Ch 33
Viewers 563

🍉 Chapter 33

 

 

ချင်ကျောက်သည် ‌သူလိမ်ထားသမျှ မပေါ်သွားစေရန် အခြားသုတေသီ အမျိုးသားနှစ်ဦးနှင့် ပေါ့ပေါ့ပါးပါးစကားဆိုကာ ညပိုင်းတွင်မုန့်စားရင် ကဒ်ကစားရန် ဖိတ်ခေါ်လာသည်။ ချူရှင်းယွဲ့သည် သူ့အစီအစဥ်များ‌နောက်မလိုက်ပဲ အခန်းထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။

 

အခြားသူများသည် ချင်ကျောက်မှာ ချူရှင်းယွဲ့နှင့် အချိန်ပိုရရန် ဆင်ခြေရှာနေမှန်း ကောင်းကောင်းသိသောကြောင်ြ အကြည့်ချင်းဖလှယ််မိကြသည်။

 

အဓိကဇာတ်လိုက်မင်းသမီး ထွက်သွားသဖြင့် သူတို့လည်း ကိုယ့်အခန်းကိုယ် ပြန်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

 

မမျှော်လင့်စွာ ချင်ကျောက်သည် လူတိုင်းကို မုန့်အတူတူစားရန် ဖိတ်ခေါ်ဆဲပင်။

 

သုတေသီသုံးဦးသည် အတော်လေးကို အံ့အားသင့်သွားခဲ့ပြီး မူလတွင် ယဉ်ကျေးစွာ ငြင်းဆိုဖို့ စီစဉ်ခဲ့တာပင်။

 

"ကျနော် ခင်ဗျားတို့နဲ့ပိုရင်းနှီးချင်လို့ပါ"

 

[လွန်ခဲ့တဲ့နှစ်တွေက သူက စေ့စပ်ထားတဲ့လူတစ်ယောက်အနေနဲ့ တာဝန်ပျက်ကွက်ခဲ့သလို သူ့သူငယ်ချင်းတွေနဲ့လည်း ရင်းနှီးဖို့မဖြစ်နိုင်ခဲ့ဘူး... ဟင်း~ နောက်မှရတဲ့ အသိကတော့ အမြဲတမ်း 20/20ပဲ] 

 

ကျီဖေးသည် လောလောဆယ် သွားစရာနေရာမရှိပဲ အားယားနေသောကြောင့် ချင်ကျောက်အတွေးများကို ကြည့်လိုက်မိသောအခါ မလှောင်ပြောင်ပဲမနေနိုင်ချေ။ 

 

ချင်ကျောက်၏အပြုံးသည် သူ(မ)အတွေးများကြောင့် တောင့်တင်းသွားသည်။

 

ချူရှင်းယွဲ့သည် အခန်းသို့ပြန်ရောက်ပြီးသည်နှင့် ချင်ကျောက်နှင့် ကိုယ်ရေးကိုယ်တာ မပတ်သက်လိုကြောင်း ပြတ်ပြတ်သားသားပြောထားသောကြောင့် ၎င်းတို့ အံ့ဩသွားကြသည်။ ၎င်းတို့အထင်တွင် သူတို့နှစ်ယောက်သည် အလွန်လိုက်ဖက်သလို စေ့စပ်ထားသူများလည်းဖြစ်သောကြောင့် ချူရှင်းယွဲ့အား အခက်မကြုံစေချင်သလို ဒေါသလည်းမထွက်စေချင်ပေ။

 

ကြင်နာတတ်သည်မှာ ကောင်းသောအရာဖြစ်သော်လည်း အခြားသူများအား ကိုယ့်ကြောင့်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေအောင် အတင်းအကျပ် မလုပ်သင့်ပေ။

 

ချင်ကျောက်သည် ၎င်းတို့၏တုံ့ဆိုင်းနေသော အမူအရာကိုမြင်ချိန် ဆင်ခြေကို အမြန်ပြောင်းလိုက်ပြီး "ကျနော် အဖွဲ့သားတွေနဲ့ တကယ်ရင်းနှီးချင်လို့ပါ၊ ဒါမှ နောက် ပိုင်းမှာ ရင်းနှီးမြှုပ်နှံတာအတွက် အသေးစိတ်အချက်အ လက်တွေ လမ်းညွှန်ပေးလို့ရမှာလေ"

 

၎င်းသည် အကြောင်းပြချက် တစ်ခုသာဖြစ်နိုင်သော် လည်း ၎င်းတို့သာငြင်းဆိုပါက ရင်းနှီးမြှုပ်နှံသူကိုစော် ကားလိုက်သလိုပင်။

 

ထို့ကြောင့် ၎င်းတို့သည် တိတ်တဆိတ်သာ သဘောတူလိုက်ပြီး အမျိုးသား သုတေသီတစ်ယောက်၏အခန်းတွင် မုန့်စားကြသည်။

 

ချင်ကျောက်သည် လူတိုင်းအတွက် မုန့်များကိုမှာထားကာ သူ၏အရှိန်အဝါများကိုလျှော့ချလိုက်ပြီး အကွာအ ဝေးများကို ချက်ချင်းဖယ်ရှားလိုက်ကာ ရင်းရင်းနှီးနှီးနေလိုက်သည်။ ၎င်းတို့သည် ချင်ကျောက်ကို ဓာတ်ပုံရိုက်လို့ရမလားပင် မေးခဲ့သည်။ ၎င်းတို့သည် ချင်ကျောက်၏ ပရိသတ်များ မဟုတ်သော်လည်း သူသည် ထိပ်တန်းစတားတစ်ယောက်ဖြစ်သောကြောင့် သူ့ဓာတ်ပုံများကိုသာ လိုင်းပေါ်တင်ပါက Like များနှင့် ချီးကျူးမှုများ အများအပြားရမည်မှာ သေချာပေါက်ပင်။

 

မကြာခင် ချင်ကျောက်သည် ကောင်းကောကိုဆက်သွယ်ပြီး ဤထပ်တွင်အခန်းနှစ်ခန်း စီစဉ်ပေးရန်တောင်းဆိုလိုက်သည်။

 

ချင်ကျောက်သည် ချူရှင်းယွဲ့၏အနီးနားရှိ အခန်းကို ပါးနပ်စွာရွေးချယ်ခဲ့သည်။

 

အဆုံးတွင် ကောင်းကောနှင့် ရှောင်းထောင်သည်လိမ် လည်မှုကိုဖုံးကွယ်ရန် ရောက်ရှိလာကြသည်။

 

သို့သော် ကောင်းကောသည် ချင်ကျောက်အား သီးသန့်စကားပြောရန်ဘေးသို့ဆွဲခေါ်သွားသည်။ ချင်ကျောက်သည် ထိုသည်မှာ ချူရွှယ်ချီနှင့် ပတ်သက်သည့် ကိစ္စဖြစ်နိုင်သောကြောင့် နောက်ထပ် ဘာမှမကြားချင်တော့ကြောင်း ပွင့်လင်းစွာထုတ်ဖော်ခဲ့သည်။

 

ချင်ကျောက်၏သဘောထားသည် ပြတ်သားလှသော ကြောင့် ကောဟောင်သည် ချက်ချင်းအချက်ပြကာ ချူရွှယ်ချီအား ယခင်ကပေးထားသည့် အရင်းအမြစ်အားလုံးကိုဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်။

 

ချင်ကျောက်သည် ကျီဖေးဘက်သို့ချဉ်းကပ်သွားချိန်တွင် သူ(မ)သည် ရှောင်းထောင်နှင့် ပျော်ရွှင်စွာအသား ကင်စားနေသဖြင့် သူ့အသံကိုနှိမ့်ချလိုက်ကာ "ခဏနေ ကျရင် ရှင်းယွဲ့ ကို စားစရာတစ်ခုခုသွားပေးမလို့ ငါနဲ့လိုက်ခဲ့ပေး"

 

သူတစ်ယောက်တည်းမသွားရဲလို့ ငါ့ကိုကြားခံအနေနဲ့ သုံးချင်နေတာလား ?

 

ကျီဖေး မဆိုင်းမတွ ငြင်းဆန်လိုက်သည်။

 

သူ ချင်ကျောက်နှင့် ချူရှင်းယွဲ့အား အောင်သွယ်ရန်ဘယ်တုန်းကမှ မစဉ်းစားခဲ့ချေ။

 

ချင်ကျောက်အံကြိတ်ကာ "ဒါပေမယ့် ငါ မင်းဆီ ယွမ်ငါးသိန်းလွှဲပေးထားတယ်လေ၊ ပိုက်ဆံတောင် အခုမှပူပူ နွေးနွေးပဲရှိဦးမယ်"

 

"တစ်ကြိမ်ကိုကိစ္စတစ်ခုပဲ၊ ဒီ့အတွက် တစ်ခြားအခကြေး ငွေလိုတယ်"

 

ချင်ကျောက်သည် ကျီဖေးမှာအရှက်မရှိ သူ့ပိုက်ဆံများကိုယူချင်နေသလို ယခုလိုအရောင်းအ၀ယ်မျိုးပါလုပ်လာသဖြင့် မယုံနိုင်လောက်အောင်အံ့အားသင့်သွားရသည်။

 

နောက်ဆုံးတွင် ချင်‌ကျောက်သည် ငွေလွှဲပေးရန်မှအပအခြားနည်းလမ်းရှိတော့ချေ။

 

"ငါ့အထင် အေးဆေးတည်ငြိမ်တဲ့ တုံ့ပြန်မှုတစ်ခုဖန်တီးနေသလို ခံစားရတယ်"

 

အကူအညီလိုတဲ့လူတိုင်းကို သူ ပိုက်ဆံပေးပြီးကူညီနေ ကျပဲလေ။

 

ကျီဖေး ပြုံးပြီး ပိုက်ဆံကိုလက်ခံလိုက်သည်။

 

 

[ဒါကြောင့် ဒီလိုတဲ့ဖြုန်းတီးတဲ့သားက ပိုက်ဆံအတွက် တကယ်ပြန်လာခဲ့တယ်လို့ ပြောတာပဲ၊ ဒါပေမယ့် သူက ငတုံးလား ? ဒီမှာ သူနဲ့အတူအဖော်လိုက်ဖို့ ငါ့အပြင်တစ်ခြားသူတွေလည်းရှိတာပဲလေ၊ ငါ့ထက်စာရင် သူတို့က တောင် ပိုအဆင်ပြေဦးမယ်၊ သူတို့သာဆို လွယ်လွယ်လေးသဘောတူလိုက်မှာပေမဲ့ အခုတော့ ငါ့အတွက် ကောင်းကင်ပေါ်ကပြုတ်ကျလာတဲ့ ပိုင်မုန့်ကြီးပဲ၊ ငါ ဒရမ်မာကြည့်ရင်း ပိုက်ဆံရသွားတာပေါ့၊ ဟားဟား ငါတော့ ဒီစန်းတိတိကို ပိုပိုသဘောကျလာပြီ။]

 

ချင်ကျောက် သူ့၏အတွေးများကြောင့် တောင့်တင်းသွားရသည်။ ဟုတ်သား သူ ဘာလို့တစ်ခြားသူတွေအစား ကျီဖေးကို အတင်းခေါ်ရတာလဲ? ကျီဖေးကို သူ့မိသားစုရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆလို့များ ဒီလောက်ထိအ လေးအနက်ဖြစ်နေတာလား ?"

 

သူဖြစ်နိုင်ချေကိုတွေးရင်း ချွေးများပင်စို့လာရသည်။

 

ထားလိုက်တော့… တစ်ယောက်ယောက်လိုက်လာသရွေ့ အဆင်ပြေတာပဲ။

 

ကျီဖေးသည် ချူရှင်းယွဲ့အတွက် အစားအစာအချို့ကို စတင်အကြံပြုလိုက်သည်။  "ခရမ်းသီးကင်က တော် တော်ကောင်းတယ်"

 

"သူ ခရမ်းသီးမစားဘူး" ချင်ကျောက် ပြန်ဖြေသည်။

 

ကျီဖေး အံ့သြသွားပြီး "မင်း သူ့အကြိုက်တွေကို မှတ်မိသေးတာလား"

 

"အင်း" ချင်ကျောက် ထိုအရာကိုကြီးကြီးမားမားကိစ္စမဟုတ်ဟုထင်သည်။

 

ကျီဖေး အနည်းငယ်အံ့သြသွားသည်။ အဆုံးတွင် ၎င်းတို့၏ဆက်ဆံရေးသည် အလွန်ဝေးကွာနေပြီဖြစ်သော် လညိး ချင်ကျောက်သည့် ချူရွှယ်ချီနှင့်ပတ်သက်သည့် အရာအားလုံးကိုမှတ်မိနေမည်ဟု သူ(မ) မထင်ခဲ့ပေ။

 

နှစ်ယောက်သား ချူရှင်းယွဲ့၏အခန်းသို့ရောက်လာပြီး ချင်ကျောက်သည် တံခါးကိုစတင်ခေါက်လိုက်သည်။

 

မကြာခင်တွင် ချူရှင်းယွဲ့၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။ "ဘယ်သူလဲ ?"

 

ချင်ကျောက်က "ကိုယ်နဲ့ မရီးပါ၊ မင်းအတွက် မုန့်ယူလာပေးတာ"

 

အထဲမှာ ခဏတိတ်ဆိတ်သွားသဖြင်ြ ချူရှင်းယွဲ့၏တုံ့ဆိုင်းမှုကို ထင်ရှားစွာပြသနေသည်။ ခဏအကြာတွင်  တံခါးဖွင့်လာသည်။

 

သို့သော် တံခါးဖွင့်လိုက်သည်နှင့် ချူရှင်းယွဲ့သည် ကျီဖေးဆီကို လှမ်းကြည့်လိုက်ကာ သူ့အသံသည် သိသိသာသာနွေးထွေးလှသည်။

 

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျမ ညနက်ရင် ဘာမှမစားဘူး၊ ဒါကြောင့် ဖြုန်းတီးနေစရာမလိုပါဘူး"

 

ချူရှင်းယွဲ့ တံခါးဝတွင် ရပ်နေသောကြောင့် သူတို့အား အထဲသို့ ဖိတ်ရန်ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားသည်။

 

ချူရှင်းယွဲ့သည် အမှန်တကယ် သတိကြီးကြီးကြီးထား နေကြောင်း ကျီဖေးချက်ချင်းနားလည်လိုက်သည်။

 

ချင်ကျောက် ဘာမှမပြောခင် ချူရှင်းယွဲ့က ရုတ်တရက် "စကားမစပ် ကျီကျဲ"

 

ကျီဖေးအံ့အားသင့်သွားပြီး ချူရှင်းယွဲ့၏ပြောဆိုပုံသည် ပိုရင်းနှီးလာသလို ခံစားမိသည်။

 

"ချောင်ရနဲ့ ကိစ္စအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကျေးဇူးကို ကျမ မှတ်မိနေမှာပါ၊ နောင်ကျ ကျမ ကူညီနိုင်တာ ရှိရင် တစ်ခုခုရှိရင် အသိပေးပါ"

 

 á€žá€°(မ) ကျီဖေးကို အမှန်တကယ်ကျေးဇူးတင်ကြောင်း ဖော်ပြရင်း တည်ငြိမ်အေးချမ်းသောအပြုံးဖြင့် အဆုံး သတ်လိုက်သည်။

 

အကယ်၍ကျီဖေးသာ ချောင်ရနှင့် ခန်ကျစ်တို့၏ ကိစ္စကို မပြောခဲ့ပါက ချူရှင်းယွဲ့ မသိမြဲဖြစ်နေဦးမည်။ သူ ကျီဖေးကိုကျေးဇူးတင်စကားပြောချင်သော်လည်း ချင်ကျောက်ကြောင့် ရပ်တန့်လိုက်ရသည်။ ယခုအခြေအနေကိုအသုံးချကာ ကျေးဇူးတင်စကား‌ပြောရန်လုပ်လိုက်သည်။

 

ကျီဖေးက သူမလက်ကိုဝှေ့ယမ်းရင်း "ဒါက အသေးအဖွဲကိစ္စပဲလေ၊ အဲဒါက သူတို့ရဲ့မျက်နှာအစစ်အမှန်ကို သိရတာတော်တော်ကံကောင်းတယ်၊ မဟုတ်ရင် နင့်ကို ပစ်မှတ်ထားလာလိမ့်မယ်။"

 

ချူရှင်းယွဲ့ ထိုကြိုတင်သတိပေးချက်ကြောင့် မျက်မှောင် ကြုတ်လိုက်သည်။

 

"သူ့ ကြည့်ရတာ သနားစရာလေးဆိုတော့၊ ကျမ မမျှော် လင့်ထားဘူး... အခုတော့ မှားသွားတာပဲ"

 

"ရှေးခေတ်ပညာတွေအရ 'သနားစရာအကောင်းဆုံးလူက သနားစရာအကောင်းတဲ့ ဘက်ခြမ်းရှိရမယ်တဲ့" ကျီဖေး သက်ပြင်းချလိုက်သည်။

 

ချင်ကျောက်သည် ကျီဖေးတွေးခဲ့သော အတွေးများကို ပြန်သတိရသွားကာ အံ့ကိုတင်းတင်းကြိတ်ပြီး "ချောင်ရဆိုတဲ့ မိန်းကလေးကအရမ်းဆိုးလွန်းတယ်၊ မင်းရဲ့ကြင် နာမှုကို ဖြုန်းတီးနေတာပဲ၊ ပြီးတော့ မင်း ဘာအမှားမှမလုပ်ခဲ့ဘူး"

 

"တကယ်တော့ တို့ အမှားလုပ်မိတာလေ"

 

ကျီဖေးက ပန်းကန်ထဲက အသားကင်တစ်ပိုင်းကို ကောက်ကိုင်လိုက်ပြီး သူ စကားပြောရင်းစားလိုက်သည်။

 

ချင်ကျောက် "ဟေး!"

 

ချူရှင်းယွဲ့ ကျီဖေးဆီသို့လှမ်းကြည့်သည်။

 

"သူ့ကို ရည်းစားနဲ့ လမ်းခွဲဖို့ အကြံပေးတုန်းက သဘော တူခဲ့ပေမဲ့ ပြန်တွဲခဲ့တယ်ဆိုတော့ သူ့ကြည့်ရတာ အကြံဥာဏ်တွေကို နားထောင်တတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာ အသိသာကြီးပဲ၊ အဲဒီအချိန်မှာ သူ့ကိုဆွဲဆောင်ဖို့ ထပ်ခါတလဲလဲကြိုးစားနေမယ့်အစား သူ့အချစ်ရေးကိစ္စတွေကို အပြီးရှောင်လိုက်သင့်တယ်၊ တစ်ချို့လူတွေက လမ်းညွှန်မှုတွေလိုအပ်ပေမဲ့ တခြားလူတွေကတော့ မထိုက်တန်ဘူး၊ နောက်ဆုံး သူတို့ရဲ့ကံ့အကျိုးပေးနောက်ကို လိုက်သွားရမှာပဲ"

 

ချူရှင်းယွဲ့ ခဏလောက် အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြကာ "ကျဲ ပြောတာအမှန်ပဲ"

 

ချင်ကျောက်သည် ရုတ်တရက်ပြောင်းလဲသွားသော သူ့မရီးကို ကြည့်ရင်း အနည်းငယ်အံ့သြသွားခဲ့သည်။ ကျီဖေးသည် တခြားသူများ၏ဘဝကို မြင်နိုင်စွမ်းရှိသွားသဖြင့် ပိုထက်မြက်လာပုံပေါ်သည်။

 

ဟင့်အင်း အဲ့လိုမဟုတ်ဘူး။ ဉာဏ်ပညာရှိတဲ့သူက ဘယ်လိုလုပ် ငွေမက်မှာလဲ ?

 

 

ထိုစဉ် ကျီဖေးသည် တောက်ပသည့်အပြုံးကို ထုတ်ပြလာပြီး "ငါ့လိုပဲပေါ့! ပုံမှန်ဆို ဘယ်သူ့ကိုမှလမ်းခွဲဖို့ဖြစ်ဖြစ် အတူတူနေဖို့ ဘယ်တုန်းကမှမအကြံပေးခဲ့ဘူး!"

 

ချူရှင်းယွဲ့သည် သူ(မ)၏စကားများတွင် အဓိပ္ပါယ်သက်ရောက်သော စကားကြောင့် ခေတ္တရပ်ပြီးရယ်မောကာ "ဟုတ်တယ်၊ ကျီကျဲဆီကနေ သင်ရတော့မယ်"

 

ကျီဖေး ပြုံးပြီးလက်ဝှေ့ယမ်းကာ ပြန်သွားလိုက်သည်။

 

ချူရှင်းယွဲ့သည် ချင်ကျောက်ကိုမကြည့်ဘဲ ခပ်တိုးတိုးရေရွတ်ကာ တံခါးကိုပိတ်လိုကိသည်။

 

"အင်း၊ ကျွန်မ အနားယူဖို့လိုနေပြီ"

 

"ခဏလေး!" ချင်ကျောက်ထိတ်လန့်သွားပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ကို တံခါးလက်ကိုင်အား ဆုပ်ကိုင်လိုက်သောအခါ သူ(မ)လက်နှင့်ထိခတ်သွားသည်။

 

ချူရှင်းယွဲ့လန့်သွားပြီး တံခါးလက်ကိုင်ကိုအမြန်လွှတ် လိုက်သည်။

 

သို့သော် ချူရှင်းယွဲ့တံခါးကို နောက်တစ်ကြိမ်မပိတ်မီတွင် အခွင့်ကောင်းယူကာ သူ့လက်ဖြင့်ဖွင့်ထားပြီးဖြစ် သည်။

 

"ရှင်းယွဲ့ ငါ နင့်ကိုပြောစရာရှိတယ်!"

 

ချင်ကျောက်၏လေသံသည်  သူ(မ)ကို လေးလေးနက်နက် စိုက်ကြည့်နေရင်း အရေးတကြီးဖြစ်နေသည်။

 

ချူရှင်းယွဲ့သည် ချင်ကျောက်ထံမှ မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ရောင်ဝါတစ်ခုဖြာထွက်နေသလိုပင်။ ထိုအရာသည် သူ(မ)အား ဖိနှိပ်ခံနေသကဲ့သို့ ခံစားလိုက်ရကာ သူ(မ)၏ခန္ဓာကိုယ်အား မသက်မသာဖြစ်စေသည်။

 

သူ(မ) မျက်မှောင်ကြုတ်ကာ သူ့အကြည့်ကိုပြန်စိုက်ကြည့်လိုက်ချိန် သူ့မျက်လုံးများသည် အေးစက်နေပြီး လျစ်လျူရှုမှုများ ပြည့်နှံနေသောကြောင့် ချင်ကျောက် ၏နှလုံးသားအား တဖန်နာကျင်စေသွားသော်လည်း သူ ခေါင်းမာမာဖြင့် နောက်ပြန်ဆုတ်ရန်ငြင်းဆန်ခဲ့သည်။

 

[ကျစ် ကျစ် ကျစ်၊ အဲ့လို အဆက်မပြတ် နှောင့်ယှက်တဲ့ ဗျူဟာက ချူရှင်းယွဲကိုအလုပ်ဖြစ်မှာမဟုတ်ဘူး ငတုံးရဲ့]

 

ချင်ကျောက်အံ့အားသင့်သွားသည်။ ကျီဖေး ထွက်သွားပြီဖြစ်သော်လည်း သူ(မ)အတွေးများကိုကြားနိုင်နေဆဲပင်။

 

သူ့မျက်လုံးထောင့်မှ တစ်ဖက်ခန်းရှိ တံခါးသည် ခက်ကျယ်ကျယ်ဖွင့်ထားခံရပြီး ကြားမှအရိပ်များကိုမြင်လိုက်ရသည်။

 

သိသာထင်ရှားစွာပင် ထိုနေရာတွင် ဒရာမာကြည့်ရန် လူတစ်စုရောက်ရှိနေခြင်းဖြစ်သည်။

 

မည်သို့ပင်ဖြစိစေ သူသည် ချူရှင်းယွဲ့နှင့် စကားပြောရန် ရှားပါသော အခွင့်အရေးကိုလက်လွတ်မည်မဟုတ်ပေ။

 

ချင်ကျောက် နှုတ်ဟတော့မည့်အချိန် ကျီဖေး၏ထပ်မံလှောင်ပြောင်သံကို ကြားသော်လည်း

 

[တကယ်တော့ အခွင့်အရေးမရှိဘူးလို့ကို ငါ ထင်တယ်]

 

ချင်ကျောက် : ဟင့်အင်း! သူကဖြင့် စတောင်မစရသေးဘူးလေ၊ အရမ်းအဆိုးမြင်လွန်းမနေနဲ့"

 

[အတိတ်က နာကျင်စရာတွေကိုပျောက်ကွယ်သွားအောင် နှိမ့်ချပြနေရုံလောက်နဲ့ မလုံလောက်ဘူး၊ အခု ချူရှင်းယွဲ့က ချင်ကျောက်ပြောလာမဲ့ စကားကိုစောင့်နေပြီး အရာအားလုံးအဆုံးသတ်ဖို့လုပ်နေတာပဲ ဒီတစ်ခေါက် ချင်ကျောက်တောင် ကောင်းကောင်းမပြောနိုင်ရင် သူတော့ပြီးပြီပဲ]

 

ချင်ကျောက် ချက်ချင်းပင် ထိတ်လန့်သွားပြီး ချူရှင်းယွဲ့၏အေးစက်နေသောမျက်နှာကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေသည်။ သူသည် သိပ်မချောမွေ့မည်ကို  မှန်းဆထားသော်လည်း မျှော်လင့်ချက်လုံးဝနီးပါးမရှိဟုမမျှော်လင့်ထားချေ။

 

ထိုသည်မှာ တရားစီရင်ချက်မချမီ သေဒဏ်ကျခံရသော အကျဉ်းသားတစ်ဦး၏ နောက်ဆုံးရုန်းကန်ခြင့်နှင့် ကြောက်ရွံခြင်းပင်။ သူ့အသက်ရှုသံများပင် တင်းကြပ်လာရသည်။

 

သို့သော် သူပြောကို ပြောမှရမည်။ သူ ချူရှင်းယွဲ့အပေါ် စာကြောင်းသုံးကြောင်း အကြွေးတင်နေသေးသည်။