Chapter 23
"ဒီကျေးဇူးကန်းတဲ့ သမီးမိုက်ကတော့! ဘာကိစ္စ
အပြစ်တွေလိုက် လွှဲချနေတာလဲ!"
မစ္စတာချူ ဒေါသကြောင့် သူ့အသံမှာ များစွာကျယ်လောင်သွားသည်။
သူသည် သူ(မ)ကို ပါးရိုက်ရန် လက်ဆန့်ထုတ်လိုက်သော်လည်း ချူရှင်းယွဲ့သည် ဘေးသို့ရှောင်လိုက်သောကြောင့်
မစ္စတာချူ လဲကျလုနီးပါးပင်။
မစ္စတာချူသည် ဟန်ချက်ကိုပြန်ထိန်းလိုက်ပြီး သူ၏
တုန်ရီနေသောလက်တို့သည် ချူရှင်းယွဲ့ကို ဒေါသတကြီး ငေါက်ငေါက်ထိုးနေလေသည်။
"သူက နင့်ညီမလေ! နင်က နင့်ညီမကိုဘာလို့ဆွဲချနေရတာလဲ
?"
မစ္စချူသည် မယုံကြည်နိုင်ဟန် အော်ဟစ်ပြောဆိုကာ
ချူရှင်းယွဲ့သည် သူ(မ)၏ အဖိုးတန်သမီးငယ်လေး ချူ ရွှယ်ချီအား အန္တရာယ်ပြုမည် စိုးရွံသည့်အလားတင်းကြပ်စွာ
ဖက်ထားလိုက်သည်။
[ကျစ် ကျစ်… မျက်နှာလိုက်ချက်က ပေါ်တင်ပဲဟေ့၊
ဓာတ်ပုံတွေစပေါ်တုန်းက ချူလင်မယား ချူရှင်းယွဲ့ကို မိဘစကားနားမထောင်ဘူးဆိုပြီး ပြောတဲ့အပြင်
ရွံသလိုတောင်ကြည့်နေသေးတယ်၊ အခု ချူရွှယ်ချီအလှည့်ကျတော့…၊ သူတို့က မိဘအရင်းကောဟုတ်ရဲ့လား၊
သူတို့သာ မျက်နှာမတူနေရင် ငါတော့ ချူရှင်းယွဲ့ကို သူတို့ရဲ့ကလေးအရင်းဟုတ်ပါ့မလားဆိုပြီး
သံသယ၀င်မိနိုင်တယ်]
ချင်မိသားစုလည်း ကျီဖေး၏အတွေးများကို ကြားချိန်
ခေါင်းခါယမ်းမိလိုက်သည်။ ချူလင်မယား သမီးနှစ်ယောက်အပေါ်ဆက်ဆံသည့်ပုံမှာ အရမ်းကွာလွန်းသည်။
တစ်ယောက်ကို သူတို့ရဲ့အသက်သွေးကြောလိုမျိုး ဂရုစိုက်ပေမဲ့
နောက်တစ်ယောက်ကိုတော့ သူတို့ခြေ ထောက်အောက်က အမှိုက်လိုမျိုးဆက်ဆံတယ်၊ ဒါ ဘယ်လိုမိဘတွေပါလိမ့်…
ချူရှင်းယွဲ့သည် ထိုသို့သောအခြေအနေများအားထုံကျင်သွားသည်မှာ
ကြာပြီဖြစ်သည်။ သူ(မ)သည် ခံစားချက် မပါဗလာသက်သက်စိုက်ကြည့်လိုက်သည်။
[ချူရှင်းယွဲ့ရဲ့အမူအရာကိုကြည့်တာနဲ့ သူ(မ) အခုလိုမျိုး
အပြောခံရတာ အကြိမ်ရေထုံနေပြီဆိုတာသိသာတယ်၊ သူတို့က ခေါင်းတောင်မသုံးပဲ ချူရွှယ်ချီကို
မိသားစုရဲ့ရတနာလိုဆက်ဆံပြီး သူ့ကိုတော့ လျစ်လျူရှုထားတယ်၊ မိဘနှစ်ယောက်ရဲ့အချစ်မရတဲ့သူက
ဘယ်လိုလုပ်မနာ ကျင်ပဲနေမှာလဲ၊ သူ(မ) မိဘတွေဆီကအကြိမ်ကြိမ်လျစ် လျူရှုခံရတော့ နောက်ဆုံးထုံကျင်သွားတော့တာပဲ]
ချင်မိသားစုသည် ကျီဖေး၏စကားများကိုလျှို့ဝှက်စွာ
ထောက်ခံလိုက်သည်။
တစ်ချိန်တည်းတွင် ချင်ကျောက်သည်လည်း အတိတ်ရှိအချိန်တစ်ချို့ကို
ပြန်ပြောင်းသတိရမိသည်။
ထိုမြင်ကွင်းကို သူအကြိမ်များစွာမြင်ဖူးသည်။
ချူရှင်းယွဲ့သည် အမြဲတစေအေးစက်သောအမူအရာဖြင့်
ရပ်နေခဲ့ကာ ချူရွှယ်ချီသည်တော့ မျက်လုံးနီရဲသည်အထိငိုယိုနေတက်သည်။ ထိုအချိန်များတွင်
ချူလင် မယားသည် ချူရွှယ်ချီဘက်မှရပ်တည်ကာ ချူရှင်းယွဲ့အား ဒေါသတကြီးအပြစ်တင်တက်သည်။
ချူလင်မယား ချူရှင်းယွဲ့ဘက်မှာ ရပ်တည်တာကို သူတစ်ခါမှမမြင်ဖူးဘူး
မိဘနှစ်ပါးဆီမှ မျက်နှာသာပေးခံရသော သူသည် ဘယ်သောအခါမှ
အလျှော့ပေးရန်မလိုချေ။
ယခင်ကတော့ ချင်ကျောက်သည် ချူရှင်းယွဲ့မှာ သူ(မ) အား မျက်နှာသာမပေးသ၍ ချူရှင်းယွဲ့အား မနာလို၊
နာကြည်းနေသည်ဟုသာ တွေးထင်ခဲ့သည်။
ချင်ကျောက် တုန်လှုပ်နေမိသည်။ သူ့အတိတ်ရှိ အမှတ်
တရများမှာ တစ်ခုမှအစစ်အမှန်မဟုတ်သလိုပင်။
ချူရှင်းယွဲ့သည် ချူရွှယ်ချီအားကြည့်ကာ အေးစက်စွာပြောလိုက်သည်
"ချူရွှယ်ချီ… နင်ပြော အဲဒီဓာတ်ပုံထဲက
လူက ဘယ်သူလဲ"
ချူရွှယ်ချီသည် သူ့မိခင်၏ရင်ခွင်ထဲ တုန်တုန်ယင်ယင်ဖြစ်နေပြီး
သနားစရာကောင်းစွာမော့ကြည့်လာသည်။
"ကျဲ ဘာပြောတာလဲ"
"နင်တကယ် ငါ့ရဲ့နောက်ဆုံးစည်းကိုကျော်သွားပြီ"
ချူရှင်းယွဲ့ အေးစက်စွာ ရယ်မောလိုက်သည်။
ချူလင်မယားသည်လည်း ချူရှင်းယွဲ့မှာ သူတို့၏ အဖိုး
တန်သမီးလေးကို စွပ်စွဲနေသဖြင့် ဒေါတချောင်းချောင်းထွက်ကာ မိသားစုကို သောက်ရှက်ခွဲတဲ့သမီးမိုက်ဆိုပြီး
ဆက်တိုက်ကျိန်ဆဲနေသည်။
ဝူထျန်သည် ဒေါသတကြီး ရှေ့ကိုလှမ်းလာပြီး
"ချူရှင်းယွဲ့! မင်းကြည့်ရတာ အခေါင်းကိုမမြင်မချင်း သေခြင်းတရားကို မကြောက်တက်ဘူးပဲ၊
ကောင်းပြီ၊ ငါ မင်းရဲ့ မျက်နှာအမှန်ကိုဖော်ထုတ်ပြမယ်!"
သူသည် ရယ်မောပြီး ဖုန်းကိုနောက်တစ်ကြိမ် ရွှေ့လိုက်သည်။
ပရိုဂျက်တာပေါ်ရှိဓာတ်ပုံများသည် ပျောက်ကွယ်သွားပြီး
ဆေးရုံရှိပုံများအစားထိုးလာသည်။ ထိုမှတစ်ဆင့် ကိုယ် ဝန်ဖျက်ချရန် သဘောတူစာချုပ်ပုံသို့
ပြောင်းလဲသွားသည်။
အမည် - ချူရှင်းယွဲ့
"မင်းမှာ ငါ့ကလေးကိုယ်ဝန်ရှိနေပြီမလား ?
ဒါပေမယ့် မင်း ငါ့ကနောက်ကွယ်မှာ ကိုယ်ဝန်ဖျက်ချဖို့စီစဉ်ခဲ့တယ်! ချူရှင်းယွဲ့! မင်း ဒီနေ့ မလွတ်မြောက်စေရဘူး!"
ချူရှင်းယွဲ့၏မျက်လုံးများလည်း မယုံကြည်နိုင်စွာပြူးကျယ်သွားသည်။
ထို့နောက် သူ(မ)သည် ချူရွှယ်ချီကို မယုံနိုင်စွာ
လှည့်ကြည့်လိုက်သည်။
ချူရွှယ်ချီ၏တကိုယ်လုံးတုန်ယင်နေကာ သူ(မ) ဖော်
ထုတ်ခံရမည်ကို ကြောက်ရွံနေသော်လည်း သူ(မ)၏ စိတ်အားအမြန်ငြိမ်အောင်ထိန်းလိုက်သည်။
သို့သော် ချင်ကျောက်၏မျက်နှာသည် ဖြူဖျော့သွားသည်။
သူသည် ထိုပုံကိုစေ့စေ့ကြည့်ရင်း သူ၏ကမ္ဘာကြီးပင်
တုန်လှုပ်သွားသည်။ သူ့ စိတ်ထဲတွင် ကိုယ်ဝန်ကိစ္စနဲ့ ကိုယ်ဝန်ဖျက်ချဖို့ စီစဉ်တယ်ဆိုတဲ့
စကားများ တဝဲလည် လည်ဖြစ်နေသည်။
[နောက်ဆုံးတော့ အားလုံးပေါ်လာပြီ!]
ကျီဖေး ရယ်ချင်လွန်းသဖြင့် အသံထွက်လုနီးပါးပင်။
ချင်မိသားစုလည်း နားလည်သည်။ ဒါ ကျီဖေးပြောခဲ့တဲ့
အကြီးဆုံးသတင်းပဲ၊ ဒါကို သက်သေအဖြစ် ယူလို့ရတာပဲ။ သို့သော် တစ်ချို့လူများ စစ်ဆေးဝံ့လားဆိုတာတော့
မေးခွန်းထုတ်ရမည်ပင်။
ခန်းမတစ်ခွင်လုံး ဆွေးနွေးသံများကြောင့် ကျွတ်ကျွတ်ညံသွားသဖြင့်
ချူရွှယ်ချီအပေါ်ရှိ ပြဿနာများတိမ်မြုပ်သွားစေသည်။
"အင်း... မင်းတို့လည်း ဒီအကြောင်းသိကြမယ်လို့
ငါထင်တယ်။ သူ(မ)တက္ကသိုလ်မှာတုန်းက စီနီယာအတန်းတက် နေတဲ့အချိန် ယောင်္ကျားတွေနဲ့ အရမ်းရှုပ်တယ်ဆိုတဲ့ ကောလဟာလတွေတောင် ရှိသေးတာပဲ၊ အဲ့မှာ သူ(မ) ကိုယ်ဝန်ဖျက်ချဖို့သွားတဲ့
ဓာတ်ပုံတွေတောင် ကျောင်းဝဘ်ဆိုဒ်မှာ ဟော်လင်းတကျော်ကျော်ဖြစ်သွားသေးတယ်"
ထိုသည်ကိုကြားချိန် အားလုံး၏နှလုံးသားသည် ချက်
ချင်းတုန်လှုပ်သွားသည်။
"ဒါဆို ဒါ အမှန်ပေါ့ ? ဒါကိုတောင် သူ(မ)
ခေါင်းမာမာနဲ့ငြင်းနေတာကို ငါ မယုံနိုင်ဘူး!"
"ငါ့အထင်တော့ ဝူထျန်နဲ့လက်ထပ်ရင်တောင် ဘာဖြစ်လို့လဲ၊
သူ(မ)မှာ သူနဲ့ရတဲ့ ကလေးဝောာင်ရှိနေပြီကို"
"မင်း သူ(မ)မှာရှုပ်ယှက်ခတ်နေတဲ့ ဆက်ဆံရေးတွေရှိတယ်လို့
ပြောတယ်မဟုတ်လား ? အဲ့တာက ယောက်ျားတစ်ယောက်ထက်ပိုပြီး ပတ်သက်နေတာလည်းဖြစ်နိုင်တာပဲ!"
ဝူထျန်သည် သူအနိုင်ရပြီဟုထင်လိုက်သဖြင့် ချူရှင်းယွဲ့၏လက်မောင်းကို
ဖမ်းကိုင်ရန် ကြိုးပမ်းခဲ့သည်။
ချူရှင်းယွဲ့ အနောက်ဆုတ်လိုက်ပြီး သူ(မ) တက္ကသိုလ်က
အကြောင်းကိုပြောသည့် လူထံလှည့်ကြည့်လိုက်သည်။
"အဲ့တုန်းက ပို့စ်တွေက အတုတွေမို့လို့ ကျောင်းရဲ့ဖိုရမ်က
ဖျက်ပစ်လိုက်တယ်ဆိုတဲ့အကြောင်းကိုကျ ရှင်ဘာလို့ ဘာမှမပြောတာလဲ"
ထိုသခင်လေး ချက်ချင်းပင် နှုတ်ဆိတ်သွားကာ ရှက်ရွံ့စွာခေါင်းငုံ့လိုက်သည်။
[ဘာဖြစ်နိုင်ဦးမှာလဲ၊ သူက နင့်ကိုကြိုက်တော့ လိုက်တဲ့အချိန်တုန်းက
နင် သူ့ကိုငြင်းလိုက်လို့လေ၊ ယောက်ျားတွေအားလုံး ဒီပုတ်ထဲက ဒီပဲတွေကြီးပဲ၊ သူတို့သာ
နင့်ကိုမရရင် နင့်ကို ဖျက်ဆီးဖို့ အခွင့်အရေးရှာကြလိမ့်မယ်၊ အဲ့တုန်းက အဲ့ပို့စ်အောက်မှာ
သူ နင့်ကိုအပြစ်တင်ဖို့ အတက်ကြွဆုံး ခေါင်းချောင်နေတဲ့တစ်ကောင်ပဲ ]
ကျီဖေး ဝေဖန်လိုက်သည်။ ချင်မိသားစုသည်လည်း ထိုသခင်လေးကိုလှည့်ကြည့်ကာ
သူဘယ်မိသားစုကလဲဆိုသည်အား မှတ်ထားလိုက်သည်။ ဒီလို အကျင့်ပျက်တဲ့သူတွေကို သူတို့ရှောင်ရမယ်။
ချင်ကျောက်သည် ထိုသခင်လေး၏မျက်နှာအားအ လွတ်မှတ်ကာ
သူ့မျက်လုံးများသည် ရက်စက်မှုများ ရောင်ပြန်ဟပ်နေသည်။
သခင်လေးသည်လည်း သူ့အား အဆူးတစ်ချောင်းနှင့် အထိုးခံရသကဲ့သို့
တုန်တက်သွားသည်။
သို့သော် ချူရှင်းယွဲ့သည် ၎င်းနှင့်စကာပြောဖို့
စိတ်မ၀င်စားတော့ချေ။ သူ(မ)သည် ဝူထျန်ကို အေးအေးဆေး
ဆေးကြည့်ကာ "ကျွန်မထပ်ပြောမယ် ဒါနဲ့ဘယ်လိုသက် သေပြနိုင်မှာလဲ ? ဒီလိုပုံတူမျက်နှာတစ်ခုတည်းကိုသုံးပြီး
ကျွန်မနာမည်ကိုသုံးတာက ရိုးရှင်းတဲ့လှည့်ကွက် မဟုတ်ဖူးလား"
"မင်း အခုထိ လက်မခံသေးဘူးလား" ဝူထျန်သည်
ဒေါသတကြီး ရယ်မောလိုက်သည်။
သို့သော် ဝူထျန်ထက် ဒေါသထွက်နေသည်မှာ ချူလင် မယားပင်။
"မင်း ကိုယ်ဝန်တောင်ရှိနေပြီကို မင်းညီမဆီ
လွှဲချချင်နေတုန်းလား ?"
မစ္စတာချူသည် ဒေါသတကြီးပြောလိုက်သည်။
"ငါ့မှာ ဘာ၀ဠ်ကြွေးတွေများရှိလို့ ဒီလောက်အရှက်မဲ့တဲ့သမီးကို
မွေးမိခဲ့ရတာလဲ! ချူရှင်းယွဲ့ နင် ဒီထက်ခေါင်း မာနေမယ်ဆိုရင် ငါတို့သမီးဆက်မလုပ်နဲ့တော့"
မစ္စချူ ရင်ထုမနာ ဒေါသဖြစ်နေဟန်ပင်။
သူ(မ)သာ ထိုသို့ ခြိမ်းခြောက်လိုက်ပါက သမီးကြီး၏
လုပ်ရပ်များ ရပ်တန့်သွားမည်ဟုထင်မိသည်။
ချူရှင်းယွဲ့သည် လှောင်ရယ်ချင်ဟန်ဖြင့်
"ကျွန်မ ရှင်တို့ရဲ့သမီး မဖြစ်ချင်တာကြာပြီ။"
ထိုစကားသည် ချူလင်မယားကို အေးခဲသွားစေသည်။
"မင်း... ဘာပြောလိုက်တယ် ?!"
"မင်း ဘယ်လိုတောင် မောက်မာနေတာလဲ၊ စည်းမရှိကမ်းမရှိနဲ့"
အဆုံးတွင် ချူရှင်းယွဲ့၏နာကြည်းမှုများ စိမ့်ထွက်လာပြီး
"ရှင်တို့ရဲ့သမီးဖြစ်ရတာ ဘယ်လောက်ကောင်းလိုက်လဲ၊ ရှင်တို့ ဓာတ်ပုံထဲက ဘယ်သူလဲဆိုတာတောင်
သေချာမပြောနိုင်ဘူး၊ ရှင်တို့ ဘာလို့ အဲ့လောက်အံ့သြနေရတာလဲ၊ သံသယ မ၀င်ဘူးလား၊ တခြားသူတွေ
မသိနိုင်ပေမဲ့ ကျွန်မနာမည်ကို ရှင်တို့ ဘယ်နှစ်ခါလောက်တောင် သုံးခဲ့တယ်ဆိုတာကို ရှင်တို့
ကိုယ်တိုင်သိမှာပါ၊ အခုတစ်ခါရောက်ရော ထူးဆန်းလို့လား"
ချူလင်မယားနှစ်ယောက်လုံး အံ့သြသွားကြသည်။ ချူရှင်းယွဲ့၏သတိပေးမှုကြောင့်
၎င်းတို့သည် အတွေးများပျံလွှင့်သွားကာ ၎င်းတို့၏အမူအရာများသည် ပိုထူးခြားလာသည်။
သူတို့သည် ချူရှင်းယွဲ့မှာ မတော်တဆထုတ်ပြောမိမည်ကိုစိုးရိမ်သောကြောင့်
စကားလမ်းကြောင်းလွှဲရန် ကြံခဲ့သည်။
သို့သော် ဤတစ်ကြိမ်တော့ ချူရှင်းယွဲ့သည် ၎င်းတို့ကို
အခွင့်အရေးမပေးတော့ချေ။
"အဖွား နေမကောင်းဖြစ်တုန်းက ဘုရားကျောင်းမှာ
သွားပြီး ဒူထောက်ဆုတောင်းခဲ့တာ ကျွန်မပဲ၊ အဲ့တာကို ချူ ရွှယ်ချီဆိုပြီး မီဒီယာတွေကပြောကြတယ်၊ ချူရွှယ်ချီက
အဖွားဆေးရုံတက်တုန်းက တစ်ခေါက်တောင်ရောက်မလာခဲ့ဖူးဘူး၊ သူ(မ)အိမ်မှာ ရေခဲမုန့်တွေအများကြီးစားမိခဲ့လို့နေမကောင်းဖြစ်ပြီး
ဆေးရုံတင်ခဲ့ရတာလေ"
လူတိုင်း အံ့သြသွားကြသည်။ ဘာတွေဖြစ်နေတာလဲ ? အဲ့ဒါ
ချူရွှယ်ချီလုပ်ခဲ့တာ မဟုတ်ဘူးလား ??
"အဖွားကျန်းမာရေးမကောင်းတဲ့အချိန် အဖွားအတွက်ဆုတောင်းပေးဖို့
ကျမဘုရားကျောင်းသွားခဲ့တယ်၊ ဂိတ်ဝကနေ တောင်ပေါ်ရောက်တဲ့အထိ ဒူးထောက်ပြီး 9 ကြိမ်ကန်တိတိတော့ပြီး
တစ်ထစ်ချင်းစီတတ်ခဲ့ရတာ၊ ဒါပေမယ့် မီဒီယာတွေက ချူရွှယ်ချီလုပ်ခဲ့တာဆိုပြီးတင်ကြတယ်။
တကယ်က အဲ့အချိန် ငါ့ညီမက အဖွားဆီတောင် တစ်ခေါက် မရောက်လာဘူး၊ သူ အိမ်မှာရေခဲမုန့်တွေအများကြီးစားလို့
နေမကောင်းဖြစ်ပြီး ဆေးရုံတတ်နေရတာလေ"
ကြည့်ရှုသူများ အံ့သြသွားကြသည်။ ဘာတွေဖြစ်နေတာလဲ
? အဲ့တာ ချူရျွယ်ချီမဟုတ်ဘူးလား ??
ထိုအချိန်တွင် နူးညံ့သောညီမလေးသည် အဖွား၏ ကျန်း
မာရေးအတွက် ဒူးထောက်ဆုတောင်းပေးရင်း မူးလဲကာ ဆေးရုံတင်လိုက်ရကြောင်းသတင်းပြန့်သွားခဲ့သည်။
ထို့နောက် လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းထဲ သူမ၏ ဂုဏ်သိက္ခာသည် တမုဟုတ်ချင်ူမြှင့်တတတ်သွားသည်။
သူမ၏ဝတ်ကြီးဝတ်ငယ်ပြုမှုကို လူတိုင်းချီးကျူးခဲ့ကြသည်။
ထိုအချိန် အဖွားနှင့်ကြီးပြင်းလာသည့် အစ်မဖြစ်သူမှာ
တစ်ချိန်လုံးတိတ်ဆိတ်နေသဖြင့် သူတို့ပင်ရှုပ်ထွေးသွားကြသေးသည်။
ချူလင်မယားနှင့် တွေ့တဲ့အချိန်တိုင်း သူတို့ရံဖန်ရံခါ
ထိုအကြောင်းပြောချိန် ချူလင်မယားဘက်က တစ်ခုမှမငြင်းလာခဲ့ပေ။
ချင်ကျောက်လည်း သတိရသွားသည်။ ထိုအချိန်တုန်းက
သူသည် ချူရွှယ်ချီကိုသီးသန့်သွားကြည့်ဖြစ်သည်။ သူ(မ)၏ဖြူဖပ်ဖြူရော်မျက်နှာလေးသည် ပြုံးနေပြီး
သူ(မ)လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါလို့တောင် ပြန်ပြောခဲ့သေးသည်။
ထိုအခိုက်အတန့် သူ့နှလုံးခုန်သံတွေကိုလှုပ်နှိုးလိုက်ခြင်းပင်။
ယခုမူ အမှန်တရားသည် ချူရှင်းယွဲ့လုပ်ခဲ့တာဖြစ်နေသည်။
“အဲဒီတုန်းက ရှင်တို့က မီဒီယာတွေအထင်လွဲနေတာကို
ရှင်းပြစရာမလိုဘူးလို့ပြောတယ်၊ ဆုတောင်းတယ်ဆိုတာ ရိုးသားမှုကအရေးကြီးဆုံးပဲဆို ကျော်ကြားမှုတွေဆိုတာ
ဘာမှမဟုတ်ဘူးဆိုပဲ၊ ကျွန်မ တကယ်မေးချင်တာ ရှင်တို့အဲ့လို တကယ်ထင်ခဲ့ကြတာလား ဒါမှမဟုတ်
ညီမလေး နာမည်ကောင်းရအောင်လို့ တမင်လုပ်ခဲ့ကြတာလား"
ချူလင်မယားနှစ်ယောက်၏မျက်နှာမှာ ပြာနှမ်းသွားသည်။
ချူရွှယ်ချီသည်လည်း အတိတ်ဟောင်းများကို တူးဆွလာမည်ဟု မထင်ထားသောကြောင့် မျက်လုံးများ
ပြူးကျယ်သွားသည်။
"ဘာ... မင်း ဘာတွေပြောနေတာလဲ ? အဲ့ဒါ မင်းအဖွားအတွက်ပဲလေ၊
မင်းညီမနဲ့ ဘာဆိုင်လို့လဲ၊ အဲ့တုန်းက မင်းညီမက ကျန်းမာရေးမကောင်းဘူး၊ သူ(မ) ကျန်းမာရေးမကောင်းလို့
မသွားခဲ့တာလေ၊ မင်းက ကျန်းမာရေးအ ကောင်းကြီးမဟုတ်ဖူးလား"
မစ္စတာချူသည် ဒေါသနှင့်ရှက်ရွံမှုကြောင့် မျက်နှာများနီမြန်းနေလျက်
ချက်ချင်းပြောလာသည်။
"ဒါဆို နင်ကရော နင့်အဖွား ကျန်းမာအောင်ဆုတောင်းဖို့ဆိုတဲ့စိတ်တစ်ခုတည်းနဲ့
အဲ့ဒါကိုလုပ်ခဲ့တာရော ဟုတ်လို့လား ?" မစ္စချူလည်း ချက်ချင်းပြန်ပြောလာသည်။
[Fuck ! ဒါ ဘယ်လိုစကားကြီးလဲ၊ ချူရှင်းယွဲ့ဘာသာ
ဘာကြောင့်ပဲလုပ်လုပ် ဒါ သူ(မ)လုပ်တာပဲလေ၊ သူနာမည်ကို
ခိုးဖို့ဘယ်သူကပြောခဲ့လို့လဲ! ချူရှင်းယွဲ့ဒါကို သည်းခံနိုင်တာ အံ့သြစရာပဲ၊ ဖြစ်နိုင်တာ
အဖွားချူ ကျန်းမာရေးတဖြည်းဖြည်းဆုတ်ယုတ်သွားလို့နဲ့တူတယ်၊ မဟုတ်ရင် အဖွားချူက ချူရှင်းယွဲ့ကို
အဲ့လို အနိုင်ကျင့်ခွင့်ပြုမှာမဟုတ်ဘူး]
ချူမိသားစု၏မျက်နှာလိုက်ပုံကို လူတိုင်းမြင်လိုက်ရသဖြင့်
ကျီဖေး၏စကားများကိုသာကြားပါက သူတို့လည်း ချက်ချင်းသဘောတူမိလိမ့်မည်။
ဒါက ရယ်စရာမဟုတ်ဘူးလား ၊ ကိုယ်လုပ်ခဲ့တဲ့ဟာကို
တစ်ခြားသူက မချီးကျူးလို့ရပေမဲ့ ခိုးသွားလို့တော့မရဘူးလေ။
သို့သော် မစ္စတာချူနှင့် မစ္စချူသည် ချူရှင်းယွဲ့မှာ
စိတ် သဘောထားသေးသိမ်ပြီး သူတို့ကိုယ်သူတို့ မှန်တယ်ဟုပင်ထင်နေကြသည်။
"ဒါဆို ချူရွှယ်ချီ ကျွန်မ အယောင်ဆောင်တာကိုဝန်ခံလိုက်ပြီမလား"
လူတိုင်းလည်း ထိုသို့တွေးမိကြသည်။
မစ္စတာချူနှင့် မစ္စစ်ချူသည် "ဒါက ရွှယ်ချီ
တမင်လုပ်တာ မဟုတ်ပါဘူး၊ မတော်တဆဖြစ်တာပဲ..."
"အဲဒီတုန်းက ကားမတော်တဆမှုကျတော့ရော ဘယ်လိုလဲ
? သူ(မ) တိုက်မိသွားလို့ ကလေးရဲ့ခြေထောက်က ကျိုးသွားပြီး မသန်မစွမ်းဖြစ်သွားခဲ့တာလေ၊
အဲ့အချိန်တုန်းက တစ်ဖက်လူတွေ အပြစ်တင်မှာကြောက်ပြီး ကျွန်မ အယောင်ဆောင်ပြီး ကျွန်မနာမည်ကို
လွှဲချခဲ့တာမလား၊ အဲ့မှာ ချူရွှယ်ချီက သူအရမ်းထိတ်လန့်နေလို့ ကျွန်မ နာမည်ပြောမိတာပါဆိုပြီးပြောလို့
ကျွန်မတောင် သနားခဲ့မိသေးတယ်၊ အခုကြည့်ရတာ အားလုံးအတုပဲနဲ့တူတယ်၊ ပြီးတော့ သူ(မ) ကျွန်မကို
အဲ့အကြောင်းနဲ့ပတ် သက်တဲ့ကိစ္စ ဘာတစ်ခုမှပြောမလာတော့ဘူး၊ သူပြော တာတော့ ကလေးကို သူ(မ)ပဲတာ၀န်ယူမယ်တဲ့၊
ဒါပေမဲ့ သူ မေ့သွားခဲ့တယ်လေ၊ အဲ့တာကြောင့်
ကလေးမိဘတွေက ကျွန်မဆီ တိုက်ရိုက်လာခဲ့ကြတော့ ဖြေရှင်းပေးရတာ ကျွန်မပဲ!"
လူအုပ်ကြီး ရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။ ဤသည်
မှာ ချူရှင်းယွဲ့၏ မကောင်းသတင်းထဲမှတစ်ခုပင်။ ဆိုတော့ ဒီဟာလည်း ချူရွှယ်ယွီအယောင်ဆောင်တာပဲ
ဖြစ်နေပြန်တာလား?
ချင်ကျောက်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။
ထိုအဖြစ်အပျက်ကြောင့် သူ ချူရှင်းယွဲ့အား အပြစ်တင်ရှုံ့ချခဲ့သည်။
မတော်တဆမှုသည် မရည်ရွယ်သော ကြောင့် ဖြစ်နိုင်သော်လည်း သူ(မ)သည် လျော်ကြေးပေးရန်ပျက်ကွက်ခဲ့သဖြင့်
အလွန်စိတ်ပျက်မိသည်။
ဤကိစ္စကြောင့် သူ ချူရှင်းယွဲ့အားစတင်မုန်းတီးလာခြင်းဖြစ်သည်။
ထိုအချိန်တွင် ချူရှင်းယွဲ့သည် တစ်ခုခုပြောချင်နေပုံရသော်လည်း
ချူရွှယ်ချီသည် သူ့ကိုဆွဲခေါ်သွားခဲ့သည်။ သူ ထွက်သွားမီ ချူရှင်းယွဲ့၏နီရဲလာသော မျက်လုံးများကိုမြင်ခဲ့ရသည်။
ချင်ကျောက် အံ့ကိုတင်းတင်းကြိတ်လိုက်သည်။ ဒါလည်း...အတုလား?
"ဟင့်အင်း... ကျဲ... ဘာလို့..." ချူရွှယ်ချီသည်
ထိတ်လန့်ကာ ငိုချတော့သည်။
ချူလင်မယားသည် ချူရွှယ်ချီ ငိုသည်ကိုမြင်ချိန်
သူ(မ) ကျန်းမာရေးထိခိုက်မည်ဟးကို စိုးရိမ်သဖြင့် ချူရှင်းယွဲ့ ၏ စကားများကိုချက်ချင်းပြန်ရုတ်သိမ်းရန်
တွန်းအားပေးချင်ခဲ့သည်။
သို့သော် ချူရှင်းယွဲ့က "ငါ သက်သေပြဖို့
လိုသေးလား၊ အဲဒီနေ့က ငါ ကျောင်းတက်နေခဲ့တာ"
ချူလင်မယားသည် ချူရှင်းယွဲ့ ဆက်ပြောရဲသော ကြောင့်
အံ့အားသင့်သွားသည်။
ချူရွှယ်ချီသည်လည်း ချူရှင်းယွဲ့မှာ ထိုမျှအထိပြောလိမ့်မည်ဟု
မမျှော်လင့်မိချေ။ ၎င်းသည် အမြဲတစေ တိတ်ဆိတ်နေတက်သည်မဟုတ်လား?၊ ယခင်က သူ(မ) မည်မျှ
အနိုင်ကျင့်ပါစေ ချူရှင်းယွဲ့သည် မြိုသိပ်နေခဲ့သည်။ အဘယ့်ကြောင့်ဆို ၎င်းဘ၀တွင် မိဘများအသိ
အမှတ်ပြုခံမှုနဲ့ ညီမဖြစ်သူကို ငှဲ့ကွက်ခြင်းကြောင့်ပင်။
ယခုမူ ချူရှင်းယွဲ့သည် ထိုအရာများကို ဂရုမစိုက်တော့သည့်ပုံပင်။
ချူရှင်းယွဲ့ ဘာကိုမှဂရုမစိုက်တော့ပဲ အရာအားလုံးဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား
?
ချူရွှယ်ချီ၏ထိတ်လန့်မှုများ အရှိန်မသေသေးပေ။
ချူရှင်းယွဲ့သည် သူ(မ)ခန္ဓာကိုယ်ပေါ်တွင် တုတ်နှောင်ထားသော
ကြိုးများအားဖယ်ထုတ်ရန် ကြိုးစားနေသကဲ့သို့ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။
"သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ပရဟိတလုပ်ငန်းတွေမှာ
ချူမိသားစုကိုကိုယ်စားပြုပြီး ငါသွားခဲ့တယ်၊ ဒါပေမယ့် လူတွေက နင့်နာမည်နဲ့ ဂုဏ်ပြုကြတယ်"
"နင် Century Music Competitio မှာ ပါဝင်ဖို့
အရည် အချင်းပြည့်မီအောင် ကြိုးစားခဲ့ပေမယ့် ပြိုင်ပွဲမစခင်မှာ နင်ရဲ့ အရည်အချင်းမလုံလောက်တာကြောင့်
တမင် တကာဒဏ်ရာအရခံပြီး ငါ့ကိုအစားပြိုင်ခိုင်းခဲ့တယ်"
"နင် ချူမိသားစုရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ကိုစော်
ကားခဲ့မိပေမဲ့ ငါ့နာမည်ကိုအသုံးချခဲ့တာ၊ အဲ့တာကြောင့် ဆွေမျိုးတွေက ငါကပဲ မိသားစုကိုအကြီးအကျယ်ဆုံးရှုံးအောင်လုပ်တာဆိုပြီး
ငါ့ရဲ့ အစုရှယ်ယာ အမွေဆက်ခံပိုင်ခွင့်ကို ရုတ်သိမ်းခဲ့တယ်"
"ငါ နင်တို့အားလုံးနဲ့အိမ်ခွဲနေတုန်းကလည်း
နင် ငါ့အ ယောင်ဆောင်ပြီး ကျောင်းသွားတက်တယ်၊ ငါ့ သူငယ် ချင်းတွေနဲ့ ဆက်ဆံရေးတွေ၊ အတန်းဖော်တွေ၊
ဆရာတွေကြားက ဆက်ဆံရေးကိုရှုပ်ထွေးအောင်လုပ်ပြီး ကျောင်းမှာ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်ခဲ့တယ်"
"..."
ချူရှင်းယွဲ့သည် ထိုအဖြစ်အပျက်အားလုံးကို တစ်ခါ
တည်းပြောချလိုက်ပြီး ချူရွှယ်ချီ၏မျက်ရည်များစီးကျနေသော မျက်နှာကိုကြည့်ကာ ၎င်းသည်
မျက်ရည်ခံထိုး အသနားခံတော့မည်ကို အတိုင်းသားမြင်နေရသည်။
"ငါ နင့်အပေါ် ဘာအမှားလုပ်ဖူးလို့လဲ ? နင်
ငါ့ ဂုဏ် သိက္ခာတွေခိုးတယ်၊ ငါ့ကို အပြစ်ပုံချတယ်၊ ငါကကော အဲ့လိုအပြစ်ပြောခံရတာကို
လိုချင်တယ်လို့ နင်ထင်နေလား ? ဆောရီးပဲ ငါ သည်းမခံနိုင်တော့ဘူး၊ ငါ အဲ့ဒါကိုသည်းမခံချင်တော့ဘူး!"