Ch 35
Viewers 584

🍉 Chapter 35

 

 

 

စင်္ကြန်ရှိလူတိုင်း တံခါးဖွင့်ထားသည်ဖြစ်စေ တိတ်တ ဆိတ်ခိုးနားထောင်နေသည်ဖြစ်စေ အချိန်အတော်ကြာအောင် အံ့အားသင့်သွားကြသည်။ ဤရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်နှင့်ပတ်သက်၍ မည်သူမျှ သိပ်မစဉ်းစားကြပေ။ အမျိုးသမီးတစ်ဦး ချင်ကျောက်ထံ မိမိကိုယ်ကိုလှဲချမိသည်ဟုယူဆကြပြီး ချူရှင်းယွဲ့နားလည်မှုလွဲမှာကို ကြောက်သောကြောင့် ၎င်းက ပြောခဲ့ခြင်းပင်။

 

သို့သော် ချင်ကျောက်လို လူတစ်ယောက်အတွက်က တော့ သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ ပလေးဘွိုင်းလို့ထင်ရတဲ့ အခြေအနေအားလုံးထဲမှာမှ လူပျိုစစ်စစ်ရေမရောဘဲရှိနေဆဲပင်...

 

မင်း သူတို့ကိုသတ်ရင်တောင် ယုံကြည်နိုင်မှာမဟုတ်ဘူး!

 

ချူရှင်းယွဲ့ပင်လျှင် သူနှင့် ချူရွှယ်ချီ အတူတူရှိနေပြီဟု ယူဆခဲ့သည်။

 

အဆုံးမှာ ၎င်းတို့နှစ်ယောက်သား အတူတူအချိန်များစွာကုန်ဆုံးခဲ့ကြပြီး တစ်ခါတလေ သူ့မိဘများမှလက်ခံသင့်သည်ဟု အကြံပေးပြီး သူ့ရှေ့မှာအရိပ်အမြွက်ပြောတတ်ကြသည်။

 

ထို့ကြောင့် ဒီလက်ရှိအခြေအ‌နေသည် ယုံကြည်နိုင်ဖွယ်မရှိချေ။

 

ဒီဘက်မှာတော့ ချင်ကျောက်သည် သူ့ကိုယ်သူမှဖော် ထုတ်ခဲ့မိသည်ကို သဘောပေါက်ကာ သူ့မျက်နှာနီရဲလာသည်။ သူအရမ်းရှက်သွားပြီး နေရာမှာတင်ပျောက်ကွယ်သွားလိုက်ချင်သည်။ သို့သော် ချူရှင်းယွဲ့၏မယုံသင်္ကာ အကြည့်ကို မြင်လိုက်ရသောအခါတွင် သူ စိုးရိမ်စပြုလာသည်။

 

ယခုအခါ ၎င်းသည် သူ၏ဂုဏ်သိက္ခာအတွက်သာမက အနာဂတ်တွင် ဆိုးရွားသောကျန်းမာရေးပြဿနာဖြစ်လာနိုင်ချေရှိသည်။

 

မျက်နှာပျက်ခြင်းအားဂရုမစိုက်တော့ဘဲ အရှက်မဲ့သောမျက်နှာဖြင့် မြေပြင်ပေါ်လဲလျောင်းနေသော ချူရွှယ်ချီအားလုံးဝလျစ်လျူရှုလိုက်ပြီး ချူရှင်းယွဲ့ဆီသို့အပြေးသွားခဲ့သည်။

 

သို့သော် သူဤမျှထိတ်လန့်စွာပြေးသွားသောကြောင့် သူ ချော်လဲသွားပြီး ချူရှင်းယွဲ့တံခါးရှေ့ ဒူးထောက်ရက် လျှောကျသွားသည်။

 

ချူရှင်းယွဲ့ သူ့အား မတ်တတ်ရပ်နိုင်ရန် ဆွဲထူလိုက်ပေမယ့် ချင်ကျောက်သည် မတ်တပ်မရပ်နိုင်ခင် သူ့လက်ကိုဆွဲကိုင်လိုက်သည်။

 

ရိုးသားသောအမူအရာဖြင့် သူမ၏မျက်လုံးများကိုသေ ချာစိုက်ကြည့်လိုက်သည်။

 

"ငါတို့ စေ့စပ်ပွဲမှမဖျက်ရသေးတာ၊ ငါ သူ့ကို ဘယ်လိုလုပ်ထိနိုင်မှာလဲ၊ ငါ တကယ် ဖြူစင်ပြီးသန့်ရျင်းပါတယ်  ငါ ကျိန်ရဲတယ်၊ ငါ ဘာမှ မလုပ်ရသေးဘူး၊ ငါ ကျိန်တယ် မင်း ငါ့ကို ယုံရမယ်!"

 

လူတိုင်း အံ့အားသင့်စွာကြည့်လိုက်ကြသည်- အင်း... သူအဲ့လိုပြောပုံအရ၊ ပြီးတော့ ဒူးတောင်ထောက်ထားတယ်ဆိုတော့၊ အဲ့ဒါ အမှန်ပဲ ဖြစ်ရမယ်။

 

စူပါစတားချင်ကျောက်အပေါ် ၎င်းတို့၏အထင်အမြင်မှာ ယခုအခါ လုံးဝကွဲအက်သွားရုံသာဖြစ်သည်။

 

[သောက်ကျိုးနဲ့၊ အဲဒါ အမှန်! အဲ့ကောင် တကယ်စည်း ကမ်းကြီးတာလား ? အင်း စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာ အမှန်ပဲ။ သူက showbiz ရဲ့အလှပဆုံးနှင့် အပျက်အစီးဆုံးကမ္ဘာတွင် နေထိုင်ပေမယ့်လည်း အဖြူထည်လေးပဲ၊ သူ့ပရိသတ်တွေကို သူက လူပျိုပျိုစစ်စစ်လို့ပြောရင်တောင် သူတို့ ယုံကြမှာ မဟုတ်ဘူး။]

 

[အဟမ်း... ငါ တိတ်တိတ်လေး ဓာတ်ပုံရိုက်လိုက်တာ၊ ဘယ်သူမှ သတိမထားမိကြဘူး။ ဒီ မြင်ကွင်းက ရယ် စရာကောင်းလွန်းလို့ ငါ မထိန်းနိုင်တော့ဘူး။]

 

ကျီဖေးသည် သူမ၏အတွင်းစိတ်ထဲ ဆူနာမီရယ်မောသံကိုထုတ်လွှတ်လိုက်သည်။ [ဟ ဟား ဟား...]

 

ချင်ကျောက်သည် ထိုအတွင်းစိတ်ထဲက အသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်း၊ စိတ်အနှောင့် အယှက်ဖြစ်ခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကိုခံစားခဲ့ရသည်။ အဆုံးမျာ ယခုလိုအရေးကြီးသည့်အခိုက်အတန့် ၌ အာရုံမပျံ့လွင့်နိုင်ချေ။ ချူရှင်းယွဲ့အပေါ် သူ့ အကြည့်များသည် သူ့အပေါ် ယုံကြည်ကိုးစားမှုတိုးမြင့်လာစေရန် ကြိုးပမ်းနေသကဲ့သို့ ပိုပြင်းထန်လာသည်။

 

တစ်ဖက်တွင်မူ ချူရှင်းယွဲ့သည် သူမ၏ဝိညာဉ်ဆွဲထုတ်ခံလိုက်ရသလိုပင်။ သူမ လုံးဝအံသြသွားသည်။ သူမ အသိစိတ်ဝင်လာသောအခါတွင် အပူလှိုင်းတစ်ခုက သူမ ၏မျက်နှာဆီသို့အရှိန်ပြင်းပြင်းတိုက်ခတ်သွားပြီး သူမ ၏လက်များကိုဖယ်ထုတ်ရန် အသည်းအသန်ကြိုးစားခဲ့သည်။

 

လူတစ်ယောက်က မင်းကိုဖမ်းဆုပ်ပြီး သူ့ရဲ့လူပျိုစင်ဘဝကိုအလေးအနက်ကြေငြာနေတယ် - မြင်ကွင်းသည် အရမ်းပရမ်းပတာဖြစ်သွားသည်။ နောက်ဆုံး ၎င်းတို့၏ ဆိုးရွားသောကံကြမ္မာကို အဆုံးသတ်နိုင်ခဲ့သော ချူရှင်းယွဲ့သည် သူမ၏တည်ငြိမ်မှုကိုလုံးဝဆုံးရှုံးသွားခဲ့သည်။ သူမ လက်ကိုပြန်ဆွဲကာတံခါးချက်ချင်းပိတ်လိုက်သည်။

 

ချူရှင်းယွဲ့၏ ထူးထူးခြားခြားတုန်လှုပ်နေသောအသံ ထွက်ပေါ်လာပြီး "အဲဒါ... ငါနဲ့မဆိုင်ဘူး!"

 

လက်တွေ့တွင် ထိတ်လန့်တကြားဆုတ်ခွာသွားခဲ့သည်။

 

ချင်ကျောက် တံခါးကိုအမြန်ခေါက်လိုက်ပြီး "ဒါပေမယ့် ငါ ပြောတာ အမှန်တွေချည်းပဲ မင်း ငါ့ကို ယုံမှရမယ်!"

 

"ချင်ကျောက်!"

 

ချူရွှယ်ချီ ရုတ်တရက်အော်လိုက်ကာ သူ့အားစိုက်ကြည့်နေသည့် မျက်လုံးများသည် သွေးထွက်လုမတတ်ဖြစ်နေသည်။

 

"ရှင့်မှာ အဲ့ခွေးမ ချူရှင်းယွဲ့အတွက်ပဲ မျက်လုံးရှိတော့တာလား။ အဲ့ဒီနှစ်တွေအားလုံးက လိမ်ထားတာလား? ရှင် ဒီလောက် အကြင်နာမဲ့နိုင်ပါ့မလား!"

 

ချင်ကျောက်ခေတ္တရပ်လိုက်ပြီး ချူရွှယ်ချီကိုလှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ ခံစားချက်အစစ်အမှန်များ ချက်ချင်းအေးစက်သွားသည်။

 

"ဒီည မင်း ငါ့ကို ဘာလို့လာရှာတာလဲ ?"

 

ချင်ကျောက် ယနေ့ည ချူရွှယ်ချီ၏ရည်ရွယ်ချက်ကို အလေးအနက်သံသယဖြစ်မိသည်။

 

ချူရွှယ်ချီအေးခဲသွားပြီး သူမမျက်နှာထက်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည် ။

 

[ငါ သိပြီ၊ ဘယ်လောက် ဆိုးလိုက်သလဲ!]

 

ဒရာမာကိုကြည့်ဖို့ နောက်မှာနေရစ်ခဲ့သည့် ကျီဖေးသည် ထိုရွှမ်းနေသည့် အတင်းအဖျင်းကြည့်ဖို့ အခွင့်အရေးယူလိုက်သည်။

 

[ချူရွှယ်ချီက ဝူထျန်ကိုရှောင်နေပေမယ့် သိပ်မကြာခင်က ဝူထျန်က သူ ရောဂါကူးစက်ခံထားရတယ်လို့အသိ ပေးလိုက်တယ်ပေါ့၊ ချူရွှယ်ချီ အရမ်းကြောက်သွားတာနဲ့ဆေးသွားတော့ ရောဂါပိုးရှိမှန်းသိလိုက်ရတယ်]

 

[သူက ချင်ကျောက် သူ့ကိုဘယ်တော့မှမထိခဲ့တာကြောင့် သူမရဲ့အပြစ်ကင်းစင်တဲ့ ပုံရိပ်ကိုထိန်းသိမ်းထားရပြီး သူ့ကိုသွေးမဆောင်နိုင်ခဲ့ဘူး။ အဲ့တော့ သူ့လိုအင်တွေဖြည့် ဆည်းဖို့အပြင်ထွက်ရတာ အဲ့တော့ ချင်ကျောက်ကြောင့်သာမဟုတ်ရင် သူ ဒီလိုအခြေအနေမျိုးရောက်မှာမဟုတ်ဘူး ဒါ့အပြင် အခုချိန်မှာ ချင်ကျောက်က သူ့ကိုစွန့်လွှတ်တာတောင် ခံလိုက်ရသေးတယ်။ အဲ့ဒါကြောင့် သူက ချင်ကျောက်ကိုပါ သူနဲ့အတူတူ ဆွဲချဖို့စီစဉ်ထားတာပေါ့ Tsk tsk tsk!]

 

ချင်ကျောက်၏မျက်နှာသည် ရေခဲများဖုံးလွှမ်းသွားပြီး ချူရွှယ်ချီ နောက်ထပ်ဆင်ခြေမပြမီ ချင်ကျောက် ဖုန်း ထုတ်ကာ အခြေအနေကိုကိုင်တွယ်ဖြေရှင်းရန် ကောင်းကောအား ခေါ်လိုက်သည်။

 

ချူရွှယ်ချီ ချက်ခြင်းစိုးရိမ်လာပြီး "ကော ကျမတို့ရဲ့အတိတ်ကို လုံးဝဂရုမစိုက်တော့ဘူးလား ? ကောရဲ့ညီမလေး အနေနဲ့နေဖို့ ဆန္ဒရှိတယ်ဆိုရင်ကော"

 

"ဟက်၊ မင်းနဲ့ မထိုက်တန်ဘူး"

 

ချင်ကျောက် အေးစက်စွာပြောလိုက်သည်။

 

"ဒါပေမယ့် ကျဲက အခု ကောကို မလိုချင်တော့ဘူး။ သူ့ရဲ့ ပင်ကိုယ်စရိုက်အရဆို နောက်ပြန်လှည့်ကြည့်မှာ မဟုတ်ဘူး။ အနည်းဆုံး ညီမမျက်နှာက ကောကိုနှစ်သိမ့်ပေးနိုင်ပါတယ်!"

 

ချူရွှယ်ချီ မရမကပြောလာသည်။

 

ချင်ကျောက် အေးစက်စွာပြန်ဖြေလိုက်သည်။

 

"ဒီဘဝမှာ ငါ သေခါနီးအချိန်မို့လို့ အာရုံထွေဖြားပြီး မင်းကို သူဆိုပြီးအထင်လွဲမိတာ အဲ့အချိန်ကလွဲလို့ မင်းတို့ နှစ်ယောက်က ငါ့မျက်လုံးထဲမှာ လုံးဝကိုမတူဘူး။ မင်း ကိုယ့်ကိုကိုယ် တန်ဖိုးချချင်နေတာနဲ့ပဲ မင်းနဲ့အတူ တခြားသူတွေကို လိုက်မဆွဲချနဲ့။"

 

ထိုသို့ ကဲ့ရဲ့ရှုတ်ချခြင်းခံလိုက်ရသောအခါ ချူရွှယ်ချီ၏ အမူအရာပျက်ယွင်းသွားသည်။

 

ချင်ကျောက်က ဆက်ပြောလာသည်။

 

"ချူရွှယ်ချီ၊ ငါ မင်းကို သတိပေးလိုက်မယ်။ မင်း မျက် နှာနဲ့ မင်း ဘာသာနေ၊ ထပ်ပြီး ရှင်းယွဲ့ အယောင်ဆောင်ဖို့ မစဉ်းစားနဲ့။ အေး နောက်တစ်ကြိမ် မင်း အဲ့လိုလုပ်တာ ငါ သိရင် မင်း နောင်တရလိမ့်မယ်လို့ ငါ အာမခံတယ်!"

 

ချူရွှယ်ချီ တစ်ကိုယ်လုံးအထိန်းအကွပ်မဲ့ တုန်လှုပ်လာသည်။ အဲ့ဒါအကြောက်တရား မဟုတ်ဘူး၊ မုန်းတီးတာကြောင့်ပဲ..

 

သူ သိပ်မုန်းတယ်! အမှန်ပင်၊ ချူရှင်းယွဲ့သည် သူမ၏ ရန်သူအဖြစ်မွေးဖွားလာခဲ့သည်။ သူ ရှိနေသရွေ့ ချူရွှယ်ချီဆိုတဲ့ သူက ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်မှာမဟုတ်ဘူး။

 

ချင်ကျောက် စကားပြောပြီးသည်နှင့် ကောင်းဟောင်သည် သူ့လက်ထောက်နှင့် အပြေးအလွှားရောက်ရှိလာကြသည်။

 

ကောင်းဟောင် အစောပိုင်း သူမ အပေါ်မျက်နှာသာပေးခဲ့ပြီး ယခု သူအနည်းငယ် ဒေါသထွက်သွားသည်။ တစ် ယောက်ယောက် ဓာတ်ပုံရိုက်လိုက်ရင် ဘာဖြစ်သွားမလဲ။

 

"မစ္စချူ၊ မင်း မပူးပေါင်းရင် ဟိုတယ်လုံခြုံရေးကိုလာဖြေရှင်းခိုင်းရလိမ့်မယ်၊ ဆိုရှယ်မီဒီယာမှာ နာမည်ကြီး ‌ချင်နေတာလား ?"

 

ချူရွှယ်ချီ ငြိမ်သက်သွားပြီး ငိုယိုသည့်မြင်ကွင်းတစ်ခု  မဖန်တီးဘဲ လက်ထောက်အားခေါ်သွားခိုင်းလိုက်သည်။ သို့သော် မထွက်သွားမီ နောက်ပြန်လှည့်ကြည့်သည့် အကြည့်သည် အမုန်းတရားများဖြင့် ထွက်ခွာသွားကြောင်းထင်ရှားစေသည်။

 

ချင်ကျောက် ခဏလောက်စဉ်းစားပြီး ကူးစက်ရောဂါအကြောင်းကောင်းဟောင်ရဲ့နားနား တိုးတိုးလေးကပ်ပြောလိုက်သည်။

 

ကောင်းဟောင် အံ့သြသွားပြီး ချင်ကျောက်အားမယုံ ကြည်နိုင်စွာ ကြည့်လာပြီး "မင်း!"

 

ထိုစကားကြောင့် ချင်ကျောက် ချက်ချင်းဒေါသထွက်သွားကာ "ကျနော် သူ့ကို မထိဖူးဘူး!"

 

ဘာ့ကြောင့် ဘယ်သူမှ သူ့ကိုမယုံကြတာလဲ ?

 

 

ကျီဖေး ဘေးမှရပ်ကြည့်နေခဲ့သည်။ ချင်ကျောက် ထပ်ပြီးအလေးအနက်ပြောနေသည်တာကိုမြင်တော့ ကောင်းကောသည် ချင်ကျောက် ချူရွှယ်ချီထောင်ချောက်ထဲ ကျသွားမည်ကိုစိတ်ပူနေမှာပဲဟု တွေးလိုက်သည်။

 

ကောင်းကောသက်ပြင်းချပြီး ချူရွှယ်ချီကိုကိုင် တွယ်ဖို့ ဆင်းသွားသည်။

 

စင်္ကြန်မှာ ကျီဖေးသာကျန်တော့တာကို ချင်ကျောက် မြင် သည်။ အစောပိုင်း ရှုပ်ထွေးနေသည့်အခြေအနေကို သတိရပြီး သူမ အနားကိုကပ်ကာ “မင်း ဓာတ်ပုံရိုက်ပြီးပြီလား ?”

 

ကျီဖေး ချက်ချင်းငြင်းဆိုလိုက်သည်။

 

"ဟင့်အင်း၊ ငါ မရိုက်ပါဘူး"

 

ချင်ကျောက် ဒေါသတကြီးနဲ့ "ငါ မင်းကို ပိုက်ဆံလွှဲပေးမယ်၊ ဖျက်လိုက်"

 

ကျီဖေး ချက်ချင်းဆိုသလို ဝမ်းနည်းသည့်အမူအရာကို ထုတ်ဖော်လိုက်သည်။

 

ချင်ကျောက်က "ဘာဖြစ်တာလဲ ?"

 

ကျီဖေး ငိုတော့မည့်ပုံဖြင့် "စောစောက ပြောပါလား ? ငါ Gp ထဲပို့ပြီးပြီ"

 

ချင်ကျောက်: Gp ?!!!!

 

"ဘယ် Gp လဲ ?"

 

"အိုး... ချင်မိသားစု Gp"

 

ချင်ကျောက် သက်ပြင်းတစ်ချက်ချတော့မည်ဖြစ်သော် လည်း သူ့မိသားစုသာ ထိုမြင်ကွင်းကိုမြင်လျှင် သူ ရှက်လွန်းလို့ သူရဲတိုက်တစ်ခုစာတူးနိုင်သည်ကိုသဘော ပေါက်လိုက်သည်။

 

ချင်ကျောက် သူ့ဖုန်းထုတ်ကာ အမြန်ထုတ်စစ်ဆေးလိုက်သော်လည်း ထို မိသားစု Gp မှာရှိမနေခဲ့ချေ။

 

"ဒါ... ယာယီ Gp လေးပါ"

 

အိပ်ရာမဝင်ခင် သူမအားဆက်သွယ်ခဲ့သည့် ချင်ရှန့်ကလွဲလို့ ပါးပါးချင်၊ မားမားချင်နှင့် ချင်ရန်တို့မှ သူမတစ် ယောက်တည်းအပြင်မှာရှိနေသဖြင့် ချင်ကျောက် အခြေ အနေအကြောင်းမေးကာ စိုးရိမ်ပူပန်ကြောင်းဖော်ပြခဲ့ကြသည်။

 

ကျီဖေးသည် တစ်ယောက်ချင်းစီစာပြန်ဖို့ အခက်တွေ့နေသဖြင့် ရိုးရှင်းစွာ Gp တစ်ခုဖန်တီးပြီး ချင်ရှန့်နှင့် မဝေမျှနိုင်ခဲ့သည့် အတင်းအဖျင်းတွေကို ထုတ်လွှတ်လိုက်တော့ သည်။

 

လူတိုင်း၏တုံ့ပြန်မှုသည် အတော်လေးပြင်းထန်သဖြင့် ကျီဖေး အရမ်းကျေနပ်သွားကာ သူမထံ ကိုယ်တွေ့အ ချက်အလက်တချို့ရှိလာပါက ချက်ချင်းပြောပြမည်ဟုပြောလိုက်သည်။

 

ဒါမှ ပြီးပြည့်စုံတာ မဟုတ်ဘူးလား ? ဒီလိုပေါက်ကွဲနိုင်တဲ့သတင်းကို မမျှဝေဘဲနဲ့ ဘယ်သူအိပ်နိုင်မှာလဲ ?

 

ချင်ကျောက်က သူ့ဖုန်းကို ကြောင်တောင်တောင်နဲ့ပြလာတဲ့ကျီဖေးကိုကြည့်ပြီး "အရမ်းကြာသွားပြီဆို‌တော့၊ မက်ဆေ့ချ်က ဖျက်ဖို့မမီတော့ဘူး။ လူတိုင်း မြင်ဖူပြီးသွား လောက်ပြီ၊ အားလုံး နောက်ကျမှအိပ်ရာဝင်ရတာကို ကြိုက်မယ်လို့ မမျှော်လင့်ထားဘူး..."

 

Gp ထဲ အကြောင်းအရာများစွာမရှိပေ၊ ထိပ်တွင် ကျီဖေးရေးတင်ထားသည့် ပိုစ့်ဖြစ်သည်။

 

"ထိတ်လန့်စရာပဲ၊ ထိပ်တန်းကြယ်ပွင့်က ညလယ်ခေါင်ကြီး သူ့စေ့စပ်ထားသူဟောင်းရဲ့တံခါးဝရှေ့မှာဒူးထောက်ထိုင်ချလိုက်တယ်~" ဟုဆိုကာ

 

ဗီဒီယိုဖိုင်ကို လွှင့်တင်ခဲ့သည်။

 

အောက်တွင် လူတိုင်းထံမှ အဖြေများဖြစ်သည်-

 

ပါးပါးချင် !!!!

 

မားမားချင်: !!!!

 

ချင်ရန်: !!!!

 

ဖန်သားပြင်ထက် ချင်ကျောက်၏ ချောမောသောမျက်နှာအားရောင်ပြန် ဟပ်နေကာ ယခုမူ မဲ့ရွှဲ့ရှုံ့တွလို့‌နေသည်။