Ch 39
Viewers 580

🍉 Chapter 39

 

 

ကျီဖေးသည် ချင်ကျောက်မှာ ချူလင်မယားနှစ်ယောက် ချူရှင်းယွဲ့ကို ရှာနေမှန်းသိရုံဖြင့် ထိုမျှဒေါသဖြစ်နေသည်ကိုကြည့်ပြီး အကြောင်းအရာများကိုသိသွားပါက မည်မျှပေါက်ကွဲသွားမည်ကို မှန်းဆမရချေ။

 

မျှော်လင့်ထားသည့်အတိုင်း ချူရွှယ်ချီသည် အထူးကြပ် မတ်ကုသဆောင်တွင် မရှိသော်လည်း ၎င်းတို့သည် ချူရှင်းယွဲ့အား ချူရွှယ်ချီသေခါနီးအတိုင်း ဖုန်းဆက်လိမ်ခဲ့ကြသည်။ သူတို့ရဲ့အဖိုးတန်သမီးလေးကို ဒီလိုပြောနိုင်မည်ဟု မထင်ထားချေ။

 

ထိုအချိန် မစ္စတာချူနှင့်မစ္စချူးသည် ချူရှင်းယွီမရောက် လာသောကြောင့် စိုးရိမ်တကြီး အဆက်မပြတ်ကျိန်ဆဲနေသည်။

 

"ကျေးဇူးကန်းတဲ့သမီးမိုက်က အရမ်းနှလုံးသားမဲ့တာပဲ၊ သူ့ညီမလေး သူ့ကြောင့် ဒီလိုအခြေအနေရောက်နေတာတောင် တစ်ချက်လာမကြည့်ဘူး"

 

"ကျွန်မတို့ ဘာလုပ်သင့်လဲ? ရှင်းယွဲ့ ကျွန်မတို့ကိုလုံးလုံးပစ်ထားလိုက်ပြီလား? သူ ဒီလောက်အေးစက်နေရင် ကျွန်မတို့ သူ့ကို တွေ့ရရင်တောင် ရွှယ်ချီအတွက်အစား ထိုးကုသဖို့ သဘောတူမှာမဟုတ်ဘူး"

 

"ဒါက သူ့ကြောင့်ဖြစ်ခဲ့တာဆိုတော့ သူသာငြင်းလိုက်ရင် ‌မွေးထဲက ခေါင်းမပါလာလို့ပဲနေမှာ၊ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် သူ့ကျောင်းကိုသွားပြီး သူဘယ်လောက်ထိ အကျင့်စာရိတ္တညံ့ဖျင်းလဲဆိုတာ လူတိုင်းသိအောင်ပြောပစ်လိုက်မယ်"

 

[အခုက လူသားတွေ ဘယ်လောက်ကွဲပြားလဲဆိုတာ တကယ် သက်သေပြနေတာပဲ၊ သူတို့မှာ ဒီလိုအတွေးမျိုးရှိနေတဲ့အပြင် ထုတ်တောင်ပြောရဲ‌သေးတယ်၊ သူတို့လေသံတွေက တစ်ချက်လေးတောင် မယိမ်းယိုင်သွားဘူး အရမ်းယုံကြည်မှုအရမ်းပြင်းပျနေတာပဲ၊ အကယ်၍ ချင်ကျောက်သာဒီစကားတွေကိုကြားရင် ချူရှင်းယွဲ့ထက်တောင် ပိုဒေါသဖြစ်သွားလိမ့်မယ်၊ အကျိုးဆက်လည်း ပိုဆိုးလာလိမ့်မယ်]

 

သူမ ထင်သည့်အတိုင်း ချင်ကျောက်သည် ဒေါသတကြီး ၀င်သွားသည်။ သူ မစ္စတာချူ သတိမထားမိချိန် ၎င်း၏ ကော်လာကို ကိုင်ကာ ဒဏ်ရာမရှိသောလက်အား အသုံး ပြု၍ နံရံသို့ ကိုင်ပေါက်လိုက်သည်။

 

"အား!" မစ္စတာချူ နာကျင်စွာ အော်ဟစ်လိုက်သည်။

 

ကောင်းဟောင် လန့်ဖျပ်သွားပြီးတစ်စုံတစ်ယောက် သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် ပတ်၀န်းကျင်အားအကဲခတ်လိုက်သည်။ ချင်ကျောက်ဒီလောက်ဒေါသ ထွက်တာကို သူ မြင်ဖူးတာပထမဆုံးအကြိမ်ပင်။ ထို့ ကြောင့် သူ့ကိုတားဖို့ကြိုးစားခြင်းအား စွန့်လွှတ်လိုက်ပြီး စောင့်ကြည့်ဖို့သာရွေးချယ်လိုက်သည်။

 

မစ္စတာချူသည် နာကျင်မှုကြောင့် တုန်လှုပ်နေရာမှ သူ့အား ကိုင်ပေါက်သည့်သူကိုကြည့်လိုက်ချိန် လုံးလုံးအံ့ အားသင့်သွားသည်။ တစ်နေ့တွင် သူကဲ့သို့ ဆက်ဆံရမည်ဟု မထင်မှတ်ထားချေ။

 

"ချင်ကျောက် မင်း... မင်းဘာလုပ်နေတာလဲ!!?"

 

"ချင်ကျောက် နင့်ဦးလေးကို လွှတ်လိုက်စမ်း! မင်း ဘာလုပ်-" မစ္စချူသည် စပ်ခနဲထကာ လန့်သွားသည်။ သူမ ချင်ကျောက်ကို ဆွဲရန်ကြိုးစားသော်လည်း တုတ်တုတ်တောင်မလှုပ်သည်မှာ ဒေါသမီးတောက်နေသော နွားသိုးကြီးတစ်ကောင်အလားပင်။

 

မစ္စချူသည် ချင်ကျောက် အကိုဖြစ်သူနှင့် မရီးတို့သည် မလှမ်း မကမ်းတွင် ရပ်နေသည်ကိုမြင်လိုက်ရသော ကြောင့် အကူအညီတောင်းလိုက်သည်။

 

"ချင်ရှန့်၊ ကျီဖေး မြန်မြန်လေး..."

 

ကျီဖေးက မျက်တောင်ခတ်လိုက်ပြီး အနီးနားရှိခုံတန်း လျားတစ်ခုပေါ်တွင် ငြိမ်သက်စွာထိုင်လိုက်လိုက်သည်။ သူ ပြေးလွှားလာရသဖြင့် ပင်ပန်းသွားသောကြောင့် အေးအေးဆေးဆေးသာ ရှိုးထိုင်ကြည့်ချင်သည်။

 

မစ္စချူသည် ထိတ်လန့်သွားပြီး ချင်ရှန့်အား အသနားခံသော အကြည့်ဖြင့်ကြည့်လိုက်သည်။ ချင်မိသားစုရဲ့ အမွေဆက်ခံသူက သေချာပေါက်..

 

ချင်ရှန့်သည် ကျီဖေးဘေးနားတွင် ၀င်ထိုင်လိုက်ပြီး ချင်ကျောက်ကိုကြည့်ကာ "မင်းရဲ့ဒဏ်ရာ ပိုဆိုးမသွားအောင် သတိထား၊ အဖေနဲ့အမေ ပြန်ရောက်လာရင် စိတ်ပူနေကြလိမ့်မယ်"

 

သူပြောပြီးသည်နှင့် ကျီဖေးသည် ဗီဒီယိုတစ်ခုတိတ်တ ဆိတ်ရိုက်ကူးနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။

 

ချင်ရှန့်: ...သူတို့မိဘတွေ ဒရာမာကိုကြည့်ရန် လူကိုယ် တိုင်မလာနိုင်သောကြောင့် အားမလိုအားမရနဲ့ စိတ်ပူနေလိမ့်မည်။

 

မစ္စချူသည် ပြောစရာစကားများ ပျောက်ဆုံးနေပြီး ပါးစပ်ကို ဖွင့်ပိတ်လိုက်သာ လုပ်နေသည်။ သူမသည် တုန်လှုပ်ချောက်ချားသွားပြီး ခေါင်းကိုသာဖိကိုင်လိုက်ပြီး မူးလဲလုမတက် သွေးတက်နေရသည်။

 

မစ္စတာချူသည် ဒေါသတကြီး ရုန်းကန်နေသော်လည်း ချင်ကျောက်သည် အရပ်ရှည်သောကြောင့် နံရဆီသို့ ဆွဲမြှောက်ထားသဖြင့် သူ့ခြေထောက်များသည် မြေကြီးနှင့် ထိရုံမျှသာဖြစ်သောကြောင့် လွတ်လွတ်လပ်လပ် မရုန်း ကန်နိုင်ပေ။ သူ့မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီး လည်ပင်းရှိ သွေးကြောများပင်ထောင်နေသည်။

 

"ခင်ဗျားတို့ လူကြီးတွေ ရူးသွားပြီလား"

 

"ခင်ဗျားတို့လို အရူးတွေက မိဘမဖြစ်ထိုက်ဘူး၊ ခင်ဗျားတို့မိသားစုနဲ့ ရှင်းယွဲ့အဆက်အသွယ်ဖြတ်လိုက်တာ ကံကောင်းတာပဲ၊ မဟုတ်ရင် ခင်ဗျားတို့ သူ့ကိုသေတဲ့အထိ ညှဉ်းပန်းနှိပ်စက်နေကြတော့မှာပဲ!"

 

ချူစုံတွဲသည် ချင်ကျောက်အားမယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ သူ့အားနောက်ဆုံးတွေ့ခဲ့သည်မှာ သိပ်မကြာသေးသော်လည သူည် ချူရရှင်းယွဲ့ဘက်တော်သားဖြစ်သွားပြီဖြစ်သည်။

 

 

"မင်း... မင်း ဘာတွေ ပြောနေတာလဲ! မင်းလည်း ဒဏ်ရာရသွားတာမဟုတ်ဘူးလား၊ ဒါ ချူရရှင်းယွဲ့ကြောင့် မဟုတ်ဘူးလို့ မင်းပြောနိုင်လို့လား? အစ်မတစ်ယောက်အနေနဲ့ ညီမကိုကာကွယ်ဖို့ ပျက်ကွက်ခဲ့ရုံတင်မကပဲ ဒုက္ခလည်း ရောက်စေခဲ့တယ်၊ သူမကြောင့်သာမဟုတ်ရင် ရွှယ်ချီရဲ့မျက်နှာနဲ့ ကျောက်ကပ်တွေက ပျက်စီးသွားမှာလား? သူမ ကူညီချင်ရင်တောင်မှ မှားတာကမှားတာပဲ"

 

"သူ ကျွန်မတို့ကို စိတ်ဆိုးနေလို့  သူ့ညီမကိုကယ်ဖို့ငြင်း နေတာလား?လ၊ ဘယ်လောက်တောင် နှလုံးသားမဲ့လိုက်လဲ!"

 

ချင်ကျောက်သည် ထိုကဲ့သို့သော မိဘများနှင့်ရင်ဆိုင်ရသောအခါ ချူရှင်းယွဲ့ အနှစ်နှစ်ဆယ်ကျော်ကြုံတွေ့ခဲ့ရသည့်အရာများကိုတွေးကာ အသက်ရှူကြပ်သည့်ခံစားချက်ကို အဆုံးတွင်နားလည်သွားသည်။

 

ချင်ကျောက်၏လက်များသည် ဒေါသကြောင့် တုန်ရီနေကာမျက်လုံးများပြူးကျယ်နေပြီး အချိန်မရွေးလက် သီးဖြင့် ထိုးမိတော့မလိုပင်။

 

ကျီဖေး ၎င်းတို့အား မလှောင်ပြောင်နိုင်ဘဲမနေနိုင်ချေ။

 

"ရှင်တို့တွေက အရေပြားနဲ့ ကျောက်ကပ်တစ်ပိုင်း လိုချင်နေပုံပဲ၊ ကျွန်မသိချင်တာက ချူရွှယ်ချီ ရုပ်ပျက်ဆင်း ပျက်ဖြစ်သွားတာကို ကုဖို့ သူ့အရေပြားသူ မသုံးရတာလဲ? ပြီးတော့ သူက နည်းနည်းလေးတောင် ကျောက်ကပ် အလှူရှင်ကို မစောင့်နိုင်ဘူးလား? သူက ချက်ချင်း သေသွားတော့မှာလား?  ဒါဆို ဘာလို့ ချူရှင်းယွဲ့ဆီလာရတာလား? ရှင်တို့ကို သူမကို အဲ့လောက်တောင် မုန်းတီးနေလို့ ထပ် မမြင်ချင်တာလား?"

 

"မင်း ဘာတွေပြောနေတာလဲ! ငါတို့က သူ့မိဘတွေပဲ၊ ငါတို့က သူ့ကို ဘယ်လိုလုပ် မကျန်းမာစေချင်ရမှာလဲ၊ ရွှယ်ချီမှာ အားနည်းတဲ့ခန္ဓာကိုယ်ရှိတယ်၊ သူက ထပ်ခါတလဲလဲ ခွဲစိတ်တာတွေကိုမခံနိုင်ဘူး၊ ဒါကြောင့် အမြွှာတွေအတွက် အန္တရာယ်အကင်းဆုံးနဲ့ အစားထိုးဖို့ကသာ အသင့်တော်ဆုံးပဲ"

 

"ဒါ ရှောင်လွှဲလို့ မရဘူး၊ မိသားစုဝင်တွေ အချင်းချင်း ကူညီသင့်တယ်။"

 

ချင်ကျောက်သည် "တစ်ယောက်နဲ့ တစ်ယောက်ကူညီတာ ? ချူရွှယ်ချီက ချူရှင်းယွဲ့မွေးကတည်းက ကူညီဖို့ ဘာလုပ်ခဲ့ဖူးလဲ"

 

ချူစုံတွဲသည် ရင်ဘတ်များစူးအောင့်သွားသလို ခံစားလိုက်ပြီး သူတို့ဦးနှောက်များ ရပ်တန့်သွားသည့်ပမာ အလိမ်အညာစကားပင် ထွက်မလာခဲ့ချေ။

 

ချင်ကျောက် လှောင်ပြောင်ထေ့ငေါ့ရင်း " ချူချင်းယွဲ့ကသာ အမြဲတမ်း ချူရွှယ်ချီကို တစ်ဖက်သတ်ကူညီနေရတာ မဟုတ်ဖူးလား ? နောက်ဆုံးတော့ ချူရွှယ်ချီရဲ့ ယုတ်မာတဲ့ဘက်ခြမ်းကို ဖော်ထုတ်နိုင်လိုက်ပေမဲ့ ခင်ဗျားတို့က အပြစ်ရှိတဲ့သူကိုကျတော့ ရတနာလိုဆက်ဆံပြီး ရှင်းယွဲ့ကိုကျတော့ ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ချင်နေတုန်းပဲ!"

 

ချင်ကျောက်သည် မယုံနိုင်စရာ တွေ့ရှိလိုက်ပုံပင်။ သူနှင့် ချူဇနီးမောင်နှံသည် ချူရွှယ်ချီ၏အပေါ်ယံမျက်နှာကြောင့် အလိမ်ခံရသည်ကို ပြန်တွေးကြည့်မိတိုင်း သူရွံ ရှာမိသည်။ ချူစုံတွဲသည် အနည်းငယ်မှနောင်တမရဟု သူမယုံချေ။

 

"သူတို့က ချူရွှယ်ချီကို နှစ်တွေအကြာကြီး စောင့်ရှောက်ခဲ့ရလို့လေ၊ သူတို့သာ အမှန်တရားကိုလက်ခံလိုက်ရင် ဒီ နှစ်တွေ နေလာခဲ့သမျှ အကုန်အလကားဖြစ်ပြီ မဟုတ်ဘူးလား ?"

 

ချင်ရှန့် စကားပြောခဲသော်လည်း သူပြောသည့်စကားတိုင်းသည် ဂျက်ကောင်းကိုထိပေသည်။

 

ကျီဖေး ခေါင်းညိတ်သဘောတူသည်။

 

[လူကြီးတွေ သူတို့မှားတာကိုဝန်ခံဖို့က အခေါင်းထဲကို ခြေတစ်လှမ်းလှမ်းတာထက် ပိုခက်တယ်]

 

မစ္စတာချူ၏မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားမှုနှင့် အပြစ်ရှိမှုတို့ တဖျပ်ဖျပ်ဖျပ် ထွက်ပေါ်လာသော်လည်း သြူလည်ပင်းကို အလျင်အမြန် တင်းတင်းကြပ်ကြပ် ဆုတ်ကိုက်လိုက်ပြီး "ဒါက ငါတို့မိသားစုကိစ္စပဲ..."

 

[လှည့်ကွက်ဟောင်းကြီးကို ထပ်သုံးပြန်ပြီ၊ သူတို့ မရှင်းပြနိုင်တော့ ရှောင်ပြေးတော့တာပဲ]

 

ကျီဖေး၏အတွေးကြောင့် ချင်ရှန့် ရုတ်တရက် စကားစလာသည်။

 

"မိသားစု? ဒါဆို... မင်းတို့ ကျောက်ကပ်ကော လိုက်ဖက်လားဆိုတာကို စမ်းသပ်ပြီးကြပြီလား ?"

 

ဤတစ်ခါတော့ လူတိုင်းအံ့အားသင့်သွားသည်။ ၎င်းတို့ခေါင်းတည့်တည့် မိုးကြိုးပစ်လိုက်သလိုပင်။

 

"ချူရွှယ်ချီရဲ့အမွှာအစ်မအပြင် အလိုက်ဖက်ဆုံးသူက မိဘတွေဖြစ်တဲ့ ခင်ဗျားတို့ မဟုတ်ဘူးလား?" ချင်ရှန့် တည်ငြိမ်စွာပြောလိုက်သည်။

 

ချူလင်မယားနှစ်ယောက်၏စိတ်များ ထွေပြားသွားသည်။

 

ကျီဖေး ချက်ချင်းပင် ရွံရှာသွားသည်။

 

"အိုး ဒါလင်ကလည်း.... အန်ကယ်နဲ့ အန်တီကို ဘယ်လိုတောင် သံသယဖြစ်နေတာလဲ ? ကလေးတစ်ယောက် ဒုက္ခရောက်တာနဲ့ မိဘတွေက သူတို့အသက်တောင်ရင်းပြီး အစွမ်းကုန်ကယ်တင်ဖို့ကြိုးစားကြတာ သဘာ၀ပဲလေ၊ ဒါပေမဲ့ ကလေးတွေအများကြီးဆိုရင်တော့ ကွဲပြားသွားပြီ၊ သူတို့က တစ်ယောက်ထဲကိုပဲ မျက်နှာလိုက်လို့ရမှာလေ"

 

ချင်ရှန့်သည် ရုတ်တရက် 'ဒါလင်'ဆိုသည့် အခေါ်အဝေါ် ကြောင့် ထိတ်လန့်သွားသော်လည်း "အဲ့လိုလား ?"

 

"ဟုတ်တာပေါ့! သူတို့က လိုက်ဖက်ညီတဲ့စမ်းသပ်မှုမှာ ကျရှုံးခဲ့တော့ ချူရှင်းယွဲ့ဆီကို အကူအညီတောင်းဖို့ကလွဲပြီး ရွေးချယ်စရာလမ်းမရှိတော့လို့နဲ့တူတယ်၊ ကျွန်မက တော့ သူ ကူညီမယ်လို့ မထင်ဘူး၊ ပြီးတော့ ရည်းစားလည်းမရှိသလို အိမ်ထောင်လည်းမပြုရသေးတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်တော့ အမာရွတ်ကြီးကြီးနှစ်ခုကျန်ခဲ့ရင် ကျန်းမာရေးလည်း စိတ်ပူရ လွတ်လွတ်လပ်လပ်၀တ်စားဆင်ယင် နေထိုင်လိုစိတ်တွေလည်း ဆုံးရှုံးရမှာလေ"

 

"အင်း မင်းပြောတာ ဖြစ်နိုင်တယ်"

 

"ဒါပေါ့! သူတို့က မိဘတွေလေ သက်ဦးစံပိုင်ဘုရင်တွေမှမဟုတ်တာ၊ ကျားတောင်မှ ကိုယ့်သားပေါက် ကိုယ် ပြန်မစားဘူးမဟုတ်လား!"