Ch 37
Viewers 561

🍉 Chapter 37

 

 

ချင်ကျောက် အခြေအနေကြည့်ရန် အ‌ချိန်မရတော့သဖြင့် ချူရှင်းယွဲ့အား သူ့ခန္ဓာကိုယ်ဖြင့်တားဆီးလိုက်သည်။ သို့ဖြစ်ရာ ချူရှင်းယွဲ့၏ခေါင်းသို့ ချိန်ရည်ရွယ်ထားသည့် ဓားသည် ချင်ကျောက်၏ပခုံးအားထိုးစိုက်သွားသည်။

 

တခဏချင်းပင် သူ့ရှပ်အင်္ကျီအဖြူရောင်သည် သွေးများကြောင့်တမုဟုတ်ချင်းနီရဲသွားသည်။

 

ချူရှင်းယွဲ့ ခေါင်းလှည့်ကြည့်လိုက်သောအခါ ချင်ကျောက် တုန်ရီနေကာ အချိန်မရွေးလဲကျတော့မည်ဟန်ပင်။

 

ချူရှင်းယွဲ့၏ မျက်လုံးများကျဉ်းမြောင်းသွားပြီး သူမ အော်သံသည် ခန်းမတစ်ခုလုံးလွှမ်းခြုံသွားသည်။

 

"ချင်ကျောက်!"

 

အသိပြန်၀င်လာသော အမျိုးသားသုတေသီနှစ်ယောက်သည် ဓားကိုင်ဆောင် အမျိုးသားကိုထိန်းရန် အမြန်လာခဲ့သည်။

 

"နင်ပဲ ခန်ကျစ်! နင် ရူး‌နေတာလား ?" အမျိုးသမီးသုတေသီသည် ထိတ်လန့်သွားသော ပါမောက္ခကိုထိန်းရင်း အဝေးကိုဆုတ်လိုက်သည်။

 

"အရှက်မရှိတဲ့ခွေးမ ! မင်းကို ငါ သတ်မယ်!"

 

အနက်ရောင် Hoodie ၀တ်ထားသူသည် ချူရှင်းယွဲ့ရှိရာသို့ ဒေါသတကြီး စိုက်ကြည့်ကာ ခေါင်းကိုမြှောက်လိုက်သည်။ ထိုလူသည် ချောင်ရ၏ရည်းစားဟောင်းမှလွဲ၍ အခြားသူမဟုတ်ပေ။

 

သူ၏မျက်လုံးများသည် ဒေါသကြောင့်မျပြူးကျယ်နေလျက် အော်ဟစ်လာသည်။

 

"မင်းကြောင့်သာမဟုတ်ရင် ရှောင်ရ ငါ့ကို နိုင်ငံခြားသွားဖို့စွန့်ပစ်ခဲ့မှာမဟုတ်ဘူး၊ ငါတို့ပျော်နေတာကို မင်းမနာလိုနေတာမလား"

 

ထိုအချိန် ခန်ကျစ်နောက်မှ လုံခြုံရေးအစောင့်အများအပြား လျင်မြန်စွာဝင်ရောက်လာခဲ့သည်။ ရှောင်းထောင်သည် အစောင့်များနောက်သို့သွားပြီး ၎င်းတို့ကိုသတိ ပေးလိုက်သည်။

 

ခန်ကျစ်သည် အရူးတစ်ယောက်ပမာ ဓားကို ဝေ့ယမ်းနေပြီး အနားကပ်လာမည့်လူများအား တားဆီးနေသော ကြောင့် လုံခြုံရေးအစောင့်များလည်း လူများကို ကာကွယ်ရန်သာ ရွေးချယ်လိုက်ရသည်။

 

ချင်ကျောက်သည် သွေးဆုံးရှုံးမှုကြောင့် အားနည်းနေပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

 

ချူရှင်းယွဲ့ ထိတ်လန့်သွားသည်။ သူမ ကြောင်တက် တက်ဖြင့်ကြည့်နေမိကာ လွန်ခဲ့သည့်နှစ်များစွာကတောင် ကုန်းပေါ် သွေးများဖုံးလွှမ်းလျက်လဲကျနေသေ ကောင်လေးကိုပြန်မြင်လိုက်ရပုံပင်။

 

သူမ၏မျက်နှာသည် စိုးရိမ်စိတ်ကြောင့်ဖြူဖျော့သွားကာ ချင်ကျောက်သွေးထွက်လွန်ခြင်းကိုရပ်တန့်စေရန် သူ့ပခုံးကိုအလျင်အမြန် ဖိထားလိုက်သည်။ သူမအသံသည် တုန်ယင်နေပြီး "လူနာတင်ကား... လူနာတင်ကား မြန်မြန်ခေါ်ပေးကြပါ..."

 

ဟော်တယ်မန်နေဂျာသည် အပြေးအလွှားလာရသော ကြောင့် နဖူးတွင် ချွေးများဖြင့် ရွှဲရွှဲဆိုနေသည်။ သူ ဒဏ်ရာရသူတစ်ယောက်ကိုတွေ့ချိန် တစ်စုံတစ်ယောက်အား ဆက်သွယ်ရန် သူ၏ Walkie-talkie(ဝေါ်ကီတောကီ) ကိုအမြန်ထုတ်လိုက်သည်။

 

"ကျွန်တော်တို့ ဟိုတယ်မှာ ကိုယ်ပိုင် ဆေးဘက်ဆိုင်ရာဌာနရှိပါတယ်၊ သူတို့က အရမ်းကျွမ်းကျင်ပါတယ်၊ အခုချက်ချင်းလာနေပါပြီ၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဒါကိုသေချာကိုင်တွယ်ပါ့မယ်"

 

သို့သော် သူ လိုရမယ်ရ လူနာတင်ကားခေါ်လိုက်သေးသည်။

 

လူတိုင်းသည်လည်း စိတ်ပူနေကြသည်။

 

"ကံကောင်းလို့ အဓိကသွေးကြောကိုမထိသွားဘူး"

 

"ကြွက်သားတွေကိုပဲ ထိသွားတာပါ၊ ဒဏ်ရာက မနက်ပါဘူး၊ မလန့်ကြပါနဲ့"

 

သို့သော် ချူရှင်းယွဲ့၏လက်များသည် အဆက်မပြတ်တုန်ခါနေဆဲဖြစ်ပြီး ချင်ကျောက်သည်လည်း သူ့ဒဏ်ရာအားဖိထားသည့် လက်အားခံစားရနိုင်သည်။

 

သူ့နှုတ်ခမ်းများသည် ဖြူဖျော့လျက် အားနည်းစွာ ပြုံးလိုက်ပြီး "မကြောက်ပါနဲ့၊ ကိုယ် အဆင်ပြေပါတယ်"

 

"ရှင်.."

 

ချူရှင်းယွဲ့ နှုတ်ခမ်းများကိုကိုက်လိုက်ပြီး ပြောစရာစကားများ ပျောက်ရှနေကာ မျက်လုံးများနီရဲလာသည်။ "ဒါတွေအားလုံးက ကျွန်မအမှားပဲ၊ ကျွန်မသာ တခြားသူတွေရဲ့ကိစ္စတွေမှာ ၀င်မစွက်ဖက်ခဲ့ရင်..."

 

ထိုသည်ကိုကြားချိန် မြင်ရသူတိုင်း စိတ်မကောင်းဖြစ်သွားရသည်။ ယခုလို အဖြစ်ဆိုးမျိုးကြုံရသည်မှာ စိတ်မကောင်းစရာပင်။

 

ချင်ကျောက်သည် သူ(မ)ကို လက်တစ်ဖက်မြှောက်ကာ ကိုးရိုးကားရား နှစ်သိမ့်ပေးရန်ကြိုးစားနေခဲ့သည်။

 

"ဒါ မင်းနဲ့မဆိုင်ပါဘူး၊ သူတို့အပြစ်ပဲ"

 

ကျီဖေး‌ မျက်ခုံးပင့်ကာလှမ်းလာခဲ့သည်။

 

ချင်ကျောက် သူ လာသည်ကိုမြင်ချိန် ချက်ချင်းဆိုသလို "ဒုတိယမရီးကို ကျေးဇူးတင်ပါတယ်၊ တကယ် ကျေးဇူး တင်ပါတယ်"

 

ဤတစ်ကြိမ်တွင် သူသည် ကျီဖေးအား ရိုးသားစွာကျေး ဇူးတင်မိသည်။ ကျီဖေး၏အချိန်မီသတိပေးချက်ကြောင့်သာမဟုတ်ပါက ထိုဓားသည် ချူရှင်းယွဲ့၏အသက်ကိုယူဆောင်သွားမည်ဖြစ်ကြောင်း သံသယဖြစ်စရာမလိုချေ။

 

ချင်ကျောက်သည် ထိုသည်ကိုတွေးမိရုံဖြင့် သူနေမထိ ထိုင်မသာဖြစ်လာသည်။ 

 

ချင်ကျောက်သည် သေခြင်းရှင်ခြင်းအခိုက်အတန်းကို ယခုအချိန်လောက် ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ချေ။ ... ချူရှင်းယွဲ့သည် သူ့ဘဝထက် သူ့ဘဝထက်တောင် ပိုအရေးကြီးသော တည်ရှိမှုတစ်ခုဖြစ်နေခဲ့သည်။

 

ချူရှင်းယွဲ့ အသိပြန်ကပ်လာပြီး ကျီဖေးကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ အခြားသူများလည်း ဝိုင်း၀န်းချီးကျူးကြသည်။

 

သို့သော် ကျီဖေးသည် အရေးမစိုက်နိုင်ပဲ မျက်မှောင် ကြုတ်ကာ အာရုံပျံလွင့်နေသည်။

 

ချင်ကျောက်သည် ကျီဖေး၏ရှုပ်ထွေးနေသော အတွေးများကိုကြားလိုက်ရချိန် သူမ ထိတ်လန့်သွားသည်ဟုသာ ထင်ကာ သူ အဆင်ပြေကြောင်းပြောတော့မည့်အခိုက်…

 

[ထူးဆန်းလိုက်တာ ဘာလို့ ခန်ကျစ်ဖြစ်နေရတာလဲ]

 

ချင်ကျောက်: ?

 

[ငါတွေ့ခဲ့တာ ခန်းမထဲမှာ ခိုး‌ကြောင်ခိုးဝှက်စောင့်နေတာက ချူရွှယ်ချီပါ၊ သူ  ရှင်းယွဲ့ကို ရောဂါကူးစက်အောင် ဆေးထိုးပြွန်နှင့် ထိုးဖို့စီစဉ်ထားတာလေ၊ ဒါကြောင့်  ငါတားဖို့ ပြေးဆင်းလာတာ]

 

ချင်ကျောက်: !

 

ကျီဖေး နိုးလာပြီးနောက် ချူရွှယ်ချီ၏ရောဂါအကြောင်း ကောင်းဟောင်မည်သို့ သိနေသည်ကို တွေးမိခြင်းဖြစ် သည်။ ထို့ကြောင့် ချူရွှယ်ချီ ဘာဆက်ဖြစ်လာမလဲကို သိချင်စိတ်ပြင်းပြသောကြောင့် သူမသည် စနစ်အား စစ်ဆေးလိုက်သည်။

 

[ခန်ကျစ်က မထင်မှတ်ဘဲ အပြေးအလွှားပြေးလာတော့ ချူရွှယ်ချီ လောလောဆယ် အမှောင်တစ်နေရာမှာ ပုန်းနေတာ ဘယ်အချိန်မဆို အချိန်မရွေးတိုက်ခိုက်လာနိုင်တယ်]

 

ချင်ကျောက်၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ချူရှင်းယွဲ့အား အလိုလိုတင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။

 

ချူရှင်းယွဲ့သည် သူ့ဒဏ်ရာ နာနေသည်ဟု ထင်သဖြင့်     မရုန်းဘဲ "ဘာဖြစ်လို့လဲ?"

 

သို့သော် ချင်ကျောက်သည် စိုးရိမ်တကြီးပတ်၀န်ကျင်အား အကြိမ်ကြိမ်လျည့်ကြည့်လိုက်သည်။

 

နောက်တစက္ကန့်အကြာတွင် အဝေးရှိ စင်္ကြန်ဆီမှအော် ဟစ်သံများ ထွက်လာသညိ။

 

ထိုစင်္ကြန်သည် ခန်ကျစ်ပြေးသွားသော လမ်းဖြစ်သည်။ အော်ဟစ်သံများသည် အမျိုးသမီးတစ်ဦး၏အသံဖြစ်သောကြောင့် လူတိုင်း၏မျက်နှာများပြောင်းလဲသွားသည်။

 

အခြားတစ်ယောက်ယောက်မှားပြီး ဒဏ်ရာရသွားတာလား ?

 

ထိုအချိန်တွင် ချင်ကျောက်၏ဒဏ်ရာကို ကုသရန် ဆေးဌာနမှလူများလည်း ရောက်ရှိလာသည်။ မန်နေဂျာသည် စိုးရိမ်စွာ ဆရာဝန်တစ်ဦးကို ချက်ချင်းပင် စင်္ကြန်ဆီသို့ ခေါ်သွားခဲ့သည်။

 

အမျိုးသားသုတေသီနှစ်ဦးသည်လည်း အလွန်သိချင်စိတ်ပြင်းပျ‌နေသောကြောင့် ကြည့်ရှုရန်လိုက်ပါသွားခဲ့သည်။

 

ကျီဖေးသည် ထိုသို့သောအသက်အန္တရာယ်ရှိသည့် အခြေအနေတွင် လိုက်မသွားဝံ့ဘဲ ချူရွှယ်ချီပေါ်လာမည်ကို  သတိထားစောင့်ကြည့်နေသည်။

 

သွေးများကုန်ခမ်းသွားသောကြောင့် မူးဝေနေသော ချင်ကျောက်သည် ကျီဖေးထက် ပတ်ဝန်းကျင်ကိုပိုသတိ ထားကြည့်ရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်သည်။

 

ခဏအကြာတွင် မန်နေဂျာသည် သုတေသီ အမျိုးသားနှစ်ဦးနှင့်အတူ ပြန်ရောက်လာပြီး ၎င်းတို့မျက်နှာများ သည် ဖြူဖက်ဖြူရော်ဖြစ်နေသည်။

 

၎င်းတို့၏ထိတ်လန့်နေသောအကြည့်များသည် ချင်ကျောက်နှင့် ချူရရှင်းယွဲ့အပေါ်သို့ ကျရောက်သွားသည်။

 

ယခုအချိန်တွင် ချင်ကျောက်၏ဒဏ်ရာသည် သွေးထွက်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်သည်။

 

"ဘာဖြစ်သွားတာလဲ ?" ချင်ကျောက်က "သူ လွတ်သွားပြီလား?"

 

မန်နေဂျာမှ “လူကို ဖမ်းမိပေမဲ့ တခြားတစ်ယောက်တော့ ဒဏ်ရာရသွားတယ်”

 

မန်နေဂျာသည် စကားပြောနေစဉ် ချူရှင်းယွဲ့ဘက်သို့ လှမ်းကြည့်ကာ "မစ္စချူ ကျွန်တော်သာ မမှားရင် မင်းနဲ့ မစ်ချူရွှယ်ချီက ပတ်သက်မှုတစ်ခုခုရှိတယ်မလား"

 

၎င်းတို့သည် ဧည့်သည်၏ကိုယ်ရေးကိုယ်တာအကြောင်းအား၀င်ရောက်သင့်သည်ကိုသိသော်လည်း ၎င်းတို့တွင် တူညီသောမျက်နှာများရှိနေသည်။

 

ချူရှင်းယွဲ့သည် ထိုစကားကိုကြားလိုက်ရသောအခါ အလိုလိုမျက်မှောင်ကြုတ်မိသွားသည်။

 

ချင်ကျောက် : "မင်းတို့ ချူရွှယ်ချီကိုတွေ့လို့လား?"

 

ကျီဖေးလည်း အတော်လေးအံ့အားသင့်သွားပြီး စစ်ဆေးရန် စနစ်အားအသုံးမပြုပဲမနေနိုင်ချေ။

 

[အိုးမိုင်ဂေါ့! ဒါ... တကယ်ပဲ ဘယ်လိုပြောရမှန်းတောင်  မသိတော့ဘူး]

 

ချင်ကျောက်သည် ပိုလို့ပင်စိတ်ရှုပ်လာသည်။

 

အမျိုးသားသုတေသီသည် သူ၏ထိတ်လန့်မှုကို မထိန်းနိုင်တော့ဘဲ "ချူရွှယ်ချီကို ခန်ကျစ်ကဓားနဲ့ထိုးလိုက်တာ၊ ငါတို့ရောက်သွားတော့ ခန်ကျစ် အော်ဟစ်ဆဲဆိုနေတာ"

 

[ဒါကို ဘယ်လိုပြောရပါ့၊ အရင်ကဆို ချူရွှယ်ချီက ချူရှင်းယွဲ့ ထိခိုက်မှာကိုဂရုမစိုက်ပဲ သူ့နာမည်ကို အလွဲသုံး စားလုပ်ပြီး ဟန်ဆောင်ရတာကိုကြိုက်တယ်လေ၊ အဲ့တော့ အခု သူ့ကိုချူရှင်းယွဲ့လို့ထင်သွားပြီး မတော်တဆဖြစ်သွားတာပဲ ...]

 

လူတိုင်း အံ့ဩသွားသည်။

 

မန်နေဂျာက "မစ်ချူရွှယ်ချီ ဒဏ်ရာအပြင်းအထန်ရသွားလို့ ဆေးရုံကိုအရေးပေါ် လူနာတင်ယာဉ်နဲ့ပို့ရမှာပါ၊ ဒါကြောင့် မစ်ချူရှင်းယွဲ့ရော သူနဲ့အတူလိုက်သွားချင်လား"

 

ချူရှင်းယွဲ့၏ မျက်နှာသည်အေးစက်နေသည်။ သူမ ခဏလောက်စဉ်းစားပြီးမှနောက် လိုက်သွားဖို့သာ စဉ်း စားလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

 

"မသွားနဲ့၊ မင်း အခု ချူမိသားစု၀င်မဟုတ်တော့ဘူး၊ ဒါကြောင့် သူတို့အကြောင်း ခေါင်းထဲမထည့်နဲ့"

 

ချင်ကျောက်သည် ချူရှင်းယွဲ့အား ထိုသို့သောအန္တရာယ်ရှိသည့် လူများနှင့် မထိတွေ့စေလိုကြောင်း ပွင့်လင်းစွာပြောလိုက်သည်။

 

ထို့အပြင် ချူမိဘများသည် ချူရွှယ်ချီတိုက်ခိုက်ခံရသည့်အကြောင်းရင်းကို သိရှိပါက ချူရှင်းယွဲ့အား မည်သို့ပြောလာမည်ကို ခန့်မှန်းရခက်ပေမည်။

 

ချင်ကျောက်သည် ချူရှင်းယွဲ့အား လှမ်းဆွဲလိုက်ပြီး မန်နေဂျာအား ဖုန်းနံပါတ်တစ်ခုပေးလိုက်သည်။

 

"ချူမိဘတွေကိုပဲ  တိုက်ရိုက်ဆက်သွယ်လိုက်ပါ"

 

မန်နေဂျာသည် ချီတုံချတုံဖြစ်နေသော်လည်း ချင်ကျောက်၏ ခက်ထန်သော အကြည့်အောက်တွင် ဖုန်းခေါ်လိုက်သည်။

 

ချူရှင်းယွဲ့သည် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သူမသည် ထိုမိသားစုနှင့် နောက်ထပ်ပတ်သတ်လိုခြင်းမရှိချေ။

 

မန်နေဂျာသည်  ချူမိဘများကိုဆက်သွယ်ပြီးနောက် ချင်ကျောက် ရုတ်တရက်ပြောလိုက်သည်။

 

"မင်းတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုသတိထားဖို့မှာ လိုက် ချူရွှယ်ချီမှာ ကူးစက်ရောဂါရှိတယ်"

 

ချင်ကျောက်သည် ကူးစက်ရောဂါဟုပြောလိုက်သော ကြောင့် ခန်းမတစ်ခုလုံး ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။

 

ဒီလိုမျိုးအရေးကြီးသတင်းကို လူသိရှင်ကြားထုတ်ပြောလိုက်တာလား ? သူက တစ်စုံတစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို လုံးဝဂရုမစိုက်ဘူးလား?

 

ချင်ကျောက် ရယ်မောလိုက်သည်။ ချူရွှယ်ချီ ဘာလုပ်ဖို့ စီစဉ်နေတယ်ဆိုသည်ကိုတွေးရင်း ၎င်း၏ကိုယ်ရေး ကိုယ်တာကိစ္စအား နည်းနည်း‌လေးမှ ဂရုမစိုက်ချင်ပေ။ သို့မှသာ သူသည် ထိုရူးသွပ်နေသောအမျိုးသမီးမှ အခြားဝန်ထမ်းများအား ထိခိုက်စေမည်ကိုတားဆီးနိုင်မည်ဖြစ်သည်။