Ch 38
Viewers 576

🍉 Chapter 38

 

 

ချူရရှင်းယွဲ့ အံ့အားသင့်သွားသည်။

 

"ဘယ်လိုဖြစ်တာလဲ"

 

 "ဝူထျန်ဆီက ကူးတာ"

 

ချင်ကျောက်ဖြေပြီး ချက်ချင်းဆိုသလို သူ့အမူအရာပြောင်းလဲသွားသည်။

 

"ကိုယ်ဘာသာ ကိုယ် သိခဲ့တာ၊ ဒါပေမယ့် မနေ့ညက ကိုယ်ပြောသမျှ အမှန်တွေကြီးပဲ မင်းမယုံရင် သွားစုံစမ်းကြည့်လို့ရတယ်"

 

ချူရှင်းယွဲ့သည် စကားပြန်မပြောနိုင်ပဲ ချင်ကျောက်၏ စကားများကြောင့် ထိတ်လန့်နေသည်မှာထင်ရှားသည်။

 

ထိုအချိန်မှ မန်နေဂျာသည် တစ်စုံတစ်ခုကိုသတိရသွားပုံရသည်။ သူ အမြန်ထွက်ခွာသွားကာ သူ့မျက်နှာသည် သိသိသာသာပြောင်းလဲနေခဲ့သည်။

 

အနီးရှိသုတေသီသည်လည်း "ခဏလေး သူ စောစောက ဆေးထိုးပြွန် တစ်ခုကိုကိုင်ထားတယ်၊ ပြီးတော့ အဲ့ထဲမှာ သွေးနဲ့တူတဲ့ အရည်တွေလည်းထည့်ထားတယ်၊ မဟုတ်မှလွဲရော သူ....မနေ့ညကထဲက စီစဉ်နေတာလား..."

 

အားလုံသည် ချင်ကျောက်ကို ထိတ်လန့်တကြားလှည့်ကြည့်လိုက်သည်။

 

[သူမက မနေ့ညက ချင်ကျောက်ကိုအန္တရာယ်ပြုဖို့ကြိုး စားခဲ့ပေမယ့် အခုတော့ ပစ်မှတ်က ရှင်းယွဲ့ဖြစ်သွားပြီ]

 

ကျီဖေး ဒေါသထွက်သွားသည်။

 

ချင်ကျောက်သည် အေးစက်စွာဖြင့် "ဘယ်သူ သိမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် သူ ပေါ်လာတိုင်း ငါတို့ အားလုံးသတိ ထားသင့်တယ်"

 

ချူရှင်းယွဲ့ တစ်ချက်တုန်သွားကာ ဖြစ်နိုင်ချေများကိုမမှန်းဆရဲချေ။

 

ထိုသည်မှာသည် အန္တရာယ်ရှိသောတိုက်ခိုက်မှုဖြစ်သော ကြောင့် ၎င်းတို့အားလုံး ထွက်ခွာမသွားမီ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရမည်ဖြစ် သည်။

 

ချင်ကျောက်သည် သူ၏ဒဏ်ရာပြင်းထန်မှုကြောင့် ချုပ်ရန်လိုအပ်ပြီး ကောင်းဟောင်နှင့်အတူ ဆေးရုံသို့အတူတူသွားလိုက်သည်။

 

ကျီဖေး ရဲစခန်းမှထွက်လာသောအခါတွင် အနက်ရောင် အနောက်တိုင်း၀တ်စုံအား မီးခိုးရောင်ကုတ်အင်္ကျီလွှမ်း ခြုံထားသော အရပ်ရှည်ရှည်လူတစ်ယောက်သည် အနက်ရောင်ဗင်ကားရှေ့တွင် ရပ်နေလေသည်။ သူသည် ဖြောင့်တန်းစွာရပ်နေပြီး ထူထဲသောမျက်ခုံးများအောက်ရှိ နက်မှောင်သောမျက်လုံးအစုံသည် ရဲစခန်းအဝင်ဝအား စိုက်ကြည့်နေကာ တစ်စုံတစ်ယောက်အားစောင့်ဆိုင်းနေပုံပင်။

 

ကျီဖေးသည် ချင်ရှန့်အတွက် သီးသန့်ခံစားချက်များမရှိသော်လည်း သူပေါ်လာသည့်အခိုက်အရာအားလုံးအဆင် ပြေသွားသလို လုံခြုံမှုရစေသည်ကိုတော့၀န်ခံရပေလိမ့် မည်။

 

ကျီဖေး ပေါ့ပါးသော ခြေလှမ်းများဖြင့်လျှောက်လာသည်။ ချင်ရှန့်သည် နေရာတွင် ရပ်စောင့်မနေဘဲတက်ကြွစွာလျှောက်လာခဲ့သည်။ သူ၏ရှည်လျားသောခြေ ထောက်များကြောင့် ခြေလှမ်းအနည်းငယ် လှမ်းရုံဖြင့် ကျီဖေးဆီသို့ရောက်လာခဲ့သည်။ သူ ခေါင်းငုံ့ပြီး  သူမအား အပေါ်အောက်စုန်ချီဆန်ချီ အနည်းငယ်လောက် ကြည့်ကာ "မင်း ဒဏ်ရာသွားသေးလား ?"

 

ကျီဖေး သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး "အဆင်ပြေပါတယ်၊ ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ၊ ကောင်းကော ဒီကိစ္စကို ကိုင်တွယ်ဖို့ရှေ့နေစီစဉ်ပြီးပြီမလား၊ချင်ကျောက် ဒဏ်ရာချုပ်ပြီးတာနဲ့ အိမ်ပြန်လို့ရပြီလေ၊ သူ ရှင့်ကိုမပြောဘူးလား"

 

ချင်ရှန့် ကျီဖေး စိတ်ကောင်း၀င်နေသည်ကိုတွေ့လိုက်ရသဖြင့် သူမ တိုက်ခိုက်မခံခဲ့‌ရကြောင်း သိသွားသည်။

 

"သူ မေ့ဆေးကြောင့် အိပ်ပျော်သွားလို့ ငါ့ကို ဘာမှမပြောခဲ့ဘူး"

 

"ဒါဆို ကျွန်မတို့ အခု ဆေးရုံသွားကြမလား"

 

ချင်ရှန့် ခေါင်းညိတ်လိုက်သည်။

 

ကျီဖေးသည် ရှောင်းထောင်ကိုလိုက်လာဖို့ လှမ်းခေါ်လိုက်ချိန် ခဏအကြာ ချူရရှင်းယွဲ့လည်း သူမတို့ဆီ အလျင်အမြန် လျှောက်လာပြီး ချင်ရှန့်အားကြည့်ကာ "တောင်းပန်ပါတယ် ချင်ကျောက် ကျွန်မကြောင့် ဒဏ်ရာရသွားခဲ့တာပါ..."

 

"ဖြစ်ပျက်ခဲ့တာတွေကို ငါ သိတယ်၊ ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ယောကျာ်းတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ကိုကာကွယ်တာ လုပ်သင့်တဲ့လုပ်ရက်ပဲ၊ မစ်ချူ ဒါကိုစိုးရိမ်စရာမလိုဘူး၊ ဒီကိစ္စက ရင်းနှီးမြှုပ်နှံမှုကို မသက် ရောက်ပါဘူး" ဟု ချင်ရှန့် စီးပွားရေးဆန်စွာပြန်ဖြေလိုက်သည်။

 

ကျီဖေး ချင်ရှန့်အား အံ့အားသင့်စွာကြည့်လိုက်သည်။ သူသည် ၎င်းမှာ ချင်ကျောက်အားငြင်းလိုက်သောကြောင့် ယခုကိစ္စကို အခွင့်ကောင်းယူကာ ၎င်းအား အတင်းအ ကြပ်တွန်းအားမပေးခဲ့သလို၊ ၀န်ထုတ်၀န်ပိုးလည်းမဖြစ်စေပဲ၊ အသက်ကြွေးတင်သည့် ကိစ္စကိုပင် မပြောခဲ့ချေ။

 

ချူရှင်းယွဲ့သည် သူပြောချင်သည်ကိုနားလည်သဖြင့်  စိတ်သက်သာရာရသွားသည်။

 

ချင်ရှန့်သည် ညီဖြစ်သူ၏ကံမကောင်းအကြောင်းမလှကြောင်းကိုတွေးပြီး "ချင်ကျောက်ကို သွားခေါ်ဖို့ ငါတို့ ဆေးရုံသွားမလို့ မင်းရော လိုက်ချင်လား"

 

အဆုံးတွင် သူ့ညီလေး အသက်နှင့်ရင်းပြီးစွန့်စားခဲ့သော ကြောင့် သူ လိုက်လာခဲ့လျှင် ပိုကောင်းမည်ဟုထင်သည်။

 

ဤအကြိမ်တွင် ချူရှင်းယွဲ့သည် တုံ့ဆိုင်းမနေဘဲခေါင်း ညိတ်မည်အပြု ဖုန်းမြည်လာသည်။

 

ထိုသည်မှ အမည်မသိ နံပါတ်တစ်ခုဖြစ်သော်လည်း သူမ ကိုင်လိုက်ချိန် မစ္စတာချူ၏ စူးရှသောအသံကြောင့် မည်သူဖြစ်ကြောင်းသိသွားသည်။

 

သူမသည် ချူမိသားစုနှင့် ဆက်သွယ်ရန်နည်းလမ်းအားလုံးကို block ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ယခုအခါ ၎င်းတို့သည် အခြားသူ၏ဖုန်းနှင့် ခေါ်ဆိုခြင်းဖြစ်ရမည်။

 

 

"ချူရှင်းယွဲ့! ကျေးဇူးကမ်းတဲ့ သမီးမိုက်! မင်း ဒေါသထွက်တာနဲ့ပဲ အိမ်ပေါ်က ဆင်းသွားတယ်ပေါ့!  အခု မင်းညီမက မင်းကြောင့် ဒီလောက်ဆိုးတဲ့ အဖြစ်နဲ့ကြုံနေရပြီ၊ မင်းညီမ ကျန်းမာရေးမကောင်းမှန်း မင်း ကောင်းကောင်းသိပါတယ်၊ ဒါပေမယ့် မင်း လူပေါင်းမှားခဲ့တော့ အခု မင်းညီမ ထိခိုက်ရပြီ! မင်း ငါတို့ကို အငြိုးထားပြီး မင်းညီမကို သေစေချင်နေတာလား! အခုချက်ချင်း ဒီကိုလာစမ်း! မင်း ဘယ်လို ပြဿနာတွေယူလာလဲ လာကြည့်"

 

"ရှင်းယွဲ့၊ ဆေးရုံကိုမြန်မြန်လာခဲ့! နင့်ညီမက အဲဒီအရူးဆီကနေ အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခံခဲ့ရတာ...အဟင့်...ရွှတ်...  နင်ညီမကို တွေ့ဖို့ အခုဆေးရုံကို မြန်မြန်လာစမ်း!"

 

ချူလင်မယားနှစ်ယောက်သည် ချူရှန်းယွဲ့ ဖုန်းချလိုက်မှာကိုကြောက်သည့်ပမာ လျင်မြန်စွာစကားဆိုသည်။

 

၎င်းတို့၏အသံများကြားမှ အလောတကြီးနိုင်မှုနှင့် ဝမ်း နည်းပူဆွေးမှုသည် ချူရှင်းယွဲ့၏မျက်ခုံးများကိုတွန့်ကွေ့သွားစေသည်။

 

ချူရွှယ်ချီရဲ့ ဒဏ်ရာတွေက အသက်ဆုံးရှုံးနိုင်လောက်တာလား ?

 

သူ ချူမိသားစုကို အလွန်မုန်းတီးသော်လည်း လက်စား ချေရန် ဘယ်တုန်းကမှမတွေးခဲ့ချေ။ ယခု ချူရွှယ်ချီသာ သူ့ကြောင့်သေဆုံးသွားပါကဘဝတစ်လျှောက်လုံးအပြစ် ရှိစိတ်ဖြင့် အသက်ရှင်ရပေလိမ့်မည်။

 

ထိုခံစားချက်သည် အိပ်မက်ဆိုးတစ်ခုလိုပင်။

 

ချူရှင်းယွဲ့သည် ပြိုလဲလုမတက်ဖြစ်နေပြီး ကျီဖေးသည်တော့ တည်ငြိမ်နေသည်။

 

မထင်မှတ်စွာ ကျီဖေးသည် ဖုန်းကိုလုယူလိုက်ပြီး ဖုန်းချလိုက်သည်။

 

"ကျီဖေးကျဲ ?" ချူရှင်းယွဲ့ ကျီဖေးကိုစိုက်ကြည့်လိုက်သည်။

 

"အားလုံးအဆင်ပြေမှာ သေချာတယ်၊ မဟုတ်ရင် ရဲစခန်းက ရဲတွေက ငါတို့ကိုအရင်ပြောမှာပေါ့၊ ချူစုံတွဲက နင့်အပေါ်ကို ဒေါသဖြေချင်ရုံပဲ၊ ဒါကြောင့် အခု မင်းအဖွဲ့နဲ့ ပြန်ပြီး ရင်းနှီးမြုပ်နှံမှုကိုပဲအာရုံစိုက်ကထား နင့်ကို ဆက်သွယ်ဖို့ကြိုးစားနေတဲ့ ဘယ်သူ့ကိုမှမတုံ့ပြန်နဲ့၊ နင် သူတို့နဲ့ အဆက်အသွယ်ဖြတ်ထားပြီးပြီ မဟုတ်ဖူးလား ? အဲ့တာ နင့်ဘ၀ထဲ သူတို့သေသွားသလိုမျိုးပဲ"

 

[နင် အဲဒီကို လုံးဝသွားလို့မရဘူး၊ နင့်မိဘတွေ နင့်ကို လှည့်စားခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲ၊ သူတို့က နင် ပေါ် လာဖို့ စောင့်နေကြတာ]

 

ချူရှင်းယွဲ့ ခဏလောက်စဉ်းစားပြီး "ဒါပေမယ့် ချင်ကျောက်က..."

 

ချင်ရှန့်သည် ကျီဖေး၏အတွေးများကို ကြားလိုက်ရချိန် မျက်မှောင်ကြုတ်သွားသည်။ တစ်ခုခုသာဖြစ်ခဲ့ရင် သူ့ညီလေးလည်း ရပ်ကြည့်နေမှာမဟုတ်သဖြင့် "ငါ့တို့ မင်းကို သူ့အခြေအနေကိုပြန်အကြောင်းကြားမယ်၊ ငါတို့ ပြန်ရောက်ရင် မင်း သူ့ကို အချိန်မရွေးလာတွေ့နိုင်တယ်"

 

အဆုံးတွင် ချူရှင်းယွဲ့သည် သူ့အဖွဲ့နှင့်အတူ ထွက်သွားပြီး ဖုန်းအားစက်ပိတ်ထားလိုက်သည်။

 

ချင်ရှန့်သည် ကျီဖေးနှင့်အတူ ချင်ကျောက်၏ဆေးရုံခန်းကိုရောက်သည့်အချိန် ချင်ကျောက်နိုးနေပြီဖြစ်သည်။ ချူရှင်းယွဲ့ကို မမြင်လိုက်ရသဖြင့် သူ့မျက်နှာများသည် ချက်ချင်းဆိုသလိုညိုးကျသွားသည်။

 

ကောင်းဟောင်သည် ချင်ကျောက်ကိုကြည့်မနေနိုင်တော့သဖြင့် "ချင်ကျောက်က သူ့ကိုကယ်ခဲ့လို့ဒဏ်ရာရသွားတာတောင် တစ်ချက် လာမကြည့်ဘူးလား'

 

ချင်ကျောက်သည် အေးစက်သော လေသံဖြင့် "ကောင်းကော အဲ့လိုမပြောနဲ့၊ သူဘာလို့ မလာတာလဲဆိုတာ ကျနော် သိတယ်၊ သူ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ဒီကျေး ဇူးဆိုတဲ့အရာကြီးကို ကြောက်နေတာနေမှာ၊ ကျနော်က အဲ့လိုမျိုး လုပ်စရာလား! ဟင့်အင်း ကျနော် သူ့ကို ချက် ချင်း ရှင်းရှင်းလင်းလင်းပြောပြဖို့လိုတယ်"

 

ကျီဖေး မျက်ခုံးပင့်လိုက်သည်။ ဒီညီအကိုတွေတွေးတာကအစ တစ်ပုံစံတည်းပဲ။

 

သို့သော် ချင်ကျောက် သူ့ဖုန်းကိုကောက်ကိုင်လိုက်ချိန် block ခံထားရသည်ကို သတိရသွားသဖြင့် စိတ်ပျက်သွားသည်။

 

ချင်ရှန့်သည် ရှေ့သတိုးလာပြီး ချင်ကျောက်၏ခေါင်းကို ပုတ်ကာ "သူ အစက လာမလို့ပဲ"

 

ချင်ကျောက်၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။

 

[ဟုတ်တယ်၊ သူ နင့်ကို လက်မခံချင်ဘူးဆိုရင်တောင် သူ့မှာ တာဝန်သိစိတ်ရှိတယ်]

 

ထိုစကားများသည် ချင်ကျောက်မြှားဖြင့် အပြစ်ခံရသည့်ပမာခံစားလိုက်ရသည်။

 

မင်း ကောင်းကောင်းမပြောတက်ရင် ဘာမှ ဝင်မပြောနဲ့!

 

ချင်ရှန့်:...

 

"ဒါဆို သူ ဘာလို့မလာတာလဲ ?"

 

ကောင်းဟောင် စိတ်ဝင်တစားမေးလာသည်။

 

"မစ္စတာချူနဲ့ မစ္စချူလည်း ဒီဆေးရုံမှာ ရှိနေလို့လေ"

 

ချင်ရှန့် ပြောပြီးနောက် ချင်ကျောက် ဒေါသထွက်သွားသည်။

 

"ဒီကိစ္စကြောင့် သူတို့ကို ရှင်းယွဲ့ကိုအပြစ်တင်ပြီး အခက်တွေ့အောင် ထပ်လုပ်ကြပြန်ပြီလား"

 

[သူ့ကို အခက်တွေအောင်လုပ်ချင်တာထက်ကို ဆိုးသေးတယ်၊ သူတို့က ရှင်းယွဲ့ ကို အလှူရှင်အဖြစ် အသုံးချချင်နေတာ]

 

ချင်ကျောက် မျက်နှာသည် သိသိသာသာပြောင်းလဲသွားသဖြင့် သူ့ဘေးနားရှိ ကောင်းဟောင်ပင် ထိတ်လန့်သွားသည်။ ဘာတွေ ဖြစ်နေတာလဲ ?

 

ကျီဖေး၏အတွေးများကို ကြားလိုက်သဖြင့် ချင်ရှန့်လည်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။

 

[ချူရွှယ်ချီက သုံးကြိမ်အထိုးခံရခဲ့တယ်၊ သူတို့ ချူရှင်းယွဲ့ကိုခေါ်ဖို့ ဒီလောက် စိတ်အားထက်သန်နေတာ ပထမဆုံးဓားဒဏ်ရာနှစ်ချက်ကြောင့် ကျောက်ကပ်ပျက်စီးသွားလို့ပဲ၊ ချူရွှယ်ချီရဲ့ကိုယ်တွင်းအင်္ဂါတွေက ငယ်ငယ်ကတည်းကအားနည်းခဲ့တော့ အခု ကျောက်ကပ်နှစ်ခုစလုံး ဒဏ်ရာရသွားတာတာ၊ ဒါ အသက်အန္တရာယ်သိပ်မရှိပေမဲ့ သူ အသက်ရှည်ဖို့ အချိန်ကျန်တော့မှာမဟုတ်ဘူး၊  ဒါကြောင့် အဲ့နှစ်ယောက်ကချူရွှယ်ချီအတွက် ကျန်းမာတဲ့ကျောက်ကပ်ရအောင်လို့ ဒီအခွင့်အရေးကိုအသုံးချဖို့ စိတ်ပိုင်းဖြတ်ထားကြတာ‌လေ]

 

[ဒါ တင်မကဘူး သူတို့ကအရေပြားအစားထိုးဖို့တောင် တိုင်ပင်နေကြသေးတယ်၊ နောက်ဆုံး ဓားဒဏ်ရာကြောင့် ချူရွှယ်ချီ့ မျက်နှာရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်၊ အဲ့တာကိုပြင်ဖို့နည်းလမ်းရှိပေမဲ့  ချူရွှယ်ချီရဲ့ ခန္ဓာကိုယ်က အဲ့ဒဒဏ်ကိုမခံနိုင်ဘူး၊ ဒါကြောင့် သူတို့ ချူရှင်းယွဲရဲ့ အရေပြားကိုအစားထိုးဖို့ စီစဉ်နေတာ၊ သူတို့တွေက အမွှာဆိုတော့ အန္တရာယ်လည်းမရှိဘူး ရှင်းယွဲ့က အသင့်တော်ဆုံးရွေးချယ်မှုဖြစ်သွားတော့တာပဲ]

 

[ကြောက်စရာကောင်းလိုက်တဲ့ မိဘတွေ! သူတို့ ကလေးတွေကိုမွေးပြီးတာနဲ့ နှစ်ယောက်ကို ညီညီမျှမျှဆက်ဆံလိုက်တယ်ပဲ မှတ်နေတာ၊ ငါ ရွံလိုက်တာနော်!]

 

ကျီဖေး၏စကားကြောင့် ချင်ကျောက်ဆေးရုံကုတင်ပေါ်မှခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

 

"အားကျောက်!"

 

ကောင်းဟောင် ထိတ်လန့်စွာအော်လိုက်သည်။

 

ချင်ရှန့်သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ "စိတ်ရှုပ်ခံမနေနဲ့၊ ငါ ကိုင်တွယ်လိုက်မယ်"

 

သို့သော် ချင်ကျောက်၏မျက်လုံးများသည် ဒေါသကြောင့် ရဲရဲနီနေပြီး "ကျွန်တော် လက်မောင်းမှာပဲ ဒဏ်ရာရတာပါ၊ လှုပ်လို့မရတာ မဟုတ်ဘူး! ဒီတစ်ခါတော့ ကျွန် တော် ဒါကို အပြတ်ရှင်းရမယ်!"

 

ထို့နောက် သူဆေးရုံခန်းထဲမှ အမြန်ထွက်လာခဲ့သည်။