Chapter 25
ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုအရာသည် ဗုံးတစ်လုံးပြီးတိုင်း ဗုံးတစ်လုံးကျဲလိုက်သလိုပင်။ သူ(မ)သည် စေ့စပ်ပွဲဖျက်သိမ်းခဲ့သလို ချူမိသားစုမှလည်းထွက်ခွာခဲ့သည်။
ထိုသည်မှာ အရာအားလုံးစွန့်လွှတ်လိုက်ခြင်းပင်။
တရားမ၀င်ကလေးများသည် မျိုးရိုးမြင့်အသိုင်းအဝိုင်း
သို့၀င်ရောက်ရန် တိုက်ခိုက်ကြိုးပမ်းကြသည်ကို သူတို့ကြားဖူးသော်လည်း ဤမိန်းကလေးသည်တော့ သူ(မ) လက် သူ(မ)ခြေဖြင့် စွန့်လွှတ်ခဲ့သည်။
ဒီလိုစကားမျိုးပြောနိုင်ဖို့ ဘယ်လောက်အထိ စိတ်ပိုင်း
ဖြတ်ထားနိုင်ရမလဲ ?
သို့သော် ချူမိသားစု၏လုပ်ရပ်များကိုကြည့်ပါက ချူရှင်းယွဲ့သာ
မစွန့်လွှတ်ပါက သူ(မ)မည်မျှအသုံးချခံရဦးမည်ကို ဘယ်သူ သိနိုင်မည်နည်း။
"မင်း... မင်း... မင်း... တော်တော် ဇောင်းကြွနေတယ်ပေါ့
ဟမ်!"
မစ္စတာချူ ပြောစရာစကားများ မရှိတော့ကာကျိန်ဆဲရုံသာတက်နိုင်သည်။
မစ္စချူက "ချူရှင်းယွဲ့! ဒါက ငါတို့ မင်းကိုမွေးပြီးပြုစုပျိုးထောင်ပေးတဲ့
ကျေးဇူးဆပ်လိုက်တာလား!"
"ရှင်တို့ ကျွန်မကိုမွေးခဲ့တယ်၊ ဒါပေမယ့်
မပျိုးထောင်ခဲ့ဘူး၊ ကျွန်မသာ ရွေးချယ်ခွင့်ရမယ်ဆိုရင် ကျွန်မ မမွေးဖွားလာချင်ဘူး၊ ချူရွှယ်ချီကို ကျွေးဖို့ ကျွန်မရဲ့အရိုးတွေကို
တစ်စဆီချိုးနေတာထက် မမွေးဖွားလာဖို့ကိုရွေးချင်တယ်"
ချူလင်မယားနှစ်ယောက်သည် ချူရှင်းယွဲ့ကိုစိုက်ကြည့်ရင်း
သူတို့ မျက်လုံးများသည် အပြင်သို့ ထွက်လုနီးပါးပြူးကျယ်နေသည်
"ကျဲ... ကျေးဇူးပြုပြီးရပ်ပါတော့၊ ကျဲ စိတ်ဆိုးရင်တောင်
ဒီလိုစကားမျိုးမပြောသင့်ဘူး၊ ဒါ ညီမတို့မိဘတွေရဲ့နှလုံး သားကို နာကျင်စေတယ်ဆိုတာ ကျဲ
မသိဘူးလား ?"
ချူရွှယ်ချီသည် ရုတ်တရက်ရှေ့သို့ပြေးလာကာ ချူရှင်းယွဲ့၏လက်ကောက်ဝတ်ကို
တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ သူ(မ) ဆုတ်ကိုင်ထားသော ခွန်အားသည် အလွန်များသောကြောင့်
ချူရှင်းယွဲ့မျက်မှောင်ကြုတ်သွားသည်။
"ကျဲ ဝူထျန်ကို လက်မထပ်ချင်ရင် မထပ်ပါနဲ့၊
ကျဲတို့နှစ်ယောက်လမ်းခွဲလို့ရတာပဲ၊ ဇာတ်လမ်း ဆင်စရာမလိုပါဘူး"
ချူရွှယ်ချီသည် ၎င်းကိုစေ့စေ့ကြည့်လိုက်ကာ သူ(မ)၏ မျက်နှာသည် သေလူကဲ့သို့ ဖြူဖျော့နေပြီး သူ(မ)ဘ၀
နှင့် ရင်းပြီးတောင်းဆိုလိုက်သလို အသံများထဲငိုရှိုက်သံများရောနှောနေသည်။
"အရင်ကိစ္စတွေက ညီမမှားတာပါ၊ အကြောင်းအမျိုးမျိုးကြောင့်
ကျဲရဲ့နေရာကို ကျွန်မ ယူမိခဲ့လို့ ဒီတစ်ခါ ညီမကို လွှဲချနေတာသိပေမဲ့ ကျဲကို ညီမအပြစ်မတင်ပါဘူး၊
ကျဲ ချောင်ကောကို ကြိုက်မှန်း ညီမ သိတယ်၊ ကျဲ စေ့စပ်ပွဲမဖျက်ချင်လို့ ညီမကိုလက်စားချေချင်တာ
ညီမသိပါတယ်၊ ဒါပေမယ့် အဆင်ပြေပါတယ်၊ ညီမလေး စိတ်ထဲ မထားပါဘူး၊ အိမ်ပဲ ပြန်ကြရအောင်နော်
ကျဲ၊ အိမ်ရောက်မှစကားပြောလို့ရတာပဲ"
[တကယ်တော့ ကိုယ့်အစ်မကို အချိန်အကြာကြီးအနိုင်
ကျင့်နိုင်တဲ့သူတစ်ယောက်မှာ ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်ဆိုတာ သေချာပေါက်ပဲ၊ သူ(မ)
ဒီလိုအခြေအနေမျိုးမှာတောင် ထွက်ပေါက်ရှာရဲသေးတယ်၊ ချူရှင်းယွဲ့ကို သူ(မ)ကြောင့်နဲ့ စိတ်ပြောင်းမယ်ဆိုပြီးထင်နေတာလား၊ အရင်တုန်းက ချူရှင်းယွဲ့
ဒါကြောင့်ပဲ သူတို့ဆီကအကြိမ် ကြိမ် အခွင့်ကောင်းယူခံရပေမဲ့ သည်းခံနေခဲ့တာ]
"ချူရွှယ်ချီ နင် လူစကားနားမလည်ဘူးလား"
ချူရှင်းယွဲ့သည် အေးစက်စွာပြောပြီး ချူရွှယ်ချီ၏လက်ကို
ခါထုတ်လိုက်သည်။
"ငါ သက်သေပြဖို့ ရွေးပြီးပြီ၊ နင်ရော ဘယ်လိုလဲ"
ချူရွှယ်ချီ၏မျက်နှာသည် အလွန်တုန့်ရှုံ့သွားကာ
သူမ ၏မျက်လုံးများတွင် ရူးသွပ်မှုများတစ်ဖျပ်ဖျပ်လက်နေ သည်။
"ကျဲက ချူမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့
ဘယ်လို သက်သေပြနိုင်မှာလဲ၊ ကျဲ ညီမတို့မိဘတွေကိုသေလောက်အောင် ဒေါသထွက်စေချင်နေတာလား၊
ဒါမှမဟုတ် ကျဲ ညီမကို ဒီနည်းလမ်းနဲ့ အရှက်ခွဲဖို့ ကြိုးစားနေတာလား၊ ညီမနဲ့ ဘာမှမဆိုင်ဘူးလို့ပြောပြီးပြီလေ၊
ညီမ သူ့ကို သိတောင် မသိဘူး၊ ကျဲ အခုလိုမျိုး ညီမကိုတွန်း အားပေးနေရင် ညီမကိုယ် ညီမသတ်သေပြစ်လိုက်မယ်!"
ထို့နောက် ချူရွှယ်ချီသည် မမျှော်လင့်စွာ အနီးနားရှိ
ဘူဖေးစားပွဲဆီသို့အပြေးအလွှားသွားပြီး ဂဏန်းအခွံညှပ်သည့် ကတ်ကြေးကိုကောက်ကိုင်လိုက်သည်။
သူ(မ) လည်ချောင်းများကြားတွင် တင်းတင်းကြပ်ကြပ်ဆုပ်
ကိုင်ထားပြီးငိုယိုလာကာ ကျယ်လောင်စွာအော်လိုက်သည်။
"ညီမ သေမယ်ဆိုရင် ညီမ အပြစ်ကင်းတာကိုသက်သေ
ပြဖို့ လုံလောက်တယ်မလား"
ထိုမြင်ကွင်းသည် လူတိုင်းကိုထိတ်လန့်စေသည်။
ချူစုံတွဲသည်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ(မ)ကို
ရပ်ရန်အော်ဟစ်လိုက်သည်။
"ဒါက နင့်အပြစ်ပဲ၊ အခု နင်လုပ်တဲ့အကျိုးဆက်ကို
ကြည့်စမ်း! နင့်ညီမကိုတောင် သေစေတော့မယ်"
မစ္စချူသည် ချူရှင်းယွဲ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာပြောလိုက်သည်။
မစ္စတာချူသည်လည်း ချူရှင်းယွဲ့ကို ဒေါသတကြီးလှည့်ကြည့်ကာ
"မင်းကျေနပ်ပြီလား… ဒါ မင်းလိုချင်တဲ့ ရလဒ်မလား ? မင်းညီမကို အမြန်တောင်းပန်လိုက်စမ်း!
မင်း ဝူထျန်နဲ့ နေခဲ့တာကို ဘာလို့ဝန်မခံသေးတာလဲ၊ မင်းညီမသေတာကို တကယ်ကြည့်ချင်နေတာလား"
ချူရှင်းယွဲ့ ချူရွှယ်ချီအား ခံစားချက်မဲ့စွာကြည့်ကာ
သူ(မ) ငိုရမလို ရယ်ရမလိုဖြစ်သွားသည်။
အမြဲတမ်း ဒီလိုပဲ။ ချူရွှယ်ချီ ငိုနေသရွေ့ပြဿနာတွေအားလုံးက
သူ(မ)အပေါ်ပဲပုံကျလာလိမ့်မယ်။ သူ(မ) ကသာ မကောင်းတဲ့သူကြီး၊ သူ(မ)ကသာ အမှားလုပ်ထားသူ
ဖြစ်လိမ့်မည်။
သူမဘာလို့ ဒီကိစ္စတွေအားလုံးကို သည်းခံနေရမှာလဲ
? သူ(မ) ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူးလား ?
ဤအခိုက်အတန့်တွင် ချူရှင်းယွဲ့သည် အမှန်တကယ် မွန်းကြပ်နေမိသည်။
သူ(မ) စကားတစ်ခွန်းမှ မပြောချင်လောက်အောင် မွန်းကြပ်လှသည်။
လူတိုင်းသည် ညီမဖြစ်သူ၏အပြုအမူကြောင့်လည်း သူ(မ)
အံ့အားသင့်သွားသည်ဟုထင်ကြသည်။
လူအုပ်ကြီးသည် ရုန်းရင်းဆန်ခတ် အနောက်ဆုတ်လိုက်ကြသည်။
ချင်မိသားစု၏မျက်နှာသည်လည်း မဟန်ချေ။ သို့သော်
နောက်တစက္ကန့်တွင် သူတို့၏အမူအရာများသည် ထိတ် လန့်ခြင်းအဖြစ်သို့ပြောင်းသွားသည်ာ
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်တွင် ချူရွှယ်ချီ၏နောက်တွင်
လူတစ်ယောက်ပေါ်လာသည်။ ထိုစဉ် ဗန်းတစ်ချက်သည် ဘယ်မှညာသို့လွဲရမ်းသွားပြီး ကျယ်လောင်သောအသံထွက်ပေါ်လာသည်။
ချူရွှယ်ချီ၏ ခေါင်းသည် ပြင်းထန်စွာအရိုက်ခံလိုက်ရခြင်းဖြစ်သည်။
သူ(မ)သည် တုန်ယင်စွာလဲကျသွားကာ သူ(မ) လက်ထဲမှကတ်ကြေးများ လွင့်ထွက်သွားသည်။
ချူရွှယ်ချီနောက်မှရုတ်ချည်းပေါ်လာသော အမျိုးသမီးကို
လူတိုင်းကြောင်ကြည့်နေကြသည်။
ချင်မိသားစု - ကျီဖေး ဘယ်တုန်းက အဲ့ကိုရောက်သွားတာလဲ!?
ကျီဖေးသည် ပြင်းထန်စွာတုန်ခါနေသောဗန်းကို ချလိုက်ပြီး
[ငါ သူ့အကြံကိုကြိုသိတာပဲ ကျေးဇူးတင်ရမယ်၊
သူ သတ်သေဖို့ကြံပြီး အားလုံးရှောင်လွှဲဖို့ကြိုးစားနေတာပဲ၊ အိပ်မက်မက်နေလိုက်!
ဒီလိုအခွင့်အရေးမျိုးက ရှားလွန်းတာကို ငါက လွယ်လွယ်နဲ့ပြီးခွင့်ပြုရမှာလား ?]
ဤအခြေအနေတွင် ချူရွှယ်ချီသာ အနည်းငယ်ထိခိုက်မိပါက
အပြစ်တင်ခံရမည့်လူသည် ချူရှင်းယွဲ့သာဖြစ်မည်။ ဤကိစ္စအတွက် ချူရှင်းယွဲ့ တစ်သက်လုံးကဲ့ရဲ့ခံရမည်ဖြစ်သည်။
အပြင်လူများသည် သူ(မ)မှာ ညီမဖြစ်သူအားသတ်သေရန် တွန်းအားပေးသည်ဟု ကောလဟာလများဖြန့်ကြလိမ့်မည်။
ချင်မိသားစု၏အမူအရာများလည်း ခက်ထန်သွားသည်။ ဤသည်မှာ
သူတို့မိသားစု၏ပွဲဖြစ်သောကြောင့် ရှင်းလို့နိုင်မည်မဟုတ်ချေ။ ကံကောင်းထောက်မစွာ ဤနေရာတွင်
ကျီဖေးရှိနေသေးသည်။
ချင်ရှန့်၏မျက်နှာသည် မည်းမှောင်သွားသည်။ သူသည်
လက်ကို ဝှေ့ရမ်းလိုက်ချိန် ချငိမိသားစု၏သက်တော် စောင့်များလည်းပြေးဝင်လာသည်။ မည်သူမှ
မတုံ့ပြန်မီတွင် မြေပြင်ပေါ်တွင်လဲကျနေသော ချူရွှယ်ချီကို ချုပ်နှောင်ထားလိုက်သည်။
"မင်း ဘာလုပ်တာလဲ!" ချူလင်မယားနှစ်ယောက်ထိတ်
လန့်သွားသည်။
ချင်ရှန့်လည်း အေးစက်စွာပြန်ပြောသည်။
"ခင်ဗျားတို့ သမီးငယ်ကသတ်သေချင်နေတာ၊ ဒါ
စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်တာကို ပြနေတာပဲ၊ သူဘေးကင်းဖိုလုပ်ရတာပဲ၊ ခင်ဗျားတို့ ချင်မိသားစုကနေ
မထွက်သွားမချင်း တခြားဧည့်သည်တွေကိုလည်း မတော်တဆထိ ခိုက်မှုမရှိအောင် ကျွန်တော်တို့ဘက်က
တားဆီးဖို့တာဝန် ရှိတယ်"
ကျန်သူများသည် အဆုံးတွင် သက်ပြင်းချနိုင်တော့
သည်။ ၎င်းတို့သည် ကျီဖေး၏လျင်မြန်သော တုန့်ပြန်မှုနှင့် ချင်ရှန့်၏ပြတ်သားသော လုပ်ရက်ကိုချီးကျူးကြတော့သည်။
သူတို့က ဖရဲသီးစားဖို့ပဲ ဒီမှာရှိနေတာလေ၊ သွေးထွက်သံယိုမြင်ကွင်း ကြည့်ဖို့မှမဟုတ်တာ…
စာအုပ်တစ်အုပ်ကို အဖုံးနှင့်ဆုံးဖြတ်မရဘူးဆိုသလိုပင်
လူများကိုလည်း အပေါ်ယံသာကြည့်ပြီး ဆုံးဖြတ်မရချေ။ ချူရွှယ်ချီ ခေါင်းမကောင်းသည်မှာ
ထင်ရှားသည်။
ချူလင်မယားသည် သူတို့သမီးငယ်လေးမှာ စိတ်ဝေဒနာရှင်တစ်ယောက်လို
ဆက်ဆံခံရသောကြောင့် မျက်နှာ ပျက်နေကြသည်။
"ငါတို့အားလုံးက မိသားစုတွေ..."
"ချူရှင်းယွဲ့နဲ့ ကျွန်တော့်ညီရဲ့စေ့စပ်ပွဲက
ပြတ်သွားပြီ၊ ကျွန်တော်တို့ မိသားစုနှစ်စုက တစ်စုတည်းမဟုတ်တော့ဘူး"
ချင်ရှန့်သည် ချူရွှယ်ချီနှင့် ချင်ကျောက်တို့၏စေ့စပ်ပွဲကိုတမင်မပြောပဲချန်ထားလိုက်ကာ
ချင်မိသားစု၏ သဘောထားကိုဖော်ပြလိုက်သည်။
ချူလင်မယား လဲကျလုနီးပါးပင်။
ချူရွှယ်ချီသည် ယခုပြဿနာများနှင့် ပတ်သက်ဆက် နွယ်နေသော်လည်း
သူတို့၀န်ခံရန် အပြင်းအထန် ငြင်းနေခြင်းမှာ ရွှေသမက်လေး ချင်ကျောက်ကို ဆုံးရှုံးရမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။
သို့သော် ယခုအခြေအနေသည် အဖက်စပ်လို့မရတော့ချေ။
"ချောင်ကော! ချောင်ကော! ညီမကို ကယ်ပါဦး!"
ချူရွှယ်ချီသည် သတိပြန်၀င်လာကာ နာကျင်မှုများကို
အံ့တုရင်း အကူအညီမဲ့စွာ ရုန်းကန်လျက်အော်ဟစ်လိုက်သည်။
သို့သော် ချင်ကျောက်သည် သူ(မ)ကို မကြည့်ခဲ့ပဲ
သူဘေးနားတွင် ရပ်နေသည့် ချူရှင်းယွဲ့ကိုသာကြည့်နေ သည်။
အဘယ်ကြောင့်ဆိုသော် ချူရှင်းယွဲ့၏ထူးထူးခြားခြား
အပြုအမူကြောင့်ပင်။ သူ(မ)သည် ခြေရင်းနားသို့ ပြုတ်ကျလာသည့် ကတ်ကြေးတွေကိုသာ မလှုပ်မယှက်စိုက်ကြည့်နေပြီး
ပတ်၀န်းကျင်တစ်ခုလုံးသည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်ထားသည်။
ဝူထျန်သည် ပြေးလာပြီး ချူရွှယ်ချီ၏မေးစေ့ကို ဆွဲမော့ကာ
"မင်းက ငါနဲ့ အိပ်ခဲ့တဲ့သူမလား ?"
"ငါ့ သမီးကိုလွှတ်စမ်း!"
မစ္စတာချူသည် ဒေါသတကြီးနှင့် ဝူထျန်ကို တွန်းထုတ်လိုက်ပြီး
"ဝူမိသားစု! မင်းတို့သခင်လေးကို မထိန်းတော့ဘူးလား"
"ဟားဟား ငါတို့ ဝူထျန်က ဘယ်လောက်ဆိုးနေပါစေ၊
တခြားသူတွေကို လှည့်ဖြားဖို့အတွက် ဟန်ဆောင်မှာ မဟုတ်ဘူး၊ ပြီးတော့ သေကြောင်းကြံဖို့လည်း
ကြိုးစားမှာမဟုတ်ဘူး၊ ဒါကြောင့် သူ့ကို ထိန်းချုပ်ဖို့ဆိုတာ မလိုဘူး၊ တကယ်က မင်းတို့အိမ်က
သမီးကို ထိန်းသင့်တာ ချူမိသားစုရဲ့"
ချူလင်မယားနှစ်ယောက်၏မျက်နှာများ ချက်ချင်း နီရဲသွားသည်။
ဝူထျန် ရယ်မောကာ "ငါ၊ ဝူထျန်က အဲ့လိုငတုံးဇာတ်မျိုးကိုကစားမှာမဟုတ်ဘူး၊
မင်း ဝန်မခံသေးဘူးပေါ့ ဟုတ် လား ?! ငါ့မှာ ဒီထက်ပိုဆိုးတဲ့ ဓာတ်ပုံတွေရှိတယ်၊ ငါအခု
အားလုံးကို ဒီကနေပြမယ်၊ မင်းတို့နှစ်ယောက်က အမွှာပေမဲ့ အားလုံးထပ်တူကျမယ်လို့ ငါ မယုံဘူး!"
ထိုစကားသည် လူတိုင်းကိုထိတ်လန့်စေခဲ့သည်။ အဲ့လိုမျိုးဓာတ်ပုံတွေတောင်
ပြတော့မှာလား ? တရားခံမှာမည် သို့ ငြိမ်ငြိမ်နေနိုင်တော့မည်နည်း။
ဝူထျန် သူ့ဖုန်းကိုထုတ်ခါနီးတွင် ချူရွှယ်ချီသည်
သည်းမခံနိုင်တော့ပဲ အော်ဟစ်လာသည်။
"ရှင်လိမ်နေတာ၊ ရှင် ဘယ်တုန်းကမှ မရိုက်..."
ချူရှင်းယွဲ့သည် ခံစားချက်မရှိစွာ အေးစက်စက်ရပ်ကြည့်လို့နေသည်။
ထိုအချိန် လူတိုင်း၏အကြည့်စူးများသည် ချူရွှယ်ချီသို့
မြှားဦးလှည့်သွားသည်။
ချူရွှယ်ချီသည် သူ(မ) ပြောမိသမျှကို သဘောပေါက်သွားသဖြင့်
မျက်နှာပျက်သွားသည်။
ချူလင်မယား နှစ်ယောက်၏မျက်နှာများသည်လည်း ပြာနှမ်းသွားသည်။
"ဟုတ်တယ်၊ ငါ့မှာ မရှိဘူး၊ ငါ မင်းကိုလိမ်နေတာလေ၊
အခု မင်း ဘယ်လိုငြင်းမလဲဆိုတာ ကြည့်ရအောင်"
ဝူထျန် လူယုတ်မာတစ်ယောက်လိုပြုံးပြီးနောက် ချူရှင်းယွဲ့ဘက်သို့
လှည့်ကာ "အရင်က ကိစ္စတွေအတွက် တောင်းပန်ပါတယ်၊ ငါ မင်းညီမရဲ့ လှည့်ကွက်ထဲပါသွားလို့
မင်းကို ဒုက္ခပေးမိခဲ့ပြီ၊ အရင်က မင်းရဲ့လိမ်ညာတတ်တဲ့ညီမရဲ့ လှည့်စားခံခဲ့ရတာကြောင့်
မင်းကို ဒုက္ခပေးခဲ့ရတာပါ။ ငါ တကယ်တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းငါ့ကိုအပြစ်တင်လို့တော့မရဘူး၊
မင်းတို့ နှစ်ယောက်က တော်တော်လေးတူနေတာကို"
ချူရှင်းယွဲ့၏နှုတ်ခမ်းများ အနည်းငယ်လှုပ်ခတ်သွားသော်လည်း
သူ(မ) မတုံ့ပြန်ခဲ့ချေ။ သူ(မ) နာမည်ကို ရှင်းလင်းနိုင်ခဲ့သော်လည်း မပျော်ချေ။
[ချူရှင်းယွဲ့... စိတ်ဓာတ်ကျနေတဲ့ပုံပဲ၊ သူ(မ)စိတ်ဒဏ်ရာရသွားတာနဲ့တူတယ်]
ချင်ကျောက် ထိတ်လန့်သွားသည်။ စိတ်ဓာတ်ကျတာလား
? ချူရှင်းယွဲ့သည် ချူမိသားစုကြောင့် စိတ်ဓာတ် ကျသည်အထိ အဖယ်ကျဉ်းခံထားခဲ့ရတာလား…
"အဲဒါ ကျွန်မ မဟုတ်ဘူး၊ ကျွန်မ မဟုတ်ဘူး!"
ချူရွှယ်ချီသည် ထိတ်လန့်တကြား အော်ဟစ်လာသည်
"ချောင်ကော အဲ့ဟာမကို မကြည့်နဲ့၊ ညီမကိုပဲကြည့် ဒီကိုပဲကြည့်! ညီမ မှားသွားပါတယ်၊
ညီမ ကောကို သစ္စာမဖောက်ခဲ့ပါဘူး"
"ပါး၊ မား၊ သမီးအတွက် သက်သေပြလိုက်လေ၊ အဲ့တာက
ကျဲဆိုတာ သက်သေပြလိုက်လေ"
ချူလင်မယားသည် ဘက်လိုက်သော်လည်း ယခုအခြေ အနေသည်
သူတို့ကာကွယ်နိုင်သည်ထက်ကျော်လွန်နေပြီဖြစ်သည်။
သို့သော် ချူရွှယ်ချီသည်တော့ အဖြစ်မှန်များကိုလက်ခံရန်ငြင်းဆိုခဲ့သည်။
သူ(မ)နာမည်သည် လုံးလုံးလျားလျားပျက်စီးသွားပြီဖြစ်သည်။
အဆုံးတွင် သူ(မ)သည် ချူရှင်းယွဲ့အားကြည့်ကာ သူ(မ)
ရုပ်အစစ်ကိုထုတ်ဖော်ပြလာသည်။
"ချူရှင်းယွဲ့! နင် မြန်မြန်ဝန်ခံလိုက်လေ!
အဲ့တာက နင်လေ! နင့်ဆီက ငါ ယူခဲ့တဲ့အရာတိုင်းကို နင် အမြဲလက်ခံနေကျမဟုတ်လား"
ချူရှင်းယွဲ့ ချူရွှယ်ချီကိုကြည့်ကာ "ဘာလို့
ငါ လုပ်ရမှာလဲ ?"
"ဘာလို့လဲ ဟုတ်လား! နင့်ကြောင့် ငါ အမြဲတမ်းအား
နည်းပြီး ဖျားနေရတာလေ၊ ငါ ငယ်ငယ်ကတည်းကဆေး ရုံခန်းထဲမှာ နေခဲ့ရတာ၊ ငါလုပ်ရတာဆိုလို့
ဆေးသောက်တယ်၊ ခွဲစိတ်မှုလုပ်တယ်! သေခြင်းတရားတွေကို နေ့ရက်တိုင်းရုန်းကန်ခဲ့ရတာ! အဲ့တာ
နင့်အပြစ်မဟုတ်လို့ ဘယ်သူ့အပြစ်လဲ၊ ငါသာ ကျန်းမာရေးကောင်းရင် နင်ထက်ပိုအသက်ရှင်နိုင်တယ်!
အခု ငါ ဒီလိုဖြစ်နေတာအကုန် နင်ပြန်ပေးဆပ်ရမယ်၊ နင်က ငါ့ခြေထောက်အောက်မှာ အမြဲ တမ်းနေပြီး
ငါ့ကိုခစားနေရမှာ!"
သူ(မ)စကားကြောင့် ရောက်ရှိလာသူအားလုံးတိတ်ဆိတ်သွားသည်။
သူတို့ ချူရှင်းယွဲ့အား စာနာစွာဖြင့်ကြည့်ပြီး
ချူရွှယ်ချီအပေါ် ရွံရှာသောအကြည့်များပစ်လွှတ်လိုက်သည်။
သူတို့၏အကြည့်သည် မစ္စတာချူနှင့် မစ္စချူထံတွင်
အဆုံးသတ်သွားသည်။ မစ္စချူစောစောက ချူရှင်းယွဲ့ကို ပြောခဲ့တဲ့စကားတွေက သူ(မ)ကို နောက်ပြန်ဆုတ်သွားအောင်
ဆွဲဆောင်ဖို့ပြောတယ်ပဲထင်ခဲ့တာ...
ချူရွှယ်ချီလည်း ထိုနည်းသော အဓိပ္ပါယ်မဲ့သည့်
အတွေးများရှိလိမ့်မည်ဟု မျှော်လင့်ထားချေ။
ထိုအရာ၏ ရင်းမြစ်သည် ချူလင်မယားသည် နာမကျန်းဖြစ်နေသော
ကလေးမလေး၏ အိပ်ယာဘေးတွင် မရည်ရွယ်လိုက်ပဲ ညည်းညူမိသောကြောင့်ဖြစ်သည်။ သူ(မ)၏ အမွှာအစ်မသည် သူ(မ)၏ အာဟာရဓာတ်များကိုပါ စုပ်ယူသွားသည်ဟု ပြောမိခဲ့သည်။
သူတို့သည် အပြစ်မဲ့ကလေးငယ်တစ်ဦးအပေါ် သူတို့ ကံကြမ္မာဆိုးများအား အပြစ်တင်ခဲ့ပြီး ဖျားနာနေသည့်
ကလေးသည်လည်း သူ၏ နာကျင်ခြင်းများ၏အစမှာ အစ်မဖြစ်သူကြောင့်ဟု တွေးခဲ့သည်။
ဆိုရိုးစကားအတိုင်း မိဘတွေသာ မဆုံးမတက်ပါပ သားသမီးတွေလည်း
ပြေလည်မှာမဟုတ်ချေ။
မစ္စတာနှင့် မစ္စချူတို့သည်လည်း ချူရွှယ်ချီကို
ထိတ်လန့်စွာ ကြည့်နေကြသည်။
သူတို့၏နှလုံးသားထဲတွင် ချူရွှယ်ချီသည် အမြဲတမ်း ဖြူစင်ပြီး ချစ်စဖွယ်ကောင်းသည်ဟုထင်ခဲ့သည်။ သူ(မ) ကလေးဘဝကတည်းက အမှားလုပ်မိရင်တောင် သူ(မ)ရောဂါကြောင့်နဲ့
ပတ်၀န်းကျင်ကြောင့်ဟု တွေးထင်ကာ သူ(မ)အပေါ်
အပြစ်မတင်တက်ချေ။
သို့သော် ချူရွှယ်ချီ၏ ရုတ်တရက်ပေါက်ကွဲသံများသည်
သူ(မ)စိတ်ထဲရှိ မကောင်းသည့်ဘက်အခြမ်းကို ထုတ်ဖော်လိုက်သဖြင့် မစ္စတာချူးနှင့် မစ္စချူးတို့၏ ထင်ယောင်ထင်မှား အတွေးများကိုလည်း တစ်ခါတည်း ဖြိုခွဲသွားသည်။
"ဟက်၊ နင် အရင်တုန်းက ငါ့ကို အဲ့လိုတွေပြောခဲ့တာ
အံ့ဩစရာမရှိဘူး၊ နင်က ငါ့ဘက်မှာ ရှိနေသလိုထင်ရပေမဲ့ တကယ်က မီးထဲလောင်စာထည့်နေတာပဲ၊
ငါ့ ဂုဏ် သိက္ခာတွေကို ဖျက်ဆီးဖို့၊ ငါ့ကို အပြစ်လွှဲချဖို့၊ ငါ့ကို နာ ကျင်အောင်လုပ်ဖို့အတွက်
အလိမ်အညာတွေဖန်တီးခဲ့တာကို၊ နင် ငါ့ကိုမုန်းလို့ နင့်ရဲ့ကံဆိုးမှုတွေအားလုံးကို ငါ့အပေါ်
လာပုံချနေတာပဲ" ချူရှင်းယွဲ့ ညည်းညူလိုက်သည်။
ချူရွှယ်ချီသည် သူ(မ) မိဘများ၏ချစ်ခြင်းမေတ္တာကို
လုယူရုံသာမက သူ(မ)ကိုမုန်းတီးနေသဖြင့်ဖျက်စီးပစ်ချင်တာပင်။
သူ(မ)သည် ချင်ကျောက်အား လုံးဝမချစ်သော်လည်း ချူရှင်းယွဲ့
နှစ်သက်သောလူဖြစ်သောကြောင့် လုယူချင်တာဖြစ်သည်။
ချူရွှယ်ချီ၏မျက်နှာအရောင်သည် ဖြူဖျော့နေကာ ကြောက်ရွံ့တုန်လှုပ်သော်လည်း
နောက်ဆုတ်ရန်ငြင်း ဆန်ဆဲဖြစ်သည်။
"ဒါ နင့်ကြောင့်ပဲ! နင်က ငါနဲ့မျက်နှာတူနေလို့ဖြစ်တာ၊
ဒါကြောင့် နင် ငါ့အပေါ် တင်ထားတဲ့ အကြွေးတင်တွေကို ဆပ်ရတာပိုလွယ်သွားတာပေါ့!"
ချူရွှယ်ချီသည် သူ(မ)နှင့် တူညီသောမျက်နှာကိုစိုက်ကြည့်ရင်း
"နင် အခုလက်မခံရင်တောင် ကိစ္စမရှိပါဘူး၊ အနာဂတ်မှာ အခွင့်အလမ်းတွေရှိလာလိမ့်မယ်၊
နင်ဘယ် တော့မှ လွတ်မြောက်မှာ မဟုတ်..."
[အရူး!]
ကျီဖေး၏အတွေးများသည် လူတိုင်း၏အတွေးနှင့်ထပ် တူညီစွာပင်။
ချူမိသားစုက ဒီလိုမိန်းကလေးမျိုးကို ဘယ်လိုပျိုး
ထောင်လိုက်လဲဆိုတာ သူတို့ အံ့ဩလို့မဆုံးပေ။
ခဏအကြာ ချူရှင်းယွဲ့သည် တုန်လှုပ်နေသည့်အသံဖြင့်
"ဟင့်အင်း၊ နင် ငါ့လိုထပ်ပြီး အယောင်ဆောင်လို့ရမှာ မဟုတ်ဘူး"
သူ(မ)သည် ထိုအရာအပေါ် စိတ်ဒဏ်ရာရသွားသလိုပင်။
ချူရှင်းယွဲ့သည် မြေကြီးပေါ်မှကတ်ကြေးကို ရုတ်တရက်
ကောက်ကိုင်လိုက်ပြီး ကိုယ့်မျက်နှာကိုယ် ခြစ်ချတော့မည်ဖြစ်သည်။
လူတိုင်းသည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ထိုကတ်ကြေးအား ပိတ်ဆို့ရန် လက်တစ်စုံသည် လျှင်မြန်စွာရောက်ရှိသွားသည်။
ချင်ကျောက်သည် ချူရှင်းယွဲ့အားတားနိုင်လိုက်သည်ကို
လူတိုင်းကြည့်နေကြသည်။ သူ့ကြောင့်သာ မဟုတ်ပါက ချူရှင်းယွဲ့၏မျက်နှာပေါ် အနည်းဆုံးအမာရွတ်တစ်ခုရှိနေပေလိမ့်မည်။
ချင်ကျောက် လျင်မြန်ခြင်းမဟုတ်ချေ။ သူ ချူရှင်းယွဲ့လှုပ်ရှားသည်ကိုမြင်သောအခါ
ကျီဖေး၏အတွေးများကိုကြားလိုက်သောကြောင့်ဖြစ်သည်။
ချူရှင်းယွဲ့သည် ကတ်ကြေးရပ်တန့်သွားဖို့ မမျှော်လင့်ထားချေ။
ကတ်ကြေးကို ဆုတ်ကိုင်ထားသော ချင်ကျောက်၏ လက်ဖ၀ါးသည် သွေးများထွက်နေသည်ကို သူ(မ)မြင်လိုက်သည်။
ချူရှင်းယွဲ့ အေးစက်စွာဖြင့် "လွှတ်လိုက်!
ကျွန်မ သူ့အမှိုက်တွေ လိုက်မရှင်းနိုင်တော့ဘူး၊ သူ ကျွန်မ ပိုင်တဲ့အရာတွေကိုခိုးလို့
အပြစ်မတင်ချင်တော့ဘူး၊ ဒီလောက်နဲ့ပဲ လုံလောက်ပြီ! ကျွန်မနဲ့ သူ့ကို ကွဲကွဲပြားပြားဖြစ်သွားချင်တယ်"