Ch 27
Viewers 581

Chapter 27

 

 

 

 

ကျီဖေးသည် သူ(မ)၏ယခင်အေးဂျင့်ကို blockထားသောကြောင့် ယခုအချိန်တွင် အိမ်တွင်အလုပ်လက်မဲ့ဖြစ်နေသည်။ ကျီဖေး စတားဘဝကိုစွန့်လွှတ်ကာ ပျော်မွေ့ရန်ဆုံးဖြတ်ထားသော်လည်း ထိုကဲ့သို့နေခြင်းမျိုးသည် သည်းမခံနိုင်စရာဖြစ်လာသည်။

 

ချင်ရှီသည် ကျောင်းတက်ရပြီး ချင်ရန်သည်ကုမ္ပဏီဆေး ရုံနှင့် ပတ်သက်သည့် ကိစ္စတစ်ချို့ကိုကူလုပ်ဖို့ရာ ပါးပါးချင်စီစဉ်ပေးခဲ့သည်။

 

မားမားချင်သည် နေ့ခင်းဘက်လက်ဖက်ရည်သောက်ရန် မိတ်ဆွေများဖြင့်အပြင်သွားလေ့ပြီး ကျီဖေးမှာတော့ သူငယ်ချင်းရော လုပ်စရာအလုပ်လည်းမရှိသဖြင့် အိမ်တွင်သာနေခဲ့ရသည်။

 

သူ(မ)အများကြီးစဉ်းစားပြီးမှ သူ(မ)၏သာလွန်နေသည့် ရုပ်ရည်ကို မဖြုန်းတီးရန်ဆုံးဖြတ်လိုက်သောကြောင့် ဖျော်ဖြေရေးလောကထဲပြန်ဝင်ခဲ့သည်။

 

ဤနည်းဖြင့် သူ(မ)သည် စတားများ၏အတင်းအဖျင်းများကို အနီးကပ်ဝင်ရောက်ကြည့်ရှုနိုင်ရုံသာမက သူ(မ) ၏နောက်ထပ် အချစ်ဇာတ်လမ်းအတွက် ချောမောသော အမျိုးသားများနှင့် လှပသောအမျိုးသမီးများလည်း ရွေးချယ်ထားပြီးဖြစ်လိမ့်မည်။ ထို့ပြင် ချင်ရှန့်သည် အနာဂတ်တွင် သူ၏အချစ်ဦးကြောင့် သူ(မ)ကိုကွာရှင်းပါက ကြီးမားသောလျော်ကြေးကို  အလွယ်တကူရနိုင် သည်။

 

သူ(မ) အကြံအစည်သည် အံ့ဩစရာဖြစ်‌သောကြောင့် ချင်ရှန့်ကိုပြောပြလိုက်သည်။

 

ချင်ရှန့် သူ(မ)ကို စတူဒီယိုအသစ်ထူထောင်ရာမှာ ကူညီပေးမည်ဟု ပြောခဲ့သော်လည်း သူ(မ)အားအေးဂျင့်များ ရှာပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

 

သူ(မ)ဆီ အရွေးခံရရန်လာသော အေးဂျင့်များသည် အထူးနာမည်ကြီးသည့် အေးဂျင့်များမဟုတ်ပေ။

 

၎င်းတို့သည် အတန်ငယ်ဆိုးကြသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် စရိုက်ကောင်းသည့် သူများသည်အနည်းစုသာရှိသည်။

 

၎င်းတို့ ကောင်းကောင်းသိုဝှက်ထားလျှင်ပင် ကျီဖေးရှေ့ ကိုယ်လုံးတီးနှင့် ဧကရာဇ်များသာ။

 

အင်တာဗျူး တစ်ခုပြီးတစ်ခုစစ်ဆေးပြီး နှုတ်ဆိတ်နေခဲ့သည်။

 

ကျီဖေးသည် ချင်ရှန့်သည်းမခံနိုင်တော့မည်ကို စိုးရိမ်သော်လည်း လျှောက်ထားသည့် အေးဂျင့်မရှိတော့ကြောင်းကြားလိုက်ရသဖြင့် စကားတစ်ခွန်းမှမပြောတော့ပေ။

 

ထို့နောက် ချင်ရှန့်သည် ကျီဖေးအား ချင်ကျောက်၏ Studio သို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။

 

ကျီဖေးသည် သူမကို ထိုနေရာမှလက်ခံလိုက်သော ကြောင့် အလွန်အံသြသွားသည်။

 

ရုံးခန်းအတွင်းတွင် လူနှစ်ယောက်သာရှိသည်။

 

ချင်ကျောက်သည် အနီးနားရှိဆိုဖာပေါ်တွင် လှဲနေပြီး ဖုန်းကြည့်နေသည်။ သူ(မ) ဝင်သွားသောအခါ ခေါင်းသာထောင်ကြည့်လာပြီး ငြိမ့်ပြလေသည်။

 

ပြောရပါက နောက်ဆုံးအကြိမ် သူတို့တွေ့ပြီးထဲက သူ(မ)အပေါ် သူ၏သဘောထားသည် သိသိသာသာ တိုးတက်လာသည်။

 

[အချစ်ရဲ့ခါးသီးမှုက လူတွေကိုမြန်မြန်အရွယ်ရောက်စေတာပဲ]

 

ချင်ကျောက်၏ လှုပ်ရှားမှုများတောင်းတင်းသွားသည်။ စိတ်ထိန်းစမ်း!

 

စားပွဲပေါ်တွင် ထိုင်နေသည့်လူမှာ သူ၏အေးဂျင့်ဖြစ် သည်။

 

"မင်္ဂလာပါ မစ်ကျီ၊ ကျွန်တော်က ကောင်းဟောင်၊ မစ္စတာချင်ရဲ့အေးဂျင့်ပါ၊ မစ္စတာချင် ကျွန်တော့်ကိုညွှန်ကြားထားပြီးသားပါ၊ အခုကစပြီး ဖျော်ဖြေရေးနယ်ပယ်မှာ မင်းရဲ့လှုပ်ရှားမှုတွေကို ကျွန်တော်လမ်းညွှန်ပေးပါ့မယ်။ ဒါက မစ်အတွက် စာချုပ်ပါ၊ လက်မှတ်ထိုးပြီးတာနဲ့ ကျွန်တော်တို့ စတူဒီယိုရဲ့ ဒုတိယမြောက်အနုပညာရှင် ဖြစ်လာပါလိမ့်မယ်"

 

ကောင်းဟောင်သည် မျက်မှန်တပ်‌ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကာ သူသည် ဖော်ရွေစွာပြုံးနေသည်။ သူ့ထံ ကြင်နာသောမျက်နှာထားရှိသော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင်များသောအား ဖြင့် သိုးယောင်ဆောင်ထားသော ဝံပုလွေများပေါမျာသည်။

 

ကျီဖေးသည် ကောင်းဟောင်ကိုကြည့်လိုက်ပြီးနောက် အဝေးရှိ ချင်ကျောက်ကိုကြည့်ကာ ဝေခွဲမရဖြစ်နေရသည်။

 

"နင် သဘောတူလိုက်တာလား ? နင် လုံးဝမငြင်းခဲ့ဖူးပေါ့" ကျီဖေး ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။

 

[ဒီကောင် ငါ့ကို တုံ့ဆိုင်းဆိုင်းနဲ့လက်ခံပြီးဝော့မှ အဆင်မပြေတာတွေ မဖြစ်စေချင်ဘူး]

 

ဘယ်သူက အဆင်မပြေဖြစ်မှာလဲ !

 

ချင်ကျောက်သည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး အံ့ကြိတ်လျက်ပြောလိုက်သည်။

 

"သေချာဆုံးဖြတ်ပြီးပြီ၊ မင်းက ငါ့ရဲ့မရီးဆိုတော့ မင်းဒီမှာ ရှိတာက ငါ့ဒုတိယအစ်ကိုကို ပိုစိတ်အေးစေလိမ့်မယ်"

 

"အိုး ? အဲ့လိုလား?"

 

[ငါ ကြက်သီးတောင်ထလာပြီ၊ သူ ဆေးမှားသောက်မိတာလား ဘာလား ?]

 

ချင်ကျောက်:...

 

 သူ(မ)ကို သူ့စတူဒီယိုထဲသို့ပို့ပေးလာသည့် အာ့ကော၏ ရည်ရွယ်ချက်ကို သူ သံသယဝင်လာခဲ့သည်။

 

ဒါက သူ့ကို သေအောင်နှောင့်ယှက်ဖို့တော့ မဟုတ်ဘူးမလား ?

 

ကောင်းဟောင်လည်း တစ်ဖက်ကိုလှည့်ကြည့်လိုက်သည်။ မစ္စတာချင်သည် ယခင်ကဤသို့အကြံပြုခဲ့သော် လည်း ချင်ကျောက်သည် ကျီဖေးရှေ့တွင်သာ ငြင်းဆိုခဲ့ပြီး သူ(မ)သာ စတူဒီယိုကိုလာပါက သူနှုတ်ထွက်လိမ့် မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။

 

မတ်နှင့် မရီးကြားရှိဆက်ဆံရေးသည် အလွန်မကောင်းကြောင်းသိသာလှသည်။

 

ထို့ကြောင့် ကောင်းဟောင်သည် ဤထိပ်တန်းစတားမှာ မရီးဖြစ်သူကို သူ့ကိုယ်ပိုင်စတူဒီယိုတွင်လက်ခံဖို့ အဘယ့်ကြောင့် ရုတ်တရက်သဘောတူခဲ့မှန်း နားမလည်ချေ။

 

အမှန်တော့ ချင်ကျောက်သည် ကျီဖေးကို ကျေးဇူးတင်သောကြောင့်ပင်။ သူ(မ)ကြောင့်သာမဟုတ်ပါက ချူရှင်းယွဲ့နှင့် ပတ်သက်ပြီး သူ ဘာဆိုးဝါးတာလုပ်မိမလဲဆိုတာ ဘယ်သူသိမှာလဲ ?

 

သူနှင့် ကျီဖေး၏ဆက်ဆံရေးသည် အမြဲဆိုးရွားနေသော ကြောင့် ရုတ်တရက် သင့်မြတ်ရန်မဖြစ်နိုင်ချေ။

 

ယခုအခါ သူ့ဒုတိယအစ်ကို ထပ်မေးလာချိန်မှာတော့ သူသဘောတူလိုက်သည်။ ကျီဖေးသည် ဖျော်ဖြေရေးနယ် ပယ်တွင် သူ(မ)၏ကိုယ်ပိုင်အဆင့်အတန်းကိုပွင့်ပွင့် လင်းလင်း မဖော်ပြနိုင်သောကြောင့်  သူ၏အကာအ ကွယ်အောက်ထားရှိခြင်းက ပိုကောင်းသည်။

 

ကျီဖေး သံသယရှိနေတုန်းပင်။

 

"နင်က ဒီစတူဒီယိုရဲ့ သူဌေးဖြစ်ပေမဲ့ ငါ နင်ပြောသမျှ လုပ်မှာမဟုတ်ဘူး၊ ငါ ဘာလုပ်ရမယ်ဆိုတာ ငါ ဆုံးဖြတ်ချင်တယ်၊ ဒါကော အဆင်ပြေရဲ့လား"

 

ကောင်းဟောင်သည် ချက်ချင်းပြုံးပြီး "အဲ့ဒါကို စိတ်မပူပါနဲ့၊ မစ္စ စာချုပ်ကို အရင်ကြည့်လို့ရပါတယ်"

 

ထိုမှသာ ကျီဖေးစာချုပ်ကိုကြည့်ရန် ခေါင်းငုံ့လိုက်သည်။ သူတစ်ခေါက် ကြည့်ပြီးနောက်အံ့အားသင့်သွားသည်။

 

သူ(မ)သည် သူ(မ)၏အလုပ်အားလုံးကိုလွတ်လပ်စွာရွေးချယ်နိုင်ပြီး သူ(မ)အလိုရှိသည့်အချိန်တိုင်းအားလပ် ချိန်ယူနိုင်သည်။ ထို့အပြင် အရေးအကြီးဆုံးမှာ အကျိုး အမြတ်ခွဲဝေမှု အစီအစဉ်ဖြစ်သည်။

 

သူ(မ)၏ယခင်စတူဒီယိုတွင် အနည်းဆုံးဖြစ်သည့် 80-20 အချိူးခွဲယူကြသည်။

 

ဤတွင် ၎င်းတို့သည် ကျီဖေးအား သရုပ်ဆောင်အခ ကြေးငွေလုံးဝမပေးဘဲ  တွဲဖက်လုပ်ကိုင်ခြင်းနှင့် ညီမျှသည့် ဝင်ငွေအားလုံး သူ(မ)ထံပေးထားသည်။

 

"ဟမ် ဒါဆို... ကျွန်မက ရှင့်ကို လစာပြန်ပေးရဦးမှာလလား ?" ကျီဖေး အံ့သြစွာမေးလိုက်သည်။

 

ကောင်းဟောင် ပြုံးကာ "ကျွန်တော့်ရဲ့လစာကို မစ္စတာချင်ကပဲ ပေးတာပါ"

 

ကောင်းဟောင်သည် သူ့မရီးကိုလေးစားမှုပြသောကြောင့်ဟူသောအတွေးမှာ အမှန်ပင် ထူးဆန်းလှသည်။

 

ကျီဖေးလည်း ထိုသည်ကိုသဘောပေါက်သဖြင့် ချင်ကျောက်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

 

ချင်ကျောက်သည် ကျီဖေးထံ ပြောစရာမရှိတော့ဘူးဟု ထင်သဖြင့် သူ့ဖုန်းကို ဆက်ငုံ့ကြည့်နေသည်။

 

ထိုစဉ် ကျီဖေး၏အတွင်းစိတ်ထဲရှိ အတွေးများကိုကြား လိုက်ရသည်။- [သူ့အချစ်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ဒဏ် ရာတွေရသွားပြီး ဘာကိုမှ ဂရုမစိုက်တော့တာလား!]

 

ချင်ကျောက် အသက်ပြင်းပြင်းရှူပြီး "မင်း လက်မှတ်ထိုးမှာလား ? မထိုးဘူးလား?"

 

ဒါပေါ့! သူ(မ) ဒီလိုကောင်းမွန်တဲ့ သဘောတူညီချက်ကို ဘယ် လက်လွှတ်ခံပါ့မလဲ၊ ချက်ချင်း လက်မှတ်ထိုးလိုက်တာပေါ့…

 

ကျီဖေးသည် အပြင်ပန်းတည်ငြိမ်မှုကိုထိန်းထားသော် လည်း အတွင်းပိုင်းတွင်တော့ အလွန်ပျော်မြူးနေသော ကြောင့် သီချင်းပင်ဆိုနေသေးသည်။

 

တီးလုံးများမပါသော်လည်း သူ(မ)သည် စိတ်အားထက် သန်စွာ သီဆိုနေဆဲပင်။

 

ထိူအရာသည် သီချင်းဆိုခြင်း၊ ကခုန်ခြင်း နှင့် သရုပ် ဆောင်ခြင်းတို့တွင် ဘက်စုံကျွမ်းကျင်သည့် ထိပ်တန်းစတညးတစ်ဦးအတွက် နားမုဒိန်းကျင့်ခံရသလိုပင်။

 

ကောင်းဟောင်သည် စာချုပ်ကိုကိုင်ရင်း ပြုံးပြီး "မစ္စကျီဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲ၊ ကျွန်တော် စစ် ဆေးထားသလောက်ဆို မစ္စ အရင်က ကြော်ငြာတွေကို အဓိကထားပြီးလုပ်ခဲ့တာလား"

 

"ကျမရဲ့ အရင်က အတွေ့အကြုံတွေကို မေ့လိုက်ပါ၊ အခု ကျမ လုပ်ချင်တာက အားစိုက်မှုနည်းရမယ်၊ လစာမြင့်ရုံနဲ့ မပင်ပန်းရဘူးဆိုတဲ့ အလုပ်"

 

ကောင်းဟောင် သူ့အပြုံးကိုဆက်ထိန်းမရတော့ချေ။

 

ချင်ကျောက်၏အမူအရာသည်လည်း မှန်းဆရန်ခက်ခဲလှသည်။

 

"နင်တို့ ငါ့ကိုဘာလို့ အဲ့လိုကြည့်နေရတာလဲ၊ ဒါ အလုပ် သမားတိုင်းရဲ့ အဓိက အိပ်မက်မဟုတ်လားည? နင်ပဲ ငါ့ကိုရွေးခိုင်းတာလေ၊ နင် ဆိုရင်ရော မလိုချင်ဘူးလား"

 

ကောင်းဟောင်သည် သူလည်းလိုချင်ခဲ့သည်ကို အမှတ်ရသွားသဖြင့် အံ့အားသင့်သွားသည်။

 

ချင်ကျောက်သည်တော့ ငွေဇွန်းကိုက်မွေးဖွားလာသည့် သခင်လေးဖြစ်သောကြောင့် ထိုခံစားချက်များကို နားမလည်နိုင်သော်လည်း ကျီဖေးနှင့် ငြင်းခုံဖို့ စိတ်မ၀င်စားချေ။

 

"ကောင်းပြီ၊ ကြိုးစားမှုနည်းရမယ်၊ လစာမြင့်ရမယ်၊ မပင်ပန်းရဘူး၊ ဒီစံနှုန်းတွေနဲ့ညီတဲ့ အလုပ်ကို ရှာပေး လိုက်" ချင်ကျောက်ပြောလိုက်သည်။

 

"အိုး အဆိုတော်လမ်းကြောင်းကိုတော့ မေ့ထားလိုက်"

 

ကျီဖေး : ?

 

ကောင်းဟောင် ချက်ချင်းဆိုသလို ကျွမ်းကျင်သည့် အပြုံးကိုတပ်လိုက်ပြီး "ကောင်းပြီ၊ ကိစ္စမရှိဘူး"

 

ချင်ကျောက်သည် ကိစ္စရပ်များပြေလည်သွားသဖြင့် စိတ်၀င်စားမှုများ ပျောက်ဆုံးသွားကာ "ဒါဆို ကျွန်တော်သွားတော့မယ်၊ ကျန်တာကို အစ်ကိုကောင်းနဲ့ပဲ လွှဲထားခဲ့မယ်"

 

ထို့နောက် သူ ကျီဖေးကိုကြည့်ကာ "ပြဿနာတစ်ခုခုရှိလား ?"

 

ကျီဖေးခေါင်းယမ်းလိုက်သည်။

 

[ကျစ် ကျစ် ကျစ် ဒီလို မှုန်မှိုင်းးနေတဲ့ မျက်နှာကိုကြည့်တာနဲ့ ချူရှင်းယွဲ့နဲ့ အဆက်အသွယ်မရလို့ ခံစားနေရတာဆိုတာ သေချာတယ်]

 

ချင်ကျောက် ကျီဖေးထံ မျက်စောင်းတစ်ခုသာပစ်လွှတ် လိုက်သည်။ သူ ငြင်းခုံဖို့ ပင်ပန်းလွန်းနေပြီဖြစ်သည်။ ထိုညပြီးထဲက သူ့ထံရှိသည့်စွမ်းအင်များကုန်သွားသလိုပင်။

 

[ချူရှင်းယွဲ့က နိုင်ငံခြားသွားဖို့ပြင်ဆင်နေတာ ငါသူ့ကိုပြောသင့်လား၊ ဟင့်အင်း… ဖိတ်ကျသွားတဲ့ နွားနို့ဆိုတာ ဘာမှအသုံးမ၀င်ဘူး၊ နောက်ကျမှရောက်လာတဲ့ အချစ်ဆိုတာလည်း မြက်ထက်တောင် စျေးပေါသေးတယ်၊ ဇနီးလေးနောက်ကို လိုက်ပိုးပန်းတဲ့ဒရာမာက လွယ်လွယ်နဲ့ဖြစ်နိုင်နဲ့ အရာတော့ မဟုတ်ဘူးလေ]

 

ချင်ကျောက် မျက်နှာများမည်းမှောင်လာပြီး အသက်ရှုများမြန်ဆန်လာသည်။

 

 သူ(မ) တကယ်ထွက်သွားတော့မှာလား ?

 

သူသည် ယခုရက်ပိုင်းအတွင်း ချူရှင်းယွဲ့ကိုမဆက်သွယ်နိုင်ရုံသာမက သူ(မ)၏ ကျောင်းကိုသွားသောအခါတွင်ပင်လည်း ရှာမတွေ့ခဲ့ချေ။

 

ထို့အပြင် ချူရှင်းယွဲ့၏သူငယ်ချင်းများနှင့်လည်း သူ မသိရှိခဲ့သောကြောင့် ကူကယ်ရာမဲ့ဖြစ်နေရပြီး သူ(မ)၏ ဆိုရှယ်မီဒီယာကိုသာ သတင်းအသစ်တက်မလား မျှော် လင့်ချက်ဖြင့် စောင့်ကြည့်နေရသည်။

 

သို့သော် ချူရှင်းယွဲ့သည် မကြာခဏ ပို့စ်တင်တက်သည့် သူမဟုတ်ချေ။

 

သူသာ သူ(မ)ကို အရင်မဆက်သွယ်နိုင်ပါက သူ့မှာနောင် တရဖို့ အခွင့်အရေးပင်မရှိပဲ ဤကမ္ဘာကနေပျောက်ကွယ်သွားခွင့်ပြုလိုက်ရတော့မည်။

 

သူ့အမှားကို သူမည်မျှနားလည်နေပြီဖြစ်ပါစေ  သူ(မ) သည်တော့ ပြန်မလှည့်ကြည့်ပါချေ။

 

နိုင်ငံရပ်ခြားကိုသာ ရောက်သွားရပါက မြို့တစ်မြို့တည်း အတူနေရသည်ထက် ပိုခက်ခဲပေမည်။

 

ချင်ကျောက်၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလာကာ ချက်ချင်းလှည့်ထွက်သွားခဲ့သည်။

 

သူ သူ(မ)ကျောင်းရှိ ဓာတ်ခွဲခန်း တံခါးအပြင်ဘက်တွင် နေ့ရောညပါ စောင့်နေလျှင် သူ(မ)ကို တွေ့ဖို့အခွင့်အရေးရလောက်သည်။ သူ့ထံ သူ(မ)ကို ပြောစရာအများကြီး ကျန်သေးသည်၊ သူ နောင်တမရချင်ပေ။

 

ကောင်းဟောင်သည် ချင်ကျောက်ထွက်သွားတော့မည်ကိုမြင်တော့  ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး "ဒီည ဝိုင်မြည်းဖို့ ပါတီတစ်ခုရှိသေးတယ်၊ မင်း..."

 

ချင်ကျောက်သည် တစ်ခုခုကိုသတိရသွားလိုမျိုး ခေတ္တရပ်တန့်သွားပြီး သူ့မျက်နှာ အေးစက်စွာဖြင့် "ဖျက်လိုက်တော့"

 

ကောင်းဟောင် မအံ့သြမိချေ။ ချင်ကျောက်သည် မကြာသေးမီက တစ်စုံတစ်ဦးကိုရှာဖွေရန် တက္ကသိုလ်ဆီသို့ နေ့တိုင်းသွားတက်ပြီး သူ့အလုပ် အားလုံးနီးပါးဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် သူ့အေးဂျင့်အနေနဲ့ ဖြစ်ပျက်ခဲ့သည်ကို သူ သိပေသည်။

 

ထိုသည်မှာ အားသာချက်လည်းရှိသလို အားနည်းချက်လည်း ရှိပေသည်။ ကောင်းသောအချက်မှာ ၎င်းသည် အဆုံးတွင် ဒုက္ခပေးတက်သည့် ချူရွှယ်ချီနှင့် ဆက်ဆံရန်ကို မလိုအပ်တော့ပေ။ သူသည် သူ(မ)၏ အေးဂျင့်မဟုတ်သော်လည်း သူ(မ) ရှာလာသည့် ပြဿနာများကို မကြာခဏရှင်းထုတ်ရကာ တွင်းနက်များထဲသို့မကျစေရန်လည်းကာကွယ်ရသည်။

 

အသစ် မစ္စကျီ၏အဆင့်အတန်းသည် မရိုးရှင်းသော် လည်း ချူရွှယ်ချီထက် ဆက်ဆံရသည်မှာ ပိုလွယ်ကူပုံရသည်။

 

ဆိုးရွားသည့်အချက်မှာ ငွေသစ်ပင်ကြီးသည် ငွေမရှာဘဲ အချစ်ကြောင့်ရုန်းကန်ခြင်းပင်။ ချင်ကျောက်ကဲ့သို့ စိတ် ကူးယဉ်ဆန်တက်သော တစ်ယောက်အတွက် ပြန်လည်ကောင်းမွန်ရန် အချိန်မည်မျှကြာမည်ကို မသိသော ကြောင့် ၎င်း၏အေးဂျင့်ဖြစ်သူ သူ ကိုယ်တိုင်လည်း ကူကယ်ရာမဲ့ဖြစ်နေရသည်။

 

ချင်ကျောက် ဝိုင်မြည်းစမ်းပွဲကို တက်မှာမဟုတ်ဘူးဆိုတာ သူ သိသည်။ အဘယ့်ကြောင်ဆို ထိုသည်မှာ မူလက ချူရွှယ်ချီအား လုပ်ငန်းများနှင့် ချိတ်ဆက်ရာတွင် ကူညီနိုင်ရန် ထိုဖိတ်ကြားချက်ကိုလက်ခံခဲ့ခြင်းဖြစ်သည်။ ယခုဆို ချင်ကျောက်သည် မလိုအပ်သောပြဿနာများအား ကိုယ်တိုင်သွားရောက်မရှာတော့ပေ။

 

ကောင်းဟောင်သည် ထိုပွဲကို အခွင့်ကောင်းယူဖို့ စိတ်ကူးရှိသဖြင့် "ကျီလောင်ရှစ်လည်း ဒီပွဲမှာ ပါတာအဆင်ပြေမယ်လို့ ထင်တယ်၊ အဲ့မှာ ပိုက်ဆံမရပေမဲ့ အနာဂတ်အ တွက် လမ်းခင်းသလိုဖြစ်လာလိမ့်မယ်၊ အတိအကျပြောရရင် ကျီလောင်ရှစ်က ကျွန်တော်တို့ စတူဒီယိုရဲ့လူသစ်တစ်ယောက်ဖြစ်တော့ ဒီအသိုင်းအဝိုင်းက လူတွေကိုသိထားဖို့လဲလိုတယ်၊ ဒီလိုမှ လူတွေက လောင်ရှစ်ကိုအလုပ်အတွက် အခွင့်အလမ်းတွေ ပိုပေးလာမှာပဲ မဟုတ်ရင် ကိုယ့်ကိုကိုယ်ပဲ အားကိုးရလိမ့်မယ်၊ အစက ကျီဖေးကို မင်းနဲ့အတူတူခေါ်သွားမလို့ပဲ ဒါပေမယ့် မင်း မလိုက်ချင်တော့ ငါ သူ့ကိုပဲ ခေါ်သွားလိုက်မယ်၊ အဲ့တာက မြို့ပြင်မှာဆိုတော့ ငါတို့ အပြင်မှာ ညအိပ်ဖို့လိုတယ်"

 

ချင်ကျောက် ကျီဖေးကို ကြည့်ကာ "ဒါ မင်း ဆုံးဖြတ်ရမဲ့ကိစ္စပဲ၊ အာ့ကောကို သတိပေးလိုက်ဦး၊ ငါမှာ လုပ်စရာတွေအများရှိတယ် မင်း သွားချင်ရင် ကောင်းကောလိုက် ပို့ပေးလိမ့်မယ်"

 

ကျီဖေး OK ဟု လက်ဟန်ပြလိုက်သည်။

 

ချင်ကျောက် ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။

 

ကျီဖေးသည် ကောင်းဟောင်ကို သိချင်စွာဖြင့် "ဘယ်မှာကျင်းပမှာလဲ ?"

 

ကောင်းဟောင် ပြုံးပြီး "Yunmu Hotelမှာပါ"

 

"ဒါ နည်းနည်းရင်းနှီးနေသလိုပဲ"

 

"ဒါပေါ့! ဒါက အရမ်းနာမည်ကြီးတဲ့ ဟိုတယ်ပဲလေ"

 

[အဲ့လို ရင်းနှီးတာ မဟုတ်သေးပါဘူး၊ အာ..  ဟုတ်သား ငါ မှတ်မိပြီ၊ ဟိုနေ့က ချူရှင်းယွဲ့ သုတေသန ပံ့ပိုးကူညီမှု အစီအစဉ်ကို share ထားတဲ့အထဲမှာ ကျင်းပမဲ့နေရာက အဲ့ဒီဟိုတယ်ပဲ]

 

ထိုစဉ် ကျယ်လောင်သော အသံကြီးထွက်လာသဖြင့် ကျီဖေးနှင့် ကောင်းဟောင်လန့်သွားကာ လှည့်ကြည့်လိုက်သည်။

 

ချင်ကျောက်သည် တံခါးအပြင်ဘက်တွင် ခြေတစ်လှမ်းရောက်နေပြီး သူတံခါးကို ပိတ်မိသောအခါတွင် သူ့ခြေ ထောက်ညပ်သွားသည်ကို မြင်လိုက်ရသည်။

 

ထိုအရာသည် သူ၏ထိပ်တန်းပုံရိပ်အတွက် ကို့ရို့ကားယားနိုင်လှသည်။

 

ကျီဖေး : Pfft!

 

ကောင်းဟောင်: ငါ ရယ်ချင်တာ ထိန်းထားမှဖြစ်မယ်။

 

"အဟမ်း! ကျောက် ဘာဖြစ်တာလဲ ?" ကောင်းဟောင် အံ့အားသင့်စွာ မေးလိုက်သည်။

 

"အိုး...ကျွန်တော် ယူဖို့ တစ်ခုခုမေ့သွားလို့"

 

ချင်ကျောက် သူ့နဖူးပေါ်တွင် နီရဲရဲဖြစ်သွားသည့် အမှတ်ကြီးကိုပွတ်သပ်လိုက်ရင်း ဆိုဖာဆီသို့ ပြန်လျှောက်လာပြီး သူ့မျက်လုံးများ ကျီဖေးဆီသို့ အဆက်မပြတ်စိုက်ကြည့်နေကာ အနည်းငယ်စိတ်ပျက်နေပုံပေါက်သည်။

 

ဆိုရှယ်မီဒီယာ ? ကျီဖေးက ချူရှင်းယွဲ့ရဲ့ဆိုရှယ်မီဒီယာညပို့စ်တွေကို တကယ်မြင်ရတာလား?

 

သူတို့ အချင်းချင်း ဘယ်အချိန်ထဲက အဆက်အသွယ်ရနေတာလဲ ?

 

သူ့အစ်မနှင့် အာ့ကောထံပင် ချူရှင်းယွဲ့အား ဆက်သွယ်ရန် အချက်အလက်မရှိချေ။ သူ့ညီမတွင် ရှိသော်လည်း သူ(မ) သူ့အတွက် စကားအနည်းငယ်ကူပြောပေးသော အခါတွင် block ခံလိုက်ရသည်။

 

ကျီဖေးမှာ ဘယ်လိုလုပ်ရှိနေတာလဲ ?!

 

သူ့ဘေးမှာ ဖြတ်လမ်းတစ်ခုရှိနေပေမဲ့ သူက မျက်စိကန်းနေခဲ့သည်။

 

ကျီဖေးသည် ချူရှင်းယွဲ့အားအစောပိုင်း အဝတ်အစားများငှားပေးသောအခါတွင် အဆက်အသွယ်အချက်အ လက်များဖလှယ်ခဲ့ကြသည်။ ကျီဖေးသည် ချူရှင်းယွဲ့နှင့် စကားစမြည်မစဖူးသောကြောင့် ချူရှင်းယွဲ့ သူ(မ)အား  block ရန်မေ့သွားခဲ့သည်။

 

ထို့အပြင် အစီအစဉ်လင့်ခ်ကိုလည်း သာမာန်မျှသာ မျှဝေထားသဖြင့် အခြားသူသတိပြုသွားဖို့ မမျှော်လင့်ထားပေ။

 

တစ်ချိန်တည်းမှာပဲ ကောင်းဟောင်သည် ကျီဖေးနှင့် ဟို တယ်‌အကြောင ဆက်ပြောလာပြီ "အဲ့နေရာက စားသောက်ဖို့၊ ဖျော်ဖြေရေးအတွက်နဲ့ နေရာထိုင်ခင်းတွေ အကုန်ပါ၀င်တဲ့ နေရာတစ်ခုပဲ၊ ကျီလောင်ရှစ် ဒါကိုအား လပ်ရက်အဖြစ် သဘောထားလို့ရတယ်၊ လုံး၀ ပင်ပန်းမှာ မဟုတ်ဘူး"

 

[ငါ သွားရမှာပေါ့၊ ချူရှင်းယွဲ့နဲ့ သူမရဲ့အတန်းဖော်တွေနဲ့ ဆရာတွေက လေ့လာ‌ရေးလုပ်ငန်းမှာ ထောက်ပံ့မဲ့သူ ရှာဖို့သွားမှာ‌ဆိုတော့ ဒီည အဲ့ဟိုတယ်မှာ တည်းဖို့သေချာသ လောက်ပဲ၊ ငါ သူ(မ)နဲ့တွေ့အောင် စီစဉ်နိုင်ရမယ်၊ ငါသူ့ကို တကယ်သဘောကျတာ၊ ချင်ကျောက် မသွားဖြစ်တာ ကံကောင်းတယ်ပြောရမယ် မဟုတ်ရင် ချူရှင်းယွဲ့နဲ့ တွေ့ဖို့ အခွင့်အရေးပိုများလိမ့်မယ်]

 

[ဟင်း~.... နင်တို့ကို မရီးက မကူညီနိုင်တာမဟုတ်ပါဘူး၊ နင်တို့နှစ်ယောက်က အစထဲကကို ခွဲခွာဖို့ကံကြမ္မာပါလာကြတာပဲ!]

 

ချင်ကျောက်:...