဘူး၊ ဒီစေ့စပ်ပွဲက လူကြီးတွေကြားကသဘောတူညီချက်ပဲ၊
ဒါကြောင့် လူငယ်တွေက လွတ်လပ်စွာ ကိုယ် ချစ်တဲ့သူကို ရွေးချယ်ခွင့်ရှိတယ်၊ ငါတို့ ချင်မိသားစုက
ကလေးတွေရဲ့ ဆုံးဖြတ်ချက်တွေကို နှောင့်ယှက်မှာမဟုတ်ဘူး"
မားမားချင်က "ကလေးတွေက သူတို့ဘဝအတွက်ကို
ကိုယ်တိုင်ဆုံးဖြတ်ရုံပဲ၊ ဒါပေမဲ့ နောင်တမရဖို့တော့ ကျွန်မတို့ မျှော်လင့်တယ်"
ပါးပါးချင်နှင့် မားမားချင် စကားပြောပြီးနောက်
ချင်ကျောက်အား အဓိပ္ပါယ်ပါစွာကြည့်လိုက်ကြသည်။
ချူမိသားစု ၎င်းတို့အား မည်သို့လှည့်စားခဲ့လဲဆိုတာ
သိလိုက်ရပြီဖြစ်သည်။ ချူရွှယ်ချီနှင့်သူ(မ)၏မိဘများ သည် စိတ်ပျက်စရာကောင်းစွာ ချင်ကျောက်အားလိမ်
လည်ပြီး သမီးကြီး၏စေ့စပ်ပွဲကိုခိုးယူချင်နေသည်။
သို့သော် အိမ်ထောင်ရေးနှင့်အချစ်သည် ကိုယ်ပိုင်ဆုံး
ဖြတ်ချက်သာ...
မည်သို့ပင်ဆိုစေကာမူ ချင်ကျောက်သည် သူသိလိုသမျှကိုသိလိုက်ရပြီဖြစ်သောကြောင့်
ယုံသည်၊ မယုံသည်မှာ သူ့အပေါ်တွင် မူတည်သည်။
၎င်းတို့ ရှင်းယွဲ့အတွက် စိတ်မကောင်းဖြစ်မိသည်။
ဝူထျန်နဲ့ဆို သူ(မ)ဘ၀ကြီး ဘယ်လိုဖြစ်သွားမလဲ…
သူတို့သည် လုပ်ပိုင်ခွင့်အားလုံး ချင်ကျောက်အားလွှဲထားလိုက်သည်။
သူတို့သည် ကျီဖေးထပ်ပြောလာမည့် အတင်းအဖျင်းအသစ်ကိုကြားနိုင်ရန် ချက်ခြင်းဆိုသလို နာများစွန့်ထားလိုက်သည်။
သို့သော် သူတို့ကြားသည်များမှာ [ဟမ်! အိုးမိုင်ဂေါ့!
ဝှက်သယ်ဖက်! အဲ့ဒါ အမှန်ပဲလား?! ကြောက်စရာကောင်းလိုက်တာ!]
ချင်မိသားစုဝင်များ: အော်ပဲ အော်မနေနဲ့! ငါတို့ကို
အဲ့ကြောက်စရာကောင်းတဲ့ဟာတွေ မြန်မြန်ပြောပြပါတော့!
ချင်၀မ်ချောင်၏အတွေးများသည် ထိုကြောက်စရာကောင်းသည့်
အရာများကြားရရန် နားစွန့်နေသော ကြောင့် သူ့အတွေးများရှုပ်ထွေးနေသည်။
ထိုအချိန် မစ္စတာချူနှင့် မစ္စချူသည်လည်း စိတ်အားထက်သန်စွာ
ရှေ့သို့လှမ်းလာကာ "ချင်မိသားစုက အရမ်းပွင့်လင်းပြီး သဘောထားကြီးတာပဲ၊ ချင်ကျောက်…
သား ဘာလို့ တစ်ခုခုမပြောရတာလဲ"
၎င်းတို့စကားပြောနေစဉ်တွင် သမီးငယ်၏အမူအရာပျက်နေသည်ကို
လုံးဝသတိမထားမိဘဲ သူ(မ)ကို ချင်ကျောက်ဆီသို့ မသိသာတွန်းပို့လိုက်သည်။
ချင်ကျောက် ပါးစပ်များလှုပ်ရမ်းသွားသည်။ သူ့ကို
အဲ့တုန်းက ကယ်ခဲ့တာ ဘယ်သူလဲလို့ မေးချင်မိသည်။
ဒါပေမယ့်... အဲ့တာက အရေးကြီးလို့လား ? သူ့အသက်ကိုကယ်တင်တာနဲ့
ချစ်ခြင်းမေတ္တာက ဘယ်လိုအပ်စက်ပါ့မလဲ…
သူ(မ) သူ့အားလိမ်ညာခြင်းသည် သူ့ကိုအလွန်ချစ်သော
ကြောင့် ဖြစ်နိုင်သည်။
ဒါဆို သူ့နှုတ်က ဘာလို့ဖွင့်ဟဖို့ ခက်နေရတာလဲ
?
သူ၏တုံ့ဆိုင်းမှုကြောင့် ပတ်၀န်းကျင်တစ်ခုလုံးတိတ်
ဆိတ်သွားသည်။ နံဘေးရှိ ကြည့်သူများသည်လည်း အချင်းချင်း တီးတိုး စကားဆိုလာကြသည်။
ဇာတ်ကြောင်းက
ထပ်ပြောင်းတော့မှာလား ?
အိုးမိုင်ဂေါ့! အရမ်း စိတ်လှုပ်ရှားစရာကောင်းတာပဲ
!
ချူရွှယ်ချီသည် ဤအခြေအနေအောက်တွင် ကသိက အောက်ဖြစ်နေသောကြောင့်
ချင်ကျောက်၏စကားများကိုပင် မစောင့်နိုင်ဘဲ သူ့အင်္ကျီလက်ကို အသာယာဆွဲလိုက်သည်။
"ချင်ကော..."
ချင်ကျောက် လန့်သွားသည်။ သူ နှစ်ပေါင်းများစွာချစ်မြတ်နိုးခဲ့သော
ချူရွှယ်ချီအားငုံ့ကြည့်ပြီးနောက် တစ်ချိန်ကသိကျွမ်းခဲ့ဖူးသော်လည်း အနေဝေးခဲ့ရသည့်
ချူရှင်းယွဲ့အားပြန်လှည့်ကြည့်မိသည်။
ထိုအတောအတွင်း ချင်မိသားစုသည် ကျီဖေး၏အတွေးများကိုနားထောင်ရန်သာ
စိတ်ရောက်နေသောကြောင့် ချင်ကျောက်၏ အမူအရာကိုမမြင်လိုက်ကြချေ။
ကျီဖေး တစ်ယောက်တည်းသာ သတိထားမိလိုက်သည်။
[ဟမ်
? ချင်ကျောက်က ဘာလဲ၊ သူ ဘယ်သူ့ကိုရွေးရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက်စဉ်းစားလို့မရဘူးလား
?]
ချင်မိသားစု၀င်များသည် ကျီဖေး၏အပြစ်တင်သံများကိုကြားချိန်
တည်ငြိမ်မနေနိုင်တော့ချေ။
[ဘယ်လောက်တောင်
ရှက်စရာကောင်းလိုက်လဲ! သူရွေးချင်တာနဲ့ ကောက်ရွေးလို့ရမယ်ထင်နေတာလား၊ ချူရှင်းယွဲ့က
ချူရွှယ်ချီမဟုတ်ဘူး၊ သူက ဒီလို ခွေးသွေးဇာတ်ထဲ မပါချင်ဘူးဟဲ့]
[သူက သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေတာပဲ၊ ဒါကို
သူ့မိသားစုကရော သိရဲ့လား ?]
ချင်မိသားစု : ...အင်း၊ ငါတို့ သိတယ်။
ချင်ကျောက်:
??? ရုတ်တရက်ကြီး သူ အဆူခံနေရသလိုပဲ…
ဒါပေမယ့်...အခု ဆုံးဖြတ်ချက်ချရမယ့် သူက သူ မဟုတ်ဘူးလား?
သူ တုံ့ဆိုင်းမနေသင့်ပေမယ့်...
"ဒါက လူနှစ်ယောက်ကြားက စေ့စပ်မှုတစ်ခုမဟုတ်ဘူးလား
? ဘာလို့ ကျွန်မရဲ့ထင်မြင်ချက်ကို မမေးကြတာလဲ ?" ချူရှင်းယွဲ့ ရုတ်တရက်ပြောလာသည်
။
လူတိုင်း၏မျက်လုံးများအားလုံး ချူရှင်းယွဲ့ ဆီသို့စိုက်ရောက်လာကြသည်။
ချင်ဝမ်ချောင်လည်း အလွန်အံဩသွားသည်။ သူ...သူ့ကို
လက်မလွှတ်ချင်ဘူးလား…
သူကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ ပျော်ရွှင်မှုတစ်ခုသည်
သူ သတိမပြုမိချိန် နှလုံးသားထဲသို့တိုးဝင်လာသည်။
ချူလင်မယားသည် ချက်ချင်းပ် စိတ်မရှည်တော့ချေ။
"ရှင်းယွဲ့ပြဿနာရှာနေတာ ရပ်လိုက်တော့၊ ငါတို့
ဝူမိသားစုနဲ့ ပြေလည်အောင်ကူညီပေးမယ်၊ နင် အရမ်း လောဘကြီးမကြီးသင့်ဘူး"
"နင့် ညီမကို အမြဲတမ်းဆန့်ကျင်ရတာကိုကြိုက်မှန်း
ငါတို့သိတယ်၊ ဒါပေမယ့် ဒါက တစ်သက်တာပျော်ရွှင်မှုနဲ့ ဆက်စပ်နေလို့ နင် အလေးထားရမယ်၊
ချင်မိသားစုက ကလေးတွေကို သူတို့ဘာသာဆုံးဖြတ်ခွင့်ပေးဖို့
ပြော ထားပြီးသားပဲ၊ ချင်ကျောက်က နင့်ကိုလက်ထပ်ဖို့လုံးဝ ငြင်းဆိုထားပေမဲ့ နင်ကတော့
ခေါင်းမာပြီးမဖြတ်ချင်နေတုန်းလား ? အဲ့တာ အသုံးမ၀င်ဘူး !"
ချူလင်မယားနှစ်ယောက်၏စကားများသည် ချူရှင်းယွဲ့အတွက်
အမှန်တကယ်ကြမ်းတမ်းပေသည်။
သို့သော် လက်ရှိချူရှင်းယွဲ့သည် အလွန်ခံခိုင်သောအုတ်တံတိုင်းကဲ့သို့
၎င်းတို့စကားကြောင့်နှင့် အနည်းငယ်မျှ ပင်ထိခိုက်ခြင်းအလျင်းမရှိချေ။
ချူရှင်းယွဲ့ ချင်ကျောက်အားလှည့်ကြည့်လိုက်ချိန်
သူ(မ)၏တည်ငြိမ်သော အကြည့်သည် ချင်ကျောက် ၏နှလုံးသားကိုတုန်လှုပ်စေသည်။
"ဒီနေ့ စေ့စပ်ကြောင်းလမ်းမှုကို ရပ်စဲကြောင်းတရားဝင်ကြေငြာတယ်"
ချူရှင်းယွဲ့သည် စိတ်သက်သာရာရစွာပြုံးလိုက်ပြီး
"ချင်ကျောက် ကျွန်မ ရှင့်ကို မလိုချင်တော့ဘူး"
ထိုစကားများသည် ချင်ကျောက်၏နှလုံးသားတစ်ခြမ်းကိုဖောက်ထွင်းသွားသလို
ခံစားလိုက်ရပြီး သူ အလွန်အံ့အားမှင်သက်သွားရသည်။
ထိုသည်မှာ သူစောင့်မျှော်ခဲ့သည့် အရာဖြစ်သော်ငြား
ယခုအခါ အဘယ့်ကြောင့် မွန်းကြပ်ပြီးနာကျင်နေမိရတာလဲ…
ရောက်ရှိလာသူတိုင်းသည် အနည်းငယ် အံ့အားသင့်သွားကြသော်လည်း
များစွာမစဉ်းစားမိခဲ့ကြပေ။ ချူရှင်းယွဲ့သည် ဝူထျန်နှင့် အမှန်တကယ်လက်တွဲသင့်သည်ဟု ယူ
ဆသောကြောင့် သူ(မ)သည် စေ့စပ်ကြောင်းလမ်းမှုကို အလွယ်တကူ ဖြတ်တောက်ရန်ဆန္ဒရှိခြင်းဖြစ်မည်။
တစ်ဖက်တွင်မူ ချူလင်မယားနှင့် ချူရွှယ်ချီတို့သည်
တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
[ကြောင်သူတော် ချူမိသားစု! သူတို့က ချူရှင်းယွဲ့ရဲ့
ခံစားချက်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းသိရက်နဲ့ ချူရှင်းယွဲ့ စေ့စပ်ပွဲကိုဖြတ်ဖို့
အဖွားချူကိုသွားပြောတဲ့အချိန်တိုင်း ချူရှင်းယွဲ့ခေါင်းမာမာနဲ့ငြင်းခဲ့တယ်၊ ပုံမှန်ဆိုရင်
သူ(မ)က ချူရွှယ်ချီလိုချင်သမျှတိုင်းကို ယူသွားခွင့်ပြုပေမဲ့ သူ(မ) လက်မလွှတ်ချင်တဲ့
တစ်ခုတည်းသော အရာတစ်ခုက ချင်ကျောက်ပဲ၊ အခု သူ အဲ့တာကိုလက် လွှတ်လိုက်တဲ့ပုံအရဆို သူ
အားလုံးကို တကယ်စွန့်လွှတ်လိုက်တဲ့ပုံပဲ]
[သောက်ရူးကောင်
ချင်ကျောက်! နင်က ဖရဲစေ့ကိုယူခဲ့တော့ ဖရဲသီးတစ်ခုလုံး ဆုံးရှုံးလိုက်ရပြီ၊ နောက်ကျမှ
နင် ထိုင်ငိုနေရလိမ့်မယ်]
ချင်မိသားစုဝင်များသည် သူ(မ)၏ အတွေးများကြောင့်
အံ့ဩသွားသည်။ ဒါဆို ချူရှင်းယွဲ့က သူတို့ရဲ့တတိယသားကို တကယ်ကြိုက်ခဲ့တာလား ?
ချင်ကျောက်၏နှုတ်ခမ်းများ တုန်ရီနေသည်။ ဟုတ်တယ်
ချူရှင်းယွဲ့ သူ့ကို သဘောကျခဲ့ပေမဲ့ အခုတော့ သူ(မ) သူ့ကို လုံးဝလက်လျှော့သွားပြီ…
သူ့မှာ
အခြားလူတစ်ယောက်ရှိနေပြီလား ? သို့သော် ထိုအချိန်က 'ဒါ ကျွန်မ မဟုတ်ဘူး' ဟုပြောခဲ့သည့်
ပုံရိပ်များ သူ့စိတ်ထဲတွင် ရောင်ပြန်ဟပ်နေတုန်းပင်။
ထိုစဉ် တစ်စုံတစ်ယောက်သည် သူ့ခန္ဓာကိုယ်ကိုပုတ်လာသည်။
သူ အသိ၀င်လာချိန် ချူမိသားစုသည် သူ့အား မျှော်လင့်တကြီး
စိုက်ကြည့်နေကြပြီး သူ့ဘက်မှ ချူရွှယ်ချီအား စေ့စပ်ကြောင်းလမ်းခြင်းကြေညာရန် စောင့်ဆိုင်းနေပုံပေါ်သည်။
သို့သော် ချင်ကျောက် စကားတစ်ခွန်းမှမပြောခဲ့ချေ။
အဘယ့်ကြောင့်ဆို နောင်တများသညါ သူ့အား တနုံ့နုံ့တိုက် စားနေခဲ့သည်။
ထိုအချိန်တွင် ဝူထျန်သည် အမူးပြေသွားသဖြင့် သူ၏
စိတ်များကြည်လင်လာပြီး ချူရှင်းယွဲ့ထံသို့ စိတ်အားထက်သန်စွာ လျှောက်သွားလိုက်သည်။
"နောက်ဆုံးတော့ မင်း သဘောပေါက်သွားပြီပဲ၊
အခုကစပြီး မင်းက ငါနဲ့ စေ့စပ်ထားသူဖြစ်သွားပြီ"
ချင်ကျောက်၏မျက်လုံးများ စူးရဲသွားသည်။ သူ ချူရှင်းယွဲ့အားကြည့်ရင်း
သူ့လက်သီးများကို မသိစိတ်မှ ဆုပ်လိုက်မိသည်။
ချူရှင်းယွဲ့သည် ဝူထျန်အား အရူးတစ်ယောက်ပမာ အေးစက်စွာကြည့်ပြီး
ရယ်မောလိုက်သည်။
"ရှင်က ဘယ်သူလဲ၊ ကျွန်မ ရှင့်ကို သိလို့လား
? ရှင့်ရဲ့ ခွေးမျက်လုံးတွေကိုဖွင့်ပြီး ရှင်းရှင်းလင်းလင်းကြည့်ပါဦး၊ ကျွန်မ ချူရှင်းယွဲ့က
ရှင်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး၊ ရှင်ဘက်က ကျွန်မတို့ဆက်ဆံရေးအကြောင်း ကောလဟာလဆက်ဖြန့်နေမယ်ဆိုရင်
ကျွန်မဘက်က တရားစွဲပိုင်ခွင့်ရှိတယ်!"
ထိုစကားများသည် နေသာသောနေ့တွင် မိုးခြိမ်းသွားသကဲ့သို့
ရောက်ရှိလာသည့်လူတိုင်းအား ထိတ်လန့်သွားစေသည်။
[အိုး ဟိုး! မျက်နှာဖြတ်ရိုက်ဖို့ အချိန်ရောက်ပြီ၊
ငါ ပေါက် ပေါက်ဆုပ် ယူထားခဲ့သင့်တာဟာ]
ယခုအချိန်အထိ စိတ်ရှုပ်ထွေးနေသော ချင်မိသားစုဝင်များသည်
ကျီဖေး၏အတွေးများကိုကြားသည်နှင့် စိတ်များကြည်လည်သွားရသည်။
ဟုတ်တယ် ချူရှင်းယွဲ့က အမှန်အတိုင်းပြောနေတာပဲ
!
ဟမ် ?
ဒါဆို ဘာကိုဆိုလိုတာလဲ ? ဝူထျန်က အားလုံးကို လိမ်နေတာလား
?
ချင်ကျောက်၏စိတ်ထဲတွင် အိမ်နောက်ဖေးရှိမြင်ကွင်း
သည် တစ်ဖန်ရောင်ပြန်ဟပ်လာသည်။
ထိုအချိန်ရှိ ချူရှင်းယွဲ့၏အလွန်စိတ်ပျက်နေသော
မျက် လုံးများသည် သူ့စိတ်ထဲတွင် ပိုထင်ရှားလာသည်။
တခဏချင်းပင် ချင်ကျောက်၏လက်ဖဝါးတစ်ခုလုံး ချွေးစီးများရွှဲစိုသွားရသည်။