Ch 34
Viewers 558

🍉 Chapter 34

 

 

 

ဒါကိုတွေးပြီး ချင်ကျောက်ရဲ့အကြည့်တွေက ပြတ်သားလာတယ်။ သူ့မျက်လုံး အပြောင်းအလဲကို ခံစားလိုက်ရသဖြင့် ချူရှင်းယွဲ့လည်းငြိမ်သက်သွားသည်။

 

"ဘာပြောချင်လို့လဲ ?"

 

ချင်ကျောက်က "ကျေးဇူးတင်ပါတယ်" ဟု အသံနက်နက်ကြီးဖြင့်ပြောလာသည်။

 

ချူရှင်းယွဲ့ အံ့အားသင့်သွားပြီး၊ ဤသည်မှာ ချင်ကျောက်၏ပထမဆုံးစကားဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

 

"အဲဒီတုန်းက ငါ့ကို လိုက်ရှာပေးလို့ ကျေးဇူးတင်ပါတယ်၊ မင်း ငါ့အသက်ကိုကယ်ခဲ့တာပါ ကျေးဇူးတင်ပါတယ်"

 

ချူရှင်းယွဲ့ ခဏလောက်ထိတ်လန့်သွားပြီး သူမ၏ခံစစ်သဘောထားမှာအနည်းငယ်လျော့ပါးသွားသည်။

 

"ရှင် ကျေးဇူးတင်တာကို ကျမ လက်ခံတယ်။ တကယ်တော့ ကျမမှာ အဲ့တာနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မရှိဘူး၊ ဒါကြောင့် ရှင် ကျမကို ဘာမှအကြွေးတင်နေသလိုမခံစားရဘူး ပြီးတော့ အဲဒါတွေအားလုံး အတိတ်ပဲ"

 

ဒါပေမယ့် သူမှ အတိတ်မဖြစ်ချင်တာ

 

ချင်ကျောက်၏နှလုံးသားနာကျင်နေသော်လည်း "ငါ့ဘဝကို ရိုးရှင်းတဲ့ကျေးဇူးတင်စကားလေးနဲ့ ကျေးဇူးပြန်မဆပ်နိုင်ဘူး! အဲ့ဒါကြောင့် မင်းတို့ ပရောဂျက်မှာရင်းနှီးမြုပ်နှံမှုကိစ္စက မင်းကိုအဆင်မပြေဖြစ်စေရင် အသက်ကယ်တဲ့ကျေးဇူးအကြွေး ပြန်ဆပ်တယ်လို့ပဲတွေးလိုက် ပါ၊ အဲ့အတွက် ဝန်လေးတာမျိုးမဖြစ်ပါနဲ့"

 

ချူရှင်းယွဲ့ ခဏရပ်လိုက်သည်။ အမှန်မှာ သူမသည် ပရောဂျက်တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေသော ကိုယ်ပိုင်ခံစားချက်များကိုခွင့်မပြုချေ။ မသက်မသာဖြစ်စေနိုင်လျှင်ပင်၊ ၎င်းကိုဖြေရှင်းရန် သူ့ကိုယ်ပိုင်နည်းလမ်းကိုရှာတွေ့နိုင်မည်ဖြစ်သည်။ သို့သော် ချင်ကျောက်မှ ယခုလိုပြောလာသဖြင့် ချူရှင်းယွဲ့သည် သူ့ကိုယ်သူ ပိုလက်ခံနိုင်သည့်နည်းလမ်းရှာတွေ့ခဲ့သည်။

 

အဆုံးတွင် ချူရှင်းယွဲ့ခေါင်းညိတ်လိုက်သည်။ အသက်ကယ်ကြွေးပြန်ဆပ်ခြင်းသည် ကျိုးကြောင်းဆီလျော်ပြီး တရားမျှတသည်။

 

ချင်ကျောက် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ငါ တောင်းပန်ပါတယ်လို့ပြောချင်တယ်"

 

ချူရှင်းယွဲ့၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး "ရှင် ကျမကို တောင်းပန်ဖို့မလိုပါဘူး။ ရှင့် အမြင်အရ ရှင်ဘာ အမှားမှမလုပ်ခဲ့ဘူး"

 

ချင်ကျောက်၏မျက်လုံးများထဲ နာကျင်မှုများဖြင့် "မင်းငါ တောင်းပန်တာကို ဂရုမစိုက်ဘူးဆိုတာသိတယ်။ ငါလှည့်စားခံရတုန်းက မင်းကို နာကျင်စေခဲ့မိတဲ့အတွက် ခွင့်လွှတ်ဖို့မထိုက်တန်ပါဘူး။ ငါ တကယ်တောင်းပန်ချင်တာက ငါတို့ ငယ်ငယ်တုန်းကပေးထားတဲ့ကတိကို ချိုးဖောက်ခဲ့မိလို့၊ မင်းကိုယုံကြည်ပြီး မင်းဘေးမှာအမြဲတမ်းရှိနေပေးမယ်ဆိုတဲ့ ငါ့ ကတိကို ငါ ဖျက်မိသွားတယ်။ တောင်းပန်ပါတယ် ရှင်းယွဲ့"

 

နောက်ဆုံး ချူရှင်းယွဲ့၏မျက်လုံးများ တစ်ဖျက်ဖျက်လက်သွားပြီး အသက်ပြင်းပြင်းရှုကာ စကားပြောရန်ပြင်လိုက်သည်။

 

ဒါပေမယ့် ချင်ကျောက်က "နောက်ဆုံး တစ်ခုက၊ ငါ မင်းကိုကြိုက်တယ်၊ မင်း ငါ့ကို နောက်ထပ်အခွင့်အရေးပေးနိုင်မလား ? ဒီတစ်ကြိမ်တော့ ငါ့ကတိကိုမဖျက်တော့ဘူး။"

 

ချူရှင်းယွဲ့ ချင်ကျောက်ကိုကြည့်ရင်း အသက်ပြင်းပြင်းရှုကာ မျက်ရည်များဝဲနေသော မျက်လုံးတစ်စုံကိုတွေ့လိုက်ရသည်။

 

ချူရှင်းယွဲ့၏တည်ငြိမ်မှုများ ချက်ခြင်းပြိုလဲသွားသည်။ သူ မှတ်မိသလောက် ချင်ကျောက် ငိုတာတစ်ခါမှ မတွေ့ဖူးချေ။

 

"ရှင်... ရှင် အထင်မှားနေတာ"

 

ချူရှင်းယွဲ့အသံသည် အစပိုင်း မတည်ငြိမ်သော်လည်း တဖြည်းဖြည်းတည်ငြိမ်လာသည်။

 

"ရှင် ကျမကိုကြိုက်နေသင့်တာကို လှည့်စားခံခဲ့ရတာကြောင့်မှန်း ရှင် သိသွားလို့လေ၊ ရှင် နောင်တရမှန်း ကျမ သိတယ်၊ ဒါပေမယ့် ရှင့်နောင်တအတွက်နဲ့ ရှင့်ကိုယ် ရှင် မလှည့်စားပါနဲ့၊ ပြီးတော့ ရှင့်ရဲ့လှည့်စားမှုထဲကိုလည်း ကျမကို ဆွဲမထည့်နဲ့။"

 

"မဟုတ်ဘူး၊ စိတ်ရင်းနဲ့ပါ..."

 

ချင်ကျောက် စိုးရိမ် တကြီးပြောလိုက်သည်။

 

ချူရှင်းယွဲ့သည် ချင်ကျောက်၏ဝန်ခံမှုကြောင့် အံ့အား သင့်ခဲ့ရမှန်းဝန်ခံခဲ့သည်။ ဟိုးအရင်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ ဒါပေမယ့် အခု မဟုတ်တော့ဘူး။

 

"စိတ်ရင်းဆိုရင်ကော ဘာများကွာခြားသွားမှာလဲ ?"

 

ချူရှင်းယွဲ့ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

 

"ကျမ ပြောမယ်၊ ရှင့်ကို မချစ်တော့ဘူး၊ ဒါကြောင့် ရှင့်ကို အခွင့်အရေးမပေးတော့ဘူး၊ ချင်ကျောက် ရှင် အရမ်းတော်ပြီး ချစ်စရာကောင်းတဲ့ ကျမထပ် ပိုကောင်းတဲ့ လက်တွဲဖော်နဲ့တွေ့ပါလိမ့်မယ်။ ကျတို့ရဲ့ငယ်ငယ်က သံယောဇဉ်ကြောင့် သမုဒ္ဒရာကိုဖြတ်ပြီး ရှင့်အတွက် ကောင်းချီးပေးမှာပါ၊ ဒါ ကျမစိတ်ရင်းနဲ့ ကျမ တွေးထားတဲ့အရာပဲ"

 

"ထပ်ပြီးမကပ်တွယ်ပါနဲ့တော့၊ ကျမလည်း လက်လွှတ်လိုက်ပြီ၊ ရှင်လည်း လက်လွှတ်သင့်တယ်"

 

ချူရှင်းယွဲ့ လှည့်ပြီးတံခါးပိတ်သွားသော်လည်း ချင်ကျောက်သည် တံခါးဝ၌စိတ်ပျက်လက်ပျက် ရပ်ကျန်နေခဲ့သည်။

 

ကျီဖေး တံခါးကိုပိတ်ကာ လှည့်ပတ်ကြည့်လိုက်ရာ လူတိုင်းအမူအရာ သိပ်မကောင်းသည်ကိုမြင်လိုက်ရသည်။

 

ဒရာမာကြည့်ဖို့လာခဲ့ကြပေမယ့် ဒရာမာအစားကြက် ဟင်းခါးကို အတင်းထိုးကျွေးခံလိုက်ရသလိုခံစားလိုက်ရသည်။

 

"ချင်ကျောက်ကို ခုလိုမျိုး တစ်ခါမှမမြင်ဖူးဘူး။ ပြီးသွားပြီ၊ သူ အချိန်အကြာကြီး ပြန်ကောင်းလာမှာမဟုတ်ဘူး"

 

ကောင်းဟောင်သည် သူတို့စတူဒီယိုရဲ့ အနာဂတ်အတွက် စိတ်ပူစပြုလာသည်။

 

"ရှင်းယွဲ့က အဲ့ဒီလိုပဲ။ သူ စိတ်ဆုံးဖြတ်ပြီးတာနဲ့ ဘယ် တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး" ဟု အမျိုးသမီးသုတေသီကပြောလာသည်။

 

လူတိုင်း သက်ပြင်းချလိုက်ကြသည်။ အချိန်အတော်ကြာအောင် စိတ်ရှုပ်ထွေးစွာစောင့်ပြီးနောက် ချင်ကျောက် သူ့အခန်းသို့ပြန်သွားကြောင်းသေချာမှသာ သူတို့အားလုံး ထွက်လာခဲ့ကြသည်။

 

အမျိုးသမီးသုတေသီသည် ချူရှင်းယွဲ့နှင့်အခန်းတစ်ခန်းမျှဝေခဲ့သည်။ သူမ ကတ်ကိုပွတ်ဆွဲပြီးဝင်လိုက်ရာ ကြမ်း ပြင်မှမျက်နှာကျက်ထိရှည်သည့် ပြတင်းပေါက်တွင် ထိုင်နေသော ချူရှင်းယွဲ့ကိုမြင်လိုက်ရသည်နှင့် အတွေးများ ပျောက်သွားသည်။

 

"တကယ်တော့ နင် သူ့အပေါ် ခံစားချက်ရှိနေတုန်းပဲ၊ သူ့ကို ဒီလောက်နှစ်တွေအကြာကြီး ချစ်ခဲ့တာကို ရုတ်တရတ်ကြီးက မဖြစ်နိုင်ဘူး..."

 

ချူရှင်းယွဲ့ လှည့်လာပြီး ဘာမှမပြောဘဲပြုံးလိုက်သည်။

 

သုတေသီအမျိုးသမီးက "စိတ်မပူနဲ့ စိတ်ထဲမထားနဲ့  တော့ နိုင်ငံခြားထွက်သွားပြီးရင် ရှင်းယွဲ့က ဘယ်လောက် တော်တဲ့ မိန်းကလေးတစ်ယောက်လဲဆိုတာ သူတို့သိသွားလိမ့်မယ်၊ ရှင်းကိုလိုက်မယ့် ကောင်ချောလေးတွေရှိလာမှာသေချာပေါက်ပဲ၊ နောက်ကျ ရှင်းယွဲ့လည်း အခုထက် သူပိုကြိုက်ရတဲ့သူနဲ့တွေ့နိုင်တာပဲလေ"

 

တစ်ဖက်တွင်၊ ကောင်းဟောင်သည် ချင်ကျောက်အား စစ်ဆေးရန်လုပ်နေသည်။ ကျီဖေးသည် မူလက ရှောင်းထောင်အား အနားယူရန်ပြန်ခေါ်သွားချင်သော်လည်း ကောင်းဟောင်က ရပ်တန့်ခဲ့သည်။

 

"ကျီလောင်ရှစ်၊ သူ မိသားစုလေ၊ ကျနော်တို့ သူ့ကို စစ် ဆေးသင့်တယ်မထင်ဘူးလား ? အရင်က ချင်ကျောက်အသည်းကွဲတာမျိုး တစ်ခါမှမတွေ့ဖူးဘူး၊ အဲ့တော့ ကျနော် စိတ်ပူတယ်။ သူ အရက်အလွန်အကျွံသောက်မှာများလား ? မိုက်မိုက်ကန်းကန်းနဲ့ မူးယစ်ဆေးသုံးမှာများ လား ? တစ်ခုခုမိုက်မဲတာတွေ လုပ်မှာများလား ..."

 

"ရှင့်အတွေးတွေ နည်းနည်းထူးဆန်းတယ်"

 

ကောင်းဟောင်က အဲ့လိုစိတ်ပူတတ်တဲ့လူဆိုတာ ဘယ်သူကသိမှာလဲ ?

 

ကျီဖေး ခဏလောက်စဉ်းစားလိုက်သည်။ ကောင်းပြီလေ သူက ဖောက်သည်ဟောင်းပဲဟာ၊ သူ့ကိုလည်း စစ်ဆေးလို့ရတယ် သူ တစ်ခုခုမဟုတ်တာလုပ်မိရင်လည်း လူနာ တင်ကားခေါ်ဖို့ အကူအညီပေးနိုင်တာပေါ့..

 

ကောင်းဟောင်မှာ သော့ကတ်တစ်ခုအပိုရှိသည်။ သူ တံခါးအရင်ခေါက်ကြည့်ပြီး တုံ့ပြန်မှုမရှိသည့်အခါ ဝင်ဖို့ကတ်ဖြင့် ပွတ်ဆွဲလိုက်သည်။

 

ကောင်းဟောင်သည် မြင်ရန်မသင့်တော်တာမရှိကြောင်း သေချာစေပြီးနောက် ကျီဖေး ဝင်လာခဲ့သည်။ သူမ ဝင် လာပြီးသည်နှင့် ချင်ကျောက် ဖုန်းကိုင်ပြီး တစ်ခုခုကို အဆက်မပြတ်နှိပ်နေသည်ကို တွေ့လိုက်ရသည်။

 

"အားကျောက် မင်း ဘာဖြစ်နေတာလဲ..."

 

ကောင်းဟောင်သတိကြီးကြီးနဲ့ ချဉ်းကပ်ပြီး ချင်ကျောက်သည် ချူရှင်းယွဲ့တို့ အဖွဲ့ရဲ့သုတေသနပရောဂျက်၊ သူတို့သွားမယ့်နိုင်ငံ၊ သုတေသနအဖွဲ့အစည်းနှင့်ပတ်သက်တဲ့ အချက်အလက်စတာတွေကို စုစည်းနေသည်အားတွေ့လိုက်ရသည်။

 

 "ဝိုး..."

 

[ဝိုး၊ သူ့ ကြည့်ရတာ လက်မလျှော့သေးဘူးထင်တယ်]

 

ချင်ကျောက် တစ်စုံတစ်ရာကို ဇွတ်အတင်းဆုပ်ကိုင်ထားသကဲ့သို့ အခြားအသံများကိုလျစ်လျူရှုကာ အချက်အ လက်မျိုးစုံကို လှန်လောရှာဖွေနေသည်။ သူ့အမူအရာမှာ တည်ငြိမ်အေးဆေးကာ ဘယ်အရာမျ သူ့အားတားဆီးနိုင်စွမ်းမရှိသလိုပင်။

 

[ဟင်း၊ ချူရှင်းယွဲ့က သူ့စိတ်ကို အသင့်ပြင်ထားပြီးပြီ၊ သူ့စိတ်ပြောင်းလဲအောင် တစ်ခုခုမလုပ်နိုင်ရင် ဒီတစ် သက်တော့ မျှော်လင့်ချက်ရှိမယ်မထင်ဘူး။ အမှန်ပဲ ဒီကမ္ဘာမှာ နောင်တအတွက် ကုရာနတ္ထိဆေးမရှိ၊ တစ်ချိန်မှာလွဲချော်ခဲ့တဲ့ဆက်ဆံရေးက ထာဝရလွဲချော်သွားနိုင်တယ်...]

 

ချင်ကျောက် အေးခဲသွားသည်။ တစ်စက်၊ နှစ်စက်... သူ့ဖုန်းစခရင်ပင် မှုန်ဝါးသွားသည်။

 

ကောင်းဟောင် ထိတ်လန့်တကြားဖြင့် မျက်လုံးပြူးကာ "မင်း အဆင်ပြေနေတယ်ဆိုတော့ ငါတို့ အခု သွားတော့မယ်" သူ့ သူဌေးငိုတာကို သူ မကြည့်ဝံ့ဘူး!

 

ကျီဖေး လည်းအံ့သြသွားသည်။ ခဏကမှ အဆင်ပြေနေခဲ့မဟုတ်ဖူးလား ? ဘယ်လိုဖြစ်ပြီး ရုတ်တရက် ထငိုနေတာလဲ ??

 

ဒီလိုကလေးမဟုတ်တော့တဲ့ လူကြီးတစ်ယောက်ငိုနေတာကိုမြင်ရတာ တကယ်ကိုအံ့သြဖို့ကောင်းတယ်..

 

ကောင်းဟောင် ကျီဖေးအား တံခါးနားတွန်းထုတ်လိုက်ပြီးသည်နှင့် ချင်ကျောက်၏ ရှိုက်နေသည့်ငိုသံကို သူတို့ကြားလိုက်ရသည်။

 

နှစ်ယောက်သား တံခါးကိုတစ်ချက်ကြည့်လိုက်ကြပြီး ကောင်းဟောင်က "ဒီအထပ်က ပြည့်နေပြီဆိုတော့၊ ငါ အောက်ကအထက်မှာ သွားနေလိုက်မယ်၊ ညဘက် အသံကြားရင် ကျေးဇူးပြုပြီး စောင့်ကြည့်ပေးပါဦး"

 

ဒီလိုအချိန်မျိုးမှာ ကျီဖေး ထုံးစံအတိုင်း ခေါင်းညိတ် သဘောတူလိုက်သည်။

 

ပြန်လာပြီးနောက် အနားယူခါနီးတွင် ချင်ရှန့်ထံမှ မက်ဆေ့ချ်တစ်ခုလက်ခံရရှိခဲ့သည်။

 

"မင်း ဟိုတယ်အခန်းထဲ ရောက်ပြီလား ?"

 

"အင်း ရှင့်တိတိလည်း ဒီမှာပဲ သူ ချူရှင်းယွဲ့ကိုလိုက်ဖို့လာခဲ့ပေမယ့် ပြတ်ပြတ်သားသားအငြင်းခံခဲ့ရတယ်။"

 

ပုံမှန်အားဖြင့် ကျီဖေးသည် ချင်ရှန့်နှင့် စကားများများမပြောတတ်သော်လည်း သတင်းကြီးဖြစ်ရာ သူ မဝေမျှဘဲမနေနိုင်ပေ။

 

"Oh! ကြည့်ရတာ သူ လက်လျှော့မှာမဟုတ်ဘူး"

 

"ဒါပေမယ့် သူ ငိုနေတယ်!!!!"

 

"..."

 

ချင်ရှန့်ဘက်မှ တိတ်ဆိတ်သွားသဖြင့် ကျီဖေးကျေနပ်သွားသည်။

 

"ကောင်းဟောင် သူ့ကို စိတ်ပူပြီး ဒီည အသံတစ်ခုခုကြားရင် နားစွင့်ထားဖို့ပြောသွားတယ်"

 

"သူ့ကို စိတ်ထဲထားမနေနဲ့၊ ဘာမှ ကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူး။ မငိး အနားယူဖို့ အာရုံစိုက်သင့်တယ်။"

 

ဘယ်လို ကောကောပါလိမ့် ?

 

ကျီဖေး ရယ်မောလိုက်ပြီး တနေ့တာရဲ့၀င်ငွေတွေကိုစုကာ အိပ်ယာမဝင်ခင် ရေချိုးပြီးနောက် ချင်းရှန့်ထံလွှဲပေးလိုက်သည်။

 

 

သို့သော် ရှောင်းထောင် သူမကိုတွန်းထုတ်လိုက်သဖြင့်  အိပ်မောကျရာမှ နိုးလာခဲ့သည်။

 

"ကျီလောင်ရှစ်၊ ဘေးအခန်းက အသံကြားနေရတယ်။"

 

လုံးဝမအိပ်ရသေးဘဲ တက်ကြွနေသော ရှောင်းထောင်ကိုကြည့်ရင်း၊ ကျီဖေးသည် ငယ်တာတကယ်ကောင်းတာပဲဟု မနေနိုင်စွာတွေးလိုက်မိခသည်။ တံခါးခေါက်သံမှာအားနည်းသွားသော်လည်း၊ ကျီဖေး အိပ်မှုန်စုံဝါးဖြင့်နိုးလာသည်။ ခဏကြာအောင်ခေါက်နေမှသာ အသံကြားနိုင်မည်ပင်။

 

ကျီဖေး အံ့သြသင့်သွားသည်။ ညသန်းခေါင်ကြီး ကောင်းဟောင်တော့ မဖြစ်နိုင်ဘူးလားလို့ ??

 

ကျီဖေး သူမ၏ည၀တ်စုံကိုကြိုးဆွဲတင်းလိုက်ပြီး တံခါးဖွင့်ခါနီး ဘေးအခန်းမှတံခါးဖွင့်သံကြားလိုက်ရသည်။

 

"ချင်ကော၊ ကောကို အရမ်းလွမ်းတယ်!"

 

ကျီဖေး ချက်ချင်းလန့်နိုးသွားသည်။ ချင်ကျောက်ကို ချင်ကောလို့ခေါ်တဲ့ သူက တစ်ယောက်ပဲရှိတယ်။

 

သူမ အတင်းအဖျင်းရေဒါကို ချက်ချင်းဖွင့်လိုက်သည်၊ တံခါးဖွင့်ခြင်းကိုရပ်တန့်လိုက်ပြီး အက်ကွဲကြောင်းမှ တဆင့် ချောင်းကြည့်လိုက်သည်။

 

ချူရွှယ်ချီ တံခါးဝတွင်ရပ်နေသည်ကို တွေ့လိုက်ရပြီး တံခါးကိုဖွင့်လိုက်သည့် ချင်ကျောက်မှာသိသိသာသာကို ထိတ်လန့်သွားသည်။

 

"ဘယ်လိုဖြစ်ပြီး မင်း ဒီရောက်နေတာလဲ ? ကျေးဇူးပြုပြီး ထွက်သွားပေးပါ!"

 

ချင်ကျောက် အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ ချူရှင်းယွဲ့သည် ချူရွှယ်ချီနှင့် ဤဆိုးရွားသောအခြေအနေတွင် သူနှင့်ထပ်တွေ့ချင်မည် မဟုတ်တာသေချာသည်။

 

ကျီဖေး သဲသဲကွဲကွဲမမြင်နိုင်သော်လည်း ချူရွှယ်ချီထံမှ ငိုသံကြားလိုက်ရပြီး "ချင်ကော ညီမ ကောကို အများကြီး လိမ်ခဲ့တယ်ဆိုတာလည်း ကောကို အရမ်းကြိုက်လို့ပါ။ ညီမတို့ တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာချစ်ခဲ့ကြတာ‌လေ၊ ကော ညီမကို မချစ်တော့ဘူးလို့ ဘယ်လိုလုပ်ပြောရက်နိုင်တာလဲ။"

 

ဤမေးခွန်းသည် ချင်ကျောက်၏ချက်ကောင်းကို ချက် ချင်းထိသွားသည်။

 

ချူရှင်းယွဲ့သည်လည်း သူ့အား သံသယဝင်နေခဲ့ပြီး ယခု ချူရွှယ်ချီမှာလည်း သူ့အားမယုံပေ။ သက်သေပြဖို့ရာ သူ့နှလုံးသားကို လှီးဖြတ်ထုတ်ပြရန်လိုအပ်သလော ?

 

ချင်ကျောက် အသက်ပြင်းပြင်းရှူပြီး "အချစ်အကြောင်း လာမပြောနဲ့ မင်းကို ကြည့်လိုက်ရုံနဲ့ ငါ နေလို့မကောင်းဘူး။ မင်း ငါ့ကို လှည့်စားခဲ့တာ အရမ်းကြာနေပြီ၊ ငါ မင်းကိုဒဲ့ရွံတာ၊ မင်း အခုချက်ချင်းမထွက်သွားရင် ငါ လုံခြုံ ရေးခေါ်လိုက်မယ်။"

 

ချူရွှယ်ချီ တိတ်ဆိတ်သွားပြီး "ကော သောက်ထားတာလား ?"

 

"ဒါက မင်း ကိစ္စမဟုတ်ဘူး!"

 

"ကော ညီမကိုမချစ်ဘူးဆိုတော့  ကျဲကိုချစ်တာလား ?"

 

"ဟုတ်တယ်!"

 

ရုတ်တရက်၊ ချူရွှယ်ချီသည် သူမ၏ခန္ဓာကိုယ်ထက် ခြုံထားသောကုတ်အင်္ကျီကို ချွတ်ချလိုက်ရာ သူမ၏ဆွဲဆောင်မှုရှိ ကွေးညွှတ်နေသည့် ဂါဝန်ကောက်ကြောင်းကို မြင်လိုက်ရသည်။

 

"ဒါဆို ညီမ ကျဲရဲ့အစားထိုးအဖြစ်နေပေးမယ်၊ တစ်ညလောက်ပဲလေ၊ ကော ညီမကို ဖက်ထားပါ"

 

ချူရွှယ်ချီသည် ချူရှင်းယွဲ့ အယောင်ဆောင်ရာတွင် အမှန်တကယ်ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ တစ်ခဏအတွင်းမှာပင် သူမ၏အသံသည် ပြီးပြည့်စုံသော ချူရှင်းယွဲ့၏အသံနေအသံထား ပြောင်းသွားသည်။

 

ချူရှင်းယွဲ့ဟန်ဆောင်သည့် သူမ၏အပြုအမူသည် ချင်ကျောက်၏ဒေါသအား လောင်စာဖြည့်လိုက်သလိုပင်။

 

သူ့ဆီတိုးဝင်ကာ ပွေ့ဖက်လာသည့် ချူရွှယ်ချီအား ကန်ထုတ်လိုက်သည်။

 

"ထွက်သွား!"

 

"အာ့!"

 

တကယ်တော့ ချင်ကျောက်သည် သူ့ကန့်သတ်ချက်ထက် ကျော်လွန်ပြီး ဖိအားပေးမခံရဘဲ အမျိုးသမီးများအပေါ် လက်တင်မည့်သူ မဟုတ်ချေ။

 

ဒီတစ်ခေါက် သူ့အား ချူရျွယ်ချီတွန်းအားပေးခဲ့ခြင်းသာ

 

ယခုလိုအခြေအနေမျိုးမှာ ရုန်းရင်းဆန်ခတ်ဖြစ်လာဖို့ဆိုသည်မျာ မလွဲမသွေပင်။

 

တခဏချင်းမှာပင် အနီးနားမှတံခါးနှစ်ချပ်ပွင့်သွားသည်။ သုတေသီများသည် မမြင်သင့်တဲ့အရာတစ်ခုကို တွေ့လိုက်သည်နှင့် ချက်ချင်းပြန်ဆုတ်သွားကြသည်။

 

ချူရှင်းယွဲ့ဘက်မှာတော့ တံခါးဖွင့်လာသူမှာ အမျိုးသမီး သုတေသီသာ၊ ကိုယ်လုံးတီးတစ်ဝက်လောက်ရှိသော ချူရွှယ်ချီအား မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားပြီး ချူရှင်းယွဲ့၏မျက်နှာမှာ အေးခဲသွားကာ တံခါးပိတ်ရန်ချက်ချင်း ပြင်လိုက်သည်။

 

"ကျဲ ဘာလို့ ယောက်ျားတစ်ယောက်အတွက်နဲ့ ညီမကိုလာတိုက်ခိုက်နေရတာလဲ၊ ကျဲ အရမ်းအရှက်ကင်းမဲ့လွန်းတယ်!"

 

ချူရွှယ်ချီချက်ချင်းအော်လိုက်သည်။

 

"သူ ဒီည ချင်ကျောက်ကိုသွေးဆောင်ပြီး အိပ်ပေါ်တတ်ဖို့ ပြင်နေတာလား ?"

 

ချင်ကျောက် လုံးဝဒေါသထွက်ကာ ရှေ့သို့ခြေလှမ်းစတော့မည်ဖြစ်သည်။

 

ထိုစဉ် ရုတ်တရက် အာမေဋိတ်တစ်ခုထွက်ပေါ်လာသည်။

 

ဟုတ်တယ်၊ ချင်ကျောက်ကသာ ဒီအာမေဋိတ်ကိုကြားနိုင်မည်ပင်၊ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ယခုအ ချိန်အထိ တိတ်တဆိတ်စောင့်ကြည့်နေသည့် ကျီဖေး သည် ရုတ်တရက်ခုန်ထွက်လာပြီး သူ့ကိုစိုက်ကြည့်နေကာ ချူရွှယ်ချီထိတ်လန့်သွားသည်ကို မြင်လိုက်ရသည်။

 

အခြေအနေကို နားလည်အောင်ကြိုးစားရင်း သူ့အတွေးတွေကိုကြားလိုက်ရသည်။

 

[အိုးခိုင်မော့ ! ကူးစက်ရောဂါ၊ ချူရွှယ်ချီ ဝူထျန့်ဆီက နေကူးစက်ခံထားရတယ်ပေါ့၊ သူ ချင်ကျောက်နဲ့ အတူတူနေတာကြာပြီမှတ်လား သူကော ကူးနေမလား... အိုး.. ဒါဆို ဘယ်လိုရှင်းကြမလဲ ? ကံကောင်းလို့ ရှင်းယွဲ့ ဘာမှမဖြစ်...]

 

ချင်ကျောက် အလွန်တုန်လှုပ်သွားသည်။ ကျီဖေး၏အ တွေးများနယ်ချဲ့နေသည်ကို သူ ရပ်တန့်မကြည့်နိုင်တော့ပေ။ ကျီဖေး၏သံသယအကြည့်နှင့် ချူရှင်းယွဲ့သည် သူနှင့်ဆန့်ကျင်ဘက်မှာရှိနေသည်ကိုမြင်လိုက်ရသဖြင့် သူ့စိတ်ထဲဗလာဖြစ်ပြီး သူ အော်လိုက်မိသည်။

 

"ငါ သူ့ကို တစ်ခါမှ မထိဖူးဘူး၊ ငါ အခုထိ လူပျိုပဲဖြစ် နေသေးတယ်၊ သောက်ပဲ!"

 

တခဏချင်းမှာပင် စင်္ကြန်တစ်လျှောက်လုံး အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားရသည်။