Ch 24
Viewers 547

🍉 Chapter 24

 

 

 

ချူရှင်းယွဲ့ အသက်ပြင်းပြင်းရှူကာ "ငါ့ စကားအတွက် ငါတာဝန်ယူနိုင်တယ်၊ ပြီးတော့သက်သေလည်းပြနိုင်တယ်၊ ငါ မလုပ်ခဲ့တဲ့အရာတွေကို ငါ ဝန်ခံမှာမဟုတ်ဘူး၊ ငါလုပ်ခဲ့တာတွေအတွက်လည်း ဘယ်သူ့ကိုမှလွှဲချမှာမဟုတ်ဘူး"

 

၎င်းတို့အသိုင်းအဝိုင်းတွင် ထိုညီအစ်မနှစ်ယောက်၏ သတင်းများ၏ ဤအဖြစ်အပျက်များအပေါ်တွင် မူတည်သည်။ ထိုသို့သာ အမှန်တကယ်ဖြစ်ပါက ၎င်းတို့၏ဂုဏ်သတင်းများကို လဲလှယ်ရမည်ဖြစ်သည်။

 

"ဒါပေမဲ့ မင်းဘာလို့ သည်းခံနေတာလ ? မင်းရဲ့ဂုဏ်သ တင်းတွေ ဘယ်လောက်ထိဆိုးသွားလဲဆိုတာရောသိရဲ့လား"

 

လူအုပ်ထဲရှိ တစ်ယောက်သည် နားမလည်နိုင်စွာ မေးလာသည်။

 

ချူရှင်းယွဲ့ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ ခါးသီးမှုများရောယှက်နေသည်။ အမှန်ပင် သူ(မ)ယခုအချိန်အထိ  ဘယ်အကြောင်းကြောင့် သည်းခံမိခဲ့လဲမသိပါချေ။

 

သူ(မ)စိတ်ထဲ ပျော်ရွှင်စရာကောင်းသော မိသားစုလေးယောက်၏ပုံရိပ်သည် အလွန်စွဲမက်ဖွယ်ကောင်းသောကြောင့် ဖြစ်နိုင်သလို၊ သူ(မ) အထီးကျန်ဆန်လွန်းသဖြင့် မျိုသိပ်မိခဲ့တာလဲဖြစ်နိုင်သည်။

 

ဒါ သူ(မ)ဖြစ်ချင်တဲ့ဟာ မဟုတ်ဘူး…

 

သူ(မ)ကိုယ် သူ(မ) ပြန်ရှာတွေ့စေရန် ၎င်းတို့နှင့် အဆက် အသွယ်ဖြတ်ဖို့ သူ(မ) ဆုံးဖြတ်ပြီးပြီ။

 

“ဘယ်သူသိမှာလဲ ? ကျွန်မ အရမ်းတုံးအခဲ့လို့နဲ့တူတယ်"

 

ဤအခိုက်အတန့်တွင်၊ ပတ်ဝန်းကျင်ရှိလူများ၏  လှောင် ပြောင်သောအကြည့်များနှင့် စကားများသည် ချူမိသား စုသုံးယောက်သားအပေါ်သို့ ကျရောက်လာသည်။

 

မစ္စတာချူနှင့် မစ္စချူတို့သည် ၎င်းတို့အား အဘယ့်ကြောင့် ဤသို့ကြည့်လာသည်ကို နားမလည်ပုံရသည်။

 

ထိုအဖြစ်အပျက်များသည် ချူရှင်းယွဲ့အတွက် အနည်း ငယ်မျှသာ မတရားသော်လည်း ချူရွှယ်ချီ၏ဂုဏ်သတင်းကို ထိခိုက်စေရုံသာမက သူတို့၏ ချူမိသားစုတစ်ခုလုံးကို လှောင်ပြောင်သရော်ခြင်းမျိုးဖြစ်စေခဲ့သည်လား ?

 

 á€žá€°(မ)သည် အမှန်တကယ်ပင် မိသားစုတစ်ခုလုံး၏ ကောင်းကျိုးကိုဂရုမစိုက်သည့် ကျေးဇူးကန်းသော သမီးကြီးဖြစ်သည်။

 

"ငါတို့အားလုံးက မိသားစုတွေပဲလေ၊ မင်း ဘာတွေပြောနေတာလဲ" မစ္စတာချူသည် အံ့များကြိတ်လျက် စကားဆိုလာသည်။

 

"နင့်ညီမ ဘယ်လောက်၀မ်းနည်းနေလဲ ? နင် မမြင်ဘူးလား၊ ဒါ သူ ရည်ရွယ်ချက်ရှိရှိလုပ်တာမှမဟုတ်တာ၊ နင်က အခုတော့ ငါတို့ကပဲ မတရားဘူးဆိုပြီး လူတိုင်းကိုပြောပြနေတယ်ပေါ့"

 

မစ္စစ်ချူက “ကလေးတွေအများကြီးရှိတဲ့ မိသားစုတိုင်းက ဘယ်လိုလုပ် မျှမျှတတဆက်ဆံနိုင်မှာလဲ"

 

"အဲ့လိုလား ? ကျွန်မလည်း အရင်တုန်းက  ကိုယ့်ကိုကိုယ် အဲ့လို လှည့်စားမိခဲ့တာပဲ" ချူရှင်းယွဲ့ လှောင်ပြောင်လိုက်သည်။

 

[ဘယ်လောက်တောင် သနားစရာကောင်းတဲ့ ကလေးလဲ၊ ဒါက မိသားစုချစ်ခြင်းမေတ္တာဆိုတာကြီးကြောင့် မျက်စိကန်းသွားတာပဲ၊ ချူမိသားစုက သူ(မ)ကို ဘယ်လောက်ပဲအသုံးချချ ချူရှင်းယွဲ့ကတော့ မိသားစုမေတ္တာကို မက်မောလွန်းလို့ဖြစ်ရတာပဲ၊ ကံကောင်းတာ သူ(မ)နိုးထလာခဲ့ပြီ]

 

ချင်မိသားစုလည်း ခေါင်းညိတ်သည်။ မကြာသေးမီက သိခဲ့ရသော အကြောင်းများနှင့် ဆက်စပ်ကြည့်လျှင်  သူ(မ)သည် ကြင်နာတက်သော မိန်းမကောင်းလေးဖြစ် ကြောင်းထင်ရှားသည်။ သူ(မ)ကို ဤနွံထဲတွင် မနှစ်မြုပ်စေချင်ပေ။

 

သူတို့မိသားစုမှာ မျက်ကန်းတစ်ကောင်ရှိလို့ ဒီလိုမိန်းမကောင်းလေးကို လက်လွှတ်ခဲ့ရတာက နှမျောစရာပဲ…

 

ချင်မိသားစုသည် ချင်ကျောက်ကို တိတ်တဆိတ်လှည့်ကြည့်ကြသည်။

 

ထိုအချိန်တွင် ချင်ကျောက်သည် ချူရှင်းယွဲ့ကိုသာ စိုက်ကြည့်နေသည်။ သူ့အသွင်အပြင်သည် အမှန်ပင် သနားချင့်စရာလေးဖြစ်နေသည်။

 

ပါးပါးချင်နှင့် မားမားချင်တို့သည် ယခုအချိန်သည် ၎င်းတို့၀င်ပါရန် သင့်လျော်သောကြောင့် အချင်းချင်းအ ကြည့်ချင်းဖလှယ်လိုက်ကြသည်။

 

မားမားချင်က "မစ္စချူ ပြောတာမဟုတ်သေးဘူး၊ ကျွန်မတို့မိသားစုမှာဆို ကလေးလေးယောက်တောင်ရှိတယ်၊ ကျွန်မတို့ မျှမျှတတမဆက်ဆံနိုင်ရင်တောင် ဘက်မလိုက်ဘူး၊ ရှင်လိုမျိုး ကလေးတစ်ယောက်ကို ဒီလောက်အထိမျက်နှာသာပေးတာမျိုး မြင်တောင်မမြင်ဖူးဘူး။"

 

ချူမိသားစုသည် ထိတ်လန့်သွားသည်။ သူတို့သည် ချင်မိသားစုမှ ရုတ်တရက်စကားပြောလာလိမ့်မည်ဟု မမျှော် လင့်ထားချေ။ တစ်ဖက်သည် သတိုးသားလောင်း၏ မိသားစုဖြစ်သည်။

 

"မဟုတ်ဘူး၊ ဒီကောင်မလေးက အမြဲတမ်းမာနကြီးနေတာ အဲ့ကြောင့်..."

 

ချူရွှယ်ချီလည်း ထိတ်လန့်တကြားနှင့် ချင်ကျောက်ကိုကြည့်ကာ "ချောင်ကော ညီမကို ‌မကောင်းတဲ့သူလို့ထင်နေတာလား ဟင်၊ အဲ့တာ မဟုတ်ပါဘူး၊ ညီမ အားလုံးကို ရှင်းပြနိုင်ပါတယ်၊ ကျဲ ဒီကိစ္စတွေကို အဲ့လောက်ကြီး ဂရုစိုက်မယ်လို့ ညီမ မထင်ခဲ့ဘူး၊ ဒါတွေအားလုံး ညီမကြောင့်ဖြစ်ရတာပ့၊ ဒါပေမယ့် ညီမ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး"

 

"ဒါဆို ငါ မင်းကိုမေးချင်တယ်၊ အဲဒီတုန်းက ငါ့ကို ကယ်ခဲ့တာက တကယ်ပဲ မင်းလား ?"

 

ချင်ကျောက်သည် မားမားချင်မပြောနိုင်ခင် ဦးစွာလက် ဦးမှုယူလိုက်သည်။

 

ထိုမေးခွန်းကြောင့် ချူမိသားစုလည်း ခဏတာအံ့အား သင့်သွားခဲ့သည်။ စကားလမ်းကြောင်းက ဘယ်လိုလုပ်အဲ့ဆီ ရောက်သွားတာလဲ?

 

လူတိုင်း ဖရဲသီးကိုပျော်ပျော်ကြီးပိုက်ပြီးထိုင်စားနေကြသည်။ စေ့စပ်ပွဲသဘောတူညီချက်အား ပြောင်းလဲရခြင်း၏ကနဦးအကြောင်းရင်းမှာ ထိုအသက်ကို ကယ် တင်ခြင်း ကျေးဇူးကြောင့်ဖြစ်သည်။

 

မတုန်မလှုပ်နေနေသည့် ချူရှင်းယွဲ့ပင် ရေခဲလွှာများကွာကျသွားပြီး ချူမိသားစုအားထိတ်လန့်စွာကြည့်လိုက်သည်။

ဒီကိစ္စကို သူ(မ)ပင် မသိခဲ့ချေ။

 

ထိုအသက်ကယ်သောကျေးဇူးကြောင့် ချူရှင်းယွဲ့သည် သူ(မ)၏ကိုယ်ပိုင်စေ့စပ်ပွဲကိုပင် မကာကွယ်နိုင်ခဲ့ပေ။ သူ(မ)သည် သူ့ခံစားချက်များကို ရင်ဆိုင်ရန် မကြောက်ခဲ့ဖူးသော်လည်း ထိုအရာကြောင့် သူမ ကျရှုံးခဲ့ရသည်။

 

ယခုတစ်ဖန် ချူရွှယ်ချီသည် သူ(မ)ဆီမှ ထပ်မံခိုးယူခဲ့ခြင်းဖြစ်သည်။ ဘယ်လောက်တောင် ခံပျင်းစရာ ကောင်းလိုက်သလဲ…

 

"အဲ့တာ... နင်.. ထပ်ပြီး နင်ပဲ လား ?"

 

ချူရှင်းယွဲ့၏နှလုံးသားသည် ဆူးမြတ်သွားပြီး "အဲ့တုန်းက ရှင်တို့ ကျွန်မ မေ့သွားလို့လိမ်ခဲ့ကြတာလား၊  ရှင်တို့ရဲ့ သမီးငယ်လေးအတွက် ဒီလိုတောင် လုပ်ခဲ့တယ်ပေါ့!"

 

ချူမိသားစု၏အမူအရာများ လျင်မြန်စွာပြောင်းလဲသွားသည်။ ဤသို့ကိစ္စများသည် ရှောင်လွှဲရန်ခက်ခဲလွန်းသည်။ သူတို့သည် သမီးကြီးနဲ့ စေ့စပ်ထားသူကို သမီးငယ်ကိုပေးချင်လို့လုပ်တာလို့ ပွင့်ပွင့်လင်းလင်းပြောလိုက်သင့်လား ??

 

သူတို့ ပြောစရာများ ပျောက်ရှနေရသည်။ ထိုသည်မှာ သူတို့ ချူရှင်းယွဲ့ထံမှ ပထမဆုံးအကြိမ်ခိုးယူခြင်းဖြစ် သည်။

 

သူ(မ) ကိစ္စရပ်များစွာကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော‌ကြောင့် သူတို့လည်း အဖြစ်မှန်ကို ငြင်းဆိုဝံ့ခြင်းမရှိတော့ချေ။ ချင်မိသားစု စုံစမ်းသိရှိနိုင်မည်ဟုမထင်မှတ်ခဲ့သဖြင့် သူတို့သည် သဲလွန်စများမဖျောက်ဖျက်မိခဲ့ချေ။

 

သူတို့ စကားတစ်ခွန်းပင် မပြောဝံ့တော့ပေ။

 

"မဟုတ်ဘူး၊ အဲ့တာ ညီမပါ၊ ကျဲ မဟုတ်ဘူး၊ ချောင်ကော ညီမကို ယုံရမယ်..."

 

ချူရွှယ်ချီသည် ယခုအချိန်တွင် ချင်ကျောက်၏မျက် လုံးများကိုမြင်လိုက်ရသဖြင့် အမှန်တကယ် ထိတ်လန့်သွားမိသည်။ သူ သူ(မ)ကို မယုံတော့ကြောင်း သူ(မ)သိလိုက်သည်။

 

"ညီမ...ညီမက... မမှတ်မိတော့လို့ပါ၊ ဟုတ်တယ်… ညီမနေမကောင်းဖြစ်နေခဲ့လို့၊ ညီမ အရင်ကမေးဖူးတယ်လေ ကောကော တကယ်ကြိုက်တဲ့သူက ညီမပါဆို၊ အဲ့တာက အသက်ကယ်ခဲ့တဲ့ ကျေးဇူးနဲ့ဘာမှမဆိုင်ဘူးဆို"

 

ချင်ကျောက်၏မျက်လုံးများထဲ သွေးနီရောင်အလန်းတန်းများလင်း‌လက်နေပြီး သူ့အသံသည် ချူရွှယ်ချီ ကြားဖူးသမျှ အသံများထက်အေးစက်နေသည်။

 

"ဒါဆို ငါ တကယ်ကြိုက်တဲ့လူက မင်းလား ? ဒါမှမဟုတ် မင်း ဟန်ဆောင်ထားတဲ့ မင်းကိုလား ?"

 

ချူရွှယ်ချီ၏ မျက်နှာသည် ဖြူဖျော့သွားပြီး တားကျိုးသကဲ့သို့ မျက်ရည်များမရပ်တန့်တော့ချေ။

 

သို့သော် ချင်ကျောက်သည် သူ(မ)၏ သနားစရာကောင်းသော အသွင်အပြင်ကြောင့် စိတ်ယိမ်းယိုင်သွားမည်မဟုတ်‌ချေ။ ထိုအစား သူသည် ချူရှင်းယွဲ့ကိုလှည့်ကြည့်လိုက်သည်။

 

ချူရှင်းယွဲ့သည် သူ၏အကြည့်ကိုရှောင်နေသည်။

 

အားလုံးပြီးသွားပြီ၊ အတိတ်က အဖြစ်အပျက်ကို အမှန်အတိုင်းသိတာတောင် ချူရှင်းယွဲ့အတွက်တော့ ဘာအဓိပ္ပါယ်မှမရှိတော့ဘူး၊ အဲ့လူသုံးယောက်က သူ(မ)ကို စိတ်ပျက်အောင်လုပ်ပြီးပြီ…

 

ချင်ကျောက်သည် ချူရှင်းယွဲ့မှာ သူ့အကြည့်ကို ရှောင်နေသည်ကို မြင်လိုက်ရသောအခါ သူ့နှလုံးသားတစ်ခုလုံးကို ထိုးဖောက်လိုက်သည့်ပမာ ခံစားလိုက်ရသည်။

 

သူတကယ် အရေးကြီးတဲ့အရာတစ်ခုကို ဆုံးရှုံးသွားပုံပဲ…

 

"အခုဘာတွေဖြစ်နေတာလဲ၊ ငါ့ကို တစ်ယောက်ယောက် အဖြေပေးနိုင်မလား၊ လွန်ခဲ့တဲ့သုံးလကြာက ငါ့ကလေးကိုလွယ်ခဲ့တဲ့သူက ဘယ်သူလဲ"

 

"မင်းရဲ့ချူမိသားစုက ငါ့ကိုရှင်းပြချက်ပေးရမယ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ် ငါ့ကို အခုလိုကစားလို့မရဘူး"

 

ချူမိသားစုမပြောလိုက်နိုင်ခင် ချူရှင်းယွဲ့သည် ဝူထျန်ကိုကြည့်ကာ "ကျွန်မ ပြောပြီးတာတောင် ရှင် နားမလည်သေးဘူးလား ?"

 

ဝူထျန်၏အကြည့်များသည် ချူရှင်းယွဲ့မှတစ်ဆင့် ချူ  ရွှယ်ချီသို့ပြောင်းသွားကာ သူသည် ချူရွှယ်ချီ၏လက်ကိုဖမ်းရန် လှမ်းလိုက်သည်။

 

"မင်း ဟုတ်လား ? ဟုတ်တယ် မလား ?! ဒီနှစ်မေလကနေ ဇူလိုင်လအထိ ငါတို့ ညတိုင်းလိုလို အတူတူနေခဲ့ကြတာလေ၊ မင်း မဟုတ်ရင် အဲဒီညတွေက မင်း ဘယ်မှာရှိနေလဲဆိုတာ ငါ့ကို ပြောပြ"

 

ချူရွှယ်ချီ အလွန်ထိတ်လန့်သွားသောကြောင့်  သူ(မ) မိဘများနောက်တွင်သာ ပုန်းလိုက်သည်။

 

"အဲ့ဒါ ကျွန်မ မဟုတ်ဘူး၊ ကျွန်မ မဟုတ်တာ သေချာတယ်၊ အဲ့နေ့တွေက ကျွန်မအိမ်မှာပဲရှိနေတာ၊ အိမ်မှာပဲ အမြဲတမ်းနာနာခံခံရှိနေခဲ့တာ"

 

မစ္စတာချူနှင့် မစ္စချူတို့၏မျက်နှာများသည် ဖြူဖျော့သွားကာ မျက်လုံးများသည် အဆက်မပြတ် ရွေ့လျားနေကြသည်။ အဆုံးတွင် သူတို့သည် အကြည့်ချင်းဖလှယ်ကြပြီး ချူရှင်းယွဲ့အား စူးစူးရဲရဲစိုက်ကြည့်ကာ အံကြိတ်လိုက်သည်။

 

"အတိတ်က ကိစ္စတွေကိုပြောမနေနဲ့တော့၊ အခုကိစ္စက တော့ ရွှယ်ချီနဲ့မဆိုင်ဘူး၊ အဲဒီ့အချိန်တွေတုန်းက သူ(မ) အိမ်မှာ ရှိနေတာ၊ အဲ့ဒါကို ငါတို့ သက်သေပြနိုင်တယ်" မစ္စတာချူ ရုတ်တရက်ပြောလိုက်သည်။

 

မစ္စချူသည်လည်း ခေါင်းညိတ်ပြီး "အဲဒီအချိန်တုန်းက ရှင်းယွဲ့ အိမ်မှာမရှိဘူး၊ သူ ဘယ်သွားမှန်း ငါတို့မသိဘူး"

 

ထိုစကားကြောင့် ဝူထျန်သည် ချူရှင်းယွဲ့ကိုသံသယဖြစ်စွာကြည့်လိုက်ပြန်သည်။

 

လူတိုင်း ရှုပ်ထွေးသွားကြသည်။ မိဘများသည် သမီးငယ်အတွက် သမီးကြီးကိုလွှဲချကြလိမ့်မည်ဟု သူတို့      မထင်မှတ်ထားကြချေ။

 

ချူရှင်းယွဲ့သည် သူ(မ)၏ မိဘများကို အေးစက်စွာသာစိုက်ကြည့်နေပြီး ထိုအအေးဓာတ်များသည် လူတစ်ယောက်အား သေလုမတက်ပင်။

 

"သူ့ကြောင့်နဲ့ ရှင်တို့ မဟုတ်မမှန်လည်း ပြောနိုင်တာပဲလား ?" ချူရှင်းယွဲ့မယုံနိုင်စွာ မေးလိုက်သည်။

 

မစ္စတာချူက "ဘာကို မဟုတ်မမှန်လဲ၊ မင်းမှာ သက်သေရှိရင် ငါတို့ကိုပြလေ၊ မင်းညီမရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးရမှာကျေနပ်မှာလား၊ အခုမင်းရဲ့ သတင်းကဆိုးနေပြီကို မင်းညီမကိုတောင် ဆွဲချချင်သေးတာလား"  

 

"ကျွန်မ သတင်းတွေဆိုးရတာ ဘယ်သူ့ကြောင့်လဲ ?"

 

ချူရှင်းယွဲ့ ဟားတိုက်ရယ်ချလိုက်သည်။

 

မစ္စတာချူ ပြောစရာစကားများ ပျောက်ဆုံးသွားသည်။ သူသည် ချူရှင်းယွဲ့ကို မကျေမနပ်ဖြင့် ကြည့်နေဆဲပင်။ သူ့အမြင်တွင် ချူရှင်းယွဲ့သာ ပြဿနာမရှာပဲ စေ့စပ်ကြောင်းလမ်းတာကို သဘောတူခဲ့ပါက ဝူသခင်လေးသည်လည်း ထိုသို့ ရှက်စရာအကြောင်းများကို ထုတ်ပြလာမည်မဟုတ်ပဲ သူတို့ ချူမိသားစုသည်လည်း အရှက် ကွဲရမည်မဟုတ်ချေ။

 

ချူရွှယ်ချီသာ အရင်တုန်းကကိစ္စတွေအားလုံးကို၀န်ခံလိုက်ရင် ရွှယ်ချီရဲ့ဂုဏ်သတင်း လုံးလုံးလျားလျားထိ ခိုက်သွားမှာမဟုတ်ဖူးလား ?

 

ဒါတွေအားလုံး ချူရှင်းယွဲ့ကြောင့်ပဲ။ သူ(မ)ရှုပ်ထားတာတွေကို သူ(မ)ရှင်းနိုင်ရမှာပေါ့။

 

"အရင်က ကိစ္စတွေမှာ ငါတို့ မမျှတတာ၀န်ခံပေမဲ့ နင့်ညီမကတော့ အပြစ်ကင်းတယ်၊ ငါတို့က သူ့ကို ကာကွယ်ရုံပဲ၊ သူ ဘာမှနားမလည်ဘူး၊ နောက်ပြီး နင့်ညီမလေးမွေးတည်းက ကျန်းမာရေးချို့တဲ့ရတာ နင်က အာဟာရတွေစုပ်ယူထားလို့ပဲ၊ ဒါကြောင့် နင့် သမီးငယ်ကိုအကြွေးတင်နေတာတွေရှိတယ်"

 

မစ္စချူ ဒေါသတကြီးပြောလိုက်သည်။

 

ချူရှင်းယွဲ့ ပြုံးကာ "ကျွန်မ နားလည်သွားပြီ၊ အခု ကျွန်မ အားလုံးကိုဖွင့်ပြောပြီးတဲ့အထိ သူ့အပြစ်မဟုတ်ရတာက ကျွန်မ ချူရွှယ်ချီအတွက် အနစ်နာခံရမယ်လို့ထင်နေလို့ကိုး၊ ကျွန်မကပဲ သူ(မ)အပြစ်တွေကိုထမ်းပိုးပေးရမယ်ပေါ့ ? ဒါက  ဝူထျန်နဲ့အတူရှိနေတဲ့သူက ညီမလေးလို့ ရှင် ပြောလိုက်တာမဟုတ်လား"

 

"သူ(မ)က ကျွန်မနာမည်ကိုသုံးပြီး ဒီအရာတွေကိုလုပ်ခဲ့တယ်၊ ရှင်တို့က သူ(မ) ဘာလုပ်ခဲ့လဲဆိုတာဂရုမစိုက်ဘူး၊ အဖြစ်မှန်ပေါ်လာမှ ကျွန်မကို သူ(မ)အစားအပြစ်တင်ခိုင်းတာပေါ့"

 

ချူရှင်းယွဲ့၏မေးခွန်းများကြောင့်  မစ္စတာချူနှင့် မစ္စချူတို့၏ မျက်လုံးများတုန်လှုပ်သွားသည်။

 

သူတို့သည် ယခင်တုန်း ချူရှင်းယွဲ့အား ထိန်းချုပ်ရန်အ ကြောင်းပြချက်ရှိခဲ့သဖြင့် တစ်မိသားစုလုံး ဟန်ချက်ညီစွာထိန်းထားနိုင်သည်။

 

သို့သော် ယခုအခါ သူ(မ)၏မိဘများအပေါ် ဟန်ဆောင်မှုအားလုံးကို စွန့်လွှတ်ကာ ဆင်ခြင်တစ်ခုတောင်မပေးပဲ ချူရွှယ်ချီကို ကာကွယ်ဖို့ သူ(မ)ကို ဒိုင်းကာအနေနဲ့ ပြတ်သားစွာရွေးချယ်ခဲ့သည်။

 

ရက်စက်လွန်းလိုက်တာ…

 

ချူရှင်းယွဲ့သည် ပြင်းထန်သော နှင်းမုန်တိုင်းထဲတွင် တစ် ယောက်တည်း လမ်းလျှောက်နေရသူကမာ အထီးကျန်ပြီး အားကိုးရာမဲ့နေသလို းခံစားရသည်။

 

ဤအချိန်အထိ ချူရွှယ်ချီသည် သူ(မ) မိဘများထံမှ ကောင်းစွာကာကွယ်ခြင်းခံထားရပြီး သူ(မ)သည်တော့ ကျေးဇူးကန့်သည့် သမီးမိုက်သာဖြစ်သည်။

 

[ဆိုရိုးစကားအတိုင်းပဲ မိဘတွေကိုယ်ကျင့်တရားမရှိရင် မောင်နှမတွေလည်း သင့်မြတ်မှာမဟုတ်ဘူး၊ ချူရွှယ်ချီကတစ်ခြားသူအပေါ်ကို သူလုပ်ခဲ့သမျှလွှဲချရဲတာ အံဩစရာမရှိဘူး၊ သူ(မ)မှာ ဒီလို ထူးဆန်းတဲ့မိဘတွေရှိလို့ကိုး]

 

[သူတို့ သမီးကြီးဆီက အရာအားလုံးကိုလုယူရမယ်ဆိုရင်တောင် သူတို့သမီးငယ်အတွက် ကောင်းတဲ့အရာအားလုံးကို ပေးချင်နေတာပဲ၊ သူတို့က သမီးကြီးကိုမပျိုး ထောင်ခဲ့ရလို့ သူ(မ)အပေါ်သံယောဇဉ်မရှိတာလား၊ ဒါကြောင့် ဘာကိုမှဂရုမစိုက်ပဲ ချူရှင်းယွဲ့ဆီကိုလွှဲချနိုင်တာဖြစ်လား၊ ချူရှင်းယွဲ့ အရမ်းသန်မာလို့ သူတို့အပြုအမူတွေအတွက် စိတ်မရှိဘူးလို့ထင်နေတာလား ? မစ္စတာချူနဲ့ မစ္စချူတို့က ဘာလို့ ဒီလောက်ထိဘက်လိုက်တဲ့ မိဘတွေဖြစ်လာကြတာလဲ]

 

ချင်ရှန့်သည် ကျီဖေး၏စိတ်ရှုပ်ထွေးမှုကို ကြားလိုက်ရချိန် အလွန်မအံ့သြသွားချေ။

 

စီးပွားရေးရှုထောင့်မှကြည့်ပါက ထိုသည်မှာကုန်ကျ စရိတ်ပြဿနာဖြစ်သည်။

 

မစ္စတာချူနှင့် မစ္စချူသည် ချူရွှယ်ချီအပေါ်တွင် အချိန်နှင့် စွမ်းအင်များအလွန်အကျွံ မြှုပ်နှံထားသော်လည်း ချူရှင်းယွဲ့သည် ၎င်းတို့နှင့်ဝေးကွာသော ဆွေမျိုးတစ်ဦးကဲ့သို့ဖြစ်နေသည်။ ထုံးစံအတိုင်း ၎င်းတို့နှစ်ဦးပေါ်ရှိ ချစ်ခြင်းမေတ္တာများသည်ခြားနားမှုရှိသည်။

 

အစပိုင်းတွင် ၎င်းတို့သည် ချူရှင်းယွဲ့အပေါ် အပြစ်ရှိသလိုခံစားရသော်လည်း လူသားများသဘာ၀အရ မိမိအမှားကိုမျက်ကွယ်ပြုခြင်းပင်။

 

၎င်းတို့သည် ချူရှင်းယွဲ့အား မျက်နှာသာမပေးဘူးဆိုတဲ့ အချက်ကိုလက်မခံလိုသောကြောင့် မိမိမှန်ကြောင်းသေပြရန် ချူရှင်းယွဲ့အားဆူပူကာ သူ(မ)ထံ အပြစ်မရှိကြောင်းဖုံးကွယ်ရန် အမှားများကို ရှာဖွေတော့သည်။

 

ယင်းကြောင့် ချူရွှယ်ချီ၏ဆန္ဒကိုလိုက်လျောပြီး ချူရှင်းယွဲ့၏ဆန္ဒကို မျက်ကွယ်ပြုကာ ထိုသို့အလွန်အမင်း ဘက်လိုက်မိခြင်းဖြစ်သည်။

 

ယခုအချိန်တွင် နောက်ကြောင်းပြန်လှည့်ရန် ပိုလို့ပင်မဖြစ်နိုင်တော့ချေ။ အကယ်၍ ၎င်းတို့နောက်ကြောင်းပြန်လှည့်ပါက မိဘတစ်ယောက်၏တာ၀န်ပျက်ကွက်ခဲ့ကြောင်း ဝန်ခံလိုက်ရသလိုမဟုတ်ပါလား။

 

သူမှန်းထားသလိုပင် မစ္စတာချူသည် "ရှင်းယွဲ့ ပြဿနာရှာမနေနဲ့တော့၊ မင်း မိဘတွေကို ကလန်ကဆန်လုပ်ပြီး သမီးငယ်လည်း မင်းကြောင့် နာကျင်နေရပြီ၊ ငါတို့အဲ့အကြောင်းကို အရင်ကလည်း ပြောခဲ့တာပဲမဟုတ်လား၊ မင်း ထင်တိုင်းကြဲနေတာ တော်လောက်ပြီ"

 

မစ္စချူသည် ရှေ့သို့ တိုးလာပြီး ချူရှင်းယွဲ့၏လက် ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ သူ(မ)၏ လေသံက ပိုပြင်းထန်လာသည်။

 

"ဒီတစ်ခါ နင် ပြဿနာတွေထပ်မလုပ်နဲ့တော့ မဟုတ်ရင် ငါတို့ နင်ကို တကယ်ခွင့်မလွှတ်ဘူး၊ စကားနားထောင်စမ်း၊ နင်ပြောစရာရှိရင် ငါတို့အိမ်ရောက်မှဆွေးနွေးကြမယ်၊ ငါတို့ နင်နဲ့ ထိုက်တန်တဲ့လျော်ကြေးပေးမှာပါ"

 

ချူရှင်းယွဲ့သည် ၎င်းတို့ကို မည်မျှဂရုစိုက်တယ်ဆိုတာ ၎င်းတို့ကောင်းကောင်းသိသည်။ ဤမျှလောက်ပြော သည်နှင့် ချူရှင်းယွဲ့သည် ကိုယ့်နေရာကိုသိမည်ဟုထင် သည်။

 

သို့သော် ချူရှင်းယွဲ့သည် ရုတ်တရက် "မိဘစကားကို ကလန်ကဆန်လုပ်တာ ?"

 

ကျီဖေး မထေ့ငေါ့ပဲမနေနိုင်ချေ။ [ဒါပေါ့ ဒါပေါ့ မိဘတွေကို မလေးမစားလုပ်နေတာဆိုတော့ ညီမဖြစ်သူ လိမ်ထားတာ‌တွေဖော်ပြီး မိဘကို တစ်ခါလောက်လေးအ တိုက်အခံလုပ်မိတာကလည်း၊ မိဘတွေကို ကလန်ကဆန်လုပ်တာဖြစ်သွားရတာပဲ]

 

"ညီမလေးကို နာကျင်အောင်လုပ်တယ် ?"

 

[အင်း ဒါပေါ့ နင်က အစ်မကြီးတစ်ယောက်အနေနဲ့ နင်ပိုင်သမျှအရာအားလုံးကိုမပေးချင်တော့ နင့်ညီမလည်းနာကျင်ရပြီပေါ့၊ ညီမဖြစ်တဲ့သူ ငိုကြီးချက်မဖြစ်နေတာ က သူ(မ)ရဲ့ နူးနူးညံညံ ခံစားချက်လေးကိုနာကျင်စေခဲ့လို့ပဲပေါ့]

 

ချင်မိသားစု ရွှင်မြူးစွာနားထောင်‌နေကြသည်။

 

သို့သော် ချင်ကျောက်သည် အတိတ်ရှိအဖြစ်အပျက်များကိုသတိရသွားကာ သူ့နှလုံးသားသည် ထပ်ခါထပ်ခါ ဓားနဲ့မွှန်းသလိုနာကျင်လှသည်။

 

"ထိုက်တန်တဲ့ လျော်ကြေးတဲ့လား ?"

 

ချူရှင်းယွဲ့သည် မစ္စတာချူနှင့် မစ္စစ်ချူကို လေးလေး နက်နက် ကြည့်လိုက်ကာ "ရှင်တို့  ခွင့်လွှတ်တာဖြစ်ဖြစ် လျော်ကြေးဖြစ်ဖြစ် ကျွန်မ မလိုချင်ဘူး၊ ကျွန်မ ကျွန်မနာမည်ကိုပဲ ရှင်းလင်းချင်တယ်"

 

မစ္စတာချူနှင့် မစ္စချူတို့သည် သူတို့အစီအစဉ် အောင် မြင်မည်ဟု ထင်ခဲ့သော်လည်း တတ်တတ်စင်အောင်လွဲနေသောကြောင့် ချူရှင်းယွဲ့အား စိုးရိမ်တကြီးကြည့်ကာ အံ့ဩသွားကြသည်။

 

ထို့နောက် ချူရှင်းယွဲ့သည် ဝူထျန်ကိုကြည့်ကာ "ကျွန်မမှာကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးဖို့ ရှင်နဲ့အတူ ဘယ်ဆေးရုံကိုမဆို သွားကြည့်ဖို့ဆန္ဒရှိတယ်!"

 

ထိုစကားသည် ပတ်၀န်းကျင်တစ်ခုလုံးအား ပေါက်ကွဲသွားစေသလိုပင်။

 

ထိုသို့ ဆုံးဖြတ်ချက်မျိုးသည် ဦးစွာအရှက်ရခြင်းကို ခံနိုင်ရန်သတ္တိရှိရပေမည်။ မည်သို့ပင်ဖြစ်စေ သူ(မ)သည် ဂုဏ်သိက္ခာမြင့်မားသော ချူမိသားစု၏အကြီးဆုံးသမီးဖြစ်သည်။ ယခုလို သူ(မ)အပြစ်ကင်းကြောင်း သက် သေပြနိုင်ပါက အနာဂတ်တွင် သူ(မ)ကို လူတွေဘယ်လိုပြောကြမလဲ ? သူ့လိုမိန်းကလေးကို ဘယ်လိုလူမျိုးက လက်ထပ်ဝံ့မှာလဲ ?

 

သို့သော် ဤသည်ကသာ ဖြေရှင်းနည်းအမှန်ဖြစ်သည်။

 

[ဒါက ငြင်းလို့မရနိုင်တဲ့ သက်သေပဲ။ သူ(မ)က ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ အပျိုစင်လေးဖြစ်နေတုန်းပဲ။]

 

ချင်မိသားစုသည်လည်း တွေးနေမိသည်။ သူ(မ)တောင် ဒီအထိသွားဖို့ ဆန္ဒရှိခဲ့လျှင် ချူမိသားစု မည်မျှငြင်းဆန်ပါစေ ဘူးပေါ်သလိုပေါ်လာလိမ့်မည်။ သူတို့အထင် ချူမိသားစုသည် တုံးအလွန်းသည်ဟုထင်မိသည်။ ၎င်းတို့ သည် ချူရှင်းယွဲ့မှာ သူ(မ)၏အပြစ်ကင်းကြောင်း သက် သေပြရန် ဒီလောက်အထိသွားမည်ဟု မမျှော်လင့်ထားကြသောကြောင့်ပါမည်။ သို့သော် ချောက်ကမ်းပါးစွန်းကို တွန်းချခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်အတွက် အရှက်ဆိုတဲ့ကိစ္စလောက်ကို ဘယ်လိုလုပ်ဂရုစိုက်နိုင်တော့မှာလဲ…

 

သူ(မ)ဖြစ်ချင်သည်မှာ သတင်းများကိုရှင်းလင်းလိုခြင်းပင်။

 

"နင်ရော စစ်ဆေးရဲလား ?"

 

ချူရှင်းယွဲ့သည် ချူရွှယ်ချီကိုလှည့်ကြည့်လိုက်သည်။

 

ချူရွှယ်ချီလည်း လုံးဝအံသြသွားသည်။ ချူရှင်းယွဲ့သည် ထိုမျှအထိသွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

 

ယခုအခါ  ဝူထျန်သည် ချူရွှယ်ချီအားအဆိပ်ရှိသော မြွေတစ်ကောင်ပမာ စိုက်ကြည့်နေခဲ့သည်။ အကြောင်းမှာ ချူရှင်းယွဲ့၏စကားများသည် သူ(မ) အပြစ်ကင်းကြောင်း သေချာစွာသက်သေပြပြီး၍ဖြစ်သည်။

 

"မင်း ရူးသွားပြီ! တကယ့် ရူးသွားပြီ! မင်း ဘာတွေပြောနေတာလဲဆိုတာရော သိရဲ့လား? ငါတို့ မင်းကို အဲ့လိုမျိုး အရှက်ရမဲ့ကိစ္စကို ခွင့် မပြုနိုင်ဘူး။" မစ္စတာချူ ထိန်လန့်သွားသည်။

 

မစ္စချူသည် "သမီးကြီး... နင် ဘယ်လိုတောင် ပြောရဲရတာလဲ၊ နင်... နင် ဒီကိစ္စကို အေးဆေး..."

 

၎င်းတို့သည် ကာကွယ်ဖို့သာ ရွေးချယ်ရမည်ဆိုပါက ချူရွှယ်ချီကိုသာ တုံ့ဆိုင်းခြင်းမရှိရွေးလိမ့်မည်။ ထို့ကြောင့်လည်း ချူရှင်းယွဲ့ သူတို့အပေါ် စိတ်ကုန်သွားခြင်းဖြစ် သည်။

 

၎င်းတို့၏အမူအရာများသည် ပိုရွံရှာဖို့ကောင်းလာသဖြင့် သူ(မ) ဒေါသကို မထိန်းနိုင်တော့ချေ။

 

"ရှင်တို့မျက်လုံးထဲမှာ ကျွန်မက အရမ်းစက်ဆုပ်ရွံရှာဖို့ ကောင်းနေတာလား ? ဒီအချိန်ကစပြီး ကျွန်မ ရှင်တို့သုံးယောက်နဲ့ အဆက်အသွယ်ဖြတ်တော့မယ်လို့ ကြေငြာတယ်၊ အခုကစပြီး ကျွန်မက ချူမိသားစု၀င်မဟုတ်တော့ဘူး၊ ရှင်တို့နဲ့ ကျွန်မကြားမှာ ဘာဆက်နွယ်မှုမှမရှိတော့ဘူး!"