Ch 32
Viewers 545

 

🍉 Chapter 32

 

 

ကျီဖေးပြုံးလျက် "ချင်ကျောက်က ဒေါသတော့လျော့သွားပြီပဲ၊ ဒီနေရာမှာ ငါသာ မရှိရင် နင်တော့သွားပြီ"

 

ချောင်ရ ဆို့နင့်သွားကာ မျက်ရည်များပင် ရပ်တန့်သွားရသည်။ ကျီဖေး သူ့ဘက်ကကူပြောပေးဖို့မမျှော်လင့်ထားပေ။

 

သူပဲ ဒီကိစ္စ‌တွေကိုစတင်ခဲ့တာမဟုတ်ဖူးလား ? အခုမှ အသိတရားရသွားတာလား ?

 

သို့သော်တစ်စက္ကန့်ပင်မကြာ ကျီဖေးထပ်ပြောလာသည်ကို သူ(မ)ကြားလိုက်ရသည်။

 

"ချူရှင်းယွဲ့က အဲ့လိုလူမျိုးကိုဘယ်တော့မှ စိတ်ကူးမှာမဟုတ်ဘူးဆိုတာ ဦးနှောက်နဲ့မျက်လုံးပါတဲ့သူတိုင်းသိတယ်၊ ပြီးတော့ ချူရှင်းယွဲ့မှာ ထူးခြားတဲ့အာရုံခံနိုင်စွမ်းလည်းမရှိဘူးလေ၊ သူက နာမည်ကျော်စတားကိုကျော်ပြီး ရုပ်ဆိုးတဲ့ကောင်ကိုရွေးမှာမဟုတ်ဘူး၊ ပြီးတော့ သူက မက်ဆိုးချစ်လည်းမဟုတ်တော့ အဲ့လိုကြမ်းတမ်းတဲ့ယောက်ျားကိုရှောင်မှာ သေချာတယ်၊ အဲ့တာနဲ့တင် ချူရှင်းယွဲ့ နင့်ရည်းစားကိုယောင်လို့တောင် စိတ်ကူးမှာ မဟုတ်ဘူးဆိုတာ အသိသာကြီး"

 

" 'အသွင်တူမှ အိမ်သူဖြစ်တယ်' ဆိုတဲ့စကားအတိုင်းပဲ နင်နဲ့ နင့်ရဲ့ရည်းစားဟောင်းက မတူဘူးလို့ ငါ ယုံတယ်၊ နင့်ရည်းစားဟောင်းက တခြားယောက်ျားတွေက သူ့ကောင်မလေးကို အမြဲတမ်းခိုးယူချင်နေတာလို့ထင်တိုင်း နင်လည်း နင့်ကောင်လေးကို တစ်ခြားမိန်းကလေးတွေကို လုယူချင်နေတယ်လို့ ထင်လို့မရဘူးလေ၊ နင့်ရည်းစား ချီးစားတိုင်း နင်လည်း လိုက်စားရမယ်လို့ မဆိုလိုဘူး"

 

အဆုံးတွင် ချောင်ရတုန်လှုပ်သွားပြီး ခံစားချက်များမထိန်းနိုင်ကာ ငိုချလိုက်တော့သည်။

 

"ဟဲ့ နင် ဘာလို့ငိုနေတာလဲ၊ ငါ နင့်ဘက်ကပြောပေးနေတာလေ၊ မဟုတ်မှလွဲရော နင့်ခေါင်းထဲမှာ 'ရေ'တွေနဲ့ပြည့်နေလို့လား ? တကယ်ငိုရမဲ့သူက ချူရှင်းယွဲ့ လေ၊ သူက နင့်ကိုကူညီပေးခဲ့ပေမဲ့ ‌ပြန်ရလိုင်တာက အထင်လွဲတာနဲ့အဆုံးသတ်သွားတာပဲ၊ သူ အပြစ်ကင်းတယ်မဟုတ်ဖူးလား ?" ကျီဖေး ဓားများပစ်လွှတ်နေဆဲပင်။

 

သုတေသီသုံးဦးစလုံး အံ့အားသင့်သွားကြပြီး မထိန်းနိုင်ဘဲ ရယ်မောမိလိုက်သည်။

 

"မစ်ကျီ.... က တကယ်... ရိုးသားတာပဲ"

 

ကျီဖေး အပြစ်ကင်းစွာ ပခုံးတွန့်ပြလိုက်သည်။

 

"စိတ်ရှုပ်စရာတွေကို အခုလိုရှင်းပစ်ဖို့အတွက်ဆို ရိုးသားဖို့လိုတယ်၊ နင်တို့ရဲ့နှလုံးသားထဲမှာ ဆူးတွေချန်ထားရင် မကောင်းဘူး၊ သူနဲ့ ရင်းနှီးတဲ့ သူတစ်ယောက်‌ဆိုရင်ပြောဖို့ခက်ပေမဲ့ ငါ့လို သူစိမ်းအတွက်ကျတော့ကိစ္စမရှိဘူး။"

 

ထိုသို့သောလူအာ လှည့်ပတ်မနေသင့်ချေ။ ထို့ပြင် သီး သန့်ပြောခြင်းသည် ပိုဆိုးရွားသည်။ ချောင်ရ၏တစ် ကိုယ်တည်း စိတ်ကူးယဉ်ဆန်မှုများနှင့် ရယ်စရာကောင်းသော အတွေးများကိုတိုက်ရိုက် ထုတ်ပြလိုက်သည်မှာ အကောင်းဆုံးပင်။ ထိုအစား အေးအေးဆေးဆေးဖြေရှင်းပါက စိတ်ကူးယဉ်နေသည့်လူကို ထပ်မံအတွေးများ စေအောင်လုပ်လိုက်ခြင်းမှာ ၎င်းတို့၏အချစ်ကိုပံ့ပိုးပေးနေသလိုပင်။

 

ချောင်ရလည်း ထိုအတိုင်းဖြစ်မည်ကို သူ(မ)သိသည်။

 

"ချူရှင်းယွဲ့ နားလည်မှုလွဲစရာတွေဖြစ်ကုန်တော့မှာပဲ နင် ဘာလို့ နည်းနည်းလေးတောင်ဝင်မပြောရတာလဲ"

 

ချူရှင်းယွဲ့သည် သနားစရာကောင်းစွာငိုယိုနေသော ချောင်ရကို မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး ဖြည်း ညှင်းစွာပြောလိုက်သည်။

 

"နားလည်မှုလွဲတာ နင်နဲ့ နင့်ရည်းစားပဲ၊ နောက်ကျရင် အဲ့လိုကိစ္စတွေမရှိအောင် နင့်ရည်းစားကို ငါ့‌ ရှေ့ထပ်မပေါ် လာစေနဲ့၊ ငါ့မှာ နင့်ရည်းစားအတွက် ခံစားရတဲ့တစ်ခုတည်းသောအရာက ရွံတာပဲ၊ ဒါကြောင့် နင် စိတ်ချထားလို့ရတယ် "

 

ချူရှင်းယွဲ့ စကားများသည် ချောင်ရမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။

 

ချောင်ရသည် ရုတ်တရက်ကျောက်တုံး၏အောက်ခြေကန်မိလိုက်သကဲ့သို့ ဒေါသများမြင့်တတ်လာသည်။ ခန်ကျစ် အနည်းငယ်နားလည်မှုလွဲနေသည်ဟု သူ သံသ ယ၀င်မိခဲ့သော်လည်း ယခုလိုပြောဖို့အထိမလိုချေ။

 

ချူရှင်းယွဲ့ အမြင့်တွေရပ်ကာ သူ့အားမြက်တစ်ပင်အ လား အထင်သေးစွာကြည့်နေသည့်ပမာနှယ်။

 

"ရှင်းယွဲ့ နင် နားလည်မှုလွဲနေတာ၊ ဒါကို ငါတို့ ရှင်းပြနိုင်တယ်၊ ဘာလို့ နင်ဒီလောက်ပြောနိုင်ရက်တာလဲ၊ အပြင် လူတွေကို ငါ့ကို ဒီလိုလှောင်ပြောင်ပေးလိုက်တယ်ဆိုတော့ ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား"

 

"အခုချိန်ကစပြီးတော့ မဟုတ်တော့ဘူး၊ ငါ့ကို စော်ကားတဲ့ သူတွေနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး"

 

ချူရှင်းယွဲ့ မဆိုင်းမတွပြောလိုက်သည်။ သူ ဘဝအသစ် စတင်ချိန်မှစ၍ သူ့ ပထမဆုံးဦးစားပေးမှုသည် မိမိကိုယ်ကိုချစ်ရန်သာဖြစ်သည်။ သို့ဖြစ်ရာ ဘယ်သူ့ကိုမှ အလျှော့မပေးနိုင်ချေ။

 

ချောင်ရ မျက်နှာသည်အေးခဲသွားပြီး ငိုကာထွက်ပြေးသွားသည်။

 

၎င်းတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှုသည်ရုတ်ခြည်းအဆုံးသတ်သွားမည်ဟု မမျှော်လင့်ထားခဲ့ချေ။

 

ကျန်နေခဲ့သူများလည်း အဆင်မပြေလှပေ။

 

"ချောင်ရ အရမ်းလွန်သွားပေမယ့် ငါတို့က အဖွဲ့ဖြစ်နေတုန်းပဲ၊ ရှေ့လျှောက် ငါတို့ ဘယ်လိုလုပ်ကြမလဲ" တစ်စုံတစ်ယောက် ညည်းညူးလာသည်။

 

"မင်းတို့ရဲ့ သုတေသနပရောဂျက်မှာ သူ့နေရာက အစား ထိုးလို့မဘူးလား ?" ချင်ကျောက်မေးသည်။

 

"မဟုတ်ပါဘူး၊ သူက ကျွန်တော်တို့ရဲ့ လက်ထောက်လောက်ပဲ"

 

"ဒါဆို သူ့ကို ထုတ်လိုက်" ချင်ကျောက် အေးစက်စွာပြောသည်။ "ဒီလိုလူမျိုးက မင်းတို့ဆီကို ဒုက္ခတွေပဲယူလာလိမ့်မယ်"

 

“ဒါ…” လူတိုင်း ချီတုံချတုံ ဖြစ်နေကြသည်။ မည်သို့ပင်ဆိုစေ ၎င်းတို့အတူရှိလာကြသည်မှာ နှစ်တော်ကြာဖြစ် သည်။

 

 

ချင်ကျောက် စိတ်ထိန်းထားလိုက်သည်။ ရင်းနှီးမြုပ်နှံသူအနေဖြင့် ထိုသို့သောအရေးမပါသည့် တစ်စုံတစ်ဦးအ တွက် အချိန်မဖြန်းချင်ပေ။

 

သို့သော် ၎င်းသာ ချူရှင်းယွဲ့အား နှောင့်ယှက်လာပါက သူ သည်းခံမည်မဟုတ်ချေ။

 

ချင်ကျောက်သည် ရင်းနှီးမြုပ်နှံသူ၏အာဏာကို အသုံး ပြုရန် အမှန်ဆုံးနည်းလမ်းကိုရှာတွေ့သွားသည်။

 

ချင်ကျောက် သုတေသနပရောဂျက်အား ပြည်တွင်းတွင်သာဆက်လက်ထားရှိဖို့အတွက် ကောင်းကျိုးများကို ပါမောက္ခနှင့် ဆွေးနွေးရန်ဆုံးဖြတ်လိုက်သည်။

 

ချင်ကျောက်၏ တိုက်တွန်းမှုကြောင့် ၎င်းတို့လည်း ပါမောက္ခအား ဆက်သွယ်လိုက်သည်။ ပါမောက္ခသည် ယနေ့ တစ်နေ့လုံး ဤဟိုတယ်တွင် အနားယူမည်ဖြစ် ကြောင်းပြောလိုက်သည်။

 

ချင်ကျောက် လေးစားသည့်အနေဖြင့် မနက်ခင်းတွင် ပါမောက္ခထံ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။

 

အချိန်နောက်ကျနေသဖြင့် အားလုံးသည် အနားယူရန် တခြားအဆောက်ဦးတစ်ခုဆီသို့ လျှောက်သွားကြသည်။

 

လမ်းတစ်၀က်အရောက် ခန်ကျစ်နှင့် ငြင်းခုံနေသော ချောင်ရအားတွေ့လိုက်ရသည်။

 

၎င်းတို့အဝေးမှသာဖြစ်သောကြောင့် ၎င်းတို့စကားများကို ရှင်းရှင်းလင်းလင်း  မကြားရသော်လည်း ချောင်ရ၏ အသံကိုတော့ ကြားလိုက်သည်။

 

"ရှင့်ရဲ့ပါးစပ်ကြောင့် ရှင်းယွဲ့နဲ့ ကျွန်မစကားများခဲ့ရတာ၊  အခု အဖွဲ့ထဲမှာ ကျွန်မ ဘယ်လိုနေရမလဲ၊ သူတို့ပြောတာ မှန်တယ်၊ ရှင်က ကျွန်မကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ၊ ကျွန်မကို တစ်ယောက်တည်းသာ ထားခဲ့လိုက်ပါတော့၊ ကျွန်မတို့ လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ!"

 

ချောင်ရ စကားအပြီးတွင် အခြားသူများ၏အကြည့်ကို လျစ်လျူရှုကာ ငိုယိုပြီးပြေးထွက်သွားခဲ့သည်။

 

ခန်ကျစ်သည် သူ(မ)နောက်ကို လိုက်လာသောအခါ ၎င်းတို့အား တွေ့လိုက်ရသည်။

 

သူ၏ မျက်လုံးအစုံသည် နီရဲနေပြီး သူ့မျက်လုံးများသည် ချူရှင်းယွဲ့ထံ ခေတ္တရပ်တန့်ကွားကာ ၎င်းတို့အား စူးရှစွာကြည့်လိုက်သည်။

 

ချင်ကျောက်သည် ထိုအကြည့်ကြောင့် ချက်ချင်းဒေါသ ထွက်သွားရသည်။ သူ ရှေ့ကိုအလျင်စလို လျှောက်လာသော်လည်း ခန်ကျစ်မှာ လှည့်ထွက်သွားပြီဖြစ်သည်။

 

"မင်းတို့ ဒီရက်ပိုင်းသတိထားကြ၊ ဒီကောင်ကြည့်ရတာအန္တရာယ်များတယ်လို့ ထင်တယ်" ချင်ကျောက် သတိ ပေးလိုက်သည်။

 

"တကယ်တော့ ချောင်ရမရှိရင် ကျွန်တော်တို့ သူနဲ့အ ဆက်သွယ်လုပ်စရာ အကြောင်းမရှိဘူး"

 

"သွားကြရအောင်" ချူရှင်းယွဲ့သည် အခြားသူများ၏ အရေးကို စိတ်မဝင်စားဘဲ ဓာတ်လှေကားထဲသို့ လျှောက်သွားသည်။

 

အားလုံးဝင်ပြီးသည့်အခါ ဓာတ်လှေကားခလုတ်ကို နှိပ်သည့်လူသည် "မင်း ဘယ်ထပ်မှာနေတာလဲ ?"

 

ချင်ကျောက်က "ဆယ့်ခုနစ်ထပ်!"

 

အခြားသူများသည်လည်း "ဒီလောက်တောင် တိုက်ဆိုင်ရလား ?"

 

ချူရှင်းယွဲ့သည် ချင်ကျောက်ကိုမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး သူ(မ)၏မျက်လုံးများထဲ ငြင်းဆန်လိုစိတ်များ ပေါက်ဖွားလာသည်။

 

ချင်ကျောက်လည်း အပြစ်ရှိသလိုခံစားလိုက်ရသည်။ ဒါပေါ့ သူ ကြိုတင်စုံစမ်းထားတော့ တိုက်ဆိုင်တာဖြစ်သင့်တာပဲ။ သူ ခေါင်းသာညိတ်လိုက်ပြီး “ဟုတ်တယ်၊ အဲ့အထပ်မှာပဲ အခန်းတွေကျန်တော့လို့လေ”

 

တခြားသူသည် ကျီဖေးကိုလည်း မေးသည့်အခါ သူ ပြန်စဉ်းစားနေချိန် ချင်ကျောက်ကြားဖြတ်ပြောလိုက်သည်။

 

"အတူတူပဲ"

 

ချင်ကျောက်စိတ်ထဲ အကြံအနည်းငယ်ရှိသည်။ ကျီဖေး သည်လည်း တစ်ထပ်တည်းတွင်နေပါက ချူရှင်းယွဲ့ သူ့အပေါ်ထားရှိသည့် မနှစ်မျိုးမှုများလျော့ပါးသွားနိုင် သည်။

 

လူတိုင်းအံ့ဩသွားကြသည်၊ ဒီ‌လောက်တောင် တိုက်ဆိုင်တာလား?

 

ကျီဖေး: ?

 

ကျီဖေး ချင်ကျောက်အား မျက်ခုံးပင့်ကြည့်လိုက်သည်။

 

ချင်ကျောက်သည် ကျီဖေးငြင်းမည်ကို စိုးရိမ်သော ကြောင့် သူ့ဖုန်းကို ထုတ်လိုက်ကာစာရိုက်လိုက်သည်။

 

"အာ့စောင်.. ကောင်းကောက အခန်းမှာပြဿနာသေးသေးလေးရှိလို့ 17 ထပ်ကို ယာယီပြောင်းလိုက်တာ"

 

ထို့နောက် ဖုန်းအား ကျီဖေး၏မျက်စိရှေ့သို့တွန်းပြလိုက်သည်။

 

ထိုသည်မှာ ငွေလွှဲထားသည့်ပြေစာပင်။

 

ငါးသိန်း!

 

ဒင်! ငွေပေးငွေယူ အောင်မြင်ပါပြီ!!!

 

သူ့ ဒုတိယအစ်ကိုပြောဖူးသည်မှာ ကျီဖေးသည် ပိုက်ဆံကိုအလွန်နှစ်သက်သည်ဟူ၍ပင်။ ထိုအရာကို အခွင့် ကောင်းယူရမည်ဖြစ်သည်။

 

အမှန်တွင် ချင်ရှန်းပြောခဲ့သည်မှာ ကျီဖေးသည် ပိုက်ဆံကိုကြိုက်သောကြောင့် ကျေးဇူးတင်ကြောင်းပြသသည့်အချိန် စာအိပ်နီတစ်အိတ်သာပေးရန်လိုသာအပ်သည်ဟူ၍ပင်။

 

သူ မျှော်လင့်ထားသလိုပင် ကျီဖေးပြောသည်ကိုကြား လိုက်ရသည်။

 

"တိုက်ဆိုင်လိုက်တာ၊ ဟားဟား ကျမလည်း 17 ထပ်မှာနေတာ၊ ရှင်တို့လည်း ဒီမှာနေမယ်လို့ မမျှော်လင့်ထားဘူး၊ ကျမတို့အားလုံးက ရင်းနှီးပြီးသားဆိုတော့ ညစာအတူတူစားကြရအောင်လေ"

 

ချင်ကျောက် သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ကျီဖေး၏ဟားတိုက်ရယ်သံကို ကြားလိုက်ရသည်။

 

【 ဘယ်လောက်တောင် ကံကောင်းလိုက်လဲ ဟားဟားဟားဟား ငါ အစထဲက 17 ထပ်မှာနေမယ်လို့ စိတ်ကူးထားတာ၊ ဒီလိုဇနီးလေးကိုပိုးပန်းတဲ့ ဒရာမာကို အနီးကပ် ကြည့်ပြီးမှတော့ ငါ ပြန်ရောက်ရင်တော့ အိပ်ပျော်မှာမဟုတ်တော့ဘူး၊ အခု ဒီကိစ္စကိုအခွင့်ကောင်းယူပြီး ငါလေး အင်နိုးဆန့်လေးလိုဟန်ဆောင်လို့ရပြီ ဟ ဟားဟား…】

 

ချင်ကျောက် အသက်ရှုပင်ကြပ်လာကာ ဆန်တက်လာသောသွေးများကို ပါးစပ်ထဲမျိုချလိုက်ရသည်။ သူ ဘယ် လိုလုက် အတင်းအဖျင်း တအားကြိုက်တဲ့ ကျီဖေးရဲ့အကျင့်ကို မေ့သွားရတာလဲ...

 

ဓာတ်လှေကားတံခါးများဖြည်းညှင်းစွာပိတ်သွားချိန် ခန်းမထောင့်မှ လူတစ်ယောက်ထွက်လာသည်။ သူသည် ၎င်းတို့၏ဓာတ်လှေကားကို စူးစိုက်ကြည့်နေကာ 17 ထပ်တွင် ရပ်သွားသည်အထိ ထုံထိုင်းစွာရပ်ကြည့်နေခဲ့သည်။