Chapter 26
[အမလေး မြတ်စွာဘုရား၊ မေ့မေ့ ! နင် ကိုယ့်ကိုကိုယ်မဟုတ်ဘဲ
အဲ့ပြဿနာကောင်ရဲ့မျက်နှာကို ဖျက်စီးလိုက်သင့်တာ!"]
ကျီဖေး စိတ်အားထက်သန်စွာအော်ပြောလိုက်သည်။ ချင်မိသားစုအဖို့
ထိခိုက်သူမှာ ချူရှင်းယွဲ့ကိုယ်တိုင်မဟုတ်ဘဲ ထိခိုက်နစ်နာ စေခဲ့သူဖြစ်သည်ဟု မတွေးတောမိဘဲမနေနိုင်ပေ။
သို့သော်ချူရှင်းယွဲ့သည် တစ်စုံတစ်ဦးအား အမှန်တကယ်ထိခိုက်နစ်နာစေရန်ခွင့်မပြုနိုင်ပေ။
ဖြူစင်ပြီးကြင်နာတတ်တဲ့ပြီး သူ့နာမည်ကို အခုလေးတင် ရှင်းပစ်လိုက်ပြီးဖြစ်ရာ သူမ၏မှတ်တမ်းတွင်
ထိုသို့သောအမဲစက်များဖန်တီးရန်အတင်းအကျပ် မခိုင်းသင့်ချေ။
မစ္စတာချူနှင့် မစ္စစ်ချူတို့ ချူရှင်းယွဲ့အား
ကြောင်တက်တက်စိုက်ကြည့်ရင်း တုန်လှုပ်သွားကာမခံမရပ်နိုင်ဖြစ်ခဲ့ရသည်။ သူတို့၏ နှလုံးသားများသည်
တစ်နေ့တာအတွင်း မြောက်မြားစွာသောအလှည့်အပြောင်းများအပေါ်ခံနိုင်ရည်မရှိပုံရသည်။
တစ်ဖက်တွင်မူ ချူရွှယ်ချီသည် ချူရှင်းယွဲ့နှင့်ချင်ကျောက်တွဲရပ်နေသည်ကို
နီရဲနေသောမျက်လုံးများဖြင့်စိုက်ကြည့်နေသည်။
ချူရှင်းယွဲ့သည် ချင်ကျောက်နှင့် ထိပ်တိုက်ရင်ဆိုင်ဆဲဖြစ်သည်။
သူမထံ အခြားရွေးချယ်စရာမရှိတော့ပေ။ သူမ သွင်ပြင်ကို မည်သို့ပြောင်းလဲစေကာမူ ချူရွှယ်ချီသည်
သူမနှင့် တူညီစေရန် နည်းလမ်းတစ်ခုအမြဲရှာလေ့ရှိသည်။ သို့ဖြစ်ရာ သူမထံ အကြံဉာဏ်များကင်းမဲ့နေခဲ့သည်။
ချူရှင်းယွဲ့၏ကျိုးပြတ်လုနီးပါးအမူအရာကိုမြင်လိုက်ရသော
ချင်ကျောက်သည် သူ့ရင်ဘတ်ထဲ စူးအောင့်သောနာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
"မင်း အရာအားလုံးကိုပြတ်ပြတ်သားသား ချန်ထားခဲ့ဖို့ဆုံးဖြတ်ထားပြီးသားပဲ
ဘာလို့ အရေးမပါတဲ့လူတွေအတွက်နဲ့ ကိုယ့်ကိုကိုယ် နာကျင်စေတာလဲ ? မင်း သူတို့ကို မထားခဲ့ချင်ဘူးလား
? မင်းကိုယ် မင်းကော ကောင်းကောင်းဂရုစိုက်နိုင်ပြီမို့လို့လား ? မင်း အခု ဘာလုပ်နေတာလဲ
?"
["Wow၊ တတိယမောင်လေးက နောက်ဆုံးတော့စကား
ပြောလာပြီပဲ။ သူ နုံအတဲ့အဆင့်ကနေရုန်းထွက်ပြီး သူ့ရဲ့ဉာဏ်ရည်တွေပြန်ရ သွားပြီလား"]
ချင်ကျောက်သည် ကျီဖေး၏ရွဲ့စောင်းသောမှတ်ချက်ကိုလျစ်လျူရှုကာ
သူ့မိသားစုဝင်များထံ အကူအညီတောင်းရန်လှမ်းကြည့်လိုက် သည်။ ယခု သူပြောသမျှကို ချူရှင်းယွဲ့သည်
နားထောင်မည်မဟုတ်ကြောင်း သူ သိသည်၊ အထူးသဖြင့် သူသည် အစောပိုင်းအခြေ အနေအထိ သူ့မအားဆန့်ကျင်နေခဲ့သည်။
ကျီဖေး ရှေ့သို့တိုးလာပြီး ချူရှင်းယွဲ့ပခုံးကိုပုတ်လိုက်သည်။
"နင် ကောင်းကောင်းလုပ်ပြီးသွားပါပြီ၊ အရမ်းကောင်းနေပြီ။
တခြားသူရဲ့အမှားအတွက် ကိုယ့်ကိုယ်ကိုအပြစ်မတင်နဲ့"
"မှန်တယ် ကောင်မလေး၊ အဲ့ဒါ မတန်ဘူး"
မားမားချင်က သူ့ကိုဖျောင်းဖျဖို့ အမြန်ရောက်လာသည်။
ချင်ရန်သည်လည်း ချူရှင်းယွဲ့ကို ထိန်းရန်လာခဲ့သည်။
"မင်း ဘယ်လောက်လိုက်လှသလဲ ရှီအာတောင် ငါ့ကိုလှတယ်ဆိုပြီးပြောနေတယ်၊
အဲ့ဒီအလှက မင်း ပိုင်တယ်။"
"ဒီကလူတိုင်း မင်းကို ခွဲခြားနိုင်ပြီလို့
ငါ ယုံတယ်။ ငါတို့ အရင်လို အခြေအနေမျိုးရှိတော့မှာမဟုတ်ဘူး" ဟု ပါးပါးချင် လေးနက်သော
အသံဖြင့်ပြောလာသည်။
သူမကို ဝန်းရံထားသော ချင်မိသားစုကို မြင်လိုက်ရတော့
ချူရှင်းယွဲ့သည် စစ်မှန်သောနွေးထွေးမှုကိုခံစားလိုက်ရပြီး သူမ၏မျက်လုံးများချက်ချင်းနီရဲသွားသည်။
အခြားသူများလည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ
သူမကိုဆွဲဆောင်လာကြသည်။
"ငါတို့ အခု မင်းကို ခွဲခြားပြီးတောင်ပြောလို့ရတယ်။
အဲဒါ ရှင်းရှင်းလေးပဲ၊ နောင်မှာ အစစ်အမှန် ဒါမှမဟုတ် အတုအယောင်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေရှိခဲ့ရင်တောင်
မင်းတို့နှစ်ယောက်ကိုခွဲခြားဖို့ သတိထားရလိမ့်မယ်။ အရင်က ငါတို့မသိနားမလည်ခဲ့ကြပေမယ့်
ငါတို့က ငတုံးတွေမဟုတ်ပါဘူး။"
ချင်ကျောက်လည်း ကတ်ကြေးကိုလုယူကာ ဖယ်ပစ်လိုက်သည်။
ချူရှင်းယွဲ့က အသက်ပြင်းပြင်းရှူပြီး "ကျေးဇူးတင်ပါတယ်၊
ကျမ စိတ်မြန်သွားလို့ပါ"
အမှန်မှာ၊ ချူရှင်းယွဲ့သည် အနည်းငယ်စိတ်ဓာတ်ကျနေပြီး
ပြင်းထန်သော ဖိစီးမှုအောက်တွင်ထိန်းချုပ်မှုလျွတ်သွားခဲ့သည်။ ငြိမ်သက်သွားသည်နှင့်
သူမသည် ထိုသို့ မိုက်မဲသောအရာများကို နောက်တစ်ကြိမ်ထပ်မလုပ်တော့ပေ။
ချူရှင်းယွဲ့ လူသုံးယောက်ကိုကြည့်ပြီး "ပြောစရာရှိတာပြောပြီးသွားပြီ"
"သမီး၊ နင်..." မစ္စချူ စိုးရိမ်တကြီး
အော်လိုက်သည်။
ချူရှင်းယွဲ့က အေးစက်စွာပြန်ပြောတယ် "ကျမ
ရှင့်တို့သမီးမဟုတ်တော့ဘူး"
“ကောင်းပြီ၊ ဒီလောက်ပဲ” မစ္စတာချူ မျက်မှောင်ကြုတ်လိုက်သည်။
သူမအား 'နာခံမှုမရှိသောသမီး' ကဲ့သို့ ပြုမူနေသေးသည်ကို
မြင်လျှင် ချူရှင်းယွဲ့ မအီမသာဖြစ်ခဲ့ရသည်။ သူမ ဘာပဲပြောပြော သူတို့ နားလည်မည့်ပုံမပေါက်ပေ။
အဆက်အသွယ်ဖြတ်ခြင်းသည် စိတ်ဆိုးသောစကားမျှသာဖြစ်သည်ဟု
၎င်းတို့ထင်ခဲ့ကြသော်လည်း သူတို့အ တွက် နှစ်ပေါင်းများစွာ မျက်နှာသာပေးမှုများကြောင့်
ချူရှင်းယွဲ့၏ခံစားချက်များ ပျက်ပြားသွားရသည်ကို နားမလည်ခဲ့ကြပေ။ ဒါ တခဏတာပေါက်ကွဲရုံမျှမကပေ။
"အခုအချိန်ကစပြီး ကျမကိုမဆက်သွယ်နဲ့တော့၊
ရှင်တို့ကို ထပ်မတွေ့ချင်ဘူး။ ရှင်တို့သမီးဆိုပြီးတစ်ခုခုအတင်း အကြပ်ခိုင်း စေလာမယ်ဆိုရင်
ကျမ ရှင်တို့ တရားစွဲရလိမ့်မယ်။ တရားရုံးက ဆုံးဖြတ်သမျှ ကျမ လက်ခံမယ် အဲ့ထက်ပိုတာတော့
ဘာမှမရဘူးမှတ်"
ထိုကဲ့သို့အသေးစိတ်ပြောခြင်းမှာ သူမသည် ဤကိစ္စကို
သေချာတွေးပြီးဖြစ်ကြောင်းပြနေသည်။
မစ္စတာချူနှင့် မစ္စချူတို့ ချူရှင်းယွဲ့အား မယုံကြည်နိုင်စွာကြည့်နေခဲ့ပြီး
သူမသည် ဤသည်ကိုအမှန်တကယ်ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း နောက်ဆုံးသဘော ပေါက်သွားသည်။
ထိုအခိုက်အတန့်တွင် ၎င်းတို့ ထိတ် လန့်တုန်လှုပ်သွားကာ ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံး
စွန့်ခွာသွားသလို ခံစားလိုက်ရသည်။
ချူရှင်းယွဲ့သည် မည်သည့်မကျေနပ်မှုမျိုးကိုမဆိုခံနိုင်
ရည်ရှိပြီး နစ်နာမှုတစ်စုံတစ်ရာမပြလာခဲ့ချေ။
ယနေ့တွင် သူတို့သည် ညီမဖြစ်သူကိုကယ်တင်ပြီးနောက်
ထပ်အခက်အခဲအနည်းငယ်အား သူမလက်ခံလိုက်ရန် တောင်းဆိုခဲ့ကြသည်။ သူမ ငြင်းဆိုရုံသာမက ၎င်းတို့နှင့်
အဆက်အသွယ်အားလုံး ဖြတ်တောက်ဖို့ထိဘယ်လိုလုပ် အရှိန်မြှင့်သွားရတာလဲ ?
သို့သော် ချူရှင်းယွဲ့ ၎င်းတို့အား စိတ်ရှုပ်ထွေးရန်
နောက် ထပ်အခွင့်အရေးမပေးလာတော့ပေ။ သူမ ချင်မိသားစုကိုဦးညွှတ်ပြီး "ရှင်တို့ရဲ့
ပွဲကိုဖျက်သလိုဖြစ်သွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
"ဘာပဲဖြစ်ဖြစ် ပွဲကပြီးတော့မှာပဲ၊ မင်းဘာမှ
မဖျက်မိပါဘူး" ချင်ကျောက် အမြန်ပြောလိုက်သည်။
ချူရှင်းယွဲ့ ချင်ကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး
"ဒါဆို ကျမ ပြန်လိုက်ပါဦးမယ်"
"ငါ မင်းကို လိုက်ပို့ပေးမယ်လေ!" ချင်ကျောက်
အကြည့်များ အလိုလိုမှုန်ဝါးသွားသည်။
ချူရှင်းယွဲ့ အေးစက်စက်ဖြင့် "မလိုပါဘူး"
ထို့နောက် သူမ လှည့်ထွက်သွားသည်။ ချင်ကျောက်တစ်
ယောက်သာ အေးခဲနေပုံရသည်။
လူတွေ သူ့အတွက်အလိုအလျောက် လမ်းကြောင်းပေးလိုက်ကြသည်။
ဒါ သူမရဲ့ဘဝသစ်အတွက် လမ်း ကြောင်းတစ်ခုပင်။
မစ္စတာချူနှင့် မစ္စချူတို့၏ ခေါ်ဆိုမှုများသည်
အဆက် မပြတ်ထွက်ပေါ်လာသော်လည်း သူတို့၏လေသံများ သည် ဒေါသထွက်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ
ချူရှင်းယွဲ့အား ပြန်လှည့်မကြည့်စေခဲ့ပေ။ သူမ လူတိုင်း ၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
မစ္စတာချူနှင့် မစ္စချူတို့လှည့်ကြည့်လိုက်ရာ
ချူရွှယ်ချီ မေ့လဲသွားသည်ကိုတွေ့လိုက်ရသည်။
ဒါပေမယ့် မည်သူမှ သူ့အား မသနားကြချေ။
မစ္စတာချူနှင့် မစ္စချူတို့ စိတ်မကောင်းစွာဖြင့်
ထွက်ခွာသွားကာ ချူရွှယ်ချီအား ၎င်းတို့နှင့်အတူခေါ်ဆောင်သွားခဲ့သည်။ ဝူထျန် သူတို့အားနှောင့်ယှက်ကာ
လိုက်ပါသွားခဲ့သည်။
ဦးလေးဝူနှင့်အဒေါ်ဝူတို့သည် ချင်မိသားစုအားတောင်း
ပန်ခဲ့သည်။ တကယ်တော့ အဆိုပါအဖြစ်အပျက်သည် ဝူထျန်ကြောင့်ဖြစ်ကာ လူတိုင်းအား အဆင်မပြေဖြစ်စေသည့်
နားလည်မှုလွဲမှားမှုအားဖန်တီးခဲ့ခြင်းပင်။
"ဟင်း၊ ငါတို့လည်း သားကောင်တွေပဲ၊ ချူမိသားစုက
ဘယ်လိုဖြစ်ပြီး ကန်းနေကြမှန်း မသိပါဘူး"
"ငါတို့ အဲဒါကိုမကြားချင်ယောင်ဆောင်လိုက်ကြရ
အောင်။ သူတို့တွေ ခမည်းခမက်ဖြစ်ဦးမလား ဘယ်သူသိမှာလဲ ?"
သခင်မနှစ်ယောက်သည် ကြောင်သူတော်အချင်းချင်း အပြန်အလှန်ပြောဆိုနေကြသည်။
အဒေါ်ဝူက "ဒီလိုမိန်းမမျိုး ငါတို့မိသားစုထဲလုံးဝဝင်ခွင့်မပြုနိုင်ဘူး။
ဝူထျန် သူ့ကိုတကယ်ကြိုက်တာလား ဒါမှမဟုတ် လက်မလျှော့ချင်တာလား။ ရှင့်ကလေးတွေကမှ ပိုကောင်းသေးတယ်...
ရှင်တို့ စတုတ္ထမြောက်သမီးလေ"
မားမားချင်မျက်နှာသည် ချက်ချင်းမည်းမှောင်သွားရသည်။
အနီးနားရှိ ကျီဖေး၏ရေရွတ်သံကြားသောအခါ သူမ ပြန်လည်တုံ့ပြန်တော့မည်ဖြစ်သည်။
["နင်တို့ ဝူထျန် ဘာလို့လက်မလွှတ်ရမှန်း
နင်တို့ဘယ်လိုလုပ်သိနိုင်မှာလဲ၊ ဝူထျန့် မျိုးဆက်ရဖို့ခက်နေတာကြောင့် မဟုတ်ဘူးလား။
အစကတော့ သူက သူ့ကိုငြင်းလို့ ပြန်လိုချင်တာ ချူရှင်းယွဲ့နဲ့ ချင်ကျောက်ကြား အခက်အခဲဖြစ်အောင်လုပ်ချင်ခဲ့တာ။
ဒါပေမယ့် ပဋိပက္ခတွေပြီးတဲ့အချိန် ချူရွှယ်ချီမှာ ကိုယ်ဝန်ရှိသွားတော့ ကလေးယူဖို့ သတ္တိရှိသွားတယ်။
ဖခင်ဖြစ်ဖို့အခွင့်အရေးပေးလာတဲ့ အမျိုးသမီးကို တွယ်ကပ်ထားရမယ်လေ"]
မားမားချင်၏အမူအရာသည် ချက်ချင်းသိမ်မွေ့လာပြီး
၎င်းတို့ကို မထီမဲ့မြင်ပြုကာ ဣန္ဒြေဖြင့်နေလိုက်သည်။
သို့သော် သူမနောက်မှာ
ချင်ရန်: "အဟမ်း"
ချင်ကျောက်: "ဟမ်!"
ချင်ရှန့် မတုံ့ပြန်သော်လည်း ကျီဖေးအား ဒေါသတကြီးဖြင့်ကြည့်လိုက်သည်။
သူမ ဘယ်လိုလုပ် ညစ်ပတ်တဲ့ အတင်းအဖျင်းတွေကိုဖတ်နေတာလဲ။
ဝူမိသားစု : ?
"မင်းတို့ မိသားစုရဲ့ စည်းလုံးမှုကိုကြိုပြီးဂုဏ်ပြုပါတယ်"
ဟု ပါးပါးချင်က အေးစက်စွာပြောခဲ့သည်။
ဝူမိသားစုလည်း ဆက်မနေနိုင်တော့ဘဲ အခြားဧည့်သည်များနည်းတူ
ထွက်ခွာခဲ့ရသည်။
ဤပွဲသည် တက်ရောက်သူတိုင်းအတွက် မယုံနိုင်လောက်အောင်
တန်ဖိုးရှိခဲ့သည်။ သူတို့ ထွက်ခွာသွားပြီးနောက် တွင် သတင်းအပိုင်းအစ အမျိုးမျိုးတို့သည်
၎င်းတို့၏ အသိုင်ဝိုင်းအတွင်းပေါက်ကွဲသွားကြသည်။ တက်ရောက်ရန် အချိန်မရှိခြင်း သို့မဟုတ်
ဖိတ်ကြားခြင်းမခံရသူများသည် အလွန်ဝမ်းနည်းနေခဲ့ကြသည်။
ဒရာမာကို လူကိုယ်တိုင်တွေ့မြင်ရရင် ဘယ်လောက်ထိ
စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲဆိုတာ တွေးတောင်မတွေးကြည့်ဘဲမနေနိုင်ဘူး။
ထိုညတွင် အထက်တန်းစားအသိုင်းအဝိုင်းတစ်ခုလုံးသည်
အိပ်မပျော်သောညအတွက် ရည်မှန်းထားသည်။
တစ်အိမ်လုံးရှင်းပြီးရင် မိသားစုအတူတူထိုင်ကာ
ညဥ့်နက်မှာသရေစာစားလိုက်ကြတယ်။ နောက်ဆုံး ပွဲတစ်ခုမှာ ဖြည့်စွက်စာစားရတာခက်သည်မဟုတ်ပါလား
?
သို့သော်၊ လူတိုင်း၏အကြည့်များသည် ချင်ကျောက်ဆီသို့
ရံဖန်ရံခါစူးစူးစိုက်စိုက်ကြည့်နေကြသည်။
ဒီအကြည့်တွေကို မခံနိုင်တော့သဖြင့် ချင်ကျောက်က
"မားတို့ ပြောစရာရှိရင် ပြောသာပြောပါ"
"ဟင်း၊ နင် ချူရွှယ်ချီနဲ့ ချိန်းတွေ့သေးလား"
ချင်ရန် စိတ်ဝင်တစား မေးလိုက်သည်။
"ငါ ရူးနေလို့လား။ အဲ့ဒါတွေက အတုအယောင်ပုံစံတွေ
ငါကြိုက်တဲ့ပုံစက ချူရွှယ်ချီ ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး" ဟုပြန်ဖြေရင်း ချင်ကျောက်ရဲ့မျက်နှာမည်းမှောင်သွားသည်။
"ဒါဆို နင်အခု ရှင်းယွဲ့ကိုကြိုက်လား
?" မားမားချင် အတင်းအငမ်းမရမေးလိုက်သည်။
ချင်ကျောက် ပါးစပ်မဖွင့်နိုင်ဘဲ တစ်ဆို့သွားသည်။
["ဒါပေါ့ သူကြိုက်တယ်လေ၊ သေလောက်အောင် သူ
နောင်တရနေတာ။"]
ချင်ကျောက်သည် ချက်ချင်း ကျီဖေးအားရှက်ရွံ့တကြီး
ကြည့်နေလေသည်။
ဘေးမှာထိုင်နေတဲ့ ကျီဖေးသည် သူမ ထမင်းစားရင်း
အလုပ်ရှုပ်နေပြီး တခြားသူများ၏အကြည့်တွေကို လုံးဝသတိမမူမိပေ။
"အဟမ်း၊ မင်း သူ့ကိုကြိုက်တယ်ဆိုရင်တောင်
အသုံးမဝင်ဘူး။ ဟိုက မင်းကို မလိုချင်တော့ဘူး" ချင်ရှန့် ဒီကိစ္စကိုနှလုံးသားနဲ့ဖြတ်ပြီး
ပြောလိုက်သည်။
ချင်ကျောက်၏လည်ချောင်းထဲ အသက်ရှုကြပ်လာသည်။
နောက်ဆုံး ပါးပါးချင် ချင်ကျောက် ပခုံးကိုပုတ်လိုက်သည်။
ဖခင်ဖြစ်သူ၏ချစ်ခြင်းမေတ္တာသည် ခေါင်းယမ်းကာစားသောက်ပြီး ဇနီးဖြစ်သူနှင့်အတူ အပေါ်ထပ်သို့
တက်ကာ အနားယူရင်းငြိမ်သက်သွားခဲ့သည်။ ချင်ရန် နောက်ဆုံးစားလို့ပြီးသွားသော ချင်ရှီအား
ပွေ့ဖက်ကာအိပ်ပျော်သွားသည် ။
ကျီဖေးသည် သူ့အသီး စားပြီးလုဖြစ်နေသည်ကိုမြင်တော့
ချင်ရှန့်က "ကျီဖေး အပေါ်ထပ်တက်ကြအောင်၊ ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်"
"ဘာကိစ္စလဲ ?"
"မင်းရဲ့ စတူဒီယိုအကြောင်း"
["ငွေရှာတဲ့ဟာလား !"]
နောက်ဆုံးတွင်၊ တစ်ချိန်လုံး သက်ဝင်လှုပ်ရှားခဲ့သော
ထမင်းစားခန်းထဲ ချင်ကျောက်သာကျန်ရစ်ခဲ့သည်။
ချင်ကျောက် ရုတ်တရက် သူ့ဖုန်းမြည်လာသောအခါ အတွေးပျောက်ကာ
ဆိုဖာပေါ်ပြန်လှဲလိုက်သည်။
သူ့ညီမလေးမှ ဖုန်းဆက်လာခြင်းပင်။
ဖုန်းချိတ်ဆက်ပြီးနောက် "စန်းကော ၊ ဘာတွေဖြစ်နေတာလဲ၊
ညီမတို့အသိုင်းအဝိုင်းထဲကက ကောလာဟလတွေကအမှန်ပဲလား။ ရှင်းယွဲ့ကျဲနဲ့ ကောတို့ စေ့စပ်ကြောင်း
လမ်းမှုကိုဖျက်လိုက်တာလား ? ပြီးတော့ ကော လူမှားသွားတယ်ဆို အဲ့ဒါကြောင့် ရွှယ်ချီကျဲက
လူဆိုးပါဆို ညီမ ရှင်းယွဲ့ကျဲကို အမြဲသဘောကျခဲ့တာ
အံ့သြစရာမရှိတော့ဘူး။"
ချင်ကျောက် သူ့ဒဏ်ရာများကိုဆားမပွတ်ချင်သဖြင့်
ဒေါသထွက်ကာ ဖုန်းချတော့မည်အပြု ချင်ရုန်က
"စိတ်ပျက်စရာပဲ၊ ရှင်းယွဲ့ကျဲကို တတိယယောင်းမဖြစ်လာမယ်လို့
အမြဲထင်ခဲ့တာကို၊ ဘာပြဖြစ်ဖြစ် သူကကောနဲ့ အချိန်အကြာဆုံးသိခဲ့ဖူးတဲ့ အမျိုးသမီးပဲလေ"
ချင်ကျောက် အံ့သြသွားသည်။ "ဟုတ်လား
?"
သူ မှတ်မိပုံမပေါ်ပေ။
"ဟုတ်တယ်၊ ကောတို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေလိုပမျိုး
ကြီးပြင်းလာကြတာ၊ ရှင်းယွဲ့ကျဲနဲ့ ကစားရတာကြိုက်တယ်လေ ငယ်ငယ်ကကစားတုန်းကဆို ကော ညိမကို
ကောနဲ့ ရှင်းယွဲ့ကျဲတို့ရဲ့ သမီးလုပ်ခိုင်းတာ မှတ်မိလား ? ကော ကြီးလာရင် ရှင်းယွဲ့ကျဲကိုလက်ထပ်ပြီး
မိသားစုကိုပြီးပြည့်စုံအောင် လုပ်ပေးမယ်လို့ကတိပေးခဲ့တယ်လေ။ ကော သူ့ပါးကိုနမ်းလိုက်တာကိုတောင်
အဖွားချူရန်နဲ့ မင်းအဖွားတို့တွေ့သွားကြတယ်လေ။"
ချင်ကျောက် အံ့သြသွားသည်။
ထို့နောက် ခါးသီးစွာပြုံးလိုက်မိသည်။
ထို့ကြောင့် သူ့ကြောင့်သာ လက်ထပ်ထိမ်းမြားရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဒါ သူတို့အတွက် ထူးခြားတဲ့ကတိတစ်ခုပင်။ ပြီးပြည့်စုံသော မိသားစုကိုရရန်ကတိပေးခဲ့သည်။
ဒီလိုအရေးကြီးတဲ့ကတိကို သူ ဘယ်လိုလုပ်မေ့နိုင်တာလဲ။ သူ တကယ် အရူးပဲ!
"အစ်ကို ငိုနေတာလား ?" ချင်ရုန်၏အံ့အားသင့်သော
အသံထွက်ပေါ်လာသည်။
ချင်ကျောက် သူ့မျက်နှာကိုလက်တစ်ဖက်နဲ့ အုပ်ပြီး
"နင် မှတ်ဉာဏ်ကောင်းတယ်၊ ငါတို့ရဲ့ ငယ်ဘဝအ
ကြောင်း ငါ့ကို ထပ်ပြောပြပါဦး"
"ဟင် ? တကယ်တော့ ညီမ အများကြီးမမှတ်မိတော့ဘူး။
ညီမတို့ အတန်းမတူဘူးလေ"
ချင်ရုန် တိုးတိုးလေး ညည်းညူလိုက်သည်။
"ကော ကျောင်းစတက်တော့ ရှင်းယွဲ့ကျဲနဲ့ သိပ်မကစားတော့ဘူး၊
ညီမနဲ့လည်း မကစားဖြစ်ဘူးဆိုတာတော့မှတ်မိတယ်။ ယောက်ျားလေးတွေက ယောက်ျားလေးတွေနဲ့ ကစားသင့်တယ်လို့
ကောပြောတာလေ"
"ကောတို့ စေ့စပ်ကြောင်းလမ်းမှုအကြောင်းသိသွားလို့
အတန်းထဲက လူတွေ ကောကိုလှောင်ပြောင်လို့ ကော ဒေါသထွက်ဖူးတယ်။ ကောပြောတာ ကော အရမ်းရှက်သွားခဲ့တယ်ဆိုပြီး"
"အဲ့နောက်ပိုင်း... ရှင်းယွဲ့ကျဲ လာကစားတာမတွေ့မိတော့ဘူး"
"ပြီးတော့ ရုတ်တရက်ကြီး ကော ချူရွှယ်ချီကိုပဲဂရုစိုက်နေတော့တာ"
ချင်ကျောက် သူ့သွားတွေကိုကြိတ်လိုက်မိသည်။ အဲဒါ
အသက်ကယ်အကြွေးကြောင့်ပါ...
သူတို့ကြီးလာတာနဲ့အမျှ ဖြစ်ပျက်ခဲ့တာတွေကို သူ
သဘာဝကျကျ မှတ်မိနေခဲ့သည်။ ထိုစေ့စပ်ပွဲကြောင့် သူ့မိသားစုက ချူမိသားစုထံ မကြာခဏသွားလည်ဖို့သတိ
ပေးတတ်သည်။
သို့သော် တကယ်တမ်းမှာ စေ့စပ်ပွဲအခမ်းအနားပင် ကျင်းပချငမရှိဘဲ
အကြီးအကဲများကြား နှုတ်ဖြင့်ကတိပေးခြင်းတစ်ခုသာဖြစ်သည်။ ထို့ကြောင့် ချင်ကျောက်၏ စိတ်ထဲတွင်
စေ့စပ်ထားသူဟူသောစကားမှာ အလွန်ပင် အရေးမပါလှချေ။ သူတို့သည် တစ်ခါမှ မချိန်းတွေ့ဘူးပဲ
နှုတ်စကားတစ်ခုအရဖြစ်ခဲ့သည်။
ထို့ကြောင့် သူသည် ချူရှင်းယွဲ့အား သစ္စာဖောက်ခြင်းမဟုတ်ဟု
တွေးထင်ကာ သူ့ကိုယ်သူမှန်သည်ဟုသာထင် သည်။ သူသည် အမြဲတစေဖျားနာနေသော ချူရွှယ်ချီထံ
သို့သာ အလည်သွားလေ့ရှိသည်။
သူ ချူမိသားစုဆီသွားသည့်အခါတိုင်း ချူမိဘများ
သည် ချူရွှယ်ချီအား အမြဲချီးမွမ်းပြီး ချူရှင်းယွဲ့အ ကြောင်း ညည်းညူလေ့ရှိသည်။ ချူရှင်းယွဲ့သည်တော့
ဘေးကနေသာ တိတ်တဆိတ်နားထောင်ပြီး စောင့်ကြည့်နေတက်သည်။
ထိုအချိန်က သူ ချူရှင်းယွဲ့အားအကြိမ်ကြိမ်အပြစ်
တင်ခဲ့ဖူးသည်။ သို့သော် သူ ချူရွှယ်ချီအကြောင်းနှင့်ပတ် သက်ပြီး ချူရှင်းယွဲ့ကို မေးခွန်းထုတ်သည့်အခါတိုင်း
ချူရှင်းယွဲ့ သည် တိတ်ဆိတ်စွာနေခဲ့ကာ ပြန်မချေပခဲ့ပေ။
သူ(မ)သည်
သူ(မ)မိဘများကြောင့် ချေပချင်စိတ်များ ပျောက်ဆုံးနေပြီး သူ ချူရွှယ်ချီဘက်မှာရပ်တည်နေ
သည်ကိုမြင်ချိန် ရှင်းပြလိုစိတ်များမရှိတော့ပဲ လျစ်လျူ ရှုထားခြင်းသာဖြစ်သည်။
ချူရှင်းယွဲ့သာ ရှင်းပြဖို့အကြိမ်အနည်းငယ် ကြိုးစားခဲ့ပါက
သူလည်းအသိစိတ်ဝင်လာပြီး သူ(မ)အားယုံကြည်ရန်
ရွေးချယ်မိမလားဟု ချင်ကျောက်တွေးမိသည်။ အနည်း ဆုံးတော့ စစချင်းသာဖြစ်ပါက သူယုံကြည်နိုင်လောက်သည်။
သို့သော် သူ ရှင်းပြချက်တစ်ခုပင်မရရှိခဲ့ဘဲ သူ(မ)နှင့်ပတ်သက်သော
ကိစ္စများတွင် နားလည်မှုလွဲမှားမှုများထပ်ပေါင်းတိုးလာပြီး ချူရွှယ်ချီအားခြွင်းချက်မရှိ
ယုံကြည်မှုအဖြစ်သို့ပြောင်းလဲသွားသည်။
ထိုသည်မှာ တဖြည်းဖြည်းနှင့် ဦးနှောက်အဆေးခံလိုက်ရသလိုပင်။
ချူရှင်းယွဲ့သည် ထိုသို့ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရသဖြင့် သူ(မ)ကို အပြစ်မတင်သင့်ပေ။
ချူရှင်းယွဲ့၏အခြေအနေကို သတိမထားမိခဲ့သောလူမှာ သူသာဖြစ်သည်။
အမှန်မှာ သူ၏တုံးအမှုကြောင့် ဤသို့သော ရတနာတစ်ခုကိုဆုံးရှုံးခဲ့ရသည်။
သူ မှားသွားပြီ၊ သူ နိုးထလာပြီ၊ သူ...လက်မလွှတ်ချင်ဘူး၊
သူ့မှာ အခွင့်အရေးရှိဦးမလား ?
ချင်ကျောက် မစောင့်နိုင်တော့ချေ။ သူသည် ချူရှင်းယွဲ့ထံ
အမြန်ဆုံးဆက်သွယ်လိုပြီး သူ့ကို အိမ်ပြန်မပို့မိခဲ့သည့်အတွက် နောင်တရနေမိသည်။ သူ အဆုံးထိ
အရေထူလိုက်သင့်တာ..
ဘယ်သူမှ ဖုန်းမကိုင်ပေ။
ထို့နောက် သူ စာတစ်စောင်ပို့လိုက်သည်။
"မင်းမှာ နေစရာရှိလား ?"
"မင်း အကူအညီလိုရင် ငါ့ကိုပြောပါ"
"ငါ ပြန်မဆပ်ရသေးတဲ့ အသက်ကယ်ခဲ့တဲ့အကြွေးကရှိနေတုန်းပဲ၊
မင်းအခု လုံခြုံရဲ့လားဆိုတာ ငါ့ကို ပြောပြလို့ရမလား ?"
တုံ့ပြန်မှု မရှိခဲ့ချေ။ သူထပ်ခေါ်ဖို့ကြိုးစားသည့်အခါ
လုံး၀ဆက်မရတော့ချေ။ သူ နောက်ထပ် မက်ဆေ့ချ်ပို့ဖို့ ကြိုးစားခဲ့သော်လည်း အနီရောင်အမှတ်အသားကို
တွေ့လိုက်ရသည်။
သူ... Block ခံထားရပြီ…
...
Spoiler သတိပေးချက်
...
(Spoiler သတိပေးချက်: စာဖတ်သူတွေက များလွန်းတော့
နားလည်မှုလွဲတက်လို့၊စာ ဖတ်သူအသစ်တွေကို သတိပေးဖို့နဲ့ Rating ပိုင်းမှ အဆင့်သတ်မှတ်မှု
နည်းပါးပြီး လူတိုင်း စိုးရိမ်နေကြသည့် ပြဿနာနဲ့ပတ်သက်လို့ ငါ အပိုင်းတစ်ချို့ကို
spoiler ကြိုပေးထားချင်တယ် [သူတို့က အတူတူမရှိကြသေးဘူး၊ အတူတူ အဆုံးမသတ်ဘူး၊ သူတို့
အဆုံးမသတ်သေးဘူး] အရေးကြီးတဲ့အရာတွေကို သုံးခါတွေးဖို့မမေ့နဲ့ စာအုပ်တစ်အုပ်က လွယ်လွယ်နဲ့မပြီးဘူး]၊
အရေးမပါလိုက်တာ… မင်းတို့ ထင်မြင်ချက်တွေ အရမ်းမြန်လွန်းတယ် X﹏X)